【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လိင်အမြတ်ထုတ်မှု ဘယ်လိုပုံစံနဲ့အဆုံးသတ်မလဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လိင်အမြတ်ထုတ်မှု ဘယ်လိုပုံစံနဲ့အဆုံးသတ်မလဲ

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့သည့် သတင်းများထဲ ဇွန် ၂၂ ရက်က ပြုလုပ်ခဲ့သည့် အစိုးရဝန်ကြီးဌာနများ၏ စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲနှင့် ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ သတင်းများက ထိပ်တန်း စိတ်ဝင်တစားအာရုံစိုက်ခဲ့ကြတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။ဒီသတင်းတွေလိုဘဲ နောက်ထပ်အာရုံစိုက်မိကြတဲ့ ထိပ်တန်းသတင်းအချို့ကတော့ အောင်လံမှာဖြစ်ခဲ့တဲ့ လူသတ်မှုသတင်း၊ မလေးရှားမှာရှိနေတဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ထုတ်ဖို့ မြန်မာအစိုးရက လုပ်ဆောင်နေတဲ့ စတဲ့သတင်းတွေဖြစ်ပါတယ်။

ဘဝင်မကျခဲ့သည့် သတင်းစာရှင်းလင်းပွဲများ

ယခုရက်အတွင်း လူမှုကွန်ရက်နှင့် မီဒီယာများ၊ အများပြည်သူများကြားတွင် စိတ်ဝင်စားမှုများပြီး ဝေဖန်မှု၊ ရှုတ်ချခံရမှု အများဆုံးသတင်းက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲနဲ့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းရေးက သတင်းတွေပါဘဲ။ဒီထဲမှာ စိတ်ဝင်တစားစောင့်ကြည့်ကြတာက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က ပြုလုပ်တဲ့ စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေနဲ့ အပြန်အလှန်မေးကြဖြေကြတာတွေက စိတ်ဝင်စားမှုကောင်းခဲ့သလို သတိထားရမှာတွေ၊ နောင်လာမယ့်ရွေးကောက်ပွဲအတွက် စဉ်းစားသင့်တာတွေ ထွက်လာခဲ့ပါတယ်။

ဇွန် ၂၂ရက် မွန်းလွဲပိုင်းကပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ တရားခံပျောက်ပြီး ကျူးလွန်ခံရသူ ကလေးငယ်နဲ့ မိသားစုဝင်တွေ အရှက်တကွဲဖြစ်ခဲ့ရတဲ့ နေပြည်တော်က ဗစ်တိုးရီးယား ကလေးငယ်အမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်ကို သတင်းမီဒီယာတွေက မေးခဲ့ရာမှာ အကျဉ်းချုပ်အားဖြင့် အမှုကိုဆက်လက်စစ်ဆေးဖို့ သက်သေခံချက်အသစ်တွေ ထပ်မံလိုအပ်မယ်လိုပြောခဲ့သလို ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် တရားစွဲဆိုဖမ်းဆီးခဲ့တဲ့ ယာဉ်မောင်း ကိုအောင်ကြီးနဲ့ ပတ်သက်ပြီးလည်း တရားရုံးက အမှုကျူးလွန်ခြင်းမရှိနိုင်ဘူးဆိုပြီး လွှတ်ပေးခဲ့ပေမယ့် တရားရုံးက တရားရှင်နဲ့လွှတ်ခဲ့တဲ့အတွက် သက်သေခံအချက်အလက်တွေရတာနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို ပြောခဲ့ပါတယ်။လူမှုကွန်ရက်တွေမှာတော့ ဒီလိုဖြေကြားတဲ့အပေါ် သဘောမတွေ့ကြောင်းဖော်ပြတဲ့ မှတ်ချက်တွေအများအပြားရေးခဲ့သလို ဒီအမှုကို လိုက်ပါကူညီနေတဲ့ သက္ကမိုးညိုအကောင့်ပိုင်ရှင်ကလည်း အမှုစစ်ဆေးရာမှာ ကျူးလွန်ခံရသူ ကလေးငယ်က သူ့ကိုကျူးလွန်ခဲ့သူဓာတ်ပုံကို တရားရုံးမှာဆွဲထုတ်ပြခဲ့လို့ ဒီလူကိုစစ်ဆေးဖို့ ရေးခဲ့တာကို အများပြည်သူတွေက ထောက်ခံခဲ့တာကိုတွေ့ရပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ ၀ရမ်းပြေးဖြစ်နေတဲ့ ဦးဝီရသူ၊  ဦးလှဆွေတို့ကို ဖမ်းဆီးဖို့ကြိုးစားနေတာ ဘယ်အခြေအနေရောက်နေပြီလဲဆိုတဲ့ မေးခွန်းကလည်း ပြည်သူတွေသိချင်တဲ့ မေးခွန်းပါဘဲ။မီဒီယာက  ဒီလိုမေးခဲ့တဲ့အတွက် ဒု-ရဲချုပ်က ပြန်ဖြေခဲ့ရာမှာ ၎င်းတို့ကို ဘယ်အချိန်ဘယ်နေရာပဲဖြစ်ဖြစ်တွေ့ရှိလို့ရှိရင် ၀ရမ်းမပါဘဲ ဘယ်ရဲတပ်ဖွဲ့မဆို ဖမ်းဆီးလို့ရကြောင်း၊ ပြည်သူများအနေဖြင့်  တိတိကျကျသတင်းပေးဖို့လည်းလိုကြောင်း ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ယခုလိုပြောခဲ့သည်စကားအပေါ် ဘဝင်မကျသည့်အတွက် အများပြည်သူက လူမှုကွန်ရက်တွင်ဝေဖန်ခဲ့ပြီး ကာတွန်းရုပ်ပြောင်များဖြင့်သရော်ကာ ဖော်ပြရေးသားခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီး ဆက်လက်ဂယက်ရိုက်ခဲ့သည့်သတင်းမှာ ရဲအကြီးအကဲတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကျူးလွန်မှု သတင်းတွေပါဘဲ။ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ရာထူးတိုးပေးဖို့အကြောင်းပြပြီး  ရဲမေတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး သတင်းမီဒီယာများက ဆိုရှယ်မီဒီယာတွင်ပျံ့နှံ့နေတဲ့ ရဲအကြီးအကဲရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို တိုင်ကြားထားတယ်ဆိုတဲ့ကိစ္စအပေါ် မေးခဲ့ရာမှာ ဒုရဲချုပ်က ထိုကိစ္စဖြစ်ခဲ့ကြောင်း အတည်ပြုသည့်အနေဖြင့် စစ်ဆေးနေဆဲဖြစ်တယ်လို့ အတည်ပြုဖြေကြားခဲ့ပြီး  “နောက်ဆုံးအခြေအနေကို ပြန်ပြီးပြောပါမယ်” လို့ မီဒီယာများကို ပြောခဲ့ပါတယ်။နောက်ပိုင်းမှာ မီဒီယာတွေက သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရတာဝန်ရှိသူကို စုံစမ်းမေးမြန်းခဲ့တဲ့အတွက် ကျူးလွန်သူဟာ ရဲရာထူးခန့်ချုပ် ဇော်မိုးသန်းဖြစ်ကြောင်း သိလာရပြီး  ဒီလိုကျူးလွန်တာတိုင်တာ တစ်ဦးတည်းမဟုတ်ဘဲ ၁၈ ဦးက တိုင်ထားတယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။

မြန်မာလူ့အဖွဲအစည်းက ဒီလိုယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်တွေ၊ ရာထူးအာဏာကိုအသုံးချကာ တဏှာကျူးပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့ လုပ်ရပ်တွေ၊ မုဒိမ်းမှု စတဲ့ လိင်ပိုင်းဆိုင်ရာဖောက်ပြားတဲ့ လုပ်ရပ်တွေကို ခါးခါးသီးသီးလက်မခံတဲ့ လူ့အဖွဲအစည်းတစ်ရပ်ပါ။ဒီလိုဖြစ်ရပ်ကို ကာကွယ်ပေးတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကိုလည်း တူးတူးခါးခါးမုန်းတီးကြပါတယ်။ဒါကို ပြီးခဲ့တဲ့နှစ်က ဗစ်တိုးရီးယားပြဿနာမှာ တစ်နိုင်ငံလုံးလူတွေ လမ်းပေါ်ထွက်လာတာကြည့်ရင် သိမှာဖြစ်ပါတယ်။ယခုဖြစ်ရပ်မှာလည်း လူမှုကွန်ရက်နှင့် မီဒီယာများမှာ ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်ခဲ့ကြသလို  တရားစောင့်ရှောက်ရမယ့်သူက စပြီးတရားပျက်တဲ့အတွက် ကာတွန်းရုပ်ပြောင်များ၊ စတေးတပ်စ်တွေနဲ့ လူမှုကွန်ရက်ကနေ ပြင်းထန်စွာထိုးနှက်ရှုတ်ချခဲ့ကြပါတယ်။ယခုဖြစ်ရပ်က အများပြည်သူရဲ့ ယုံကြည်မှုကျဆင်းနေတဲ့ ရဲတပ်ဖွဲ့အတွက် အဆိုးဝါးဆုံးဖြစ်ရပ်ဆိုးဖြစ်ကာ ရာထူးလုပ်ပိုင်ခွင့်ကို အသုံးချပြီး လိင်အမြတ်ထုတ်တာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့စည်းကမ်းဥပဒေသာမကဘဲ အဂတိလိုက်စားမှုနဲ့ သက်ဆိုင်နေလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဝင်ရောက်ကိုင်တွယ်သင့်တယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေလည်း ရှိပါတယ်။

ဒီဖြစ်ရပ်မှာ ရာထူးတိုးဖို့အတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုခံရတဲ့ ရဲမေကတိုင်ကြားခဲ့ရာကနေ နောက်ပိုင်းမှာ ၁၈ ဦးခန့်အထိ ဒီရဲအရာရှိကြီးရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့မှုကြီးက ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကြောင့် သာမန်ရိုးရိုးသားသားနေထိုင်ကြတဲ့ ရဲမေတွေ၊ ရဲအရာရှိတွေနဲ့ ရဲတပ်ဖွဲ့အပေါ် ဆိုးရွားစွာရိုက်ခတ်ခဲ့သလို အများစုက ကျူးလွန်သူကိုသာ အဓိကဦးတည်ဝေဖန်ခဲ့ကြပါတယ်။ဒါပေမယ့် တချို့က ဆိုးဝါးယုတ်မာတဲ့ဖြစ်ရပ်ကို ဖော်ထုတ်ခဲ့တဲ့ နစ်နာသူကိုပါ တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီလိုအရှက်တကွဲ အနစ်နာခံပြီး မတရားမှုကိုဖော်ထုတ်တဲ့သူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ မရှိသင့်တဲ့သူတွေကို ဖယ်ထုတ်ရှင်းလင်းပေးတဲ့ အရေးကြီးတဲ့ သူရဲကောင်းတွေပါ။သူတို့သာငြိမ်နေခဲ့မယ်ဆိုရင် ဒီလိုဆိုးဝါးတဲ့ကိစ္စတွေက ဘယ်လောက်ထိဖြစ်နေမှာလည်းဆိုတာ သိနိုင်မှာမဟုတ်ပါဘူး။ဒီလို လုပ်ငန်းအဖွဲ့အစည်းတွေအထဲ ရာထူးနဲ့ အာဏာ စတဲ့ မငြင်းဆန်နိုင်တဲ့ အနိုင်ကျင့်မှုကိုသုံးပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေကို ဖော်ထုတ်ဖို့အရေးကြီးတဲ့ ပထမဆုံး အသိပေးခရာမှုတ်သူလို့ခေါ်တဲ့ မတရားမှုတွေအတွက် စွန့်စားတိုက်ခိုက်တဲ့ သူရဲကောင်းတွေကို အားလုံးကဂုဏ်ပြုကာကွယ်ပေးရမှာဖြစ်ပါတယ်။ဒါမှ တခြားနေရာဌာနအသီးသီးမှာ ဒီလိုကျူးလွန်မှုမျိုးလုပ်တဲ့ လူယုတ်မာတွေကို လူ့အဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်ပြီး ဖော်ထုတ်ကြမှာဖြစ်ပါတယ်။ဒါပေမယ့် ယခုဖြစ်ရပ်မှာ ပထမဆုံးခရာမှုတ်ပြီး စွန့်စွန့်စားစားတိုင်ခဲ့သူ ရဲမေတွေကို လှောင်ရယ်ကဲ့ရဲ့တာက နောက်ထပ်ဖော်ထုတ်မယ့်သူတွေကို နောက်တွန့်စေတဲ့လုပ်ရပ်ဖြစ်လို့ မလုပ်သင့်တဲ့ကိစ္စဘဲဖြစ်ပါတယ်။

ဒီလိင်အမြတ်ထုတ်မှုဖြစ်ရပ်မှာ အမြတ်ထုတ်ခံရတဲ့သူက ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူရတဲ့သူဖြစ်နေပေမယ့် သူကိုယ်တိုင် သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့တဲ့အတွက် အများပြည်သူအနေနဲ့ ဘယ်သူ့ကိုအားကိုးရမှန်းမသိရလောက်အောင် ဖြစ်ခဲ့ရသလို  ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုကလည်း အဆိုးရွားဆုံးအဆင့်ထိ ထိုးကျခဲ့ရပါတယ်။ဒါဟာ ရဲတပ်ဖွဲ့ကို နာမည်ပျက်စေခဲ့သလို ပြည်သူရဲ့ ယုံကြည်ကိုးစားမှုကိုပါ ပျက်ပြားစေခဲ့တဲ့အတွက် ဒီပြဿနာကို သက်ဆိုင်ရာက ဘယ်လိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး အများပြည်သူယုံကြည်ကိုးစားမှုရအောင် ဘယ်လိုပြင်းပြင်းထန်ထန် ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အများပြည်သူက စောင့်ကြည့်နေမှာဖြစ်ပါတယ်။  

MEC ၊ ကာကွယ်ရေးနှင့် တပ်မတော်သတင်းအမှန်ပြန်ကြားရေး

နောက်ထပ်စိတ်ဝင်စားစရာဖြစ်ရတဲ့ သတင်းတွေထဲမှာ ပါခဲ့တာက ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲနဲ့ တစ်ခါလုပ်တိုင်း တစ်ခါဆိုသလောက် ပြောစရာကျန်တဲ့ တပ်မတော်သတင်းအမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲ သတင်းတွေပါဘဲ။ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့နေ့မှာဘဲလုပ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့စီးပွားရေးလောကထဲက ကဏ္ဍမျိုးစုံမှာ စီးပွားရေးလုပ်ငန်းကြီးတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်ကိုင်နေတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ပတ်သက်လို့  ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now က ကာကွယ်ရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။ဒီသတင်းက အများပြည်သူအကြား သိချင်နေတဲ့မေးခွန်းဖြစ်သလို လုပ်ငန်းပေါင်းစုံမှာ အင်အားကြီးကြီးလုပ်ကိုင်နေတဲ့ အဆိုပါကော်ပိုရေးရှင်းရဲ့ လုပ်ဆောင်မှု၊ ဝင်ငွေကိုလည်း အများကသိချင်နေကြတာ ကြာပြီဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ပတ်သက်ပြီး ကာကွယ်ရေးဌာန အမြဲတမ်းအတွင်းဝန်ကဖြေခဲ့ရာမှာ အတော်လေးရှင်းပါတယ်။ MEC က နိုင်ငံတော်နှင့်သက်ဆိုင်ခြင်းမရှိတော့ဘဲ တပ်မတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီလို့ ဖြေခဲ့ပါတယ်။သို့သော် ဘယ်အချိန်အထိ အစိုးရတစ်ပိုင်း စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့တယ်ဆိုကာကိုတော့ မဖြေခဲ့သလို မတည်ရင်းနှီးငွေနှင့် ပုံသေပိုင်ပစ္စည်းများကို မည်သို့လွှဲပြောင်းရယူခဲ့တာ၊ ကုမ္ပဏီတန်ဖိုးမည်မျှရှိတာကို မဖြေကြားနိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တပ်ဘက်မှာ လက်ရှိဘာရာထူးယူထားသလဲလို့ သတင်းထောက်တစ်ဦးကမေးခဲ့ရာမှာ ဗိုလ်မှုးချုပ်ဇော်မင်းထွန်း က "ဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ အငြိမ်းစားယူသွားပြီဖြစ်ပါတယ်။ပြည်ထဲရေးဝန်ကြီးဌာနကနေ ဝန်ကြီးအဖြစ်ကနေ အနားယူတဲ့အခါမှာ တပ်မတော်အရန်အင်အားနဲ့ စစ်တပ်မူလတာဝန်ထမ်းဆောင်ပါတယ်။အခုအချိန်မှာတော့ အငြိမ်းစားယူပြီဖြစ်ပါတယ်" လို့ ဖြေခဲ့ပါတယ်။ဒီအဖြေက အပြင်မှာထွက်နေတဲ့ ကာလအတန်ကြာ သို့လောသို့လောဖြစ်နေတဲ့ မေးခွန်းတွေကို အပြီးသတ်ပေးလိုက်တဲ့ အဖြေပါဘဲ။ယခုအဖြေဟာ ရှင်းရှင်းလင်းလင်းဖြစ်ခဲ့တဲ့အတွက် အများပြည်သူကလည်း လက်ရှိအခြေအနေနဲ့ အခင်းအကျင်းကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ကြပါတယ်။

ယခုရက်ပိုင်းဆက်တိုက်လုပ်နေတဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ စတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွေကိုစောင့်ကြည့်တဲ့ ပြည်သူတွေအနေနဲ့ ဘဝင်ကျတဲ့အဖြေတွေရှိသလို ဘဝင်မကျတဲ့အဖြေတွေ၊ စိတ်ခံစားချက်ဖြစ်စေတဲ့ အဖြေတွေကို မြင်တွေ့ကြားသိရခဲ့ပါတယ်။
ယခုတလောကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တင်းပြည်ကျပ်ပြည့်ကျင့်သုံးနေပြီလား၊ ဘာကြောင့်အရပ်သားအစိုးရရဲ့ တချို့အရွေ့တွေက ထင်သလောက်မဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေကို ဒီသတင်းစာရှင်းလင်းပွဲတွေက အဖြေထုတ်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ဒီလိုရှင်းလင်းပွဲတွေကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတစ်ယောက်အနေနဲ့ ဘာလုပ်ရမယ်၊ ဘယ်သူတွေနဲ့ရပ်တည်ရမယ်ဆိုတာကို ကွဲကွဲပြားပြားမြင်သာစေခဲ့သလို ကျန်သေးတဲ့ ဝန်ကြီးဌာနတွေရဲ့ သတင်းစာရှင်းလင်းပွဲတွေကိုကြည့်ပြီး ဘာတွေပေါ်ထွက်လာဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ရှင်းရခက်တဲ့ တရားမဝင်မြန်မာလုပ်သားပြဿနာ

အစိုးရအစဉ်အဆက် ကိုင်တွယ်ရခက်ပြီး လျစ်လျူရှုထားတဲ့ပြဿနာက ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့်ရောက်နေတဲ့ မြန်မာလုပ်သားပြဿနာဘဲဖြစ်ပါတယ်။ဒီလိုရောက်ရတဲ့ အကြောင်းအရင်းကိုပြန်ကြည့်ရင် ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ပြည်ပထွက်ပြီးလုပ်ကြရတာဖြစ်ပြီး  နောက်တစ်ခုက အရင်စစ်အစိုးရလက်ထက် အစုလိုက်အပြုံလိုက် ပြည်ပကိုထွက်ပြေးခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေပါ။လက်ရှိမှာ ဒုတိယအမျိုးအစားက အရပ်သားအစိုးရတက်လာတဲ့အတွက် အတော်လေးနည်းသွားပြီး ပထမအမျိုးအစားကတော့ ပြည်တွင်းကနေ တရားဝင်ထွက်လို့ရအောင် ကြပ်မတ်နေတဲ့အတွက် အရပ်သားအစိုးရလက်ထက်မှာ ယခင်အစိုးရအဆက်ဆက်ကလို ပြည်ပကိုတရားမဝင်ထွက်ပြီးလုပ်တဲ့သူက အတော်လေးနည်းလာပါတယ်။ဒါပေမယ့် ထွက်သူတွေရှိဆဲဖြစ်ပြီး အောက်လမ်းလို့ခေါ်တဲ့ နယ်စပ်ကနေ တစ်ဆင့်ဝင်တဲ့သူတွေနဲ့ နည်းမျိုးစုံနဲ့ တရားမဝင်ရောက်နေသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ကာလအတွင်း နိုင်ငံတကာရောက် မြန်မာတွေအနက် မြန်မာအလုပ်သမားတွေ အများစုသွားရောက်ရာ မလေးရှားနိုင်ငံအတွင်း အလုပ်လက်မဲ့ဖြစ်မှုနှင့် နေထိုင်စားသောက်ရေး  အခက်အခဲတွေကြောင့် ကိုယ်တိုင်အဆုံးစီရင်သွားသည့် မြန်မာလုပ်သားရှစ်ဦးအထိ ရှိခဲ့ပါတယ်။
အဆုံးစီရင်သွားတဲ့ မြန်မာလုပ်သားရှစ်ဦးဟာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်မှုကြောင့် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတာဖြစ်လို့ ဒီဖြစ်ရပ်တွေနောက်ပိုင်းမှာ ပြည်တွင်းကမီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဘက်က တရားမဝင်မြန်မာလုပ်သားတွေကို အစိုးရအစီအစဉ်နဲ့ ပြန်လည်ခေါ်ယူဖို့ တောင်းဆိုမှုတွေရှိလာခဲ့ပါတယ်။ဒီလိုအသံတွေမထွက်ခင် မလေးရှားရောက်ပြီးပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၈၀၀ ကျော်ကို နှစ်သုတ်ခွဲပြီး မြန်မာနိုင်ငံကိုပြန်ပို့ခဲ့တယ်လို့ မြန်မာသံရုံးဘက်ကဆိုပေမယ့် ဒါတွေက တရားမဝင်ရောက်နေတဲ့ မြန်မာလုပ်သားတွေမပါဘဲ မလေးရှားကို တရားဝင်ရောက်ပြီး ပိတ်မိနေတဲ့ သူတွေပါ။ ဇွန် ၁၉ရက်က နေပြည် တော်မှာ ပြုလုပ်တဲ့ အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ခဲ့တာတွေကို ရှင်းလင်းဆွေးနွေးတဲ့ပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ခန့်ကို ပြန်ခေါ်နိုင်ခြင်းမရှိသေးဘူးလို့ ပြောခဲ့ပါတယ်။

ဒီလို တရားမဝင်ရောက်နေတဲ့သူတွေကို ပြန်ပို့ဖို့ဆိုရင် နှစ်နိုင်ငံအစိုးရသဘောတူညီချက်နဲ့ လုပ်မှရမယ့်အနေအထားဖြစ်နေပါတယ်။မလေးရှားနိုင်ငံတွင် တရားဝင်မြန်မာလုပ်သား သုံ;သိန်းခန့်ရှိရာ တရားမဝင်နေထိုင်သူများလည်း သိန်းဂဏန်းရှိနေလို့ ဒီပြဿနာကို အစိုးရအဆက်ဆက် ခေါင်းရှောင်နေခဲ့တာပါ။

ယခုအရပ်သားအစိုးရလက်ထက်မှာ ဒီပြဿနာက သေကြောင်းကြံရတဲ့အထိရောက်နေတဲ့သူတွေမှာ အားကိုးရာမဲ့ဖြစ်လာတဲ့အတွက် မဖြစ်မနေရှင်းထုတ်ရမယ့် ပြဿနာဖြစ်လာပါတယ်။ဒီအတွက် ဇွန် ၂၂ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားသံအမတ်ကြီးကိုခေါ်ယူပြီး မလေးရှားဘက်မှခွင့်ပြုပါက မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များစေလွှတ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူသွားရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားလိုကြောင်း ပြောခဲ့ပါတယ်။ဒီအတွက် ရက်ပိုင်းအတွင်း လပိုင်းအတွင်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်သလို မလေးရှားကို နှစ်ပေါင်းများစွာရောက်နေပြီး ပြန်ချင်ပေမယ့် အိမ်မပြန်နိုင်တဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း ဒီသတင်းက ထီပေါက်တာထက်ပိုကောင်းတဲ့ သတင်းကောင်းဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်းမှာ သံရုံးကိုလာဆက်သွယ်သူ တရားမဝင်မြန်မာလုပ်သား ၁၅၀၀ ကျော်ရှိနေတဲ့အတွက် များပြားလာနိုင်တဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေအတွက် ရှေ့ရက်တွေမှာ မလေးရှားဘက်က ဘယ်လိုခွင့်ပြုမလဲ၊ မြန်မာအရပ်သားအစိုးရဘက်က ဘယ်လိုအစီအမံတွေနဲ့ ကယ်ထုတ်လာမလဲဆိုတာ ဒီအစီအစဉ် တစ်ကယ်အလုပ်ဖြစ်၊ မဖြစ် စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။  

ရွေးကောက်ပွဲနီးချိန်နဲ့ ခပ်လှုပ်လှုပ်အဖြစ်အပျက်များ

ရွေးကောက်ပွဲကော်မရှင်က လာမယ့် နိုဝင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပမယ်လို့ဆိုတဲ့အတွက် ကိုဗစ်-၁၉ ကြောင့် ရွှေ့ဆိုင်းရဖွယ်ရှိတယ်လို့ ထင်ထားတဲ့အတွက် ငြိမ်သက်နေတဲ့ ရွေးကောက်ပွဲအတွက် ရည်ရွယ်တဲ့လှုပ်ရှားမှုတွေက ခပ်သွက်သွက်ဖြစ်လာခဲ့ပါတယ်။
ဒီအတွက် အာဏာရပါတီနဲ့ အစိုးရဘက်ကို ထိုးနှက်မှုတွေ၊ လုပ်ကြံသတင်းတုတွေ၊ ဘာသာရေးလူမျိုးရေးဆန်တဲ့ ရာဇဝတ်မှုတွေပါ တွေ့လာရပါတယ်။

လူမှုကွန်ရက်မှာ လာမည့်အာဇာနည်နေ့တွင်ထုတ်ဝေမည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူနောက်ကျောဘက်မှာ ဖော်ပြထားတဲ့ အလံနဲ့ပတ်သက်ပြီး အဆိုပါအလံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အလံဖြစ်ကြောင်း ဝေဖန်နေကြမှုများရှိခဲ့ပါတယ်။ဒီလိုသတင်းတွေ ထွက်ပေါ်ခဲ့တဲ့အတွက်  နိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးစိုးမင်း က နိုင်ငံတော်အလံဖြစ်ကြောင်း ရှင်းလင်းခဲ့ရတာကို ယခုရက်သတ္တပတ်အတွင်း တွေ့ခဲ့ရပါတယ်။ဒါ့အပြင် forward သတင်းဋ္ဌာနကနေတင်ခဲ့တဲ့ သတင်းတစ်ပုဒ်မှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေး ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ကြားရေးဗဟိုကော်မတီဝင် မုံရွာဦးအောင်ရှင် က "ဦးဇော်ဋ္ဌေးရဲ့ လုပ်ရပ်တွေဟာ NLD အစိုးရနဲ့ NLD ပါတီရဲ့ နောက်ကျောကို ဓားနဲ့ထိုးနေသလိုဖြစ်နေတဲ့အတွက် သူ့ကိုမယုံဘူးလို့ မုံရွာအောင်ရှင် ပြော" ဆိုတဲ့ သတင်းတစ်ပုဒ်ကိုဖော်ပြခဲ့ပါတယ်။ဒီ forward သတင်းဌာနကို မုံရွာဦးအောင်ရှင်အနေဖြင့် မပြောခဲ့သလို ကျည်ကာကားကိစ္စ မြေကွက်ကိစ္စတို့နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေး၏ ပြောကြားချက်တွေကိုရှုတ်ချကြောင်း ဖော်ပြခဲ့တဲ့အတွက် အဆိုပါသတင်းဌာနကို အရေးယူပေးဖို့ မုံရွာဦးအောင်ရှင် က သတင်းမီဒီယာကောင်စီနဲ့ facebook team ကို တိုင်ခဲ့ပါတယ်။ယခုချိန်ထိ အဆိုပါသတင်းဌာန ဘယ်သူလုပ်နေလဲဆိုတာကို မသိရသေးသလို ထွက်မရှင်းတဲ့အတွက် ဒါဟာ အစိုးရတာဝန်ရှိသူနဲ့ အာဏာရပါတီအကြား နားလည်မှုလွဲမှားအောင် လုပ်ကြံသတင်းလုပ်ခဲ့တာ ရှင်းနေခဲ့ပါတယ်။

ဒီရက်ပိုင်း ဇွန် ၁၈ ရက်က အောင်လံမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလူသတ်မှုမှာ သတ်သူက အသက် ၄၂ နှစ်အရွယ် သင်္ကန်းဝတ်ထားတဲ့သူဖြစ်ပြီး အသတ်ခံရတဲ့သူက အသက် ၁၇ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ဆိတ်အရောင်းအဝယ်ပြုလုပ်သူပါ။ဆိတ်အရောင်းအဝယ်အတွက် သွားနေစဉ်မှာ သတ်တဲ့သူက ညီအစ်ကို ၃ ဦးကို ရန်လုပ်ခြိမ်းခြောက်တဲ့အတွက် ရှောင်ကာ ကားဆီကိုပြန်စဉ်မှာ ကျန်ခဲ့တဲ့ ညီအငယ်ဆုံးဖြစ်သူကို သတ်ခဲ့တာပါ။သတင်းတွေမှာ အမျိုးမျိုးဖော်ပြမှုတွေရှိပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေ၊ ဘာသာရေးဆရာတွေက စောင့်ကြည့်ခဲ့ရပါတယ်။ထူးခြားတဲ့လူသတ်မှုမှာ သတ်ခဲ့တဲ့သူကို အဆိုပါရက်မှာဘဲ ဖမ်းဆီးရမိခဲ့ပါတယ်။ရွေးကောက်ပွဲနီးလာတဲ့အခါတိုင်း သာမန်ရာဇဝတ်မှုတွေ၊ သာမန်လူသတ်မှုတွေဟာ တချို့သူတွေပယောဂကြောင့် ပုံစံပြောင်းပြီး တိုင်းပြည်မငြိမ်မသက်အောင် လုပ်လေ့ရှိကြတဲ့အတွက် သတိထားစောင့်ကြည့်တာ မမှားသလို စောင့်ကြည့်သင့်တဲ့ကိစ္စလည်း ဖြစ်နေပါတယ်။

ဇွန် ၂၅ ရက်မှာ ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲကို မင်းကင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်နဲ့အတူ လတ်တလောမှာ ပြည်သူ့အတိုင်ပင်ခံဆိုပြီး  ကိုယ့်ဘာသာအမည်ခံတဲ့ လုပ်ငန်းရှင်တစ်ဦးနဲ့ အမျိုးသားရေးပွဲတွေမှာ တွေ့ရလေ့ရှိတဲ့ ဒေါ်ခင်ဝိုင်းကြည်တို့ပါ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးမှာပြုလုပ်တဲ့ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ဦးမောင်မြင့် က လာမည့်ရွေးကောက်ပွဲမှာ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဘက်လိုက်မှုမရှိရန် တောင်းဆိုခဲ့သလို  ရွေးကောက်ပွဲကာလတွင် တပ်မတော်အနေဖြင့် လက်နက်ကိုင်များကို ထိန်းချုပ်ထားရန်၊ ရွေးကောက်ပွဲတွင် INGO များ၏ ပါဝင်မှုအခန်းကဏ္ဍကိုလျှော့ချရန်၊ ငွေရှင်ကြေးရှင် ခရိုနီများအနေဖြင့် ဘက်မလိုက်ဘဲ ကြားမှာသာနေရန်၊ သတင်းမီဒီယာများအနေဖြင့် ဘက်မလိုက်ရန် စတဲ့ အချက် ၁၀ ချက်ကို တောင်းခဲ့ပါတယ်။

ဒါ့အပြင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ရုပ်ရှင်သရုပ်ဆောင် Celebrity များအနေဖြင့် မှန်မှန်ကန်ကန် မျှမျှတတနေဖို့ မင်းကင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် က ပြောခဲ့ပါသေးတယ်။ဒီလိုပြောရာမှာ လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ဖြူဖြူထွေးလိုသူတွေရဲ့ နာမည်ကိုပါထုတ်ပြောခဲ့ပြီး တစ်ခြားနိုင်ငံတွေမှာဆိုရင် ဒီလိုရုပ်ရှင်သရုပ်ဆောင်တွေ Celebrity တွေဟာ မဲဆွယ်ခွင့်မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

ယခုနှစ်ရွေးကောက်ပွဲက ယခင်ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူဘဲ တစ်ဘက်နဲ့ တစ်ဘက် အပြီးသတ်တိုက်ပွဲပုံစံဖြစ်လာတာကို တွေ့လာရပါတယ်။အများပြည်သူအနေနဲ့ ရွေးကောက်ပွဲမတိုင်မီကာလမှာ ပါတီတွေရဲ့ နိုင်လိုမင်းထက် ပြောပုံ၊ ဆိုပုံ ဆက်ဆံပုံနဲ့ ပုံစံမကျတဲ့ ပြောဆိုမှုတွေ၊ အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေ၊ ပြည်သူကို လက်အောက်ငယ်သားလို ပြောဆိုမောက်မာတဲ့ လုပ်ရပ်တွေကို မြင်တွေ့နေရပါတယ်။ဒါဟာ ပါတီတွေက မဲပေးမယ့်ပြည်သူရဲ့ အသိဉာဏ်ရေချိန်ကို လျှော့တွက်တာပါဘဲ။သူတို့ပြောသမျှ အမှန်၊ သူတို့ပြောသမျှ ယုံရမယ်ဆိုတဲ့ လော့ဂျစ်နဲ့ ငေါက်ငမ်းချည်းကပ်ပြောဆိုသမျှတွေက မကြာခင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဖြေပေါ်လာမှာပါ။ပြည်သူတွေမှာရှိတဲ့ အသိဉာဏ်ရေချိန်က မြန်မာနိုင်ငံက ပါတီအသီးသီးကလူတွေထက် မြင့်ပါတယ်။ဒီအတွက် ဘယ်ပါတီက ထင်သလောက်မှန်းချက်နဲ့ နှမ်းထွက်ကိုက်မလဲ၊ ဘယ်ပါတီက ပြည်သူရဲ့မဲကို သိမ်းကျုံးယူမလဲ၊ ဘယ်ပါတီက အပြောကြီးပြီး ထင်သလောက်မဖြစ်ခဲ့မလဲဆိုတာကို မကြာခင်လတွေအတွင်း မြင်ရတော့မှာဖြစ်ပါတယ်။

အဆိုပါသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ သာကေတ ညောင်ဝိုင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးကောဝိဒါစာရ (ခေါ်) ကိုမျိုး ကို ကျောင်းတိုက်မှာနေထိုင်တဲ့ မိခင်နှင့် ၅ နှစ်အရွယ် သမီးအား အဓမ္မပြုကျင့်မှုနဲ့ တရားစွဲလိုက်တဲ့သတင်း၊ သီပေါစော်ဘွားဟော်နန်းအပြင် စော်ဘွားနှင့် မဟာဒေဝီတို့ ပိုင်ဆိုင်သော ပစ္စည်းများအားလုံးကို သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်သို့ SNLD ပါတီက လှူဒါန်းလိုက်တဲ့သတင်း၊ ယခုပညာသင်နှစ်မှာ ကျောင်းဖွင့်ချိန်နောက်ကျလို့ သင်ရိုးညွှန်းတမ်းတွေ လျှော့ချမယ်ဆိုတဲ့သတင်း၊ (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ပြည်သူများတစ်ဦးချင်း ၆ ပေအကွာကနေသာ ဂါရ၀ပြုခွင့်မယ်ဆိုတဲ့သတင်း၊  မြန်မာနိုင်ငံထဲကိုပို့မည့် တရုတ်နိုင်ငံလုပ် လက်နက်များကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဖမ်းမိတဲ့သတင်း၊ မြန်မာနိုင်ငံတွင်နေထိုင်တဲ့ တူရကီနိုင်ငံသားနှစ်ဦးကို အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်မှုရှိနေ၍ လုပ်ငန်းရှင်များ ပတ်သက်မှုမရှိစေရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ညွှန်ကြားထားသတင်း စတဲ့သတင်းတွေထဲ ထူးထူးခြားခြား အာရုံစိုက်စရာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၂၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့သည့္ သတင္းမ်ားထဲ ဇြန္ ၂၂ ရက္က ျပဳလုပ္ခဲ့သည့္ အစိုးရဝန္ႀကီးဌာနမ်ား၏ စတုတၳတစ္ႏွစ္တာေဆာင္႐ြက္ခ်က္ သတင္းစာရွင္းလင္းပြဲႏွင့္ ဇြန္ ၂၃ ရက္က ျပဳလုပ္ခဲ့သည့္ တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးအဖြဲ႕၏ သတင္းစာရွင္းလင္းပြဲ သတင္းမ်ားက ထိပ္တန္း စိတ္ဝင္တစားအာ႐ုံစိုက္ခဲ့ၾကတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။ဒီသတင္းေတြလိုဘဲ ေနာက္ထပ္အာ႐ုံစိုက္မိၾကတဲ့ ထိပ္တန္းသတင္းအခ်ိဳ႕ကေတာ့ ေအာင္လံမွာျဖစ္ခဲ့တဲ့ လူသတ္မႈသတင္း၊ မေလးရွားမွာရွိေနတဲ့ တရားမဝင္ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ေခၚထုတ္ဖို႔ ျမန္မာအစိုးရက လုပ္ေဆာင္ေနတဲ့ စတဲ့သတင္းေတြျဖစ္ပါတယ္။

ဘဝင္မက်ခဲ့သည့္ သတင္းစာရွင္းလင္းပြဲမ်ား

ယခုရက္အတြင္း လူမႈကြန္ရက္ႏွင့္ မီဒီယာမ်ား၊ အမ်ားျပည္သူမ်ားၾကားတြင္ စိတ္ဝင္စားမႈမ်ားၿပီး ေဝဖန္မႈ၊ ရႈတ္ခ်ခံရမႈ အမ်ားဆုံးသတင္းက ေနျပည္ေတာ္မွာျပဳလုပ္ခဲ့တဲ့ အစိုးရဝန္ႀကီးဌာနေတြရဲ႕ စတုတၳတစ္ႏွစ္တာေဆာင္႐ြက္ခ်က္ သတင္းစာရွင္းလင္းပြဲနဲ႔ တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းေရးက သတင္းေတြပါဘဲ။ဒီထဲမွာ စိတ္ဝင္တစားေစာင့္ၾကည့္ၾကတာက ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔က ျပဳလုပ္တဲ့ စတုတၳတစ္ႏွစ္တာေဆာင္႐ြက္ခ်က္ သတင္းစာရွင္းလင္းပြဲမွာ သတင္းမီဒီယာေတြနဲ႔ အျပန္အလွန္ေမးၾကေျဖၾကတာေတြက စိတ္ဝင္စားမႈေကာင္းခဲ့သလို သတိထားရမွာေတြ၊ ေနာင္လာမယ့္ေ႐ြးေကာက္ပြဲအတြက္ စဥ္းစားသင့္တာေတြ ထြက္လာခဲ့ပါတယ္။

ဇြန္ ၂၂ရက္ မြန္းလြဲပိုင္းကျပဳလုပ္တဲ့ ျပည္ထဲေရးဝန္ႀကီးဌာန၏ စတုတၳတစ္ႏွစ္တာေဆာင္႐ြက္ခ်က္ သတင္းစာရွင္းလင္းပြဲမွာ တရားခံေပ်ာက္ၿပီး က်ဴးလြန္ခံရသူ ကေလးငယ္နဲ႔ မိသားစုဝင္ေတြ အရွက္တကြဲျဖစ္ခဲ့ရတဲ့ ေနျပည္ေတာ္က ဗစ္တိုးရီးယား ကေလးငယ္အမႈနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ဒုတိယရဲခ်ဳပ္ကို သတင္းမီဒီယာေတြက ေမးခဲ့ရာမွာ အက်ဥ္းခ်ဳပ္အားျဖင့္ အမႈကိုဆက္လက္စစ္ေဆးဖို႔ သက္ေသခံခ်က္အသစ္ေတြ ထပ္မံလိုအပ္မယ္လိုေျပာခဲ့သလို ရဲတပ္ဖြဲ႕က သံသယတရားခံအျဖစ္ တရားစြဲဆိုဖမ္းဆီးခဲ့တဲ့ ယာဥ္ေမာင္း ကိုေအာင္ႀကီးနဲ႔ ပတ္သက္ၿပီးလည္း တရား႐ုံးက အမႈက်ဴးလြန္ျခင္းမရွိႏိုင္ဘူးဆိုၿပီး လႊတ္ေပးခဲ့ေပမယ့္ တရား႐ုံးက တရားရွင္နဲ႔လႊတ္ခဲ့တဲ့အတြက္ သက္ေသခံအခ်က္အလက္ေတြရတာနဲ႔ ဆက္လက္ေဆာင္႐ြက္သြားမယ္ဆိုတာကို ေျပာခဲ့ပါတယ္။လူမႈကြန္ရက္ေတြမွာေတာ့ ဒီလိုေျဖၾကားတဲ့အေပၚ သေဘာမေတြ႕ေၾကာင္းေဖာ္ျပတဲ့ မွတ္ခ်က္ေတြအမ်ားအျပားေရးခဲ့သလို ဒီအမႈကို လိုက္ပါကူညီေနတဲ့ သကၠမိုးညိဳအေကာင့္ပိုင္ရွင္ကလည္း အမႈစစ္ေဆးရာမွာ က်ဴးလြန္ခံရသူ ကေလးငယ္က သူ႔ကိုက်ဴးလြန္ခဲ့သူဓာတ္ပုံကို တရား႐ုံးမွာဆြဲထုတ္ျပခဲ့လို႔ ဒီလူကိုစစ္ေဆးဖို႔ ေရးခဲ့တာကို အမ်ားျပည္သူေတြက ေထာက္ခံခဲ့တာကိုေတြ႕ရပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲမွာဘဲ ၀ရမ္းေျပးျဖစ္ေနတဲ့ ဦးဝီရသူ၊  ဦးလွေဆြတို႔ကို ဖမ္းဆီးဖို႔ႀကိဳးစားေနတာ ဘယ္အေျခအေနေရာက္ေနၿပီလဲဆိုတဲ့ ေမးခြန္းကလည္း ျပည္သူေတြသိခ်င္တဲ့ ေမးခြန္းပါဘဲ။မီဒီယာက  ဒီလိုေမးခဲ့တဲ့အတြက္ ဒု-ရဲခ်ဳပ္က ျပန္ေျဖခဲ့ရာမွာ ၎တို႔ကို ဘယ္အခ်ိန္ဘယ္ေနရာပဲျဖစ္ျဖစ္ေတြ႕ရွိလို႔ရွိရင္ ၀ရမ္းမပါဘဲ ဘယ္ရဲတပ္ဖြဲ႕မဆို ဖမ္းဆီးလို႔ရေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္  တိတိက်က်သတင္းေပးဖို႔လည္းလိုေၾကာင္း ေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ယခုလိုေျပာခဲ့သည္စကားအေပၚ ဘဝင္မက်သည့္အတြက္ အမ်ားျပည္သူက လူမႈကြန္ရက္တြင္ေဝဖန္ခဲ့ၿပီး ကာတြန္း႐ုပ္ေျပာင္မ်ားျဖင့္သေရာ္ကာ ေဖာ္ျပေရးသားခဲ့ၾကပါတယ္။

သတင္းစာရွင္းလင္းပြဲအၿပီး ဆက္လက္ဂယက္႐ိုက္ခဲ့သည့္သတင္းမွာ ရဲအႀကီးအကဲတစ္ဦးရဲ႕ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္က်ဴးလြန္မႈ သတင္းေတြပါဘဲ။ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနတဲ့ ရာထူးတိုးေပးဖို႔အေၾကာင္းျပၿပီး  ရဲေမေတြအေပၚ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ခဲ့သည့္ ျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး သတင္းမီဒီယာမ်ားက ဆိုရွယ္မီဒီယာတြင္ပ်ံ႕ႏွံ႔ေနတဲ့ ရဲအႀကီးအကဲရဲ႕ လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈကို တိုင္ၾကားထားတယ္ဆိုတဲ့ကိစၥအေပၚ ေမးခဲ့ရာမွာ ဒုရဲခ်ဳပ္က ထိုကိစၥျဖစ္ခဲ့ေၾကာင္း အတည္ျပဳသည့္အေနျဖင့္ စစ္ေဆးေနဆဲျဖစ္တယ္လို႔ အတည္ျပဳေျဖၾကားခဲ့ၿပီး  “ေနာက္ဆုံးအေျခအေနကို ျပန္ၿပီးေျပာပါမယ္” လို႔ မီဒီယာမ်ားကို ေျပာခဲ့ပါတယ္။ေနာက္ပိုင္းမွာ မီဒီယာေတြက သက္ဆိုင္ရာ ေျပာေရးဆိုခြင့္ရတာဝန္ရွိသူကို စုံစမ္းေမးျမန္းခဲ့တဲ့အတြက္ က်ဴးလြန္သူဟာ ရဲရာထူးခန႔္ခ်ဳပ္ ေဇာ္မိုးသန္းျဖစ္ေၾကာင္း သိလာရၿပီး  ဒီလိုက်ဴးလြန္တာတိုင္တာ တစ္ဦးတည္းမဟုတ္ဘဲ ၁၈ ဦးက တိုင္ထားတယ္ဆိုတာကို ေဖာ္ျပခဲ့ပါတယ္။

ျမန္မာလူ႔အဖြဲအစည္းက ဒီလိုယုတ္မာေအာက္တန္းက်တဲ့ လုပ္ရပ္ေတြ၊ ရာထူးအာဏာကိုအသုံးခ်ကာ တဏွာက်ဴးၿပီး လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္တဲ့ လုပ္ရပ္ေတြ၊ မုဒိမ္းမႈ စတဲ့ လိင္ပိုင္းဆိုင္ရာေဖာက္ျပားတဲ့ လုပ္ရပ္ေတြကို ခါးခါးသီးသီးလက္မခံတဲ့ လူ႔အဖြဲအစည္းတစ္ရပ္ပါ။ဒီလိုျဖစ္ရပ္ကို ကာကြယ္ေပးတဲ့ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းေတြကိုလည္း တူးတူးခါးခါးမုန္းတီးၾကပါတယ္။ဒါကို ၿပီးခဲ့တဲ့ႏွစ္က ဗစ္တိုးရီးယားျပႆနာမွာ တစ္ႏိုင္ငံလုံးလူေတြ လမ္းေပၚထြက္လာတာၾကည့္ရင္ သိမွာျဖစ္ပါတယ္။ယခုျဖစ္ရပ္မွာလည္း လူမႈကြန္ရက္ႏွင့္ မီဒီယာမ်ားမွာ ျပင္းျပင္းထန္ထန္ ထိုးႏွက္ေဝဖန္ခဲ့ၾကသလို  တရားေစာင့္ေရွာက္ရမယ့္သူက စၿပီးတရားပ်က္တဲ့အတြက္ ကာတြန္း႐ုပ္ေျပာင္မ်ား၊ စေတးတပ္စ္ေတြနဲ႔ လူမႈကြန္ရက္ကေန ျပင္းထန္စြာထိုးႏွက္ရႈတ္ခ်ခဲ့ၾကပါတယ္။ယခုျဖစ္ရပ္က အမ်ားျပည္သူရဲ႕ ယုံၾကည္မႈက်ဆင္းေနတဲ့ ရဲတပ္ဖြဲ႕အတြက္ အဆိုးဝါးဆုံးျဖစ္ရပ္ဆိုးျဖစ္ကာ ရာထူးလုပ္ပိုင္ခြင့္ကို အသုံးခ်ၿပီး လိင္အျမတ္ထုတ္တာျဖစ္တဲ့အတြက္ ရဲတပ္ဖြဲ႕စည္းကမ္းဥပေဒသာမကဘဲ အဂတိလိုက္စားမႈနဲ႔ သက္ဆိုင္ေနလို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ဝင္ေရာက္ကိုင္တြယ္သင့္တယ္ဆိုၿပီး ေဝဖန္ေထာက္ျပမႈေတြလည္း ရွိပါတယ္။

ဒီျဖစ္ရပ္မွာ ရာထူးတိုးဖို႔အတြက္ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈခံရတဲ့ ရဲေမကတိုင္ၾကားခဲ့ရာကေန ေနာက္ပိုင္းမွာ ၁၈ ဦးခန႔္အထိ ဒီရဲအရာရွိႀကီးရဲ႕ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ခဲ့မႈႀကီးက ေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။ဒီျဖစ္ရပ္ေၾကာင့္ သာမန္႐ိုး႐ိုးသားသားေနထိုင္ၾကတဲ့ ရဲေမေတြ၊ ရဲအရာရွိေတြနဲ႔ ရဲတပ္ဖြဲ႕အေပၚ ဆိုး႐ြားစြာ႐ိုက္ခတ္ခဲ့သလို အမ်ားစုက က်ဴးလြန္သူကိုသာ အဓိကဦးတည္ေဝဖန္ခဲ့ၾကပါတယ္။ဒါေပမယ့္ တခ်ိဳ႕က ဆိုးဝါးယုတ္မာတဲ့ျဖစ္ရပ္ကို ေဖာ္ထုတ္ခဲ့တဲ့ နစ္နာသူကိုပါ တိုက္ခိုက္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီလိုအရွက္တကြဲ အနစ္နာခံၿပီး မတရားမႈကိုေဖာ္ထုတ္တဲ့သူေတြဟာ လူ႔အဖြဲ႕အစည္းအတြင္းမွာ မရွိသင့္တဲ့သူေတြကို ဖယ္ထုတ္ရွင္းလင္းေပးတဲ့ အေရးႀကီးတဲ့ သူရဲေကာင္းေတြပါ။သူတို႔သာၿငိမ္ေနခဲ့မယ္ဆိုရင္ ဒီလိုဆိုးဝါးတဲ့ကိစၥေတြက ဘယ္ေလာက္ထိျဖစ္ေနမွာလည္းဆိုတာ သိႏိုင္မွာမဟုတ္ပါဘူး။ဒီလို လုပ္ငန္းအဖြဲ႕အစည္းေတြအထဲ ရာထူးနဲ႔ အာဏာ စတဲ့ မျငင္းဆန္ႏိုင္တဲ့ အႏိုင္က်င့္မႈကိုသုံးၿပီး လိင္ပိုင္းဆိုင္ရာ က်ဴးလြန္သူေတြ၊ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္သူေတြကို ေဖာ္ထုတ္ဖို႔အေရးႀကီးတဲ့ ပထမဆုံး အသိေပးခရာမႈတ္သူလို႔ေခၚတဲ့ မတရားမႈေတြအတြက္ စြန႔္စားတိုက္ခိုက္တဲ့ သူရဲေကာင္းေတြကို အားလုံးကဂုဏ္ျပဳကာကြယ္ေပးရမွာျဖစ္ပါတယ္။ဒါမွ တျခားေနရာဌာနအသီးသီးမွာ ဒီလိုက်ဴးလြန္မႈမ်ိဳးလုပ္တဲ့ လူယုတ္မာေတြကို လူ႔အဖြဲ႕အစည္းအတြက္ ကိုယ္က်ိဳးစြန႔္ၿပီး ေဖာ္ထုတ္ၾကမွာျဖစ္ပါတယ္။ဒါေပမယ့္ ယခုျဖစ္ရပ္မွာ ပထမဆုံးခရာမႈတ္ၿပီး စြန႔္စြန႔္စားစားတိုင္ခဲ့သူ ရဲေမေတြကို ေလွာင္ရယ္ကဲ့ရဲ႕တာက ေနာက္ထပ္ေဖာ္ထုတ္မယ့္သူေတြကို ေနာက္တြန႔္ေစတဲ့လုပ္ရပ္ျဖစ္လို႔ မလုပ္သင့္တဲ့ကိစၥဘဲျဖစ္ပါတယ္။

ဒီလိင္အျမတ္ထုတ္မႈျဖစ္ရပ္မွာ အျမတ္ထုတ္ခံရတဲ့သူက ျပည္သူေတြကိုကာကြယ္ေစာင့္ေရွာက္ဖို႔ တာဝန္ယူရတဲ့သူျဖစ္ေနေပမယ့္ သူကိုယ္တိုင္ သူ႔ကိုယ္သူ မကာကြယ္ႏိုင္ခဲ့တဲ့အတြက္ အမ်ားျပည္သူအေနနဲ႔ ဘယ္သူ႔ကိုအားကိုးရမွန္းမသိရေလာက္ေအာင္ ျဖစ္ခဲ့ရသလို  ရဲတပ္ဖြဲ႕အေပၚ ယုံၾကည္မႈကလည္း အဆိုး႐ြားဆုံးအဆင့္ထိ ထိုးက်ခဲ့ရပါတယ္။ဒါဟာ ရဲတပ္ဖြဲ႕ကို နာမည္ပ်က္ေစခဲ့သလို ျပည္သူရဲ႕ ယုံၾကည္ကိုးစားမႈကိုပါ ပ်က္ျပားေစခဲ့တဲ့အတြက္ ဒီျပႆနာကို သက္ဆိုင္ရာက ဘယ္လိုတင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ၿပီး အမ်ားျပည္သူယုံၾကည္ကိုးစားမႈရေအာင္ ဘယ္လိုျပင္းျပင္းထန္ထန္ ကိုင္တြယ္ေဆာင္႐ြက္မလဲဆိုတာ အမ်ားျပည္သူက ေစာင့္ၾကည့္ေနမွာျဖစ္ပါတယ္။  

MEC ၊ ကာကြယ္ေရးႏွင့္ တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရး

ေနာက္ထပ္စိတ္ဝင္စားစရာျဖစ္ရတဲ့ သတင္းေတြထဲမွာ ပါခဲ့တာက ကာကြယ္ေရးဝန္ႀကီးဌာန သတင္းစာရွင္းလင္းပြဲနဲ႔ တစ္ခါလုပ္တိုင္း တစ္ခါဆိုသေလာက္ ေျပာစရာက်န္တဲ့ တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရး သတင္းစာရွင္းလင္းပြဲ သတင္းေတြပါဘဲ။ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းစာရွင္းလင္းပြဲလုပ္ခဲ့တဲ့ေန႔မွာဘဲလုပ္ခဲ့တဲ့ ကာကြယ္ေရးဝန္ႀကီးဌာန သတင္းစာရွင္းလင္းပြဲမွာ ျမန္မာ့စီးပြားေရးေလာကထဲက က႑မ်ိဳးစုံမွာ စီးပြားေရးလုပ္ငန္းႀကီးေတြကို အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ လုပ္ကိုင္ေနတဲ့ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) နဲ႔ ပတ္သက္လို႔  ျပည္တြင္းမီဒီယာတစ္ခုျဖစ္တဲ့ Myanmar Now က ကာကြယ္ေရးဝန္ႀကီးဌာနကို ေမးျမန္းခဲ့ပါတယ္။ဒီသတင္းက အမ်ားျပည္သူအၾကား သိခ်င္ေနတဲ့ေမးခြန္းျဖစ္သလို လုပ္ငန္းေပါင္းစုံမွာ အင္အားႀကီးႀကီးလုပ္ကိုင္ေနတဲ့ အဆိုပါေကာ္ပိုေရးရွင္းရဲ႕ လုပ္ေဆာင္မႈ၊ ဝင္ေငြကိုလည္း အမ်ားကသိခ်င္ေနၾကတာ ၾကာၿပီျဖစ္ပါတယ္။

၁၉၉၇ ခုႏွစ္မွာ စတင္ထူေထာင္ခဲ့တဲ့ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) နဲ႔ပတ္သက္ၿပီး ကာကြယ္ေရးဌာန အၿမဲတမ္းအတြင္းဝန္ကေျဖခဲ့ရာမွာ အေတာ္ေလးရွင္းပါတယ္။ MEC က ႏိုင္ငံေတာ္ႏွင့္သက္ဆိုင္ျခင္းမရွိေတာ့ဘဲ တပ္မေတာ္ပိုင္ ပုဂၢလိကကုမၸဏီလို႔ ေျဖခဲ့ပါတယ္။သို႔ေသာ္ ဘယ္အခ်ိန္အထိ အစိုးရတစ္ပိုင္း စီးပြားေရးလုပ္ငန္းအျဖစ္ ရပ္တည္ခဲ့တယ္ဆိုကာကိုေတာ့ မေျဖခဲ့သလို မတည္ရင္းႏွီးေငြႏွင့္ ပုံေသပိုင္ပစၥည္းမ်ားကို မည္သို႔လႊဲေျပာင္းရယူခဲ့တာ၊ ကုမၸဏီတန္ဖိုးမည္မွ်ရွိတာကို မေျဖၾကားႏိုင္ဘူးလို႔ ျငင္းခဲ့ပါတယ္။အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ျပည္ထဲေရးဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ တပ္ဘက္မွာ လက္ရွိဘာရာထူးယူထားသလဲလို႔ သတင္းေထာက္တစ္ဦးကေမးခဲ့ရာမွာ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္း က "ဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကေတာ့ အၿငိမ္းစားယူသြားၿပီျဖစ္ပါတယ္။ျပည္ထဲေရးဝန္ႀကီးဌာနကေန ဝန္ႀကီးအျဖစ္ကေန အနားယူတဲ့အခါမွာ တပ္မေတာ္အရန္အင္အားနဲ႔ စစ္တပ္မူလတာဝန္ထမ္းေဆာင္ပါတယ္။အခုအခ်ိန္မွာေတာ့ အၿငိမ္းစားယူၿပီျဖစ္ပါတယ္" လို႔ ေျဖခဲ့ပါတယ္။ဒီအေျဖက အျပင္မွာထြက္ေနတဲ့ ကာလအတန္ၾကာ သို႔ေလာသို႔ေလာျဖစ္ေနတဲ့ ေမးခြန္းေတြကို အၿပီးသတ္ေပးလိုက္တဲ့ အေျဖပါဘဲ။ယခုအေျဖဟာ ရွင္းရွင္းလင္းလင္းျဖစ္ခဲ့တဲ့အတြက္ အမ်ားျပည္သူကလည္း လက္ရွိအေျခအေနနဲ႔ အခင္းအက်င္းကို ရွင္းရွင္းလင္းလင္းျမင္ခဲ့ၾကပါတယ္။

ယခုရက္ပိုင္းဆက္တိုက္လုပ္ေနတဲ့ အစိုးရဝန္ႀကီးဌာနေတြရဲ႕ စတုတၳတစ္ႏွစ္တာ သတင္းစာရွင္းလင္းပြဲေတြကိုေစာင့္ၾကည့္တဲ့ ျပည္သူေတြအေနနဲ႔ ဘဝင္က်တဲ့အေျဖေတြရွိသလို ဘဝင္မက်တဲ့အေျဖေတြ၊ စိတ္ခံစားခ်က္ျဖစ္ေစတဲ့ အေျဖေတြကို ျမင္ေတြ႕ၾကားသိရခဲ့ပါတယ္။
ယခုတေလာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲေတြကိုၾကည့္ရင္ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ တင္းျပည္က်ပ္ျပည့္က်င့္သုံးေနၿပီလား၊ ဘာေၾကာင့္အရပ္သားအစိုးရရဲ႕ တခ်ိဳ႕အေ႐ြ႕ေတြက ထင္သေလာက္မျဖစ္တာလဲဆိုတဲ့ ေမးခြန္းေတြကို ဒီသတင္းစာရွင္းလင္းပြဲေတြက အေျဖထုတ္ေပးလိုက္သလို ျဖစ္ခဲ့ပါတယ္။ဒီလိုရွင္းလင္းပြဲေတြေၾကာင့္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္သူတစ္ေယာက္အေနနဲ႔ ဘာလုပ္ရမယ္၊ ဘယ္သူေတြနဲ႔ရပ္တည္ရမယ္ဆိုတာကို ကြဲကြဲျပားျပားျမင္သာေစခဲ့သလို က်န္ေသးတဲ့ ဝန္ႀကီးဌာနေတြရဲ႕ သတင္းစာရွင္းလင္းပြဲေတြကိုၾကည့္ၿပီး ဘာေတြေပၚထြက္လာဦးမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ရွင္းရခက္တဲ့ တရားမဝင္ျမန္မာလုပ္သားျပႆနာ

အစိုးရအစဥ္အဆက္ ကိုင္တြယ္ရခက္ၿပီး လ်စ္လ်ဴရႈထားတဲ့ျပႆနာက ျပည္ပကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေရာက္ေနတဲ့ ျမန္မာလုပ္သားျပႆနာဘဲျဖစ္ပါတယ္။ဒီလိုေရာက္ရတဲ့ အေၾကာင္းအရင္းကိုျပန္ၾကည့္ရင္ ျပည္တြင္းမွာ အလုပ္အကိုင္ရွားပါးတဲ့အတြက္ ျပည္ပထြက္ၿပီးလုပ္ၾကရတာျဖစ္ၿပီး  ေနာက္တစ္ခုက အရင္စစ္အစိုးရလက္ထက္ အစုလိုက္အၿပဳံလိုက္ ျပည္ပကိုထြက္ေျပးခဲ့တဲ့ ႏိုင္ငံေရးသမားေတြနဲ႔ ေက်ာင္းသားေတြပါ။လက္ရွိမွာ ဒုတိယအမ်ိဳးအစားက အရပ္သားအစိုးရတက္လာတဲ့အတြက္ အေတာ္ေလးနည္းသြားၿပီး ပထမအမ်ိဳးအစားကေတာ့ ျပည္တြင္းကေန တရားဝင္ထြက္လို႔ရေအာင္ ၾကပ္မတ္ေနတဲ့အတြက္ အရပ္သားအစိုးရလက္ထက္မွာ ယခင္အစိုးရအဆက္ဆက္ကလို ျပည္ပကိုတရားမဝင္ထြက္ၿပီးလုပ္တဲ့သူက အေတာ္ေလးနည္းလာပါတယ္။ဒါေပမယ့္ ထြက္သူေတြရွိဆဲျဖစ္ၿပီး ေအာက္လမ္းလို႔ေခၚတဲ့ နယ္စပ္ကေန တစ္ဆင့္ဝင္တဲ့သူေတြနဲ႔ နည္းမ်ိဳးစုံနဲ႔ တရားမဝင္ေရာက္ေနသူေတြလည္း ရွိေနဆဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ကိုဗစ္ကာလအတြင္း ႏိုင္ငံတကာေရာက္ ျမန္မာေတြအနက္ ျမန္မာအလုပ္သမားေတြ အမ်ားစုသြားေရာက္ရာ မေလးရွားႏိုင္ငံအတြင္း အလုပ္လက္မဲ့ျဖစ္မႈႏွင့္ ေနထိုင္စားေသာက္ေရး  အခက္အခဲေတြေၾကာင့္ ကိုယ္တိုင္အဆုံးစီရင္သြားသည့္ ျမန္မာလုပ္သားရွစ္ဦးအထိ ရွိခဲ့ပါတယ္။
အဆုံးစီရင္သြားတဲ့ ျမန္မာလုပ္သားရွစ္ဦးဟာ တရားမဝင္ေနထိုင္ အလုပ္လုပ္ကိုင္ေနသူမ်ားျဖစ္ၿပီး အလုပ္လက္မဲ့ျဖစ္မႈေၾကာင့္ ေနထိုင္စားေသာက္ေရး အခက္အခဲျဖစ္ေနတာျဖစ္လို႔ ဒီျဖစ္ရပ္ေတြေနာက္ပိုင္းမွာ ျပည္တြင္းကမီဒီယာေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြဘက္က တရားမဝင္ျမန္မာလုပ္သားေတြကို အစိုးရအစီအစဥ္နဲ႔ ျပန္လည္ေခၚယူဖို႔ ေတာင္းဆိုမႈေတြရွိလာခဲ့ပါတယ္။ဒီလိုအသံေတြမထြက္ခင္ မေလးရွားေရာက္ၿပီးပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသား ၈၀၀ ေက်ာ္ကို ႏွစ္သုတ္ခြဲၿပီး ျမန္မာႏိုင္ငံကိုျပန္ပို႔ခဲ့တယ္လို႔ ျမန္မာသံ႐ုံးဘက္ကဆိုေပမယ့္ ဒါေတြက တရားမဝင္ေရာက္ေနတဲ့ ျမန္မာလုပ္သားေတြမပါဘဲ မေလးရွားကို တရားဝင္ေရာက္ၿပီး ပိတ္မိေနတဲ့ သူေတြပါ။ ဇြန္ ၁၉ရက္က ေနျပည္ ေတာ္မွာ ျပဳလုပ္တဲ့ အစိုးရ၏ စတုတၳ (၁) ႏွစ္တာ ေဆာင္႐ြက္ခဲ့တာေတြကို ရွင္းလင္းေဆြးေႏြးတဲ့ပြဲမွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္က မေလးရွားႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၃၀၀၀ ခန႔္ကို ျပန္ေခၚႏိုင္ျခင္းမရွိေသးဘူးလို႔ ေျပာခဲ့ပါတယ္။

ဒီလို တရားမဝင္ေရာက္ေနတဲ့သူေတြကို ျပန္ပို႔ဖို႔ဆိုရင္ ႏွစ္ႏိုင္ငံအစိုးရသေဘာတူညီခ်က္နဲ႔ လုပ္မွရမယ့္အေနအထားျဖစ္ေနပါတယ္။မေလးရွားႏိုင္ငံတြင္ တရားဝင္ျမန္မာလုပ္သား သုံ;သိန္းခန႔္ရွိရာ တရားမဝင္ေနထိုင္သူမ်ားလည္း သိန္းဂဏန္းရွိေနလို႔ ဒီျပႆနာကို အစိုးရအဆက္ဆက္ ေခါင္းေရွာင္ေနခဲ့တာပါ။

ယခုအရပ္သားအစိုးရလက္ထက္မွာ ဒီျပႆနာက ေသေၾကာင္းႀကံရတဲ့အထိေရာက္ေနတဲ့သူေတြမွာ အားကိုးရာမဲ့ျဖစ္လာတဲ့အတြက္ မျဖစ္မေနရွင္းထုတ္ရမယ့္ ျပႆနာျဖစ္လာပါတယ္။ဒီအတြက္ ဇြန္ ၂၂ ရက္မွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မေလးရွားသံအမတ္ႀကီးကိုေခၚယူၿပီး မေလးရွားဘက္မွခြင့္ျပဳပါက ျမန္မာအစိုးရအေနျဖင့္ ျမန္မာႏိုင္ငံသားမ်ားအား ကယ္ဆယ္ေရးေလယာဥ္မ်ားေစလႊတ္၍ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚယူသြားေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္သြားလိုေၾကာင္း ေျပာခဲ့ပါတယ္။ဒီအတြက္ ရက္ပိုင္းအတြင္း လပိုင္းအတြင္း ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာျဖစ္သလို မေလးရွားကို ႏွစ္ေပါင္းမ်ားစြာေရာက္ေနၿပီး ျပန္ခ်င္ေပမယ့္ အိမ္မျပန္ႏိုင္တဲ့ ျမန္မာႏိုင္ငံသားေတြအတြက္လည္း ဒီသတင္းက ထီေပါက္တာထက္ပိုေကာင္းတဲ့ သတင္းေကာင္းျဖစ္ၿပီး တစ္ရက္ႏွစ္ရက္အတြင္းမွာ သံ႐ုံးကိုလာဆက္သြယ္သူ တရားမဝင္ျမန္မာလုပ္သား ၁၅၀၀ ေက်ာ္ရွိေနတဲ့အတြက္ မ်ားျပားလာႏိုင္တဲ့ တရားမဝင္ျမန္မာႏိုင္ငံသားေတြအတြက္ ေရွ႕ရက္ေတြမွာ မေလးရွားဘက္က ဘယ္လိုခြင့္ျပဳမလဲ၊ ျမန္မာအရပ္သားအစိုးရဘက္က ဘယ္လိုအစီအမံေတြနဲ႔ ကယ္ထုတ္လာမလဲဆိုတာ ဒီအစီအစဥ္ တစ္ကယ္အလုပ္ျဖစ္၊ မျဖစ္ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။  

ေ႐ြးေကာက္ပြဲနီးခ်ိန္နဲ႔ ခပ္လႈပ္လႈပ္အျဖစ္အပ်က္မ်ား

ေ႐ြးေကာက္ပြဲေကာ္မရွင္က လာမယ့္ ႏိုဝင္ဘာလမွာ အေထြေထြေ႐ြးေကာက္ပြဲကို က်င္းပမယ္လို႔ဆိုတဲ့အတြက္ ကိုဗစ္-၁၉ ေၾကာင့္ ေ႐ႊ႕ဆိုင္းရဖြယ္ရွိတယ္လို႔ ထင္ထားတဲ့အတြက္ ၿငိမ္သက္ေနတဲ့ ေ႐ြးေကာက္ပြဲအတြက္ ရည္႐ြယ္တဲ့လႈပ္ရွားမႈေတြက ခပ္သြက္သြက္ျဖစ္လာခဲ့ပါတယ္။
ဒီအတြက္ အာဏာရပါတီနဲ႔ အစိုးရဘက္ကို ထိုးႏွက္မႈေတြ၊ လုပ္ႀကံသတင္းတုေတြ၊ ဘာသာေရးလူမ်ိဳးေရးဆန္တဲ့ ရာဇဝတ္မႈေတြပါ ေတြ႕လာရပါတယ္။

လူမႈကြန္ရက္မွာ လာမည့္အာဇာနည္ေန႔တြင္ထုတ္ေဝမည့္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံပါ ၅၀၀ က်ပ္တန္ ေငြစကၠဴေနာက္ေက်ာဘက္မွာ ေဖာ္ျပထားတဲ့ အလံနဲ႔ပတ္သက္ၿပီး အဆိုပါအလံမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ အလံျဖစ္ေၾကာင္း ေဝဖန္ေနၾကမႈမ်ားရွိခဲ့ပါတယ္။ဒီလိုသတင္းေတြ ထြက္ေပၚခဲ့တဲ့အတြက္  ႏိုင္ငံေတာ္ဗဟိုဘဏ္ ဒု-ဥကၠဌ ဦးစိုးမင္း က ႏိုင္ငံေတာ္အလံျဖစ္ေၾကာင္း ရွင္းလင္းခဲ့ရတာကို ယခုရက္သတၱပတ္အတြင္း ေတြ႕ခဲ့ရပါတယ္။ဒါ့အျပင္ forward သတင္း႒ာနကေနတင္ခဲ့တဲ့ သတင္းတစ္ပုဒ္မွာ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေ႒း ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ျပန္ၾကားေရးဗဟိုေကာ္မတီဝင္ မုံ႐ြာဦးေအာင္ရွင္ က "ဦးေဇာ္ေ႒းရဲ႕ လုပ္ရပ္ေတြဟာ NLD အစိုးရနဲ႔ NLD ပါတီရဲ႕ ေနာက္ေက်ာကို ဓားနဲ႔ထိုးေနသလိုျဖစ္ေနတဲ့အတြက္ သူ႔ကိုမယုံဘူးလို႔ မုံ႐ြာေအာင္ရွင္ ေျပာ" ဆိုတဲ့ သတင္းတစ္ပုဒ္ကိုေဖာ္ျပခဲ့ပါတယ္။ဒီ forward သတင္းဌာနကို မုံ႐ြာဦးေအာင္ရွင္အေနျဖင့္ မေျပာခဲ့သလို က်ည္ကာကားကိစၥ ေျမကြက္ကိစၥတို႔ႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေ႒း၏ ေျပာၾကားခ်က္ေတြကိုရႈတ္ခ်ေၾကာင္း ေဖာ္ျပခဲ့တဲ့အတြက္ အဆိုပါသတင္းဌာနကို အေရးယူေပးဖို႔ မုံ႐ြာဦးေအာင္ရွင္ က သတင္းမီဒီယာေကာင္စီနဲ႔ facebook team ကို တိုင္ခဲ့ပါတယ္။ယခုခ်ိန္ထိ အဆိုပါသတင္းဌာန ဘယ္သူလုပ္ေနလဲဆိုတာကို မသိရေသးသလို ထြက္မရွင္းတဲ့အတြက္ ဒါဟာ အစိုးရတာဝန္ရွိသူနဲ႔ အာဏာရပါတီအၾကား နားလည္မႈလြဲမွားေအာင္ လုပ္ႀကံသတင္းလုပ္ခဲ့တာ ရွင္းေနခဲ့ပါတယ္။

ဒီရက္ပိုင္း ဇြန္ ၁၈ ရက္က ေအာင္လံမွာ လူသတ္မႈတစ္ခုျဖစ္ခဲ့ပါတယ္။ဒီလူသတ္မႈမွာ သတ္သူက အသက္ ၄၂ ႏွစ္အ႐ြယ္ သကၤန္းဝတ္ထားတဲ့သူျဖစ္ၿပီး အသတ္ခံရတဲ့သူက အသက္ ၁၇ ႏွစ္အ႐ြယ္ အစၥလာမ္ဘာသာဝင္ ဆိတ္အေရာင္းအဝယ္ျပဳလုပ္သူပါ။ဆိတ္အေရာင္းအဝယ္အတြက္ သြားေနစဥ္မွာ သတ္တဲ့သူက ညီအစ္ကို ၃ ဦးကို ရန္လုပ္ၿခိမ္းေျခာက္တဲ့အတြက္ ေရွာင္ကာ ကားဆီကိုျပန္စဥ္မွာ က်န္ခဲ့တဲ့ ညီအငယ္ဆုံးျဖစ္သူကို သတ္ခဲ့တာပါ။သတင္းေတြမွာ အမ်ိဳးမ်ိဳးေဖာ္ျပမႈေတြရွိၿပီး ဘာသာေရး၊ လူမ်ိဳးေရး အဓိက႐ုဏ္းျဖစ္လာႏိုင္တဲ့ အေျခအေနေၾကာင့္ သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ တာဝန္ရွိသူေတြ၊ ဘာသာေရးဆရာေတြက ေစာင့္ၾကည့္ခဲ့ရပါတယ္။ထူးျခားတဲ့လူသတ္မႈမွာ သတ္ခဲ့တဲ့သူကို အဆိုပါရက္မွာဘဲ ဖမ္းဆီးရမိခဲ့ပါတယ္။ေ႐ြးေကာက္ပြဲနီးလာတဲ့အခါတိုင္း သာမန္ရာဇဝတ္မႈေတြ၊ သာမန္လူသတ္မႈေတြဟာ တခ်ိဳ႕သူေတြပေယာဂေၾကာင့္ ပုံစံေျပာင္းၿပီး တိုင္းျပည္မၿငိမ္မသက္ေအာင္ လုပ္ေလ့ရွိၾကတဲ့အတြက္ သတိထားေစာင့္ၾကည့္တာ မမွားသလို ေစာင့္ၾကည့္သင့္တဲ့ကိစၥလည္း ျဖစ္ေနပါတယ္။

ဇြန္ ၂၅ ရက္မွာ ျပည္ခိုင္ၿဖိဳးပါတီက သတင္းစာရွင္းလင္းပြဲတစ္ခု လုပ္ခဲ့ပါတယ္။ဒီသတင္းစာရွင္းလင္းပြဲကို မင္းကင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္နဲ႔အတူ လတ္တေလာမွာ ျပည္သူ႔အတိုင္ပင္ခံဆိုၿပီး  ကိုယ့္ဘာသာအမည္ခံတဲ့ လုပ္ငန္းရွင္တစ္ဦးနဲ႔ အမ်ိဳးသားေရးပြဲေတြမွာ ေတြ႕ရေလ့ရွိတဲ့ ေဒၚခင္ဝိုင္းၾကည္တို႔ပါ တက္ေရာက္ခဲ့တာကို ေတြ႕ရပါတယ္။ရန္ကုန္ၿမိဳ႕ ဆိပ္ကမ္းၿမိဳ႕နယ္ရွိ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးမွာျပဳလုပ္တဲ့ အဆိုပါသတင္းစာရွင္းလင္းပြဲမွာ ဦးေမာင္ျမင့္ က လာမည့္ေ႐ြးေကာက္ပြဲမွာ အစိုးရႏွင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔က ဘက္လိုက္မႈမရွိရန္ ေတာင္းဆိုခဲ့သလို  ေ႐ြးေကာက္ပြဲကာလတြင္ တပ္မေတာ္အေနျဖင့္ လက္နက္ကိုင္မ်ားကို ထိန္းခ်ဳပ္ထားရန္၊ ေ႐ြးေကာက္ပြဲတြင္ INGO မ်ား၏ ပါဝင္မႈအခန္းက႑ကိုေလွ်ာ့ခ်ရန္၊ ေငြရွင္ေၾကးရွင္ ခ႐ိုနီမ်ားအေနျဖင့္ ဘက္မလိုက္ဘဲ ၾကားမွာသာေနရန္၊ သတင္းမီဒီယာမ်ားအေနျဖင့္ ဘက္မလိုက္ရန္ စတဲ့ အခ်က္ ၁၀ ခ်က္ကို ေတာင္းခဲ့ပါတယ္။

ဒါ့အျပင္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကာလမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ Celebrity မ်ားအေနျဖင့္ မွန္မွန္ကန္ကန္ မွ်မွ်တတေနဖို႔ မင္းကင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္ က ေျပာခဲ့ပါေသးတယ္။ဒီလိုေျပာရာမွာ လူမႈကြန္ရက္မွာ နာမည္ႀကီးတဲ့ ျဖဴျဖဴေထြးလိုသူေတြရဲ႕ နာမည္ကိုပါထုတ္ေျပာခဲ့ၿပီး တစ္ျခားႏိုင္ငံေတြမွာဆိုရင္ ဒီလို႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ Celebrity ေတြဟာ မဲဆြယ္ခြင့္မရွိဘူးလို႔လည္း ေျပာခဲ့ပါတယ္။

ယခုႏွစ္ေ႐ြးေကာက္ပြဲက ယခင္ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြနဲ႔မတူဘဲ တစ္ဘက္နဲ႔ တစ္ဘက္ အၿပီးသတ္တိုက္ပြဲပုံစံျဖစ္လာတာကို ေတြ႕လာရပါတယ္။အမ်ားျပည္သူအေနနဲ႔ ေ႐ြးေကာက္ပြဲမတိုင္မီကာလမွာ ပါတီေတြရဲ႕ ႏိုင္လိုမင္းထက္ ေျပာပုံ၊ ဆိုပုံ ဆက္ဆံပုံနဲ႔ ပုံစံမက်တဲ့ ေျပာဆိုမႈေတြ၊ အျဖစ္အပ်က္ေတြ၊ ျဖစ္ရပ္ေတြ၊ ျပည္သူကို လက္ေအာက္ငယ္သားလို ေျပာဆိုေမာက္မာတဲ့ လုပ္ရပ္ေတြကို ျမင္ေတြ႕ေနရပါတယ္။ဒါဟာ ပါတီေတြက မဲေပးမယ့္ျပည္သူရဲ႕ အသိဉာဏ္ေရခ်ိန္ကို ေလွ်ာ့တြက္တာပါဘဲ။သူတို႔ေျပာသမွ် အမွန္၊ သူတို႔ေျပာသမွ် ယုံရမယ္ဆိုတဲ့ ေလာ့ဂ်စ္နဲ႔ ေငါက္ငမ္းခ်ည္းကပ္ေျပာဆိုသမွ်ေတြက မၾကာခင္လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အေျဖေပၚလာမွာပါ။ျပည္သူေတြမွာရွိတဲ့ အသိဉာဏ္ေရခ်ိန္က ျမန္မာႏိုင္ငံက ပါတီအသီးသီးကလူေတြထက္ ျမင့္ပါတယ္။ဒီအတြက္ ဘယ္ပါတီက ထင္သေလာက္မွန္းခ်က္နဲ႔ ႏွမ္းထြက္ကိုက္မလဲ၊ ဘယ္ပါတီက ျပည္သူရဲ႕မဲကို သိမ္းက်ဳံးယူမလဲ၊ ဘယ္ပါတီက အေျပာႀကီးၿပီး ထင္သေလာက္မျဖစ္ခဲ့မလဲဆိုတာကို မၾကာခင္လေတြအတြင္း ျမင္ရေတာ့မွာျဖစ္ပါတယ္။

အဆိုပါသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ သာေကတ ေညာင္ဝိုင္းေက်ာင္းတိုက္ ေက်ာင္းထိုင္ဆရာေတာ္ ဦးေကာဝိဒါစာရ (ေခၚ) ကိုမ်ိဳး ကို ေက်ာင္းတိုက္မွာေနထိုင္တဲ့ မိခင္ႏွင့္ ၅ ႏွစ္အ႐ြယ္ သမီးအား အဓမၼျပဳက်င့္မႈနဲ႔ တရားစြဲလိုက္တဲ့သတင္း၊ သီေပါေစာ္ဘြားေဟာ္နန္းအျပင္ ေစာ္ဘြားႏွင့္ မဟာေဒဝီတို႔ ပိုင္ဆိုင္ေသာ ပစၥည္းမ်ားအားလုံးကို သွ်ာမ္းျပည္နယ္လုံးဆိုင္ရာ သံဃာ့အဖြဲ႕ခ်ဳပ္သို႔ SNLD ပါတီက လႉဒါန္းလိုက္တဲ့သတင္း၊ ယခုပညာသင္ႏွစ္မွာ ေက်ာင္းဖြင့္ခ်ိန္ေနာက္က်လို႔ သင္႐ိုးၫႊန္းတမ္းေတြ ေလွ်ာ့ခ်မယ္ဆိုတဲ့သတင္း၊ (၇၃) ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားမွာ ျပည္သူမ်ားတစ္ဦးခ်င္း ၆ ေပအကြာကေနသာ ဂါရ၀ျပဳခြင့္မယ္ဆိုတဲ့သတင္း၊  ျမန္မာႏိုင္ငံထဲကိုပို႔မည့္ တ႐ုတ္ႏိုင္ငံလုပ္ လက္နက္မ်ားကို ထိုင္း-ျမန္မာ နယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ဖမ္းမိတဲ့သတင္း၊ ျမန္မာႏိုင္ငံတြင္ေနထိုင္တဲ့ တူရကီႏိုင္ငံသားႏွစ္ဦးကို အၾကမ္းဖက္အဖြဲ႕ႏွင့္ဆက္စပ္မႈရွိေန၍ လုပ္ငန္းရွင္မ်ား ပတ္သက္မႈမရွိေစရန္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕က ၫႊန္ၾကားထားသတင္း စတဲ့သတင္းေတြထဲ ထူးထူးျခားျခား အာ႐ုံစိုက္စရာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၂၆