【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လက်နက်ကိုင်စွက်ဖက်မှုနှင့် များလာသည့် အကြမ်းဖက်မှုတွေ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လက်နက်ကိုင်စွက်ဖက်မှုနှင့် များလာသည့် အကြမ်းဖက်မှုတွေ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေက စိတ်ဝင်စားစရာကောင်းခဲ့သလို ရှုပ်ထွေးတဲ့ နိုင်ငံရေးနောက်ခံတွေ ပါနေတဲ့အတွက် တိုင်းပြည်ရှေ့ရေးအတွက် စိတ်လေးစရာကောင်းခဲ့ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ သမ္မတရုံး အထူးသတင်းစာရှင်းလင်းပွဲကနေ စလိုက်တဲ့ သတင်းတွေနဲ့အတူ တောင်ကုတ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရခိုင်သောင်းကျန်းသူတွေက ဖမ်းဆီးသွားတဲ့ သတင်းတွေ၊ ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ္တပတ် ၃ ပတ်ခန့်သာ လိုတော့တဲ့အချိန်မှာ နယ်မြေအခြေအနေအရ ရွေးကောက်ပွဲကျင်းပခွင့်မရှိတဲ့ မြို့နယ်နဲ့ ဒေသတွေကို ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့အတွက် ပါတီတွေနဲ့ နိုင်ငံရေးသမားအချို့က ဝေဖန်မှုတွေမြင့်တက်လာတဲ့ သတင်းတွေ၊ မန္တလေးမှာ လက်နက်ပြပြီး ဘဏ်ကိုအနုကြမ်းစီးတဲ့ သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် မူဆယ်မှာ SNLD ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးသွားတဲ့ ကားတစ်စီး ရွှေလီမြစ်ထဲထိုးကျလို့ သုံးဦးသေ၊ သုံးဦးဒဏ်ရာရပြီး ငါးနှစ်အရွယ်ကလေးတစ်ဦး ပျောက်ဆုံးခဲ့တဲ့သတင်း၊ COVID-19 ဖြစ်ပွားမှု အခြေအနေအရ ကျောင်းများပြန်ဖွင့်ခွင့်ချိန်မှာ အသက် ၆ နှစ်ပြည့်ပြီး ကလေးငယ်များ KG တက်ရန် မလိုတော့တဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာထုတ်ပြန်မှုဂယက်

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၂၀ လောက်သာ လိုတော့တဲ့ အောက်တိုဘာ ၁၆ ရက်မှာ ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပလို့မရတဲ့ နယ်မြေဒေသတွေကို ထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး စသည့်မြို့နယ် ကိုးမြို့နယ်စလုံးနှင့် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု ၅၂ ခု၊ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းလားမြို့၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နှင့် မိုင်းကိုင်မြို့နယ် ခြောက်မြို့နယ်နှင့် ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ ခု၊ နောင်ချိုမြို့နယ်မှ ဆိပ်ဖူးကျေးရွာအုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု သုံးခု၊ မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု နှစ်ခု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု လေးခု၊ မိုင်းယန်းမြို့နယ်မှ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု ၁၃ခု၊ မိုင်းဖြတ်မြို့နယ်မှ လုံကောင့်ကျေးရွာအုပ်စု။
မိုင်းယောင်းမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်ခု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု လေးခု၊ မူဆယ်မြို့နယ်မှ ရပ်ကွက်တစ်ခု၊ ကျေးရွာအုပ်စု ကိုးခု၊ မက်မန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ ခု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စု သုံးခု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၁ ခု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု ခြောက်ခု၊ ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ ကုန်းကြမ်းမြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ ဟိုပန်မြို့နယ်မှ ရပ်ကွက်ငါးခု၊ ကျေးရွာအုပ်စု ၃၇ ခု၊ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်မှ ကျေးရွာအုပ်စု ခုနစ်ခု၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ကိုးခု၊ ဖာပွန်မြို့နယ်မှ ကျေးရွာအုပ်စု ၂၅ ခု၊ ဘားအံမြို့နယ်မှ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု၊ သံတောင်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်ခုနှင့် မြဝတီမြို့နယ်မှ ကျေးရွာအုပ်စု သုံးခု၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ ခု၊ ရွှေကျင်မြို့နယ်မှ ကျေးရွာအုပ်စု ၃၀ နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ဘောနော်ခီးကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။

ဒီလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပနိုင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အဆိုပါသတ်မှတ်ချက်ကြောင့် မကျင်းပတဲ့နေရာတွေမှာ အနိုင်ရမယ်လို့ထင်ထားတဲ့  ပါတီတွေက အပြင်းအထန်ဝေဖန်ခဲ့သလို ဒီလိုထုတ်ပြန်မှုဟာ ဘယ်လိုမူတွေ၊ ဘယ်လိုဖိအားတွေ၊ ဘယ်လိုကန့်သတ်ချက်တွေကြောင့် မကျင်းပတာလဲဆိုပြီး ထုတ်ပြန်ပေးဖို့ ပြောခဲ့ကြပါတယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီလိုထုတ်ပြန်ချက်အတွက် ပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့ တိုင်းရင်းသားပါတီ ၅ ခုပေါင်းပြီး တောင်းဆိုခဲ့ပါတယ်။ဒီထဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီတို့ ပါဝင်ပါတယ်။တခြားသောပါတီတွေဖြစ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ  သူရဦးရွှေမန်း က လူမှုကွန်ရက်ကနေ ဒီလိုထုတ်ပြန်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်မယ်ဆိုရင် စိုးရိမ်စရာအလွန်ကောင်းတယ်ဆိုပြီး ထုတ်ပြန်ခဲ့သလို ရှမ်းတိုင်းရင်းသားပါတီတွေဘက်ကလည်း  သူတို့အဓိကထားတဲ့နေရာတွေ ပါကုန်တဲ့အတွက် ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုခဲ့တာတွေရှိပါတယ်။

ရွေးကောက်ပွဲနီးချိန်မှာဖြစ်ခဲ့တဲ့ ဒီလိုရွေကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ်တွေရှိခဲ့ပေမယ့် အရပ်သားအစိုးရလက်ထက်မှာ ယခင်စစ်အစိုးရကို ဆက်ခံခဲ့တဲ့ အရပ်သားတစ်ပိုင်းအခြေအနေထက် ပိုပြီးများနေကောင်းပေမယ့် တရားဥပဒေစိုးမိုးရေးအခြေအနေက ယခင်အစိုးရလက်ထက်ကထက် ပိုပြီးဆိုးနေတာတော့ အမှန်ပါဘဲ။ဒါကိုမြင်ပေမယ့် သတိပြုမိတာ နည်းပါလိမ့်မယ်။နေပြည်တော်လို နေရာမျိုးမှာ အလွန်ငယ်လွန်းတဲ့ ကလေးငယ်တစ်ဦး မတော်မတရားပြုကျင့်ခံရတာတောင် တရားခံမပေါ်တာကို သတိပြုမိမယ်ဆိုရင် အရပ်သားအစိုးရ အခက်အခဲကို သတိပြုမိမယ်ထင်ပါတယ်။

ယခုလို ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နေရာတွေကိုမထုတ်ပြန်ခင် လူမှုကွန်ရက်မှာတက်လာတဲ့ သတင်းတွေကို ပြန်သတိထားမိမယ်ဆိုရင် ဒါဟာ ဖြစ်သင့်တဲ့ကိစ္စလို့ လက်ခံနိုင်ပါလိမ့်မယ်။တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တွေက ပါတီတွေစည်းရုံးခွင့်ကို တားမြစ်တာ၊ ပါတီကိုယ်စားလှယ်လောင်းတွေကို ပြန်ပေးဆွဲတာ၊ ဘယ်ပါတီကိုသာ ထည့်ရမယ်ဆိုပြီး ဒေသခံတွေကို ခြိမ်းခြောက်ဖိအားပေးနေတာ စတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ခဲ့တာကို တွေ့ရမှာဖြစ်သလို အာဏာရပါတီ မဲဆွယ်ဆိုင်းဘုတ်တွေ၊ ပါတီဝင်တွေရဲ့ လှုပ်ရှားမှုတွေအပါအဝင် ပါတီတွေရဲ့ လှုပ်ရှားမှုတွေကို တစ်ဘက်အဖွဲ့အစည်းနဲ့ လက်နက်ကိုင်ထားတဲ့အဖွဲ့တွေက အန္တရာယ်ပြုတာတွေကို တွေ့ရမှာဖြစ်ပါတယ်။

ယခု ၂၀၂၀ ရွေးကောက်ပွဲက ထူးခြားမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်သလို တချို့သောသူတွေရဲ့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နေတာကို တွေ့ရပါတယ်။အာဏာရပါတီဘက်မှာဆိုရင် ဒီတစ်ခါရွေးကောက်ပွဲဟာ လူထုခေါင်းဆောင်အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်တွေ အသက်အရွယ်အရ  နောက်ဆုံးပါတဲ့ ရွေးကောက်ပွဲဖြစ်သလို ယခင်စစ်အစိုးရကို ဆက်ခံခဲ့တဲ့ အတိုက်အခံတွေဘက်ကဆိုရင်လည်း ဒီရွေးကောက်ပွဲသာ အနိုင်မရခဲ့ဘူးဆိုရင် သူတို့ရဲ့အာဏာစက် နောက်ဆုံးအဆုံးသတ်ဖြစ်လာနိုင်တဲ့ အနေအထားရှိတဲ့အတွက် ယခုရွေးကောက်ပွဲက သေရေးရှင်ရေး အဆုံးအဖြတ်ဖြစ်နေတဲ့ အနေအထားပါ။ဒီလိုအနေအထားမှာ မမျှော်လင့်ထားဘဲ ပါတီတစ်ခုက နိုင်ငံတစ်ခုလုံးမှာ ငွေကြေးသုံးစွဲပြီး တိုင်းပြည်အာဏာကိုရယူဖို့ ကြံစည်နေတာကို မီဒီယာတစ်ခုဖော်ထုတ်မှုကြောင့် ပေါ်ပေါက်လာခဲ့လို့ လက်မတင်လေး အရေးယူနိုင်ခဲ့ပါတယ်။ဒီပါတီကို ဦးဆောင်တဲ့သူက ၁၉၉၀ ကျော် ကာလတွေက မြန်မာနိုင်ငံကနေ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ အရေးယူခံရပြီး ထောင်ကျကာ ထောင်ဖောက်ပြေးခဲ့တဲ့သူတစ်ဦးကနေ ထောင်ထားခဲ့တဲ့ ပါတီပါ။အဆိုပါ ကျော်မြင့်ဆိုသူ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားကတ်ကလည်း တစ်ချိန်က အဖွဲ့လိုက်ဖမ်းဆီးထုတ်ပယ်တာကို ခံခဲ့ရဘူးတဲ့ ထောက်လှမ်းရေးအဖွဲ့ကနေ ထုတ်ပေးထားတဲ့ကတ်ဖြစ်တဲ့အတွက် ဒီလူရဲ့ နိုင်ငံသားဖြစ်မှုက ယခုထိပြန်လည်စိစစ်နေရဆဲလူပါ။
ဒီလိုနောက်ကွယ်ကနေ ဘယ်သူ့ငွေမှန်းမသိတဲ့ ကျပ်ဘီလျံနဲ့ချီပြီး ပါတီအတွက်သုံးတဲ့ ငွေတွေနဲ့ မြန်မာနိုင်ငံရေးနဲ့ အချူပ်အခြာအာဏာကို ရယူဖို့ဆိုတာ အတော်လေးကို လန့်စရာကိစ္စပါဘဲ။ထူးခြားတာက ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာကောင်စီကို တပ်မတော်ပိုင် မြ၀တီသတင်းစာမှာ တပ်ချုပ်ပြောခဲ့တဲ့စကားကို ဆယ်ရက်ဆက်တိုက် ဖော်ပြခဲ့တဲ့အတွက် တိုင်ကြားခဲ့တာလည်း ဒီရက်ထဲမှာ ဖြစ်ခဲ့ပါတယ်။တပ်ချုပ်ပြောစကားထဲမှာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ မှာ ဖော်ပြထားတဲ့ လူမျိုးရေး၊ ဘာသာရေးအကြောင်းပြ မဲဆွယ်မှုများမပြုလုပ်ရန်ဆိုတဲ့အချက်ကို ငြိစွန်းတဲ့အတွက် တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

ဒီလိုရှုပ်ထွေးနေတဲ့ နိုင်ငံရေးမှာ ပါတီတွေက ကိုယ့်ပါတီအနိုင်ရရင်ပြီးရော နိုင်ငံဘာဖြစ်ဖြစ်ဆိုတဲ့ အတ္တစိတ်နဲ့ လုပ်ကိုင်နေကြတာက အတော်လေးကို စိတ်မကောင်းစရာပါ။စေတနာအမှန်နဲ့ နိုင်ငံအရေးလုပ်ကိုင်လိုသူနည်းပြီး နိုင်ငံ့အာဏာကိုရရင် လုပ်ပိုင်ခွင့်နဲ့ အာဏာနဲ့ ဆွေစဉ်မျိုးဆက်ကြွယ်၀ဖို့ကိုသာ အဓိကဦးစားပေးပြီး မဲပေးရမယ့် ပြည်သူတွေကို သူတို့ကိုမဲပေးဖို့ ခြောက်လှန့်နေတာ၊ ဖိအားပေးနေတာတွေက ပြည်သူတွေအတွက် ရဲရဲဝံ့ဝံ့ရင်ဆိုင်ကြရမယ့် အခြေအနေပါဘဲ။တချို့နယ်တွေမှာ ပါတီတွေကို အားပေးဝန်းရံသူတွေ တစ်ဘက်နဲ့ တစ်ဘက် ရန်စောင်နေကြသလို ဒီကနေ အုပ်စုဖွဲ့တိုက်ခိုက်ကြမယ့် အခြေအနေအထိဖြစ်လာလို့  အာဏာပိုင်တွေဘက်က ဝင်ထိန်းရတာတွေလည်းရှိခဲ့ပါတယ်။

ဒီနေရာမှာ သတိထားမိတဲ့ အကြောင်းကိစ္စကတော့ လက်နက်ကိုင်တွေ အတော်များများနဲ့ အတိုက်အခံအားလုံးက အာဏာရပါတီ ပြန်လည်ရွေးကောက်မခံရရင်ပြီးရောဆိုတဲ့ ပုံစံနဲ့ အာဏာရပါတီက မဲဆွယ်သူတွေ၊ ဝန်းရံသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အကြမ်းဖက်တဲ့နည်းနဲ့ တိုက်ခိုက်နေကြတာကို တွေ့နေရတာပါ။ NLD ပါတီ အာဏာရလာခဲ့တဲ့ ယခု ၅ နှစ်တာအတွင်းမှာ တခြားသောနေရာတွေမှာ တိုးတက်မှု ရှိ/မရှိ မသေချာပေမယ့် ပြည်သူများအပေါ် လက်နက်ကိုင်များနှင့် ဒေသတွင်းဩဇာအာဏာရှိသူတွေရဲ့ မတော်မတရားလုပ်ခဲ့ခြင်းတွေကို ဖော်ထုတ်နိုင်ခဲ့၊ ထုတ်ဖော်ပြောနိုင်ခဲ့တာကို တွေ့ရပြီး ဒေသအတော်များများမှာ အဆိုပါအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ပိုင်ခွင့်ဩဇာအာဏာကို လျှော့ချနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီအချက်က အဆိုပါလက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်နဲ့ လူထုကိုဗိုလ်ကျအနိုင်ကျင့်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအတွက် အာဏာရပါတီကို မရရအောင် ရတဲ့နည်းနဲ့ ပြန်လည်ရွေးကောက်မခံရမှ ငါတို့အဖွဲ့အစည်း၊ ငါတို့ ရေရှည်ဗိုလ်ကျနိုင်မယ်ဆိုတဲ့ ဆိုးဝါးကောက်ကျစ်တဲ့ အတ္တကိုအခြေခံပြီး လုပ်နေတာကို တွေ့ရပါတယ်။ဒီအတ္တအတွက် လူမျိုး၊ ဘာသာ စတဲ့ အသိပညာနည်းသူတွေ သည်းခြေကြိုက်စကားကို တွင်တွင်ကျယ်ကျယ်သုံးပြီး သူတို့လိုဘအတွက် အသုံးချမှုဟာ အတော်လေးကိုဆိုးရွားတဲ့ လုပ်ဆောင်မှုပါ။ဒါဟာ တိုင်းပြည်ဘာဖြစ်ဖြစ် ငါတို့လိုလားတဲ့သူတွေ ပြန်အာဏာရရင်ပြီးရော၊ ရွေးကောက်ခံရပြီးရောဆိုတဲ့ ယုတ်ညံ့တဲ့အတွေးအခေါ်နဲ့  တိုင်းပြည်အပေါ် စေတနာနည်းလွန်းတဲ့ လုပ်ရပ်တွေပါ။ဒီအတွက် ပြည်သူကကောင်းကောင်းသိပါတယ်။ဘယ်လက်နက်ကိုင်၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်က  တိုင်းပြည်အပေါ် စေတနာထားသလဲဆိုတာ ပြည်သူကသိပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲနီးလာလေ ကိုယ့်နေရာကိုယ်မနေဘဲ ကိုယ့်တာဝန်ကိုယ်မယူလဲ လုပ်နေကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ရည်ရွယ်ပြီး အောက်တိုဘာ ၁၆ ရက်မှာ နိုင်ငံတော်သမ္မတက အမိန့်အမှတ် ၂၇ / ၂၀၂၀ ကို ထုတ်ပြန်ကာ သတိပေးချက်တစ်ခုကိုထုတ်ပြန်ပြီး လာမည့်ရွေးကောက်ပွဲကို ပုံစံမျိုးစုံနဲ့ အနှောင့်အယှက်ပေးမယ့်သူတွေကို သက်ဆိုင်ရာဌာနတွေအနေနဲ့ တည်ဆဲဥပဒေနဲ့ ထိရောက်စွာအရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။ဒီလိုညွှန်ကြားတဲ့အထဲမှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး စည်းရုံးတာ၊ မဲဆွယ်တာ၊ ဆူပူမှုဖြစ်အောင်လုပ်တာ၊ ရပ်ရွာအေးချမ်းသာယာအောင် ပြုလုပ်တာတွေ ပါဝင်ပါတယ်။
ဒါကိုကြည့်ရင် လက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲကို တွေ့ရမှာဖြစ်ပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာတော့ ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စောင့်ကြည့်လေ့လာသူတွေ စောဒကအတက်ခံနေရတဲ့ ရွေးကောက်ပွဲကော်မရှင်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။အထူးသဖြင့် ဒီပွဲမှာ  လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပလို့မရတဲ့ နယ်မြေတွေကို ကြေညာခဲ့ရတာနဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့သလို အဲဒီနယ်မြေတွေရဲ့ အခြေအနေတွေကို ရှင်းပြခဲ့တာကို တွေ့ရပါတယ်။ရွေးကောက်ပွဲကျင်းပဖို့ကလည်း ရက်အားဖြင့် ရက် ၂၀ တောင် မပြည့်တော့ပါဘူး။ဒီကြားထဲ ရွေးကောက်ပွဲအကြောင်းပြုပြီး ဘာတွေကြားရဦးမလဲ၊ ပြည်သူဆီက မဲတစ်ပြားရဖို့ ဘယ်လူပုဂ္ဂိုလ်နဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ ပြည်သူကို ဗဟိုပြုပါတယ်ဆိုတဲ့ သူတော်ကောင်းဟန်ဆောင်မှု မျက်နှာဖုံးတွေ ကွာကျမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ် ပါတယ်။

ရခိုင်အရေးနဲ့ အစွန်းရောက်ရမ်းကားမှု  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ကော့မှူးမြို့နယ် ဒေသခံပြည်သူများနဲ့ အောက်တိုဘာ ၁၇ ရက်က ပြုလုပ်တဲ့ အွန်လိုင်းစကားဝိုင်းမှာ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံရေးအတွက် တစ်ခါတလေ အန္တရာယ်အများဆုံးကိစ္စဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒါဟာ တောင်ကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နဲ့ တောင်ကုတ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ရခိုင်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (AA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၃ ရက်အကြာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့တာပါ။

လက်နက်ရှိရင် ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်နိုင်တယ်ဆိုတဲ့ အယူအဆကနေ ကိုယ်လုပ်ချင်တာ လုပ်နိုင်တယ်ဆိုတဲ့ ဝါဒထွန်းကားနေတဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေးအခြေခံနဲ့ လက်နက်ကိုင်ပြီး ဒေသခံတွေ ကစင့်ကလျား ထိခိုက်နစ်နာရတဲ့အဖြစ်ထဲက ဖြစ်ရပ်တစ်ခုပါ။ရခိုင်ဒေသက အရပ်သားအစိုးရ တာဝန်ယူပြီးနောက်ပိုင်း ဘယ်လိုသောသူတွေက စတင်ဖော်ဆောင်ခဲ့သလဲ။ဘယ်သူတွေက ဒီအဖွဲ့ကို ကြီးထွားအောင်လုပ်ခဲ့သလဲ၊ နောက်ကွယ်မှာ ဘယ်လိုအကျိုးစီးပွားတွေရှိနေသလဲ၊ ဘယ်လိုနိုင်ငံတွေက ဒီလိုအဖွဲ့တွေကို ချုပ်ကိုင်ထားသလဲဆိုတာ ထုတ်မပြောလဲ သိနိုင်နေတဲ့ကိစ္စပါ။ဒါပေမယ့် တစ်ကယ့်မြေပြင်မှာတော့ နောက်ကွယ်တွေကို မမြင်မတွေ့နိုင်လောက်အောင် အခြေအနေက ရှုပ်ထွေးနေပါတယ်။ရခိုင်လက်နက်ကိုင်သောင်းကျန်းသူ (AA) စတင်ပေါ်ပေါက်ခဲ့စဉ်က ရခိုင်တိုင်းရင်းသားတွေအတွက်ဆိုပေမယ့် နောက်ပိုင်းမှာတော့ တခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေလိုပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ အကျိုးစီးပွားအတွက်ဘဲ တဖြေးဖြေးဖြစ်လာခဲ့ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေက အာဆာတွေ တိုက်ခိုက်မှုအပြီးမှာဆိုပေမယ့် နောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်၀ကို အခြေစိုက်လုနီးပါး အေအေက အထိုင်ချပြီး အဲဒီဒေသကနေ ရခိုင်နဲ့ ချင်းတောင်ပိုင်းကို စိုးမိုးထားဖို့အတွက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့လို့ ယခင်ကအေးချမ်းခဲ့တဲ့ ရခိုင်ဒေသတွေဟာ အခုအခါမှာတော့ တိုက်ပွဲကြောင့် သေကြေတဲ့သူတွေ၊ နှစ်ဘက်လုံးက ဖမ်းဆီးလို့ ဒုက္ခရောက်တဲ့သူတွေ၊ စစ်ကြောင့် ရွာပျက်ပြီး ဒုက္ခသည်စခန်းတွေမှာ နှစ်လုံးပေါက်နေလာခဲ့ရတဲ့ တောသူတောင်သားတွေအထိ ရှိလာခဲ့ပါပြီ။ယခုရက်ပိုင်းမှာ ဒီလိုစစ်ဘေးဒုက္ခသည်တွေအတွက် ဆန္ဒပြတဲ့သူတွေ၊ ရခိုင်အရေးဆန္ဒပြလို့ အဖမ်းခံရတဲ့သူတွေအတွက် ပြန်လွှတ်ပေးဖို့ ဆန္ဒပြတာတွေက မြို့ကြီးတွေအထိ ဖြစ်လာခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာ ၁၀ ရက်ကစပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ဆန့်ကျင်ဆန္ဒပြသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ရာမှာ ရတနာပုံတက္ကသိုလ်ရှေ့မှာ ရခိုင်ပြည်နယ်အရေးနှင့် တပ်မတော်ဆန့်ကျင်ကြောင်း စာသားပါတဲ့ စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်မှ အဖွဲ့ဝင်နှစ်ဦးကို ပုဒ်မ - ၅၀၅ (က)/၅၀၅ (ခ) ဖြင့် တရားစွဲခဲ့ပါတယ်။အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းမှာ ဗကသများအဖွဲ့ချုပ်က ရခိုင်အရေးနှင့်ပတ်သက်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ညောင်ပင်စျေးမှာ "တပ်မတော် အလင်း၀င်ပါ" ကြွေးကြော်သံပါ စာရွက်များဖြန့်ဝေခြင်း လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး စစ်တွေမြို့၊ ဝင်္ကဘာကွင်းမှာလည်း ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး အစိုးရနှင့် စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။မြန်မာတစ်နိုင်ငံလုံးမှာ ရခိုင်အရေး တောင်းဆိုဆန္ဒပြတဲ့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၅ ဦးရှိပြီး ဝရမ်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ အယောက် ၃၀ ခန့် ရှိခဲ့တယ်ဆိုပါတယ်။ရခိုင်မှာ ကိုဗစ် ၁၉ ကို အစိုးရနဲ့ ကျန်းမာရေးအာဏာပိုင်တွေက ခက်ခက်ခဲခဲထိန်းချုပ်နေရချိန်မှာ ရသေ့တောင်မှာ တပ်မတော်နှင့် အေအေတို့ရဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာလို့ အောက်တိုဘာလ ၁၄ ရက် တစ်ရက်တည်းမှာ ဒဏ်ရာရသူ ၄ ဦးရှိခဲ့ပြီး နေရပ်စွန့်ခွာသူ ၃ ထောင်ခန့် ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲနီးလာလေ နိုင်ငံရေးရှုပ်ထွေးလာသလို ကိုယ်နဲ့မဆိုင်တဲ့သူတွေက ကိုယ့်နေရာမဟုတ် ဝင်ပါမှုတွေ၊ အာချောင်မှုတွေ များလာသလို တိုက်ပွဲတွေကလည်း ပြင်းထန်လာတဲ့အတွက် အထိနာနေရတာက ဒေသခံတွေဘဲဖြစ်ပါတယ်။ဒီလိုအခြေအနေကြောင့်လည်း  အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ (UEHRD) ကော်မတီ၏ သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကိုပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ "ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ရင် ကျွန်မတို့ရဲ့ဆောင်ရွက်မှုတွေအပေါ် အပြုသဘောကြည့်မြင်ပြီး ဝိုင်းဝန်းကူညီကြတာတွေရှိသလို လိုအပ်ချက်တွေ၊ အားနည်းချက်တွေပဲ ထောက်ပြဝေဖန်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတွေအထိရောက်အောင် တွန်းပို့နေကြတဲ့ ပြည်တွင်း ပြည်ပ အသိုင်းအဝိုင်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့လိုတယ်ဆိုတာကိုလည်း သိဖို့လိုပါတယ်" လို့ သတိပေးခဲ့ပါတယ်။

အဲ့ဒီ အောက်တိုဘာ ၁၉ ရက်မှာဘဲ တောင်ကုတ်မှာ မဲဆွယ်စည်းရုံးနေတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေကို  ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ အေအေ သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်ပြီး စာထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပင် အမည်ရှေ့တွင် (ဒေါ်) တပ်ခေါ်ဆိုခြင်းမရှိဘဲ မိုက်မိုက်ရိုင်းရိုင်း “အောင်ဆန်းစုကြည်”ဟု ရင့်သီးစွာခေါ်ခဲ့သော်လည်း ယခင်အစိုးရလက်ထက်က တာဝန်ယူခဲ့သူတွေကို (ဦး) တပ်၍ ရိုသေစွာခေါ်ဆိုခဲ့တာကတော့ ထူးခြားချက်ပါဘဲ။ထို့အပြင် "NLD အစိုးရအနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများ အပြစ်မဲ့ရခိုင်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အဆိုပါ (၃) ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးမည်” ဆိုကာ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအတိုင်း လူမိုက်ဆန်ဆန် အကြပ်ကိုင်တဲ့စာကို ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

အစောပိုင်းဖမ်းဆီးစဉ်ကတည်းက အမေရိကန်၊ ပြင်သစ်နှင့် အခြားနိုင်ငံကြီးများက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှာ ယခုလိုမဲဆွယ်နေတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးခံရတဲ့အပေါ် သဘောထားထုတ်ပြန်ခြင်းမရှိတာလည်း ထူးခြားမှုတစ်ခုပါဘဲ။သာမန်အားဖြင့် ယခုလို မြန်မာနိုင်ငံအတွင်းဖြစ်နေသည့် အဖြစ်အပျက်တွေ၊ အကြမ်းဖက်မှုတွေက ထူးခြားနေသည်ဟု ထင်နိုင်စရာရှိသော်လည်း အာဏာရှင်စနစ်၊ လက်နက်အားကိုးတဲ့စနစ်ကို တိုက်ဖျက်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် ပါတီ၊ လူပုဂ္ဂိုလ်နှင့် လူ့အဖွဲ့အစည်းကို ထိုလက်နက်အားကိုးသည့် သူရဲဘောကြောင်သည့်သူတွေက၊ ကိုယ့်မိသားစု၊ ကိုယ့်အမျိုးအဆွေ စသည့် ကွက်ကွက်လေးကောင်းစားဖို့အရေးသာ ကြည့်တဲ့လူတွေက ရန်ပြုတာ သိပ်တော့ဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။ထိုအတွက်လည်း အာဏာရပါတီဘက်က အကြပ်ကိုင်မှုကို ခေါင်းငုံ့မခံခဲ့ဘဲ တောင်းဆိုသည့်အတိုင်း အလျှော့မပေးဟု ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ဘယ်လိုဘဲ ရည်ရွယ်ချက်နဲ့ စဖွဲ့ဖွဲ့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတိုင်း နောက်ပိုင်း လက်နက်ရှိလာ၊ လက်နက်အားကိုးလာ၊ ကာယအားကိုးလာပြီး လက်နက်မဲ့တွေအပေါ် အနိုင်ကျင့်ဗိုလ်ကျရသည်ကို ကြာလေမွေ့ပျော်လေ ဖြစ်လာတာကို ယခင်နှင့် ယခုကိုကြည့်လျှင် သိရမှာဖြစ်ပါတယ်။ထိုသို့သောသူတွေ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးသွားရာလမ်းကို မြန်မာ့သမိုင်းစဉ်နှင့် ကမ္ဘာ့သမိုင်းစဉ်ကို ပြန်ကြည့်လျှင် သိနိုင်မှာဖြစ်ပါတယ်။ဒီအတွက် ရှေ့လာမယ့်ရက်တွေမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မာလင်း
အောက်တိုဘာ - ၂၀

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြက စိတ္ဝင္စားစရာေကာင္းခဲ့သလို ရႈပ္ေထြးတဲ့ ႏိုင္ငံေရးေနာက္ခံေတြ ပါေနတဲ့အတြက္ တိုင္းျပည္ေရွ႕ေရးအတြက္ စိတ္ေလးစရာေကာင္းခဲ့ပါတယ္။ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၆ ရက္က ျပဳလုပ္ခဲ့တဲ့ သမၼတ႐ုံး အထူးသတင္းစာရွင္းလင္းပြဲကေန စလိုက္တဲ့ သတင္းေတြနဲ႔အတူ ေတာင္ကုတ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ရခိုင္ေသာင္းက်န္းသူေတြက ဖမ္းဆီးသြားတဲ့ သတင္းေတြ၊ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ရက္သတၱပတ္ ၃ ပတ္ခန႔္သာ လိုေတာ့တဲ့အခ်ိန္မွာ နယ္ေျမအေျခအေနအရ ေ႐ြးေကာက္ပြဲက်င္းပခြင့္မရွိတဲ့ ၿမိဳ႕နယ္နဲ႔ ေဒသေတြကို ေကာ္မရွင္က ထုတ္ျပန္ခဲ့တဲ့အတြက္ ပါတီေတြနဲ႔ ႏိုင္ငံေရးသမားအခ်ိဳ႕က ေဝဖန္မႈေတြျမင့္တက္လာတဲ့ သတင္းေတြ၊ မႏၲေလးမွာ လက္နက္ျပၿပီး ဘဏ္ကိုအႏုၾကမ္းစီးတဲ့ သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ မူဆယ္မွာ SNLD ပါတီေအာင္ႏိုင္ေရးအတြက္ စည္း႐ုံးေရးသြားတဲ့ ကားတစ္စီး ေ႐ႊလီျမစ္ထဲထိုးက်လို႔ သုံးဦးေသ၊ သုံးဦးဒဏ္ရာရၿပီး ငါးႏွစ္အ႐ြယ္ကေလးတစ္ဦး ေပ်ာက္ဆုံးခဲ့တဲ့သတင္း၊ COVID-19 ျဖစ္ပြားမႈ အေျခအေနအရ ေက်ာင္းမ်ားျပန္ဖြင့္ခြင့္ခ်ိန္မွာ အသက္ ၆ ႏွစ္ျပည့္ၿပီး ကေလးငယ္မ်ား KG တက္ရန္ မလိုေတာ့တဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲမက်င္းပႏိုင္တဲ့ ေနရာထုတ္ျပန္မႈဂယက္

ေ႐ြးေကာက္ပြဲက်င္းပဖို႔ ရက္ေပါင္း ၂၀ ေလာက္သာ လိုေတာ့တဲ့ ေအာက္တိုဘာ ၁၆ ရက္မွာ ေ႐ြးေကာက္ပြဲေကာ္မရွင္က လုံၿခဳံေရးအေျခအေနအရ ေ႐ြးေကာက္ပြဲက်င္းပလို႔မရတဲ့ နယ္ေျမေဒသေတြကို ထုတ္ျပန္ခဲ့ပါတယ္။ဒီထဲမွာ ရခိုင္ျပည္နယ္အတြင္းရွိ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံႏွင့္ ေျမာက္ဦး စသည့္ၿမိဳ႕နယ္ ကိုးၿမိဳ႕နယ္စလုံးႏွင့္ ေက်ာက္ျဖဴၿမိဳ႕နယ္မွ ရပ္ကြက္ႏွစ္ခု၊ ေက်း႐ြာအုပ္စု ၅၂ အုပ္စု၊ အမ္းၿမိဳ႕နယ္မွ ရပ္ကြက္ (၃) ခု၊ ေက်း႐ြာအုပ္စု ၂၉ ခု၊ စစ္ေတြၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ေလးအုပ္စု၊ ေတာင္ကုတ္ၿမိဳ႕နယ္မွ ရပ္ကြက္ ၁၀ ခုႏွင့္ ေက်း႐ြာအုပ္စု ၅၂ ခု၊ ရွမ္းျပည္နယ္အတြင္းရွိ မိုင္းလားၿမိဳ႕၊ ပန္ဆန္း (ပန္ခမ္း)၊ နားဖန္း၊ မိုင္းေမာ၊ ပန္ဝိုင္ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၁၂ ခု၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွ ဆိပ္ဖူးေက်း႐ြာအုပ္စု၊ နမ့္ဆန္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု သုံးခု၊ မန္တုံၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ႏွစ္ခု၊ မိုင္းခတ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ေလးခု၊ မိုင္းယန္းၿမိဳ႕နယ္မွ ရပ္ကြက္ႏွစ္ခု၊ ေက်း႐ြာအုပ္စု ၁၃ခု၊ မိုင္းျဖတ္ၿမိဳ႕နယ္မွ လုံေကာင့္ေက်း႐ြာအုပ္စု။
မိုင္းေယာင္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ရွစ္ခု၊ ကြတ္ခိုင္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ေလးခု၊ မူဆယ္ၿမိဳ႕နယ္မွ ရပ္ကြက္တစ္ခု၊ ေက်း႐ြာအုပ္စု ကိုးခု၊ မက္မန္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၁၇ ခု၊ မိုင္းတုံၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု သုံးခု၊ တန႔္ယန္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၁၁ ခု၊ လားရႈိးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ေျခာက္ခု၊ ကြမ္းလုံၿမိဳ႕နယ္မွ မန္ၿပိန္းေက်း႐ြာအုပ္စု၊ ကုန္းၾကမ္းၿမိဳ႕နယ္မွ ဟုံအိုက္ေက်း႐ြာအုပ္စု၊ ဟိုပန္ၿမိဳ႕နယ္မွ ရပ္ကြက္ငါးခု၊ ေက်း႐ြာအုပ္စု ၃၇ ခု၊ ကရင္ျပည္နယ္အတြင္းရွိ ေကာ့ကရိတ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ခုနစ္ခု၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ကိုးခု၊ ဖာပြန္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၂၅ ခု၊ ဘားအံၿမိဳ႕နယ္မွ ပ်ဥ္းမပင္ဆိပ္ေက်း႐ြာအုပ္စု၊ သံေတာင္ႀကီးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ရွစ္ခုႏွင့္ ျမဝတီၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု သုံးခု၊ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ ေက်ာက္ႀကီးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၁၂ ခု၊ ေ႐ႊက်င္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၃၀ ႏွင့္ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္မွ ေဘာေနာ္ခီးေက်း႐ြာအုပ္စုတို႔ ပါဝင္ပါတယ္။

ဒီလို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး အဆိုပါသတ္မွတ္ခ်က္ေၾကာင့္ မက်င္းပတဲ့ေနရာေတြမွာ အႏိုင္ရမယ္လို႔ထင္ထားတဲ့  ပါတီေတြက အျပင္းအထန္ေဝဖန္ခဲ့သလို ဒီလိုထုတ္ျပန္မႈဟာ ဘယ္လိုမူေတြ၊ ဘယ္လိုဖိအားေတြ၊ ဘယ္လိုကန႔္သတ္ခ်က္ေတြေၾကာင့္ မက်င္းပတာလဲဆိုၿပီး ထုတ္ျပန္ေပးဖို႔ ေျပာခဲ့ၾကပါတယ္။ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဒီလိုထုတ္ျပန္ခ်က္အတြက္ ျပန္လည္သုံးသပ္ျပင္ဆင္ေပးဖို႔ တိုင္းရင္းသားပါတီ ၅ ခုေပါင္းၿပီး ေတာင္းဆိုခဲ့ပါတယ္။ဒီထဲမွာ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ၊ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ၊ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ၊ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ မြန္ညီၫြတ္ေရးပါတီတို႔ ပါဝင္ပါတယ္။တျခားေသာပါတီေတြျဖစ္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠ႒  သူရဦးေ႐ႊမန္း က လူမႈကြန္ရက္ကေန ဒီလိုထုတ္ျပန္တာက အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးကို ထိခိုက္မယ္ဆိုရင္ စိုးရိမ္စရာအလြန္ေကာင္းတယ္ဆိုၿပီး ထုတ္ျပန္ခဲ့သလို ရွမ္းတိုင္းရင္းသားပါတီေတြဘက္ကလည္း  သူတို႔အဓိကထားတဲ့ေနရာေတြ ပါကုန္တဲ့အတြက္ ျပန္လည္သုံးသပ္ေပးဖို႔ ေတာင္းဆိုခဲ့တာေတြရွိပါတယ္။

ေ႐ြးေကာက္ပြဲနီးခ်ိန္မွာျဖစ္ခဲ့တဲ့ ဒီလိုေ႐ြေကာက္ပြဲမက်င္းပျဖစ္တဲ့ ၿမိဳ႕နယ္ေတြရွိခဲ့ေပမယ့္ အရပ္သားအစိုးရလက္ထက္မွာ ယခင္စစ္အစိုးရကို ဆက္ခံခဲ့တဲ့ အရပ္သားတစ္ပိုင္းအေျခအေနထက္ ပိုၿပီးမ်ားေနေကာင္းေပမယ့္ တရားဥပေဒစိုးမိုးေရးအေျခအေနက ယခင္အစိုးရလက္ထက္ကထက္ ပိုၿပီးဆိုးေနတာေတာ့ အမွန္ပါဘဲ။ဒါကိုျမင္ေပမယ့္ သတိျပဳမိတာ နည္းပါလိမ့္မယ္။ေနျပည္ေတာ္လို ေနရာမ်ိဳးမွာ အလြန္ငယ္လြန္းတဲ့ ကေလးငယ္တစ္ဦး မေတာ္မတရားျပဳက်င့္ခံရတာေတာင္ တရားခံမေပၚတာကို သတိျပဳမိမယ္ဆိုရင္ အရပ္သားအစိုးရ အခက္အခဲကို သတိျပဳမိမယ္ထင္ပါတယ္။

ယခုလို ေ႐ြးေကာက္ပြဲမက်င္းပျဖစ္တဲ့ ေနရာေတြကိုမထုတ္ျပန္ခင္ လူမႈကြန္ရက္မွာတက္လာတဲ့ သတင္းေတြကို ျပန္သတိထားမိမယ္ဆိုရင္ ဒါဟာ ျဖစ္သင့္တဲ့ကိစၥလို႔ လက္ခံႏိုင္ပါလိမ့္မယ္။တိုင္းရင္းသားေဒသေတြမွာ လက္နက္ကိုင္ေတြက ပါတီေတြစည္း႐ုံးခြင့္ကို တားျမစ္တာ၊ ပါတီကိုယ္စားလွယ္ေလာင္းေတြကို ျပန္ေပးဆြဲတာ၊ ဘယ္ပါတီကိုသာ ထည့္ရမယ္ဆိုၿပီး ေဒသခံေတြကို ၿခိမ္းေျခာက္ဖိအားေပးေနတာ စတဲ့ျဖစ္ရပ္ေတြ ဆက္တိုက္ျဖစ္ခဲ့တာကို ေတြ႕ရမွာျဖစ္သလို အာဏာရပါတီ မဲဆြယ္ဆိုင္းဘုတ္ေတြ၊ ပါတီဝင္ေတြရဲ႕ လႈပ္ရွားမႈေတြအပါအဝင္ ပါတီေတြရဲ႕ လႈပ္ရွားမႈေတြကို တစ္ဘက္အဖြဲ႕အစည္းနဲ႔ လက္နက္ကိုင္ထားတဲ့အဖြဲ႕ေတြက အႏၲရာယ္ျပဳတာေတြကို ေတြ႕ရမွာျဖစ္ပါတယ္။

ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲက ထူးျခားမႈရွိတဲ့ ေ႐ြးေကာက္ပြဲျဖစ္သလို တခ်ိဳ႕ေသာသူေတြရဲ႕ ေနာက္ဆုံးအခြင့္အေရးလည္း ျဖစ္ေနတာကို ေတြ႕ရပါတယ္။အာဏာရပါတီဘက္မွာဆိုရင္ ဒီတစ္ခါေ႐ြးေကာက္ပြဲဟာ လူထုေခါင္းေဆာင္အပါအဝင္ ပါတီထိပ္တန္းေခါင္းေဆာင္ေတြ အသက္အ႐ြယ္အရ  ေနာက္ဆုံးပါတဲ့ ေ႐ြးေကာက္ပြဲျဖစ္သလို ယခင္စစ္အစိုးရကို ဆက္ခံခဲ့တဲ့ အတိုက္အခံေတြဘက္ကဆိုရင္လည္း ဒီေ႐ြးေကာက္ပြဲသာ အႏိုင္မရခဲ့ဘူးဆိုရင္ သူတို႔ရဲ႕အာဏာစက္ ေနာက္ဆုံးအဆုံးသတ္ျဖစ္လာႏိုင္တဲ့ အေနအထားရွိတဲ့အတြက္ ယခုေ႐ြးေကာက္ပြဲက ေသေရးရွင္ေရး အဆုံးအျဖတ္ျဖစ္ေနတဲ့ အေနအထားပါ။ဒီလိုအေနအထားမွာ မေမွ်ာ္လင့္ထားဘဲ ပါတီတစ္ခုက ႏိုင္ငံတစ္ခုလုံးမွာ ေငြေၾကးသုံးစြဲၿပီး တိုင္းျပည္အာဏာကိုရယူဖို႔ ႀကံစည္ေနတာကို မီဒီယာတစ္ခုေဖာ္ထုတ္မႈေၾကာင့္ ေပၚေပါက္လာခဲ့လို႔ လက္မတင္ေလး အေရးယူႏိုင္ခဲ့ပါတယ္။ဒီပါတီကို ဦးေဆာင္တဲ့သူက ၁၉၉၀ ေက်ာ္ ကာလေတြက ျမန္မာႏိုင္ငံကေန ေငြေၾကးအလြဲသုံးစားလုပ္မႈနဲ႔ အေရးယူခံရၿပီး ေထာင္က်ကာ ေထာင္ေဖာက္ေျပးခဲ့တဲ့သူတစ္ဦးကေန ေထာင္ထားခဲ့တဲ့ ပါတီပါ။အဆိုပါ ေက်ာ္ျမင့္ဆိုသူ ကိုင္ေဆာင္ထားတဲ့ ႏိုင္ငံသားကတ္ကလည္း တစ္ခ်ိန္က အဖြဲ႕လိုက္ဖမ္းဆီးထုတ္ပယ္တာကို ခံခဲ့ရဘူးတဲ့ ေထာက္လွမ္းေရးအဖြဲ႕ကေန ထုတ္ေပးထားတဲ့ကတ္ျဖစ္တဲ့အတြက္ ဒီလူရဲ႕ ႏိုင္ငံသားျဖစ္မႈက ယခုထိျပန္လည္စိစစ္ေနရဆဲလူပါ။
ဒီလိုေနာက္ကြယ္ကေန ဘယ္သူ႔ေငြမွန္းမသိတဲ့ က်ပ္ဘီလ်ံနဲ႔ခ်ီၿပီး ပါတီအတြက္သုံးတဲ့ ေငြေတြနဲ႔ ျမန္မာႏိုင္ငံေရးနဲ႔ အခ်ဴပ္အျခာအာဏာကို ရယူဖို႔ဆိုတာ အေတာ္ေလးကို လန႔္စရာကိစၥပါဘဲ။ထူးျခားတာက ေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းမီဒီယာေကာင္စီကို တပ္မေတာ္ပိုင္ ျမ၀တီသတင္းစာမွာ တပ္ခ်ဳပ္ေျပာခဲ့တဲ့စကားကို ဆယ္ရက္ဆက္တိုက္ ေဖာ္ျပခဲ့တဲ့အတြက္ တိုင္ၾကားခဲ့တာလည္း ဒီရက္ထဲမွာ ျဖစ္ခဲ့ပါတယ္။တပ္ခ်ဳပ္ေျပာစကားထဲမွာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒ အခန္း ၁၃ မွာ ေဖာ္ျပထားတဲ့ လူမ်ိဳးေရး၊ ဘာသာေရးအေၾကာင္းျပ မဲဆြယ္မႈမ်ားမျပဳလုပ္ရန္ဆိုတဲ့အခ်က္ကို ၿငိစြန္းတဲ့အတြက္ တိုင္ၾကားခဲ့တာလို႔ ဆိုပါတယ္။

ဒီလိုရႈပ္ေထြးေနတဲ့ ႏိုင္ငံေရးမွာ ပါတီေတြက ကိုယ့္ပါတီအႏိုင္ရရင္ၿပီးေရာ ႏိုင္ငံဘာျဖစ္ျဖစ္ဆိုတဲ့ အတၱစိတ္နဲ႔ လုပ္ကိုင္ေနၾကတာက အေတာ္ေလးကို စိတ္မေကာင္းစရာပါ။ေစတနာအမွန္နဲ႔ ႏိုင္ငံအေရးလုပ္ကိုင္လိုသူနည္းၿပီး ႏိုင္ငံ့အာဏာကိုရရင္ လုပ္ပိုင္ခြင့္နဲ႔ အာဏာနဲ႔ ေဆြစဥ္မ်ိဳးဆက္ႂကြယ္၀ဖို႔ကိုသာ အဓိကဦးစားေပးၿပီး မဲေပးရမယ့္ ျပည္သူေတြကို သူတို႔ကိုမဲေပးဖို႔ ေျခာက္လွန႔္ေနတာ၊ ဖိအားေပးေနတာေတြက ျပည္သူေတြအတြက္ ရဲရဲဝံ့ဝံ့ရင္ဆိုင္ၾကရမယ့္ အေျခအေနပါဘဲ။တခ်ိဳ႕နယ္ေတြမွာ ပါတီေတြကို အားေပးဝန္းရံသူေတြ တစ္ဘက္နဲ႔ တစ္ဘက္ ရန္ေစာင္ေနၾကသလို ဒီကေန အုပ္စုဖြဲ႕တိုက္ခိုက္ၾကမယ့္ အေျခအေနအထိျဖစ္လာလို႔  အာဏာပိုင္ေတြဘက္က ဝင္ထိန္းရတာေတြလည္းရွိခဲ့ပါတယ္။

ဒီေနရာမွာ သတိထားမိတဲ့ အေၾကာင္းကိစၥကေတာ့ လက္နက္ကိုင္ေတြ အေတာ္မ်ားမ်ားနဲ႔ အတိုက္အခံအားလုံးက အာဏာရပါတီ ျပန္လည္ေ႐ြးေကာက္မခံရရင္ၿပီးေရာဆိုတဲ့ ပုံစံနဲ႔ အာဏာရပါတီက မဲဆြယ္သူေတြ၊ ဝန္းရံသူေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို အၾကမ္းဖက္တဲ့နည္းနဲ႔ တိုက္ခိုက္ေနၾကတာကို ေတြ႕ေနရတာပါ။ NLD ပါတီ အာဏာရလာခဲ့တဲ့ ယခု ၅ ႏွစ္တာအတြင္းမွာ တျခားေသာေနရာေတြမွာ တိုးတက္မႈ ရွိ/မရွိ မေသခ်ာေပမယ့္ ျပည္သူမ်ားအေပၚ လက္နက္ကိုင္မ်ားႏွင့္ ေဒသတြင္းဩဇာအာဏာရွိသူေတြရဲ႕ မေတာ္မတရားလုပ္ခဲ့ျခင္းေတြကို ေဖာ္ထုတ္ႏိုင္ခဲ့၊ ထုတ္ေဖာ္ေျပာႏိုင္ခဲ့တာကို ေတြ႕ရၿပီး ေဒသအေတာ္မ်ားမ်ားမွာ အဆိုပါအဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြရဲ႕ လုပ္ပိုင္ခြင့္ဩဇာအာဏာကို ေလွ်ာ့ခ်ႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒီအခ်က္က အဆိုပါလက္နက္ကိုင္အဖြဲ႕ေတြ၊ လက္နက္နဲ႔ လူထုကိုဗိုလ္က်အႏိုင္က်င့္ေနတဲ့ အဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြအတြက္ အာဏာရပါတီကို မရရေအာင္ ရတဲ့နည္းနဲ႔ ျပန္လည္ေ႐ြးေကာက္မခံရမွ ငါတို႔အဖြဲ႕အစည္း၊ ငါတို႔ ေရရွည္ဗိုလ္က်ႏိုင္မယ္ဆိုတဲ့ ဆိုးဝါးေကာက္က်စ္တဲ့ အတၱကိုအေျခခံၿပီး လုပ္ေနတာကို ေတြ႕ရပါတယ္။ဒီအတၱအတြက္ လူမ်ိဳး၊ ဘာသာ စတဲ့ အသိပညာနည္းသူေတြ သည္းေျခႀကိဳက္စကားကို တြင္တြင္က်ယ္က်ယ္သုံးၿပီး သူတို႔လိုဘအတြက္ အသုံးခ်မႈဟာ အေတာ္ေလးကိုဆိုး႐ြားတဲ့ လုပ္ေဆာင္မႈပါ။ဒါဟာ တိုင္းျပည္ဘာျဖစ္ျဖစ္ ငါတို႔လိုလားတဲ့သူေတြ ျပန္အာဏာရရင္ၿပီးေရာ၊ ေ႐ြးေကာက္ခံရၿပီးေရာဆိုတဲ့ ယုတ္ညံ့တဲ့အေတြးအေခၚနဲ႔  တိုင္းျပည္အေပၚ ေစတနာနည္းလြန္းတဲ့ လုပ္ရပ္ေတြပါ။ဒီအတြက္ ျပည္သူကေကာင္းေကာင္းသိပါတယ္။ဘယ္လက္နက္ကိုင္၊ ဘယ္ပါတီ၊ ဘယ္အဖြဲ႕အစည္း၊ ဘယ္လူပုဂၢိဳလ္က  တိုင္းျပည္အေပၚ ေစတနာထားသလဲဆိုတာ ျပည္သူကသိပါတယ္။

ဒါေၾကာင့္လည္း ေ႐ြးေကာက္ပြဲနီးလာေလ ကိုယ့္ေနရာကိုယ္မေနဘဲ ကိုယ့္တာဝန္ကိုယ္မယူလဲ လုပ္ေနၾကတဲ့ လူပုဂၢိဳလ္ အဖြဲ႕အစည္းေတြကို ရည္႐ြယ္ၿပီး ေအာက္တိုဘာ ၁၆ ရက္မွာ ႏိုင္ငံေတာ္သမၼတက အမိန႔္အမွတ္ ၂၇ / ၂၀၂၀ ကို ထုတ္ျပန္ကာ သတိေပးခ်က္တစ္ခုကိုထုတ္ျပန္ၿပီး လာမည့္ေ႐ြးေကာက္ပြဲကို ပုံစံမ်ိဳးစုံနဲ႔ အေႏွာင့္အယွက္ေပးမယ့္သူေတြကို သက္ဆိုင္ရာဌာနေတြအေနနဲ႔ တည္ဆဲဥပေဒနဲ႔ ထိေရာက္စြာအေရးယူဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ဒီလိုၫႊန္ၾကားတဲ့အထဲမွာ ဘာသာေရး၊ လူမ်ိဳးေရးကို အေၾကာင္းျပဳၿပီး စည္း႐ုံးတာ၊ မဲဆြယ္တာ၊ ဆူပူမႈျဖစ္ေအာင္လုပ္တာ၊ ရပ္႐ြာေအးခ်မ္းသာယာေအာင္ ျပဳလုပ္တာေတြ ပါဝင္ပါတယ္။
ဒါကိုၾကည့္ရင္ လက္ရွိအစိုးရ ရင္ဆိုင္ေနရတဲ့ အခက္အခဲကို ေတြ႕ရမွာျဖစ္ပါတယ္။

ေအာက္တိုဘာ ၂၀ ရက္မွာေတာ့ ပါတီေတြ၊ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ေစာင့္ၾကည့္ေလ့လာသူေတြ ေစာဒကအတက္ခံေနရတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ပါတယ္။အထူးသျဖင့္ ဒီပြဲမွာ  လုံၿခဳံေရးအရ ေ႐ြးေကာက္ပြဲက်င္းပလို႔မရတဲ့ နယ္ေျမေတြကို ေၾကညာခဲ့ရတာနဲ႔ပတ္သက္ၿပီး ထုတ္ေျပာခဲ့သလို အဲဒီနယ္ေျမေတြရဲ႕ အေျခအေနေတြကို ရွင္းျပခဲ့တာကို ေတြ႕ရပါတယ္။ေ႐ြးေကာက္ပြဲက်င္းပဖို႔ကလည္း ရက္အားျဖင့္ ရက္ ၂၀ ေတာင္ မျပည့္ေတာ့ပါဘူး။ဒီၾကားထဲ ေ႐ြးေကာက္ပြဲအေၾကာင္းျပဳၿပီး ဘာေတြၾကားရဦးမလဲ၊ ျပည္သူဆီက မဲတစ္ျပားရဖို႔ ဘယ္လူပုဂၢိဳလ္နဲ႔ ပါတီအဖြဲ႕အစည္းေတြရဲ႕ ျပည္သူကို ဗဟိုျပဳပါတယ္ဆိုတဲ့ သူေတာ္ေကာင္းဟန္ေဆာင္မႈ မ်က္ႏွာဖုံးေတြ ကြာက်မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ ပါတယ္။

ရခိုင္အေရးနဲ႔ အစြန္းေရာက္ရမ္းကားမႈ  

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ က ေကာ့မႉးၿမိဳ႕နယ္ ေဒသခံျပည္သူမ်ားနဲ႔ ေအာက္တိုဘာ ၁၇ ရက္က ျပဳလုပ္တဲ့ အြန္လိုင္းစကားဝိုင္းမွာ ေ႐ြးေကာက္ပြဲသည္ ဒီမိုကေရစီႏိုင္ငံေရးအတြက္ တစ္ခါတေလ အႏၲရာယ္အမ်ားဆုံးကိစၥျဖစ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒါဟာ ေတာင္ကုတ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနီနီေမျမင့္နဲ႔ ေတာင္ကုတ္ အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းေအာင္၊ ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာတို႔ကို ရခိုင္လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕ (AA) က ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ၃ ရက္အၾကာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာခဲ့တာပါ။

လက္နက္ရွိရင္ ကိုယ့္အခြင့္အေရးကို ကိုယ္ကာကြယ္ႏိုင္တယ္ဆိုတဲ့ အယူအဆကေန ကိုယ္လုပ္ခ်င္တာ လုပ္ႏိုင္တယ္ဆိုတဲ့ ဝါဒထြန္းကားေနတဲ့ ျမန္မာႏိုင္ငံမွာ လူမ်ိဳးေရးအေျခခံနဲ႔ လက္နက္ကိုင္ၿပီး ေဒသခံေတြ ကစင့္ကလ်ား ထိခိုက္နစ္နာရတဲ့အျဖစ္ထဲက ျဖစ္ရပ္တစ္ခုပါ။ရခိုင္ေဒသက အရပ္သားအစိုးရ တာဝန္ယူၿပီးေနာက္ပိုင္း ဘယ္လိုေသာသူေတြက စတင္ေဖာ္ေဆာင္ခဲ့သလဲ။ဘယ္သူေတြက ဒီအဖြဲ႕ကို ႀကီးထြားေအာင္လုပ္ခဲ့သလဲ၊ ေနာက္ကြယ္မွာ ဘယ္လိုအက်ိဳးစီးပြားေတြရွိေနသလဲ၊ ဘယ္လိုႏိုင္ငံေတြက ဒီလိုအဖြဲ႕ေတြကို ခ်ဳပ္ကိုင္ထားသလဲဆိုတာ ထုတ္မေျပာလဲ သိႏိုင္ေနတဲ့ကိစၥပါ။ဒါေပမယ့္ တစ္ကယ့္ေျမျပင္မွာေတာ့ ေနာက္ကြယ္ေတြကို မျမင္မေတြ႕ႏိုင္ေလာက္ေအာင္ အေျခအေနက ရႈပ္ေထြးေနပါတယ္။ရခိုင္လက္နက္ကိုင္ေသာင္းက်န္းသူ (AA) စတင္ေပၚေပါက္ခဲ့စဥ္က ရခိုင္တိုင္းရင္းသားေတြအတြက္ဆိုေပမယ့္ ေနာက္ပိုင္းမွာေတာ့ တျခားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတြလိုပဲ ထိပ္ပိုင္းေခါင္းေဆာင္ေတြ အက်ိဳးစီးပြားအတြက္ဘဲ တေျဖးေျဖးျဖစ္လာခဲ့ပါတယ္။

ရခိုင္မွာ တိုက္ပြဲေတြက အာဆာေတြ တိုက္ခိုက္မႈအၿပီးမွာဆိုေပမယ့္ ေနာက္ပိုင္းမွာ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္၀ကို အေျခစိုက္လုနီးပါး ေအေအက အထိုင္ခ်ၿပီး အဲဒီေဒသကေန ရခိုင္နဲ႔ ခ်င္းေတာင္ပိုင္းကို စိုးမိုးထားဖို႔အတြက္ တိုက္ပြဲေတြဆက္တိုက္ျဖစ္ခဲ့လို႔ ယခင္ကေအးခ်မ္းခဲ့တဲ့ ရခိုင္ေဒသေတြဟာ အခုအခါမွာေတာ့ တိုက္ပြဲေၾကာင့္ ေသေၾကတဲ့သူေတြ၊ ႏွစ္ဘက္လုံးက ဖမ္းဆီးလို႔ ဒုကၡေရာက္တဲ့သူေတြ၊ စစ္ေၾကာင့္ ႐ြာပ်က္ၿပီး ဒုကၡသည္စခန္းေတြမွာ ႏွစ္လုံးေပါက္ေနလာခဲ့ရတဲ့ ေတာသူေတာင္သားေတြအထိ ရွိလာခဲ့ပါၿပီ။ယခုရက္ပိုင္းမွာ ဒီလိုစစ္ေဘးဒုကၡသည္ေတြအတြက္ ဆႏၵျပတဲ့သူေတြ၊ ရခိုင္အေရးဆႏၵျပလို႔ အဖမ္းခံရတဲ့သူေတြအတြက္ ျပန္လႊတ္ေပးဖို႔ ဆႏၵျပတာေတြက ၿမိဳ႕ႀကီးေတြအထိ ျဖစ္လာခဲ့တာရွိပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က စက္တင္ဘာ ၁၀ ရက္ကစၿပီး ရခိုင္ျပည္နယ္တြင္ ျဖစ္ေပၚေနေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ားအတြက္ ဆန႔္က်င္ဆႏၵျပသည့္ လႈပ္ရွားမႈမ်ားျပဳလုပ္ခဲ့ရာမွာ ရတနာပုံတကၠသိုလ္ေရွ႕မွာ ရခိုင္ျပည္နယ္အေရးႏွင့္ တပ္မေတာ္ဆန႔္က်င္ေၾကာင္း စာသားပါတဲ့ စတစ္ကာကမ္ပိန္း ျပဳလုပ္ခဲ့တဲ့ ဗကသမ်ားအဖြဲ႕ခ်ဳပ္မွ အဖြဲ႕ဝင္ႏွစ္ဦးကို ပုဒ္မ - ၅၀၅ (က)/၅၀၅ (ခ) ျဖင့္ တရားစြဲခဲ့ပါတယ္။ေအာက္တိုဘာ ၁၉ ရက္ နံနက္ပိုင္းမွာ ဗကသမ်ားအဖြဲ႕ခ်ဳပ္က ရခိုင္အေရးႏွင့္ပတ္သက္ၿပီး မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္ ေညာင္ပင္ေစ်းမွာ "တပ္မေတာ္ အလင္း၀င္ပါ" ေႂကြးေၾကာ္သံပါ စာ႐ြက္မ်ားျဖန႔္ေဝျခင္း လႈပ္ရွားမႈျပဳလုပ္ခဲ့ၿပီး စစ္ေတြၿမိဳ႕၊ ဝကၤဘာကြင္းမွာလည္း ရခိုင္ျပည္နယ္ေက်ာင္းသားသမဂၢက ဦးေဆာင္ၿပီး အစိုးရႏွင့္ စစ္ဆန္႔က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။ျမန္မာတစ္ႏိုင္ငံလုံးမွာ ရခိုင္အေရး ေတာင္းဆိုဆႏၵျပတဲ့အတြက္ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံရသူ ၁၅ ဦးရွိၿပီး ဝရမ္းမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ အေယာက္ ၃၀ ခန႔္ ရွိခဲ့တယ္ဆိုပါတယ္။ရခိုင္မွာ ကိုဗစ္ ၁၉ ကို အစိုးရနဲ႔ က်န္းမာေရးအာဏာပိုင္ေတြက ခက္ခက္ခဲခဲထိန္းခ်ဳပ္ေနရခ်ိန္မွာ ရေသ့ေတာင္မွာ တပ္မေတာ္ႏွင့္ ေအေအတို႔ရဲ႕ တိုက္ပြဲေတြ ပိုျပင္းထန္လာလို႔ ေအာက္တိုဘာလ ၁၄ ရက္ တစ္ရက္တည္းမွာ ဒဏ္ရာရသူ ၄ ဦးရွိခဲ့ၿပီး ေနရပ္စြန႔္ခြာသူ ၃ ေထာင္ခန႔္ ရွိခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲနီးလာေလ ႏိုင္ငံေရးရႈပ္ေထြးလာသလို ကိုယ္နဲ႔မဆိုင္တဲ့သူေတြက ကိုယ့္ေနရာမဟုတ္ ဝင္ပါမႈေတြ၊ အာေခ်ာင္မႈေတြ မ်ားလာသလို တိုက္ပြဲေတြကလည္း ျပင္းထန္လာတဲ့အတြက္ အထိနာေနရတာက ေဒသခံေတြဘဲျဖစ္ပါတယ္။ဒီလိုအေျခအေနေၾကာင့္လည္း  ေအာက္တိုဘာ ၁၉ ရက္ နံနက္ပိုင္းက ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ (UEHRD) ေကာ္မတီ၏ သုံးႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကိုေပးပို႔တဲ့ ႐ုပ္သံမိန႔္ခြန္းမွာ "ရခိုင္ျပည္နယ္ဆိုင္ရာ ကိစၥရပ္ေတြနဲ႔ပတ္သက္ရင္ ကြၽန္မတို႔ရဲ႕ေဆာင္႐ြက္မႈေတြအေပၚ အျပဳသေဘာၾကည့္ျမင္ၿပီး ဝိုင္းဝန္းကူညီၾကတာေတြရွိသလို လိုအပ္ခ်က္ေတြ၊ အားနည္းခ်က္ေတြပဲ ေထာက္ျပေဝဖန္ၿပီး ပိုမိုဆိုး႐ြားတဲ့ အေျခအေနေတြအထိေရာက္ေအာင္ တြန္းပို႔ေနၾကတဲ့ ျပည္တြင္း ျပည္ပ အသိုင္းအဝိုင္းေတြလည္း ရွိေနတာျဖစ္တဲ့အတြက္ သတိႀကီးႀကီးထားၿပီး ေဆာင္႐ြက္ၾကဖို႔လိုတယ္ဆိုတာကိုလည္း သိဖို႔လိုပါတယ္" လို႔ သတိေပးခဲ့ပါတယ္။

အဲ့ဒီ ေအာက္တိုဘာ ၁၉ ရက္မွာဘဲ ေတာင္ကုတ္မွာ မဲဆြယ္စည္း႐ုံးေနတဲ့ NLD ပါတီ ကိုယ္စားလွယ္ေလာင္းေတြကို  ႐ိုက္ႏွက္ဖမ္းဆီးခဲ့တဲ့ ေအေအ ေသာင္းက်န္းသူအဖြဲ႕က ဖမ္းဆီးထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ပတ္သက္ၿပီး စာထုတ္ျပန္ခဲ့ၿပီး အဆိုပါထုတ္ျပန္ခ်က္တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုပင္ အမည္ေရွ႕တြင္ (ေဒၚ) တပ္ေခၚဆိုျခင္းမရွိဘဲ မိုက္မိုက္႐ိုင္း႐ိုင္း “ေအာင္ဆန္းစုၾကည္”ဟု ရင့္သီးစြာေခၚခဲ့ေသာ္လည္း ယခင္အစိုးရလက္ထက္က တာဝန္ယူခဲ့သူေတြကို (ဦး) တပ္၍ ႐ိုေသစြာေခၚဆိုခဲ့တာကေတာ့ ထူးျခားခ်က္ပါဘဲ။ထို႔အျပင္ "NLD အစိုးရအေနျဖင့္ မတရားဖမ္းဆီးထိန္းသိမ္းထားေသာ ႏိုင္ငံေရးသမားမ်ား အျပစ္မဲ့ရခိုင္ျပည္သူမ်ားႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ေတာင္းဆိုဆႏၵျပခဲ့ၾကသည့္ ေက်ာင္းသားမ်ားအား ႁခြင္းခ်က္မရွိ အျမန္ဆုံးျပန္လႊတ္ေပးမည္ဆိုပါက မိမိတို႔အေနျဖင့္လည္း အဆိုပါ (၃) ဦးကို အျမန္ဆုံး ျပန္လႊတ္ေပးမည္” ဆိုကာ ဘာသာေရး၊ လူမ်ိဳးေရးအစြန္းေရာက္ အၾကမ္းဖက္အဖြဲ႕မ်ားအတိုင္း လူမိုက္ဆန္ဆန္ အၾကပ္ကိုင္တဲ့စာကို ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

အေစာပိုင္းဖမ္းဆီးစဥ္ကတည္းက အေမရိကန္၊ ျပင္သစ္ႏွင့္ အျခားႏိုင္ငံႀကီးမ်ားက ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ခဲ့ေသာ္လည္း ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံတစ္ႏိုင္ငံမွာ ယခုလိုမဲဆြယ္ေနတဲ့ ႏိုင္ငံေရးသမားေတြကို ဖမ္းဆီးခံရတဲ့အေပၚ သေဘာထားထုတ္ျပန္ျခင္းမရွိတာလည္း ထူးျခားမႈတစ္ခုပါဘဲ။သာမန္အားျဖင့္ ယခုလို ျမန္မာႏိုင္ငံအတြင္းျဖစ္ေနသည့္ အျဖစ္အပ်က္ေတြ၊ အၾကမ္းဖက္မႈေတြက ထူးျခားေနသည္ဟု ထင္ႏိုင္စရာရွိေသာ္လည္း အာဏာရွင္စနစ္၊ လက္နက္အားကိုးတဲ့စနစ္ကို တိုက္ဖ်က္ၿပီး ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ေနသည့္ ပါတီ၊ လူပုဂၢိဳလ္ႏွင့္ လူ႔အဖြဲ႕အစည္းကို ထိုလက္နက္အားကိုးသည့္ သူရဲေဘာေၾကာင္သည့္သူေတြက၊ ကိုယ့္မိသားစု၊ ကိုယ့္အမ်ိဳးအေဆြ စသည့္ ကြက္ကြက္ေလးေကာင္းစားဖို႔အေရးသာ ၾကည့္တဲ့လူေတြက ရန္ျပဳတာ သိပ္ေတာ့ဆန္းသည့္ကိစၥေတာ့ မဟုတ္ေပ။ထိုအတြက္လည္း အာဏာရပါတီဘက္က အၾကပ္ကိုင္မႈကို ေခါင္းငုံ႔မခံခဲ့ဘဲ ေတာင္းဆိုသည့္အတိုင္း အေလွ်ာ့မေပးဟု ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ဘယ္လိုဘဲ ရည္႐ြယ္ခ်က္နဲ႔ စဖြဲ႕ဖြဲ႕ လက္နက္ကိုင္တဲ့အဖြဲ႕အစည္းတိုင္း ေနာက္ပိုင္း လက္နက္ရွိလာ၊ လက္နက္အားကိုးလာ၊ ကာယအားကိုးလာၿပီး လက္နက္မဲ့ေတြအေပၚ အႏိုင္က်င့္ဗိုလ္က်ရသည္ကို ၾကာေလေမြ႕ေပ်ာ္ေလ ျဖစ္လာတာကို ယခင္ႏွင့္ ယခုကိုၾကည့္လွ်င္ သိရမွာျဖစ္ပါတယ္။ထိုသို႔ေသာသူေတြ အဖြဲ႕အစည္းေတြရဲ႕ ေနာက္ဆုံးသြားရာလမ္းကို ျမန္မာ့သမိုင္းစဥ္ႏွင့္ ကမာၻ႔သမိုင္းစဥ္ကို ျပန္ၾကည့္လွ်င္ သိႏိုင္မွာျဖစ္ပါတယ္။ဒီအတြက္ ေရွ႕လာမယ့္ရက္ေတြမွာ ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၂၀