【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်နဲ့ ကိုဗစ်ဒုတိယလှိုင်းနေ့ရက်တွေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်နဲ့ ကိုဗစ်ဒုတိယလှိုင်းနေ့ရက်တွေ

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသူအ‌ရေအတွက် တွေ့ရှိမှုဟာ တစ်ရက်ကို ထောင်ဂဏန်းနီးပါးထိကပ်လာသလို သေဆုံးမှုကလည်း တစ်ရက်ထက် တစ်ရက်များလာကာ ယခုရက်ပိုင်းမှာ တစ်ရက် လူနှစ်ဆယ်အစိတ်ထိ ဖြစ်လာတာကို တွေ့ရပါတယ်။ဒီရက်သတင်းတွေထဲမှာ ကိုဗစ် ၁၉ ဒုတိယလှိုင်းကို အစိုးရအာဏာပိုင်တွေက ဘယ်လိုနိုင်နိုင်နင်းနင်းကိုင်တွယ်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ရတာရှိသလို ဒီရက်ပိုင်းထဲ ကူးစက်မှုပြင်းထန်လာတဲ့ ဗိုင်းရပ်စ်နဲ့အတူ ပိုပြီးပြင်းထန်လာတဲ့ မဲဆွယ်ပွဲတွေ၊ မီဒီယာတစ်ခုက ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် လူစိတ်ဝင်စားမှုများလာတဲ့ ပါတီကြီးတစ်ခုသတင်းတွေက ယခုရက်သတ္တပတ်မှာ အထူးစိတ်ဝင်စားစရာ သတင်းကြီးတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားစရာ သတင်းတွေထဲမှာ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ရာမှာ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် ကျင့်သုံးတော့မယ်ဆိုတဲ့သတင်း၊ မန္တလေး စျေးချိုစင်တာရှေ့မှာ ဆန္ဒပြတဲ့ ကျောင်းသား ၃ ဦးကို သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မများနဲ့ တရားစွဲဆိုခဲ့တဲ့သတင်း၊ ပင်လယ်ဘူးမြို့နယ်မှာ ဖုန်းပျောက်တာနဲ့ပတ်သက်ပြီး ကိုရင်တစ်ပါးကို သေဆုံးသည်အထိ လက်လွန်အောင်စစ်ဆေးခဲ့တဲ့ ဦးပဉ္စင်း ၃ ပါးကို လူဝတ်လဲပြီး အရေးယူထားတဲ့သတင်း၊ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် စစ်ရေးတိုက်ခိုက်မှုများ အမြန်ဆုံးအဆုံးသတ်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူက တောင်းဆိုခဲ့တဲ့သတင်း၊ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် နောင်မွန်နဲ့ ပန်နန်းဒင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းနေရာ (၂၇) နေရာနဲ့  တံတား (၂) စင်း ပျက်စီးခဲ့တဲ့သတင်း၊ ကချင်ပြည်နယ် တနိုင်းမြို့နယ် ကာမိုင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ စီးဆင်းလာတာကြောင့် နေအိမ် (၂၃) လုံး ရေစီးနဲ့အတူ မျောပါသွားခဲ့တဲ့သတင်း၊ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံကို ပျံသန်းဆင်းသက်မှုအပေါ် ယာယီကန့်သတ်တဲ့ ညွှန်ကြားချက်ကို အောက်တိုဘာ (၃၁) ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တဲ့သတင်း၊ မြန်မာနိုင်ငံက ရေထွက်ကုန်တွေကို ထိုင်းနိုင်ငံက အဝယ်ရပ်တန့်လိုက်တဲ့အတွက် ရေလုပ်ငန်းကဏ္ဍမှာ အများကြီးထိခိုက်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောလိုက်တဲ့သတင်း၊ လှည်းကူးမြို့နယ်တွင် အပြင်မထွက်ရန် စည်းကမ်းတင်းကြပ်သည်ကို မကျေမနပ်၍ ဆရာတော်အား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့တဲ့သတင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေသူသုံးဦးကို စိတ်ကြွဆေးပြားများ၊ လက်နက်အစိတ်အပိုင်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ Covid-19 ကူးစက်ရောဂါပိုး မပြန့်ပွားစေရေး ပဲခူးမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ၌ ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်အလုပ်လုပ်ကိုင်သူ ၁၀၀၀ ကျော်အား အလုပ်ဆင်းခွင့်မပြုတော့တဲ့သတင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် လှိုင်းတာကျေးရွာရှိ Quarantine စင်တာမှ မိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်မှုကို ထောင်ဒဏ် ၇ ရက်သာ ချမှတ်ခဲ့တဲ့သတင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ Foxlink Myanmar ဖုန်းအားသွင်းကြိုးစက်ရုံ လုပ်ငန်းလည်ပတ်နေလို့  အလုပ်သမားတစ်ချို့တိုင်ကြားခဲ့တဲ့ စတဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်ထဲမှာဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေထဲကနေ ပထမဆုံး ကိုဗစ်ဒုတိယလှိုင်းကို အလူးအလဲခုခံကာကွယ်နေရတဲ့ ရန်ကုန်နေ့ရက်တွေ သတင်းကို ပထမဆုံးတင်ပြချင်ပါတယ်။

တစ်ရစ်ချင်းတင်းကြပ်ပေမယ့် ပြည်သူတွေလက်ခံလိုက်ပါနေတဲ့ ကိုဗစ်တိုက်ပွဲ

ဩဂုတ် ၁၆ ရက်က စပြီး ရန်ကုန်ကိုစတင် တစ်ကျော့ပြန်ကူးစက်လာခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းက ကျန်းမာရေးပညာရှင်တွေ ကြိုတင်ခန့်မှန်းခဲ့သလိုပါဘဲ ကူးစက်နူန်းမြန်ခဲ့သလို အသေအပျောက်နူန်းကလဲ မြင့်ခဲ့ပါတယ်။အစောပိုင်းက ဒုတိယအကျော့ ဗိုင်းရပ်စ်က ကူးစက်တာပဲရှိတယ်။ယခင်ဗိုင်းရပ်စ်လောက် မပြင်းထန်ဘူးဆိုတဲ့ လွဲမှားတဲ့ ကျန်းမာရေးအချက်အလက်မှားတွေကို လူမှုကွန်ရက်မှာ အုံနဲ့ကျင်းနဲ့ဖြန့်ခဲ့သူတွေကြောင့်လည်း ဒုတိယအကျော့ဖြစ်နေတာကို မယုံကြည်စွာနဲ့ ပေါ့ဆစွာဖြတ်သန်းခဲ့ကြသလို တမင်ရည်ရွယ်ချက်ရှိရှိ ရခိုင်ကနေပြန်လာပြီး ကွာရင်တိုင်းဝင်ဖို့မဆက်သွယ်ခဲ့တဲ့ ရခိုင်ပြန် လူနှစ်ထောင်ကျော်ရဲ့ အတ္တကြီးမှု၊ ကျင့်ဝတ်ဖောက်ဖျက်မှု၊ လူသားမဆန်မှုက ရန်ကုန်ကို ဗိုင်းရပ်စ်ပြန့်ပွားရာ အရပ်‌ဒေသအဖြစ် တမဟုတ်ချင်းဖြစ်စေခဲ့ပါတယ်။အစောပိုင်းက တစ်ရက်ကို ကူးစက်သူဆယ်ဂဏန်း၊ ဒီကနေ ရာဂဏန်းနဲ့ အခုဆိုရင် ထောင်ဂဏန်းနီးပါးအထိ ကူးစက်ခံနေရသလို ရန်ကုန်ရဲ့ ရပ်ကွက်တွေထဲမှာ နေရာအတော်များများ၊ စျေးတွေနဲ့ အများပြည်သူထိတွေ့ရာနေရာတွေမှာ ကျင်လည်သွားလာနေသူမှန်သမျှ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီးလို့ ယူဆရလောက်အောင် ဗိုင်းရပ်စ်ပြန့်ပွားကူးစက်နေမှုက ကြောက်စရာလန့်စရာအခြေအနေကို ရောက်နေခဲ့ပါတယ်။ဒီလိုအခြေအနေကြောင့်လည်း ယခုရက်သတ္တပတ်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံက ရုပ်သံကနေတစ်ဆင့် နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို နှစ်ခါတိတိပြောခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်က ရုပ်သံကနေတစ်ဆင့် အများပြည်သူကို COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြရာမှာ COVID-19 ရောဂါ ကူးစက်မှုလှိုင်းကြီးမားနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါထိထိရောက်ရောက်ကာကွယ်ရေး နေအိမ်၌သာနေကြရန် အမိန့်ထုတ်ပြန်ထားခြင်းနှင့် COVID-19 ကုသဆေးနှင့် ကာကွယ်ဆေးများ ပေါ်လာပါက မြန်မာနိုင်ငံသို့ အမြန်ဆုံးရောက်ရှိအောင် အစိုးရအနေဖြင့် ကြိုးပမ်းနေကြောင်းပြောခဲ့ပါတယ်။ဒါ့အပြင် COVID-19 ရောဂါနှင့်ပတ်သက်၍ သီးသန့်သုံးစွဲဖို့  ကျပ်ဘီလျံ ၁ဝဝ၀ ကျော် (ကာလပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၅၈ သန်းကျော်) ကို သတ်မှတ်ထားကြောင်း ပြောခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ရုပ်သံကနေ အစီရင်ခံစာတင်ပြပြီး နောက်တစ်ရက်မနက်ဖြစ်တဲ့  စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းအထိ  COVID-19 အတည်ပြုလူနာ ၆၄၇၁ ဦးနဲ့ သေဆုံးသူ ၁၀၀ ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၄၄၅ ဦးရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက် မိန့်ခွန်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံက တစ်ရက်တည်းပိုးကူးစက်ခံရသူ တစ်ထောင်ကျော်တာ၊ သေဆုံးသူအရေအတွက်တိုးလာတာတွေအတွက် ပြည်သူကြားထဲမှာ စိုးရိမ်တာနဲ့ပတ်သက်ပြီးပြောခဲ့ကာ အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ကြိတ်မကုဖို့၊ ရောဂါ ရှိ/မရှိ သိရဖို့ တောင်ကိုရီးယားကနေ antigen test kit အခုတစ်သိန်းမှာထားပြီး တောင်ကိုရီးယားဘက်ကလည်း ဒေါ်လာ ၅ သိန်းဖိုးလှူမယ်လို့ ပြောခဲ့ပါတယ်။ဒီလို လျင်လျင်မြန်မြန်စစ်နိုင်တဲ့ kit တွေရလာခဲ့ရင် ခရိုင်နဲ့မြို့နယ်ဆေးရုံတွေကိုဖြန့်ပေးပြီး ထိထိရောက်ရောက် စစ်ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။စစ်ဆေးနိုင်တဲ့ အရေအတွက်များလာလို့ ပိုးတွေ့သူအရေအတွက်မြင့်လာတာကို စိုးရိမ်မလွန်ဖို့ပြောခဲ့သလို ဒီကာလမှာ စီးပွားရေးလုပ်ငန်းတွေ သိပ်ပြီးမကျဆင်းအောင် ထိန်းထားတယ်လို့ ပြောခဲ့ပါတယ်။

တစ်ကယ်လည်း ကူးစက်မှုနှုန်းတွေက မြင့်တက်နေခဲ့ပါတယ်။တစ်ရက်ကို ကူးစက်ခံသူတွေ့ရှိနူန်းက ၈၀၀ ကနေ တစ်ထောင်ကြားထိ ရှိနေခဲ့သလို သေဆုံးမှုနူန်းက တစ်ရက်ကို ၂၅ ယောက်လောက်ထိ ရှိလာခဲ့ပါတယ်။အစိုးရက စက်တင်ဘာ ၂၄ ရက်က စပြီး ပိုပြီးတင်းကျပ်ကာ လော့ဒေါင်းနီးပါး ကြပ်ကြပ်မတ်မတ်ရှိတဲ့ စတေးဟုမ်းအစီအစဉ်ကို စခဲ့ပါတယ်။အဆိုပါစတေးဟုမ်းရည်ရွယ်ချက်က ပြင်ပမှာမလိုအပ်ဘဲသွားလာနေတဲ့သူတွေကို လျှော့ချဖို့ဆိုပေမယ့် နောက်ပိုင်းမှာ အနံ့ပျောက်တဲ့သူတွေ၊ ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေ့ရှိတဲ့သူတွေကို ဆေးရုံနဲ့ ကွာရင်တိုင်းစင်တာတွေမှာ မထားနိုင်လောက်အောင်ဖြစ်လာတဲ့အခါ ရောဂါမပြင်းထန်ရင် နေအိမ်မှာဘဲနေဖို့ ပြန်လွှတ်ရတဲ့အခါ နေအိမ်ကနေ တခြားအကူးအသန်းကိုပါ ထိန်းချုပ်ဖို့အတွက် လော့ဒေါင်းနီးပါး စတေးဟုမ်းကို ကန့်သတ်ပြဋ္ဌာန်းလာခဲ့ရတာဖြစ်ပါတယ်။စက်တင်ဘာ ၂၇ ရက်က စပြီး သတ်မှတ်ထားတဲ့ မရှိမဖြစ်လုပ်ငန်းတွေကလွဲပြီး အခြားလုပ်ငန်းတွေကို အစိုးရဘက်က နှစ်ပတ်ကြာပိတ်ပစ်ခဲ့ပါတယ်။အဲဒီအပိတ်ခံရတဲ့ လုပ်ငန်းတွေထဲက လူမှုဖူလုံရေးဝင်ထားတဲ့သူတွေကို လစာရဲ့ ၄၀ ရာခိုင်နူန်း လူမှုဖူလုံရေးက ထောက်ပံ့ပေးဖို့လုပ်ခဲ့သလို လူမှုဖူလုံရေးမဝင်ထားဘဲ ရပ်နားတဲ့လုပ်ငန်းက အလုပ်သမားမှန်သမျှကို တစ်ဦးကို ကျပ် ၃၀၀၀၀ သောင်းစီ အစိုးရကထောက်ပံ့ဖို့ လုပ်ခဲ့ပါတယ်။ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ ကူးစက်မှုကွင်းဆက်ကို ဖြတ်ဖို့အတွက် ရန်ကုန်ကို လော့ဒေါင်းနီးပါးချပြီး ထိစပ်မှုကိုလိုက်ဖို့ကြိုးစားမှုက ဘယ်လောက်ထိရောက်မလဲဆိုတာ ယခုပြင်ပကို ထွက်ခွင့်တင်းကျပ်ထားတဲ့ ကာလမှာ ကူးစက်ခံရသူအရေအတွက်နဲ့ သေဆုံးမှုအတိုးအလျှော့ကိုကြည့်ရင် သိနိုင်မယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုထားပါတယ်။

တစ်ကယ်ဘဲ သက်တမ်း ၁၁ ရက်သာရှိတဲ့ ကမ္ဘာ့ကပ်ရောဂါကူးစက်မှုက ရက်သတ္တပတ်နှစ်ပတ် ၁၄ ရက်လောက် ထိန်းချုပ်လိုက်တာနဲ့ သိသိသာသာထိရောက်ပါ့မလားဆိုတာ ပထမလှိုင်းတုန်းက ကမ္ဘာကျော်လော့ဒေါင်းချခဲ့တဲ့ အိန္ဒိယကိုကြည့်ရင် သိနိုင်မယ်ထင်ပါတယ်။
ရန်ကုန်နေအများစုက ယူဆထားတာကာ အားလုံးနီးပါးကူးစက်ခံရပြီးလောက်ပြီဆိုတဲ့ အယူအဆပါဘဲ။ဒီအတွက် ရောဂါနဲ့ယှဉ်တွဲနေထိုင်ပြီး အရမ်းဆိုးရွားရင် ဆေးရုံပို့ရတဲ့စနစ်မျိုးကို ပြန်ကျင့်သုံးစေချင်ကျတဲ့ ယူဆချက်လည်း ထွက်နေပါတယ်။အဓိကအားဖြင့် ရန်ကုန်က လနဲ့ချီပြီး အိမ်ထဲနေလို့ရလောက်အောင် စုဆောင်းထားငွေမရှိတဲ့ တစ်ရက်လုပ်တစ်ရက်စားတွေ အဓိကနေထိုင်ရာနေရာဖြစ်သလို နိုင်ငံရဲ့အဓိကစီးပွားရေးအင်ဂျင်လည်း ဖြစ်နေတဲ့အတွက် ပိတ်ရက်များလေ ပိုဆိုးရွားလေဆိုတာက အတိအကျသေချာနေပါတယ်။အောက်တိုဘာ ၇ ရက်အထိ အာဏာပိုင်တွေကြပ်မတ်တာကို ယနေ့မှာဘဲ ပြည်သူတွေက အတိအကျလိုက်နာနေတာကို တွေ့ရပါတယ်။ဒီလိုအတိအကျလိုက်နာနေတဲ့ကြားက အကယ်၍ ကူးစက်မှုကမလျော့ကျလို့ အောက်တိုဘာ ၈ ရက်မှာ ကန့်သတ်မှုတွေထပ်တိုးခဲ့မယ်ဆိုရင် ရန်ကုန်ရဲ့အခြေအနေက ဆက်တောင့်ခံနိုင်ပါဦးမလားဆိုတာ။

မြန်မာစကားပုံတစ်ခုရှိပါတယ်။“ဖြစ်ကာမှ ဖြစ်ရော” ဆိုတဲ့ စကားပါဘဲ။ဆိုလိုတာက ရောဂါဖြစ်ကာမှဖြစ်ရော၊ ကိုယ့်သားသမီးမိဘတွေကို အငတ်မထားနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။
ကန့်သတ်ကြပ်မတ်မှုတွေ ထပ်တိုးမယ်ဆိုရင် သန်းနဲ့ချီတဲ့ အခြေခံလူတန်းစားတွေရဲ့စားရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှဖြစ်မှာပါ။ထောက်ပံ့မှုတွေရှိမယ်ဆိုပေမယ့် အရင်ကလို ရာအိမ်မှူးတွေ၊ ရပ်ကွက်လူကြီးတွေ ငွေနှစ်သောင်းတုန်းကလို ဖြတ်စားတာတွေမျိုးဖြစ်ခဲ့ရင် စားရေးအတွက် လမ်းပေါ်တက်ဆန္ဒပြကြတဲ့ အနောက်နိုင်ငံတွေက လော့ဒေါင်းဆန္ဒပြပွဲတွေလိုဖြစ်လာမှာကို သတိထားဖို့လိုပါတယ်။မြန်မာ့နည်း မြန်မာ့ဟန် ကိုဗစ်ထိန်းချုပ်နည်း ဘယ်လောက်အလုပ် ဖြစ်၊ မဖြစ် လာမည့်ရက်တွေမှာ တွေ့မြင်ရတော့မှာပါ။ဒီအတွက် အားလုံးက ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာပြီး ရလဒ်ကောင်းဖို့ မျှော်လင့်နေကြပါတယ်။ရှေ့ဆက်စောင့်ကြည့်ရပါဦးမယ်။

ပါတီမဲဆွယ်ပွဲနဲ့ လျှို့ဝှက်တဲ့ပါတီကြီး

ယခုရက်သတ္တပတ်ထဲမှာ အစိုးရက ရန်ကုန်ကိုအဝင်အထွက်ပိတ်တဲ့အပြင် နှစ်ပတ်ကြာ လော့ဒေါင်းနီးပါးတင်းကျပ်တဲ့ အစီအမံတွေကြောင့် အရှိန်ရလာတဲ့ ရန်ကုန်မဲဆွယ်ပွဲက ထိုးရပ်သွားခဲ့ပါတယ်။ရန်ကုန်မှာ တင်းကြပ်တဲ့ စတေးဟုမ်းကာလဖြစ်တဲ့အတွက် မဲဆွယ်ခွင့်မပေးဘဲ ကားနဲ့စီတန်းလှည့်လည်ခွင့်ပေးခဲ့ပြီး မြန်မာနိုင်ငံအနှံ့မှာ အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ ပြည်ခိုင်ဖြိုးပါတီ (USDP) ပါတီကို ထောက်ခံဝန်းရံသူတွေ အပြိုင်အဆိုင် မဲဆွယ်ပွဲတွေ ထောက်ခံလှည့်လည်ပွဲတွေလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုပြင်းထန်နေတဲ့အချိန်ဖြစ်တဲ့အတွက် လူများစွာနဲ့ စီတန်းလှည့်လည်တာ၊ ထောက်ခံအင်အားပြတာတွေက အများပြည်သူကြား ထောက်ပြဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ပါတီတွေဘက်က ဒီရက်ပိုင်းမှာ ကူးစက်ကပ်ရောဂါကြောင့် လူအင်အားနဲ့ မဲဆွယ်ထောက်ခံပွဲတွေမလုပ်ဖို့ စာထုတ်မေတ္တာရပ်ခံတာတွေရှိခဲ့ပေမယ် မြန်မာနိုင်ငံအတွင်း အချို့နယ်တွေနဲ့ ဒေသတွေမှာ  ထောက်ခံပွဲတွေမှာ လူသောင်းချီပြီးလုပ်ခဲ့တာတွေ ဆက်လက်ရှိနေခဲ့ပါတယ်။ဒီအတွက် ပါတီတာဝန်ရှိသူတွေဘက်က ပြောတာတွေရှိပေမယ် ပါတီဝန်းရံသူတွေကို အားပေးနူတ်ဆက်တာတွေရှိတဲ့အတွက် ကျန်းမာရေးရှုထောင့်ကကြည့်ရင် ပြောစရာဆိုစရာဖြစ်ခဲ့ပါတယ်။

ဒီလိုပါတီကြီးနှစ်ခု၊ မကြာခင်က အာဏာရပါတီကနေခွဲထွက်ပြီး ပါတီထောင်လာတဲ့ ပီသုံးလုံးပါတီနဲ့ ၈၈ မျိုးဆက်ပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီ၊ ယခင်စစ်အစိုးရလက်ထက် တတိယမြောက်အာဏာအရှိဆုံးဖြစ်ခဲ့သူ ဦးဆောင်တဲ့ ပြည်သူ့အကျိုးဆောင်ပါတီတို့ အားကောင်းမောင်းသန်မဲဆွယ်နေကြ၊ အင်အားပြနေကြပေမယ် ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ လူမသိသူမသိ ပါတီတစ်ခုက လာမယ့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အရေအတွက် ဒုတိယအများဆုံးနဲ့ ဝင်ပြိုင်မယ်ဆိုတဲ့သတင်းကို  စုံစမ်းဖော်ထုတ်ရေးသားခြင်းနဲ့ နာမည်ကြီးတဲ့ မီဒီယာတစ်ခုက စက်တင်ဘာ ၂၂ ရက်မှာ ဖော်ထုတ်ရေးသားခဲ့လို့  ပါတီနဲ့ မဲပေးရမယ့် ပြည်သူတွေအကြား အဆိုပါပါတီသတင်းက စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ပါတယ်။

ဒီပါတီက ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party - UDP) လို့ ခေါ်ပြီး ထိုပါတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မှာလို ဆိုထားပါတယ်။ပါတီအမှတ်တံဆိပ် နှင်းဆီပန်းနဲ့ ရန်ကုန်မြို့ထဲမှာ တက္ကစီကားတွေ လှည့်တန်းနေတာကို ဒီရက်ပိုင်းတွေမှာ မကြာခဏတွေ့ပေမယ့် ယခုမီဒီယာကရေးသားမှသာ လူအများက သတိထားမိကြတာပါ။ဒီပါတီအကြောင်းကို တခြားမီဒီယာတစ်ခုကလည်း တစ်ရက်တည်းဆိုသလို ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် အများပြည်သူအမြင်မှာ ငုပ်ကောင်ဖြစ်နေတဲ့ အဆိုပါပါတီအကြောင်းကို အများစုက စုံလင်စွာသိခဲ့ရပါတယ်။ဒီပါတီကို  ဦးဆောင်သူက အတိုးနူန်းများများပေးမယ်ဆိုပြီး ရှယ်ယာခေါ်ကာနောက်ပိုင်း ရှယ်ယာဝင်သူတွေ ငွေကြေးပမာဏများစွာ ဆုံးရှုံးခဲ့ရတဲ့ နာမည်ကြီး မြန်မာကျုံယွမ်ကုမ္ပဏီကို ထူထောင်ခဲ့သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့် ဟွာဟူဆိုသူ ဖြစ်နေပါတယ်။သူ့ကို  ၁၉၉၈ ခုနှစ်မှာ ဒီလိုငွေကြေးမသမာမှုနဲ့ပဲ ဖမ်းဆီးအရေးယူခံပေမယ့် ထောင်ကျပြီး တစ်နှစ်ခန့်အကြာမှာ မန္တလေးအိုးဘိုထောင်ကနေ ထွက်ပြေးခဲ့ပါတယ်။ဒီကနေ  အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့ပြီး ယခု  UDP ပါတီကို ကနေဒါနိုင်ငံမှာ ၂၀၀၇ ခုနှစ်မှာ တည်ထောင်ခဲ့တယ် ဆိုပါတယ်။

ပါတီဥက္ကဋ္ဌဆိုသူရဲ့ ကိုယ်ရေးသမိုင်းအကျဉ်းချုပ်မှာ ဖော်ပြတာတွေနဲ့ပတ်သက်ပြီး  လွဲမှားနေတယ်ဆိုပြီး အဆိုပါမီဒီယာက ထောက်ပြခဲ့ကာ သက်ဆိုင်သူတွေကို  အကျဉ်းချုပ်မှာပါတဲ "၁၉၈၉ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦး" ဆိုတာရယ်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ စတင်ခွဲထွက်သည့် မုန်းကိုးပုန်ကန်မှုကို ဦးဆောင်သူဆိုတာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁၀၁ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တာတွေကို မေးမြန်းရာမှာ ပါဝင်ခဲ့ခြင်း ပတ်သက်ခဲ့ခြင်းမရှိဘူးဆိုတာကို ငြင်းဆိုခဲ့တာတွေကိုဖော်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒီလို မီဒီယာတွေမှာ အုတ်ဪသောင်းတင်း ဖော်ပြပါရှိခဲ့ပေမယ် ထုံးစံအတိုင်းဆိုရင် မဟုတ်ရင် မဟုတ်ကြောင်း ပါတီဘက်က ရှင်းလင်းမှုလုပ်ရမှာဖြစ်ပေမယ့် လုပ်ခဲ့တာမရှိခဲ့တာ အတော်လေးကိုထူးခြားပါတယ်။ဒါကြောင့်လည်း ၀ိုင်းမော်မှာလို အဆိုပါပါတီကနေ ဝင်ရောက်အရွေးခံမယ့်သူက ပါတီဥက္ကဋ္ဌရဲ့ နောက်ကြောင်းရာဇဝင်ကို ရှင်းပေးဖို့နဲ့ မရှင်းလင်းရင် ပါတီကနေ နုတ်ထွက်ပြီး သီးခြားရပ်တည်သွားမယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

ဒါဟာ ပါတီတွင်းကိစ္စဖြစ်ပေမယ့် မြန်မာနိုင်ငံရေးမှာ ထောင်ပြေးတစ်ဦးက ပါတီဥက္ကဋ္ဌဖြစ်နေတာ အံဩစရာဖြစ်သလို  စီးပွားရေးဂိုဏ်းဂဏဆန်စွာ ဖွဲ့တည်ပြီး အများပြည်သူကို မဖြစ်နိုင်တဲ့မက်လုံးတွေနဲ့ စီးပွားရေးဆန်ဆန် ကုန်ပစ္စည်းရောင်းသလို မဲဆွယ်နေတာတွေက မြန်မာဒီမိုကရေစီရှေ့ခရီးအတွက် အတော်လေးစိုးရိမ်စရာပါ။

ယခုပါတီအကြောင်းက ဒီလိုဖော်ထုတ်ရေးသားခဲ့တဲ့ မီဒီယာရှိလို့သာ မြန်မာ့နိုင်ငံရေးထဲ တိတ်တိတ်ဆိတ်ဆိတ်ကြီးထွားနေတဲ့ ပါတီရှိပါလားဆိုတာကို သိခဲ့ရတာပါ။မြန်မာနိုင်ငံထဲ ဒီလိုဘဲ လူမသိသူမသိ တည်ထောင်ထားတဲ့ပါတီတွေ ဘယ်လောက်အင်အားကြီးနေပြီလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ရွေး/ကော်အနေနဲ့ ၂၀၁၀ ကတည်းကနေ ရွေးကောက်ပွဲဝင်ခွင့်ရခဲ့တဲ့ ဒီပါတီကိစ္စကို ဥက္ကဋ္ဌသုံးဆက်အကြာ ယခုအချိန်မှာ ပြန်လည်ကိုင်တွယ်ဖို့မလွယ်ကူဘဲ ခက်ခဲနေမှာ အသေအချာပါဘဲ။ပါတီတည်ထောင်ခွင့်ရဖို့ ခက်ခဲတဲ့လုပ်ငန်းစဉ်တွေကနေ ဒီလိုပါတီတည်ထောင်ခွင့်ရတာ စဉ်းစားချင်စရာပါဘဲ။

လာမယ့်  ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီလိုပါတီတွေ ရွေးကောက်ခံရမှု ရှိ/မရှိ မသေချာပေမယ့် ဘယ်လောက်ထိမဲရမလဲက စိတ်ဝင်စားစရာဖြစ်သလို မီဒီယာတွေရဲ့ စောင့်ကြည့်ဖော်ထုတ် ရေးသားထောက်ပြမှုက နောင်တစ်ချိန်မှာ အာဏာပိုင်တွေ ဘယ်လောက်ထိ အထောက်အကူပြုမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မာလင်း
စက်တင်ဘာ - ၂၈

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ရန္ကုန္မွာ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ကူးစက္ခံရသူအ‌ေရအတြက္ ေတြ႕ရွိမႈဟာ တစ္ရက္ကို ေထာင္ဂဏန္းနီးပါးထိကပ္လာသလို ေသဆုံးမႈကလည္း တစ္ရက္ထက္ တစ္ရက္မ်ားလာကာ ယခုရက္ပိုင္းမွာ တစ္ရက္ လူႏွစ္ဆယ္အစိတ္ထိ ျဖစ္လာတာကို ေတြ႕ရပါတယ္။ဒီရက္သတင္းေတြထဲမွာ ကိုဗစ္ ၁၉ ဒုတိယလႈိင္းကို အစိုးရအာဏာပိုင္ေတြက ဘယ္လိုႏိုင္ႏိုင္နင္းနင္းကိုင္တြယ္မလဲဆိုတာကို စိတ္ဝင္တစားေစာင့္ၾကည့္ေနခဲ့ရတာရွိသလို ဒီရက္ပိုင္းထဲ ကူးစက္မႈျပင္းထန္လာတဲ့ ဗိုင္းရပ္စ္နဲ႔အတူ ပိုၿပီးျပင္းထန္လာတဲ့ မဲဆြယ္ပြဲေတြ၊ မီဒီယာတစ္ခုက ေဖာ္ထုတ္ေရးသားခဲ့တဲ့အတြက္ လူစိတ္ဝင္စားမႈမ်ားလာတဲ့ ပါတီႀကီးတစ္ခုသတင္းေတြက ယခုရက္သတၱပတ္မွာ အထူးစိတ္ဝင္စားစရာ သတင္းႀကီးေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားစရာ သတင္းေတြထဲမွာ ကုန္အမွတ္တံဆိပ္ မွတ္ပုံတင္ေလွ်ာက္ရာမွာ ဦးစြာေလွ်ာက္ထားသူကို အခြင့္အေရးေပးေသာစနစ္ က်င့္သုံးေတာ့မယ္ဆိုတဲ့သတင္း၊ မႏၲေလး ေစ်းခ်ိဳစင္တာေရွ႕မွာ ဆႏၵျပတဲ့ ေက်ာင္းသား ၃ ဦးကို သဘာ၀ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မမ်ားနဲ႔ တရားစြဲဆိုခဲ့တဲ့သတင္း၊ ပင္လယ္ဘူးၿမိဳ႕နယ္မွာ ဖုန္းေပ်ာက္တာနဲ႔ပတ္သက္ၿပီး ကိုရင္တစ္ပါးကို ေသဆုံးသည္အထိ လက္လြန္ေအာင္စစ္ေဆးခဲ့တဲ့ ဦးပၪၥင္း ၃ ပါးကို လူဝတ္လဲၿပီး အေရးယူထားတဲ့သတင္း၊ ရခိုင္ျပည္နယ္အတြင္း ဆက္လက္ျဖစ္ေပၚေနသည့္ စစ္ေရးတိုက္ခိုက္မႈမ်ား အျမန္ဆုံးအဆုံးသတ္ၾကရန္ ကုလသမဂၢ လူ႔အခြင့္အေရးကြၽမ္းက်င္သူက ေတာင္းဆိုခဲ့တဲ့သတင္း၊ မိုးအဆက္မျပတ္ ႐ြာသြန္းတာေၾကာင့္ ေနာင္မြန္နဲ႔ ပန္နန္းဒင္ၿမိဳ႕နယ္ကို ဆက္သြယ္ထားတဲ့ လမ္းပိုင္းေနရာ (၂၇) ေနရာနဲ႔  တံတား (၂) စင္း ပ်က္စီးခဲ့တဲ့သတင္း၊ ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕နယ္ ကာမိုင္းၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္က်ေရေတြ စီးဆင္းလာတာေၾကာင့္ ေနအိမ္ (၂၃) လုံး ေရစီးနဲ႔အတူ ေမ်ာပါသြားခဲ့တဲ့သတင္း၊ ႏိုင္ငံတကာခရီးသည္တင္ေလေၾကာင္းခရီးစဥ္ေတြ ျမန္မာႏိုင္ငံကို ပ်ံသန္းဆင္းသက္မႈအေပၚ ယာယီကန႔္သတ္တဲ့ ၫႊန္ၾကားခ်က္ကို ေအာက္တိုဘာ (၃၁) ရက္အထိ ထပ္မံတိုးျမႇင့္သတ္မွတ္လိုက္တဲ့သတင္း၊ ျမန္မာႏိုင္ငံက ေရထြက္ကုန္ေတြကို ထိုင္းႏိုင္ငံက အဝယ္ရပ္တန႔္လိုက္တဲ့အတြက္ ေရလုပ္ငန္းက႑မွာ အမ်ားႀကီးထိခိုက္လာႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္က ေျပာလိုက္တဲ့သတင္း၊ လွည္းကူးၿမိဳ႕နယ္တြင္ အျပင္မထြက္ရန္ စည္းကမ္းတင္းၾကပ္သည္ကို မေက်မနပ္၍ ဆရာေတာ္အား ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြားခဲ့တဲ့သတင္း၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ မိုက္ေၾကးခြဲ ပိုက္ဆံေတာင္းေနသူသုံးဦးကို စိတ္ႂကြေဆးျပားမ်ား၊ လက္နက္အစိတ္အပိုင္းအခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ Covid-19 ကူးစက္ေရာဂါပိုး မျပန႔္ပြားေစေရး ပဲခူးၿမိဳ႕နယ္ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ား၌ ရန္ကုန္တိုင္းေဒသႀကီးမွ လာေရာက္အလုပ္လုပ္ကိုင္သူ ၁၀၀၀ ေက်ာ္အား အလုပ္ဆင္းခြင့္မျပဳေတာ့တဲ့သတင္း၊ ဧရာဝတီတိုင္းေဒသႀကီး က်ိဳက္လတ္ၿမိဳ႕နယ္ လႈိင္းတာေက်း႐ြာရွိ Quarantine စင္တာမွ မိန္းကေလးတစ္ဦးကို အမ်ိဳးသားတစ္ဦးမွ အဓမၼျပဳက်င့္ရန္ ႀကံစည္မႈကို ေထာင္ဒဏ္ ၇ ရက္သာ ခ်မွတ္ခဲ့တဲ့သတင္း၊ ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံစက္မႈဇုန္ရွိ Foxlink Myanmar ဖုန္းအားသြင္းႀကိဳးစက္႐ုံ လုပ္ငန္းလည္ပတ္ေနလို႔  အလုပ္သမားတစ္ခ်ိဳ႕တိုင္ၾကားခဲ့တဲ့ စတဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္ထဲမွာျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြထဲကေန ပထမဆုံး ကိုဗစ္ဒုတိယလႈိင္းကို အလူးအလဲခုခံကာကြယ္ေနရတဲ့ ရန္ကုန္ေန႔ရက္ေတြ သတင္းကို ပထမဆုံးတင္ျပခ်င္ပါတယ္။

တစ္ရစ္ခ်င္းတင္းၾကပ္ေပမယ့္ ျပည္သူေတြလက္ခံလိုက္ပါေနတဲ့ ကိုဗစ္တိုက္ပြဲ

ဩဂုတ္ ၁၆ ရက္က စၿပီး ရန္ကုန္ကိုစတင္ တစ္ေက်ာ့ျပန္ကူးစက္လာခဲ့တဲ့ ကိုဗစ္ဒုတိယလႈိင္းက က်န္းမာေရးပညာရွင္ေတြ ႀကိဳတင္ခန႔္မွန္းခဲ့သလိုပါဘဲ ကူးစက္ႏူန္းျမန္ခဲ့သလို အေသအေပ်ာက္ႏူန္းကလဲ ျမင့္ခဲ့ပါတယ္။အေစာပိုင္းက ဒုတိယအေက်ာ့ ဗိုင္းရပ္စ္က ကူးစက္တာပဲရွိတယ္။ယခင္ဗိုင္းရပ္စ္ေလာက္ မျပင္းထန္ဘူးဆိုတဲ့ လြဲမွားတဲ့ က်န္းမာေရးအခ်က္အလက္မွားေတြကို လူမႈကြန္ရက္မွာ အုံနဲ႔က်င္းနဲ႔ျဖန္႔ခဲ့သူေတြေၾကာင့္လည္း ဒုတိယအေက်ာ့ျဖစ္ေနတာကို မယုံၾကည္စြာနဲ႔ ေပါ့ဆစြာျဖတ္သန္းခဲ့ၾကသလို တမင္ရည္႐ြယ္ခ်က္ရွိရွိ ရခိုင္ကေနျပန္လာၿပီး ကြာရင္တိုင္းဝင္ဖို႔မဆက္သြယ္ခဲ့တဲ့ ရခိုင္ျပန္ လူႏွစ္ေထာင္ေက်ာ္ရဲ႕ အတၱႀကီးမႈ၊ က်င့္ဝတ္ေဖာက္ဖ်က္မႈ၊ လူသားမဆန္မႈက ရန္ကုန္ကို ဗိုင္းရပ္စ္ျပန႔္ပြားရာ အရပ္‌ေဒသအျဖစ္ တမဟုတ္ခ်င္းျဖစ္ေစခဲ့ပါတယ္။အေစာပိုင္းက တစ္ရက္ကို ကူးစက္သူဆယ္ဂဏန္း၊ ဒီကေန ရာဂဏန္းနဲ႔ အခုဆိုရင္ ေထာင္ဂဏန္းနီးပါးအထိ ကူးစက္ခံေနရသလို ရန္ကုန္ရဲ႕ ရပ္ကြက္ေတြထဲမွာ ေနရာအေတာ္မ်ားမ်ား၊ ေစ်းေတြနဲ႔ အမ်ားျပည္သူထိေတြ႕ရာေနရာေတြမွာ က်င္လည္သြားလာေနသူမွန္သမွ် ဗိုင္းရပ္စ္ကူးစက္ခံထားရၿပီးလို႔ ယူဆရေလာက္ေအာင္ ဗိုင္းရပ္စ္ျပန႔္ပြားကူးစက္ေနမႈက ေၾကာက္စရာလန္႔စရာအေျခအေနကို ေရာက္ေနခဲ့ပါတယ္။ဒီလိုအေျခအေနေၾကာင့္လည္း ယခုရက္သတၱပတ္ထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံက ႐ုပ္သံကေနတစ္ဆင့္ ႏိုင္ငံအတြင္း COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနႏွင့္စပ္လ်ဥ္း၍ ျပည္သူသို႔ အစီရင္ခံတင္ျပသည့္ မိန႔္ခြန္းကို ႏွစ္ခါတိတိေျပာခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

စက္တင္ဘာ ၂၁ ရက္က ႐ုပ္သံကေနတစ္ဆင့္ အမ်ားျပည္သူကို COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနႏွင့္စပ္လ်ဥ္း၍ ျပည္သူသို႔ အစီရင္ခံတင္ျပရာမွာ COVID-19 ေရာဂါ ကူးစက္မႈလႈိင္းႀကီးမားေနသည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေရာဂါထိထိေရာက္ေရာက္ကာကြယ္ေရး ေနအိမ္၌သာေနၾကရန္ အမိန႔္ထုတ္ျပန္ထားျခင္းႏွင့္ COVID-19 ကုသေဆးႏွင့္ ကာကြယ္ေဆးမ်ား ေပၚလာပါက ျမန္မာႏိုင္ငံသို႔ အျမန္ဆုံးေရာက္ရွိေအာင္ အစိုးရအေနျဖင့္ ႀကိဳးပမ္းေနေၾကာင္းေျပာခဲ့ပါတယ္။ဒါ့အျပင္ COVID-19 ေရာဂါႏွင့္ပတ္သက္၍ သီးသန႔္သုံးစြဲဖို႔  က်ပ္ဘီလ်ံ ၁ဝဝ၀ ေက်ာ္ (ကာလေပါက္ေဈး အေမရိကန္ ေဒၚလာ ၇၅၈ သန္းေက်ာ္) ကို သတ္မွတ္ထားေၾကာင္း ေျပာခဲ့ပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံ ႐ုပ္သံကေန အစီရင္ခံစာတင္ျပၿပီး ေနာက္တစ္ရက္မနက္ျဖစ္တဲ့  စက္တင္ဘာလ ၂၂ ရက္ နံနက္ပိုင္းအထိ  COVID-19 အတည္ျပဳလူနာ ၆၄၇၁ ဦးနဲ႔ ေသဆုံးသူ ၁၀၀ ဦး၊ ေဆး႐ုံမွဆင္းခြင့္ရရွိသူ ၁၄၄၅ ဦးရွိတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခဲ့ပါတယ္။

စက္တင္ဘာ ၂၅ ရက္ မိန႔္ခြန္းမွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံက တစ္ရက္တည္းပိုးကူးစက္ခံရသူ တစ္ေထာင္ေက်ာ္တာ၊ ေသဆုံးသူအေရအတြက္တိုးလာတာေတြအတြက္ ျပည္သူၾကားထဲမွာ စိုးရိမ္တာနဲ႔ပတ္သက္ၿပီးေျပာခဲ့ကာ အိမ္မွာပဲ ေဆးၿမီးတိုေတြနဲ႔ႀကိတ္မကုဖို႔၊ ေရာဂါ ရွိ/မရွိ သိရဖို႔ ေတာင္ကိုရီးယားကေန antigen test kit အခုတစ္သိန္းမွာထားၿပီး ေတာင္ကိုရီးယားဘက္ကလည္း ေဒၚလာ ၅ သိန္းဖိုးလႉမယ္လို႔ ေျပာခဲ့ပါတယ္။ဒီလို လ်င္လ်င္ျမန္ျမန္စစ္ႏိုင္တဲ့ kit ေတြရလာခဲ့ရင္ ခ႐ိုင္နဲ႔ၿမိဳ႕နယ္ေဆး႐ုံေတြကိုျဖန္႔ေပးၿပီး ထိထိေရာက္ေရာက္ စစ္ေပးႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။စစ္ေဆးႏိုင္တဲ့ အေရအတြက္မ်ားလာလို႔ ပိုးေတြ႕သူအေရအတြက္ျမင့္လာတာကို စိုးရိမ္မလြန္ဖို႔ေျပာခဲ့သလို ဒီကာလမွာ စီးပြားေရးလုပ္ငန္းေတြ သိပ္ၿပီးမက်ဆင္းေအာင္ ထိန္းထားတယ္လို႔ ေျပာခဲ့ပါတယ္။

တစ္ကယ္လည္း ကူးစက္မႈႏႈန္းေတြက ျမင့္တက္ေနခဲ့ပါတယ္။တစ္ရက္ကို ကူးစက္ခံသူေတြ႕ရွိႏူန္းက ၈၀၀ ကေန တစ္ေထာင္ၾကားထိ ရွိေနခဲ့သလို ေသဆုံးမႈႏူန္းက တစ္ရက္ကို ၂၅ ေယာက္ေလာက္ထိ ရွိလာခဲ့ပါတယ္။အစိုးရက စက္တင္ဘာ ၂၄ ရက္က စၿပီး ပိုၿပီးတင္းက်ပ္ကာ ေလာ့ေဒါင္းနီးပါး ၾကပ္ၾကပ္မတ္မတ္ရွိတဲ့ စေတးဟုမ္းအစီအစဥ္ကို စခဲ့ပါတယ္။အဆိုပါစေတးဟုမ္းရည္႐ြယ္ခ်က္က ျပင္ပမွာမလိုအပ္ဘဲသြားလာေနတဲ့သူေတြကို ေလွ်ာ့ခ်ဖို႔ဆိုေပမယ့္ ေနာက္ပိုင္းမွာ အနံ႔ေပ်ာက္တဲ့သူေတြ၊ ပိုးကူးစက္ခံရတဲ့ လကၡဏာေတြ႕ရွိတဲ့သူေတြကို ေဆး႐ုံနဲ႔ ကြာရင္တိုင္းစင္တာေတြမွာ မထားႏိုင္ေလာက္ေအာင္ျဖစ္လာတဲ့အခါ ေရာဂါမျပင္းထန္ရင္ ေနအိမ္မွာဘဲေနဖို႔ ျပန္လႊတ္ရတဲ့အခါ ေနအိမ္ကေန တျခားအကူးအသန္းကိုပါ ထိန္းခ်ဳပ္ဖို႔အတြက္ ေလာ့ေဒါင္းနီးပါး စေတးဟုမ္းကို ကန႔္သတ္ျပ႒ာန္းလာခဲ့ရတာျဖစ္ပါတယ္။စက္တင္ဘာ ၂၇ ရက္က စၿပီး သတ္မွတ္ထားတဲ့ မရွိမျဖစ္လုပ္ငန္းေတြကလြဲၿပီး အျခားလုပ္ငန္းေတြကို အစိုးရဘက္က ႏွစ္ပတ္ၾကာပိတ္ပစ္ခဲ့ပါတယ္။အဲဒီအပိတ္ခံရတဲ့ လုပ္ငန္းေတြထဲက လူမႈဖူလုံေရးဝင္ထားတဲ့သူေတြကို လစာရဲ႕ ၄၀ ရာခိုင္ႏူန္း လူမႈဖူလုံေရးက ေထာက္ပံ့ေပးဖို႔လုပ္ခဲ့သလို လူမႈဖူလုံေရးမဝင္ထားဘဲ ရပ္နားတဲ့လုပ္ငန္းက အလုပ္သမားမွန္သမွ်ကို တစ္ဦးကို က်ပ္ ၃၀၀၀၀ ေသာင္းစီ အစိုးရကေထာက္ပံ့ဖို႔ လုပ္ခဲ့ပါတယ္။က်န္းမာေရးအာဏာပိုင္ေတြအေနနဲ႔ ကူးစက္မႈကြင္းဆက္ကို ျဖတ္ဖို႔အတြက္ ရန္ကုန္ကို ေလာ့ေဒါင္းနီးပါးခ်ၿပီး ထိစပ္မႈကိုလိုက္ဖို႔ႀကိဳးစားမႈက ဘယ္ေလာက္ထိေရာက္မလဲဆိုတာ ယခုျပင္ပကို ထြက္ခြင့္တင္းက်ပ္ထားတဲ့ ကာလမွာ ကူးစက္ခံရသူအေရအတြက္နဲ႔ ေသဆုံးမႈအတိုးအေလွ်ာ့ကိုၾကည့္ရင္ သိႏိုင္မယ္လို႔ က်န္းမာေရးအာဏာပိုင္ေတြက ဆိုထားပါတယ္။

တစ္ကယ္ဘဲ သက္တမ္း ၁၁ ရက္သာရွိတဲ့ ကမာၻ႔ကပ္ေရာဂါကူးစက္မႈက ရက္သတၱပတ္ႏွစ္ပတ္ ၁၄ ရက္ေလာက္ ထိန္းခ်ဳပ္လိုက္တာနဲ႔ သိသိသာသာထိေရာက္ပါ့မလားဆိုတာ ပထမလႈိင္းတုန္းက ကမာၻေက်ာ္ေလာ့ေဒါင္းခ်ခဲ့တဲ့ အိႏၵိယကိုၾကည့္ရင္ သိႏိုင္မယ္ထင္ပါတယ္။
ရန္ကုန္ေနအမ်ားစုက ယူဆထားတာကာ အားလုံးနီးပါးကူးစက္ခံရၿပီးေလာက္ၿပီဆိုတဲ့ အယူအဆပါဘဲ။ဒီအတြက္ ေရာဂါနဲ႔ယွဥ္တြဲေနထိုင္ၿပီး အရမ္းဆိုး႐ြားရင္ ေဆး႐ုံပို႔ရတဲ့စနစ္မ်ိဳးကို ျပန္က်င့္သုံးေစခ်င္က်တဲ့ ယူဆခ်က္လည္း ထြက္ေနပါတယ္။အဓိကအားျဖင့္ ရန္ကုန္က လနဲ႔ခ်ီၿပီး အိမ္ထဲေနလို႔ရေလာက္ေအာင္ စုေဆာင္းထားေငြမရွိတဲ့ တစ္ရက္လုပ္တစ္ရက္စားေတြ အဓိကေနထိုင္ရာေနရာျဖစ္သလို ႏိုင္ငံရဲ႕အဓိကစီးပြားေရးအင္ဂ်င္လည္း ျဖစ္ေနတဲ့အတြက္ ပိတ္ရက္မ်ားေလ ပိုဆိုး႐ြားေလဆိုတာက အတိအက်ေသခ်ာေနပါတယ္။ေအာက္တိုဘာ ၇ ရက္အထိ အာဏာပိုင္ေတြၾကပ္မတ္တာကို ယေန႔မွာဘဲ ျပည္သူေတြက အတိအက်လိုက္နာေနတာကို ေတြ႕ရပါတယ္။ဒီလိုအတိအက်လိုက္နာေနတဲ့ၾကားက အကယ္၍ ကူးစက္မႈကမေလ်ာ့က်လို႔ ေအာက္တိုဘာ ၈ ရက္မွာ ကန႔္သတ္မႈေတြထပ္တိုးခဲ့မယ္ဆိုရင္ ရန္ကုန္ရဲ႕အေျခအေနက ဆက္ေတာင့္ခံႏိုင္ပါဦးမလားဆိုတာ။

ျမန္မာစကားပုံတစ္ခုရွိပါတယ္။“ျဖစ္ကာမွ ျဖစ္ေရာ” ဆိုတဲ့ စကားပါဘဲ။ဆိုလိုတာက ေရာဂါျဖစ္ကာမွျဖစ္ေရာ၊ ကိုယ့္သားသမီးမိဘေတြကို အငတ္မထားႏိုင္ဘူးဆိုတဲ့ အဓိပၸါယ္ပါဘဲ။
ကန႔္သတ္ၾကပ္မတ္မႈေတြ ထပ္တိုးမယ္ဆိုရင္ သန္းနဲ႔ခ်ီတဲ့ အေျခခံလူတန္းစားေတြရဲ႕စားေရးကို ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းႏိုင္မွျဖစ္မွာပါ။ေထာက္ပံ့မႈေတြရွိမယ္ဆိုေပမယ့္ အရင္ကလို ရာအိမ္မႉးေတြ၊ ရပ္ကြက္လူႀကီးေတြ ေငြႏွစ္ေသာင္းတုန္းကလို ျဖတ္စားတာေတြမ်ိဳးျဖစ္ခဲ့ရင္ စားေရးအတြက္ လမ္းေပၚတက္ဆႏၵျပၾကတဲ့ အေနာက္ႏိုင္ငံေတြက ေလာ့ေဒါင္းဆႏၵျပပြဲေတြလိုျဖစ္လာမွာကို သတိထားဖို႔လိုပါတယ္။ျမန္မာ့နည္း ျမန္မာ့ဟန္ ကိုဗစ္ထိန္းခ်ဳပ္နည္း ဘယ္ေလာက္အလုပ္ ျဖစ္၊ မျဖစ္ လာမည့္ရက္ေတြမွာ ေတြ႕ျမင္ရေတာ့မွာပါ။ဒီအတြက္ အားလုံးက ၫႊန္ၾကားခ်က္အတိုင္း တိတိက်က်လိုက္နာၿပီး ရလဒ္ေကာင္းဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ေရွ႕ဆက္ေစာင့္ၾကည့္ရပါဦးမယ္။

ပါတီမဲဆြယ္ပြဲနဲ႔ လွ်ိဳ႕ဝွက္တဲ့ပါတီႀကီး

ယခုရက္သတၱပတ္ထဲမွာ အစိုးရက ရန္ကုန္ကိုအဝင္အထြက္ပိတ္တဲ့အျပင္ ႏွစ္ပတ္ၾကာ ေလာ့ေဒါင္းနီးပါးတင္းက်ပ္တဲ့ အစီအမံေတြေၾကာင့္ အရွိန္ရလာတဲ့ ရန္ကုန္မဲဆြယ္ပြဲက ထိုးရပ္သြားခဲ့ပါတယ္။ရန္ကုန္မွာ တင္းၾကပ္တဲ့ စေတးဟုမ္းကာလျဖစ္တဲ့အတြက္ မဲဆြယ္ခြင့္မေပးဘဲ ကားနဲ႔စီတန္းလွည့္လည္ခြင့္ေပးခဲ့ၿပီး ျမန္မာႏိုင္ငံအႏွံ႔မွာ အဓိကပါတီႀကီးႏွစ္ခုျဖစ္တဲ့ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) နဲ႔ ျပည္ခိုင္ၿဖိဳးပါတီ (USDP) ပါတီကို ေထာက္ခံဝန္းရံသူေတြ အၿပိဳင္အဆိုင္ မဲဆြယ္ပြဲေတြ ေထာက္ခံလွည့္လည္ပြဲေတြလုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ကိုဗစ္ဒုတိယလႈိင္း ကူးစက္မႈျပင္းထန္ေနတဲ့အခ်ိန္ျဖစ္တဲ့အတြက္ လူမ်ားစြာနဲ႔ စီတန္းလွည့္လည္တာ၊ ေထာက္ခံအင္အားျပတာေတြက အမ်ားျပည္သူၾကား ေထာက္ျပေဝဖန္စရာျဖစ္လာခဲ့ပါတယ္။ပါတီေတြဘက္က ဒီရက္ပိုင္းမွာ ကူးစက္ကပ္ေရာဂါေၾကာင့္ လူအင္အားနဲ႔ မဲဆြယ္ေထာက္ခံပြဲေတြမလုပ္ဖို႔ စာထုတ္ေမတၱာရပ္ခံတာေတြရွိခဲ့ေပမယ္ ျမန္မာႏိုင္ငံအတြင္း အခ်ိဳ႕နယ္ေတြနဲ႔ ေဒသေတြမွာ  ေထာက္ခံပြဲေတြမွာ လူေသာင္းခ်ီၿပီးလုပ္ခဲ့တာေတြ ဆက္လက္ရွိေနခဲ့ပါတယ္။ဒီအတြက္ ပါတီတာဝန္ရွိသူေတြဘက္က ေျပာတာေတြရွိေပမယ္ ပါတီဝန္းရံသူေတြကို အားေပးႏူတ္ဆက္တာေတြရွိတဲ့အတြက္ က်န္းမာေရးရႈေထာင့္ကၾကည့္ရင္ ေျပာစရာဆိုစရာျဖစ္ခဲ့ပါတယ္။

ဒီလိုပါတီႀကီးႏွစ္ခု၊ မၾကာခင္က အာဏာရပါတီကေနခြဲထြက္ၿပီး ပါတီေထာင္လာတဲ့ ပီသုံးလုံးပါတီနဲ႔ ၈၈ မ်ိဳးဆက္ပါတီတစ္ခုျဖစ္တဲ့ ျပည္သူ႔ပါတီ၊ ယခင္စစ္အစိုးရလက္ထက္ တတိယေျမာက္အာဏာအရွိဆုံးျဖစ္ခဲ့သူ ဦးေဆာင္တဲ့ ျပည္သူ႔အက်ိဳးေဆာင္ပါတီတို႔ အားေကာင္းေမာင္းသန္မဲဆြယ္ေနၾက၊ အင္အားျပေနၾကေပမယ္ ဒီထက္ပိုစိတ္ဝင္စားစရာေကာင္းတဲ့ လူမသိသူမသိ ပါတီတစ္ခုက လာမယ့္ ႏိုဝင္ဘာ ၈ ရက္ေ႐ြးေကာက္ပြဲမွာ မဲဆႏၵနယ္အေရအတြက္ ဒုတိယအမ်ားဆုံးနဲ႔ ဝင္ၿပိဳင္မယ္ဆိုတဲ့သတင္းကို  စုံစမ္းေဖာ္ထုတ္ေရးသားျခင္းနဲ႔ နာမည္ႀကီးတဲ့ မီဒီယာတစ္ခုက စက္တင္ဘာ ၂၂ ရက္မွာ ေဖာ္ထုတ္ေရးသားခဲ့လို႔  ပါတီနဲ႔ မဲေပးရမယ့္ ျပည္သူေတြအၾကား အဆိုပါပါတီသတင္းက စိတ္ဝင္စားဖြယ္ျဖစ္ခဲ့ပါတယ္။

ဒီပါတီက ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ (United Democratic Party - UDP) လို႔ ေခၚၿပီး ထိုပါတီမွာ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မဲဆႏၵနယ္ေပါင္း ၁၁၃၁ ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာလို ဆိုထားပါတယ္။ပါတီအမွတ္တံဆိပ္ ႏွင္းဆီပန္းနဲ႔ ရန္ကုန္ၿမိဳ႕ထဲမွာ တကၠစီကားေတြ လွည့္တန္းေနတာကို ဒီရက္ပိုင္းေတြမွာ မၾကာခဏေတြ႕ေပမယ့္ ယခုမီဒီယာကေရးသားမွသာ လူအမ်ားက သတိထားမိၾကတာပါ။ဒီပါတီအေၾကာင္းကို တျခားမီဒီယာတစ္ခုကလည္း တစ္ရက္တည္းဆိုသလို ေဖာ္ထုတ္ေရးသားခဲ့တဲ့အတြက္ အမ်ားျပည္သူအျမင္မွာ ငုပ္ေကာင္ျဖစ္ေနတဲ့ အဆိုပါပါတီအေၾကာင္းကို အမ်ားစုက စုံလင္စြာသိခဲ့ရပါတယ္။ဒီပါတီကို  ဦးေဆာင္သူက အတိုးႏူန္းမ်ားမ်ားေပးမယ္ဆိုၿပီး ရွယ္ယာေခၚကာေနာက္ပိုင္း ရွယ္ယာဝင္သူေတြ ေငြေၾကးပမာဏမ်ားစြာ ဆုံးရႈံးခဲ့ရတဲ့ နာမည္ႀကီး ျမန္မာက်ဳံယြမ္ကုမၸဏီကို ထူေထာင္ခဲ့သူ ဦးေက်ာ္ျမင့္ (ခ) မိုက္ကယ္ေက်ာ္ျမင့္ ဟြာဟူဆိုသူ ျဖစ္ေနပါတယ္။သူ႔ကို  ၁၉၉၈ ခုႏွစ္မွာ ဒီလိုေငြေၾကးမသမာမႈနဲ႔ပဲ ဖမ္းဆီးအေရးယူခံေပမယ့္ ေထာင္က်ၿပီး တစ္ႏွစ္ခန႔္အၾကာမွာ မႏၲေလးအိုးဘိုေထာင္ကေန ထြက္ေျပးခဲ့ပါတယ္။ဒီကေန  အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးခိုလႈံခြင့္ရရွိခဲ့ၿပီး ယခု  UDP ပါတီကို ကေနဒါႏိုင္ငံမွာ ၂၀၀၇ ခုႏွစ္မွာ တည္ေထာင္ခဲ့တယ္ ဆိုပါတယ္။

ပါတီဥကၠ႒ဆိုသူရဲ႕ ကိုယ္ေရးသမိုင္းအက်ဥ္းခ်ဳပ္မွာ ေဖာ္ျပတာေတြနဲ႔ပတ္သက္ၿပီး  လြဲမွားေနတယ္ဆိုၿပီး အဆိုပါမီဒီယာက ေထာက္ျပခဲ့ကာ သက္ဆိုင္သူေတြကို  အက်ဥ္းခ်ဳပ္မွာပါတဲ "၁၉၈၉ ခုႏွစ္ ျမန္မာတစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္႐ြက္ခဲ့သည့္ ၿငိမ္းခ်မ္းေရးေခါင္းေဆာင္တစ္ဦး" ဆိုတာရယ္၊ ဗမာျပည္ကြန္ျမဴနစ္ပါတီမွ စတင္ခြဲထြက္သည့္ မုန္းကိုးပုန္ကန္မႈကို ဦးေဆာင္သူဆိုတာ၊ ဗမာျပည္ကြန္ျမဴနစ္ပါတီ၏ ၁၀၁ တပ္ရင္းမွာ တာဝန္ထမ္းေဆာင္ခဲ့တာေတြကို ေမးျမန္းရာမွာ ပါဝင္ခဲ့ျခင္း ပတ္သက္ခဲ့ျခင္းမရွိဘူးဆိုတာကို ျငင္းဆိုခဲ့တာေတြကိုေဖာ္ျပခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ဒီလို မီဒီယာေတြမွာ အုတ္ဪေသာင္းတင္း ေဖာ္ျပပါရွိခဲ့ေပမယ္ ထုံးစံအတိုင္းဆိုရင္ မဟုတ္ရင္ မဟုတ္ေၾကာင္း ပါတီဘက္က ရွင္းလင္းမႈလုပ္ရမွာျဖစ္ေပမယ့္ လုပ္ခဲ့တာမရွိခဲ့တာ အေတာ္ေလးကိုထူးျခားပါတယ္။ဒါေၾကာင့္လည္း ၀ိုင္းေမာ္မွာလို အဆိုပါပါတီကေန ဝင္ေရာက္အေ႐ြးခံမယ့္သူက ပါတီဥကၠ႒ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို ရွင္းေပးဖို႔နဲ႔ မရွင္းလင္းရင္ ပါတီကေန ႏုတ္ထြက္ၿပီး သီးျခားရပ္တည္သြားမယ္ဆိုၿပီး ေျပာခဲ့တာကိုေတြ႕ရပါတယ္။

ဒါဟာ ပါတီတြင္းကိစၥျဖစ္ေပမယ့္ ျမန္မာႏိုင္ငံေရးမွာ ေထာင္ေျပးတစ္ဦးက ပါတီဥကၠ႒ျဖစ္ေနတာ အံဩစရာျဖစ္သလို  စီးပြားေရးဂိုဏ္းဂဏဆန္စြာ ဖြဲ႕တည္ၿပီး အမ်ားျပည္သူကို မျဖစ္ႏိုင္တဲ့မက္လုံးေတြနဲ႔ စီးပြားေရးဆန္ဆန္ ကုန္ပစၥည္းေရာင္းသလို မဲဆြယ္ေနတာေတြက ျမန္မာဒီမိုကေရစီေရွ႕ခရီးအတြက္ အေတာ္ေလးစိုးရိမ္စရာပါ။

ယခုပါတီအေၾကာင္းက ဒီလိုေဖာ္ထုတ္ေရးသားခဲ့တဲ့ မီဒီယာရွိလို႔သာ ျမန္မာ့ႏိုင္ငံေရးထဲ တိတ္တိတ္ဆိတ္ဆိတ္ႀကီးထြားေနတဲ့ ပါတီရွိပါလားဆိုတာကို သိခဲ့ရတာပါ။ျမန္မာႏိုင္ငံထဲ ဒီလိုဘဲ လူမသိသူမသိ တည္ေထာင္ထားတဲ့ပါတီေတြ ဘယ္ေလာက္အင္အားႀကီးေနၿပီလဲဆိုတာကလည္း စိတ္ဝင္စားစရာပါ။

ေ႐ြး/ေကာ္အေနနဲ႔ ၂၀၁၀ ကတည္းကေန ေ႐ြးေကာက္ပြဲဝင္ခြင့္ရခဲ့တဲ့ ဒီပါတီကိစၥကို ဥကၠ႒သုံးဆက္အၾကာ ယခုအခ်ိန္မွာ ျပန္လည္ကိုင္တြယ္ဖို႔မလြယ္ကူဘဲ ခက္ခဲေနမွာ အေသအခ်ာပါဘဲ။ပါတီတည္ေထာင္ခြင့္ရဖို႔ ခက္ခဲတဲ့လုပ္ငန္းစဥ္ေတြကေန ဒီလိုပါတီတည္ေထာင္ခြင့္ရတာ စဥ္းစားခ်င္စရာပါဘဲ။

လာမယ့္  ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒီလိုပါတီေတြ ေ႐ြးေကာက္ခံရမႈ ရွိ/မရွိ မေသခ်ာေပမယ့္ ဘယ္ေလာက္ထိမဲရမလဲက စိတ္ဝင္စားစရာျဖစ္သလို မီဒီယာေတြရဲ႕ ေစာင့္ၾကည့္ေဖာ္ထုတ္ ေရးသားေထာက္ျပမႈက ေနာင္တစ္ခ်ိန္မွာ အာဏာပိုင္ေတြ ဘယ္ေလာက္ထိ အေထာက္အကူျပဳမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

မာလင္း
စက္တင္ဘာ - ၂၈