【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရှစ်လေးလုံးနဲ့ ကုလမစ်ရှင် အစီရင်ခံစာ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရှစ်လေးလုံးနဲ့ ကုလမစ်ရှင် အစီရင်ခံစာ

ယခုတစ်ပတ်သတင်းတွေထဲ သတိထားစရာဖြစ်ခဲ့တာက ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်ပြည့် သတင်းတွေ၊ ကုလမစ်ရှင် အစီရင်ခံစာသတင်းတွေ၊ ရေကြီးရေလွှမ်း မြေပြိုသတင်းတွေဘဲ ဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့အပြိုင် သတင်ဖတ်သူတွေကို ဖမ်းစားခဲ့တဲ့ သတင်းအချို့ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကို ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့သတင်း၊ ရန်ကုန်မှာ လမ်းဘေးခွေးလေခွေးလွင့် ရှင်းလင်းဖို့ ငွေကျပ်သိန်းတစ်သောင်းတစ်ထောင်ကျော် လိုအပ်မယ်လို့  ဒု-မြို့တော်ဝန်က ပြောလိုက်တဲ့သတင်း၊ မိုဘိုင်းဆင်းမ်ကတ်တွေမှာ  Biometric စနစ်နဲ့ မှတ်ပုံတင်ရမယ့်စနစ်ကို ၂၀၂၀ ဇွန်လမှာ စတင်အသုံးပြုဖို့ ဆောင်ရွက်နေတဲ့သတင်း၊ ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်နှင့် ဒုဥက္ကဋ္ဌ မော်ကျွန်းဆရာတော်တို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ နုတ်ထွက်ခဲ့တယ်ဆိုတဲ့သတင်း၊  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို ပုဒ်မ ၁၂၄ -- ကနဲ့ ဖမ်းဝရမ်းထုတ်လိုက်တဲ့သတင်း၊ ဝန်ကြီးဌာနအတွင်း ပြုလုပ်တဲ့ ညှိုနိုင်းအစည်းအဝေးကို လျှပ်စစ်နှင့် စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်တဲ့ သတင်းကတွေလည်း ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

သတိထားမိစရာဖြစ်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ထုတ်ပြန်ချက်

ရှစ်လေးလုံး ရက်နီးလာကတည်းက ကြိုတင်ယူဆချက်တွေနဲ့ လှုပ်ခတ်ခဲ့တဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားဟောင်းတွေပြဿနာ၊ အာဏာရပါတီက ရှစ်လေးလုံးအခမ်းအနားမှာ ဘယ်လိုဆိုတဲ့ ကြိုတင်ခန့်မှန်း ယူဆချက်တွေဟာ သြဂုတ် ၈ ရက်ရောက်တဲ့အခါ ကွဲလွဲမှုမရှိဘဲ အေးအေးဆေးဆေး ပွဲကိုကျင်းပနိုင်ခဲ့ပါတယ်။

အဆိုပါ ရှစ်လေးလုံးအရေးတော်ပုံနေ့ကို ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်တဲ့ (၃၁) နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြသလို ၈၈ ကျောင်းသားခေါင်းဆောင် အတော်များများ တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဝဏ်လွှာပေးပို့ခဲ့ပြီး ရည်မှန်းချက်ပန်းတိုင်ဆီသို့ ချီတက်ရာတစ်လျှောက် အသုံးပြုကြသည့် လမ်းများ မတူညီရုံမျှဖြင့် ဒီမိုကရေစီ လိုလားသူများအချင်းချင်း၊ လူထုအတွက် စွန့်လွှတ်အနစ်နာခံရန် အဆင်သင့်ရှိကြသူများ အချင်းချင်းကြားတွင် အပြစ်တင်သည့် ယဉ်ကျေးမှုအား ဖျောက်ဖျက်ပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားကြပြီး ပူးပေါင်းဆောင်ရွက်သည့် ယဉ်ကျေးမှုအား အကောင်အထည်ဖော်ကြဖို့ မေတ္တာရပ်ခံပန်ကြားခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က အဆိုပါအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ရာမှာ “ခေတ်တိုင်း၊ စနစ်တိုင်း၊ တော်လှန်ရေး အရေးတော်ပုံတိုင်းမှာ အညတရ အမည်မသိလိုက်ရတဲ့ ပြည်သူတွေရဲ့ ပေးဆပ်မှုသာလျှင် အောက်ဆုံးကအရိုးတွေအဖြစ် ခင်းရတာပါ။အဖွဲ့အစည်းတွေ၊ လက်ရှိဦးဆောင်နေသူတွေ၊ တာဝန်အသီးသီးယူနေရသူတွေ နှုတ်ထွက်စကား၊ စိတ်သဘောထားတွေတိုင်းဟာ အဲ့ဒီကျဆုံးခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ ပြည်သူတွေရဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာ သူတို့ရဲ့ စွမ်းဆောင်မှုတွေကို ဘယ်တော့မှ မမေ့မလျှော့စတမ်း ဂုဏ်ပြုနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်” လို့ ပြောခဲ့ပါတယ်။

အဆိုပါ (၃၁) နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်နေမှုကို အကြွင်းမဲ့ဖယ်ရှားရန် လိုအပ်တယ်လို့ ပြောခဲ့သလို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးမြောက်သေးတဲ့ ရည်မှန်းချက်တွေ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် လက်ရှိအစိုးရ အပါအဝင် ရှစ်လေးလုံးမျိုးဆက်များ၊ နိုင်ငံရေးမျိုးဆက်အသီးသီးနှင့် တိုင်းရင်းသားအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးက မဟာမိတ်ဟန်ချက်ညီညီ လက်တွဲကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ပါတယ်။

အဆိုအခမ်းအနားကို မြန်မာနိုင်ငံ မြို့ကြီးအလိုက် ကျင်းပခဲ့သလို အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားတွေအတွက် ကုသိုလ်ကောင်းမှု လုပ်ခဲ့ကြပါတယ်။အထူးသဖြင့် ယခုအခမ်းအနားမှာ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရှုပ်ထွေးလာတဲ့ ပြည်တွင်းနိုင်ငံရေးပြဿနာတွေကြား အင်အားကောင်းတဲ့ ဒုတိယမျိုးဆက်တွေနဲ့ အာဏာရပါတီကြား နားလည်မှုယူနိုင်ဖို့ ကြိုးစားလာတာ စိတ်အားတက်စရာပါ။

ပြည်တွင်းရေးကို ထိပါးတဲ့ ကုလမစ်ရှင်

ယခုရက်သတ္တပတ်အတွင်း သတင်းတွေထဲ နိုင်ငံတကာမှာပါ ထိပ်တန်းဖြစ်ခဲ့တဲ့သတင်းက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါ။

သြဂုတ် ၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တပ်မတော်က ထိန်းချုပ်ထားသည့် ကုမ္ပဏီကွန်ရက်ပေါင်းများစွာကို အဆက်အသွယ် ဖြတ်တောက်ရန်၊ တပ်မတော်သို့ လက်နက်မရောင်းရန် အပါအဝင် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တိုက်တွန်းထားခဲ့ပါတယ်။

အဆိုပါအစီရင်ခံစာမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကျိုးဖောက်မှုကို ပြုပြင်ရန်လှူဒါန်းမှုလိုမျိုးကိုပါ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်မလာနိုင်ရန် ကာရံမှုအဖြစ် ပူးပေါင်းပါဝင်ကာ ငွေကြေးထောက်ပံ့မှုအဖြစ် ပြည်တွင်းကုမ္ပဏီကြီးနှစ်ခုကို စွပ်စွဲခဲ့ပါတယ်။နိုင်ငံ၏ အချုပ်အခြာနယ်မြေ လုံခြုံတည်မြဲဖို့အတွက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ဖြစ်နေသည့် ခေတ်အဆက်ဆက် ပေါက်ထွက်နေသည့် အနောက်ဘက် နယ်စပ်ခြံစည်းရိုးကာရံမှုကိုပင် ကုလမစ်ရှင်က ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။

ဒီအတွက် ကုမ္ပဏီများဘက်မှ ပြန်ရှင်းခဲ့ရာမှာ အချက်အလက်မပါသော စွပ်စွဲချက်ဖြစ်တယ်လို့ ပြောခဲ့သလို လူသားချင်းစာနာထောက်ထားမှု၊ ပြန်လည်နေရာချထားရေးနှင့် ဒေသခံများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်လိုက်မှု၊ ခွဲခြားမှုမရှိသော လှူဒါန်းခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။အဆိုပါမစ်ရှင်အနေဖြင့် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး နိုင်ငံတကာအနေနဲ့ ကန့်သတ်အရေးယူဖို့ တိုက်တွန်းခဲ့သလို ဒီလုပ်ငန်းတွေကနေရတဲ့ ဝင်ငွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုစစ်ဆင်ရေးများအတွက် ငွေရေးကြေးရေး ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ ဒီလိုစွပ်စွဲမှုတွေကို ပယ်ချခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေက လက်နက်ဝယ်ယူရေးနဲ့ မသက်ဆိုင်ဘဲ တပ်မတော်သားများနှင့်  သက်သာချောင်ချိရေးအတွက် လုပ်ကိုင်နေတာလို့ ဖြေရှင်းခဲ့ပါတယ်။ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်က စီးပွားရေးလုပ်ငန်းအမျိုးပေါင်း ၁၂၀ နှင့် ဆက်စပ်သော လုပ်ငန်း ၂၇ ခုရှိတယ်ဆိုတာကို ဖော်ပြခဲ့သလို ၂၀၁၇ သြဂုတ်တွင် စတင်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တပ်မတော်၏ နယ်မြေရှင်းလင်းရေး စတင်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ကမ္ဘောဇ၊ မက်စ်မြန်မာ၊ ထူး၊ ဧဒင်၊ ရွှေသံ လွင်၊ IGE စသော ကုမ္ပဏီကြီးများ အပါအဝင် ကုမ္ပဏီ ၄၅ ခုက တပ်မတော်ကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းကျော် လှူဒါန်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဆိုပါမစ်ရှင်က  မြန်မာအစိုးရသို့ အကြံပြုရာမှာ တပ်မတော်ကို အရပ်ဘက်ထိန်းချုပ်မှုအောက် ရောက်ဖို့ အခြေခံဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းခဲ့သလို တပ်မတော်ဝင်ငွေအားလုံးကို တားမြစ်ရန်၊ တပ်မတော်ကို မည်သည့်စီးပွားရေးလုပ်ငန်းမှ မလုပ်ဖို့ တရားဥပဒေအရ တားမြစ်ရန်နဲ့ တပ်မတော်အရာရှိများကို မည်သည့်စီမံကိန်းမှ ပါဝင်လှုပ်ရှားခြင်းတို့ကို တားမြစ်ရန်လည်း တိုက်တွန်းခဲ့ပါတယ်။ဒါ့အပြင် မဘသ အပါအဝင် အမျိုးသားရေး ဗုဒ္ဓဘာသာဝင် အဖွဲ့အစည်းများနှင့် တပ်မတော်ကြား အကျိုးစီးပွားဆက်စပ်မှုနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကျိုးစီးပွားတွေကိုပါ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။

ဒီအစီရင်ခံစာကို ထုတ်ပြန်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင် (Fact Finding Mission) ကို ၂၀၁၇ မတ်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ခဲ့တာဖြစ်ပေမယ့် စတင်ဖွဲ့စည်းခဲ့စဉ်ကတည်း မြန်မာအစိုးရက အသိအမှတ်ပြုခဲ့ခြင်းမရှိသလို ပြည်ဝင်ခွင့်လည်း မပေးခဲ့သလို  အဆိုပါမစ်ရှင်၏ အချက်အလက်ရှာဖွေရေး လုပ်ငန်းစဉ်များမှာလည်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အဆိုပါအဖွဲ့ရဲ့ ယခုထုတ်ပြန်ချက်ပါ သုံးသပ်ချက်တွေကို မြန်မာအစိုးရက ပြတ်သားစွာပယ်ချခဲ့သလို  စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ ဖြေရှင်းနိုင်မည်ဟု မယုံကြည်ဘူးလို့ ထုတ်ပြန်ခဲ့သလို ယင်းကဲ့သို့ဆောင်ရွက်ချက်များက ရခိုင်ပြည်နယ်ထဲ လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မည်မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ထုြတ်ပန်ခဲ့ပါတယ်။

ဒါ့အပြင် အခြေအမြစ်မရှိသော စွပ်စွဲချက်များကိုအခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင် စတင်ဖွဲ့စည်းတဲ့ ၂၀၁၇ မတ်လကတည်းက ဆန့်ကျင်ကန့်ကွက်ခဲ့သလို  ယင်းမစ်ရှင်ရဲ့ အစီရင်ခံစာကိုလည်း အသိအမှတ်မပြုဘူးလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။တပ်မတော်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလို့ စွပ်စွဲပါလာတဲ့အတွက် မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ဘက်ကနေ ဒီအစီရင်ခံစာဟာ မြန်မာစီးပွားရေးလုပ်ငန်းတွေနဲ အဖွဲ့အစည်းတွေရဲ့ နိုင်ငံဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးအတွက် တာဝန်သိသိ ပါဝင်ဆောင်ရွက်တာကို တစ်ဘက်သတ်အမြင်နဲ့ စွပ်စွဲဖော်ပြခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ကုလမစ်ရှင်ဘက်က ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်မှာ  ပြည်တွင်းက ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်တဲ့ မိုင်တဲလ်ကို နည်းပညာထောက်ပံ့မှုပေးနေတဲ့ ဘယ်လ်ဂျီယံအခြေစိုက် Newtec ကုမ္ပဏီဘက်က လုပ်ငန်းဆောင်ရွက်မှု ရပ်နားမယ်လို့ ထုြတ်ပန်ခဲ့ပါတယ်။ပြည်တွင်းရေးထိ ဝင်ရောက်စွက်ဖက်လာရာမှာ အားနည်းချက်ဖြစ်နေတဲ့ ယိုင်လုလု မြန်မာစီးပွားရေးဘက်ကို ထိုးနှက်လာခဲ့တဲ့အတွက် သတိထားရမယ့် အနေအထား ဖြစ်လာခဲ့ပါတယ်။

ပြည်တွင်းမှာလဲ ကွဲပြားမှုတွေ၊ မညီညွတ်မှုတွေက ရှိနေဆဲဖြစ်သလို ရင်ကြားစေ့ရေးကလဲ လျှော့တဲ့ဘက်က ဆက်တိုက်လျှော့နေရပြီး တစ်ဘက်က ခပ်မာမာဆက်နေတဲ့ အနေအထားတွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးက ဝေးနေဆဲပါဘဲ။ဒီလိုအချိန်မှာ ယခင်အစိုးရအဆက်ဆက် လျစ်လျူခဲ့တဲ့ ပြည်ပကနေ လာရောက်အခြေချ နေထိုင်သူတွေပြဿနာက အချုပ်အခြာအာဏာကိုပါ ထိပါးစရာဖြစ်လာခဲ့ပြီ ဖြစ်တဲ့အတွက် အစိုးရနဲ့ အာဏာပိုင်တွေ ဘယ်လိုလိမ်လိမ်မာမာ ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်ထဲ အဆိုပါ စိတ်ဝင်စားဖွယ်ရာ သတင်းအပြင် ရန်ကုန်မြို့မှာ သြဂုတ် ၃ ရက်က သံဃာအချို့ အပါ အဝင် အမျိုးသားရေးလှုပ်ရှားသူ ထောင်နဲ့ချီကာ တပ်မတော် ထိပ်တန်းအရာရှိများအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့တဲ့ သတင်း၊ တိုက်ပွဲဖြစ်ပွားရာမှာ ထွက်ပြေးလာတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ခန့်မှ ဒေသခံ ၃,၀၀၀ ကျော် ပိတ်မိနေတဲ့သတင်း၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားပရဝဏ်အတွင်း တပ်စွဲခြင်းမပြုဖို့ သံဃာတော်တွေက ဒေသတွင်း တပ်မတော် တာဝန်ရှိသူများထံ စာပို့တင်ပြခဲ့တဲ့ သတင်း၊ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ (International Anti- Corruption Academy-IACA) မှာ ပါဝင်ဖို့ ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့တဲ့သတင်း၊ မန္တလေးမြို့ နေရာအချို့မှာ သြဂုတ် ၃ ရက်က အစိုးရ အလိုမရှိကြောင်း စတစ်ကာတွေ လိုက်ကပ်မှု ဖြစ်ပွားခဲ့တဲ့သတင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦလှဆွေ ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ သတင်းအချို့ကလည်း ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

တာဝန်ယူမှု တာဝန်ခံမှု

ယခုတစ်ပတ် သတင်းတွေထဲ ပြောစရာဖြစ်ခဲ့တဲ့ သတင်းတွေက ကိုရီးယားမှာ မြေအောက်လိုဏ်ခေါင်းထဲ ရေနှင့်မျောပါသွားပြီး သေဆုံးခဲ့တဲ့ မြန်မာလုပ်သားတစ်ယောက် သတင်းနဲ့ ရန်ကုန် ကြည့်မြင်တိုင်မှာ ဆောက်လက်စ ခြောက်ထပ်တိုက်ရှိ မြေအောက်ရေကန်ထဲဆင်းရင်း အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တဲ့ အလုပ်သမားသုံးယောက် သတင်းဘဲ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်နှစ်ရပ်က ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့ပြီး နှစ်ခုစလုံး အများပြည်သူအတွက် စိတ်ဆို့နင့် ကြေကွဲစရာပါ။

တောင်ကိုရီးယားမှာဖြစ်ခဲ့တဲ့ မြန်မာလုပ်သားသေဆုံးမှု သတင်းက ဇူလိုင် ၃၁ ရက်က ဖြစ်ခဲ့တာပါ။ဇူလိုင် ၃၁ ရက်က ဆိုးလ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး မြန်မာလုပ်သားနဲ့အတူ ကိုရီးယားလုပ်သားနှစ်ဦးက ဝိုင်ယာကြိုးခွေများ သိမ်းဆည်းဖို့ မြေအောက်လိုဏ်ခေါင်းအတွင်းကို ဆင်းခဲ့ရာကနေ မိုးသည်းထန်စွာ ရွာသွန်းလာလို့ လှိုဏ်ခေါင်းထဲဝင်လာတဲ့ ရေတွေနဲ့အတူ မျောပါသေဆုံးခဲ့တာပါ။ဒီလိုသေဆုံးခဲ့တဲ့အတွက် ပျောက်ဆုံးစဉ်ကတည်းက ဆိုးလ်မြို့ရဲတပ်ဖွဲ့ အပါအဝင် အင်အား ၁၆၀ ကျော်နဲ့ ရှာဖွေခဲ့သလို တောင်ကိုရီးယား တစ်နိုင်ငံလုံး ဒီကိစ္စအပေါ် အာရုံစိုက်ခဲ့ပါတယ်။သေဆုံးလျှက် အလောင်းပြန်တွေ့ပြီးနောက်မှာလည်း ဒီကိစ္စမှာ တာဝန်ရှိတဲ့သူအဖြစ် ဆိုးလ်မြို့တော်ဝန်ကိုယ်တိုင် ဆုတောင်းပွဲမှာ လာတောင်းပန်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာဖြစ်တဲ့ ဖြစ်ရပ်နဲ့ မရှေးမနှောင်းမှာဘဲ ရန်ကုန်မှာ လုပ်သားသုံးဦး လုပ်ငန်းခွင်ထဲ သေဆုံးခဲ့ပါတယ်။ဖြစ်တာက သြဂုတ် ၆ ရက်မှာပါ။ကြည့်မြင်တိုင်မြို့နယ်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆောက်လက်စ နှစ်ခန်းတွဲ ခြောက်ထပ်တိုက်ရှိ အမြင့် (၇) ပေရှိတဲ့ မြေအောက်ရေကန်အတွင်း ငြမ်းဆင်းဖြုတ်ရာကနေ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာပါ။ဒီလိုသေဆုံးတဲ့အတွက် အဆိုပါနေရာတစ်ဝိုက်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သလို လူမှုကွန်ရက်မီဒီယာတွေမှာလည်း ဖော်ပြမှုတွေရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်နှစ်ခုမှာလူချင်းတူပါလျှက် တန်ဖိုးထားမှု ကွာခြားတာကို တွေ့ရသလို မြန်မာနိုင်ငံဘက်မှာ အဆောက်အအုံဆောက်လုပ်တဲ့ ပိုင်ရှင်ကို ခေါ်စစ်တာလောက်သာ အသံကြားခဲ့ရပါတယ်။သေဆုံးသူ သုံးဦးအတွက် နစ်နာကြေးမရှိနိုင်သလို မိသားစုအတွက် ငွေရှာရတဲ့သူတို့ မိသားစုဝင်တစ်ဦးရဲ့ သေဆုံးခြင်းက ဒီလိုဘဲပြီးသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတာက လုံးဝပျောက်ဆုံးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ယခုလို မိုးတွင်းကာလမှာ  လျှပ်စစ်မတော်တဆမှုတွေဖြစ်ပြီး သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်တွေမှာ ဘယ်သူကမှ တာဝန်ယူပြီး နုတ်ထွက်တာမှ မရှိခဲ့သလို မတော်တဆသေဆုံးတဲ့သူေတွေကိုတောင် ပေါ့ဆမှုနဲ့ အပြစ်တင်တာတွေ ရှိခဲ့ပါတယ်။ကိုယ်မှ လူဖြစ်ပြီး ကျန်တဲ့သူက လူမဟုတ်သလို ဆက်ဆံတတ်တဲ့ စနစ်မှာ ယခုလိုပေါ့လျော့မှုတွေကြောင့် သေဆုံးမှုတွေရှိတဲ့အခါတိုင်း တာဝန်ခံမှုဆိုတဲ့စနစ် မထွန်းကားရင် မကြာခဏသေဆုံးမှုတွေ ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။ဒါဟာ မဖြစ်မနေပြင်ဆင်ရမယ့် စနစ်ဖြစ်သလို ဆိုးလ်မြို့တော်ဝန်လို တာဝန်ခံမှုကိုလည်း  တာဝန်ရှိသူတွေ၊ အာဏာပိုင်တွေ အတုယူဖို့လည်း စဉ်းစားသင့်တဲ့ ကိစ္စပါဘဲ။

အဆိုပါသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့  ပြည်မြို့မှာ လူငယ်လေးဦးခန့်က အုပ်စုဖွဲ့ ဓားနဲ့ခုတ်လို့ လူငယ်တစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေအိမ်တစ်ခုအတွင်းမှ G2 နှင့် G3 သေနတ်များတွင် ထည့်ပစ်နိုင်သည့် ၇ ဒသမ ၆၂ ကျည်အမျိုးစား ကျည်ဆန်ထိပ်ဖူး ၄၄၀ တွေ့ရှိတဲ့သတင်း၊ ထိုင်းနိုင်ငံ ကိုကမြို့ရှိ အဝေးပြေးလမ်းမမှာ မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ယာဉ်တိမ်းမှောက်ရာ မြန်မာလုပ်သားနှစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တဲ့သတင်း၊ အဆိုတော် အစ္စဏီ၏ မိခင်က တရားဝင်တောင်းပန်လို့ မော်ဒယ် စူးရှထက် ဘက်က စွဲဆိုထားတဲ့ အမှုအားလုံးကို ရုပ်သိမ်းကျေအေးခဲ့တဲ့သတင်း၊ ကလေးမြို့နယ်ထဲ မူးယစ်ဆေး ဝင်ဖမ်းရာကနေ စနိုက်ပါသေနတ် အပါအဝင် လက်နက်မျိုးစုံနှင့် စကားပြောစက်တွေ ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေထဲ သတိထားမိစရာ ဖြစ်ခဲ့ပါတယ်။

စံချိန်တင်ရွာတဲ့ မိုး တစ်မြို့လုံးမြုပ်တဲ့ မိုး

ယခုတစ်ပတ် သတင်းတွေထဲမှာ ရာသီဥတုသတင်းတွေကလည်း သတင်းဖတ်သူတွေရဲ့ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ရန်ကုန် အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ ရခိုင်၊ ဧရာဝတီ၊ မွန် စတဲ့ ဒေသတွေမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် အိမ်တွေနဲ့ အဆောက်အဦးတွေ၊ သစ်ပင်တွေပြိုလဲတာတွေ ဖြစ်ခဲ့သလို ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ထုံးစံအတိုင်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေ အားကောင်းရင် အားကောင်းသလို မြန်မာနိုင်ငံဘက်မှာ လေရော မိုးရော ကောင်းတာ မဆန်းတဲ့ကိစ္စပါ။ဆန်းတာက ရှေ့ရက်ပိုင်းကတည်းက လာအိုဘက်ကို ဝင်နေတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာ မုန်တိုင်းအရှိန်ကြောင့် သြဂုတ် ၄ ရက်ကတည်းက ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် ကိုးခုမှာ  လေပြင်းတွေကျပြီး မိုးကြီးတာတွေ ဖြစ်ခဲ့တာပါ။ဒီမုန်တိုင်းရှိန်ကြောင့် ကရင်ပြည်နယ်နဲ့ ပဲခူးဘက်မှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသလို ပင်လယ်နဲ့ထိစပ်တဲ့ ဒေသတွေမှာ ဒီရေကြောင့် အနိမ့်ပိုင်းတွေမှာလည်း  ရေကြီးခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက သြဂုတ် ၆ ရက်မှာ မုန်တိုင်းငယ် ဖြစ်လာတဲ့အတွက် မုတ်သုန်လေက အလွန်အားကောင်းပြီး မြန်မာနိုင်ငံဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများတွေ ဖြစ်ခဲ့လို့ တောင်ကျရေတွေကြောင့် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတွေမှာ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသလို ချင်းပြည်နယ်ဘက်မှာ မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။မွန်ပြည်နယ်ဘက်မှာ ဘီးလင်းမြစ်ရေတက်လို့  ကားလမ်းရေကျော်ခဲ့သလို ကျောင်းပိတ်ရတာတွေ မွန်၊ ပဲခူး၊ ကရင်ပြည်နယ်တွေဘက်မှာ ဖြစ်ခဲ့ပါတယ်။

သြဂုတ် ၇ ရက်မှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးရွာသွန်းမှု အားကောင်းခဲ့လို့ ရန်ကုန်မှာ နှစ် ၇၀ ကြာ တည်ရှိခဲ့တဲ့ မိုးရေချိန်စံချိန်တွေ ကျိုးခဲ့ပါတယ်။ဒါ့အပြင် ရန်ကုန်မြို့တစ်ဝန်း ရေကြီးမှုဖြစ်ခဲ့သလို အဝေးပြေးစခန်းတွေ၊ ဆေးရုံတွေနဲ့ ကားလမ်း၊ ရထားလမ်းပိုင်းအချို့ ရေကျော်လို့ ရပ်နားခဲ့ရသလို အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်လို့ ရွှေ့ပြောင်းမှုတွေလုပ်ရတာတွေ ရှိခဲ့ပါတယ်။သြဂုတ် ၇ ရက်မှာဘဲ ဘီးလင်းမြစ်ရေကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်ခဲ့သလို ရန်ကုန်-မော်လမြိုင် ရထားလမ်း နှင်းပုလဲနှင့် ဒုံးဝန်းအကြား ယာယီလမ်းလွှဲတာဘောင်ကို တောင်ကျရေတိုးလို့ ပြတ်ကျလုနီးပါးဖြစ်ခဲ့ပါတယ်။
ဒီအတွက် ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှုတွေကို ခေတ္တရပ်နားခဲ့ရပြီး နေ့လယ်ပိုင်းမှာ တံတားသစ်ကနေ ပြေးဆွဲပေးခဲ့ရပါတယ်။

အဆိုပါမုန်တိုင်းငယ် အိန္ဒိယဘက် ဝင်သွားတဲ့အချိန်မှာ မုတ်သုံလေအားပျော့သွားတဲ့အတွက် ရန်ကုန်ဘက်မှာ မိုးပြတ်သွားပေမယ့် မွန်၊ ဘားအံဘက်မှာ ပင်လယ်ဒီရေတက်တာရယ်၊ တောင်ကျရေတွေဝင်တာတွေရယ်ကြောင့် မဒေါက်မြို့၊ ရွှေကျင်မြို့၊ ဘားအံမြို့၊ ဘီးလင်းမြို့များမှာ ရေကြီးမှုတွေဖြစ်ခဲ့ကာ ရေဘေးဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ခဲ့ရပါတယ်။သံလွင်မြစ်ရေကလည်း  စိုးရိမ်ရေမှတ်အထက် မြင့်တက်လာလို့  တိုင်းဒေသကြီးနဲ့ ပြည်နယ် လေးခုရှိ ခုနစ်မြို့အတွက် ရေဘေးသတိပေးချက်တွေ မိုး/ဇလဘက်က ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုအောက်ပိုင်းမှာ မိုးကြီးရေကြီးပေမယ့် မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်တွေထဲမှာ တစ်လခန့် မိုးမရွာတာတွေ ရှိခဲ့ပါတယ်။

ဒီတစ်ပတ်ထဲ သဘာဝဘေးသတင်းတွေအဖြစ် ရေသတင်းအပြင် ခပ်စိပ်စိပ်လှုပ်လာတဲ့ ငလျင်သတင်းတွေကြောင့်လည်း ကျောချမ်းစရာဖြစ်ခဲ့ပါတယ်။ကချင်ပြည်နယ်အတွင်း ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခဲ့သလို မြန်မာနိုင်ငံအတွင်း နေ့စဉ်နီးပါး ငလျင်လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

သဘာဝဘေးထဲပါတဲ့ ရောဂါဘေးကလည်း လူတွေကို ခြိမ်းခြောက်နေခဲ့ပါတယ်။အိမ်နီးချင်း တရုတ်နဲ့ ထိစပ်နေတဲ့ မိုင်းလားနယ်မြေထဲမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ တရုတ်ဘက်ကနေ ကူးစက်လာတဲ့အတွက် ဝက်ကောင်ရေ နှစ်ထောင်ကျော် သုတ်သင်ခဲ့ရသလို ပညာပေးတွေလည်း လုပ်နေရပါတယ်။အာဖရိက ဝက်တုပ်ကွေးရောဂါက မိုင်းလားတွင် မကပါဘူး။၀ ဒေသကိုပါ ကူးလာတဲ့အတွက် ထိန်းချုပ်မှုတွေ လုပ်နေရတယ်ဆိုပါတယ်။

လူတွေရဲ့လောဘနဲ့အတူ စားသောက်နေထိုင်မှု ပုံစံအသစ်၊ ရုပ်ဝတ္တုပစ္စည်း အသစ်အဆန်းတွေနဲ့အတူ ရောဂါအသစ်အဆန်းတွေလည်း ဖြစ်လာခဲ့ရာမှာ ယခင်ကထက် ထိန်းချုပ်ဖို့ တစ်စတစ်စ ခက်ခဲလာတာကို တွေ့လာရပါတယ်။လက်ရှိမှာ ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် တစ်နိုင်ငံလုံး သေဆုံးသူ ၉၀ ထိ ရှိလာသလို ဆင်တုပ်ကွေးရောဂါကလည်း ဖြစ်ပွားနေတဲ့အတွက် ဝက်တွေမှာဖြစ်တဲ့ အာဖရိက ဝက်တုပ်ကွေးရောဂါကိုလည်း သတိထားဖို့လိုနေတယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၉

( Zawgyi )

ယခုတစ္ပတ္သတင္းေတြထဲ သတိထားစရာျဖစ္ခဲ့တာက ရွစ္ေလးလုံးအေရးေတာ္ပုံ ၃၁ ႏွစ္ျပည့္ သတင္းေတြ၊ ကုလမစ္ရွင္ အစီရင္ခံစာသတင္းေတြ၊ ေရႀကီးေရလႊမ္း ေျမၿပိဳသတင္းေတြဘဲ ျဖစ္ပါတယ္။

ဒီသတင္းေတြနဲ႔အၿပိဳင္ သတင္ဖတ္သူေတြကို ဖမ္းစားခဲ့တဲ့ သတင္းအခ်ိဳ႕ျဖစ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူ ကို ဂ်ပန္ႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးအျဖစ္ ခန႔္အပ္ခဲ့တဲ့သတင္း၊ ရန္ကုန္မွာ လမ္းေဘးေခြးေလေခြးလြင့္ ရွင္းလင္းဖို႔ ေငြက်ပ္သိန္းတစ္ေသာင္းတစ္ေထာင္ေက်ာ္ လိုအပ္မယ္လို႔  ဒု-ၿမိဳ႕ေတာ္ဝန္က ေျပာလိုက္တဲ့သတင္း၊ မိုဘိုင္းဆင္းမ္ကတ္ေတြမွာ  Biometric စနစ္နဲ႔ မွတ္ပုံတင္ရမယ့္စနစ္ကို ၂၀၂၀ ဇြန္လမွာ စတင္အသုံးျပဳဖို႔ ေဆာင္႐ြက္ေနတဲ့သတင္း၊ ဥကၠ႒ အင္းစိန္႐ြာမ ဆရာေတာ္ႏွင့္ ဒုဥကၠ႒ ေမာ္ကြၽန္းဆရာေတာ္တို႔ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းမွ ႏုတ္ထြက္ခဲ့တယ္ဆိုတဲ့သတင္း၊  အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို ပုဒ္မ ၁၂၄ -- ကနဲ႔ ဖမ္းဝရမ္းထုတ္လိုက္တဲ့သတင္း၊ ဝန္ႀကီးဌာနအတြင္း ျပဳလုပ္တဲ့ ညႇိဳႏိုင္းအစည္းအေဝးကို လွ်ပ္စစ္ႏွင့္ စြမ္းအင္ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္ တက္ေရာက္တဲ့ သတင္းကေတြလည္း ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

သတိထားမိစရာျဖစ္ခဲ့တဲ့ ရွစ္ေလးလုံးအေရးေတာ္ပုံ ထုတ္ျပန္ခ်က္

ရွစ္ေလးလုံး ရက္နီးလာကတည္းက ႀကိဳတင္ယူဆခ်က္ေတြနဲ႔ လႈပ္ခတ္ခဲ့တဲ့ ရွစ္ဆယ့္ရွစ္ ေက်ာင္းသားေဟာင္းေတြျပႆနာ၊ အာဏာရပါတီက ရွစ္ေလးလုံးအခမ္းအနားမွာ ဘယ္လိုဆိုတဲ့ ႀကိဳတင္ခန႔္မွန္း ယူဆခ်က္ေတြဟာ ၾသဂုတ္ ၈ ရက္ေရာက္တဲ့အခါ ကြဲလြဲမႈမရွိဘဲ ေအးေအးေဆးေဆး ပြဲကိုက်င္းပႏိုင္ခဲ့ပါတယ္။

အဆိုပါ ရွစ္ေလးလုံးအေရးေတာ္ပုံေန႔ကို ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕ မဟာဗႏၶဳလပန္းၿခံမွာ ျပဳလုပ္တဲ့ (၃၁) ႏွစ္ျပည့္ ရွစ္ေလးလုံးအေရးေတာ္ပုံေန႔ အခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း နဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး အပါအဝင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ၾကသလို ၈၈ ေက်ာင္းသားေခါင္းေဆာင္ အေတာ္မ်ားမ်ား တက္ေရာက္ခဲ့ၾကပါတယ္။

ဒီအခမ္းအနားသို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က သဝဏ္လႊာေပးပို႔ခဲ့ၿပီး ရည္မွန္းခ်က္ပန္းတိုင္ဆီသို႔ ခ်ီတက္ရာတစ္ေလွ်ာက္ အသုံးျပဳၾကသည့္ လမ္းမ်ား မတူညီ႐ုံမွ်ျဖင့္ ဒီမိုကေရစီ လိုလားသူမ်ားအခ်င္းခ်င္း၊ လူထုအတြက္ စြန႔္လႊတ္အနစ္နာခံရန္ အဆင္သင့္ရွိၾကသူမ်ား အခ်င္းခ်င္းၾကားတြင္ အျပစ္တင္သည့္ ယဥ္ေက်းမႈအား ေဖ်ာက္ဖ်က္ၿပီး တစ္ဦးကိုတစ္ဦး အျပန္အလွန္ေလးစားၾကၿပီး ပူးေပါင္းေဆာင္႐ြက္သည့္ ယဥ္ေက်းမႈအား အေကာင္အထည္ေဖာ္ၾကဖို႔ ေမတၱာရပ္ခံပန္ၾကားခဲ့ပါတယ္။

၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္ က အဆိုပါအခမ္းအနားတြင္ တိုက္တြန္းေျပာၾကားခဲ့ရာမွာ “ေခတ္တိုင္း၊ စနစ္တိုင္း၊ ေတာ္လွန္ေရး အေရးေတာ္ပုံတိုင္းမွာ အညတရ အမည္မသိလိုက္ရတဲ့ ျပည္သူေတြရဲ႕ ေပးဆပ္မႈသာလွ်င္ ေအာက္ဆုံးကအ႐ိုးေတြအျဖစ္ ခင္းရတာပါ။အဖြဲ႕အစည္းေတြ၊ လက္ရွိဦးေဆာင္ေနသူေတြ၊ တာဝန္အသီးသီးယူေနရသူေတြ ႏႈတ္ထြက္စကား၊ စိတ္သေဘာထားေတြတိုင္းဟာ အဲ့ဒီက်ဆုံးခဲ့တဲ့၊ ေပးဆပ္ခဲ့တဲ့ ျပည္သူေတြရဲ႕ တန္ဖိုးနဲ႔ ဂုဏ္သိကၡာ သူတို႔ရဲ႕ စြမ္းေဆာင္မႈေတြကို ဘယ္ေတာ့မွ မေမ့မေလွ်ာ့စတမ္း ဂုဏ္ျပဳႏိုင္ပါေစလို႔လည္း ဆႏၵျပဳပါတယ္” လို႔ ေျပာခဲ့ပါတယ္။

အဆိုပါ (၃၁) ႏွစ္ျပည့္ ရွစ္ေလးလုံးအေရးေတာ္ပုံေန႔ ေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္မွာ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေရးတြင္ တပ္မေတာ္၏ ပါဝင္ေနမႈကို အႂကြင္းမဲ့ဖယ္ရွားရန္ လိုအပ္တယ္လို႔ ေျပာခဲ့သလို ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံႀကီး၏ မၿပီးေျမာက္ေသးတဲ့ ရည္မွန္းခ်က္ေတြ ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ လက္ရွိအစိုးရ အပါအဝင္ ရွစ္ေလးလုံးမ်ိဳးဆက္မ်ား၊ ႏိုင္ငံေရးမ်ိဳးဆက္အသီးသီးႏွင့္ တိုင္းရင္းသားအင္အားစုမ်ား၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းအားလုံးက မဟာမိတ္ဟန္ခ်က္ညီညီ လက္တြဲႀကိဳးပမ္းေဆာင္႐ြက္ရန္လည္း တိုက္တြန္းခဲ့ပါတယ္။

အဆိုအခမ္းအနားကို ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးအလိုက္ က်င္းပခဲ့သလို အေရးေတာ္ပုံအတြင္း က်ဆုံးခဲ့တဲ့ ရဟန္းရွင္လူ ေက်ာင္းသားေတြအတြက္ ကုသိုလ္ေကာင္းမႈ လုပ္ခဲ့ၾကပါတယ္။အထူးသျဖင့္ ယခုအခမ္းအနားမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာတာနဲ႔အမွ် ရႈပ္ေထြးလာတဲ့ ျပည္တြင္းႏိုင္ငံေရးျပႆနာေတြၾကား အင္အားေကာင္းတဲ့ ဒုတိယမ်ိဳးဆက္ေတြနဲ႔ အာဏာရပါတီၾကား နားလည္မႈယူႏိုင္ဖို႔ ႀကိဳးစားလာတာ စိတ္အားတက္စရာပါ။

ျပည္တြင္းေရးကို ထိပါးတဲ့ ကုလမစ္ရွင္

ယခုရက္သတၱပတ္အတြင္း သတင္းေတြထဲ ႏိုင္ငံတကာမွာပါ ထိပ္တန္းျဖစ္ခဲ့တဲ့သတင္းက ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ သီးသန႔္လြတ္လပ္ေသာ ႏိုင္ငံတကာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာပါ။

ၾသဂုတ္ ၅ ရက္က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ တပ္မေတာ္က ထိန္းခ်ဳပ္ထားသည့္ ကုမၸဏီကြန္ရက္ေပါင္းမ်ားစြာကို အဆက္အသြယ္ ျဖတ္ေတာက္ရန္၊ တပ္မေတာ္သို႔ လက္နက္မေရာင္းရန္ အပါအဝင္ ပစ္မွတ္ထား အေရးယူပိတ္ဆို႔မႈေတြလုပ္ဖို႔ တိုက္တြန္းထားခဲ့ပါတယ္။

အဆိုပါအစီရင္ခံစာမွာ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ၿခံစည္း႐ိုး က်ိဳးေဖာက္မႈကို ျပဳျပင္ရန္လႉဒါန္းမႈလိုမ်ိဳးကိုပါ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္မ်ား ျပန္မလာႏိုင္ရန္ ကာရံမႈအျဖစ္ ပူးေပါင္းပါဝင္ကာ ေငြေၾကးေထာက္ပံ့မႈအျဖစ္ ျပည္တြင္းကုမၸဏီႀကီးႏွစ္ခုကို စြပ္စြဲခဲ့ပါတယ္။ႏိုင္ငံ၏ အခ်ဳပ္အျခာနယ္ေျမ လုံၿခဳံတည္ၿမဲဖို႔အတြက္ ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္ျဖစ္ေနသည့္ ေခတ္အဆက္ဆက္ ေပါက္ထြက္ေနသည့္ အေနာက္ဘက္ နယ္စပ္ၿခံစည္း႐ိုးကာရံမႈကိုပင္ ကုလမစ္ရွင္က ဝင္ေရာက္စြက္ဖက္ခဲ့ပါတယ္။

ဒီအတြက္ ကုမၸဏီမ်ားဘက္မွ ျပန္ရွင္းခဲ့ရာမွာ အခ်က္အလက္မပါေသာ စြပ္စြဲခ်က္ျဖစ္တယ္လို႔ ေျပာခဲ့သလို လူသားခ်င္းစာနာေထာက္ထားမႈ၊ ျပန္လည္ေနရာခ်ထားေရးႏွင့္ ေဒသခံမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဘက္လိုက္မႈ၊ ခြဲျခားမႈမရွိေသာ လႉဒါန္းျခင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။အဆိုပါမစ္ရွင္အေနျဖင့္ တပ္မေတာ္နဲ႔ ဆက္ႏြယ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို ပစ္မွတ္ထားၿပီး ႏိုင္ငံတကာအေနနဲ႔ ကန႔္သတ္အေရးယူဖို႔ တိုက္တြန္းခဲ့သလို ဒီလုပ္ငန္းေတြကေနရတဲ့ ဝင္ေငြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈစစ္ဆင္ေရးမ်ားအတြက္ ေငြေရးေၾကးေရး ေထာက္ပံ့ေပးေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဒီလိုစြပ္စြဲမႈေတြကို ပယ္ခ်ခဲ့ၿပီး စီးပြားေရးလုပ္ငန္းေတြက လက္နက္ဝယ္ယူေရးနဲ႔ မသက္ဆိုင္ဘဲ တပ္မေတာ္သားမ်ားႏွင့္  သက္သာေခ်ာင္ခ်ိေရးအတြက္ လုပ္ကိုင္ေနတာလို႔ ေျဖရွင္းခဲ့ပါတယ္။ကုလသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ သီးသန႔္လြတ္လပ္ေသာ ႏိုင္ငံတကာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က စီးပြားေရးလုပ္ငန္းအမ်ိဳးေပါင္း ၁၂၀ ႏွင့္ ဆက္စပ္ေသာ လုပ္ငန္း ၂၇ ခုရွိတယ္ဆိုတာကို ေဖာ္ျပခဲ့သလို ၂၀၁၇ ၾသဂုတ္တြင္ စတင္ခဲ့သည့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၌ တပ္မေတာ္၏ နယ္ေျမရွင္းလင္းေရး စတင္ၿပီး ရက္သတၱပတ္ အနည္းငယ္အၾကာမွာ ကေမာၻဇ၊ မက္စ္ျမန္မာ၊ ထူး၊ ဧဒင္၊ ေ႐ႊသံ လြင္၊ IGE စေသာ ကုမၸဏီႀကီးမ်ား အပါအဝင္ ကုမၸဏီ ၄၅ ခုက တပ္မေတာ္ကို အေမရိကန္ေဒၚလာ ၁၀ ဒသမ ၂ သန္းေက်ာ္ လႉဒါန္းခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

အဆိုပါမစ္ရွင္က  ျမန္မာအစိုးရသို႔ အႀကံျပဳရာမွာ တပ္မေတာ္ကို အရပ္ဘက္ထိန္းခ်ဳပ္မႈေအာက္ ေရာက္ဖို႔ အေျခခံဥပေဒကို ျပင္ဆင္ရန္ တိုက္တြန္းခဲ့သလို တပ္မေတာ္ဝင္ေငြအားလုံးကို တားျမစ္ရန္၊ တပ္မေတာ္ကို မည္သည့္စီးပြားေရးလုပ္ငန္းမွ မလုပ္ဖို႔ တရားဥပေဒအရ တားျမစ္ရန္နဲ႔ တပ္မေတာ္အရာရွိမ်ားကို မည္သည့္စီမံကိန္းမွ ပါဝင္လႈပ္ရွားျခင္းတို႔ကို တားျမစ္ရန္လည္း တိုက္တြန္းခဲ့ပါတယ္။ဒါ့အျပင္ မဘသ အပါအဝင္ အမ်ိဳးသားေရး ဗုဒၶဘာသာဝင္ အဖြဲ႕အစည္းမ်ားႏွင့္ တပ္မေတာ္ၾကား အက်ိဳးစီးပြားဆက္စပ္မႈႏွင့္ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕မ်ားရဲ႕ အက်ိဳးစီးပြားေတြကိုပါ စုံစမ္းစစ္ေဆးဖို႔ တိုက္တြန္းထားတာကို ေတြ႕ရပါတယ္။

ဒီအစီရင္ခံစာကို ထုတ္ျပန္တဲ့ ႏိုင္ငံတကာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္ (Fact Finding Mission) ကို ၂၀၁၇ မတ္လမွာ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ဖြဲ႕ခဲ့တာျဖစ္ေပမယ့္ စတင္ဖြဲ႕စည္းခဲ့စဥ္ကတည္း ျမန္မာအစိုးရက အသိအမွတ္ျပဳခဲ့ျခင္းမရွိသလို ျပည္ဝင္ခြင့္လည္း မေပးခဲ့သလို  အဆိုပါမစ္ရွင္၏ အခ်က္အလက္ရွာေဖြေရး လုပ္ငန္းစဥ္မ်ားမွာလည္း ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္း မရွိခဲ့ပါဘူး။

အဆိုပါအဖြဲ႕ရဲ႕ ယခုထုတ္ျပန္ခ်က္ပါ သုံးသပ္ခ်က္ေတြကို ျမန္မာအစိုးရက ျပတ္သားစြာပယ္ခ်ခဲ့သလို  စီးပြားေရးပိတ္ဆို႔အေရးယူမႈနဲ႔ ေျဖရွင္းႏိုင္မည္ဟု မယုံၾကည္ဘူးလို႔ ထုတ္ျပန္ခဲ့သလို ယင္းကဲ့သို႔ေဆာင္႐ြက္ခ်က္မ်ားက ရခိုင္ျပည္နယ္ထဲ လက္ရွိေတြ႕ႀကဳံရင္ဆိုင္ေနရသည့္ စိန္ေခၚမႈမ်ားကို ေျဖရွင္းႏိုင္ေရးအတြက္ တစ္စုံတစ္ရာ အေထာက္အကူ ျဖစ္ေစႏိုင္မည္မဟုတ္ဘူးလို႔ ယုံၾကည္ေၾကာင္း ထုၾတ္ပန္ခဲ့ပါတယ္။

ဒါ့အျပင္ အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္မ်ားကိုအေျခခံ၍ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ စတင္ဖြဲ႕စည္းတဲ့ ၂၀၁၇ မတ္လကတည္းက ဆန႔္က်င္ကန႔္ကြက္ခဲ့သလို  ယင္းမစ္ရွင္ရဲ႕ အစီရင္ခံစာကိုလည္း အသိအမွတ္မျပဳဘူးလို႔ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့ပါတယ္။တပ္မေတာ္နဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြလို႔ စြပ္စြဲပါလာတဲ့အတြက္ ျမန္မာႏိုင္ငံ ကုန္သည္/စက္မႈအသင္းခ်ဳပ္ (UMFCCI) ဘက္ကေန ဒီအစီရင္ခံစာဟာ ျမန္မာစီးပြားေရးလုပ္ငန္းေတြနဲ အဖြဲ႕အစည္းေတြရဲ႕ ႏိုင္ငံဖြံ႕ၿဖိဳးေရးႏွင့္ တည္ၿငိမ္ေရးအတြက္ တာဝန္သိသိ ပါဝင္ေဆာင္႐ြက္တာကို တစ္ဘက္သတ္အျမင္နဲ႔ စြပ္စြဲေဖာ္ျပခဲ့တာလို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလို ကုလမစ္ရွင္ဘက္က ထုတ္ျပန္ခ်က္ ထုတ္ျပန္ၿပီးေနာက္မွာ  ျပည္တြင္းက ဆက္သြယ္ေရး ေအာ္ပေရတာတစ္ခု ျဖစ္တဲ့ မိုင္တဲလ္ကို နည္းပညာေထာက္ပံ့မႈေပးေနတဲ့ ဘယ္လ္ဂ်ီယံအေျခစိုက္ Newtec ကုမၸဏီဘက္က လုပ္ငန္းေဆာင္႐ြက္မႈ ရပ္နားမယ္လို႔ ထုၾတ္ပန္ခဲ့ပါတယ္။ျပည္တြင္းေရးထိ ဝင္ေရာက္စြက္ဖက္လာရာမွာ အားနည္းခ်က္ျဖစ္ေနတဲ့ ယိုင္လုလု ျမန္မာစီးပြားေရးဘက္ကို ထိုးႏွက္လာခဲ့တဲ့အတြက္ သတိထားရမယ့္ အေနအထား ျဖစ္လာခဲ့ပါတယ္။

ျပည္တြင္းမွာလဲ ကြဲျပားမႈေတြ၊ မညီၫြတ္မႈေတြက ရွိေနဆဲျဖစ္သလို ရင္ၾကားေစ့ေရးကလဲ ေလွ်ာ့တဲ့ဘက္က ဆက္တိုက္ေလွ်ာ့ေနရၿပီး တစ္ဘက္က ခပ္မာမာဆက္ေနတဲ့ အေနအထားေတြေၾကာင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးက ေဝးေနဆဲပါဘဲ။ဒီလိုအခ်ိန္မွာ ယခင္အစိုးရအဆက္ဆက္ လ်စ္လ်ဴခဲ့တဲ့ ျပည္ပကေန လာေရာက္အေျခခ် ေနထိုင္သူေတြျပႆနာက အခ်ဳပ္အျခာအာဏာကိုပါ ထိပါးစရာျဖစ္လာခဲ့ၿပီ ျဖစ္တဲ့အတြက္ အစိုးရနဲ႔ အာဏာပိုင္ေတြ ဘယ္လိုလိမ္လိမ္မာမာ ပါးပါးနပ္နပ္ ကိုင္တြယ္ေျဖရွင္းမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ယခုရက္သတၱပတ္ထဲ အဆိုပါ စိတ္ဝင္စားဖြယ္ရာ သတင္းအျပင္ ရန္ကုန္ၿမိဳ႕မွာ ၾသဂုတ္ ၃ ရက္က သံဃာအခ်ိဳ႕ အပါ အဝင္ အမ်ိဳးသားေရးလႈပ္ရွားသူ ေထာင္နဲ႔ခ်ီကာ တပ္မေတာ္ ထိပ္တန္းအရာရွိမ်ားအေပၚ အေမရိကန္က အေရးယူပိတ္ဆို႔မႈကို ဆန႔္က်င္ကန႔္ကြက္ ဆႏၵျပခဲ့တဲ့ သတင္း၊ တိုက္ပြဲျဖစ္ပြားရာမွာ ထြက္ေျပးလာတဲ့ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ ၃၀ ခန႔္မွ ေဒသခံ ၃,၀၀၀ ေက်ာ္ ပိတ္မိေနတဲ့သတင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ မဟာမုနိဘုရားပရဝဏ္အတြင္း တပ္စြဲျခင္းမျပဳဖို႔ သံဃာေတာ္ေတြက ေဒသတြင္း တပ္မေတာ္ တာဝန္ရွိသူမ်ားထံ စာပို႔တင္ျပခဲ့တဲ့ သတင္း၊ ႏိုင္ငံတကာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး အကယ္ဒမီ (International Anti- Corruption Academy-IACA) မွာ ပါဝင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က သေဘာတူခဲ့တဲ့သတင္း၊ မႏၲေလးၿမိဳ႕ ေနရာအခ်ိဳ႕မွာ ၾသဂုတ္ ၃ ရက္က အစိုးရ အလိုမရွိေၾကာင္း စတစ္ကာေတြ လိုက္ကပ္မႈ ျဖစ္ပြားခဲ့တဲ့သတင္း၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦလွေဆြ ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ ဖမ္းဝရမ္းထုတ္ခဲ့တဲ့ သတင္းအခ်ိဳ႕ကလည္း ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

တာဝန္ယူမႈ တာဝန္ခံမႈ

ယခုတစ္ပတ္ သတင္းေတြထဲ ေျပာစရာျဖစ္ခဲ့တဲ့ သတင္းေတြက ကိုရီးယားမွာ ေျမေအာက္လိုဏ္ေခါင္းထဲ ေရႏွင့္ေမ်ာပါသြားၿပီး ေသဆုံးခဲ့တဲ့ ျမန္မာလုပ္သားတစ္ေယာက္ သတင္းနဲ႔ ရန္ကုန္ ၾကည့္ျမင္တိုင္မွာ ေဆာက္လက္စ ေျခာက္ထပ္တိုက္ရွိ ေျမေအာက္ေရကန္ထဲဆင္းရင္း ေအာက္ဆီဂ်င္ျပတ္ၿပီး ေသဆုံးခဲ့တဲ့ အလုပ္သမားသုံးေယာက္ သတင္းဘဲ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ႏွစ္ရပ္က ယခုရက္သတၱပတ္ထဲျဖစ္ခဲ့ၿပီး ႏွစ္ခုစလုံး အမ်ားျပည္သူအတြက္ စိတ္ဆို႔နင့္ ေၾကကြဲစရာပါ။

ေတာင္ကိုရီးယားမွာျဖစ္ခဲ့တဲ့ ျမန္မာလုပ္သားေသဆုံးမႈ သတင္းက ဇူလိုင္ ၃၁ ရက္က ျဖစ္ခဲ့တာပါ။ဇူလိုင္ ၃၁ ရက္က ဆိုးလ္ၿမိဳ႕ရွိ ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ျမန္မာလုပ္သားနဲ႔အတူ ကိုရီးယားလုပ္သားႏွစ္ဦးက ဝိုင္ယာႀကိဳးေခြမ်ား သိမ္းဆည္းဖို႔ ေျမေအာက္လိုဏ္ေခါင္းအတြင္းကို ဆင္းခဲ့ရာကေန မိုးသည္းထန္စြာ ႐ြာသြန္းလာလို႔ လႈိဏ္ေခါင္းထဲဝင္လာတဲ့ ေရေတြနဲ႔အတူ ေမ်ာပါေသဆုံးခဲ့တာပါ။ဒီလိုေသဆုံးခဲ့တဲ့အတြက္ ေပ်ာက္ဆုံးစဥ္ကတည္းက ဆိုးလ္ၿမိဳ႕ရဲတပ္ဖြဲ႕ အပါအဝင္ အင္အား ၁၆၀ ေက်ာ္နဲ႔ ရွာေဖြခဲ့သလို ေတာင္ကိုရီးယား တစ္ႏိုင္ငံလုံး ဒီကိစၥအေပၚ အာ႐ုံစိုက္ခဲ့ပါတယ္။ေသဆုံးလွ်က္ အေလာင္းျပန္ေတြ႕ၿပီးေနာက္မွာလည္း ဒီကိစၥမွာ တာဝန္ရွိတဲ့သူအျဖစ္ ဆိုးလ္ၿမိဳ႕ေတာ္ဝန္ကိုယ္တိုင္ ဆုေတာင္းပြဲမွာ လာေတာင္းပန္ခဲ့ပါတယ္။

ေတာင္ကိုရီးယားမွာျဖစ္တဲ့ ျဖစ္ရပ္နဲ႔ မေရွးမေႏွာင္းမွာဘဲ ရန္ကုန္မွာ လုပ္သားသုံးဦး လုပ္ငန္းခြင္ထဲ ေသဆုံးခဲ့ပါတယ္။ျဖစ္တာက ၾသဂုတ္ ၆ ရက္မွာပါ။ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ထဲမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ေဆာက္လက္စ ႏွစ္ခန္းတြဲ ေျခာက္ထပ္တိုက္ရွိ အျမင့္ (၇) ေပရွိတဲ့ ေျမေအာက္ေရကန္အတြင္း ျငမ္းဆင္းျဖဳတ္ရာကေန ေအာက္ဆီဂ်င္ျပတ္ၿပီး ေသဆုံးခဲ့တာပါ။ဒီလိုေသဆုံးတဲ့အတြက္ အဆိုပါေနရာတစ္ဝိုက္မွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့သလို လူမႈကြန္ရက္မီဒီယာေတြမွာလည္း ေဖာ္ျပမႈေတြရွိခဲ့ပါတယ္။

ဒီျဖစ္ရပ္ႏွစ္ခုမွာလူခ်င္းတူပါလွ်က္ တန္ဖိုးထားမႈ ကြာျခားတာကို ေတြ႕ရသလို ျမန္မာႏိုင္ငံဘက္မွာ အေဆာက္အအုံေဆာက္လုပ္တဲ့ ပိုင္ရွင္ကို ေခၚစစ္တာေလာက္သာ အသံၾကားခဲ့ရပါတယ္။ေသဆုံးသူ သုံးဦးအတြက္ နစ္နာေၾကးမရွိႏိုင္သလို မိသားစုအတြက္ ေငြရွာရတဲ့သူတို႔ မိသားစုဝင္တစ္ဦးရဲ႕ ေသဆုံးျခင္းက ဒီလိုဘဲၿပီးသြားခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ တာဝန္ယူမႈ တာဝန္ခံမႈဆိုတာက လုံးဝေပ်ာက္ဆုံးေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြက ယခုလို မိုးတြင္းကာလမွာ  လွ်ပ္စစ္မေတာ္တဆမႈေတြျဖစ္ၿပီး ေသဆုံးတာေတြ ျဖစ္ခဲ့ပါတယ္။ဒီျဖစ္ရပ္ေတြမွာ ဘယ္သူကမွ တာဝန္ယူၿပီး ႏုတ္ထြက္တာမွ မရွိခဲ့သလို မေတာ္တဆေသဆုံးတဲ့သူေေတြကိုေတာင္ ေပါ့ဆမႈနဲ႔ အျပစ္တင္တာေတြ ရွိခဲ့ပါတယ္။ကိုယ္မွ လူျဖစ္ၿပီး က်န္တဲ့သူက လူမဟုတ္သလို ဆက္ဆံတတ္တဲ့ စနစ္မွာ ယခုလိုေပါ့ေလ်ာ့မႈေတြေၾကာင့္ ေသဆုံးမႈေတြရွိတဲ့အခါတိုင္း တာဝန္ခံမႈဆိုတဲ့စနစ္ မထြန္းကားရင္ မၾကာခဏေသဆုံးမႈေတြ ျဖစ္ေပၚေနဦးမွာျဖစ္ပါတယ္။ဒါဟာ မျဖစ္မေနျပင္ဆင္ရမယ့္ စနစ္ျဖစ္သလို ဆိုးလ္ၿမိဳ႕ေတာ္ဝန္လို တာဝန္ခံမႈကိုလည္း  တာဝန္ရွိသူေတြ၊ အာဏာပိုင္ေတြ အတုယူဖို႔လည္း စဥ္းစားသင့္တဲ့ ကိစၥပါဘဲ။

အဆိုပါသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့  ျပည္ၿမိဳ႕မွာ လူငယ္ေလးဦးခန႔္က အုပ္စုဖြဲ႕ ဓားနဲ႔ခုတ္လို႔ လူငယ္တစ္ဦး ေသဆုံးခဲ့တဲ့ သတင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္း ေနအိမ္တစ္ခုအတြင္းမွ G2 ႏွင့္ G3 ေသနတ္မ်ားတြင္ ထည့္ပစ္ႏိုင္သည့္ ၇ ဒသမ ၆၂ က်ည္အမ်ိဳးစား က်ည္ဆန္ထိပ္ဖူး ၄၄၀ ေတြ႕ရွိတဲ့သတင္း၊ ထိုင္းႏိုင္ငံ ကိုကၿမိဳ႕ရွိ အေဝးေျပးလမ္းမမွာ ျမန္မာႏိုင္ငံသားမ်ား လိုက္ပါလာသည့္ ယာဥ္တိမ္းေမွာက္ရာ ျမန္မာလုပ္သားႏွစ္ဦး ေသဆုံးၿပီး ခုနစ္ဦးဒဏ္ရာရရွိခဲ့တဲ့သတင္း၊ အဆိုေတာ္ အစၥဏီ၏ မိခင္က တရားဝင္ေတာင္းပန္လို႔ ေမာ္ဒယ္ စူးရွထက္ ဘက္က စြဲဆိုထားတဲ့ အမႈအားလုံးကို ႐ုပ္သိမ္းေက်ေအးခဲ့တဲ့သတင္း၊ ကေလးၿမိဳ႕နယ္ထဲ မူးယစ္ေဆး ဝင္ဖမ္းရာကေန စႏိုက္ပါေသနတ္ အပါအဝင္ လက္နက္မ်ိဳးစုံႏွင့္ စကားေျပာစက္ေတြ ဖမ္းဆီးရမိခဲ့တဲ့ သတင္းေတြထဲ သတိထားမိစရာ ျဖစ္ခဲ့ပါတယ္။

စံခ်ိန္တင္႐ြာတဲ့ မိုး တစ္ၿမိဳ႕လုံးျမဳပ္တဲ့ မိုး

ယခုတစ္ပတ္ သတင္းေတြထဲမွာ ရာသီဥတုသတင္းေတြကလည္း သတင္းဖတ္သူေတြရဲ႕ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။ရန္ကုန္ အပါအဝင္ ျမန္မာႏိုင္ငံေအာက္ပိုင္းနဲ႔ ပင္လယ္ျပင္နဲ႔ ထိစပ္ေနတဲ့ ရခိုင္၊ ဧရာဝတီ၊ မြန္ စတဲ့ ေဒသေတြမွာ မိုးႀကီးၿပီး ေလျပင္းတိုက္ခတ္မႈေတြေၾကာင့္ အိမ္ေတြနဲ႔ အေဆာက္အဦးေတြ၊ သစ္ပင္ေတြၿပိဳလဲတာေတြ ျဖစ္ခဲ့သလို ထိခိုက္ေသဆုံးမႈေတြ ရွိခဲ့ပါတယ္။

ထုံးစံအတိုင္း ဘဂၤလားပင္လယ္ေအာ္မွာ မုတ္သုန္ေလ အားေကာင္းရင္ အားေကာင္းသလို ျမန္မာႏိုင္ငံဘက္မွာ ေလေရာ မိုးေရာ ေကာင္းတာ မဆန္းတဲ့ကိစၥပါ။ဆန္းတာက ေရွ႕ရက္ပိုင္းကတည္းက လာအိုဘက္ကို ဝင္ေနတဲ့ အပူပိုင္းမုန္တိုင္း ဝီဖာ မုန္တိုင္းအရွိန္ေၾကာင့္ ၾသဂုတ္ ၄ ရက္ကတည္းက ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္ ကိုးခုမွာ  ေလျပင္းေတြက်ၿပီး မိုးႀကီးတာေတြ ျဖစ္ခဲ့တာပါ။ဒီမုန္တိုင္းရွိန္ေၾကာင့္ ကရင္ျပည္နယ္နဲ႔ ပဲခူးဘက္မွာ ေရႀကီးနစ္ျမဳပ္မႈ ႀကဳံေတြ႕ေနရသလို ပင္လယ္နဲ႔ထိစပ္တဲ့ ေဒသေတြမွာ ဒီေရေၾကာင့္ အနိမ့္ပိုင္းေတြမွာလည္း  ေရႀကီးခဲ့ပါတယ္။

ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေနတဲ့ ေလဖိအားနည္းရပ္ဝန္းက ၾသဂုတ္ ၆ ရက္မွာ မုန္တိုင္းငယ္ ျဖစ္လာတဲ့အတြက္ မုတ္သုန္ေလက အလြန္အားေကာင္းၿပီး ျမန္မာႏိုင္ငံဘက္မွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေတြ ျဖစ္ခဲ့ပါတယ္။မိုးသည္းထန္စြာ ႐ြာသြန္းတာေတြေၾကာင့္ လွ်ပ္တစ္ျပက္ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ားေတြ ျဖစ္ခဲ့လို႔ ေတာင္က်ေရေတြေၾကာင့္ ရခိုင္၊ ကရင္ႏွင့္ မြန္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီးေတြမွာ ေရႀကီးနစ္ျမဳပ္မႈ ျဖစ္ေပၚေနသလို ခ်င္းျပည္နယ္ဘက္မွာ ေျမၿပိဳတာေတြ ျဖစ္ခဲ့ပါတယ္။မြန္ျပည္နယ္ဘက္မွာ ဘီးလင္းျမစ္ေရတက္လို႔  ကားလမ္းေရေက်ာ္ခဲ့သလို ေက်ာင္းပိတ္ရတာေတြ မြန္၊ ပဲခူး၊ ကရင္ျပည္နယ္ေတြဘက္မွာ ျဖစ္ခဲ့ပါတယ္။

ၾသဂုတ္ ၇ ရက္မွာ ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေနတဲ့ မုန္တိုင္းငယ္ေၾကာင့္ ျမန္မာႏိုင္ငံဘက္မွာ မိုး႐ြာသြန္းမႈ အားေကာင္းခဲ့လို႔ ရန္ကုန္မွာ ႏွစ္ ၇၀ ၾကာ တည္ရွိခဲ့တဲ့ မိုးေရခ်ိန္စံခ်ိန္ေတြ က်ိဳးခဲ့ပါတယ္။ဒါ့အျပင္ ရန္ကုန္ၿမိဳ႕တစ္ဝန္း ေရႀကီးမႈျဖစ္ခဲ့သလို အေဝးေျပးစခန္းေတြ၊ ေဆး႐ုံေတြနဲ႔ ကားလမ္း၊ ရထားလမ္းပိုင္းအခ်ိဳ႕ ေရေက်ာ္လို႔ ရပ္နားခဲ့ရသလို အနိမ့္ပိုင္းရပ္ကြက္ေတြထဲ ေရဝင္လို႔ ေ႐ႊ႕ေျပာင္းမႈေတြလုပ္ရတာေတြ ရွိခဲ့ပါတယ္။ၾသဂုတ္ ၇ ရက္မွာဘဲ ဘီးလင္းျမစ္ေရေၾကာင့္ ရန္ကုန္-ေမာ္လၿမိဳင္ ကားလမ္းေရေက်ာ္ခဲ့သလို ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္း ႏွင္းပုလဲႏွင့္ ဒုံးဝန္းအၾကား ယာယီလမ္းလႊဲတာေဘာင္ကို ေတာင္က်ေရတိုးလို႔ ျပတ္က်လုနီးပါးျဖစ္ခဲ့ပါတယ္။
ဒီအတြက္ ရန္ကုန္-ေမာ္လၿမိဳင္ ရထားေျပးဆြဲမႈေတြကို ေခတၱရပ္နားခဲ့ရၿပီး ေန႔လယ္ပိုင္းမွာ တံတားသစ္ကေန ေျပးဆြဲေပးခဲ့ရပါတယ္။

အဆိုပါမုန္တိုင္းငယ္ အိႏၵိယဘက္ ဝင္သြားတဲ့အခ်ိန္မွာ မုတ္သုံေလအားေပ်ာ့သြားတဲ့အတြက္ ရန္ကုန္ဘက္မွာ မိုးျပတ္သြားေပမယ့္ မြန္၊ ဘားအံဘက္မွာ ပင္လယ္ဒီေရတက္တာရယ္၊ ေတာင္က်ေရေတြဝင္တာေတြရယ္ေၾကာင့္ မေဒါက္ၿမိဳ႕၊ ေ႐ႊက်င္ၿမိဳ႕၊ ဘားအံၿမိဳ႕၊ ဘီးလင္းၿမိဳ႕မ်ားမွာ ေရႀကီးမႈေတြျဖစ္ခဲ့ကာ ေရေဘးဒုကၡသည္ စခန္းေတြ ဖြင့္လွစ္ခဲ့ရပါတယ္။သံလြင္ျမစ္ေရကလည္း  စိုးရိမ္ေရမွတ္အထက္ ျမင့္တက္လာလို႔  တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ေလးခုရွိ ခုနစ္ၿမိဳ႕အတြက္ ေရေဘးသတိေပးခ်က္ေတြ မိုး/ဇလဘက္က ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုေအာက္ပိုင္းမွာ မိုးႀကီးေရႀကီးေပမယ့္ မေကြးၿမိဳ႕နယ္ႏွင့္ ေရနံေခ်ာင္းၿမိဳ႕နယ္ေတြထဲမွာ တစ္လခန႔္ မိုးမ႐ြာတာေတြ ရွိခဲ့ပါတယ္။

ဒီတစ္ပတ္ထဲ သဘာဝေဘးသတင္းေတြအျဖစ္ ေရသတင္းအျပင္ ခပ္စိပ္စိပ္လႈပ္လာတဲ့ ငလ်င္သတင္းေတြေၾကာင့္လည္း ေက်ာခ်မ္းစရာျဖစ္ခဲ့ပါတယ္။ကခ်င္ျပည္နယ္အတြင္း ရစ္ခ်္တာစေကး ၄ ဒသမ ၇ အဆင့္ရွိ ငလ်င္လႈပ္ခဲ့သလို ျမန္မာႏိုင္ငံအတြင္း ေန႔စဥ္နီးပါး ငလ်င္လႈပ္ခတ္မႈေတြ ရွိခဲ့ပါတယ္။

သဘာဝေဘးထဲပါတဲ့ ေရာဂါေဘးကလည္း လူေတြကို ၿခိမ္းေျခာက္ေနခဲ့ပါတယ္။အိမ္နီးခ်င္း တ႐ုတ္နဲ႔ ထိစပ္ေနတဲ့ မိုင္းလားနယ္ေျမထဲမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါ တ႐ုတ္ဘက္ကေန ကူးစက္လာတဲ့အတြက္ ဝက္ေကာင္ေရ ႏွစ္ေထာင္ေက်ာ္ သုတ္သင္ခဲ့ရသလို ပညာေပးေတြလည္း လုပ္ေနရပါတယ္။အာဖရိက ဝက္တုပ္ေကြးေရာဂါက မိုင္းလားတြင္ မကပါဘူး။၀ ေဒသကိုပါ ကူးလာတဲ့အတြက္ ထိန္းခ်ဳပ္မႈေတြ လုပ္ေနရတယ္ဆိုပါတယ္။

လူေတြရဲ႕ေလာဘနဲ႔အတူ စားေသာက္ေနထိုင္မႈ ပုံစံအသစ္၊ ႐ုပ္ဝတၱဳပစၥည္း အသစ္အဆန္းေတြနဲ႔အတူ ေရာဂါအသစ္အဆန္းေတြလည္း ျဖစ္လာခဲ့ရာမွာ ယခင္ကထက္ ထိန္းခ်ဳပ္ဖို႔ တစ္စတစ္စ ခက္ခဲလာတာကို ေတြ႕လာရပါတယ္။လက္ရွိမွာ ရာသီတုပ္ေကြးေရာဂါ (H1N1) ေၾကာင့္ တစ္ႏိုင္ငံလုံး ေသဆုံးသူ ၉၀ ထိ ရွိလာသလို ဆင္တုပ္ေကြးေရာဂါကလည္း ျဖစ္ပြားေနတဲ့အတြက္ ဝက္ေတြမွာျဖစ္တဲ့ အာဖရိက ဝက္တုပ္ေကြးေရာဂါကိုလည္း သတိထားဖို႔လိုေနတယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၉