【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်ထီးသူခိုးနဲ့ ထုတ်ပြလိုက်တဲ့ ‘ဝ’ အခင်းအကျင်း

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်ထီးသူခိုးနဲ့ ထုတ်ပြလိုက်တဲ့ ‘ဝ’ အခင်းအကျင်း

ယခုတစ်ပတ် သတင်းတွေထဲမှာ သြင်္ကန်နဲ့ ပတ်သက်တဲ့ သတင်းတွေက ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ဒီသြင်္ကန်သတင်းတွေနဲ့အပြိုင် ပြည်တွင်းက နိုင်ငံရေးစိတ်ဝင်စားသူတွေ စောင့်ကြည့်ခဲ့တဲ့ သတင်းတစ်ခုက ‘ဝ’ နှစ် ၃၀ ပြည့် စစ်ရေးပြပွဲမှာ ဘာလက်နက်တွေ ခင်းကျင်းလာမလဲဆိုတဲ့ သတင်းပါဘဲ။ဒီလိုသတင်းအပြင် မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် သမ္မတက တစ်နိုင်ငံလုံးက အကျဉ်းသား/သူ ကိုးထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ သတင်းကလည်း လူတွေကို စိတ်ဝင်စားစေခဲ့ပါတယ်။

နှစ်ကူးမှာ သမ္မတကိုယ်တိုင် သတိပေးခဲ့တဲ့ ပဋိပက္ခထောင်ချောက်

မြန်မာနှစ်ဆန်းတစ်ရက်နေ့က တိုင်းပြည်ကို နှစ်သစ်ကူးမိန့်ခွန်းပြောခဲ့တဲ့ သမ္မတ ဦးဝင်းမြင့် ရဲ့ မိန့်ခွန်းထဲမှာ “ပြည်သူလူထုကြီးကလည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေရန် ဂရုစိုက်ကြစေလိုပါတယ်။မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်တွေကိုလည်း သတိပြုကြစေလိုပါတယ်။လှုံ့ဆော်ဖန်တီးမှုတွေကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုပါတယ်” လို့ သတိပေးခဲ့ပါတယ်။

ဒါဟာ မကြာမီက နိုင်ငံရဲ့ အချို့နေရာတွေမှာဖြစ်ခဲ့တဲ့ ပြဿနာတချို့ကို ရည်ရွယ်တာဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။သမ္မတက  ကဏ္ဍစုံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အစိုးရအပေါ် အားမလိုအားမရဖြစ်မှုနှင့် အချို့ကဏ္ဍတွေမှာ ပြည်သူများ မျှော်လင့်သလောက် ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပေမယ့် အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိခဲ့တယ်လို့ ပြောခဲ့ပြီး တာဝန်ယူ၊ တာဝန်ခံမှု မရှိသူ အဆင့်ဆင့်ကို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းထဲ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ တရားဥပဒေနှင့်အညီ ကျောသားရင်သား မခွဲခြားဘဲ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားတစ်ခုတည်း ရှေးရှုကာ ဆောင်ရွက်လျှက် ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

သမ္မတရဲ့ ယခုနှစ်သစ်ကူးမိန့်ခွန်းက အများပြည်သူကြား သတိထားစရာတွေ များစွာရှိခဲ့သလို မကြာမီက NLD ပါတီက ဦးဆောင်ကာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ဆောင်ရာမှာ ဖြစ်လာတဲ့ တင်းမာမှုတွေနဲ့ ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူမှုကွန်ရက်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲစရာ ကိစ္စတွေကို သတိရစရာဖြစ်ခဲ့ပါတယ်။

လေးနက်စောကြောစရာဖြစ်လာတဲ့ သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းပါ အကြောင်းအရာတွေက သတင်းဖတ်သူတွေကို ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ရိုက်တာသတင်းထောက် နှစ်ဦးကို ပူလစ်ဇာဆု ချီးမြှင့်ခံရတဲ့ သတင်း၊ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့တဲ့ သတင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က စက်မှုဇုန်တွေကို အဆင့်မြှင့်ဖို့ အနီးတစ်ဝိုက်ရှိ ကျူးကျော်တွေကို နေရာချပေးဖို့ လုပ်ဆောင်တော့မယ်ဆိုတဲ့ သတင်း၊ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံပြန်လုပ်ဖို့ကိစ္စ မဆွေးနွေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကချင်ဒီမိုကရက်တစ်ပါတီ KDP က  တောင်းဆိုခဲ့တဲ့ သတင်းတွေနဲ့အပြိုင် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

တိုင်းပြည်ကို အင်အားထုတ်ပြလိုက်တဲ့ ‘ဝ’  

လက်နက်ကိုင် တိုင်းရင်းသားတွေထဲမှာ ဟိုးယခင်ကတည်းကနေ မကြာသောနှစ်တွေအထိ လူသူနဲ့ လက်နက်အင်အား အကြီးဆုံးက ကေအိုင်အေပါ။ယခုချိန်မှာတော့ ဒီနေရာကို UWSA က ယူသွားပါပြီ။‘ဝ’ ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ UWSA တပ်တွေက လေယာဉ်ပစ် စက်သေနတ် ၁၂ လက်၊ မောင်းသူမဲ့လေယာဉ် ၄ စင်း၊ စနိုက်ပါတပ်သားများ၊ မြေပြင်မှ ဝေဟင်ဒုံးပစ်၊ အကြီးစားအမြှောက်များနဲ့ လက်နက်တွေကို  ပြသခဲ့ပါတယ်။

အဆိုပါ ‘ဝ’ ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့် အခမ်းအနားကို ရှမ်းပြည်နယ်၊ အရှေ့မြောက်ဒေသ၊ ပန်ဆန်းမြို့မှာ ကျင်းပခဲ့ရာမှာ အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊ ရှမ်းပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး တို့ တက်ရောက်ခဲ့ကြပါတယ်။
အစောပိုင်းက တက်ရောက်ဖို့  ဖိတ်ကြားထားခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာသာ ပေးပို့ခဲ့ပါတယ်။ဒါပေမယ့် ဒီပွဲကို တရုတ်နိုင်ငံဘက်က အရှေ့တောင်အာရှ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်း နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တက်ခဲ့ပါတယ်။

UWSA အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ ဦးပေါက်ယူချန်း က အဆိုပါအခမ်းအနားမှာ "ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပြီး နိုင်ငံရေးရည်မှန်းချက် မရမီကာလမှာ တစ်ဖက်က ငြိမ်းချမ်းရေး ဒီမိုကရေစီအရေးအလံကို လွှင့်ထူပြီး တစ်ဖက်မှာလည်း လက်နက်နဲ့ ကာကွယ်ရေးအလံကို လွှင့်ထူထားမယ်လို့ ပြောခဲ့ပါတယ်။

ဒီစစ်ရေးပြပွဲ အခင်းအကျင်းက ထင်သလို လုပ်ပိုင်ခွင့်ရနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကို အားကျစေခဲ့သလို မညီညွတ်တဲ့ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ အရပ်သားအစိုးရအတွက်လည်း NCA လက်မှတ်ရေးထိုးဖို့ စည်းရုံးမှုကို ခက်ခဲစေခဲ့ပါတယ်။ဒီပွဲကို တက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထဲက TNLA ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူလန်း က နူတ်ကနေ “ဝ” ဒေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်တယ်လို့ ထုတ်ဖော်ပြောခဲ့တဲ့အထိ ဖြစ်ခဲ့သလို မကြာသေးမီကာလတွေမှ ပေါ်လာတဲ့ ရက္ခိုင် လက်နက်ကိုင် (AA) ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် လည်း UWSA က ရရှိထားတဲ့ အုပ်ချုပ်ရေးအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေအနေတွေကို သဘောကျကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဝဏ်လွှာမှာတော့ UWSA ကို NCA အပစ်ရပ်လက်မှတ် ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့နဲ့ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့လိုကြောင်း ထည့်သွင်းပြောထားခဲ့ပါတယ်။

စစ်ရေးပြအခမ်းအနားအပြီး ဧပြီ ၁၈ ရက်က ပန်ဆန်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့  UWSP ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က UWSA တပ်တွေ တိုးချဲ့တည်ဆောက်ရတာနဲ့ ပတ်သက်ပြီး  ဝပြည်သူတွေ နိုင်ငံရေးအာမခံချက်ရဖို့အတွက် တိုးချဲ့တည်ဆောက်ရတာလို့ အကြောင်းပြခဲ့ပါတယ်။

ယခုနှစ် ၃၀ ပြည့်ပွဲမှာ UWSA အနေနဲ့ ၎င်းရဲ့ အင်အားကို မာမာထန်ထန် ထုတ်ပြလိုက်ခြင်းဖြစ်သလို ဒေသတွင်း မဟာမိတ်အဖွဲ့တွေအပေါ် သြဇာညောင်းမှုကိုလည်း အားလုံးသိသာအောင် ပြသခဲ့တာ တွေ့ရပါတယ်။UWSA ရဲ့ စစ်ရေးပြအခမ်းအနား သတင်းကို ပြည်တွင်း နိုင်ငံရေးစိတ်ဝင်စားသူတွေ အပါအဝင်  ပြည်တွင်း ပြည်ပက နိုင်ငံရေးအကဲခတ်တွေ စစ်ရေးအကဲခတ်တွေက စောင့်ကြည့်ခဲ့ကြပါတယ်။နိုင်ငံတကာကလည်း စောင့်ကြည့်ခဲ့ပါတယ်။နိုင်ငံတစ်ခုထဲ အင်အားအတန်အသင့်ရှိလာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က NCA ရေးထိုးဖို့ စိတ်အားမသန်တဲ့အခါ တစ်ချိန်မှာ ဒါဟာ ဖြေရှင်းရခက်မယ့် ပြဿနာဖြစ်လာဖွယ် ရှိနိုင်ပါတယ်။ဒီအတွက် ရေရှည်မှာ ဒေသခံတွေနဲ့ တိုင်းပြည်ကို မထိခိုက်မယ့်နည်း၊ ပြည်ပဝင်မစွက်နိုင်မယ့်နည်းနဲ့  ဘယ်လိုဖြေရှင်းဖို့ ကြံဆောင်ကြမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။  

ဒီသတင်းက ရခိုင်ပြည်နယ် ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင် ၁၇၉ နှင့် ၁၈၀ ကြားမှာ ဒေသန္တရ လက်လုပ်ရှော့တိုက်မိုင်း (ခ) ကားမိုင်း ၇ လုံး တွေ့တဲ့ သတင်း ၊ရခိုင်ပြည်နယ်ထဲ လာရောက်ရင်းနှီးမြုပ်နှံနေတဲ့ တရုတ်စီမံကိန်းတွေကို ဆန့်ကျင်စရာမရှိဘူးလို့ ရခိုင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်က ပြောလိုက်တဲ့ သတင်းတွေနဲ့အပြိုင် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

စသုံးလုံး ညွှန်မှူးအိမ် ဖောက်ထွင်းခံရမှု

ယခုရက်အတွင်း မှုခင်းနောက်ခံ သတင်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းခဲ့တာက မွန်ပြည်နယ်က စသုံးလုံး ညွှန်ကြားရေးမှူးဆိုသူရဲ့ အိမ်ဖောက်ထွင်းခံရတဲ့ သတင်းပါ။ဖြစ်တာက ဧပြီ ၁၅ ရက် ညနေပိုင်းက ဖြစ်တာလို့ဆိုပြီး လက်ဝတ်ရတနာတွေနဲ့ ငွေကျပ် သိန်း ၈၀ ခန့် ပါသွားခဲ့ပါတယ်။

ဖြစ်ပုံက မော်လမြိုင် တောင်ရိုးလမ်းမှာ နေထိုင်တဲ့ စသုံးလုံး ညွှန်မှူးဆိုသူနဲ့ တပည့်ဖြစ်သူတွေ ရွှေတောင်ကုန်း ဘုန်းကြီးကျောင်းကို သွားနေချိန်မှာ အချိန်အခါစောင့်နေတဲ့ ဖောက်ထွင်းသမားက ဝင်ခိုးယူခဲ့တာပါ။ဖောက်ထွင်းခံရတဲ့ ပစ္စည်းတွေထဲမှာ လက်ဝတ်ရတနာတွေ အများဆုံးပါဝင်ပြီး ညွှန်မှူးဆိုသူရဲ့ ဇနီးဖြစ်သူ ပန်းတိမ်လုပ်ကိုင်သူ အမျိုးသမီးရဲ့ မိဘလက်ထက်က အမွေလက်ဝတ်လက်စားတွေကို ယူသွားတာလို့ သတင်းတွေအရ သိရပါတယ်။

ထူးခြားတာက နေအိမ်ထဲတပ်ဆင်ထားတဲ့ CCTV ရှိနေတာကို သိနေတဲ့အပြင်  CCTVအထိုင်စက်ကိုပါ ဖောက်ထွင်းသမားက ယူသွားတာက သတိထားဖွယ်ပါဘဲ။ဖောက်ထွင်းခံရတာကို စသိတဲ့အချိန်က အိမ်ရှင်ဖြစ်သူတွေ ပြန်ရောက်လာချိန်မှာ နေအိမ်အပေါ်ထပ် တံခါးတွေ ပွင့်နေတာရယ်နဲ့ မျက်နှာကျက် ပျက်စီးနေတာကြောင့် နေအိမ်ဖောက်ထွင်းခံရသည်ကို သိရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဖောက်ထွင်းမှုက တစ်နိုင်ငံလုံးစိတ်ဝင်စားတဲ့ မှုခင်းဖြစ်သလို ဖောက်ထွင်းတဲ့သူကို ဖော်ထုတ်နိုင်မှု ရှိ/မရှိကိုလည်း စောင့်ကြည့်နားစွင့်ခဲ့ကြပါတယ်။သာမန်နေအိမ်တစ်ခုမဟုတ်ဘဲ ပြည်ထဲရေးလက်အောက်က ပြည်သူတွေအတွက်  တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နေတဲ့ဌာနက ညွှန်မှူးတစ်ယောက်ရဲ့ နေအိမ်ကို ဖောက်ထွင်းတာ ဖြစ်နေတဲ့အတွက်လည်း အများစုက စိတ်ဝင်စားနေကြတာပါ။ဧပြီ ၁၈ ရက်မှာတော့ ဖောက်ထွင်းတဲ့သူထဲက တစ်ဦးကိုမိပြီး ဖောက်ထွင်းရာမှာ ပါသွားတဲ့ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူတွေကို မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ်ကနေ ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။အဓိကဖောက်ထွင်းသူကို မမိသေးပဲ ပါဝင်သူ အမျိုးသမီးသာ မိသေးတယ်ဆိုတဲ့အတွက် ကျူးလွန်သူကို မိတဲ့အခါ စိတ်ဝင်စားဖွယ် ဘာတွေသိရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ဖောက်ထွင်းခံရပြီး ၄ ရက်အကြာမှာ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ချီးကျူးရမှာဖြစ်သလို ဒီနေရာမှာ တခြားအရပ်သားတစ်ယောက်ရဲ့ နေအိမ်သာဆိုရင် တရားခံဖော်ထုတ်မှုက ဒီလောက်မြန်ပါမလားဆိုတာတဲ့ မေးခွန်းတွေကလည်း လူမှုကွန်ရက်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

ဟိုအရင်ခေတ်ကဆိုရင်တော့ ဒီမးခွန်းက ဖြေရမှာခက်ပေမယ့် အရပ်သားအစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေးကို ဖိဖိစီစီးစီးလုပ်နေတဲ့အတွက် အမှုကြီး အမှုငယ် တော်တော်များများကို ယခင်ကထက် လျှင်မြန်စွာဖော်ထုတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ဒီအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို ချီးကျူးရမှာဖြစ်သလို စောင့်ကြည့်စရာတွေလည်း များစွာရှိပါသေးတယ်။

ဒီသတင်းက သြင်္ကန်ကာလအတွင်းဖြစ်ခဲ့တဲ့ အလုံမှ သမိုင်းသို့ ပြေးဆွဲတဲ့ ကြားကားမှာ  စီးနင်းသူကို ကြားကားဆွဲတဲ့သူက ဓားနဲ့ထောက် လုယက်ခဲ့တဲ့ သတင်း၊ တစ်သောင်းကျပ်တန် ငွေစက္ကူအတု လက်ဝယ်ရှိမှုနဲ့ တရားရင်ဆိုင်နေရတဲ့ မနော်သော်သွဲ့ထူး ကို အပြစ်မရှိဘူးလို့ ဒိုက်ဦးမြို့နယ်တရားရုံးက အမိန့်ချလိုက်တဲ့ သတင်း၊ ချင်းတွင်းမြစ်ထဲ ဧပြီ ၁၅ ရက်ကဖြစ်ခဲ့တဲ့  စက်လှေတိမ်းမှောက်မှုမှာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာတဲ့ သတင်း၊ ပခုက္ကူမြို့ တည်းခိုခန်းမှာ တည်းခိုရင်း အသတ်ခံရတဲ့ အမျိုးသမီးငယ်အမှုက သံသယရှိသူကို သူ့အစ်ကိုနေအိမ်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ သတင်း၊ ဆိပ်ဖြူ-ဆော ကားလမ်းမှာ ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲပြုတ်ကျလို့ ၅ ဦး သေဆုံးကာ ၄၂ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်း စတဲ့ မှုခင်းသတင်းနဲ့ မတော်တဆ သတင်းတွေထဲ မွန်ပြည်နယ်က စသုံးလုံး ညွှန်ကြားရေးမှူး အိမ်ဖောက်ထွင်းခံရတဲ့ သတင်းက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ထီးသူခိုး (ဝါ) ဖျပ်ကနဲတွေ့လိုက်ရတဲ့ ရန်ကုန်စာရိတ္တ

ယခုရက်သတ္တပတ်အထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အများစုကြား လှုပ်ခတ်ခဲ့တဲ့ သတင်းတွေက အင်းလျားကန်ဘောင်မှာ အလှဆင်ထားတဲ့ ပုသိမ်ထီးတွေကို လာရောက်အပန်းဖြေတဲ့သူတွေက ဖြုတ်ယူခဲ့လို့ လူမှုကွန်ရက်မှာ အုတ်သြော်သောင်းတင်း ဖြစ်ခဲ့ရပါတယ်။

ယခုနှစ်မှာ ထူးခြားချက်အဖြစ်နဲ့ လမ်းလျှောက်သြင်္ကန် ပွဲတော်တွေကို ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ မြို့ကြီး တော်တော်များများမှာ ဆင်နွှဲကြရာမှာ နေပူဒဏ်ကို အထိုက်အလျှောက်သက်သာဖို့ ထီးတွေနဲ့ အလှဆင်ရာမှာ ရန်ကုန်မှာ လုပ်ဆောင်ခဲ့တဲ့ ထီးတွေမှာ ပြဿနာပေါ်ခဲ့ပါတယ်။သြင်္ကန်အကြတ်နေ့မှာတော့ ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ ပုသိမ်ထီးတွေ ပိတောက်ပန်းခက်တွေ အလှဆင်ထားတာတွေကို လူငယ်တချို့က အပျော်လွန်ပြီး ဖြုတ်ယူကြတာတွေ လူမှုကွန်ရက်အပေါ် ရောက်လာခဲ့တဲ့အတွက် အများပြည်သူကြား ဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။

လူမှုကွန်ရက်တွေမှာပေါ်လာတဲ့ ပုံတွေအရ ထီးဖြုတ်ယူတဲ့သူတွေဟာ ပညာတတ်တွေလည်း ပါသလို  အသက်အရွယ်ကြီးသူတွေလည်း ပါဝင်တဲ့အတွက် ဒါဟာ မသိလို့ ကျူးလွန်မိတာမဟုတ်ဘဲ အချောင်ရလိုစိတ်နဲ့ အများပြည်သူအတွက် အလှဆင်ထားတာကို ဖျက်လိုဖျက်ဆီးစိတ်နဲ့ လုပ်ဆောင်နေကြတာကို အထင်းသား တွေ့ရတဲ့အတွက် မြင်ရသူတိုင်းက ထပ်မံဖြန့်ဝေကြတဲ့အတွက် ဒါဟာ ကမ်းပိန်းအသွင် ဖြစ်ခဲ့ပါတယ်။ဒီလိုဖြစ်တာဟာ နိုင်ငံကြီးသားစိတ် မရှိတဲ့အပြင် ယုတ်ညံတဲ့အကျင့်စရိုက်ရှိသူအဖြစ် ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ဒီလို ထီးဖြုတ်တဲ့သူ (ဝါ) ထီးသူခိုးတွေကို  လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲရာမှာ ၁၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ထိုသူတွေကို ထီးအလှဆင်ခဲ့တဲ့ မြတ်မေတ္တာမွန် (MMTM) ကုမ္ပဏီဘက်က အမှုမဖွင့်လိုတဲ့အတွက် နောက်ထပ်မလုပ်ရန် ခံဝန်ထိုးစေကာ ပြန်လွှတ်ပေးခဲ့ပါတယ်။ထီးခိုးခံရ၊ အဖြုတ်ခံရ သတင်းတွေကြောင့် ညပိုင်းမှာ ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် အင်လျားကန်ဘောင် လမ်းလျှောက်သြင်္ကန် ကျင်းပရာကို လာရောက်ခဲ့ရပြီး ညတွင်းချင်း ထီးအသစ်တွေ ပြန်တပ်ဆင်ပေးဖို့ မှာကြားခဲ့ရပါတယ်။

ထီးဖြုတ်ခံရပြီးနောက် ဖြုတ်ယူခံရသည့် ထီးအလက်ပေါင်း ၂၀၇ လက်ကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရယူခဲ့ပြီး ကုမ္ပဏီသို့ ပြန်လည်အပ်နှံခဲ့လို့ လက်ကျန်ထီးများနှင့်ပေါင်းကာ ညတွင်းချင်းပင် ထပ်မံတပ်ဆင်ခဲ့ရပါတယ်။နောက်တစ်ရက်မှာ  ကန်ဘောင်တစ်လျှောက်ရှိ ပြန်ဆင်ထားတဲ့ ပုသိမ်ထီးတွေ အလှတပ်ဆင်ထားတဲ့ နေရာတွေမှာ ရဲအင်အား ၂၀ လောက်က လုံခြုံရေးချထားပြီး လမ်းလျှောက်သြင်္ကန်ကို ဆင်နွှဲခဲ့ကြပါတယ်။

လမ်းလျှောက်သြင်္ကန်ကို ရန်ကုန်သားတွေ ဆင်နွှဲဖို့အတွက် မြတ်မေတ္တာမွန် (MMTM) ကုမ္ပဏီက ပုသိမ်ထီးအလက်ပေါင်း ၂၀ဝ၀ နီးပါး (တန်ဖိုးကျပ်သိန်း ၇၀ ခန့်) နဲ့  ကန်ဘောင် အပေါ်/အောက် အလှဆင်မှုအတွက် စုစုပေါင်း ကျပ် ၈၁၇ သိန်းခန့်ကို သုံးစွဲလှူဒါန်းခဲ့ပေမယ့် ယခုလိုဖြစ်ရပ်က မဖြစ်သင့်တဲ့ အကျင့်စာရိတ္တပျက်ပြားမှု ဖြစ်တဲ့အတွက် ဆင်ခြင်စရာနဲ့ ကျူးလွန်သူအတွက် အရှက်ရစရာ ဖြစ်လာခဲ့ပါတယ်။ဒီအပြင် ယခင်က မဟုတ်တာလုပ်တာ၊ ခိုးတာ၊ ပြည်သူပိုင်ပစ္စည်းကို အလွှဲသုံးစားဖျက်ဆီးတာကို မဆိုင်သလိုနေကြ၊ ခွင့်ပြုသလို ထင်မှတ်ကြတဲ့ မြန်မာလူ့အဖွဲ့အစည်းက ယခုဖြစ်ရပ်မှာ ခိုးတာကို လုံးဝလက်မခံဘဲ ပြင်းပြင်းထန်ထန် ပြန်ဆန့်ကျင်လာတာက ထူးခြားချက်ဘဲ ဖြစ်ပါတယ်။  

ဒီနှစ်ထဲ သြင်္ကန်နဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာ သတိထားမိစရာဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ မလေးရှားက မြန်မာဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ မြန်မာသြင်္ကန်ပွဲကို ခွင့်ပြုချက်မယူဘဲ သြင်္ကန်ပွဲကျင်းပခဲ့လို့ မလေးရှား စည်ပင်ရဲတပ်ဖွဲ့က ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့တဲ့ သတင်း၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို ဆက်သွယ်ရေးအက် ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်တဲ့ သတင်း၊ ပြီးခဲ့တဲ့ သြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးခဲ့သူ စုစုပေါင်း ၂၈၈ ဦးရှိတဲ့ သတင်းတွေထဲ သတိထားမိစရာ ဖြစ်ခဲ့ပါတယ်။  

အမှိုက်စာရင်း သွင်းခံရတဲ့ မြန်မာဆန်

မြန်မာဆန်ကို စားသုံးဖို့ မသင့်ဘူးဆိုပြီး အမှိုက်ပုံစံမျိုး ရှင်းထုတ်လိုက်တဲ့အတွက် အာဖရိကတိုက် နိုင်ငံမှာဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတစ်ခုက မြန်မာ့စီးပွားရေးလောကအပြင် နိုင်ငံပုံရိပ်ကိုပါ ထိစေခဲ့ပါတယ်။

ဧပြီ ၁၇ ရက် Afriicanews မှာ အိုင်ဗရီကို့စ် အာဏာပိုင်တွေက မြန်မာဆန်တန်ချိန် ၁၈၀၀၀ ကို အန္တရာယ်ရှိတဲ့ စားသောက်ကုန်ထဲထည့်ပြီး ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် မြန်မာဆန်လောကကို ဂယက်ရိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က ပြည်ပကို ဆန်တင်ပို့မှု စံချိန်သစ်တင်ခဲ့တဲ မြန်မာနိုင်ငံအတွက် ဒီသတင်းကြောင့် ဆန်ဈေးကွက်သစ် အာဖရိကကို မြန်မာတို့ လက်လွှတ်ရဖို့အထိ ဆိုးကျိုးဖြစ်လာခဲ့ပါတယ်။ဒီအတွက် သတင်းစတင်တဲ့ အချိန်ကစပြီး  မြန်မာနိုင်ငံဘက်က ဘာကြောင့်ဖြစ်ရတယ်ဆိုတာသိဖို့ အားထုတ်ခဲ့ပါတယ်။

သတင်းတွေမှာ ပါလာတဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံကနေတင်လာတဲ့ ဆန်တန်ချိန်  ၁၈၀၀၀ ကို ဆန်လိုအပ်ချက်ရှိတဲ့ အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂါနာ၊ ဆီနီဂေါ၊ တိုဂို နိုင်ငံတွေကို တင်ပို့ရာမှာ ဆန်အရည်အသွေးကြောင့် ငြင်းပယ်ခံရပြီးမှ အိုင်ဗရီကို့စ်ကို တင်ပို့ရောင်းချခဲ့တာလို့ ဆိုပါတယ်။အိုင်ဗရီကို့စ် အာဏာပိုင်တွေက အဆင့်ဆင့်စစ်ဆေးပြီး စားသုံးဖို့မသင့်ဘူးဆိုကာ ဖျက်စီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ဒီကိစ္စဟာ မြန်မာဆန် ပြည်ပတင်ပို့မှု ဈေးကွက်အတွက် သက်ရောက်မှု ကြီးမားနိုင်တာကြောင့် အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဖြေရှင်းထုတ်ပြန်မယ်လို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဒီလိုဖြစ်ရတာ မြန်မာနိုင်ငံကနေ ဆန်ဝယ်ပြီး အာဖရိကနိုင်ငံ လေးနိုင်ငံအထိ ကုန်မချနိုင်ဘဲ လှည့်ပတ်နေရာမှာ ကြာမြင့်စွာသိုလှောင်မှု ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာဖြစ်နိုင်တယ်လို့ ရေးသားထားသလို ဒီကိစ္စဟာ ဆန်ဝယ်ယူတဲ့ ဝယ်လက်တွေမှာ အဓိကတာဝန်ရှိနိုင်တယ်လို့ ယေဘုယျယူဆနိုင်တယ်လို့ ဆိုထားပါတယ်။

စီးပွားကူးသန်း ဝန်ကြီးဌာနကတော့ ဒီဆန်တွေကို ဒီပြန်သယ်လာဖို့နဲ့ အရည်အသွေး မီ၊ မမီ စစ်ဆေးဖို့ အကြောင်းကြားတုန်းမှာ အိုင်ဗရီကို့စ်ဘက်ကို ကုမ္ပဏီက ရောင်းလိုက်ပြီး အခုလိုဖျက်စီးဖို့ ဖြစ်လာခဲ့တာလို့ ပြောခဲ့ပါတယ်။ဒီပြဿနာဟာ  ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဆန်စပါးဈေးကွက်ထဲ အမည်ပျက်စာရင်း ဝင်သွားနိုင်သလို  မကြာခင်ကမှ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ နိုင်ငံစာရင်းထဲ ဝင်လာလို့ ဈေးကွက်သဘောတရားအရ ပြိုင်ဘက်နိုင်ငံတွေမှ ကုမ္ပဏီများအနေဖြင့် ကြံစည်တာမျိုးလဲ ဖြစ်နိုင်တဲ့အတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။မြန်မာဘက်ကတော့  အိုင်ဗရီကို့စ်မှာ ဖြစ်ပေါ်တဲ့ မြန်မာ့ဆန်ကိစ္စနဲ့ ပတ်သက်ပြီး ဆန်တင်ပို့တဲ့ ကုမ္ပဏီနဲ့ အရည်အသွေးစစ်တဲ့ ဌာနတွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စတင်စစ်ဆေးနေပြီလို့ တာဝန်ရှိသူက ဆိုပါတယ်။ဒီအတွက် နိုင်ငံတကာက လက်ခံတဲ့အဖြေ ထွက်၊ မထွက်က မြန်မာဆန်လောကအတွက် အရေးကြီးလာပါတယ်။

အဆိုပါသတင်းက ယခုတစ်ပတ် စီးပွားရေးသတင်းတွေဖြစ်တဲ့ အမေရိကန်က မြန်မာ၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ ဆီးရီးယားနိုင်ငံတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖေါက်ပြီး ငွေလွှဲခဲ့တဲ့ UniCredit Bank AG ဘဏ်က ဒဏ်ကြေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပေးဆောင်ခဲ့ရတဲ့ သတင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနက ပို့ကုန်သွင်းကုန်တွေအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံတာကို မေ ၁ ရက်မှာ ပြန်လည်ကောက်ခံတော့မယ့် စတဲ့သတင်းတွေထဲ ထူးထူးခြားခြား စောင့်ကြည့်ရမယ့် သတင်းဖြစ်ပါကြောင်း တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။  

မာလင်း
ဧပြီ - ၁၉

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ ၾသကၤန္နဲ႔ ပတ္သက္တဲ့ သတင္းေတြက ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။ဒီၾသကၤန္သတင္းေတြနဲ႔အၿပိဳင္ ျပည္တြင္းက ႏိုင္ငံေရးစိတ္ဝင္စားသူေတြ ေစာင့္ၾကည့္ခဲ့တဲ့ သတင္းတစ္ခုက ‘ဝ’ ႏွစ္ ၃၀ ျပည့္ စစ္ေရးျပပြဲမွာ ဘာလက္နက္ေတြ ခင္းက်င္းလာမလဲဆိုတဲ့ သတင္းပါဘဲ။ဒီလိုသတင္းအျပင္ ျမန္မာႏွစ္သစ္ကူး အထိမ္းအမွတ္အျဖစ္ သမၼတက တစ္ႏိုင္ငံလုံးက အက်ဥ္းသား/သူ ကိုးေထာင္ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တဲ့ သတင္းကလည္း လူေတြကို စိတ္ဝင္စားေစခဲ့ပါတယ္။

ႏွစ္ကူးမွာ သမၼတကိုယ္တိုင္ သတိေပးခဲ့တဲ့ ပဋိပကၡေထာင္ေခ်ာက္

ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔က တိုင္းျပည္ကို ႏွစ္သစ္ကူးမိန႔္ခြန္းေျပာခဲ့တဲ့ သမၼတ ဦးဝင္းျမင့္ ရဲ႕ မိန႔္ခြန္းထဲမွာ “ျပည္သူလူထုႀကီးကလည္း ဘာသာေရး၊ လူမ်ိဳးေရး၊ ႏိုင္ငံေရး ပဋိပကၡေထာင္ေခ်ာက္ထဲသို႔ မဝင္မိေစရန္ ဂ႐ုစိုက္ၾကေစလိုပါတယ္။မိမိတို႔အား အာ႐ုံေျပာင္း လမ္းေၾကာင္းလႊဲတဲ့ အျဖစ္အပ်က္ေတြကိုလည္း သတိျပဳၾကေစလိုပါတယ္။လႈံ႕ေဆာ္ဖန္တီးမႈေတြကိုလည္း စိတ္ခံစားမႈျဖင့္ မတုံ႔ျပန္မိၾကရန္ သတိရွိၾကေစလိုပါတယ္” လို႔ သတိေပးခဲ့ပါတယ္။

ဒါဟာ မၾကာမီက ႏိုင္ငံရဲ႕ အခ်ိဳ႕ေနရာေတြမွာျဖစ္ခဲ့တဲ့ ျပႆနာတခ်ိဳ႕ကို ရည္႐ြယ္တာျဖစ္တယ္လို႔ သုံးသပ္သူေတြက ဆိုၾကပါတယ္။သမၼတက  က႑စုံ ျပဳျပင္ေျပာင္းလဲေရး လုပ္ေဆာင္ရာမွာ အစိုးရအေပၚ အားမလိုအားမရျဖစ္မႈႏွင့္ အခ်ိဳ႕က႑ေတြမွာ ျပည္သူမ်ား ေမွ်ာ္လင့္သေလာက္ ျဖည့္ဆည္းႏိုင္ျခင္း မရွိေသးေပမယ့္ အတိုင္းအတာတစ္ခုအထိ တိုးတက္မႈရွိခဲ့တယ္လို႔ ေျပာခဲ့ၿပီး တာဝန္ယူ၊ တာဝန္ခံမႈ မရွိသူ အဆင့္ဆင့္ကို အေရးယူေဆာင္႐ြက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။သမၼတ၏ ႏွစ္သစ္ကူးမိန႔္ခြန္းထဲ အဂတိလိုက္စားမႈ တိုက္ဖ်က္ရာမွာ တရားဥပေဒႏွင့္အညီ ေက်ာသားရင္သား မခြဲျခားဘဲ ႏိုင္ငံႏွင့္လူမ်ိဳး အက်ိဳးစီးပြားတစ္ခုတည္း ေရွးရႈကာ ေဆာင္႐ြက္လွ်က္ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။

သမၼတရဲ႕ ယခုႏွစ္သစ္ကူးမိန႔္ခြန္းက အမ်ားျပည္သူၾကား သတိထားစရာေတြ မ်ားစြာရွိခဲ့သလို မၾကာမီက NLD ပါတီက ဦးေဆာင္ကာ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ လုပ္ေဆာင္ရာမွာ ျဖစ္လာတဲ့ တင္းမာမႈေတြနဲ႔ ရခိုင္မွာျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ လူမႈကြန္ရက္မွာ တိုင္းရင္းသားလူမ်ိဳးအခ်င္းခ်င္း စိတ္ဝမ္းကြဲစရာ ကိစၥေတြကို သတိရစရာျဖစ္ခဲ့ပါတယ္။

ေလးနက္ေစာေၾကာစရာျဖစ္လာတဲ့ သမၼတရဲ႕ ႏွစ္သစ္ကူးမိန႔္ခြန္းပါ အေၾကာင္းအရာေတြက သတင္းဖတ္သူေတြကို ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ ျမန္မာႏိုင္ငံသား ႐ိုက္တာသတင္းေထာက္ ႏွစ္ဦးကို ပူလစ္ဇာဆု ခ်ီးျမႇင့္ခံရတဲ့ သတင္း၊ ထိုင္းႏိုင္ငံမွာ ျမန္မာႏိုင္ငံသားအခ်င္းခ်င္း လူသတ္မႈျဖစ္ပြားခဲ့တဲ့ သတင္း၊ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က စက္မႈဇုန္ေတြကို အဆင့္ျမႇင့္ဖို႔ အနီးတစ္ဝိုက္ရွိ က်ဴးေက်ာ္ေတြကို ေနရာခ်ေပးဖို႔ လုပ္ေဆာင္ေတာ့မယ္ဆိုတဲ့ သတင္း၊ တ႐ုတ္ခရီးစဥ္အတြင္း ျမစ္ဆုံျပန္လုပ္ဖို႔ကိစၥ မေဆြးေႏြးဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ကခ်င္ဒီမိုကရက္တစ္ပါတီ KDP က  ေတာင္းဆိုခဲ့တဲ့ သတင္းေတြနဲ႔အၿပိဳင္ စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

တိုင္းျပည္ကို အင္အားထုတ္ျပလိုက္တဲ့ ‘ဝ’  

လက္နက္ကိုင္ တိုင္းရင္းသားေတြထဲမွာ ဟိုးယခင္ကတည္းကေန မၾကာေသာႏွစ္ေတြအထိ လူသူနဲ႔ လက္နက္အင္အား အႀကီးဆုံးက ေကအိုင္ေအပါ။ယခုခ်ိန္မွာေတာ့ ဒီေနရာကို UWSA က ယူသြားပါၿပီ။‘ဝ’ ေဒသ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ႏွစ္ ၃၀ ျပည့္ စစ္ေရးျပအခမ္းအနားမွာ UWSA တပ္ေတြက ေလယာဥ္ပစ္ စက္ေသနတ္ ၁၂ လက္၊ ေမာင္းသူမဲ့ေလယာဥ္ ၄ စင္း၊ စႏိုက္ပါတပ္သားမ်ား၊ ေျမျပင္မွ ေဝဟင္ဒုံးပစ္၊ အႀကီးစားအေျမႇာက္မ်ားနဲ႔ လက္နက္ေတြကို  ျပသခဲ့ပါတယ္။

အဆိုပါ ‘ဝ’ ေဒသ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ႏွစ္ ၃ဝ ျပည့္ အခမ္းအနားကို ရွမ္းျပည္နယ္၊ အေရွ႕ေျမာက္ေဒသ၊ ပန္ဆန္းၿမိဳ႕မွာ က်င္းပခဲ့ရာမွာ အစိုးရဘက္က ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဦးသိန္းေဇာ္၊ သမၼတ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး၊ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးသိန္းေဆြ၊ ရွမ္းျပည္နယ္ နယ္/လုံ ဝန္ႀကီး ဗိုလ္မႉးႀကီး လွဦး တို႔ တက္ေရာက္ခဲ့ၾကပါတယ္။
အေစာပိုင္းက တက္ေရာက္ဖို႔  ဖိတ္ၾကားထားခံရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔ တက္ေရာက္ခဲ့ျခင္းမရွိဘဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က သဝဏ္လႊာသာ ေပးပို႔ခဲ့ပါတယ္။ဒါေပမယ့္ ဒီပြဲကို တ႐ုတ္ႏိုင္ငံဘက္က အေရွ႕ေတာင္အာရွ အထူးကိုယ္စားလွယ္ မစၥတာဆြန္းေကာ္ရွန္း နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြက ေခါင္းေဆာင္ေတြ တက္ခဲ့ပါတယ္။

UWSA အေထြေထြအတြင္းေရးမႉးခ်ဳပ္လည္းျဖစ္ စစ္ေသနာပတိခ်ဳပ္လည္းျဖစ္တဲ့ ဦးေပါက္ယူခ်န္း က အဆိုပါအခမ္းအနားမွာ "ဝ" ေဒသကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ျပည္နယ္အျဖစ္ သတ္မွတ္ေပးဖို႔ အစိုးရကို ေတာင္းဆိုခဲ့ၿပီး ႏိုင္ငံေရးရည္မွန္းခ်က္ မရမီကာလမွာ တစ္ဖက္က ၿငိမ္းခ်မ္းေရး ဒီမိုကေရစီအေရးအလံကို လႊင့္ထူၿပီး တစ္ဖက္မွာလည္း လက္နက္နဲ႔ ကာကြယ္ေရးအလံကို လႊင့္ထူထားမယ္လို႔ ေျပာခဲ့ပါတယ္။

ဒီစစ္ေရးျပပြဲ အခင္းအက်င္းက ထင္သလို လုပ္ပိုင္ခြင့္ရေနတဲ့ လက္နက္ကိုင္ တိုင္းရင္းသားေတြကို အားက်ေစခဲ့သလို မညီၫြတ္တဲ့ တိုင္းျပည္မွာ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနတဲ့ အရပ္သားအစိုးရအတြက္လည္း NCA လက္မွတ္ေရးထိုးဖို႔ စည္း႐ုံးမႈကို ခက္ခဲေစခဲ့ပါတယ္။ဒီပြဲကို တက္လာတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေတြထဲက TNLA ဒု-ဥကၠ႒ ဗိုလ္မႉးခ်ဳပ္ တာခူလန္း က ႏူတ္ကေန “ဝ” ေဒသလို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ လိုခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာခဲ့တဲ့အထိ ျဖစ္ခဲ့သလို မၾကာေသးမီကာလေတြမွ ေပၚလာတဲ့ ရကၡိဳင္ လက္နက္ကိုင္ (AA) ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ လည္း UWSA က ရရွိထားတဲ့ အုပ္ခ်ဳပ္ေရးအာဏာ၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အေျခအေနေတြကို သေဘာက်ေၾကာင္း ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ သဝဏ္လႊာမွာေတာ့ UWSA ကို NCA အပစ္ရပ္လက္မွတ္ ေရးထိုးၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ ပါဝင္ဖို႔နဲ႔ ေရရွည္တည္တန႔္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈရဖို႔ ႏိုင္ငံေရးေဆြးေႏြးပြဲေတြမွာ ပါဝင္ဖို႔လိုေၾကာင္း ထည့္သြင္းေျပာထားခဲ့ပါတယ္။

စစ္ေရးျပအခမ္းအနားအၿပီး ဧၿပီ ၁၈ ရက္က ပန္ဆန္းၿမိဳ႕မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့  UWSP ဝျပည္ ေသြးစည္းညီၫြတ္ေရးပါတီ ဒုတိယဥကၠ႒ ဦးေက်ာက္ေကာ္အန္း က UWSA တပ္ေတြ တိုးခ်ဲ႕တည္ေဆာက္ရတာနဲ႔ ပတ္သက္ၿပီး  ဝျပည္သူေတြ ႏိုင္ငံေရးအာမခံခ်က္ရဖို႔အတြက္ တိုးခ်ဲ႕တည္ေဆာက္ရတာလို႔ အေၾကာင္းျပခဲ့ပါတယ္။

ယခုႏွစ္ ၃၀ ျပည့္ပြဲမွာ UWSA အေနနဲ႔ ၎ရဲ႕ အင္အားကို မာမာထန္ထန္ ထုတ္ျပလိုက္ျခင္းျဖစ္သလို ေဒသတြင္း မဟာမိတ္အဖြဲ႕ေတြအေပၚ ၾသဇာေညာင္းမႈကိုလည္း အားလုံးသိသာေအာင္ ျပသခဲ့တာ ေတြ႕ရပါတယ္။UWSA ရဲ႕ စစ္ေရးျပအခမ္းအနား သတင္းကို ျပည္တြင္း ႏိုင္ငံေရးစိတ္ဝင္စားသူေတြ အပါအဝင္  ျပည္တြင္း ျပည္ပက ႏိုင္ငံေရးအကဲခတ္ေတြ စစ္ေရးအကဲခတ္ေတြက ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ႏိုင္ငံတကာကလည္း ေစာင့္ၾကည့္ခဲ့ပါတယ္။ႏိုင္ငံတစ္ခုထဲ အင္အားအတန္အသင့္ရွိလာတဲ့ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕က NCA ေရးထိုးဖို႔ စိတ္အားမသန္တဲ့အခါ တစ္ခ်ိန္မွာ ဒါဟာ ေျဖရွင္းရခက္မယ့္ ျပႆနာျဖစ္လာဖြယ္ ရွိႏိုင္ပါတယ္။ဒီအတြက္ ေရရွည္မွာ ေဒသခံေတြနဲ႔ တိုင္းျပည္ကို မထိခိုက္မယ့္နည္း၊ ျပည္ပဝင္မစြက္ႏိုင္မယ့္နည္းနဲ႔  ဘယ္လိုေျဖရွင္းဖို႔ ႀကံေဆာင္ၾကမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။  

ဒီသတင္းက ရခိုင္ျပည္နယ္ ရန္ကုန္-စစ္ေတြ ကားလမ္း မိုင္တိုင္ ၁၇၉ ႏွင့္ ၁၈၀ ၾကားမွာ ေဒသႏၲရ လက္လုပ္ေရွာ့တိုက္မိုင္း (ခ) ကားမိုင္း ၇ လုံး ေတြ႕တဲ့ သတင္း ၊ရခိုင္ျပည္နယ္ထဲ လာေရာက္ရင္းႏွီးျမဳပ္ႏွံေနတဲ့ တ႐ုတ္စီမံကိန္းေတြကို ဆန႔္က်င္စရာမရွိဘူးလို႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္က ေျပာလိုက္တဲ့ သတင္းေတြနဲ႔အၿပိဳင္ စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

စသုံးလုံး ၫႊန္မႉးအိမ္ ေဖာက္ထြင္းခံရမႈ

ယခုရက္အတြင္း မႈခင္းေနာက္ခံ သတင္းေတြထဲမွာ စိတ္ဝင္စားစရာေကာင္းခဲ့တာက မြန္ျပည္နယ္က စသုံးလုံး ၫႊန္ၾကားေရးမႉးဆိုသူရဲ႕ အိမ္ေဖာက္ထြင္းခံရတဲ့ သတင္းပါ။ျဖစ္တာက ဧၿပီ ၁၅ ရက္ ညေနပိုင္းက ျဖစ္တာလို႔ဆိုၿပီး လက္ဝတ္ရတနာေတြနဲ႔ ေငြက်ပ္ သိန္း ၈၀ ခန႔္ ပါသြားခဲ့ပါတယ္။

ျဖစ္ပုံက ေမာ္လၿမိဳင္ ေတာင္႐ိုးလမ္းမွာ ေနထိုင္တဲ့ စသုံးလုံး ၫႊန္မႉးဆိုသူနဲ႔ တပည့္ျဖစ္သူေတြ ေ႐ႊေတာင္ကုန္း ဘုန္းႀကီးေက်ာင္းကို သြားေနခ်ိန္မွာ အခ်ိန္အခါေစာင့္ေနတဲ့ ေဖာက္ထြင္းသမားက ဝင္ခိုးယူခဲ့တာပါ။ေဖာက္ထြင္းခံရတဲ့ ပစၥည္းေတြထဲမွာ လက္ဝတ္ရတနာေတြ အမ်ားဆုံးပါဝင္ၿပီး ၫႊန္မႉးဆိုသူရဲ႕ ဇနီးျဖစ္သူ ပန္းတိမ္လုပ္ကိုင္သူ အမ်ိဳးသမီးရဲ႕ မိဘလက္ထက္က အေမြလက္ဝတ္လက္စားေတြကို ယူသြားတာလို႔ သတင္းေတြအရ သိရပါတယ္။

ထူးျခားတာက ေနအိမ္ထဲတပ္ဆင္ထားတဲ့ CCTV ရွိေနတာကို သိေနတဲ့အျပင္  CCTVအထိုင္စက္ကိုပါ ေဖာက္ထြင္းသမားက ယူသြားတာက သတိထားဖြယ္ပါဘဲ။ေဖာက္ထြင္းခံရတာကို စသိတဲ့အခ်ိန္က အိမ္ရွင္ျဖစ္သူေတြ ျပန္ေရာက္လာခ်ိန္မွာ ေနအိမ္အေပၚထပ္ တံခါးေတြ ပြင့္ေနတာရယ္နဲ႔ မ်က္ႏွာက်က္ ပ်က္စီးေနတာေၾကာင့္ ေနအိမ္ေဖာက္ထြင္းခံရသည္ကို သိရွိခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါေဖာက္ထြင္းမႈက တစ္ႏိုင္ငံလုံးစိတ္ဝင္စားတဲ့ မႈခင္းျဖစ္သလို ေဖာက္ထြင္းတဲ့သူကို ေဖာ္ထုတ္ႏိုင္မႈ ရွိ/မရွိကိုလည္း ေစာင့္ၾကည့္နားစြင့္ခဲ့ၾကပါတယ္။သာမန္ေနအိမ္တစ္ခုမဟုတ္ဘဲ ျပည္ထဲေရးလက္ေအာက္က ျပည္သူေတြအတြက္  တရားဥပေဒစိုးမိုးေရးကို ကိုင္တြယ္ေနတဲ့ဌာနက ၫႊန္မႉးတစ္ေယာက္ရဲ႕ ေနအိမ္ကို ေဖာက္ထြင္းတာ ျဖစ္ေနတဲ့အတြက္လည္း အမ်ားစုက စိတ္ဝင္စားေနၾကတာပါ။ဧၿပီ ၁၈ ရက္မွာေတာ့ ေဖာက္ထြင္းတဲ့သူထဲက တစ္ဦးကိုမိၿပီး ေဖာက္ထြင္းရာမွာ ပါသြားတဲ့ ေ႐ႊထည္ပစၥည္းမ်ားႏွင့္ ေငြစကၠဴေတြကို ေမာ္လၿမိဳင္ၿမိဳ႕ မုပြန္ရပ္ကြက္ အိုး႐ုံရပ္ကေန ျပန္လည္သိမ္းဆည္းရမိခဲ့ပါတယ္။အဓိကေဖာက္ထြင္းသူကို မမိေသးပဲ ပါဝင္သူ အမ်ိဳးသမီးသာ မိေသးတယ္ဆိုတဲ့အတြက္ က်ဴးလြန္သူကို မိတဲ့အခါ စိတ္ဝင္စားဖြယ္ ဘာေတြသိရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ေဖာက္ထြင္းခံရၿပီး ၄ ရက္အၾကာမွာ ေဖာ္ထုတ္ႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးရမွာျဖစ္သလို ဒီေနရာမွာ တျခားအရပ္သားတစ္ေယာက္ရဲ႕ ေနအိမ္သာဆိုရင္ တရားခံေဖာ္ထုတ္မႈက ဒီေလာက္ျမန္ပါမလားဆိုတာတဲ့ ေမးခြန္းေတြကလည္း လူမႈကြန္ရက္မွာ ေပၚထြက္လာခဲ့ပါတယ္။

ဟိုအရင္ေခတ္ကဆိုရင္ေတာ့ ဒီမးခြန္းက ေျဖရမွာခက္ေပမယ့္ အရပ္သားအစိုးရလက္ထက္မွာ တရားဥပေဒစိုးမိုးေရးကို ဖိဖိစီစီးစီးလုပ္ေနတဲ့အတြက္ အမႈႀကီး အမႈငယ္ ေတာ္ေတာ္မ်ားမ်ားကို ယခင္ကထက္ လွ်င္ျမန္စြာေဖာ္ထုတ္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ဒီအတြက္ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းေတြကို ခ်ီးက်ဴးရမွာျဖစ္သလို ေစာင့္ၾကည့္စရာေတြလည္း မ်ားစြာရွိပါေသးတယ္။

ဒီသတင္းက ၾသကၤန္ကာလအတြင္းျဖစ္ခဲ့တဲ့ အလုံမွ သမိုင္းသို႔ ေျပးဆြဲတဲ့ ၾကားကားမွာ  စီးနင္းသူကို ၾကားကားဆြဲတဲ့သူက ဓားနဲ႔ေထာက္ လုယက္ခဲ့တဲ့ သတင္း၊ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴအတု လက္ဝယ္ရွိမႈနဲ႔ တရားရင္ဆိုင္ေနရတဲ့ မေနာ္ေသာ္သြဲ႕ထူး ကို အျပစ္မရွိဘူးလို႔ ဒိုက္ဦးၿမိဳ႕နယ္တရား႐ုံးက အမိန႔္ခ်လိုက္တဲ့ သတင္း၊ ခ်င္းတြင္းျမစ္ထဲ ဧၿပီ ၁၅ ရက္ကျဖစ္ခဲ့တဲ့  စက္ေလွတိမ္းေမွာက္မႈမွာ ေသဆုံးသူ ၁၀ ဦးအထိ ရွိလာတဲ့ သတင္း၊ ပခုကၠဴၿမိဳ႕ တည္းခိုခန္းမွာ တည္းခိုရင္း အသတ္ခံရတဲ့ အမ်ိဳးသမီးငယ္အမႈက သံသယရွိသူကို သူ႔အစ္ကိုေနအိမ္မွာ ရဲတပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီးခဲ့တဲ့ သတင္း၊ ဆိပ္ျဖဴ-ေဆာ ကားလမ္းမွာ ဘုရားဖူးယာဥ္တစ္စီး ေခ်ာက္ထဲျပဳတ္က်လို႔ ၅ ဦး ေသဆုံးကာ ၄၂ ဦး ဒဏ္ရာရရွိခဲ့တဲ့ သတင္း စတဲ့ မႈခင္းသတင္းနဲ႔ မေတာ္တဆ သတင္းေတြထဲ မြန္ျပည္နယ္က စသုံးလုံး ၫႊန္ၾကားေရးမႉး အိမ္ေဖာက္ထြင္းခံရတဲ့ သတင္းက စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ထီးသူခိုး (ဝါ) ဖ်ပ္ကနဲေတြ႕လိုက္ရတဲ့ ရန္ကုန္စာရိတၱ

ယခုရက္သတၱပတ္အထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ားစုၾကား လႈပ္ခတ္ခဲ့တဲ့ သတင္းေတြက အင္းလ်ားကန္ေဘာင္မွာ အလွဆင္ထားတဲ့ ပုသိမ္ထီးေတြကို လာေရာက္အပန္းေျဖတဲ့သူေတြက ျဖဳတ္ယူခဲ့လို႔ လူမႈကြန္ရက္မွာ အုတ္ေၾသာ္ေသာင္းတင္း ျဖစ္ခဲ့ရပါတယ္။

ယခုႏွစ္မွာ ထူးျခားခ်က္အျဖစ္နဲ႔ လမ္းေလွ်ာက္ၾသကၤန္ ပြဲေတာ္ေတြကို ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕နဲ႔ ၿမိဳ႕ႀကီး ေတာ္ေတာ္မ်ားမ်ားမွာ ဆင္ႏႊဲၾကရာမွာ ေနပူဒဏ္ကို အထိုက္အေလွ်ာက္သက္သာဖို႔ ထီးေတြနဲ႔ အလွဆင္ရာမွာ ရန္ကုန္မွာ လုပ္ေဆာင္ခဲ့တဲ့ ထီးေတြမွာ ျပႆနာေပၚခဲ့ပါတယ္။ၾသကၤန္အၾကတ္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕ အင္းလ်ားကန္ေဘာင္မွာ ပုသိမ္ထီးေတြ ပိေတာက္ပန္းခက္ေတြ အလွဆင္ထားတာေတြကို လူငယ္တခ်ိဳ႕က အေပ်ာ္လြန္ၿပီး ျဖဳတ္ယူၾကတာေတြ လူမႈကြန္ရက္အေပၚ ေရာက္လာခဲ့တဲ့အတြက္ အမ်ားျပည္သူၾကား ေဝဖန္မႈျမင့္တက္ခဲ့ပါတယ္။

လူမႈကြန္ရက္ေတြမွာေပၚလာတဲ့ ပုံေတြအရ ထီးျဖဳတ္ယူတဲ့သူေတြဟာ ပညာတတ္ေတြလည္း ပါသလို  အသက္အ႐ြယ္ႀကီးသူေတြလည္း ပါဝင္တဲ့အတြက္ ဒါဟာ မသိလို႔ က်ဴးလြန္မိတာမဟုတ္ဘဲ အေခ်ာင္ရလိုစိတ္နဲ႔ အမ်ားျပည္သူအတြက္ အလွဆင္ထားတာကို ဖ်က္လိုဖ်က္ဆီးစိတ္နဲ႔ လုပ္ေဆာင္ေနၾကတာကို အထင္းသား ေတြ႕ရတဲ့အတြက္ ျမင္ရသူတိုင္းက ထပ္မံျဖန႔္ေဝၾကတဲ့အတြက္ ဒါဟာ ကမ္းပိန္းအသြင္ ျဖစ္ခဲ့ပါတယ္။ဒီလိုျဖစ္တာဟာ ႏိုင္ငံႀကီးသားစိတ္ မရွိတဲ့အျပင္ ယုတ္ညံတဲ့အက်င့္စ႐ိုက္ရွိသူအျဖစ္ ေဝဖန္မႈေတြ ျပင္းထန္ခဲ့ပါတယ္။

ဒီလို ထီးျဖဳတ္တဲ့သူ (ဝါ) ထီးသူခိုးေတြကို  လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ဖမ္းဆီးခဲရာမွာ ၁၃ ဦးကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ၿပီး ထိုသူေတြကို ထီးအလွဆင္ခဲ့တဲ့ ျမတ္ေမတၱာမြန္ (MMTM) ကုမၸဏီဘက္က အမႈမဖြင့္လိုတဲ့အတြက္ ေနာက္ထပ္မလုပ္ရန္ ခံဝန္ထိုးေစကာ ျပန္လႊတ္ေပးခဲ့ပါတယ္။ထီးခိုးခံရ၊ အျဖဳတ္ခံရ သတင္းေတြေၾကာင့္ ညပိုင္းမွာ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ကိုယ္တိုင္ အင္လ်ားကန္ေဘာင္ လမ္းေလွ်ာက္ၾသကၤန္ က်င္းပရာကို လာေရာက္ခဲ့ရၿပီး ညတြင္းခ်င္း ထီးအသစ္ေတြ ျပန္တပ္ဆင္ေပးဖို႔ မွာၾကားခဲ့ရပါတယ္။

ထီးျဖဳတ္ခံရၿပီးေနာက္ ျဖဳတ္ယူခံရသည့္ ထီးအလက္ေပါင္း ၂၀၇ လက္ကို ရဲတပ္ဖြဲ႕က ျပန္လည္သိမ္းဆည္းရယူခဲ့ၿပီး ကုမၸဏီသို႔ ျပန္လည္အပ္ႏွံခဲ့လို႔ လက္က်န္ထီးမ်ားႏွင့္ေပါင္းကာ ညတြင္းခ်င္းပင္ ထပ္မံတပ္ဆင္ခဲ့ရပါတယ္။ေနာက္တစ္ရက္မွာ  ကန္ေဘာင္တစ္ေလွ်ာက္ရွိ ျပန္ဆင္ထားတဲ့ ပုသိမ္ထီးေတြ အလွတပ္ဆင္ထားတဲ့ ေနရာေတြမွာ ရဲအင္အား ၂၀ ေလာက္က လုံၿခဳံေရးခ်ထားၿပီး လမ္းေလွ်ာက္ၾသကၤန္ကို ဆင္ႏႊဲခဲ့ၾကပါတယ္။

လမ္းေလွ်ာက္ၾသကၤန္ကို ရန္ကုန္သားေတြ ဆင္ႏႊဲဖို႔အတြက္ ျမတ္ေမတၱာမြန္ (MMTM) ကုမၸဏီက ပုသိမ္ထီးအလက္ေပါင္း ၂၀ဝ၀ နီးပါး (တန္ဖိုးက်ပ္သိန္း ၇၀ ခန႔္) နဲ႔  ကန္ေဘာင္ အေပၚ/ေအာက္ အလွဆင္မႈအတြက္ စုစုေပါင္း က်ပ္ ၈၁၇ သိန္းခန႔္ကို သုံးစြဲလႉဒါန္းခဲ့ေပမယ့္ ယခုလိုျဖစ္ရပ္က မျဖစ္သင့္တဲ့ အက်င့္စာရိတၱပ်က္ျပားမႈ ျဖစ္တဲ့အတြက္ ဆင္ျခင္စရာနဲ႔ က်ဴးလြန္သူအတြက္ အရွက္ရစရာ ျဖစ္လာခဲ့ပါတယ္။ဒီအျပင္ ယခင္က မဟုတ္တာလုပ္တာ၊ ခိုးတာ၊ ျပည္သူပိုင္ပစၥည္းကို အလႊဲသုံးစားဖ်က္ဆီးတာကို မဆိုင္သလိုေနၾက၊ ခြင့္ျပဳသလို ထင္မွတ္ၾကတဲ့ ျမန္မာလူ႔အဖြဲ႕အစည္းက ယခုျဖစ္ရပ္မွာ ခိုးတာကို လုံးဝလက္မခံဘဲ ျပင္းျပင္းထန္ထန္ ျပန္ဆန႔္က်င္လာတာက ထူးျခားခ်က္ဘဲ ျဖစ္ပါတယ္။  

ဒီႏွစ္ထဲ ၾသကၤန္နဲ႔ ပတ္သက္တဲ့ သတင္းေတြထဲမွာ သတိထားမိစရာျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ မေလးရွားက ျမန္မာဘုန္းႀကီးေက်ာင္းမွာ က်င္းပတဲ့ ျမန္မာၾသကၤန္ပြဲကို ခြင့္ျပဳခ်က္မယူဘဲ ၾသကၤန္ပြဲက်င္းပခဲ့လို႔ မေလးရွား စည္ပင္ရဲတပ္ဖြဲ႕က ေက်ာင္းတိုက္ကို ခ်ိတ္ပိတ္ခဲ့တဲ့ သတင္း၊ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ ေလးဦးကို ဆက္သြယ္ေရးအက္ ဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ တပ္မေတာ္က တရားစြဲဆိုလိုက္တဲ့ သတင္း၊ ၿပီးခဲ့တဲ့ ၾသကၤန္ကာလအတြင္း တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေသဆုံးခဲ့သူ စုစုေပါင္း ၂၈၈ ဦးရွိတဲ့ သတင္းေတြထဲ သတိထားမိစရာ ျဖစ္ခဲ့ပါတယ္။  

အမႈိက္စာရင္း သြင္းခံရတဲ့ ျမန္မာဆန္

ျမန္မာဆန္ကို စားသုံးဖို႔ မသင့္ဘူးဆိုၿပီး အမႈိက္ပုံစံမ်ိဳး ရွင္းထုတ္လိုက္တဲ့အတြက္ အာဖရိကတိုက္ ႏိုင္ငံမွာျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းတစ္ခုက ျမန္မာ့စီးပြားေရးေလာကအျပင္ ႏိုင္ငံပုံရိပ္ကိုပါ ထိေစခဲ့ပါတယ္။

ဧၿပီ ၁၇ ရက္ Afriicanews မွာ အိုင္ဗရီကို႔စ္ အာဏာပိုင္ေတြက ျမန္မာဆန္တန္ခ်ိန္ ၁၈၀၀၀ ကို အႏၲရာယ္ရွိတဲ့ စားေသာက္ကုန္ထဲထည့္ၿပီး ဖ်က္ဆီးခဲ့တယ္ဆိုတဲ့သတင္း ထြက္ေပၚလာခဲ့ၿပီးေနာက္ ျမန္မာဆန္ေလာကကို ဂယက္႐ိုက္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္က ျပည္ပကို ဆန္တင္ပို႔မႈ စံခ်ိန္သစ္တင္ခဲ့တဲ ျမန္မာႏိုင္ငံအတြက္ ဒီသတင္းေၾကာင့္ ဆန္ေဈးကြက္သစ္ အာဖရိကကို ျမန္မာတို႔ လက္လႊတ္ရဖို႔အထိ ဆိုးက်ိဳးျဖစ္လာခဲ့ပါတယ္။ဒီအတြက္ သတင္းစတင္တဲ့ အခ်ိန္ကစၿပီး  ျမန္မာႏိုင္ငံဘက္က ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာသိဖို႔ အားထုတ္ခဲ့ပါတယ္။

သတင္းေတြမွာ ပါလာတဲ့ ေဖာ္ျပခ်က္အရ ျမန္မာႏိုင္ငံကေနတင္လာတဲ့ ဆန္တန္ခ်ိန္  ၁၈၀၀၀ ကို ဆန္လိုအပ္ခ်က္ရွိတဲ့ အေနာက္အာဖရိကႏိုင္ငံေတြျဖစ္တဲ့ ဂါနာ၊ ဆီနီေဂါ၊ တိုဂို ႏိုင္ငံေတြကို တင္ပို႔ရာမွာ ဆန္အရည္အေသြးေၾကာင့္ ျငင္းပယ္ခံရၿပီးမွ အိုင္ဗရီကို႔စ္ကို တင္ပို႔ေရာင္းခ်ခဲ့တာလို႔ ဆိုပါတယ္။အိုင္ဗရီကို႔စ္ အာဏာပိုင္ေတြက အဆင့္ဆင့္စစ္ေဆးၿပီး စားသုံးဖို႔မသင့္ဘူးဆိုကာ ဖ်က္စီးခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ဒီကိစၥဟာ ျမန္မာဆန္ ျပည္ပတင္ပို႔မႈ ေဈးကြက္အတြက္ သက္ေရာက္မႈ ႀကီးမားႏိုင္တာေၾကာင့္ အခ်က္အလက္ ျပည့္ျပည့္စုံစုံနဲ႔ ေျဖရွင္းထုတ္ျပန္မယ္လို႔  ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ခဲ့ပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ ဒီလိုျဖစ္ရတာ ျမန္မာႏိုင္ငံကေန ဆန္ဝယ္ၿပီး အာဖရိကႏိုင္ငံ ေလးႏိုင္ငံအထိ ကုန္မခ်ႏိုင္ဘဲ လွည့္ပတ္ေနရာမွာ ၾကာျမင့္စြာသိုေလွာင္မႈ ျဖစ္ေပၚခဲ့တဲ့ ျပႆနာျဖစ္ႏိုင္တယ္လို႔ ေရးသားထားသလို ဒီကိစၥဟာ ဆန္ဝယ္ယူတဲ့ ဝယ္လက္ေတြမွာ အဓိကတာဝန္ရွိႏိုင္တယ္လို႔ ေယဘုယ်ယူဆႏိုင္တယ္လို႔ ဆိုထားပါတယ္။

စီးပြားကူးသန္း ဝန္ႀကီးဌာနကေတာ့ ဒီဆန္ေတြကို ဒီျပန္သယ္လာဖို႔နဲ႔ အရည္အေသြး မီ၊ မမီ စစ္ေဆးဖို႔ အေၾကာင္းၾကားတုန္းမွာ အိုင္ဗရီကို႔စ္ဘက္ကို ကုမၸဏီက ေရာင္းလိုက္ၿပီး အခုလိုဖ်က္စီးဖို႔ ျဖစ္လာခဲ့တာလို႔ ေျပာခဲ့ပါတယ္။ဒီျပႆနာဟာ  ဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်တဲ့ ျမန္မာႏိုင္ငံအတြက္ ကမာၻ႔ဆန္စပါးေဈးကြက္ထဲ အမည္ပ်က္စာရင္း ဝင္သြားႏိုင္သလို  မၾကာခင္ကမွ ကမာၻ႔ထိပ္တန္း ဆန္တင္ပို႔တဲ့ ႏိုင္ငံစာရင္းထဲ ဝင္လာလို႔ ေဈးကြက္သေဘာတရားအရ ၿပိဳင္ဘက္ႏိုင္ငံေတြမွ ကုမၸဏီမ်ားအေနျဖင့္ ႀကံစည္တာမ်ိဳးလဲ ျဖစ္ႏိုင္တဲ့အတြက္ ထည့္သြင္းစဥ္းစားစရာ ျဖစ္လာခဲ့ပါတယ္။ျမန္မာဘက္ကေတာ့  အိုင္ဗရီကို႔စ္မွာ ျဖစ္ေပၚတဲ့ ျမန္မာ့ဆန္ကိစၥနဲ႔ ပတ္သက္ၿပီး ဆန္တင္ပို႔တဲ့ ကုမၸဏီနဲ႔ အရည္အေသြးစစ္တဲ့ ဌာနေတြကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက စတင္စစ္ေဆးေနၿပီလို႔ တာဝန္ရွိသူက ဆိုပါတယ္။ဒီအတြက္ ႏိုင္ငံတကာက လက္ခံတဲ့အေျဖ ထြက္၊ မထြက္က ျမန္မာဆန္ေလာကအတြက္ အေရးႀကီးလာပါတယ္။

အဆိုပါသတင္းက ယခုတစ္ပတ္ စီးပြားေရးသတင္းေတြျဖစ္တဲ့ အေမရိကန္က ျမန္မာ၊ က်ဴးဘား၊ အီရန္၊ လစ္ဗ်ား၊ ဆူဒန္နဲ႔ ဆီးရီးယားႏိုင္ငံေတြအေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ခ်ိဳးေဖါက္ၿပီး ေငြလႊဲခဲ့တဲ့ UniCredit Bank AG ဘဏ္က ဒဏ္ေၾကး အေမရိကန္ေဒၚလာ သန္း ၆၀၀ ေက်ာ္ ေပးေဆာင္ခဲ့ရတဲ့ သတင္း၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ပို႔ကုန္သြင္းကုန္ေတြအေပၚ ႀကိဳတင္ဝင္ေငြခြန္ ႏွစ္ရာခိုင္ႏႈန္း ေကာက္ခံတာကို ေမ ၁ ရက္မွာ ျပန္လည္ေကာက္ခံေတာ့မယ့္ စတဲ့သတင္းေတြထဲ ထူးထူးျခားျခား ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ပါေၾကာင္း တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။  

မာလင္း
ဧၿပီ - ၁၉