【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်-မန္တလေးနှင့် ကိုဗစ်အောက် ဇောက်ထိုးဆန္ဒပြသူတွေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရန်ကုန်-မန္တလေးနှင့် ကိုဗစ်အောက် ဇောက်ထိုးဆန္ဒပြသူတွေ

ကိုဗစ်ကာကွယ်ဆေးကြောင့် နိုင်ငံတကာမှာ လှုပ်လှုပ်ရွရွဖြစ်လာချိန်မှာဘဲ မန္တလေးနဲ့ ရန်ကုန် အပါအဝင် အချို့ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ကိုဗစ်ကူးစက်မှုနူန်း မြင့်တက်လာခဲ့တဲ့အတွက် ထိန်းချုပ်မှုတွေ ဆက်တိုက်ပြုလာခဲ့လို့ သာမန်နေထိုင်မှုကနေ တစ်နှစ်နီးပါး ကန့်သတ်နေထိုင်နေခဲ့ရတဲ့ကာလမှာ အခက်အခဲတွေ ထပ်တိုးလာခဲ့ပါတယ်။အထူးသဖြင့် ဒီရက်ထဲမှာ မန္တလေးဘက်က ကိုဗစ်ထိန်းချုပ်တဲ့သတင်းတွေက သတင်းကြီးဖြစ်ခဲ့ပါတယ်။

မန္တလေးကိုဗစ်သတင်းက စိတ်ဝင်စားစရာကောင်းသလို ယခုရက်ပိုင်းအတွင်း တအာင်းလက်နက်ကိုင် (TNLA) တပ်ဖွဲ့တွေ စိမ့်ဝင်လာလို့ တပ်နဲ့ မိုးကုတ်အနားမှာ တိုက်ပွဲဖြစ်ခဲ့သလို ယခုရက်သတ္တပတ်ထဲမှာဘဲ TNLA တပ်တွေက မိုးကုတ်မြို့ထဲဝင်ပြီး  မြို့မျက်နှာဖုံးသူဌေးတစ်ဦးကို ပြန်ပေးဝင်ဆွဲခဲ့တဲ့အထိဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကလည်း ထိတ်လန့်တုန်လှုပ်စရာပါ။ဒါဟာ မိုးကုတ်မြို့အခြေအနေက TNLA ရဲ့ လက်လှမ်းမီတဲ့နေရာဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ဒီလို ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးအပြင် နိုင်ငံရေးဘက်မှာဆိုရင်လည်း ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေကို တပ်မတော်ဘက်က တောင်းယူခဲ့လို့ ဒါဟာ ရွေး/ကော်ဥပဒေအရ မညီညွတ်ဘူးဆိုပြီး အာဏာရနိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေ၊ ပါတီတွေဘက်က မှတ်ချက်ပြုတာတွေ၊ ကော်မရှင်ဘက်က ဘယ်အဖွဲ့အစည်းကိုမှ ကူးယူခွင့်မပြုဖို့ ညွှန်ကြားခဲ့တာတွေကလည်း ဘာတွေဆက်ဖြစ်လာမလည်းဆိုပြီး စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ယခုရက်သတ္တပတ်မှာ ဒီလိုသတင်းတွေအပြင် foodpanda delivery လုပ်ငန်းက delivery သမားတွေ သူတို့အခက်အခဲကို ဖော်ထုတ်ခဲ့တဲ့ဖြစ်ရပ်တွေ၊ မူးယစ်ဆေးဝါးမှောင်ခိုပို့သူ မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းမိထားကြောင်း ဘင်္ဂလားဒေ့ရှ့်ဘက်က ထုတ်ပြန်ခဲ့တာတွေ၊ Facebook ပေါ်မှာ ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ စစ်တပ်က ဖိအားပေးနေပါတယ်ဆိုပြီး ရေးသားခဲ့တဲ့ မသဥ္ဇာသန်းမင်း ကို ပခုက္ကူမြို့နယ်တရားရုံးက ထောင်ဒဏ်ကိုးလ အမိန့်ချမှတ်ခဲ့တာတွေ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအရ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ဘက်က ဆက်လက်ပါဝင်နေမှာဖြစ်တယ်လို့ ကာချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောကြားခဲ့တာ စတာတွေက ယခုရက်ထဲ စိတ်ဝင်ထားစရာဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေထဲကနေ လူမှုကွန်ရက်မှာ စိတ်ဝင်စားမှုအမြင့်ဆုံးရနေတဲ့ မန္တလေး ကိုဗစ်ထိန်းချုပ်မှုသတင်းတွေနဲ့ ရွေးကောက်ပွဲပြီးသွားပြီး အဖြေထွက်သွားပြီဖြစ်ပေမယ့် ဆက်ဆန္ဒပြလို့မဆုံးဖြစ်နေတဲ့ ပါတီထောက်ခံဝန်းရံသူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ လှုပ်ရှားမှုသတင်းတွေကို ရွေးကောက်ပြီး ယခုရက်သတ္တပတ်ရဲ့ ပြည်တွင်းသတင်းသုံးသပ်ချက်အဖြစ် ဖော်ပြချင်ပါတယ်။  

တင်းကျပ်တဲ့ ထိန်းချုပ်မှုနဲ့ မန္တလေး အလုပ်ဖြစ်ပါ့မလား

ဒေသတွင်း အများဆုံးကူးစက်ခံရသူနူန်းထိ တက်လာတဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုက တစ်သိန်းဝန်းကျင်အထိရှိလာတဲ့အခါ အများပြည်သူအတွက် ကူးစက်မှုကို သာမန်အဖျားရောဂါတစ်ခု ဖြစ်ရိုးဖြစ်စဉ်ရောဂါလို့ ပြောင်းလဲတွေးလာတာတွေရှိလာခဲ့ပြီး ကျန်းမာရေးအရ တားမြစ်သတိပေးချက်တွေအပေါ် လိုက်နာမှုက တစ်ရက်ထက် တစ်ရက် လျော့ကျလာခဲ့ပါတယ်။
ဒီလိုအခြေအနေကို ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မှာ ထင်ထင်ရှားရှားတွေ့လာနေရပါတယ်။အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာကလည်း တချို့ကိုယ်ခံအားကောင်းတဲ့လူတွေမှာ မပေါ်တာကြောင့် လူတိုင်းက ကူးစက်ကပ်ရောဂါ ပြင်းပြင်းထန်ထန်ဆိုးရွားနေချိန်မှာ ပြင်ပကို အရဲကိုးပြီးသွားလာမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရောဂါကို ပိုပြန့်ပွားအောင်လုပ်သလိုဖြစ်ခဲ့ပြီး သေဆုံးမှုနူန်းနဲ့ ကူးစက်ခံရမှုနူန်းက ဆက်တိုက်ဆိုသလို မြင့်မားလာခဲ့တဲ့အတွက် ယခုရက်သတ္တပတ်မှာ ဒုတိယကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့ မန္တလေးမှာ တစ်စိတ်တစ်ပိုင်း လော့ခ်ဒေါ့င်းချတဲ့ တင်းကျပ်တဲ့ stay Home ကို ချမှတ်ခဲ့ရတာကို တွေ့ရပါတယ်။

ဒါဟာ ရွေးကောက်ပွဲအပြီးမှာ ကူးစက်နူန်းတွေ ပြန်လည်မြင့်တက်လာမယ့်လို့ နိုင်ငံတော်အတိုင်ပင်ခံ ကြိုပြောထားခဲ့သလိုပါဘဲ ရွေးကောက်ပွဲအပြီး တစ်လခန့်အကြာမှာ မန္တလေးမှာ တင်းကျပ်တဲ့ stay home ကိုချပြီး ကူးစက်မှုကွင်းဆက်ကိုဖြတ်ဖို့ အာဏာပိုင်တွေက ကြိုးစားလာခဲ့ပါတယ်။ဒီအတွက် မန္တလေးတိုင်းဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့် လိုအပ်လို့ ဆောင်ရွက်ရတာပါဆိုပြီး ဒီဇင် ဘာ ၅ ရက်က စာရေးတင်ခဲ့ရာမှာ ဒီဇင်ဘာ ၂ ရက်နေ့အထိ မန္တလေးမှာ Covid-19 ရှိ/မရှိ ၁၀၆,၇၇၈ ဦးကို စစ်ဆေးရာမှာ အတည်ပြုလူနာ ၆၃၁၆ ဦးရှိခဲ့ကြောင်း၊ ဒီထဲမှာ သေဆုံးသူ ၆၄ ဦးရှိခဲ့ကြောင်း၊ ဒီလိုအခြေအနေအနေမှာ တင်းတင်းကြပ်ကြပ် စိစစ်ဆောင်ရွက်ဖို့လိုမယ်လို့ တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ ဒီအတွက် ဒီဇင်ဘာ ၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ Stay at home ကို မန္တလေးခရိုင်အတွင်းမှာ ပီပီပြင်ပြင်ဆောင်ရွက်ရန် ညွှန်ကြားရခြင်းဖြစ်ပါတယ်၊ ဆောင်ရွက်သင့်တဲ့အချိန်ဖြစ်လို့ တင်းကြပ်စွာ အကောင်အထည်ဖော်တာတွေကို နားလည်ပေးဖို့ လိုအပ်သလိုကူညီဖို့လည်း မေတ္တာရပ်ခံပါတယ်ဆိုပြီး ရေးတင်ခဲ့ပါတယ်။

ဘာလို့ မန္တလေးတိုင်းဒေသကြီးမှာ မန္တလေးခရိုင်တစ်ခုတည်းကို တင်းကျပ်တဲ့ stay at home ချရသလဲဆိုတာ ပိုးတွေ့သူအများဆုံးဖြစ်ပြီး လူဦးရေထူထပ်ကာ ကျူးကျော်တွေ ရွှေ့ပြောင်းလုပ်သားတွေ‌ကြောင့် ဒီလိုချရတာလို့ ဆိုပါတယ်။ဒီလိုတင်းကျပ်တဲ့ stay at Home ကို ထောက်ခံတဲ့သူတွေလည်းရှိသလို ဝေဖန်ခဲ့သူတွေကိုလည်း တွေ့ရပါတယ်။မြို့နယ်ဖြတ်၊ ရပ်ကွက်ဖြတ်တာက ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိရင်၊ ခွင့်ပြုထားတဲ့ လက်မှတ်မပါရင် ငွေဒဏ်ကိုရိုက်နေတဲ့အတွက် မန္တလေး ကိုဗစ်ထိန်းချုပ်မှုက ရက်ပိုင်းအထိ အခြေအနေကောင်းနေပါသေးတယ်။

ဒီလို တင်းတင်းကျပ်ကျပ်ပိတ်ပင်မှု (ဝါ) တင်းကျပ်တဲ့ stay home ကို ရန်ကုန်လို လူဦးရေ ၇ သန်း ၈ သန်းလောက်ရှိပြီး စက်မှုဇုန်တွေ တစ်နိုင်ငံလုံးက ရွှေ့ပြောင်းလုပ်သားတွေ အခြေချနေထိုင်တဲ့နေရာမှာ ပြီးခဲ့တဲ့ မတ်လတုန်းကတစ်ကြိမ်၊ နိုဝင်ဘာလအတွင်းကတစ်ကြိမ် ကျင့်သုံးပြီး ကူးစက်မှုကိုဟန့်တားဖို့ ကြိုးစားခဲ့ဘူးပါတယ်။မတ်လတုန်းက တင်းကြပ်တဲ့ Stay home မှာ ပထမလှိုင်းဖြစ်တာရယ်၊ လူတိုင်းက ဒီကူးစက်ရောဂါရဲ့ သဘောသဘာ၀ကို မသိတာရယ်ကြောင့် ဟန့်တားမှုက အောင်မြင်ပြီးနောက်ပိုင်းမှာ ရခိုင်ကပြန်ဝင်လာတဲ့သူတွေကြောင့် ဒုတိယလှိုင်း ရန်ကုန်မှာအပြင်းအထန်ဖြစ်လာလို့ stay home ချခဲ့ရာမှာ ယနေ့မြင်ရတဲ့အတိုင်း အောင်မြင်မှုမရှိခဲ့တာကို တွေ့ရပါတယ်။ဒီအတွက် မန္တလေးမှာတင်းကျပ်တဲ့ stay at home အစီအစဉ်က အောင်မြင့်ပါ့မလား၊ အထိုက်အလျှာက် ကူးစက်မှုလျော့ပါးအောင်၊ တင်းကျပ်ထားတဲ့ နယ်မြေထဲမှာ ကူးစက်ခံနေရတာရှိရင် ဆွဲထုတ်ကုဖို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမတိုင်ခင် ပါတီထောက်ခံဝန်းရံသူတွေကြောင့် ကူးစက်မှုက ယခုလို အရှိန်မြင့်တက်လာတာဆိုပြီး ယူဆလို့ရပေမယ့် တစ်ကယ်အရင်းခံအကြောင်းအရာကတော့ ကူးစက်ကပ်ရောဂါအပေါ် ပေါ့ဆလာတာနဲ့ ကြာရှည်လာတဲ့ကန့်သတ်မှုကို တောင့်ခံလောက်ရအောင် အခြေခံလူတန်းစားရဲ့ စီးပွားရေးမခိုင်မာတာတွေ‌က အဓိကအရင်းခံ အကြောင်းအရာဘဲဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ကူးစက်မှုပြင်းထန်တဲ့ ဒုတိယလှိုင်းမှာ လူတွေအနေနဲ့  ပထမလှိုင်းတုန်းကလို  အိမ်ထဲကနေတောင့်ခံဖို့ မဖြစ်နိုင်ဘဲ ဝမ်းစာအတွက် ကူးစက်ကာမှ ကူးရောဆိုတဲ့ အခြေအနေနဲ့ဖြတ်သန်းကြတဲ့အတွက် ရန်ကုန်မှာ ကူးစက်ခံရမှုက ရာခိုင်နူန်းအားဖြင့် ၈၀ ရာခိုင်နူန်းလောက်ထိ ရှိလာခဲ့ပါတယ်။ရန်ကုန်မှာ ကူးစက်ခံရသူမရှိတဲ့ နေရာ၊ အရပ်ဆိုတာ မရှိသလောက်ဖြစ်ခဲ့သလို ရန်ကုန်မှာ ကိုဗစ်ကြောင့်‌ သေဆုံးသူမရှိတဲ့ရပ်ကွက် မရှိသလောက်အထိ ဖြစ်နေခဲ့ပါတယ်။

ဒီလောက်ထိ ကူးစက်မှုပြင်းထန်နေပေမယ့် ရန်ကုန်ကိုထပ်ပိတ်ဖို့ မဖြစ်နိုင်တာရယ်၊ နိုင်ငံ့စီးပွားရေးကို အဓိကမောင်းနှင်ရာဒေသ ဖြစ်နေတဲ့အတွက် တင်းကျပ်တဲ့ အစီအမံအစား သတိနှင့်ယှဉ်ပြီး သွားလာနေထိုင်ပြီး ကူးစက်ခံရသူတွေကို တတ်နိုင်သမျှကုသပေးနိုင်ဖို့ လုပ်နေတာကို တွေ့ရပါတယ်။ကမ္ဘာ့ကူးစက်မှု ဒုတိယအမြင့်ဆုံးဖြစ်နေခဲ့တဲ့ အိန္ဒိယမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုမြင့်နေပေမယ့် ကန့်သတ်မှုတွေ လော့ခ်ဒေါင်းချမှုတွေ ပြင်းပြင်းထန်ထန်မလုပ်ဘဲ အတတ်နိုင်ဆုံး ဗိုင်းရပ်စ်နဲ့အတူယှဉ်တွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ကာ ရနိုင်သမျှ စစ်၊ တွေ့ရင်ကုသဖို့ ဆွဲတင်၊ ဒီလိုပုံစံနဲ့ စီးပွားရေးမကျအောင် လုပ်နေရတာကို တွေ့ရပါတယ်။စီးပွားရေးကောင်းတဲ့ ဥရောပနိုင်ငံတွေမှာတောင် ယတိပြတ်လော့ခ်ဒေါင်းချဖို့ ဆိုတာကို အတော်လေးချိန်ချိန်ဆဆလုပ်နေကြတာကိုကြည့်ရင် ကိုဗစ်ဒုတိယလှိုင်းမှာ နိုင်ငံစီးပွားရေးပြိုလဲကျမှာကို သတိထားနေရတဲ့ အနေအထားပါ။

လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှုက မြင့်တက်နေပါတယ်။အစိုးရအနေနဲ့ ကိုဗစ်ကူးစက်ခံရသူတစ်ယောက်အတွက် အသုံးပြုရတဲ့ ကုန်ကျစရိတ်က ရောဂါမပြင်းထန်တဲ့သူမှာတောင် အနည်းဆုံး ၁၅ သိန်း ကုန်ကျတယ်ဆိုပြီး ရောဂါပြင်းထန်တဲ့ သူဆိုရင် ၂၅ သိန်းလောက် အနည်းဆုံးကုန်ကျတယ်လို့ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်က ပြည်သူတွေကို ရုပ်သံကနေပြောတဲ့ အစီရင်ခံစာမိန့်ခွန်းမှာ ပြောထားတာကို တွေ့ရပါတယ်။အစိုးရအတွက် စိုက်ထုတ်ကုန်ကျမှုကများသလို လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးက ပေါ်ထွက်လာတဲ့အတွက် ဆေးဝယ်ဖို့လည်း ကုန်ကျစရိတ်က တခြားနိုင်ငံတွေနဲ့ အပြိုင်ဝယ်ရမှာဖြစ်တယ်လို့ ပြောခဲ့တာကို တွေ့ရပါတယ်။

လက်ရှိမှာ ကိုဗစ်ကူးစက်ပြန့်ပွားမှု အမြင့်ဆုံးဖြစ်နေတဲ့ ရန်ကုန်ကိုထိန်းချုပ်ဖို့ ဆန္ဒပြုနေကြတာရှိပါတယ်။ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဆိုရင် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူလူထုအနေနဲ့ နှစ်ပတ်အတွင်း အိမ်မှာနေပါက ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်ဆိုပြီး မီဒီယာတွေကို ပြောခဲ့တာရှိပါတယ်။ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေနဲ့ တခြားလုပ်ငန်းအများစုက ရန်ကုန်မှာ အခြေစိုက်တာမို့ ကိုဗစ်ကာကွယ်ဆေးရလို့ စီးပွားရေးကို ပုံမှန်အတိုင်း ပြန်လည်စတင်လည်ပတ်လာရရင် အရှိန်ရဖို့လိုနေတဲ့အတွက် ဒီလမ်းကိုရွေးလိမ့်မယ်လို့ အများပြည်သူက မတွက်ဆထားသလို အလုပ်ဖြစ်လိမ့်မယ်လို့လည်း မတွက်ဆထားတာလည်းရှိပါတယ်။

မန္တလေးမှာ ထိန်းချုပ်တာ အလုပ် ဖြစ်၊ မဖြစ် မသိပေမယ့် ရန်ကုန်မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ရက်ကို ထောင်နဲ့ချီနေပေမယ့် ရန်ကုန်နေသူတွေကတော့ မတုန်လှုပ်တော့တဲ့ အခြေအနေပါ။ဒါကြောင့်လည်း ကျန်းမာရေးအာဏာပိုင်တွေက Mask တပ်ဖို့နဲ့  ခပ်ခွာခွာနေထိုင်ဖို့၊ လက်ဆေးဖို့သာ တွင်တွင်သတိပေးနေ၊ လုပ်နေလို့ ရန်ကုန်မှာ Mask တပ် သွားလာတဲ့ ယဉ်ကျေးမှုက ဖြစ်ထွန်းလာသလို တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေထိုင်လာကြတာကိုလည်း နေ့စဉ်လူနေမှုဘ၀မှာ မြင်တွေ့လာနေရပြီဖြစ်ပါတယ်။

သတင်းတွေအရ stay at home မသတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ နိုင်ငံ့ဝန်ထမ်းတွေကို ဒီဇင်ဘာ ၇ ရက်ကစပြီး  ရုံးပြန်တက်ခိုင်းတာ၊ ပြည်တွင်းခရီးသွားလုပ်ငန်းအချို့ကို  COVID-19 စည်းမျဉ်း စည်းကမ်း၊ စံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ  ပြန်လည်စတင်နိုင်ဖို့ လုပ်နေတာတွေ၊ မကြာသေးခင်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့နှုန်းမြင့်တဲ့ ရပ်ကွက်တွေကိုဘဲ stay at home အဖြစ် ပြောင်းလဲကြေညာဖို့ စာရင်းကောက်ယူနေတာဆိုတဲ့ သတင်းတွေကြောင့် အာဏာပိုင်တွေအနေနဲ့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်တဲ့ အပိုင်းလိုက်ထိန်းချုပ်တဲ့စနစ်ကို ပြောင်းလဲကျင့်သုံးလာဖွယ်ရှိတဲ့အတွက် တင်းကျပ်တဲ့ stay at home စနစ် ကျင့်သုံးတဲ့ မန္တလေးနဲ့ အပိုင်းလိုက် stay at home စနစ်ကျင့်သုံးနိုင်တဲ့ ရန်ကုန်ရဲ့ထိန်းချုပ်မှုမှာ ဘယ်စနစ်က  စီးပွားရေးနဲ့ ကျန်းမာရေးကို ဟန်ချက်ညီညီ အလုပ်ဖြစ်စေမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနှင့် မပြီးနိုင်သေးတဲ့ ဝိရောဓိများ  

ရွေးကောက်ပွဲကျင်းပပြီးတာ တစ်လခန့်ကြာလာပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရလဒ်ကို လက်မခံတဲ့ ကန့်ကွက်မှုတွေက ယနေ့ထိဆက်လက်ဖြစ်နေတာကို တွေ့ရပါတယ်။ဒီဇင်ဘာ ၆ ရက်မှာ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူးဆိုတဲ့ ပါတီအချို့ကို ဝန်းရံသူတွေလို့ဆိုတဲ့သူတွေက ရန်ကုန်မြို့က ဂျပန်၊ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်သံရုံးရှေ့မှာ ဆန္ဒလာပြခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ဒါဟာ ကိုဗစ်ကာလအတွင်း ရန်ကုန်မှာ ဆန္ဒထုတ်ဖော်ခွင့်မပြုသေးတဲ့အချိန်မှာ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးပြီး တစ်နေရာမှ အနိုင်မရခဲ့တဲ့ ပါတီအများစုပါဝင်တဲ့ ပါတီထောက်ခံသူတွေဘက်က ဆက်တိုက်လုပ်လာခဲ့တာပါ။ယခုအခါ သက်ဆိုင်ရာက အရေးယူမှုတွေစလုပ်တဲ့ အခြေအနေဆီကို ရောက်လာခဲ့ပါပြီ။

ရွေးကောက်ပွဲကော်မရှင်ကို ဦးတည်ပြီး ဆန္ဒပြမှုတွေက ယခုနောက်ပိုင်းမှာ စိတ်ဝင်စားစရာကောင်းခဲ့သလို ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲမှာရခဲ့တဲ့ ဆန္ဒမဲအရေအတွက်တွေကို အစိုးရသတင်းစာမှာ ဖော်ပြပေးခဲ့တဲ့အတွက် ဆန္ဒပြနေတဲ့သူတွေထောက်ခံခဲ့တဲ့ ပါတီတွေရခဲ့တဲ့ မဲအရေအတွက်ကလည်း အတော်လေးအပြတ်အသတ်ကို ကွာဟနေတာကို တွေ့ရပါတယ်။အများပြည်သူ အမြင်မှာတော့ မဲအရေအတွက် အနည်းငယ်အသာနဲ့ အနိုင်ရသွားလို့ မခံချိမခံသာဖြစ်နေတာလားဆိုတဲ့ တွေးမြင်ချက်က သတင်းစာကနေဖော်ပြချက်တွေ မြင်ရပြီးမှာတော့ ဒါဟာ သက်သက်ကို ရလဒ်ကိုပျက်ပြယ်အောင် စည်းဘောင်အပြင်က ကြိုးစားနေတယ်ဆိုတာကို ရေရေရာရာနားလည်ခဲ့ကြပါတယ်။

နယ်တွေမှာ ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ဆန္ဒပြမှုတွေလုပ်သလို၊ ရန်ကုန်စည်ပင်နယ်နိမိတ်မှာပါတဲ့ မြို့နယ်တွေမှာလုပ်ပေမယ့် အများပြည်သူက စိတ်ဝင်စားမှုမရှိတာကြောင့် ရန်ကုန်မြို့ထဲက နိုင်ငံခြားသံရုံးတွေရှေ့မှာ လာလုပ်ရသလားဆိုတာ စဉ်းစားချင်စရာပါ။လာဆန္ဒပြတဲ့ သူတွေမှာလည်း အချို့က ဆိုင်းဘုတ်တွေကိုင်ထားပေမယ့် အတည့်လား အစောင်းလားဆိုတာ မခွဲနိုင်လောက်အောင် ထုံပေပေရပ်နေကြတာကို တွေ့ရတဲ့အတွက် သတင်းမီဒီယာခေတ်မှာ ဒါဟာ ရယ်သွမ်းဖွဲ့စရာဖြစ်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် အရေးယူခံလိုက်ရပြီဖြစ်လို့ ဆက်ဆန္ဒပြမှုတွေ ဖြစ်လာပါဦးမလားဆိုတာ စောင့်ကြည့်ချင်စရာပါဘဲ။

လက်ရှိကျင်းပပြီစီးသွားတဲ့ ရွေးကောက်ပွဲရလဒ်ကို  ကိုယ်စားလှယ်တစ်နေရာမှာ အရွေးမခံရတဲ့ ပြည်သူတွေ ကြိုက်နှစ်သက်မှုနည်းလွန်းတဲ့ ပါတီတွေဘက်က မလက်ခံဘူးဆိုပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်ထံ ဥရောပကောင်စီ ဥက္ကဋ္ဌ Mr. Charles MICHEL နဲ့  ဥရောပကော်မရှင် ဥက္ကဋ္ဌ Ms. Ursula VON DER LEYEN တို့က ဒီရက်ထဲမှာဘဲ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးခဲ့တာကို တွေ့ရပါတယ်။ဒီလို နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက အသိအမှတ်ပြုကြပေမယ့် ပြည်တွင်းပါတီအချို့က ဒီရလဒ်ကို အတင်းဖင်ပိတ်ပြီး လက်မခံခြင်းရဲ့နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိလဲဆိုတာ စူးစမ်းချင်စရာပါ။

ထူးခြားတာက ရွေးကောက်ပွဲကော်မရှင်ဘက်ကနေ ဒီရက်ထဲမှာဘဲ ကော်မရှင်အဖွဲ့ခွဲတွေဆီ ဒီဇင်ဘာ ၁ ရက် နေ့စွဲနဲ့ ညွှန်ကြားလွှာထုတ်ခဲ့တယ် ဆိုပါတယ်။ဒီစာက ပြင်ပကိုထွက်လာတာ မတွေ့ရပေမယ့် စာထဲမှာ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသားနှင့် အထောက်အထားများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦးယောက်ကိုမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခွင့်ပြုချက်မရဘဲ ကူးယူခွင့်မပြုဖို့ ညွှန်ကြားခဲ့တာကို တွေ့ရပါတယ်။ဒါဟာ အာဏာရှင်အစိုးရလက်ထက် စိတ်တိုင်းကျအချိန်ယူရေးဆွဲခဲ့တဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားချက်ပါ။ပြဋ္ဌာန်းချက်တွေအရ  ဒီရွေးကောက်ပွဲကော်မရှင်ကို အနိုင်ရပါတီရဲ့ သမ္မတက ဖွဲ့စည်းပေးတယ်ဆိုပေမယ့် ဖွဲ့စည်းပြီးကတည်းက လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်လို့ အစိုးရက ဝင်စွက်ဖက်လို့မရသလို ကော်မရှင်က ဆုံးဖြတ်ပြီးမှန်သမျှ အတည်ဖြစ်တဲ့အတွက် ယခုပါတီတချို့ စောဒကတက်နေတာ၊ ရလဒ်လက်မခံတာတွေက ကော်မရှင်ဆုံးဖြတ်ချက်ကိုကျော်လွန်ပြီး ဘာမှလုပ်ခွင့်မရတဲ့အတွက် ကော်မရှင်ကို တိုက်ရိုက်ဆန္ဒဖော်ထုတ်နေတာ ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကလည်း  နိုဝင်ဘာ ၃၀ ရက်က တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်စာနဲ့ သက်ဆိုင်ဖွယ်ရှိနေပါတယ်။တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်များ ဥပဒေနှင့်အညီ နည်းလမ်းတကျဖြစ်ထွန်းခဲ့ခြင်း ရှိ၊ မရှိကို တပ်မတော်သားများနဲ့ ၎င်းတို့၏ အိမ်ထောင်စုဝင်များ ဆန္ဒမဲပေးခဲ့သည့် မြို့နယ် ၂၁၈  မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်များကို စိစစ်သုံးသပ်လျက်ရှိနေတယ်ဆိုပြီး တွေ့ရှိချက်များအရ လိုအပ်ရင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းသွားမည်ဆိုပြီး ဖြစ်စဉ်တွေကိုသုံးသပ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းများကူးယူခွင့်ကို တောင်းခံတဲ့အခါ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်အနေဖြင့် သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အရ အများပြည်သူနှင့်သက်ဆိုင်သည့် စာတမ်းအမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပြုရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်သလို ညွှန်ကြားပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ဒီလိုထုတ်ပြန်ချက်နောက်မှာ အာဏာရပါတီလည်းဖြစ် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရပါတီလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဒါဟာ ဥပဒေနဲ့ဆီလျော်မှုမရှိဘူး၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အပြီးအပြတ်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ် ထပ်မံစိစစ်မည်ဆိုခြင်းသည် ရှေ့နောက်ညီညွတ်မှုမရှိဘူးဆိုပြီး မီဒီယာတွေကို ပြောခဲ့ပါတယ်။ဒီလိုတုံ့ပြန်ချက်အတွက် တပ်ဘက်က ဘာမှပြန်လည်တုံ့ပြန်မှုမရှိခင် ရွေးကော်ဘက်က ဒီလိုခွင့်ပြုချက်မရဘဲ ကူးခွင့်မပေးဖို့ ညွှန်ကြားတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာတွေဖြစ်လာနိုင်စရာရှိသေးလဲဆိုတာ အများပြည်သူအတွက် စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ယခုချိန်ထိ နှစ်ဘက်စလုံးက ဘာသံမှမထွက်သေးတဲ့အတွက် ဒါလည်းစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။  

ဒီလို ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ မသိနိုင်တဲ့ စောင့်ကြည့်ရမယ့် သတင်းတွေအပြင် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမ ၁၀၀ ကျော်ကို ပါတီတွေဘက်က မြို့နယ်ပေါင်း ၇၀ ကျော်မှာ တရားစွဲဆိုထားလို့ ရှေ့နေများကွန်ရက်က အခမဲ့ရှေ့နေလိုက်ပေးမယ်ဆိုတဲ့ သတင်းတွေ၊ မိုးကုတ်မြို့ထဲ မနက်ဘက် ဝင်ရောက်ပြန်ပေးဆွဲခံရတဲ့ SP Bakery မုန့်တိုက်ပိုင်ရှင်ကို တအာင်းလက်နက်ကိုင်အဖွဲ့က သူတို့ဖမ်းထားတာဆိုပြီး ဝန်ခံလိုက်တဲ့သတင်းတွေ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့မှာ အသက် ၃၈ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်တွေကလည်း ယခုရက်သတ္တပတ်အတွင်းမှာ စောင့်ကြည့်စရာသတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာရပ်လိုက်ချင်ပါတယ်။

ခက်ထန်စိုး
ဒီဇင်ဘာ - ၇

( Zawgyi )

ကိုဗစ္ကာကြယ္ေဆးေၾကာင့္ ႏိုင္ငံတကာမွာ လႈပ္လႈပ္႐ြ႐ြျဖစ္လာခ်ိန္မွာဘဲ မႏၲေလးနဲ႔ ရန္ကုန္ အပါအဝင္ အခ်ိဳ႕ျပည္နယ္နဲ႔ တိုင္းေတြမွာေတာ့ ကိုဗစ္ကူးစက္မႈႏူန္း ျမင့္တက္လာခဲ့တဲ့အတြက္ ထိန္းခ်ဳပ္မႈေတြ ဆက္တိုက္ျပဳလာခဲ့လို႔ သာမန္ေနထိုင္မႈကေန တစ္ႏွစ္နီးပါး ကန႔္သတ္ေနထိုင္ေနခဲ့ရတဲ့ကာလမွာ အခက္အခဲေတြ ထပ္တိုးလာခဲ့ပါတယ္။အထူးသျဖင့္ ဒီရက္ထဲမွာ မႏၲေလးဘက္က ကိုဗစ္ထိန္းခ်ဳပ္တဲ့သတင္းေတြက သတင္းႀကီးျဖစ္ခဲ့ပါတယ္။

မႏၲေလးကိုဗစ္သတင္းက စိတ္ဝင္စားစရာေကာင္းသလို ယခုရက္ပိုင္းအတြင္း တအာင္းလက္နက္ကိုင္ (TNLA) တပ္ဖြဲ႕ေတြ စိမ့္ဝင္လာလို႔ တပ္နဲ႔ မိုးကုတ္အနားမွာ တိုက္ပြဲျဖစ္ခဲ့သလို ယခုရက္သတၱပတ္ထဲမွာဘဲ TNLA တပ္ေတြက မိုးကုတ္ၿမိဳ႕ထဲဝင္ၿပီး  ၿမိဳ႕မ်က္ႏွာဖုံးသူေဌးတစ္ဦးကို ျပန္ေပးဝင္ဆြဲခဲ့တဲ့အထိျဖစ္ခဲ့တဲ့ ျဖစ္စဥ္ကလည္း ထိတ္လန႔္တုန္လႈပ္စရာပါ။ဒါဟာ မိုးကုတ္ၿမိဳ႕အေျခအေနက TNLA ရဲ႕ လက္လွမ္းမီတဲ့ေနရာျဖစ္ေနၿပီလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။ဒီလို က်န္းမာေရး၊ တရားဥပေဒစိုးမိုးေရးအျပင္ ႏိုင္ငံေရးဘက္မွာဆိုရင္လည္း ေ႐ြးေကာက္ပြဲဆိုင္ရာ စာ႐ြက္စာတမ္းေတြကို တပ္မေတာ္ဘက္က ေတာင္းယူခဲ့လို႔ ဒါဟာ ေ႐ြး/ေကာ္ဥပေဒအရ မညီၫြတ္ဘူးဆိုၿပီး အာဏာရႏိုင္ငံေရးပါတီနဲ႔ ႏိုင္ငံေရးသမားေတြ၊ ပါတီေတြဘက္က မွတ္ခ်က္ျပဳတာေတြ၊ ေကာ္မရွင္ဘက္က ဘယ္အဖြဲ႕အစည္းကိုမွ ကူးယူခြင့္မျပဳဖို႔ ၫႊန္ၾကားခဲ့တာေတြကလည္း ဘာေတြဆက္ျဖစ္လာမလည္းဆိုၿပီး စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။

ယခုရက္သတၱပတ္မွာ ဒီလိုသတင္းေတြအျပင္ foodpanda delivery လုပ္ငန္းက delivery သမားေတြ သူတို႔အခက္အခဲကို ေဖာ္ထုတ္ခဲ့တဲ့ျဖစ္ရပ္ေတြ၊ မူးယစ္ေဆးဝါးေမွာင္ခိုပို႔သူ ျမန္မာႏိုင္ငံသား ၇ ဦးကို ဖမ္းမိထားေၾကာင္း ဘဂၤလားေဒ့ရွ႕္ဘက္က ထုတ္ျပန္ခဲ့တာေတြ၊ Facebook ေပၚမွာ ျပည္ခိုင္ၿဖိဳးပါတီကို မဲေပးဖို႔ စစ္တပ္က ဖိအားေပးေနပါတယ္ဆိုၿပီး ေရးသားခဲ့တဲ့ မသၪၨာသန္းမင္း ကို ပခုကၠဴၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ကိုးလ အမိန႔္ခ်မွတ္ခဲ့တာေတြ၊ ႏိုင္ငံေရးတည္ၿငိမ္မႈနဲ႔ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈအရ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑မွာ တပ္မေတာ္ဘက္က ဆက္လက္ပါဝင္ေနမွာျဖစ္တယ္လို႔ ကာခ်ဳပ္က စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းဆင္းပြဲမွာ ေျပာၾကားခဲ့တာ စတာေတြက ယခုရက္ထဲ စိတ္ဝင္ထားစရာျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြထဲကေန လူမႈကြန္ရက္မွာ စိတ္ဝင္စားမႈအျမင့္ဆုံးရေနတဲ့ မႏၲေလး ကိုဗစ္ထိန္းခ်ဳပ္မႈသတင္းေတြနဲ႔ ေ႐ြးေကာက္ပြဲၿပီးသြားၿပီး အေျဖထြက္သြားၿပီျဖစ္ေပမယ့္ ဆက္ဆႏၵျပလို႔မဆုံးျဖစ္ေနတဲ့ ပါတီေထာက္ခံဝန္းရံသူေတြရဲ႕ စိတ္ဝင္စားဖြယ္ရာ လႈပ္ရွားမႈသတင္းေတြကို ေ႐ြးေကာက္ၿပီး ယခုရက္သတၱပတ္ရဲ႕ ျပည္တြင္းသတင္းသုံးသပ္ခ်က္အျဖစ္ ေဖာ္ျပခ်င္ပါတယ္။  

တင္းက်ပ္တဲ့ ထိန္းခ်ဳပ္မႈနဲ႔ မႏၲေလး အလုပ္ျဖစ္ပါ့မလား

ေဒသတြင္း အမ်ားဆုံးကူးစက္ခံရသူႏူန္းထိ တက္လာတဲ့ ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္ကူးစက္မႈက တစ္သိန္းဝန္းက်င္အထိရွိလာတဲ့အခါ အမ်ားျပည္သူအတြက္ ကူးစက္မႈကို သာမန္အဖ်ားေရာဂါတစ္ခု ျဖစ္႐ိုးျဖစ္စဥ္ေရာဂါလို႔ ေျပာင္းလဲေတြးလာတာေတြရွိလာခဲ့ၿပီး က်န္းမာေရးအရ တားျမစ္သတိေပးခ်က္ေတြအေပၚ လိုက္နာမႈက တစ္ရက္ထက္ တစ္ရက္ ေလ်ာ့က်လာခဲ့ပါတယ္။
ဒီလိုအေျခအေနကို ကူးစက္မႈဗဟိုခ်က္ျဖစ္တဲ့ ရန္ကုန္မွာ ထင္ထင္ရွားရွားေတြ႕လာေနရပါတယ္။အထူးသျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ေရာဂါလကၡဏာကလည္း တခ်ိဳ႕ကိုယ္ခံအားေကာင္းတဲ့လူေတြမွာ မေပၚတာေၾကာင့္ လူတိုင္းက ကူးစက္ကပ္ေရာဂါ ျပင္းျပင္းထန္ထန္ဆိုး႐ြားေနခ်ိန္မွာ ျပင္ပကို အရဲကိုးၿပီးသြားလာမႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ေရာဂါကို ပိုျပန႔္ပြားေအာင္လုပ္သလိုျဖစ္ခဲ့ၿပီး ေသဆုံးမႈႏူန္းနဲ႔ ကူးစက္ခံရမႈႏူန္းက ဆက္တိုက္ဆိုသလို ျမင့္မားလာခဲ့တဲ့အတြက္ ယခုရက္သတၱပတ္မွာ ဒုတိယကူးစက္မႈအျမင့္ဆုံးျဖစ္တဲ့ မႏၲေလးမွာ တစ္စိတ္တစ္ပိုင္း ေလာ့ခ္ေဒါ့င္းခ်တဲ့ တင္းက်ပ္တဲ့ stay Home ကို ခ်မွတ္ခဲ့ရတာကို ေတြ႕ရပါတယ္။

ဒါဟာ ေ႐ြးေကာက္ပြဲအၿပီးမွာ ကူးစက္ႏူန္းေတြ ျပန္လည္ျမင့္တက္လာမယ့္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ႀကိဳေျပာထားခဲ့သလိုပါဘဲ ေ႐ြးေကာက္ပြဲအၿပီး တစ္လခန္႔အၾကာမွာ မႏၲေလးမွာ တင္းက်ပ္တဲ့ stay home ကိုခ်ၿပီး ကူးစက္မႈကြင္းဆက္ကိုျဖတ္ဖို႔ အာဏာပိုင္ေတြက ႀကိဳးစားလာခဲ့ပါတယ္။ဒီအတြက္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္က သူ႔ရဲ႕လူမႈကြန္ရက္ကေနတစ္ဆင့္ လိုအပ္လို႔ ေဆာင္႐ြက္ရတာပါဆိုၿပီး ဒီဇင္ ဘာ ၅ ရက္က စာေရးတင္ခဲ့ရာမွာ ဒီဇင္ဘာ ၂ ရက္ေန႔အထိ မႏၲေလးမွာ Covid-19 ရွိ/မရွိ ၁၀၆,၇၇၈ ဦးကို စစ္ေဆးရာမွာ အတည္ျပဳလူနာ ၆၃၁၆ ဦးရွိခဲ့ေၾကာင္း၊ ဒီထဲမွာ ေသဆုံးသူ ၆၄ ဦးရွိခဲ့ေၾကာင္း၊ ဒီလိုအေျခအေနအေနမွာ တင္းတင္းၾကပ္ၾကပ္ စိစစ္ေဆာင္႐ြက္ဖို႔လိုမယ္လို႔ တိုင္းေဒသႀကီးအစိုးရက ဆုံးျဖတ္ခဲ့တဲ့အေၾကာင္း၊ ဒီအတြက္ ဒီဇင္ဘာ ၅ ရက္ေန႔ကေန ဒီဇင္ဘာ ၁၈ ရက္အထိ Stay at home ကို မႏၲေလးခ႐ိုင္အတြင္းမွာ ပီပီျပင္ျပင္ေဆာင္႐ြက္ရန္ ၫႊန္ၾကားရျခင္းျဖစ္ပါတယ္၊ ေဆာင္႐ြက္သင့္တဲ့အခ်ိန္ျဖစ္လို႔ တင္းၾကပ္စြာ အေကာင္အထည္ေဖာ္တာေတြကို နားလည္ေပးဖို႔ လိုအပ္သလိုကူညီဖို႔လည္း ေမတၱာရပ္ခံပါတယ္ဆိုၿပီး ေရးတင္ခဲ့ပါတယ္။

ဘာလို႔ မႏၲေလးတိုင္းေဒသႀကီးမွာ မႏၲေလးခ႐ိုင္တစ္ခုတည္းကို တင္းက်ပ္တဲ့ stay at home ခ်ရသလဲဆိုတာ ပိုးေတြ႕သူအမ်ားဆုံးျဖစ္ၿပီး လူဦးေရထူထပ္ကာ က်ဴးေက်ာ္ေတြ ေ႐ႊ႕ေျပာင္းလုပ္သားေတြ‌ေၾကာင့္ ဒီလိုခ်ရတာလို႔ ဆိုပါတယ္။ဒီလိုတင္းက်ပ္တဲ့ stay at Home ကို ေထာက္ခံတဲ့သူေတြလည္းရွိသလို ေဝဖန္ခဲ့သူေတြကိုလည္း ေတြ႕ရပါတယ္။ၿမိဳ႕နယ္ျဖတ္၊ ရပ္ကြက္ျဖတ္တာက ခြင့္ျပဳထားတဲ့ လုပ္ငန္းအမ်ိဳးအစားနဲ႔ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္မရွိရင္၊ ခြင့္ျပဳထားတဲ့ လက္မွတ္မပါရင္ ေငြဒဏ္ကို႐ိုက္ေနတဲ့အတြက္ မႏၲေလး ကိုဗစ္ထိန္းခ်ဳပ္မႈက ရက္ပိုင္းအထိ အေျခအေနေကာင္းေနပါေသးတယ္။

ဒီလို တင္းတင္းက်ပ္က်ပ္ပိတ္ပင္မႈ (ဝါ) တင္းက်ပ္တဲ့ stay home ကို ရန္ကုန္လို လူဦးေရ ၇ သန္း ၈ သန္းေလာက္ရွိၿပီး စက္မႈဇုန္ေတြ တစ္ႏိုင္ငံလုံးက ေ႐ႊ႕ေျပာင္းလုပ္သားေတြ အေျခခ်ေနထိုင္တဲ့ေနရာမွာ ၿပီးခဲ့တဲ့ မတ္လတုန္းကတစ္ႀကိမ္၊ ႏိုဝင္ဘာလအတြင္းကတစ္ႀကိမ္ က်င့္သုံးၿပီး ကူးစက္မႈကိုဟန႔္တားဖို႔ ႀကိဳးစားခဲ့ဘူးပါတယ္။မတ္လတုန္းက တင္းၾကပ္တဲ့ Stay home မွာ ပထမလႈိင္းျဖစ္တာရယ္၊ လူတိုင္းက ဒီကူးစက္ေရာဂါရဲ႕ သေဘာသဘာ၀ကို မသိတာရယ္ေၾကာင့္ ဟန႔္တားမႈက ေအာင္ျမင္ၿပီးေနာက္ပိုင္းမွာ ရခိုင္ကျပန္ဝင္လာတဲ့သူေတြေၾကာင့္ ဒုတိယလႈိင္း ရန္ကုန္မွာအျပင္းအထန္ျဖစ္လာလို႔ stay home ခ်ခဲ့ရာမွာ ယေန႔ျမင္ရတဲ့အတိုင္း ေအာင္ျမင္မႈမရွိခဲ့တာကို ေတြ႕ရပါတယ္။ဒီအတြက္ မႏၲေလးမွာတင္းက်ပ္တဲ့ stay at home အစီအစဥ္က ေအာင္ျမင့္ပါ့မလား၊ အထိုက္အလွ်ာက္ ကူးစက္မႈေလ်ာ့ပါးေအာင္၊ တင္းက်ပ္ထားတဲ့ နယ္ေျမထဲမွာ ကူးစက္ခံေနရတာရွိရင္ ဆြဲထုတ္ကုဖို႔လားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပတဲ့ ေ႐ြးေကာက္ပြဲနဲ႔ ေ႐ြးေကာက္ပြဲမတိုင္ခင္ ပါတီေထာက္ခံဝန္းရံသူေတြေၾကာင့္ ကူးစက္မႈက ယခုလို အရွိန္ျမင့္တက္လာတာဆိုၿပီး ယူဆလို႔ရေပမယ့္ တစ္ကယ္အရင္းခံအေၾကာင္းအရာကေတာ့ ကူးစက္ကပ္ေရာဂါအေပၚ ေပါ့ဆလာတာနဲ႔ ၾကာရွည္လာတဲ့ကန္႔သတ္မႈကို ေတာင့္ခံေလာက္ရေအာင္ အေျခခံလူတန္းစားရဲ႕ စီးပြားေရးမခိုင္မာတာေတြ‌က အဓိကအရင္းခံ အေၾကာင္းအရာဘဲျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ ကူးစက္မႈျပင္းထန္တဲ့ ဒုတိယလႈိင္းမွာ လူေတြအေနနဲ႔  ပထမလႈိင္းတုန္းကလို  အိမ္ထဲကေနေတာင့္ခံဖို႔ မျဖစ္ႏိုင္ဘဲ ဝမ္းစာအတြက္ ကူးစက္ကာမွ ကူးေရာဆိုတဲ့ အေျခအေနနဲ႔ျဖတ္သန္းၾကတဲ့အတြက္ ရန္ကုန္မွာ ကူးစက္ခံရမႈက ရာခိုင္ႏူန္းအားျဖင့္ ၈၀ ရာခိုင္ႏူန္းေလာက္ထိ ရွိလာခဲ့ပါတယ္။ရန္ကုန္မွာ ကူးစက္ခံရသူမရွိတဲ့ ေနရာ၊ အရပ္ဆိုတာ မရွိသေလာက္ျဖစ္ခဲ့သလို ရန္ကုန္မွာ ကိုဗစ္ေၾကာင့္‌ ေသဆုံးသူမရွိတဲ့ရပ္ကြက္ မရွိသေလာက္အထိ ျဖစ္ေနခဲ့ပါတယ္။

ဒီေလာက္ထိ ကူးစက္မႈျပင္းထန္ေနေပမယ့္ ရန္ကုန္ကိုထပ္ပိတ္ဖို႔ မျဖစ္ႏိုင္တာရယ္၊ ႏိုင္ငံ့စီးပြားေရးကို အဓိကေမာင္းႏွင္ရာေဒသ ျဖစ္ေနတဲ့အတြက္ တင္းက်ပ္တဲ့ အစီအမံအစား သတိႏွင့္ယွဥ္ၿပီး သြားလာေနထိုင္ၿပီး ကူးစက္ခံရသူေတြကို တတ္ႏိုင္သမွ်ကုသေပးႏိုင္ဖို႔ လုပ္ေနတာကို ေတြ႕ရပါတယ္။ကမာၻ႔ကူးစက္မႈ ဒုတိယအျမင့္ဆုံးျဖစ္ေနခဲ့တဲ့ အိႏၵိယမွာလည္း ဗိုင္းရပ္စ္ကူးစက္မႈျမင့္ေနေပမယ့္ ကန႔္သတ္မႈေတြ ေလာ့ခ္ေဒါင္းခ်မႈေတြ ျပင္းျပင္းထန္ထန္မလုပ္ဘဲ အတတ္ႏိုင္ဆုံး ဗိုင္းရပ္စ္နဲ႔အတူယွဥ္တြဲၿပီး က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ကာ ရႏိုင္သမွ် စစ္၊ ေတြ႕ရင္ကုသဖို႔ ဆြဲတင္၊ ဒီလိုပုံစံနဲ႔ စီးပြားေရးမက်ေအာင္ လုပ္ေနရတာကို ေတြ႕ရပါတယ္။စီးပြားေရးေကာင္းတဲ့ ဥေရာပႏိုင္ငံေတြမွာေတာင္ ယတိျပတ္ေလာ့ခ္ေဒါင္းခ်ဖို႔ ဆိုတာကို အေတာ္ေလးခ်ိန္ခ်ိန္ဆဆလုပ္ေနၾကတာကိုၾကည့္ရင္ ကိုဗစ္ဒုတိယလႈိင္းမွာ ႏိုင္ငံစီးပြားေရးၿပိဳလဲက်မွာကို သတိထားေနရတဲ့ အေနအထားပါ။

လက္ရွိမွာ ျမန္မာႏိုင္ငံတစ္ဝန္း ကိုဗစ္ကူးစက္မႈက ျမင့္တက္ေနပါတယ္။အစိုးရအေနနဲ႔ ကိုဗစ္ကူးစက္ခံရသူတစ္ေယာက္အတြက္ အသုံးျပဳရတဲ့ ကုန္က်စရိတ္က ေရာဂါမျပင္းထန္တဲ့သူမွာေတာင္ အနည္းဆုံး ၁၅ သိန္း ကုန္က်တယ္ဆိုၿပီး ေရာဂါျပင္းထန္တဲ့ သူဆိုရင္ ၂၅ သိန္းေလာက္ အနည္းဆုံးကုန္က်တယ္လို႔ ႏိုင္ငံေတာ္အတိုင္ခံပုဂၢိဳလ္က ျပည္သူေတြကို ႐ုပ္သံကေနေျပာတဲ့ အစီရင္ခံစာမိန႔္ခြန္းမွာ ေျပာထားတာကို ေတြ႕ရပါတယ္။အစိုးရအတြက္ စိုက္ထုတ္ကုန္က်မႈကမ်ားသလို လက္ရွိမွာ ကိုဗစ္ကာကြယ္ေဆးက ေပၚထြက္လာတဲ့အတြက္ ေဆးဝယ္ဖို႔လည္း ကုန္က်စရိတ္က တျခားႏိုင္ငံေတြနဲ႔ အၿပိဳင္ဝယ္ရမွာျဖစ္တယ္လို႔ ေျပာခဲ့တာကို ေတြ႕ရပါတယ္။

လက္ရွိမွာ ကိုဗစ္ကူးစက္ျပန႔္ပြားမႈ အျမင့္ဆုံးျဖစ္ေနတဲ့ ရန္ကုန္ကိုထိန္းခ်ဳပ္ဖို႔ ဆႏၵျပဳေနၾကတာရွိပါတယ္။ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီးဆိုရင္ ရန္ကုန္တိုင္းအတြင္းရွိ ျပည္သူလူထုအေနနဲ႔ ႏွစ္ပတ္အတြင္း အိမ္မွာေနပါက ကိုဗစ္ေရာဂါကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္တယ္ဆိုၿပီး မီဒီယာေတြကို ေျပာခဲ့တာရွိပါတယ္။ဒါေပမယ့္ လက္ရွိ ျမန္မာႏိုင္ငံ စီးပြားေရးလုပ္ငန္းေတြ၊ ဘဏ္ေတြနဲ႔ တျခားလုပ္ငန္းအမ်ားစုက ရန္ကုန္မွာ အေျခစိုက္တာမို႔ ကိုဗစ္ကာကြယ္ေဆးရလို႔ စီးပြားေရးကို ပုံမွန္အတိုင္း ျပန္လည္စတင္လည္ပတ္လာရရင္ အရွိန္ရဖို႔လိုေနတဲ့အတြက္ ဒီလမ္းကိုေ႐ြးလိမ့္မယ္လို႔ အမ်ားျပည္သူက မတြက္ဆထားသလို အလုပ္ျဖစ္လိမ့္မယ္လို႔လည္း မတြက္ဆထားတာလည္းရွိပါတယ္။

မႏၲေလးမွာ ထိန္းခ်ဳပ္တာ အလုပ္ ျဖစ္၊ မျဖစ္ မသိေပမယ့္ ရန္ကုန္မွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရသူ တစ္ရက္ကို ေထာင္နဲ႔ခ်ီေနေပမယ့္ ရန္ကုန္ေနသူေတြကေတာ့ မတုန္လႈပ္ေတာ့တဲ့ အေျခအေနပါ။ဒါေၾကာင့္လည္း က်န္းမာေရးအာဏာပိုင္ေတြက Mask တပ္ဖို႔နဲ႔  ခပ္ခြာခြာေနထိုင္ဖို႔၊ လက္ေဆးဖို႔သာ တြင္တြင္သတိေပးေန၊ လုပ္ေနလို႔ ရန္ကုန္မွာ Mask တပ္ သြားလာတဲ့ ယဥ္ေက်းမႈက ျဖစ္ထြန္းလာသလို တစ္ဦးနဲ႔ တစ္ဦး ခပ္ခြာခြာေနထိုင္လာၾကတာကိုလည္း ေန႔စဥ္လူေနမႈဘ၀မွာ ျမင္ေတြ႕လာေနရၿပီျဖစ္ပါတယ္။

သတင္းေတြအရ stay at home မသတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ ႏိုင္ငံ့ဝန္ထမ္းေတြကို ဒီဇင္ဘာ ၇ ရက္ကစၿပီး  ႐ုံးျပန္တက္ခိုင္းတာ၊ ျပည္တြင္းခရီးသြားလုပ္ငန္းအခ်ိဳ႕ကို  COVID-19 စည္းမ်ဥ္း စည္းကမ္း၊ စံႏႈန္းသတ္မွတ္ခ်က္ေတြနဲ႔အညီ  ျပန္လည္စတင္ႏိုင္ဖို႔ လုပ္ေနတာေတြ၊ မၾကာေသးခင္က ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေန ရန္ကုန္တိုင္းအတြင္း ပိုးေတြ႕ႏႈန္းျမင့္တဲ့ ရပ္ကြက္ေတြကိုဘဲ stay at home အျဖစ္ ေျပာင္းလဲေၾကညာဖို႔ စာရင္းေကာက္ယူေနတာဆိုတဲ့ သတင္းေတြေၾကာင့္ အာဏာပိုင္ေတြအေနနဲ႔ ရန္ကုန္မွာ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္လည္ပတ္ႏိုင္တဲ့ အပိုင္းလိုက္ထိန္းခ်ဳပ္တဲ့စနစ္ကို ေျပာင္းလဲက်င့္သုံးလာဖြယ္ရွိတဲ့အတြက္ တင္းက်ပ္တဲ့ stay at home စနစ္ က်င့္သုံးတဲ့ မႏၲေလးနဲ႔ အပိုင္းလိုက္ stay at home စနစ္က်င့္သုံးႏိုင္တဲ့ ရန္ကုန္ရဲ႕ထိန္းခ်ဳပ္မႈမွာ ဘယ္စနစ္က  စီးပြားေရးနဲ႔ က်န္းမာေရးကို ဟန္ခ်က္ညီညီ အလုပ္ျဖစ္ေစမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲႏွင့္ မၿပီးႏိုင္ေသးတဲ့ ဝိေရာဓိမ်ား  

ေ႐ြးေကာက္ပြဲက်င္းပၿပီးတာ တစ္လခန႔္ၾကာလာေပမယ့္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ရလဒ္ကို လက္မခံတဲ့ ကန႔္ကြက္မႈေတြက ယေန႔ထိဆက္လက္ျဖစ္ေနတာကို ေတြ႕ရပါတယ္။ဒီဇင္ဘာ ၆ ရက္မွာ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံဘူးဆိုတဲ့ ပါတီအခ်ိဳ႕ကို ဝန္းရံသူေတြလို႔ဆိုတဲ့သူေတြက ရန္ကုန္ၿမိဳ႕က ဂ်ပန္၊ တ႐ုတ္၊ အေမရိကန္ႏွင့္ ၿဗိတိန္သံ႐ုံးေရွ႕မွာ ဆႏၵလာျပခဲ့ၾကတဲ့အတြက္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။ဒါဟာ ကိုဗစ္ကာလအတြင္း ရန္ကုန္မွာ ဆႏၵထုတ္ေဖာ္ခြင့္မျပဳေသးတဲ့အခ်ိန္မွာ ေ႐ြးေကာက္ပြဲမွာ ခြက္ခြက္လန္ေအာင္ရႈံးၿပီး တစ္ေနရာမွ အႏိုင္မရခဲ့တဲ့ ပါတီအမ်ားစုပါဝင္တဲ့ ပါတီေထာက္ခံသူေတြဘက္က ဆက္တိုက္လုပ္လာခဲ့တာပါ။ယခုအခါ သက္ဆိုင္ရာက အေရးယူမႈေတြစလုပ္တဲ့ အေျခအေနဆီကို ေရာက္လာခဲ့ပါၿပီ။

ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဦးတည္ၿပီး ဆႏၵျပမႈေတြက ယခုေနာက္ပိုင္းမွာ စိတ္ဝင္စားစရာေကာင္းခဲ့သလို ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း ေ႐ြးေကာက္ပြဲမွာရခဲ့တဲ့ ဆႏၵမဲအေရအတြက္ေတြကို အစိုးရသတင္းစာမွာ ေဖာ္ျပေပးခဲ့တဲ့အတြက္ ဆႏၵျပေနတဲ့သူေတြေထာက္ခံခဲ့တဲ့ ပါတီေတြရခဲ့တဲ့ မဲအေရအတြက္ကလည္း အေတာ္ေလးအျပတ္အသတ္ကို ကြာဟေနတာကို ေတြ႕ရပါတယ္။အမ်ားျပည္သူ အျမင္မွာေတာ့ မဲအေရအတြက္ အနည္းငယ္အသာနဲ႔ အႏိုင္ရသြားလို႔ မခံခ်ိမခံသာျဖစ္ေနတာလားဆိုတဲ့ ေတြးျမင္ခ်က္က သတင္းစာကေနေဖာ္ျပခ်က္ေတြ ျမင္ရၿပီးမွာေတာ့ ဒါဟာ သက္သက္ကို ရလဒ္ကိုပ်က္ျပယ္ေအာင္ စည္းေဘာင္အျပင္က ႀကိဳးစားေနတယ္ဆိုတာကို ေရေရရာရာနားလည္ခဲ့ၾကပါတယ္။

နယ္ေတြမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆန႔္က်င္ဆႏၵျပမႈေတြလုပ္သလို၊ ရန္ကုန္စည္ပင္နယ္နိမိတ္မွာပါတဲ့ ၿမိဳ႕နယ္ေတြမွာလုပ္ေပမယ့္ အမ်ားျပည္သူက စိတ္ဝင္စားမႈမရွိတာေၾကာင့္ ရန္ကုန္ၿမိဳ႕ထဲက ႏိုင္ငံျခားသံ႐ုံးေတြေရွ႕မွာ လာလုပ္ရသလားဆိုတာ စဥ္းစားခ်င္စရာပါ။လာဆႏၵျပတဲ့ သူေတြမွာလည္း အခ်ိဳ႕က ဆိုင္းဘုတ္ေတြကိုင္ထားေပမယ့္ အတည့္လား အေစာင္းလားဆိုတာ မခြဲႏိုင္ေလာက္ေအာင္ ထုံေပေပရပ္ေနၾကတာကို ေတြ႕ရတဲ့အတြက္ သတင္းမီဒီယာေခတ္မွာ ဒါဟာ ရယ္သြမ္းဖြဲ႕စရာျဖစ္ခဲ့ပါတယ္။ဘာပဲျဖစ္ျဖစ္ သံ႐ုံးေရွ႕မွာ ဆႏၵျပခဲ့တဲ့အတြက္ အေရးယူခံလိုက္ရၿပီျဖစ္လို႔ ဆက္ဆႏၵျပမႈေတြ ျဖစ္လာပါဦးမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါဘဲ။

လက္ရွိက်င္းပၿပီစီးသြားတဲ့ ေ႐ြးေကာက္ပြဲရလဒ္ကို  ကိုယ္စားလွယ္တစ္ေနရာမွာ အေ႐ြးမခံရတဲ့ ျပည္သူေတြ ႀကိဳက္ႏွစ္သက္မႈနည္းလြန္းတဲ့ ပါတီေတြဘက္က မလက္ခံဘူးဆိုေပမယ့္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ေခါင္းေဆာင္ထံ ဥေရာပေကာင္စီ ဥကၠ႒ Mr. Charles MICHEL နဲ႔  ဥေရာပေကာ္မရွင္ ဥကၠ႒ Ms. Ursula VON DER LEYEN တို႔က ဒီရက္ထဲမွာဘဲ ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာ ေပးခဲ့တာကို ေတြ႕ရပါတယ္။ဒီလို ႏိုင္ငံတကာနဲ႔ ေဒသတြင္း ႏိုင္ငံအသီးသီးက ေခါင္းေဆာင္ေတြက အသိအမွတ္ျပဳၾကေပမယ့္ ျပည္တြင္းပါတီအခ်ိဳ႕က ဒီရလဒ္ကို အတင္းဖင္ပိတ္ၿပီး လက္မခံျခင္းရဲ႕ေနာက္ကြယ္မွာ ဘာရည္႐ြယ္ခ်က္ရွိလဲဆိုတာ စူးစမ္းခ်င္စရာပါ။

ထူးျခားတာက ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကေန ဒီရက္ထဲမွာဘဲ ေကာ္မရွင္အဖြဲ႕ခြဲေတြဆီ ဒီဇင္ဘာ ၁ ရက္ ေန႔စြဲနဲ႔ ၫႊန္ၾကားလႊာထုတ္ခဲ့တယ္ ဆိုပါတယ္။ဒီစာက ျပင္ပကိုထြက္လာတာ မေတြ႕ရေပမယ့္ စာထဲမွာ ေ႐ြးေကာက္ပြဲဆိုင္ရာ စာ႐ြက္စာတမ္း၊ အမွတ္အသားႏွင့္ အေထာက္အထားမ်ားကို မည္သည့္အဖြဲ႕အစည္း၊ မည္သည့္ပုဂၢိဳလ္တစ္ဦးေယာက္ကိုမွ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ခြင့္ျပဳခ်က္မရဘဲ ကူးယူခြင့္မျပဳဖို႔ ၫႊန္ၾကားခဲ့တာကို ေတြ႕ရပါတယ္။ဒါဟာ အာဏာရွင္အစိုးရလက္ထက္ စိတ္တိုင္းက်အခ်ိန္ယူေရးဆြဲခဲ့တဲ့  ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ေပးထားခ်က္ပါ။ျပ႒ာန္းခ်က္ေတြအရ  ဒီေ႐ြးေကာက္ပြဲေကာ္မရွင္ကို အႏိုင္ရပါတီရဲ႕ သမၼတက ဖြဲ႕စည္းေပးတယ္ဆိုေပမယ့္ ဖြဲ႕စည္းၿပီးကတည္းက လြတ္လပ္တဲ့အဖြဲ႕အစည္းျဖစ္လို႔ အစိုးရက ဝင္စြက္ဖက္လို႔မရသလို ေကာ္မရွင္က ဆုံးျဖတ္ၿပီးမွန္သမွ် အတည္ျဖစ္တဲ့အတြက္ ယခုပါတီတခ်ိဳ႕ ေစာဒကတက္ေနတာ၊ ရလဒ္လက္မခံတာေတြက ေကာ္မရွင္ဆုံးျဖတ္ခ်က္ကိုေက်ာ္လြန္ၿပီး ဘာမွလုပ္ခြင့္မရတဲ့အတြက္ ေကာ္မရွင္ကို တိုက္႐ိုက္ဆႏၵေဖာ္ထုတ္ေနတာ ျဖစ္ပါတယ္။

ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္ကလည္း  ႏိုဝင္ဘာ ၃၀ ရက္က တပ္မေတာ္ဘက္က ထုတ္ျပန္ထားတဲ့ ထုတ္ျပန္စာနဲ႔ သက္ဆိုင္ဖြယ္ရွိေနပါတယ္။တပ္မေတာ္ဘက္က ထုတ္ျပန္ခ်က္မွာ တပ္မေတာ္အေနျဖင့္ ေ႐ြးေကာက္ပြဲျဖစ္စဥ္မ်ား ဥပေဒႏွင့္အညီ နည္းလမ္းတက်ျဖစ္ထြန္းခဲ့ျခင္း ရွိ၊ မရွိကို တပ္မေတာ္သားမ်ားနဲ႔ ၎တို႔၏ အိမ္ေထာင္စုဝင္မ်ား ဆႏၵမဲေပးခဲ့သည့္ ၿမိဳ႕နယ္ ၂၁၈  ၿမိဳ႕နယ္မွ ေ႐ြးေကာက္ပြဲျဖစ္စဥ္မ်ားကို စိစစ္သုံးသပ္လ်က္ရွိေနတယ္ဆိုၿပီး ေတြ႕ရွိခ်က္မ်ားအရ လိုအပ္ရင္ သက္ဆိုင္ရာမဲဆႏၵနယ္မွ မဲဆႏၵရွင္မ်ားက ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ေ႐ြးေကာက္ပြဲကန႔္ကြက္လႊာမ်ား တင္သြင္းသြားမည္ဆိုၿပီး ျဖစ္စဥ္ေတြကိုသုံးသပ္ရာမွာ လိုအပ္တဲ့ စာ႐ြက္စာတမ္းမ်ားကူးယူခြင့္ကို ေတာင္းခံတဲ့အခါ သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္ အဆင့္ဆင့္အေနျဖင့္ သက္ေသခံဥပေဒပုဒ္မ ၇၄ ႏွင့္ ၇၆ တို႔အရ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ စာတမ္းအမွတ္အသားမ်ားကို ဥပေဒႏွင့္အညီ ကူးယူခြင့္ျပဳေရးအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လိုအပ္သလို ၫႊန္ၾကားေပးရန္ ေမတၱာရပ္ခံေၾကာင္း ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ဒီလိုထုတ္ျပန္ခ်က္ေနာက္မွာ အာဏာရပါတီလည္းျဖစ္ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အႏိုင္ရပါတီလည္းျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဘက္က ဒါဟာ ဥပေဒနဲ႔ဆီေလ်ာ္မႈမရွိဘူး၊ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ဆုံးျဖတ္ခ်က္သည္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ အၿပီးအျပတ္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ေ႐ြးေကာက္ပြဲျဖစ္စဥ္ ထပ္မံစိစစ္မည္ဆိုျခင္းသည္ ေရွ႕ေနာက္ညီၫြတ္မႈမရွိဘူးဆိုၿပီး မီဒီယာေတြကို ေျပာခဲ့ပါတယ္။ဒီလိုတုံ႔ျပန္ခ်က္အတြက္ တပ္ဘက္က ဘာမွျပန္လည္တုံ႔ျပန္မႈမရွိခင္ ေ႐ြးေကာ္ဘက္က ဒီလိုခြင့္ျပဳခ်က္မရဘဲ ကူးခြင့္မေပးဖို႔ ၫႊန္ၾကားတာျဖစ္တဲ့အတြက္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ ဘာေတြျဖစ္လာႏိုင္စရာရွိေသးလဲဆိုတာ အမ်ားျပည္သူအတြက္ စဥ္းစားစရာျဖစ္လာခဲ့ပါတယ္။ယခုခ်ိန္ထိ ႏွစ္ဘက္စလုံးက ဘာသံမွမထြက္ေသးတဲ့အတြက္ ဒါလည္းေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။  

ဒီလို ဘာေတြဆက္ျဖစ္လာႏိုင္မလဲဆိုတာ မသိႏိုင္တဲ့ ေစာင့္ၾကည့္ရမယ့္ သတင္းေတြအျပင္ မဲ႐ုံတာဝန္က် ဆရာ၊ ဆရာမ ၁၀၀ ေက်ာ္ကို ပါတီေတြဘက္က ၿမိဳ႕နယ္ေပါင္း ၇၀ ေက်ာ္မွာ တရားစြဲဆိုထားလို႔ ေရွ႕ေနမ်ားကြန္ရက္က အခမဲ့ေရွ႕ေနလိုက္ေပးမယ္ဆိုတဲ့ သတင္းေတြ၊ မိုးကုတ္ၿမိဳ႕ထဲ မနက္ဘက္ ဝင္ေရာက္ျပန္ေပးဆြဲခံရတဲ့ SP Bakery မုန႔္တိုက္ပိုင္ရွင္ကို တအာင္းလက္နက္ကိုင္အဖြဲ႕က သူတို႔ဖမ္းထားတာဆိုၿပီး ဝန္ခံလိုက္တဲ့သတင္းေတြ၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕မွာ အသက္ ၃၈ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို အတင္းအဓမၼေခၚေဆာင္သြားတဲ့ ျဖစ္ရပ္ေတြကလည္း ယခုရက္သတၱပတ္အတြင္းမွာ ေစာင့္ၾကည့္စရာသတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာရပ္လိုက္ခ်င္ပါတယ္။

ခက္ထန္စိုး
ဒီဇင္ဘာ - ၇