【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်ဘဏ်ဓားပြတိုက်မှုနဲ့ စိန်ခေါ်မှုအသစ်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်ဘဏ်ဓားပြတိုက်မှုနဲ့ စိန်ခေါ်မှုအသစ်

ယခုရက်သတ္တပတ်ထဲ အများပြည်သူစိတ်ဝင်စားစရာ သတင်းတွေများစွာ ဖြစ်ခဲ့ပါတယ်။ဒီထဲမှာ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဓိကအုပ်ချုပ်နေသူသည် အစိုးရမဟုတ်ဘူးလို့ ပြောခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးကို အရေးယူပေးဖို့ တပ်မတော်က တောင်းဆိုခဲ့တဲ့သတင်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ်ဆုံးဖြတ်ချက် ချမှတ်ပြီးသည့်နောက် ချောက်ချလိုသူများလာကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်တဲ့သတင်း၊ ရခိုင်လွှတ်တော်ဥက္ကဋ္ဌက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အစိုးရက အင်တာနက်သုံးစွဲခွင့် ထပ်မံပိတ်လိုက်ခြင်းသည် နိုင်ငံသားချင်း တန်းတူအခွင့်အရေးမရဟု ခံစားရကြောင်း ပြောလိုက်တဲ့သတင်း၊ ICJ ဆုံးဖြတ်ချက် မြန်မာလိုက်နာရေးအတွက် ကြေညာချက်ထုတ်ပြန်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီချက်မရခဲ့တဲ့သတင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တပ်မတော် တရားစွဲခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ကို ကျန်းမာရေးအာမခံပေးခဲ့တဲ့သတင်း၊ အမေရိကန်က မြန်မာအပါအဝင် ခြောက်နိုင်ငံအား လူဝင်မှုကြီးကြပ်ရေး ကန့်သတ်လိုက်တဲ့ သတင်းတွေလို စိတ်ဝင်စားစရာသတင်းတွေလဲ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲက ဒဂုံမြို့သစ်မြောက်ပိုင်းက ပင်လုံလမ်းမပေါ်ရှိ စီဘီဘဏ်ကို ဓားပြတိုက်ခဲ့တဲ့သတင်း၊ ၀ူဟန်ဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေး ထိခိုက်လာနိုင်တဲ့သတင်း၊ ကျောင်းသားဆန္ဒပြမှု သတင်းတွေက စောင့်ကြည့်ရမယ့် သတင်းတွေထဲ ထိပ်တန်းကပါဝင်ခဲ့ပါတယ်။

ဘဏ်ဓားပြတိုက်မှုနဲ့  ရန်ကုန်လုံခြုံရေး

ယနေ့မှာဘဲဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုက ရွေးကောက်ပွဲကာလနီးချိန်မှာ မြန်မာနိုင်ငံရဲ့ အထင်ကရပါတီတွေ ပင်မရုံးရှိရာဖြစ်သလို စီးပွားရေးအချက်အခြာကျကာ နိုင်ငံတကာသံရုံးတွေ၊ ကုလအဖွဲ့အစည်းတွေ ရုံးစိုက်ရာဖြစ်တဲ့ ရန်ကုန်မှာ ဘဏ်ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။

ဒီအနုကြမ်းစီး ဓားပြတိုက်မှုက အတော်လေးကို လွယ်ကူနေခဲ့သလို ရန်ကုန်နေ လူထုအတွက်ကတော့ လက်နက်တွေ မကြာခဏမိတဲ့ သတင်းတွေကို ပြေးမြင်မိကြပါတယ်။ဖြစ်ပျက်ပုံက သတင်းတွေဖော်ပြချက်အရဆိုရင်  နံနက်အစောပိုင်းမှာ သေနတ်ပြပြီး ငွေ သိန်း ၆၀၀ ကို ခြိမ်းခြောက်ရယူကာ သူတို့နောက်ကို မလိုက်အောင် ဖုန်းနဲ့တွဲပြီး ဗုံးထောင်ထားခဲ့တဲ့အတွက် နောက်ကနေမလိုက်ရဲခဲ့ကြဘူးလို့ ဆိုပါတယ်။ဘဏ်လာပြီး အနုကြမ်းစီးတဲ့ဖြစ်ရပ်က အရမ်းကိုလွယ်ကူနေတဲ့အတွက် အများပြည်သူအတွက် စိတ်ပူစရာဖြစ်လာပါတယ်။

လှိုင်သာယာလိုနေရာမှာ၊ မန္တလေးလိုနေရာတွေမှာ ဆိုင်ကယ်နဲ့လုယက်မှုတွေကြောင့် ကြောင့်ကြနေရသလို မြို့သစ်တွေမှာ ညအချိန် သတ်ဖြတ်လုယက်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေကြောင့် ကျီးလန့်စာစားဖြစ်နေတဲ့ အများပြည်သူအတွက်  လက်နက်ကိုင်တွေပေါများပြီး တရားဥပ‌ဒေစိုးမိုးမှုလျော့ရဲတဲ့ နယ်စပ်မြို့တွေမှာသာဖြစ်နိုင်တဲ့ လက်နက်ပြလုယက်မှုက  ရန်ကုန်လို လုံခြုံရေးအားကောင်းပြီး လင်းလင်းချင်းချင်း လူစည်ကားရာနေရာမှာ ဖြစ်ခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေရဲ့ တာဝန်ယူမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံရေးနဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်အနေနဲ့ လာမည့်ရွေးကောက်ပွဲကာလအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းမှာ ဘယ်လောက်ပြင်ဆင်ထားသလဲဆိုတာကို မေးခွန်းထုတ်လိုက်တာဖြစ်သလို ပြည်ထဲရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်ဖို့ တင်ပြခံရတဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးက လာတဲ့သူအတွက်လည်း စျေးဦးပေါက် ဖြေရှင်းရတော့မယ့်ကိစ္စ ဖြစ်လာခဲ့ပါတယ်။

သတင်းတွေအရ လုယက်သူနှစ်ဦး ငှားစီးခဲ့တဲ့ အငှားကားနံပါတ်နဲ့ ဘဏ်ထဲမှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေမှာရှိမယ့် လုယက်အနုကြမ်းစီးသူတွေရဲ့ရုပ်ကို သိနိုင်မှာဖြစ်လို့ ဒီလူတွေ ဘယ်ကနေလာသလဲ၊ နောက်ကွယ်မှာ ဘယ်လိုလူတွေက ဒီလိုလုပ်အောင် အထောက်အပံ့ပေးနေလဲ၊ ဘယ်လိုပြင်ဆင်ခဲ့သလဲဆိုတာကို ဖမ်းမိတဲ့အခါ အများပြည်သူသိအောင် ဖော်ထုတ်ပေးဖို့လိုသလို ဖမ်းမိရင် တည်ငြိမ်မှုကိုပျက်ပြားစေတဲ့အတွက် ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချဖို့လိုပါတယ်။

နောက်ဆုံးရတဲ့ သတင်းတွေအရ ဘဏ်မှာထောင်ထားခဲ့တဲ့ဗုံးက အတုလို့ဆိုပေမယ့် အနုကြမ်းစီး ဓားပြတိုက်ရာမှာ ပါသွားတဲ့ငွေနဲ့ လက်နက်နဲ့ခြိမ်းခြောက်မှုက အစစ်ဖြစ်တဲ့အတွက် အစိုးရလက်အောက်မှာရှိတဲ့ ပြည်ထဲရေးက ရန်ကုန်လုံခြုံရေးကို သွေးတိုးစမ်းတဲ့ ၂၀၂၀ ခုနှစ်ရဲ့ ပွဲဦးထွက် ဘဏ်အနုကြမ်းစီးတဲ့ မှုခင်းကြီးမှာ တရားခံတွေကို ဘယ်လိုရှာဖွေဖော်ထုတ် ဖမ်းဆီးမလဲ၊ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ အများပြည်သူ ဘဝင်မကျတဲ့အဖြေတွေ ထွက်ခဲ့တဲ့အမှုတွေအတွက် ဒီအမှုမှာ ဘယ်လိုကြိုးစားပြီး ရှာဖွေဖမ်းဆီးမလဲဆိုတာ အသဲတယားယား ရင်တခုန်ခုန်နဲ့  စောင်ကြည့်ရဦးမှာပါ။

မြန်မာ့စီးပွားရေးကို ခြိမ်းခြောက်လာသည့် ၀ူဟန်ဗိုင်းရပ်စ်

တရုတ်နိုင်ငံ ၀ူဟန်မှာ စတင်ဖြစ်ပွားခဲ့တဲ့ နမိုးနီးယားမျိုးစိတ်တစ်ခုဖြစ်တဲ့ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ယခုအခါ ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။ယခုရက်သတ္တပတ် နောက်ဆုံးနီးလာတဲ့ ဖေဖေါ်ဝါရီ ၆ ရက်မှာ သေဆုံးသူအရေအတွက်က ၆၀၀ နီးပါး ကပ်လာခဲ့ပါတယ်။

ဒီအတောအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု‌ကြောင့် တရုတ်နိုင်ငံနဲ့ နီးစပ်ထိစပ်နေတဲ့ မြန်မာအပါအဝင် အာရှနိုင်ငံတွေမှာ ရောဂါကူးစက်မှုအပြင် စီးပွားရေးအရ ထိခိုက်မှုတွေလည်း ရှိလာခဲ့ပါတယ်။ WHO လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်စပ်ကုန်သွယ်နေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံကို တားမြစ်ချက်တွေ လုပ်လာခဲ့ပါတယ်။

ဒီလိုတားမြစ်ချက်တွေက တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးမှီခိုနေရတဲ့ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေအတွက် အခက်တွေ့စေပါတယ်။အထူးသဖြင့် အာရှမှာ ငွေကြေးအသုံးနိုင်ဆုံးက တရုတ်တွေပါဘဲ။ကန့်သတ်ချက်တွေ၊ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုတွေကြောင့် အနောက်နိုင်ငံက စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ မဝင်လာလို့ အိမ်နီးချင်း ကမ္ဘာ့ကုန်သွယ်ရေး အကြီးမားဆုံး တရုတ်နိုင်ငံအပေါ် မှီခိုနေရတဲ့ မြန်မာနိုင်ငံအတွက် ၀ူဟန်ပြဿနာက ယိုင်နဲ့နဲ့ ပြည်တွင်းစီးပွားရေးကို ထိခိုက်လာနေပါပြီ။တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ်မှာ အရောင်းအဝယ်က မဖြစ်သလောက်ဖြစ်ခဲ့တဲ့အတွက် တစ်ရက်ကို ကန်ဒေါ်လာ ၁၆ သန်းလောက် မြန်မာဘက်က ဆုံးရှုံးမှုတွေရှိခဲ့တယ် ဆိုပါတယ်။မူဆယ်ဂိတ်မှာ ယခုရက်ထဲမှာဘဲ ပြန်ဖွင့်မှာဖြစ်ပေမယ် ဗိုင်းရပ်စ်ကူးစက်မှုက သတ်မှတ်ခန့်မှန်းထားတဲ့ ၁၄ ရက်ထက် ကျော်နေတာတောင် အရှိန်မကျဘဲ တစ်ရက်ကို လူ ၇၀ အထိ အသေအပျောက်ရှိလာခဲ့တဲ့အတွက် အရောင်းအဝယ်ကုန်သည်တွေ မူဆယ်ဂိတ်ကို ရောက်လာပါ့မလားဆိုတာ မသေချာနိုင်ပါဘူး။ဒါ့အပြင် တရုတ်နဲ့ ကုန်သွယ်တဲ့ ၂၂ နိုင်ငံကို WHO က ကုန်သွယ်မှုဆိုင်းငံ့ခိုင်းတဲ့အတွက် တရုတ်ပြည်တွင်း ငွေကြေးလည်ပတ်မှုက အရင်လောက်အားကောင်းပါ့မလားဆိုတာ စဉ်းစားချင်စရာပါ။

ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံက ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာကို ပြီးခဲ့တဲ့အပတ်ကတည်းက ရပ်ဆိုင်းထားရတဲ့ မြန်မာနိုင်ငံအတွက် ယခုရက်ပိုင်းအတွင်းတွင်ပင် ထပ်မံပြီး ဟိုတယ်/ခရီးက ခရီးသွားလုပ်ငန်း ကုမ္ပဏီများနှင့် လုပ်ကိုင်သူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသော တရုတ်ခရီးသွားများအတွက် ဝန်ဆောင်မှုများကို ယာယီဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့ရတာကို တွေ့ရပါတယ်။

ကျန်းမာရေးအရ ဆိုးရွားနေချိန်မှာ တရုတ်လူမျိုး ခရီးသွားတွေကို လက်ခံထားတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို ရည်ရွယ်ဟန်တူပါတယ်။ဒီလိုထုတ်ပြန် သတိပေးချက်တွေ‌ကြောင့်  တရုတ်ခရီးသွားတွေကို မှီခိုနေရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း အကြပ်တွေ့စရာဖြစ်လာခဲ့မှာ သေချာနေပါတယ်။ကျန်းမာရေးနဲ့ စီးပွားရေးမှာ ပြည်သူတွေ ကျန်းမာရေးက အဓိကကျပါတယ်။
ဒီအတွက် ဟိုတယ်တွေ၊ တည်းခိုခန်းတွေက ဒီအချက်ကို လိုက်နာမှု ရှိ/မရှိကို ဘယ်လိုထိန်းသိမ်း ကြပ်မတ်မလဲဆိုတာကလည်း မေးခွန်းတစ်ခုပါဘဲ။

တရုတ်နိုင်ငံမှာ ဒီလို ဗိုင်းရပ်စ်ကူးစက်တာကြောင့် အခက်တွေ့နေချိန်မှာ အကူအညီပေးကြတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံလဲ ပါဝင်လာခဲ့ပါတယ်။မြန်မာအစိုးရက ဒီရက်ပိုင်းမှာဘဲ တရုတ်နိုင်ငံကို ဆန်လှူဖို့စီစဉ်နေတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီလိုအကူအညီပေးဖို့ ပြင်ဆင်နေတာအပြင်  မြန်မာနိုင်ငံထဲမှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေထဲက ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့လူတွေ၊ တရုတ်ကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း မြန်မာ့ကျန်းမာရေးအာဏာပိုင်တွေက ကာကွယ်ကုသမှုတွေ လုပ်ခဲ့ပါတယ်။ယခုရက်ထဲမှာဘဲ စောင့်ကြည့်နေရတဲ့ သံသယလူနာတွေထဲက ဝေဘာဂီအထူးကုဆေးရုံမှာ စစ်ဆေးစောင့်ကြည့်နေရတဲ့ တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဗိုင်းရပ်စ်ပိုးမတွေ့လို့ ဆေးရုံကပြန်ဆင်းခွင့်ပေးခဲ့ပါတယ်။၀ူဟန်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတွေ ၅၉ ဦးကို ပြန်ခေါ်လာရာမှာ မန္တလေးမှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေရတဲ့အတွက် လူမှုကွန်ရက်မှာ သတင်းတွေ မကြာခဏဆိုသလို တက်လာလေ့ရှိပါတယ်။
ဒီအတွက် ကျောင်းသားတွေဘက်က ပြန်လည်ရှင်းလင်းခဲ့တာ တွေ့ရသလို ယခုရက်ထဲမှာဘဲ မီဒီယာတစ်ခုကနေတင်တဲ့ သတင်းမှာ ကျန်းမာရေးဌာနကပြောသူနဲ့ သတင်းဖော်ပြတဲ့ကြားမှာ ဝေဘာဂီဆေးရုံကို ပို့ရတယ်ဆိုတဲ့ ကျောင်းသားအရေအတွက်ဖော်ပြချက်နဲ့ ပတ်သက်ပြီး ရှင်းကြလင်းကြတာတွေကလည်း  ဒီဗိုင်းရပ်စ်ဘေးအတွက် စိုးရိမ်တကြီးဖြစ်နေတဲ့သူတွေကို စိတ်မောစေခဲ့ပါတယ်။

မြန်မာပြည်ကလူတွေ စိုးရိမ်မယ်ဆိုလဲ စိုးရမ်စရာပါ။ မြန်မာနဲ့တရုတ်နိုင်ငံအကြား ကူးလူးဆက်နွယ်မှုက သမိုင်းစဉ်ဆက်ရှိခဲ့တဲ့ အတွက် ယခုလိုရောဂါဖြစ်လာတဲ့အခါ ကူးစက်မှုက ထိန်းချုပ်ဖို့ ခက်လောက်အောင် နေ ထိုင် သွားလာမှုက ပျံနှ့နေခဲ့ပါတယ်။ မြန်မာနိုင်ငံထဲရောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိစောင့်ကြည့်နေရတဲ့ ၀ူဟန်မြို့က တရုတ်မိသားစုဝင် ၅ ဦး မူဆယ်ထဲ ဝင်လာလို့ ကြယ်ခေါင် အာဏာပိုင်တွေက မြန်မာအာဏာပိုင်တွေ ကို သတိလှမ်းပေးပြီး ဖမ်းဆီးထိန်းသိမ်းပေးဖို့ အကြောင်းကြားတဲ့ စာကို လည်း ယခုရက်ထဲမှာ တွေ့ခဲ့ရပါတယ်။ ယခုချိန်ထိပြန်မတွေ့သေးတဲ့ အတွက် ဒီရောဂါရှိတယ်လို့ သံသယရှိသူတွေ  ဘယ်ရောက်နေလဲ။ တစ်ကယ်လို့ ရောဂါရှိနေပြီဆိုရင် ဘယ်လော်ကတောင် အနီးနားက လူတွေကို ကူးစက်နေပြီလဲဆိုတာ မတွေးဝံ့လောက် အောင် ပါဘဲ။

နေပြည်တော်မှာ ဒီရက်ထဲမှာဘဲ ကိုရိုနာဗိုင်းရပ်စ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသားတစ်ဦးကိုတွေ့ရလို့ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံရှိ သီးခြားခန်းကိုပို့ထားရပါတယ်။ဒါအပြင် ဆေးကုသနေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတာ သံသယရှိတဲ့သူတွေကို လာတွေ့တာ ၊အတင်းတွေ့တာတွေရှိနိုင်တဲ့ အတွက် လုံခြုံရေးတွေကို ရာဘာကျည်တွေ၊ လေးခွတွေ သုံးခွင့်ပြုထားတာကိုလည်းတွေ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တရုတ်မှာဖြစ်တဲ့ ဗိုင်းရပ်စ်ရောဂါကူးစက်မှုက မြန်မာ့စီးပွားရေးနဲ့ ကျန်းမာ ရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မလဲ၊ဒီသက်ရောက်မှုကနေ ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အတိုက်အခံတို့ အားကောင်းချိန်နဲ့ အချိန်ကိုက် ကျောင်းသားလှုပ်ရှားမှု

ယခုရက်သတ္တပတ်ထဲ စိတ်ဝင်စားစရာ ဖြစ်ခဲ့တာက လက်ရှိအစိုးရလက်ထက်မှာ  အတိုက်အခံ အဖြစ် ရပ် တည်နေတဲ့ ပြည်ခိုင်ဖြိုးပါတီဘက်ကနေ ဖွဲပစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့ စကားတွေ ပါဘဲ။  ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ Melia Hotel မှာ ပြည်ခိုင်ဖြိုးပါတီကနေ ဦးဆောင်ပြုလုပ်တဲ့ “၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေဘာကြောင့် ပြင်မှာလဲ၊ ဘယ်လိုပြင်မလဲ” ဆွေးနွေးပွဲ စကားဝိုင်းမှာ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်  ဖွဲ့စည်းထားသည့် ၄၅ ဦး ပူးပေါင်းကော်မတီ ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ် သည် အောင်မြင်ရန် မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီလိုပြောခဲ့တဲ့ အတွက် လူမှုကွန်ရက်မှာ ထောက်ခံမှုအချို့ရှိခဲ့သလို ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ တပ် ဘက်က ကာလုံမှာ ပါဝင်တဲ့ ဦးရေကိုလျော့ချပြီး အရပ်ဘက်က ပါဝင်တဲ့ ဦးရေကိုတိုးတာ၊ တပ်ဘက်ကိုယ်စား လှယ်ကို လွှတ်တော်သက်တမ်းအလျှောက် လျော့ချသွားမယ် ပြင်ဆင်ချက်တွေပါတဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပေဒကြမ်းအပေါ် တပ်ဘက်နဲ့ နီးစပ်တဲ့ ပြည်ခိုင်ဖြိုးဘက်က ယခုလိုအသံထွက် လာတဲ့ အတွက် လာမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပေဒကြမ်းဆွေးနွေးမှုတွေက ထင်တာထက်ပိုပြင်းထန်ဖို့ ရှိနေ ပါ တယ်။အများပြည်သူဆန္ဒနဲ့ ထာ၀စဉ် ထပ်တူကျခဲ့တဲ့ ကာတွန်းဖော်ပြချက်တွေမှာတော့ ဒီလိုပြောဆိုချက်တွေကို သရော်တဲ့ ကာတွန်းတွေ လူမှုကွန်ရက်မှာ သတင်းမီဒီယာတွေမှာ ခပ်စိပ်စိပ်တွေ့ခဲ့ရပါတယ်။

လာမယ် ၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ ပါတီတွေဘက်က လှုပ်ရှားမှုတွေရှိလာပေမယ့် အာဏာရ ပါတီဘက်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသံမထွက်ခဲ့သေးပါဘူး။ ဒါပေမယ့် အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က အဓိက တာဝန်ရှိသူတွေ နယ်မြေတွေထိဆင်းပြီး အင်တိုက်အားတိုက် စည်းရုံးရေးလုပ် ဆောင်တာတွေ ရှိသလို ပြောခဲ့ဆိုခဲ့တာတွေမှာလည်း မှတ်သားစရာတွေ၊ လူမှုကွန်ရက်မှာ ဝေဖန်စရာတွေဖြစ်ခဲ့ တာ ကိုလည်းတွေ့ရပါတယ်။ ယခုရက်သတ္တပတ်ထဲ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပွဲမှာ ရွေးကောက်ပွဲကော်မရှင် က ရွေး ကောက်ပွဲမဲဆွယ်ကာလမှာ  ပါတီကိုယ်စားပြုယောင်ဆောင်ပြီး ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင် ကောလာဟလသတင်းတွေ၊ လှုံဆော်သတင်းမှားတွေ၊ ပါတီအချင်းချင်းပဋိပက္ခဖြစ်စေမယ့် သတင်းတွေဖြန့်ဝေ ခွင့်မရအောင် ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေ့ရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေကို blue mark ရအောင် လုပ်ပေးမယ်လို့ ပြောခဲ့တာကိုလည်းတွေ့ရပါတယ်။

ဒီလိုလုပ်တာ ကောင်းတဲ့ သတင်းပါဘဲ။ ယခုရက်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် အတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးဘက်က လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေ ဖေ့စ်ဘွတ်ခ်ဂရုနှစ်ခုက သူတို့ပါတီနဲ့ မသက်ဆိုင်ဘူး ဆိုပြီး ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ဒီ ဖေ့စ်ဘွတ်ခ်ဂရုနှစ်ခုက USDP Online Group 1 နှင့် USDP Online Group 2 ပါဘဲ။ ထုတ်ပြန်ချက်မှာတော့  အဆိုပါ ဖေ့စ်ဘွတ်ခ်ဂရုနှစ်ခုက မိမိတို့ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုး ရေးပါတီက ကိုင်တွယ်ဆောင်ရွက်မှု မရှိပါကြောင်းလို့ ဖော်ပြခဲ့တာတွေ့ရပါတယ်။

ယခုရက်သတ္တပတ်ထဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမား၊လယ်သမားတွေဘက်က လာမယ့်ရွေးကောက်ပွဲမှာ အလုပ်သမားလယ်သမားအရေးကိုလွှတ်တော်ထဲ တင်ပြနိုင်ဖို့ တစ်သီးပုဂ္ဂလိက ဝင်ပြိုင် မယ်ဆိုပြီး ထုတ်ပြန်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒီအတွက် လာမယ့်ရွေးကောက်ပွဲက ကြိမ်းဝါးသံတွေနဲ့ ဘယ်လို တွေ မဲဆွယ်ကြမလဲ၊ဘာပြဿနာတွေတွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ပွင့်လင်းရာသီ ခြေခင်းလက်ခင်းသာချိန် ယခုရက်ထဲမှာ ထုံးစံအတိုင်း ဆန္ဒပြပွဲတွေကို ခပ်စိပ်စိပ်တွေ လာရပါတယ်။ အလုပ်သမားအများစုရှိပြီး အလုပ်သမားသမဂ္ဂတွေအားကောင်းတဲ့ လှိုင်သာယာမှာ ယခုလ ၂ ရက်က ဆန္ဒပြပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါက သုန်ထိုင်း အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်မှာ ခုံသမာ ဓိ ကောင် စီ ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ အလုပ်သမားသမဂ္ဂများနှင့် စက်ရုံ ၂၀၀က အလုပ်သမား ၁၅၀၀၀ကျော်က လှိုင်သာယာမြို့နယ်ထဲ စီတန်းလှည့်လည်ဆန္ဒပြခဲ့တာပါ။ ဖေဖော်ဝါရီ၅ ရက်မှာတော့ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ထဲမှာ NLD တိုင်းလွှတ် တော်ကိုယ်စားလှယ်ကို အခြားရွာက မီးလာရောက်ချိတ်ဆက်တာကို မရှင်း လင်း ပေးတာအပါအဝင် အာဏာရှင်ဆန်ဆန် ပြုလုပ်နေတယ်ဆိုပြီး  ကျေးရွာခုနစ်ရွာမှ ကျေးရွာ သား ၅၀၀ ခန့်က ဆန္ဒပြခဲ့ကြတာပါ။

ထူးထူးခြားခြား ယခုရက်သတ္တပတ်ထဲမှာဘဲ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT) မှ ရှယ်ယာရှင် ၂၂၉ ဦးက အစုရှယ်ယာများကို ၃ ပတ်အတွင်း ထုတ်မပေးရင် ကုမ္ပဏီကိုဆန္ဒပြတရားစွဲဆိုမယ်လို့  သတင်းစာရှင်းလင်းပြီးပြောခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။

ဒီလို ဆန္ဒပြပွဲတွေမှာ ထူးထူးခြားခြားအောင်မြင်မှုရပြီးမှာ လူထုအမြင်စောင်းမှုကိုရခဲ့တာက မတ်လထိ စာသင်ချိန်တိုးတာကို  ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လိုလားချက်ရခဲ့တာပဲ ဖြစ်ပါတယ်။ ရက်ကြာရှည်ခဲ့တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုက လွှတ်တော် ပညာရေးကော်မတီထံ  ပညာရေးဝန်ကြီးက လာရောက်ရှင်းလင်းရာမှာ ဆရာ/ဆရာမ ကျောင်းသားတွေ လိုချင်တဲ့ အတိုင်း စာမေးပွဲကာလကို နောက်ဆုတ်ပေးခဲ့ဖို့ သဘောတူခဲ့ပါတယ်။ဒီလို သဘောတူညီချက်ရတဲ့ အတွက် ကျောင်းသားသမဂ္ဂတွေနဲ့ အဖွဲ့အစည်းတွေက သပိတ်ကို ရပ်တန့်ခဲ့သော်လည်း မန္တလေးပညာရေးကောလိပ်မှာတော့ ပြင်ပက လာရောက်တဲ့ ကျောင်းသားသမဂ္ဂဆိုသူတွေရဲ့ လှုပ်ရှားမှုက ကျောင်းသားလှုပ်ရှားမှုထက် ပိုပြီး ပြင်းထန်နေသလို ဆရာ၊ဆရာမအပေါ် ဆက်ဆံရာမှာ “ ကျောင်းသိမ်းလိုက် မယ်ဆိုတဲ့” ပြောဆိုမှုတွေကြောင့် လူမှုကွန်ရက်မှာ ဝေဖန်ပြစ်တင်မှုခံခဲ့ရပါတယ်။

ပညာရေးသပိတ်တွေကိုဖြစ်စေတဲ့ အထိ အောက်ခြေအသံကို နားမထောင်ဘဲ စနစ်ကိုထူထောင်တဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းက  မြန်မာ့ပညာရေး အနာဂတ်ကို မှုန်ဝါးစေတယ်ဆိုပြီး အောင် မြေ သာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ယခုရက်ထဲကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးရဲ့ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ခြောက်လတာကာလ အစီရင်ခံစာတင်ပြရာ မှာပြောခဲ့ပါတယ်။ အဓိကအားဖြင့် အောက်ခြေနှင့်ထိတွေ့နားထောင်ရသည့်  အမျိုးသားပညာရေးမူဝါဒ ကော်မရှင်နှင့် ပညာရေးဝန်ကြီးကြား ခြောက်လတာကာလအတွင်း နှစ်ကြိမ်သာ တွေ့ဆုံကာ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီအတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ပညာရေးကော်မတီဘက်က ဝမ်းနည်းစရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။

အစိုးရသက်တမ်းကုန်ခါနီးမှာ ခပ်စိပ်စိပ်တွေ့ လာရတဲ့ လှုပ်ရှားမှုတွေက စိတ်ဝင်စားစရာပါ။ ပါတီဘက်၊ လှုမှုရေးအသင်းအဖွဲ့ဘက်နဲ့ ယခင် နိုင်ငံရေးတက်ကြွသူတွေရဲ့ သူလူကိုယ်ဘက်သား လူပ်ရှားမှုတွေကြားမှာ  အာဏာရပါတီရဲ့ ခြေဥပြင်ဆင်ရေးက ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာ ရှေ့ဆက် စောင့်ကြည့်ရဦးမယ့် အခြေအနေဆိုတာတင်ပြရင်း ယခုရက်သတ္တပတ်ပြည်တွင်းသတင်းသုံးသပ်ချက်ကိုဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဖေဖော်၀ါရီ - ၇

( Zawgyi )

ယခုရက္သတၱပတ္ထဲ အမ်ားျပည္သူစိတ္ဝင္စားစရာ သတင္းေတြမ်ားစြာ ျဖစ္ခဲ့ပါတယ္။ဒီထဲမွာ  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို အဓိကအုပ္ခ်ဳပ္ေနသူသည္ အစိုးရမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ျပည္ေထာင္စုဝန္ႀကီးကို အေရးယူေပးဖို႔ တပ္မေတာ္က ေတာင္းဆိုခဲ့တဲ့သတင္း၊ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တရား႐ုံးက ျမန္မာႏိုင္ငံအေပၚ ၾကားျဖတ္ဆုံးျဖတ္ခ်က္ ခ်မွတ္ၿပီးသည့္ေနာက္ ေခ်ာက္ခ်လိုသူမ်ားလာေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေျပာလိုက္တဲ့သတင္း၊ ရခိုင္လႊတ္ေတာ္ဥကၠ႒က ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၄ ခုႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔ကို အစိုးရက အင္တာနက္သုံးစြဲခြင့္ ထပ္မံပိတ္လိုက္ျခင္းသည္ ႏိုင္ငံသားခ်င္း တန္းတူအခြင့္အေရးမရဟု ခံစားရေၾကာင္း ေျပာလိုက္တဲ့သတင္း၊ ICJ ဆုံးျဖတ္ခ်က္ ျမန္မာလိုက္နာေရးအတြက္ ေၾကညာခ်က္ထုတ္ျပန္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံေတြၾကား သေဘာတူညီခ်က္မရခဲ့တဲ့သတင္း၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ တပ္မေတာ္ တရားစြဲခံရတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ႏွင့္ ကဗ်ာဆရာ ေစာေဝတို႔ကို က်န္းမာေရးအာမခံေပးခဲ့တဲ့သတင္း၊ အေမရိကန္က ျမန္မာအပါအဝင္ ေျခာက္ႏိုင္ငံအား လူဝင္မႈႀကီးၾကပ္ေရး ကန႔္သတ္လိုက္တဲ့ သတင္းေတြလို စိတ္ဝင္စားစရာသတင္းေတြလဲ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲက ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းက ပင္လုံလမ္းမေပၚရွိ စီဘီဘဏ္ကို ဓားျပတိုက္ခဲ့တဲ့သတင္း၊ ၀ူဟန္ဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ့စီးပြားေရး ထိခိုက္လာႏိုင္တဲ့သတင္း၊ ေက်ာင္းသားဆႏၵျပမႈ သတင္းေတြက ေစာင့္ၾကည့္ရမယ့္ သတင္းေတြထဲ ထိပ္တန္းကပါဝင္ခဲ့ပါတယ္။

ဘဏ္ဓားျပတိုက္မႈနဲ႔  ရန္ကုန္လုံၿခဳံေရး

ယေန႔မွာဘဲျဖစ္ခဲ့တဲ့ ဘဏ္ဓားျပမႈက ေ႐ြးေကာက္ပြဲကာလနီးခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕ အထင္ကရပါတီေတြ ပင္မ႐ုံးရွိရာျဖစ္သလို စီးပြားေရးအခ်က္အျခာက်ကာ ႏိုင္ငံတကာသံ႐ုံးေတြ၊ ကုလအဖြဲ႕အစည္းေတြ ႐ုံးစိုက္ရာျဖစ္တဲ့ ရန္ကုန္မွာ ဘဏ္ဓားျပတိုက္မႈ ျဖစ္ခဲ့ပါတယ္။

ဒီအႏုၾကမ္းစီး ဓားျပတိုက္မႈက အေတာ္ေလးကို လြယ္ကူေနခဲ့သလို ရန္ကုန္ေန လူထုအတြက္ကေတာ့ လက္နက္ေတြ မၾကာခဏမိတဲ့ သတင္းေတြကို ေျပးျမင္မိၾကပါတယ္။ျဖစ္ပ်က္ပုံက သတင္းေတြေဖာ္ျပခ်က္အရဆိုရင္  နံနက္အေစာပိုင္းမွာ ေသနတ္ျပၿပီး ေငြ သိန္း ၆၀၀ ကို ၿခိမ္းေျခာက္ရယူကာ သူတို႔ေနာက္ကို မလိုက္ေအာင္ ဖုန္းနဲ႔တြဲၿပီး ဗုံးေထာင္ထားခဲ့တဲ့အတြက္ ေနာက္ကေနမလိုက္ရဲခဲ့ၾကဘူးလို႔ ဆိုပါတယ္။ဘဏ္လာၿပီး အႏုၾကမ္းစီးတဲ့ျဖစ္ရပ္က အရမ္းကိုလြယ္ကူေနတဲ့အတြက္ အမ်ားျပည္သူအတြက္ စိတ္ပူစရာျဖစ္လာပါတယ္။

လႈိင္သာယာလိုေနရာမွာ၊ မႏၲေလးလိုေနရာေတြမွာ ဆိုင္ကယ္နဲ႔လုယက္မႈေတြေၾကာင့္ ေၾကာင့္ၾကေနရသလို ၿမိဳ႕သစ္ေတြမွာ ညအခ်ိန္ သတ္ျဖတ္လုယက္မႈေတြ၊ အႏိုင္က်င့္ေစာ္ကားမႈေတြေၾကာင့္ က်ီးလန႔္စာစားျဖစ္ေနတဲ့ အမ်ားျပည္သူအတြက္  လက္နက္ကိုင္ေတြေပါမ်ားၿပီး တရားဥပ‌ေဒစိုးမိုးမႈေလ်ာ့ရဲတဲ့ နယ္စပ္ၿမိဳ႕ေတြမွာသာျဖစ္ႏိုင္တဲ့ လက္နက္ျပလုယက္မႈက  ရန္ကုန္လို လုံၿခဳံေရးအားေကာင္းၿပီး လင္းလင္းခ်င္းခ်င္း လူစည္ကားရာေနရာမွာ ျဖစ္ခဲ့တဲ့အတြက္ သက္ဆိုင္ရာ တာဝန္ရွိတဲ့အဖြဲ႕အစည္းေတြရဲ႕ တာဝန္ယူမႈအေပၚ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ ႏိုင္ငံေရးနဲ႔ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ရန္ကုန္အေနနဲ႔ လာမည့္ေ႐ြးေကာက္ပြဲကာလအတြက္ လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးမႈအပိုင္းမွာ ဘယ္ေလာက္ျပင္ဆင္ထားသလဲဆိုတာကို ေမးခြန္းထုတ္လိုက္တာျဖစ္သလို ျပည္ထဲေရးဝန္ႀကီးအျဖစ္ အသစ္ခန႔္အပ္ဖို႔ တင္ျပခံရတဲ့ စစ္ဘက္ဆိုင္ရာလုံၿခဳံေရးက လာတဲ့သူအတြက္လည္း ေစ်းဦးေပါက္ ေျဖရွင္းရေတာ့မယ့္ကိစၥ ျဖစ္လာခဲ့ပါတယ္။

သတင္းေတြအရ လုယက္သူႏွစ္ဦး ငွားစီးခဲ့တဲ့ အငွားကားနံပါတ္နဲ႔ ဘဏ္ထဲမွာ တပ္ဆင္ထားတဲ့ CCTV မွတ္တမ္းေတြမွာရွိမယ့္ လုယက္အႏုၾကမ္းစီးသူေတြရဲ႕႐ုပ္ကို သိႏိုင္မွာျဖစ္လို႔ ဒီလူေတြ ဘယ္ကေနလာသလဲ၊ ေနာက္ကြယ္မွာ ဘယ္လိုလူေတြက ဒီလိုလုပ္ေအာင္ အေထာက္အပံ့ေပးေနလဲ၊ ဘယ္လိုျပင္ဆင္ခဲ့သလဲဆိုတာကို ဖမ္းမိတဲ့အခါ အမ်ားျပည္သူသိေအာင္ ေဖာ္ထုတ္ေပးဖို႔လိုသလို ဖမ္းမိရင္ တည္ၿငိမ္မႈကိုပ်က္ျပားေစတဲ့အတြက္ ျပင္းထန္တဲ့ျပစ္ဒဏ္ေတြ ခ်ဖို႔လိုပါတယ္။

ေနာက္ဆုံးရတဲ့ သတင္းေတြအရ ဘဏ္မွာေထာင္ထားခဲ့တဲ့ဗုံးက အတုလို႔ဆိုေပမယ့္ အႏုၾကမ္းစီး ဓားျပတိုက္ရာမွာ ပါသြားတဲ့ေငြနဲ႔ လက္နက္နဲ႔ၿခိမ္းေျခာက္မႈက အစစ္ျဖစ္တဲ့အတြက္ အစိုးရလက္ေအာက္မွာရွိတဲ့ ျပည္ထဲေရးက ရန္ကုန္လုံၿခဳံေရးကို ေသြးတိုးစမ္းတဲ့ ၂၀၂၀ ခုႏွစ္ရဲ႕ ပြဲဦးထြက္ ဘဏ္အႏုၾကမ္းစီးတဲ့ မႈခင္းႀကီးမွာ တရားခံေတြကို ဘယ္လိုရွာေဖြေဖာ္ထုတ္ ဖမ္းဆီးမလဲ၊ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္မွာ အမ်ားျပည္သူ ဘဝင္မက်တဲ့အေျဖေတြ ထြက္ခဲ့တဲ့အမႈေတြအတြက္ ဒီအမႈမွာ ဘယ္လိုႀကိဳးစားၿပီး ရွာေဖြဖမ္းဆီးမလဲဆိုတာ အသဲတယားယား ရင္တခုန္ခုန္နဲ႔  ေစာင္ၾကည့္ရဦးမွာပါ။

ျမန္မာ့စီးပြားေရးကို ၿခိမ္းေျခာက္လာသည့္ ၀ူဟန္ဗိုင္းရပ္စ္

တ႐ုတ္ႏိုင္ငံ ၀ူဟန္မွာ စတင္ျဖစ္ပြားခဲ့တဲ့ နမိုးနီးယားမ်ိဳးစိတ္တစ္ခုျဖစ္တဲ့ ၂၀၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ယခုအခါ ကမာၻတစ္ဝန္းကို ၿခိမ္းေျခာက္ေနၿပီျဖစ္ပါတယ္။ယခုရက္သတၱပတ္ ေနာက္ဆုံးနီးလာတဲ့ ေဖေဖၚဝါရီ ၆ ရက္မွာ ေသဆုံးသူအေရအတြက္က ၆၀၀ နီးပါး ကပ္လာခဲ့ပါတယ္။

ဒီအေတာအတြင္းမွာ ဗိုင္းရပ္စ္ကူးစက္မႈ‌ေၾကာင့္ တ႐ုတ္ႏိုင္ငံနဲ႔ နီးစပ္ထိစပ္ေနတဲ့ ျမန္မာအပါအဝင္ အာရွႏိုင္ငံေတြမွာ ေရာဂါကူးစက္မႈအျပင္ စီးပြားေရးအရ ထိခိုက္မႈေတြလည္း ရွိလာခဲ့ပါတယ္။ WHO လို ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ဒီေရာဂါကူးစက္မႈကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္စပ္ကုန္သြယ္ေနတဲ့ ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံကို တားျမစ္ခ်က္ေတြ လုပ္လာခဲ့ပါတယ္။

ဒီလိုတားျမစ္ခ်က္ေတြက တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ေရးမွီခိုေနရတဲ့ ျမန္မာႏိုင္ငံ အပါအဝင္ အာရွႏိုင္ငံေတြအတြက္ အခက္ေတြ႕ေစပါတယ္။အထူးသျဖင့္ အာရွမွာ ေငြေၾကးအသုံးႏိုင္ဆုံးက တ႐ုတ္ေတြပါဘဲ။ကန႔္သတ္ခ်က္ေတြ၊ လူမ်ိဳးေရးအျမင္ က်ဥ္းေျမာင္းမႈေတြေၾကာင့္ အေနာက္ႏိုင္ငံက စီးပြားေရးရင္းႏွီးျမဳပ္ႏွံမႈေတြ မဝင္လာလို႔ အိမ္နီးခ်င္း ကမာၻ႔ကုန္သြယ္ေရး အႀကီးမားဆုံး တ႐ုတ္ႏိုင္ငံအေပၚ မွီခိုေနရတဲ့ ျမန္မာႏိုင္ငံအတြက္ ၀ူဟန္ျပႆနာက ယိုင္နဲ႔နဲ႔ ျပည္တြင္းစီးပြားေရးကို ထိခိုက္လာေနပါၿပီ။တ႐ုတ္-ျမန္မာ နယ္စပ္ မူဆယ္ဂိတ္မွာ အေရာင္းအဝယ္က မျဖစ္သေလာက္ျဖစ္ခဲ့တဲ့အတြက္ တစ္ရက္ကို ကန္ေဒၚလာ ၁၆ သန္းေလာက္ ျမန္မာဘက္က ဆုံးရႈံးမႈေတြရွိခဲ့တယ္ ဆိုပါတယ္။မူဆယ္ဂိတ္မွာ ယခုရက္ထဲမွာဘဲ ျပန္ဖြင့္မွာျဖစ္ေပမယ္ ဗိုင္းရပ္စ္ကူးစက္မႈက သတ္မွတ္ခန႔္မွန္းထားတဲ့ ၁၄ ရက္ထက္ ေက်ာ္ေနတာေတာင္ အရွိန္မက်ဘဲ တစ္ရက္ကို လူ ၇၀ အထိ အေသအေပ်ာက္ရွိလာခဲ့တဲ့အတြက္ အေရာင္းအဝယ္ကုန္သည္ေတြ မူဆယ္ဂိတ္ကို ေရာက္လာပါ့မလားဆိုတာ မေသခ်ာႏိုင္ပါဘူး။ဒါ့အျပင္ တ႐ုတ္နဲ႔ ကုန္သြယ္တဲ့ ၂၂ ႏိုင္ငံကို WHO က ကုန္သြယ္မႈဆိုင္းငံ့ခိုင္းတဲ့အတြက္ တ႐ုတ္ျပည္တြင္း ေငြေၾကးလည္ပတ္မႈက အရင္ေလာက္အားေကာင္းပါ့မလားဆိုတာ စဥ္းစားခ်င္စရာပါ။

ဗိုင္းရပ္စ္ျပန႔္ပြားမႈေၾကာင့္ တ႐ုတ္ႏိုင္ငံက ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာကို ၿပီးခဲ့တဲ့အပတ္ကတည္းက ရပ္ဆိုင္းထားရတဲ့ ျမန္မာႏိုင္ငံအတြက္ ယခုရက္ပိုင္းအတြင္းတြင္ပင္ ထပ္မံၿပီး ဟိုတယ္/ခရီးက ခရီးသြားလုပ္ငန္း ကုမၸဏီမ်ားႏွင့္ လုပ္ကိုင္သူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ရန္ စီစဥ္ေနေသာ တ႐ုတ္ခရီးသြားမ်ားအတြက္ ဝန္ေဆာင္မႈမ်ားကို ယာယီဆိုင္းငံ့ထားရန္ ၫႊန္ၾကားခဲ့ရတာကို ေတြ႕ရပါတယ္။

က်န္းမာေရးအရ ဆိုး႐ြားေနခ်ိန္မွာ တ႐ုတ္လူမ်ိဳး ခရီးသြားေတြကို လက္ခံထားတဲ့ ဟိုတယ္ေတြ၊ တည္းခိုခန္းေတြကို ရည္႐ြယ္ဟန္တူပါတယ္။ဒီလိုထုတ္ျပန္ သတိေပးခ်က္ေတြ‌ေၾကာင့္  တ႐ုတ္ခရီးသြားေတြကို မွီခိုေနရတဲ့ ျမန္မာ့ခရီးသြားလုပ္ငန္း အၾကပ္ေတြ႕စရာျဖစ္လာခဲ့မွာ ေသခ်ာေနပါတယ္။က်န္းမာေရးနဲ႔ စီးပြားေရးမွာ ျပည္သူေတြ က်န္းမာေရးက အဓိကက်ပါတယ္။
ဒီအတြက္ ဟိုတယ္ေတြ၊ တည္းခိုခန္းေတြက ဒီအခ်က္ကို လိုက္နာမႈ ရွိ/မရွိကို ဘယ္လိုထိန္းသိမ္း ၾကပ္မတ္မလဲဆိုတာကလည္း ေမးခြန္းတစ္ခုပါဘဲ။

တ႐ုတ္ႏိုင္ငံမွာ ဒီလို ဗိုင္းရပ္စ္ကူးစက္တာေၾကာင့္ အခက္ေတြ႕ေနခ်ိန္မွာ အကူအညီေပးၾကတဲ့ ႏိုင္ငံေတြထဲ ျမန္မာႏိုင္ငံလဲ ပါဝင္လာခဲ့ပါတယ္။ျမန္မာအစိုးရက ဒီရက္ပိုင္းမွာဘဲ တ႐ုတ္ႏိုင္ငံကို ဆန္လႉဖို႔စီစဥ္ေနတာကို ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက အႀကီးတန္းအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒီလိုအကူအညီေပးဖို႔ ျပင္ဆင္ေနတာအျပင္  ျမန္မာႏိုင္ငံထဲမွာ ေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြထဲက ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိတဲ့လူေတြ၊ တ႐ုတ္ကျပန္လာတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း ျမန္မာ့က်န္းမာေရးအာဏာပိုင္ေတြက ကာကြယ္ကုသမႈေတြ လုပ္ခဲ့ပါတယ္။ယခုရက္ထဲမွာဘဲ ေစာင့္ၾကည့္ေနရတဲ့ သံသယလူနာေတြထဲက ေဝဘာဂီအထူးကုေဆး႐ုံမွာ စစ္ေဆးေစာင့္ၾကည့္ေနရတဲ့ တ႐ုတ္ႏိုင္ငံသားတစ္ဦးႏွင့္ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ဗိုင္းရပ္စ္ပိုးမေတြ႕လို႔ ေဆး႐ုံကျပန္ဆင္းခြင့္ေပးခဲ့ပါတယ္။၀ူဟန္မွာ ေက်ာင္းတက္ေနတဲ့ ျမန္မာေက်ာင္းသားေတြ ၅၉ ဦးကို ျပန္ေခၚလာရာမွာ မႏၲေလးမွာ သီးသန႔္ခြဲထားၿပီး ေစာင့္ၾကည့္ေနရတဲ့အတြက္ လူမႈကြန္ရက္မွာ သတင္းေတြ မၾကာခဏဆိုသလို တက္လာေလ့ရွိပါတယ္။
ဒီအတြက္ ေက်ာင္းသားေတြဘက္က ျပန္လည္ရွင္းလင္းခဲ့တာ ေတြ႕ရသလို ယခုရက္ထဲမွာဘဲ မီဒီယာတစ္ခုကေနတင္တဲ့ သတင္းမွာ က်န္းမာေရးဌာနကေျပာသူနဲ႔ သတင္းေဖာ္ျပတဲ့ၾကားမွာ ေဝဘာဂီေဆး႐ုံကို ပို႔ရတယ္ဆိုတဲ့ ေက်ာင္းသားအေရအတြက္ေဖာ္ျပခ်က္နဲ႔ ပတ္သက္ၿပီး ရွင္းၾကလင္းၾကတာေတြကလည္း  ဒီဗိုင္းရပ္စ္ေဘးအတြက္ စိုးရိမ္တႀကီးျဖစ္ေနတဲ့သူေတြကို စိတ္ေမာေစခဲ့ပါတယ္။

ျမန္မာျပည္ကလူေတြ စိုးရိမ္မယ္ဆိုလဲ စိုးရမ္စရာပါ။ ျမန္မာနဲ႔တ႐ုတ္ႏိုင္ငံအၾကား ကူးလူးဆက္ႏြယ္မႈက သမိုင္းစဥ္ဆက္ရွိခဲ့တဲ့ အတြက္ ယခုလိုေရာဂါျဖစ္လာတဲ့အခါ ကူးစက္မႈက ထိန္းခ်ဳပ္ဖို႔ ခက္ေလာက္ေအာင္ ေန ထိုင္ သြားလာမႈက ပ်ံႏွ႔ေနခဲ့ပါတယ္။ ျမန္မာႏိုင္ငံထဲေရာက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္သံသယရွိေစာင့္ၾကည့္ေနရတဲ့ ၀ူဟန္ၿမိဳ႕က တ႐ုတ္မိသားစုဝင္ ၅ ဦး မူဆယ္ထဲ ဝင္လာလို႔ ၾကယ္ေခါင္ အာဏာပိုင္ေတြက ျမန္မာအာဏာပိုင္ေတြ ကို သတိလွမ္းေပးၿပီး ဖမ္းဆီးထိန္းသိမ္းေပးဖို႔ အေၾကာင္းၾကားတဲ့ စာကို လည္း ယခုရက္ထဲမွာ ေတြ႕ခဲ့ရပါတယ္။ ယခုခ်ိန္ထိျပန္မေတြ႕ေသးတဲ့ အတြက္ ဒီေရာဂါရွိတယ္လို႔ သံသယရွိသူေတြ  ဘယ္ေရာက္ေနလဲ။ တစ္ကယ္လို႔ ေရာဂါရွိေနၿပီဆိုရင္ ဘယ္ေလာ္ကေတာင္ အနီးနားက လူေတြကို ကူးစက္ေနၿပီလဲဆိုတာ မေတြးဝံ့ေလာက္ ေအာင္ ပါဘဲ။

ေနျပည္ေတာ္မွာ ဒီရက္ထဲမွာဘဲ ကို႐ိုနာဗိုင္းရပ္စ္လို႔ သံသယရွိတဲ့ တ႐ုတ္ႏိုင္ငံသားတစ္ဦးကိုေတြ႕ရလို႔ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ျပည္သူ႔ေဆး႐ုံရွိ သီးျခားခန္းကိုပို႔ထားရပါတယ္။ဒါအျပင္ ေဆးကုသေနတဲ့ ဗိုင္းရပ္စ္ ကူးစက္ခံရတာ သံသယရွိတဲ့သူေတြကို လာေတြ႕တာ ၊အတင္းေတြ႕တာေတြရွိႏိုင္တဲ့ အတြက္ လုံၿခဳံေရးေတြကို ရာဘာက်ည္ေတြ၊ ေလးခြေတြ သုံးခြင့္ျပဳထားတာကိုလည္းေတြ႕ရပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ တ႐ုတ္မွာျဖစ္တဲ့ ဗိုင္းရပ္စ္ေရာဂါကူးစက္မႈက ျမန္မာ့စီးပြားေရးနဲ႔ က်န္းမာ ေရးအေပၚ ဘယ္ေလာက္ထိ သက္ေရာက္မလဲ၊ဒီသက္ေရာက္မႈကေန ဘာေတြ ဆက္ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အတိုက္အခံတို႔ အားေကာင္းခ်ိန္နဲ႔ အခ်ိန္ကိုက္ ေက်ာင္းသားလႈပ္ရွားမႈ

ယခုရက္သတၱပတ္ထဲ စိတ္ဝင္စားစရာ ျဖစ္ခဲ့တာက လက္ရွိအစိုးရလက္ထက္မွာ  အတိုက္အခံ အျဖစ္ ရပ္ တည္ေနတဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္ကေန ဖြဲပစည္းပုံအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ေျပာခဲ့တဲ့ စကားေတြ ပါဘဲ။  ေဖေဖာ္ဝါရီ ၅ ရက္က ရန္ကုန္ၿမိဳ႕ Melia Hotel မွာ ျပည္ခိုင္ၿဖိဳးပါတီကေန ဦးေဆာင္ျပဳလုပ္တဲ့ “၂၀၀၈ ဖြဲ႕ စည္းပုံ အေျခခံဥပေဒဘာေၾကာင့္ ျပင္မွာလဲ၊ ဘယ္လိုျပင္မလဲ” ေဆြးေႏြးပြဲ စကားဝိုင္းမွာ ပါတီ၏ ေျပာေရးဆိုခြင့္ ရွိသူ ေဒါက္တာနႏၵာလွျမင့္က ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္  ဖြဲ႕စည္းထားသည့္ ၄၅ ဦး ပူးေပါင္းေကာ္မတီ ၏ ဖြဲ႕စည္းပုံျပင္ဆင္ေရး လုပ္ငန္းစဥ္ သည္ ေအာင္ျမင္ရန္ မျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။

ဒီလိုေျပာခဲ့တဲ့ အတြက္ လူမႈကြန္ရက္မွာ ေထာက္ခံမႈအခ်ိဳ႕ရွိခဲ့သလို ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။ တပ္ ဘက္က ကာလုံမွာ ပါဝင္တဲ့ ဦးေရကိုေလ်ာ့ခ်ၿပီး အရပ္ဘက္က ပါဝင္တဲ့ ဦးေရကိုတိုးတာ၊ တပ္ဘက္ကိုယ္စား လွယ္ကို လႊတ္ေတာ္သက္တမ္းအေလွ်ာက္ ေလ်ာ့ခ်သြားမယ္ ျပင္ဆင္ခ်က္ေတြပါတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ထားတဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥေပဒၾကမ္းအေပၚ တပ္ဘက္နဲ႔ နီးစပ္တဲ့ ျပည္ခိုင္ၿဖိဳးဘက္က ယခုလိုအသံထြက္ လာတဲ့ အတြက္ လာမယ့္ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥေပဒၾကမ္းေဆြးေႏြးမႈေတြက ထင္တာထက္ပိုျပင္းထန္ဖို႔ ရွိေန ပါ တယ္။အမ်ားျပည္သူဆႏၵနဲ႔ ထာ၀စဥ္ ထပ္တူက်ခဲ့တဲ့ ကာတြန္းေဖာ္ျပခ်က္ေတြမွာေတာ့ ဒီလိုေျပာဆိုခ်က္ေတြကို သေရာ္တဲ့ ကာတြန္းေတြ လူမႈကြန္ရက္မွာ သတင္းမီဒီယာေတြမွာ ခပ္စိပ္စိပ္ေတြ႕ခဲ့ရပါတယ္။

လာမယ္ ၂၀၂၀ ေ႐ြးေကာက္ပြဲနီးကပ္လာခ်ိန္မွာ ပါတီေတြဘက္က လႈပ္ရွားမႈေတြရွိလာေပမယ့္ အာဏာရ ပါတီဘက္က ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး အသံမထြက္ခဲ့ေသးပါဘူး။ ဒါေပမယ့္ အဓိကအတိုက္အခံပါတီျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က အဓိက တာဝန္ရွိသူေတြ နယ္ေျမေတြထိဆင္းၿပီး အင္တိုက္အားတိုက္ စည္း႐ုံးေရးလုပ္ ေဆာင္တာေတြ ရွိသလို ေျပာခဲ့ဆိုခဲ့တာေတြမွာလည္း မွတ္သားစရာေတြ၊ လူမႈကြန္ရက္မွာ ေဝဖန္စရာေတြျဖစ္ခဲ့ တာ ကိုလည္းေတြ႕ရပါတယ္။ ယခုရက္သတၱပတ္ထဲ ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ က ေ႐ြး ေကာက္ပြဲမဲဆြယ္ကာလမွာ  ပါတီကိုယ္စားျပဳေယာင္ေဆာင္ၿပီး ျပည္တြင္းမွာ မၿငိမ္မသက္ျဖစ္ေအာင္ ေကာလာဟလသတင္းေတြ၊ လႈံေဆာ္သတင္းမွားေတြ၊ ပါတီအခ်င္းခ်င္းပဋိပကၡျဖစ္ေစမယ့္ သတင္းေတြျဖန႔္ေဝ ခြင့္မရေအာင္ ပါဝင္ယွဥ္ၿပိဳင္မယ့္ ပါတီေတြ႕ရဲ႕တရားဝင္ လူမႈကြန္ရက္စာမ်က္ႏွာေတြကို blue mark ရေအာင္ လုပ္ေပးမယ္လို႔ ေျပာခဲ့တာကိုလည္းေတြ႕ရပါတယ္။

ဒီလိုလုပ္တာ ေကာင္းတဲ့ သတင္းပါဘဲ။ ယခုရက္မွာဘဲ တိုက္တိုက္ဆိုင္ဆိုင္ အတိုက္အခံပါတီျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးဘက္က လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ေန ေဖ့စ္ဘြတ္ခ္ဂ႐ုႏွစ္ခုက သူတို႔ပါတီနဲ႔ မသက္ဆိုင္ဘူး ဆိုၿပီး ထုတ္ျပန္ခဲ့တာကိုေတြ႕ရပါတယ္။ဒီ ေဖ့စ္ဘြတ္ခ္ဂ႐ုႏွစ္ခုက USDP Online Group 1 ႏွင့္ USDP Online Group 2 ပါဘဲ။ ထုတ္ျပန္ခ်က္မွာေတာ့  အဆိုပါ ေဖ့စ္ဘြတ္ခ္ဂ႐ုႏွစ္ခုက မိမိတို႔ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ဖြံ႕ၿဖိဳး ေရးပါတီက ကိုင္တြယ္ေဆာင္႐ြက္မႈ မရွိပါေၾကာင္းလို႔ ေဖာ္ျပခဲ့တာေတြ႕ရပါတယ္။

ယခုရက္သတၱပတ္ထဲ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အလုပ္သမား၊လယ္သမားေတြဘက္က လာမယ့္ေ႐ြးေကာက္ပြဲမွာ အလုပ္သမားလယ္သမားအေရးကိုလႊတ္ေတာ္ထဲ တင္ျပႏိုင္ဖို႔ တစ္သီးပုဂၢလိက ဝင္ၿပိဳင္ မယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။ဒီအတြက္ လာမယ့္ေ႐ြးေကာက္ပြဲက ႀကိမ္းဝါးသံေတြနဲ႔ ဘယ္လို ေတြ မဲဆြယ္ၾကမလဲ၊ဘာျပႆနာေတြေတြ႕ရမလဲဆိုတာ စိတ္ဝင္စားစရာပါ။

ပြင့္လင္းရာသီ ေျခခင္းလက္ခင္းသာခ်ိန္ ယခုရက္ထဲမွာ ထုံးစံအတိုင္း ဆႏၵျပပြဲေတြကို ခပ္စိပ္စိပ္ေတြ လာရပါတယ္။ အလုပ္သမားအမ်ားစုရွိၿပီး အလုပ္သမားသမဂၢေတြအားေကာင္းတဲ့ လႈိင္သာယာမွာ ယခုလ ၂ ရက္က ဆႏၵျပပြဲတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါက သုန္ထိုင္း အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားသပိတ္မွာ ခုံသမာ ဓိ ေကာင္ စီ ဆုံးျဖတ္ခ်က္ကိုမေက်နပ္လို႔ အလုပ္သမားသမဂၢမ်ားႏွင့္ စက္႐ုံ ၂၀၀က အလုပ္သမား ၁၅၀၀၀ေက်ာ္က လႈိင္သာယာၿမိဳ႕နယ္ထဲ စီတန္းလွည့္လည္ဆႏၵျပခဲ့တာပါ။ ေဖေဖာ္ဝါရီ၅ ရက္မွာေတာ့ ပဲခူးတိုင္းေဒသႀကီး ေဝါၿမိဳ႕နယ္ထဲမွာ NLD တိုင္းလႊတ္ ေတာ္ကိုယ္စားလွယ္ကို အျခား႐ြာက မီးလာေရာက္ခ်ိတ္ဆက္တာကို မရွင္း လင္း ေပးတာအပါအဝင္ အာဏာရွင္ဆန္ဆန္ ျပဳလုပ္ေနတယ္ဆိုၿပီး  ေက်း႐ြာခုနစ္႐ြာမွ ေက်း႐ြာ သား ၅၀၀ ခန႔္က ဆႏၵျပခဲ့ၾကတာပါ။

ထူးထူးျခားျခား ယခုရက္သတၱပတ္ထဲမွာဘဲ ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး (YUPT) မွ ရွယ္ယာရွင္ ၂၂၉ ဦးက အစုရွယ္ယာမ်ားကို ၃ ပတ္အတြင္း ထုတ္မေပးရင္ ကုမၸဏီကိုဆႏၵျပတရားစြဲဆိုမယ္လို႔  သတင္းစာရွင္းလင္းၿပီးေျပာခဲ့တာလည္း ျဖစ္ခဲ့ပါတယ္။

ဒီလို ဆႏၵျပပြဲေတြမွာ ထူးထူးျခားျခားေအာင္ျမင္မႈရၿပီးမွာ လူထုအျမင္ေစာင္းမႈကိုရခဲ့တာက မတ္လထိ စာသင္ခ်ိန္တိုးတာကို  ဖဲႀကိဳးစိမ္းလႈပ္ရွားမႈနဲ႔ လိုလားခ်က္ရခဲ့တာပဲ ျဖစ္ပါတယ္။ ရက္ၾကာရွည္ခဲ့တဲ့ ဖဲႀကိဳးစိမ္း လႈပ္ရွားမႈက လႊတ္ေတာ္ ပညာေရးေကာ္မတီထံ  ပညာေရးဝန္ႀကီးက လာေရာက္ရွင္းလင္းရာမွာ ဆရာ/ဆရာမ ေက်ာင္းသားေတြ လိုခ်င္တဲ့ အတိုင္း စာေမးပြဲကာလကို ေနာက္ဆုတ္ေပးခဲ့ဖို႔ သေဘာတူခဲ့ပါတယ္။ဒီလို သေဘာတူညီခ်က္ရတဲ့ အတြက္ ေက်ာင္းသားသမဂၢေတြနဲ႔ အဖြဲ႕အစည္းေတြက သပိတ္ကို ရပ္တန႔္ခဲ့ေသာ္လည္း မႏၲေလးပညာေရးေကာလိပ္မွာေတာ့ ျပင္ပက လာေရာက္တဲ့ ေက်ာင္းသားသမဂၢဆိုသူေတြရဲ႕ လႈပ္ရွားမႈက ေက်ာင္းသားလႈပ္ရွားမႈထက္ ပိုၿပီး ျပင္းထန္ေနသလို ဆရာ၊ဆရာမအေပၚ ဆက္ဆံရာမွာ “ ေက်ာင္းသိမ္းလိုက္ မယ္ဆိုတဲ့” ေျပာဆိုမႈေတြေၾကာင့္ လူမႈကြန္ရက္မွာ ေဝဖန္ျပစ္တင္မႈခံခဲ့ရပါတယ္။

ပညာေရးသပိတ္ေတြကိုျဖစ္ေစတဲ့ အထိ ေအာက္ေျခအသံကို နားမေထာင္ဘဲ စနစ္ကိုထူေထာင္တဲ့ အတြက္ ပူးေပါင္းေဆာင္႐ြက္မႈ အားနည္းေနျခင္းက  ျမန္မာ့ပညာေရး အနာဂတ္ကို မႈန္ဝါးေစတယ္ဆိုၿပီး ေအာင္ ေျမ သာစံ မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုးက ယခုရက္ထဲက်င္းပတဲ့ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးရဲ႕ အမ်ိဳးသားပညာေရးမူဝါဒ ေကာ္မရွင္၏ ေျခာက္လတာကာလ အစီရင္ခံစာတင္ျပရာ မွာေျပာခဲ့ပါတယ္။ အဓိကအားျဖင့္ ေအာက္ေျခႏွင့္ထိေတြ႕နားေထာင္ရသည့္  အမ်ိဳးသားပညာေရးမူဝါဒ ေကာ္မရွင္ႏွင့္ ပညာေရးဝန္ႀကီးၾကား ေျခာက္လတာကာလအတြင္း ႏွစ္ႀကိမ္သာ ေတြ႕ဆုံကာ ပူးေပါင္း ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ဒီအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနကို ပညာေရးေကာ္မတီဘက္က ဝမ္းနည္းစရာေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္။

အစိုးရသက္တမ္းကုန္ခါနီးမွာ ခပ္စိပ္စိပ္ေတြ႕ လာရတဲ့ လႈပ္ရွားမႈေတြက စိတ္ဝင္စားစရာပါ။ ပါတီဘက္၊ လႈမႈေရးအသင္းအဖြဲ႕ဘက္နဲ႔ ယခင္ ႏိုင္ငံေရးတက္ႂကြသူေတြရဲ႕ သူလူကိုယ္ဘက္သား လူပ္ရွားမႈေတြၾကားမွာ  အာဏာရပါတီရဲ႕ ေျခဥျပင္ဆင္ေရးက ဘယ္လိုေတြ ျဖစ္လာမလဲ ဆိုတာ ေရွ႕ဆက္ ေစာင့္ၾကည့္ရဦးမယ့္ အေျခအေနဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ျပည္တြင္းသတင္းသုံးသပ္ခ်က္ကိုဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေဖေဖာ္၀ါရီ - ၇