【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်ထဲက လွန်ဆွဲပွဲ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လွှတ်တော်ထဲက လွန်ဆွဲပွဲ

ယခုတစ်ပတ်ပြည်တွင်းသတင်းတွေထဲမှာစောင့်ကြည့်ခဲ့ရတဲ့သတင်းကလွှတ်တော်ထဲကအခြေခံဥပဒေပြင်ဆင်ရေးအတွက်ဆွေးနွေးကြတဲ့သတင်းတွေပါဘဲ။စိတ်ဝင်စားစရာကောင်းတဲ့အခြေခံဥပဒေပြင်ဆင်ရေးအကြိတ်အနယ်ဆွေးနွေးကြတဲ့သတင်းတွေအပြင်ဆိုင်ရှင်ကဒီဇယ်လောင်းမီးရှို့ခံရတဲ့ကလေးငယ်သတင်းနောက်ဆက်တွဲတွေ၊ကိုရိုနာဗိုင်းရပ်စ်မတွေ့ရသေးဘူးဆိုပေမယ့်ပိုထိတ်လန့်စရာကပ်ရောဂါအသွင်ဆောင်လာလို့သတိထားပို့လိုလာတဲ့သတင်းတွေကလည်းယခုရက်သတ္တပတ်ရဲ့ထိပ်တန်းသတင်းတွေဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင်ယခုရက်သတ္တပတ်ထဲမှာနောက်ထပ်သတိထားမိစရာဖြစ်ခဲ့တဲ့သတင်းတွေကမြန်မာသင်္ဘောသား၂၀၀ကျော်တရားမဝင်ပစ္စည်းများသယ်ဆောင်မှုဖြင့်တရုတ်နိုင်ငံမှာဖမ်းဆီးခံထားရတဲ့သတင်း၊မြန်မာနိုင်ငံကိုငွေကြေးခဝါချမှုလုပ်ဆောင်ထားရှိမှုရှိ ၊မရှိနိုင်ငံတကာကဝင်စစ်ရာမှာကိုက်ညီမှုမရှိလို Grayစာရင်းထဲ သတ်မှတ် ခံရတဲ့သတင်း၊ ၂၀၁၉ခုနှစ်နှစ်ကုန်ပိုင်းမှာ  UWSP/UWSAက လူစီးရဟတ်ယာဉ်တစ်စီးကို ဝယ်ယူခဲ့တဲ့ သတင်း၊ရောက်ရှိရာဒေသမှာ ရက်၉၀ နေရုံဖြင့်မဲပေးခွင့်ပြုတဲ့  ရွေးကောက်ပွဲနည်းဥပဒေကို နိုင်ငံရေးပါတီတွေ ကန့်ကွက်ခဲ့တဲ့ သတင်း ၊ ပလက်၀-ကျောက်တော်မှာ ပထမဆုံးပြန်လည်ပြေးဆွဲတဲ့ ခရီးသည်တင်စက်လှေကို အေအေလက်နက်ကိုင်တွေ ပစ်ခတ်လို့ ခရီးသည် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်း၊  ဝူဟန်မှာ  ကျန်ခဲ့တဲ့ မြန်မာကျောင်းသားနှစ်ဦးကို အိန္ဒိယလေတပ်ကခေါ်ယူပေးခဲ့တဲ့ သတင်း၊ပဲခူးတိုင်ဒဒေသကြီး မှာ မူလတန်းနှင့် အလယ်တန်းစာမေးပွဲမေးခွန်းများပေါက်ကြားခဲ့တဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်သတင်းဖတ်သူတွေ ကို စိတ်ဝင်စားမှုပိုစေခဲ့ပါတယ်။

လူမှုကွန်ရက်နှင့် တရားမျှတမှု

ယခုရက်သတ္တပတ်သတင်းတွေထဲအများပြည်သူသတိထားမိခဲ့ကြတဲ့သတင်းကမူခင်းသတင်းပါဘဲ။ဒီသတင်းကလူမှုကွန်ရက်facebookမှာထွက်ပေါ်လာပြီးနောက်အများပြည်သူကမခံမရပ်နိုင်ဖြစ်ပြီးအရပ်ဘက်အဖွဲ့အစည်းတွေ၊ဒေသအာဏာပိုင်တွေကဝိုင်းဝန်းခဲ့တဲ့အတွက်နောက်ဆုံးမှာဖမ်းဆီးအရေးယူဖို့ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ဒီအမှုကလပွတ္တာမြို့မှာဖြစ်ခဲ့တဲ့အသက် (၁၃) နှစ်အရွယ်ကလေးကိုဆိုင်ရှင်ကဒီဇယ်လောင်း မီးရှို့ခဲ့တဲ့ အမှုပါဘဲ။

လူမှုကွန်ရက်မှာကလေးငယ်တစ်ဦးမီးလောင်ခံထားရတဲ့ပုံတွေဖေဖေါ်ဝါရီ၂၀ရက်နောက်ပိုင်းမှာတက်လာခဲ့ပြီးနောက်အဆိုပါဖြစ်စဉ်ကိုသိတဲ့သူတွေကထပ်ဆင့်ဖော်ပြရာမှနေဆိုးရွားရက်စက်လှတဲ့ဒီဖြစ်စဉ်ကိုအများပြည်သူသိခွင့်ရခဲ့တာဖြစ်ပါတယ်။

သတင်းတွေဖော်ပြချက်အရဆိုရင်လပွတ္တာမြို့က “ တုနှိုင်းမမီ”စားဖွယ်စုံဆိုင်အတွင်း ကျပ်ရှစ်သောင်း   ပျောက်ဆုံးခြင်းနှင့် ပတ်သက်ပြီးဆိုင်မှာလုပ်ကိုင်တဲ့ကလေးကိုဆိုင်ရှင်မိသားစုဝင်အချို့ကကလေးငယ်ကို ရိုက် နှက်ကာဆိုင်ရှင်အသက်၄၀အရွယ်အမျိုးသမီးက ဒီဇယ်ဖြင့်လောင်း၍ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၁၉ ရက်ကဖြစ်ခဲ့တဲ့အဆိုပါဖြစ်စဉ်မှာမီးရှို့ခံရတဲ့ကလေးငယ်နဲ့မီးရှို့တဲ့ဆိုင်ရှင်ကြားဆွေရိပ်မျိုးရိပ်မကင်းလို့ဒီအတွက်အမှုမဖွင့်ဖို့ကလေးငယ်၏မိခင်ဖြစ်သူကိုဖိအားပေးခံရတယ်ဆိုသလိုမျက်မြင်သက်သေတွေမှာလဲလုံခြုံရေးစိုးရိမ်ရလို့သက်သေမလိုက်ရဲတဲ့သူတွေလည်းရှိခဲ့လို့တရားလိုပြုလုပ်တိုင်တန်းသူမရှိလို့ဖြစ်တဲ့နေ့မှာအမှုမဖွင့်နိုင်ခဲ့ဘဲ နောက်ရက်ကျမှာမျက်မြင်သက်သေတွေက ဒီဇယ်လောင်းပြီးမီးရှို့တယ်ဆိုတာကိုထွက်ဆိုရဲကြလို့ ဧရာဝတီတိုင်း ဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်က တိုင်တန်းတရားစွဲဆိုနိုင်ခဲ့တာပါ။

ဒီအဖြစ်အပျက်က ခံပြင်းစရာပါ။ရိုးရိုးမီးလေးအဟပ်ခံရရင်တောင် ပူလွန်းလို့ ဆွေ့ဆွေ့ခုန် မတတ်ဖြစ် တာမှာ  ဒီဇယ်ဆီလောင်းပြီး မီးရှို့တာက အတော်လေးကို ရက်စက်ပြီးလူမဆန်တဲ့ လုပ်ရပ်ပါဘဲ။ အင်း၀စက်ချုပ် ဆိုင်ဖြစ်ရပ်ထက် ဆိုးလွန်းတဲ့ ဖြစ်ရပ်ပါ။ ကျူးလွန်တဲ့ ဆိုင်ရှင်အမျိုးသမီးကတော့ မီးရှို့ခံရတဲ့ကလေးငယ်နဲ့ အခြားတစ်ဦး ပြေးလွှားကစားနေရင်း မီးဖိုအနီးလဲကျကာ ခန္ဓာကိုယ်မီးလောင်တာလို့ အကြောင်းပြပါ တယ်။ နေရေး စားရေးအတွက် အဲဒီဆိုင်မှာမှီခိုလုပ်ကိုင်ရတဲ့ သားအမိအတွက် ဒီအဖြစ်က ငရဲခန်းပါဘဲ။  သတင်းတွေအရ ဒီကလေးရဲ့ဖခင်က အိန္ဒိယမှာ တရားမဝင်ငါးဖမ်းဆီးမှုနဲ့ အကျဉ်းကျနေတဲ့အတွက် ဒီဖြစ်စဉ်ဟာ မတရားလုပ် တာကို မဆိုင်လည်းငြိမ်မခံတတ်တဲ့လူတွေကြောင့်သာ လူမှုကွန်ရက်ပေါ်တင်လို့သာပေါ်ပေါက်လာရတာဖြစ်ပြီး တရားရုံးထိရောက်လာရတာပါ။ ယခင်ခေတ်ကသာဆို မီးဖိုဘေးလဲကျလို့မီးလောင်တယ်ဆိုတဲ့အကြောင်းပြချက် နဲ့ပြီးသွား နိုင်တဲ့ပြစ်မှုကျူးလွန်မှုပါ။

လူမှုကွန်ရက်ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေသိပြီး ရပ်တည်ပေးကြလို့ ကျူးလွန်သူကိုထောင်ဒဏ် တစ်သက် တစ်ကျွန်းထိချနိုင်တဲ့ရာဇသတ်ကြီးပုဒ်မ၃၂၆နဲ့တရားစွဲဆိုနိုင်တာဖြစ်ပါတယ်။ အများပြည်သူမသိဘဲ သေကြေခဲ့ရတဲ့ဒီလိုဖြစ်စဉ်တွေ အရင်ခေတ်ကဘယ်လောက်ထိများနေခဲ့သလဲ၊ငွေများတရားနိုင်ခေတ်မှာ အဓမ္မ တရားကြီးစိုးတဲ့ လူတွေ ယခုထိ တွင်ကျယ်ခွင့်မကုန်သေးတာကတော့ အားကိုးရာမဲ့သူတွေအတွက် စိတ်လေးစရာ ပါဘဲ။ယခုအမှုလဲ ဘာတွေဆက်ဖြစ်လာဦးမလဲ၊ ဆိုတာဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ယခုရက်ထဲမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကမြန်မာစီးပွားရေးဘဏ်ဝန်ထမ်းကငွေအပ်သူတွေရဲ့လက်မှတ်ကိုအတုထိုးပြီးသိန်းတစ်ထောင်ကျော်ထုတ်ယူခဲ့တဲ့ကိစ္စပါဘဲ။ယခုနှစ်ပိုင်းမှာအပြင်ပုဂ္ဂလိကဘဏ်တွေမှာဘဏ်ဝန်ထမ်းတွေကလာရောက်အပ်နှံသူတွေရဲ့ငွေသိန်းထောင်ချီအပ်ငွေတွေကိုနည်းမျိုးစုံနဲ့ယူကြသလို ATM စက်ထဲကငွေပါအလွတ်မပေးဘဲလုယူတာတွေလည်း မကြာခဏကြားနေရမြင်နေရပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာဖြစ်တဲ့အကျင့်ဆိုးကအခုအစိုးရဘဏ်တွေကိုပါကူးစက်တဲ့အတွက်ဘဏ်တွေကိုယုံကြည် ဆက်ဆံတဲ့သူတွေအတွက်ဒီလိုသတင်းကသတင်းဆိုးပါဘဲ။

အင်းစိန်မြန်မာစီးပွားရေးဘဏ်မှာဖြစ်ခဲ့တဲ့ယခုလက်မှတ်လိမ်ထုတ်မှုမှာကျူးလွန်သူဘဏ်ဒု-ကြီးကြပ် ရေးမှူး အဆင့်ရှိသူကိုဖမ်းမမိသေးပါဘူး။အဆိုပါအမျိုးသားကလက်မှတ်တုနဲ့မြန်မာ့စီးပွားရေးဘဏ်မှာ ချေးငွေ ရယူထားသူများရဲ့ ငွေသွင်းငွေထုတ်စာရင်းများကနေ လက်မှတ်တုထိုးပြီး ထုတ်ယူခဲ့တာဆိုပါတယ်။ မြန်မာနိုင်ငံ မှာ အဖြစ်များတဲ့ဘဏ်ကနေငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတွေကို ကြည့်ရင် နိုင်ငံတကာမှာ ဖြစ်တဲ့ နည်းပညာသုံး ပြီး အလွဲသုံးစားလုပ်တာ၊လက်နက်နဲ့ခြိမ်းခြောက်ပြီးလုယက်တာမျိုးတွေမဟုတ်ဘဲ ဌာနတွင်းဝန်ထမ်းတွေ ကြောင့်ဖြစ်တဲ့အလွဲသုံးစားမှုတွေမို့ သတိထားမိစရာပါဘဲ။ ဒီလိုဖြစ်ရပ်တိုင်းမှာ အလွယ်တကူ ကျူးလွန်လို့ရ နေတာ၊ စစ်ဆေးဖို့ ပျက်ကွတ်တာ၊ ယုံကြည်မှုလွန်ကဲလွန်းတာတွေကြောင့် အဖြစ်များနေရတာကိုတွေ့ရပါတယ်။  ဖြစ်တိုင်း ဖြစ်တိုင်း အများပြည်သူငွေကြေးနဲ့နိုင်ငံဘဏ္ဍာငွေတွေဆုံးရှုံးရတာမို့ ထိထိရောက် ပြစ်ဒဏ်ချမှတ်ဖို့က အရေးကြီးနေသလို ဥပဒေပိုင်းမှာ လိုအပ်ချက် ရှိနေသလား၊ကြိုတင်ကာကွယ်နိုင်မှုအပိုင်းနဲ့ အပြန်အလှန်ထိန်း ကျောင်း စောင့်ကြည့်မှုမှာ ပြဿနာရှိနေပြီလားဆိုတာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်း ထုတ်ဖို့ လိုလာပြီဖြစ်ပါတယ်။

နေအိမ်တံခါး၀ရောက် ကိုရိုနာဗိုင်းရပ်စ်

ယခုရက်သတ္တပတ်အတွင်းပြည်တွင်းပြည်ပသတင်းတွေထဲမှာ ဆက်လက်ထိပ်တန်းဖြစ်ခဲ့တဲ့ သတင်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သတင်းတွေပါဘဲ။အိမ်နီးချင်းတရုတ်နိုင်ငံမှာဖြစ်နေတဲ့ကိုရိုနာဗိုင်းရပ်စ်က တရုတ်နိုင်ငံရဲ့ စီးပွားရေး၊လူမှုရေးတွင်သာမကပါဘူး။ကမ္ဘာနိုင်ငံတွေရဲ့ စီးပွားရေးကိုပါ ထိခိုက်လာပြီ ဖြစ်ပါတယ်။ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအနက် မြန်မာနဲ့ လာအိုမှာသာ ဒီရောဂါကူးစက်တာမတွေ့ရသေးပေမယ့် တခြားအိမ်နီးချင်း နိုင်ငံတွေမှာတော့ ကူးစက်နေပါပြီ။ မြန်မာနိုင်ငံမှာ တရုတ်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မကူးစက်သေးပေမယ့်  ကုန်စည်ကူးသန်းရေးနဲ့ ရင်းနှီးမြုပ်နှံမှု အပိုင်းမှာတော့ ထိခိုက်လာနေပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုတိယသမ္မတတွေ့ဆုံပွဲမှာ စီးပွား/ကူး သန်းဝန်ကြီးက ဗိုင်းရပ်စ်ကြောင့်တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးမှာအမေရိကန်ဒေါ်လာ ၂၀၉ သန်း ဝင်ငွေ လျော့ကျခဲ့တယ် ဝန်ခံခဲ့ပါတယ်။ ဒါဟာ မြင်သာတဲ့ ငွေကြေးဆုံးရှုံးမှုကိုသာတွက်ချက်ထားတာပဲဖြစ်ပါသေးတယ်။ တခြားအကျိုးဆက်ဖြစ်တဲ့ တရုတ်ဘက်က မြန်မာလုပ်သားတွေပြန်ထွက်လာတာ၊ အထည်ချုပ်လုပ်ငန်းတွေမှာ တရုတ်ဘက်က ကုန်ကြမ်းမဝင်တော့လို့ ကုန်ကြမ်းပြတ်တောက်မှုဖြစ်လာရင် မြန်မာနိုင်ငံဘက်ကအထည်ချုပ် စက်ရုံတွေ ပိတ်ရမယ့် ပြဿနာ၊ ဒီကနေ ဆင့်ကဲလာမယ့် ဆုံးရှုံးမှုတန်ဖိုးတွေက မသေးပါဘူး။

ဖေဖေါ်ဝါရီ၂၀ရက်နောက်ပိုင်းမှာ ဗိုင်းရပ်စ်ကြောင့် တစ်လခန့်ရပ်ဆိုင်းထားနေရတဲ့ တရုတ်-မြန်မာကုန် သွယ်ရေးက ပြန်စခဲ့ပါတယ်။ ဒါပေမယ့်အဓိကဝယ်လက်တွေမလာသေးသလို ရာသီကုန်တွေဖြစ်တဲ့ ဖရဲ၊သခွားစ တဲ့ သီးနှံတွေကိုသာ အဓိကရောင်းဝယ်ခဲ့တာပါ။ နယ်စပ်ကုန်သွယ်မှုအာဏာပိုင်တွေအဆိုအရဆိုရင်ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းကစပြီးမြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးအခြေအနေက တစ်ရက်ကို အမေရိကန် ဒေါ်လာ ငါးသန်းခန့်ရှိလာတယ်ဆိုပါတယ်။

ကုန်သွယ်ရေးကို အာဏာပိုင်တွေ အာရုံထားဂရုစိုက်နေချိန်မှာ အများစုသတိထားမိနေတာက မြန်မာ နိုင်ငံကို ဗိုင်းရပ်စ်ကူးစက်နိုင်မှုကိုပါ။ ကိုရိုနာဗိုင်းရပ်စ် စဖြစ်တဲ့အိမ်နီးချင်းတရုတ်ပြည်မှာ တစ်လကျော် နှစ်လ အတွင်း လူဦးရေခုနှစ်သောင်းကျော်၊သေဆုံးသူနှစ်ထောင်ကျော်ရှိချိန်မှာ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံပေါင်း၂၈နိုင်ငံကို ကူးစက်ပြီး အတည်ပြုကူးစက်ခံရသူနှစ်ထောင်ကျော်ခဲ့ကာ သေဆုံးသူ၂၃ဦးရှိခဲ့ပါတယ်။ အိမ်နီးချင်းထိုင်း၊ ကမ္ဘောဒီးယားတို့ကအစ ဒီဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရချိန်မှာမြန်မာနိုင်ငံမှာရောဂါကူးစက်ခံရသူလို့ အတည်ပြုထားတဲ့သူကိုမတွေ့ရသေးတာတော့ အများပြည်သူအတွက်မယုံသင်္ကာစိတ်ကိုဖြစ်စေပါတယ်။

ဖေဖေါ်ဝါရီလ ၂၃ရက် နံနက်အစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု လျင်မြန်လွန်းတဲ့ တောင်ကိုရီး ယားကနေပြန်လာတဲ့မြန်မာလုပ်သားတစ်ဦး ရန်ကုန်လေဆိပ်မှာ ဖျားနာနေတဲ့အနေအထားကို ကျန်းမာရေးဆေး စစ်မခံဘဲရှောင်တိမ်းပြီး လေဆိပ်-ဆူးလေ YBS ကားပေါ် တက်ထိုင်ခဲ့လို့ လိုက်ဖမ်းတဲ့ သူတွေနဲ့ အာဏာပိုင်တွေ အလုပ်ရှုပ်ခဲ့ပါတယ်။ ဒီသတင်းက လူမှုကွန်ရက်မှာ ပျံနှံခဲ့တဲ့အတွက် အများပြည်သူအတွက်လည်း စိုးရိမ်စိတ် ဖြစ်ခဲ့ရသလို သို့လောသို့လော ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီလူကို ကူးစက်ရောဂါဆေးရုံ (ဝေဘာဂီ)ကိုပို့ခဲ့ပါ တယ်။ စစ်ဆေးပြီးထုတ်ပြန်ချက်အရတော့ သာမန်ရောဂါဖြစ်ပြီး ကူးစက်သံသယလူနာမဟုတ် လို့ နေအိမ် ကိုပြန်ပို့ခဲ့ပါတယ်။ဒါပေမယ့် ကျန်းမာရေးအာဏာပိုင်တွေက လိုလိုမယ်မယ် YBS ကားမောင်းသူကို နှစ် ရက်သုံး ရက်နားခိုင်း၊အဝတ်အစားတွေကိုမီးရှို့ဖျက်ဆီး၊ကားကိုဆေးဖျန်းကာလိုင်းမထွက်ဘဲထားခိုင်းခဲ့ရတာတွေ လုပ်ခဲ့ရ ပါတယ်။

အဲ့ဒီနေ့မှာဘဲ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ၁၃ရက်နေ့မှဖေဖော်ဝါရီ၁၇ရက်အထိ လာရောက်လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယားကအသက်၃၄နှစ်အရွယ်အမျိုးသမီးမှာနိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနေတာကိုတွေ့ရှိလို့ စောင့်ကြည့်ခံထားရတဲ့အကြောင်း သတင်းပေးပို့ခဲ့တဲ့အတွက် ကျန်းမာရေးအာဏာပိုင်တွေနဲ့ အဆိုပါတောင် ကိုရီးယားအမျိုးသမီးနဲ့ ထိတွေ သွားလာခဲ့သူတွေ ဗျာများစရာဖြစ်ခဲ့ပါတယာ်။ နောက်ပိုင်းမှာ အဆိုပါတောင်ကိုရီး ယားအမျိုးသမီးနဲ့ထိတွေ့ခဲတဲ့သူတွေကို မိသားစုကနေ ၁၄ရက်ခွဲထုတ်ကာ ကျန်းမာရေးစောင့်ကြည့်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီညမှာကျန်းမာရေးဦးစီးဌာနက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ထူးထူးခြားခြား “ မြန်မာနိုင်ငံတွင်လည်းရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင် နက်တွေ့ ရှိလာနိုင်ပြီး”လို့ပါလာတဲ့အတွက်အများပြည်သူများကြား ဗိုင်းရပ်စ်ကူးစက်ခံရသူများရှိနေပြီလား၊ ထိုသူက အများ ပြည်သူစုဝေးနေထိုင်ရာတွေကို သွားရောက်ခဲ့ပြီလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ၂၄ရက်ညနေအထိပြည်နယ်နှင့်တိုင်းဆေးရုံများမှာCOVID-19 ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြု ထားတဲ့လူနာမရှိခဲ့ပေမယ့် ဆေးရုံသတ်မှတ်ချက်အရစောင့်ကြည့်လူနာ (၄) ဦးကိုစောင့်ကြည့်နေတယ်ဆိုပါတယ်။

မြန်မာနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိဘူးဆိုပေမယ်အီတလီမှာယခုထိဘယ်ကနေစကူးဆက်လာမှန်းမသိဘဲလက်ရှိမှာသေဆုံးသူ၆ဦးရှိပြီးကူးစက်ခံရသူနှစ်ရာကျော်ရှိတဲ့အတွက်မြန်မာနိုင်ငံမှာဒီလိုဖြစ်လာရင်ဘယ်လိုဖြစ်မလဲဆိုတာမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ဒါဟာအကုန်လုံးအတွက်စိုးရိမ်နေတဲ့အခြေအနေပါ။ကန်ပိုက်တီဘက်မှာငှက်ပျောတစ်ရှုးတင်ဆောင်ဖို့တရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကနေဗိုင်းရပ်စ်ကူးမှာစိုးတဲ့အတွက်ဒေသခံတွေဆန္ဒပြတာလည်းယခုရက်သတ္တပတ်မှာပဲ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတရုတ်ဘက်ကလာတဲ့ခရီးသည်တွေကိုဗီဇာမပိတ်သေးသလိုနယ်စပ်ကုန်သွယ်ရေးမှာလည်း မြန်မာနဲ့တရုတ်အကြားအပြန်အလှန်ကူးလူးဆက်ဆံမှုတွေရှိနေသလို တရုတ်နဲ့အကူးအလူးအဆက်အဆံ နည်း တဲ့အီရန်လိုနိုင်ငံမှာလည်းဒီလိုဗိုင်းရပ်စ်ကူးစက်ပျံနှံနေတဲ့အတွက်ကူးစက်ရောဂါအပေါ်အာရုံစိုက်သတိထားမှု လျော့နည်းတဲ့မြန်မာ နိုင်ငံအတွက်တောင်ကိုရီးယားနဲ့အီတလီမှာလို့ရုတ်ချည်းကူးစက်ခံရသူ ရာနဲ့ချီပြီးတွေ့ တာမျိုးမဖြစ်ဖို့ ဆုတောင်းနေရရုံသာရှိပါတော့တယ်။

ပြင်းထန်တဲ့ စကားလုံးတိုက်ပွဲနှင့် ထူးခြားတဲ့ခရီးစဉ်

ယခုရက်သတ္တပတ်ထဲဖေဖေါ်ဝါရီ ၂၅ ရက်ကစပြီးနေပြည်တော်လွှတ်တော်မှာဖွဲစည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးနဲ့ ပတ်သက်ပြီး အကြေအလည်ဆွေးနွေးကြမယ်အချိန်မှာတိုက်တိုက်ဆိုင်ဆိုင် နိုင်ငံတော်အတိုင်ပင် ခံ ကပြည်တွင်းခရီးစဉ်အဖြစ် ကရင်နဲ့ မွန်ပြည်နယ်တွေကိုသွားရောက်ခဲ့ပြီးနိုင်ငံတော်သမ္မတကဖေဖေါ်ဝါရီ ၂၆ ရက်မှာ အိန္ဒိယနိုင်ငံကိုချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်းရှမ်းပြည်နယ်ပင်လုံမြို့၊ချင်းပြည်နယ်ထန်တလန်မြို့၊တွန်းဇံမြို့တို့ကိုသွားရောက် ကာ လူထုတွေ့ဆုံပွဲလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံဟာ ဒီရက်ပိုင်းမှာဘဲ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ လှိုင်း ဘွဲ့နဲ မြ၀တီတို့ကို သွားရောက်ကာ ဒေသခံလူထုနဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ရာမှာ  ဒေသခံတွေမေးတာကို ပြန်ဖြေခဲ့တဲ့ အဖြေတွေက  လတ်တလောလွှတ်တော်မှာ ဆွေးနွေးမယ့် အများပြည်သူစိတ်ဝင်စားနေတဲ့ အခြေခ ံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော်ထဲကတပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နူန်းလျော့ချရေးနဲ့ ပတ်သက်ခဲ့ တာ တွေရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ပြုလုပ်တဲ့  လူထုတွေ့ဆုံပွဲမှာလွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိုဘာကြောင့်ဖယ်ချင်တာလဲဆိုတဲ့ ဒေသခံတစ်ဦးမေးခဲ့တဲ့ မေးခွန်း ကိုနိုင်ငံတော်အတိုင်ပင်ခံကပြန်ဖြေခဲ့ရာမှာ “တပ်မတော်သားမှမဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းမှ ဒီမိုက ရေစီစနစ် ကို တကယ်ကျင့်သုံးတဲ့ နိုင်ငံမှာဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်မဟုတ်တဲ့သူက ဘယ်အဖွဲ့အစည်းကလာလာ လွှတ်တော်ကို လွှမ်းမိုးပိုင်ခွင့်မရှိပါဘူး”လို့ ဖြေခဲ့ပါတယ်။

မြဝတီမြို့မှာဖေဖော်ဝါရီ၂၅ရက်ကပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကြန့်ကြာနေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး“ စိတ်ထဲကတကယ်ငြိမ်းချမ်းရေးမလိုချင်ဘဲနဲ့ပါးစပ်ကတော့ ငြိမ်း ချမ်းရေး၊ ငြိမ်းချမ်းရေးလို့ပြောပြီးတော့စိတ်ထဲကတော့ လောဘ၊ဒေါသ၊မောဟတွေနဲ့လုပ်မယ်ဆိုလို့ရှိရင် ကျွန်မ တို့ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ဟာကြာလာလိမ့်မယ်။ကြာလည်းကြာခဲ့ပါပြီ”လို့ ပြောခဲ့ပါတယ်။

အဆိုပါရက်အပြီး ဖေဖေါ်ဝါရီ ၂၆ ရက်မှာ အိန္ဒိယသမ္မတရဲ့ ဖိတ်ကြားမှုကြောင့် အိန္ဒိယကိုချစ်ကြည်ရေး ခရီးသွားရောက်တဲ့ မြန်မာသမ္မတဦးဝင်းမြင့်ခရီးစဉ်မှာ သမ္မတဦးဝင်းမြင့်က အိန္ဒိယသမ္မတ ကိုဗင့်ဒ်၊ ဝန်ကြီးချုပ် မိုဒီတို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်ကိစ္စတွေကို ဆွေးနွေးခဲ့ သလို နားလည်မှုစာချွန်လွှာ ၅ ခုအပါအဝင် သဘောတူညီချက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်ဆိုပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ တပ်မတော်နဲ့ရော အစိုးရနဲ့ပါနီးကပ်လာတဲ့ မြန်မာ-အိန္ဒိယ ဆက်ဆံရေးက လတ်တလောဖြစ်နေတဲ့ ရခိုင်ပြဿနာကို ဖြေရှင်းဖို့ အဖြေတစ်ခုထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ စကားလုံးတိုက်ပွဲ

ဒီရက်သတ္တပတ်ထဲ လူတိုင်းစောင့်ကြည့်ခဲ့ရတဲ့ နောက်ထူးတဲ့ သတင်းကတော့  လွှတ်တော်သတင်း တွေပါ ။ ဖေဖေါ်ဝါရီ ၂၅ ရက်ကစပြီး ပြည်ထောင်စုလွှတ်တော်မှာ  ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကို အကြေအလည် စတင်ဆွေးနွေးခဲ့ကြတဲ့ အတွက် အများပြည်သူအနေနဲ့ ဒီဆွေးနွေးကြတဲ့ မြင်ကွင်းကို သက်ဆိုင် ရာ လူမှုကွန်ရက်တွေ ရုပ်သံလိုင်းတွေကနေ စောင့်ကြည့်ရတဲ့ အထိ စိတ်ဝင်စားစရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေမှာ ဘယ်သူက ဘယ်သူအတွက် ရပ်တည်တယ်၊ ဘယ်သူက နိုင်ငံအတွက်လား၊ တစ်စုတစ်ဖွဲ့ တစ် ဦးတစ်ယောက်အတွက်လားဆိုတာကို ကွဲကွဲပြားပြားမြင်ခဲ့ရသလို တချို့ သူတွေရဲ့ ဆွေးနွေးမှုက မြင်ရသူတွေ အတွက် စိတ်မကောင်းဒေါသထွက်ခံပြင်းစရာတွေကိုလည်း ယခုအခြေခံဥပဒေ ပြင်ဆင်မှု ဥပဒေကြမ်း ဆွေးနွေးပွဲ မှာ ထိတွေမြင့်ခွင့်ရခဲ့ပါတယ်။

လွှတ်တော်အတွင်း ပြည်သူက ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကြား ပွတ်တိုက်မှုက ပြင်းရှခဲ့ပါတယ်။

အထူးသဖြင့် ဖွဲစည်းပုံအခြေခံဥပဒေကိုပြင်မယ်ဆိုရင် အာဏာရပါတီအနေနဲ့ လွှတ်တော်ထဲရောက် နေတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အဓိကရင်ဆိုင်ရဖွယ်ရှိတယ်ဆိုတဲ့ ဒီမတိုင်ခင်က သုံးသပ်ခဲ့မှု တွေက သုံးရက်သာကျင်းပရသေးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးကြတဲ့ကာလတိုအတွင်းကို ကြည့်ရင် မြင်သာ ခဲ့ပါတယ်။ ဒီသုံးရက်အတွင်းမှာ မတူညီမှုတွေ၊ လက်မခံမှာဘဲ ဒေါသသံတွေ ၊ မာန်မာန အသံတွေနဲ့ အပြင်းအထန် ကန့်ကွက်မှုတွေ၊ အရေးယူဖို့ တောင်းဆိုခဲ့တာ၊ဆွေးနွေးချက် မှတ်တမ်းကနေပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာ တွေက အများပြည်သူလိုလားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ အခက်အခဲတွေ ဘယ်လောက်ထိကြီးမားနေ သလဲဆိုတာ မြင်သာခဲ့ပါတယ်။

စတင်ဆွေးနွေးတဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်မှာ ရုံးအဖွဲ့လိုအပ်ချက်ကြောင့် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်တစ်ဦးတင်ထားတဲ့  ဥပဒေကြမ်းမှာ  စာပုဒ်တစ်ပုဒ်ကျန်ရှိနေခဲ့လို့ နာယကထံ တင်ပြရာမှာ တခြား တပ်မတော်သားတစ်ဦးက အော်ဟစ်ပြောဆိုခဲ့တာက အားလုံးကို အံအားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒီလိုအော်ဟစ် ပြောဆိုခဲ့တဲ့အတွက် လွှတ်တော်နာယကကိုယ်တိုင် တားမြစ်ခဲ့ရပြီး နာယကအနေနဲ့ စိတ်ရှည်သည်းခံပြီး ဆောင် ရွက်ပေးတာကို နားလည်သဘောပေါက်စေလိုတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၅ ရက် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးကြရာမှာပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ် စားလှယ်မင်းကင်းအမတ် ဦးမောင်မြင့်က စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီမှာ “စည်းကမ်းပြည်၀သော”  ဆိုတာကို ၄၅ ဦးကော်မတီ ကတင်ခဲ့တဲ့ ဥပဒေကြမ်းမှာ ဖြုတ်ခဲ့တဲ့အတွက် ကန့်ကွတ်ကြောင်းဆွေးနွေးရာမှာ ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ အသားမကျသေးတာကြောင့်သင့်လျော်တဲ့ အချိန်တစ်ခုကိုရောက်သည်အထိ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ပြည်သူတွေကို အသားကျအောင် ကျင့်သုံးစေသင့်ပါတယ် ဆိုပြီး ပြောခဲ့ပါ တယ်။

ဒီလိုပြောဆိုဆွေးနွေးခဲ့တဲ့ အချက်အလက်တွေက လူမှုကွန်ရက်မှာ ပြစ်တင်ဝေဖန်မှုတွေ၊ ထောက်ခံမှု တွေနဲ့ ပွက်လောရိုက်ခဲ့ပါတယ်။ အဆိုပါရက်ဆွေးနွေးမှုမှာဘဲ ပြည်ခိုင်ဖြိုးပါတီမှကရင်ပြည်နယ်အမျိုးသား လွှတ် တော်ကိုယ်စားလှယ်ဦးစိုင်းသန်းနိုင်ဆိုသူက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တာနဲ့ ပတ်သက်ပြီးပြောခဲ့ရာမှာ အာဏာရပါတီအနေနဲ့ လက်ကျန်သက်တမ်းအတွင်းလွန်ထားသည့်ကတိကိုတည်ချင်လွန်းလို့ ကသောကမြော နှင့် အရွေ့ကြမ်းကြမ်းရွှေ့ခြင်းဖြစ်တယ်လို့ ပြောခဲ့တဲ့ အတွက် အာဏာရပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီစကားကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက်ဆွေးနွေးရာမှာ ပထမရက်ထက်ပိုပြီး ဆွေးနွေးမှုတွေက ထိရှလွယ်လာပါတယ်။ ၄၅ ဦး ကော်မတီက တင်ခဲ့တဲ့ ပုဒ်မ ၅၉ (စ)ကို ဖျက်သိမ်းဖို့ တင်ပြခဲ့တာနဲ့ပတ်သက်ပြီးပြည်ခိုင်ဖြိုးပါတီ လွှတ်တော် အမတ်မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးက ဆွေးနွေးရာမှာ “ အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံအကြီး အကဲ မဖြစ်တာကိုဒီပုဒ်မကြောင့်ဆိုပြီးစိတ်ခံစားမှုကိုရှေ့တန်းတင်ရမယ်ရှာလက်ညှိးထိုး၊ဝေဖန်ပြောဆိုနေသံတွေကြားရတော့အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်”ဆိုပြီးပြောခဲ့ပါတယ်။

ဒီလိုပြောခဲ့တဲ့ အတွက် ဒီစကားက ဒီကနေ့အခြေအနေမျိုးအပေါ်ပြောသင့်ပြောထိုက်ပြောအပ်တဲ့ ကိစ္စမ ဟုတ်ပါဘူး။ဒါဟာအပြန်အလှန်အငြင်းပွားမှုတွေပိုပြီးကြီးထွားနိုင်တာဖြစ်တဲ့အတွက်ဆိုပြီး NLD ပါတီမှအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကယင်းစကားရပ်ကို နုတ်ပယ်ပေးဖို့အပြင်ဒီလိုကိစ္စရပ်မျိုး နောက် ထပ်မပြုလုပ်နိုင်ရေးကို နာယကကြီးအနေနဲ့ထိန်းချုပ်ပေးသင့်ပါတယ်ဆိုပြီး ကန့်ကွက်တင်ပြခဲ့ပါတယ်။    
ဖေဖေါ်ဝါရီ ၂၇ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှုတွေက ပိုပြင်းထန်လာသလို ပြင်ဆင်ချက်မှာ ပါတဲ့ “ နိုင်ငံ့ဝန်ထမ်းများသည်ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟူသောပြဌာန်းချက်ကို ပယ်ဖျက် ထား” တာကို ဆွေးနွေးခဲ့သလို အာဏာရပါတီဘက်က ဆွေးနွေးခဲ့သည့် ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီးပြင်ဆင်လိုက် ရင် မည်သည်အစုအဖွဲ့က ဝန်ကြီးချုပ်ဖြစ်လာမလဲဆိုသည့် ဆွေးနွေးမှုကလည်း ပွဲဆူခဲ့တာကိုတွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး၊တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆွေးနွေးကန့်ကွက်မှုတွေက ပြင်းထန်လာတဲ့ အတွက် လွှတ်တော်နာယက ဖြစ် သူက “ သိပ်လွန်လာရင် ဥပဒေအရအရေးယူနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။ ဒီအခြေ အနေကိုမလိုလားပါဘူး” လို့ပြောခဲ့ရတဲ့ အထိပါဘဲ။

အခြေခံဥပဒေပြင်ဆင်ရေးက စတင် သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။ ကိုယ်မှန်တယ်ထင်ရာ၊ ကိုယ်အစုအဖွဲ့ အကျိုးစီးပွားနဲ့ ကိုယ်ရပ်တည်မှုတွေ ခိုင်မြဲစေဖို့ အကြောင်းပြချက်အမျိုးအမျိုးနဲ့ အတင်းစွဲကပ်တင်ပြထောက်ခံ ကန့်ကွက်ကြတာထက် ပြည်သူကနေ ဆင်းသက်တဲ့ ပြည်သူအာဏာဟာ ပြည်သူအကျိုး စီးပွားဖြစ်ဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်ပြီး ဆွေးနွေးနိုင်ကြတဲ့ သူတွေ၊အဖွဲ့တွေကသာ ပြည်တွင်းမငြိမ်းချမ်းမှု သမိုင်းမှာ ချုပ်ငြိမ်းစေမှာမို ဘယ်သူတွေက နောက်လာမယ့်သမိုင်းမှာ မှတ်တမ်းကောင်း ချန်ခဲ့မလဲ ဘယ်သူက သမိုင်း မှတ်တမ်းမှာ မှတ်တမ်းဆိုးရေးထိုးခံရမလဲ ဆိုးဝါးတဲ့ သမိုင်းတရားခံအဖြစ် ဘယ်သူက ကိုယ်ကိုယ် ရေးထိုးကြမလဲဆိုတာ..။

မာလင်း
ဖေဖော်ဝါရီ - ၂၈

( Zawgyi )

ယခုတစ္ပတ္ျပည္တြင္းသတင္းေတြထဲမွာေစာင့္ၾကည့္ခဲ့ရတဲ့သတင္းကလႊတ္ေတာ္ထဲကအေျခခံဥပေဒျပင္ဆင္ေရးအတြက္ေဆြးေႏြးၾကတဲ့သတင္းေတြပါဘဲ။စိတ္ဝင္စားစရာေကာင္းတဲ့အေျခခံဥပေဒျပင္ဆင္ေရးအႀကိတ္အနယ္ေဆြးေႏြးၾကတဲ့သတင္းေတြအျပင္ဆိုင္ရွင္ကဒီဇယ္ေလာင္းမီးရႈိ႕ခံရတဲ့ကေလးငယ္သတင္းေနာက္ဆက္တြဲေတြ၊ကို႐ိုနာဗိုင္းရပ္စ္မေတြ႕ရေသးဘူးဆိုေပမယ့္ပိုထိတ္လန႔္စရာကပ္ေရာဂါအသြင္ေဆာင္လာလို႔သတိထားပို႔လိုလာတဲ့သတင္းေတြကလည္းယခုရက္သတၱပတ္ရဲ႕ထိပ္တန္းသတင္းေတြျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ယခုရက္သတၱပတ္ထဲမွာေနာက္ထပ္သတိထားမိစရာျဖစ္ခဲ့တဲ့သတင္းေတြကျမန္မာသေဘၤာသား၂၀၀ေက်ာ္တရားမဝင္ပစၥည္းမ်ားသယ္ေဆာင္မႈျဖင့္တ႐ုတ္ႏိုင္ငံမွာဖမ္းဆီးခံထားရတဲ့သတင္း၊ျမန္မာႏိုင္ငံကိုေငြေၾကးခဝါခ်မႈလုပ္ေဆာင္ထားရွိမႈရွိ ၊မရွိႏိုင္ငံတကာကဝင္စစ္ရာမွာကိုက္ညီမႈမရွိလို Grayစာရင္းထဲ သတ္မွတ္ ခံရတဲ့သတင္း၊ ၂၀၁၉ခုႏွစ္ႏွစ္ကုန္ပိုင္းမွာ  UWSP/UWSAက လူစီးရဟတ္ယာဥ္တစ္စီးကို ဝယ္ယူခဲ့တဲ့ သတင္း၊ေရာက္ရွိရာေဒသမွာ ရက္၉၀ ေန႐ုံျဖင့္မဲေပးခြင့္ျပဳတဲ့  ေ႐ြးေကာက္ပြဲနည္းဥပေဒကို ႏိုင္ငံေရးပါတီေတြ ကန႔္ကြက္ခဲ့တဲ့ သတင္း ၊ ပလက္၀-ေက်ာက္ေတာ္မွာ ပထမဆုံးျပန္လည္ေျပးဆြဲတဲ့ ခရီးသည္တင္စက္ေလွကို ေအေအလက္နက္ကိုင္ေတြ ပစ္ခတ္လို႔ ခရီးသည္ ၅ ဦးထိခိုက္ဒဏ္ရာရခဲ့တဲ့ သတင္း၊  ဝူဟန္မွာ  က်န္ခဲ့တဲ့ ျမန္မာေက်ာင္းသားႏွစ္ဦးကို အိႏၵိယေလတပ္ကေခၚယူေပးခဲ့တဲ့ သတင္း၊ပဲခူးတိုင္ဒေဒသႀကီး မွာ မူလတန္းႏွင့္ အလယ္တန္းစာေမးပြဲေမးခြန္းမ်ားေပါက္ၾကားခဲ့တဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္သတင္းဖတ္သူေတြ ကို စိတ္ဝင္စားမႈပိုေစခဲ့ပါတယ္။

လူမႈကြန္ရက္ႏွင့္ တရားမွ်တမႈ

ယခုရက္သတၱပတ္သတင္းေတြထဲအမ်ားျပည္သူသတိထားမိခဲ့ၾကတဲ့သတင္းကမူခင္းသတင္းပါဘဲ။ဒီသတင္းကလူမႈကြန္ရက္facebookမွာထြက္ေပၚလာၿပီးေနာက္အမ်ားျပည္သူကမခံမရပ္ႏိုင္ျဖစ္ၿပီးအရပ္ဘက္အဖြဲ႕အစည္းေတြ၊ေဒသအာဏာပိုင္ေတြကဝိုင္းဝန္းခဲ့တဲ့အတြက္ေနာက္ဆုံးမွာဖမ္းဆီးအေရးယူဖို႔ေဆာင္႐ြက္လာႏိုင္ခဲ့ပါတယ္။ဒီအမႈကလပြတၱာၿမိဳ႕မွာျဖစ္ခဲ့တဲ့အသက္ (၁၃) ႏွစ္အ႐ြယ္ကေလးကိုဆိုင္ရွင္ကဒီဇယ္ေလာင္း မီးရႈိ႕ခဲ့တဲ့ အမႈပါဘဲ။

လူမႈကြန္ရက္မွာကေလးငယ္တစ္ဦးမီးေလာင္ခံထားရတဲ့ပုံေတြေဖေဖၚဝါရီ၂၀ရက္ေနာက္ပိုင္းမွာတက္လာခဲ့ၿပီးေနာက္အဆိုပါျဖစ္စဥ္ကိုသိတဲ့သူေတြကထပ္ဆင့္ေဖာ္ျပရာမွေနဆိုး႐ြားရက္စက္လွတဲ့ဒီျဖစ္စဥ္ကိုအမ်ားျပည္သူသိခြင့္ရခဲ့တာျဖစ္ပါတယ္။

သတင္းေတြေဖာ္ျပခ်က္အရဆိုရင္လပြတၱာၿမိဳ႕က “ တုႏႈိင္းမမီ”စားဖြယ္စုံဆိုင္အတြင္း က်ပ္ရွစ္ေသာင္း   ေပ်ာက္ဆုံးျခင္းႏွင့္ ပတ္သက္ၿပီးဆိုင္မွာလုပ္ကိုင္တဲ့ကေလးကိုဆိုင္ရွင္မိသားစုဝင္အခ်ိဳ႕ကကေလးငယ္ကို ႐ိုက္ ႏွက္ကာဆိုင္ရွင္အသက္၄၀အ႐ြယ္အမ်ိဳးသမီးက ဒီဇယ္ျဖင့္ေလာင္း၍ မီးရႈိ႕ခဲ့တာလို႔ ဆိုပါတယ္။ ေဖေဖၚဝါရီ ၁၉ ရက္ကျဖစ္ခဲ့တဲ့အဆိုပါျဖစ္စဥ္မွာမီးရႈိ႕ခံရတဲ့ကေလးငယ္နဲ႔မီးရႈိ႕တဲ့ဆိုင္ရွင္ၾကားေဆြရိပ္မ်ိဳးရိပ္မကင္းလို႔ဒီအတြက္အမႈမဖြင့္ဖို႔ကေလးငယ္၏မိခင္ျဖစ္သူကိုဖိအားေပးခံရတယ္ဆိုသလိုမ်က္ျမင္သက္ေသေတြမွာလဲလုံၿခဳံေရးစိုးရိမ္ရလို႔သက္ေသမလိုက္ရဲတဲ့သူေတြလည္းရွိခဲ့လို႔တရားလိုျပဳလုပ္တိုင္တန္းသူမရွိလို႔ျဖစ္တဲ့ေန႔မွာအမႈမဖြင့္ႏိုင္ခဲ့ဘဲ ေနာက္ရက္က်မွာမ်က္ျမင္သက္ေသေတြက ဒီဇယ္ေလာင္းၿပီးမီးရႈိ႕တယ္ဆိုတာကိုထြက္ဆိုရဲၾကလို႔ ဧရာဝတီတိုင္း ေဒသႀကီးကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာေကာ္မတီဝင္က တိုင္တန္းတရားစြဲဆိုႏိုင္ခဲ့တာပါ။

ဒီအျဖစ္အပ်က္က ခံျပင္းစရာပါ။႐ိုး႐ိုးမီးေလးအဟပ္ခံရရင္ေတာင္ ပူလြန္းလို႔ ေဆြ႕ေဆြ႕ခုန္ မတတ္ျဖစ္ တာမွာ  ဒီဇယ္ဆီေလာင္းၿပီး မီးရႈိ႕တာက အေတာ္ေလးကို ရက္စက္ၿပီးလူမဆန္တဲ့ လုပ္ရပ္ပါဘဲ။ အင္း၀စက္ခ်ဳပ္ ဆိုင္ျဖစ္ရပ္ထက္ ဆိုးလြန္းတဲ့ ျဖစ္ရပ္ပါ။ က်ဴးလြန္တဲ့ ဆိုင္ရွင္အမ်ိဳးသမီးကေတာ့ မီးရႈိ႕ခံရတဲ့ကေလးငယ္နဲ႔ အျခားတစ္ဦး ေျပးလႊားကစားေနရင္း မီးဖိုအနီးလဲက်ကာ ခႏၶာကိုယ္မီးေလာင္တာလို႔ အေၾကာင္းျပပါ တယ္။ ေနေရး စားေရးအတြက္ အဲဒီဆိုင္မွာမွီခိုလုပ္ကိုင္ရတဲ့ သားအမိအတြက္ ဒီအျဖစ္က ငရဲခန္းပါဘဲ။  သတင္းေတြအရ ဒီကေလးရဲ႕ဖခင္က အိႏၵိယမွာ တရားမဝင္ငါးဖမ္းဆီးမႈနဲ႔ အက်ဥ္းက်ေနတဲ့အတြက္ ဒီျဖစ္စဥ္ဟာ မတရားလုပ္ တာကို မဆိုင္လည္းၿငိမ္မခံတတ္တဲ့လူေတြေၾကာင့္သာ လူမႈကြန္ရက္ေပၚတင္လို႔သာေပၚေပါက္လာရတာျဖစ္ၿပီး တရား႐ုံးထိေရာက္လာရတာပါ။ ယခင္ေခတ္ကသာဆို မီးဖိုေဘးလဲက်လို႔မီးေလာင္တယ္ဆိုတဲ့အေၾကာင္းျပခ်က္ နဲ႔ၿပီးသြား ႏိုင္တဲ့ျပစ္မႈက်ဴးလြန္မႈပါ။

လူမႈကြန္ရက္ေၾကာင့္ အရပ္ဘက္အဖြဲ႕အစည္းေတြသိၿပီး ရပ္တည္ေပးၾကလို႔ က်ဴးလြန္သူကိုေထာင္ဒဏ္ တစ္သက္ တစ္ကြၽန္းထိခ်ႏိုင္တဲ့ရာဇသတ္ႀကီးပုဒ္မ၃၂၆နဲ႔တရားစြဲဆိုႏိုင္တာျဖစ္ပါတယ္။ အမ်ားျပည္သူမသိဘဲ ေသေၾကခဲ့ရတဲ့ဒီလိုျဖစ္စဥ္ေတြ အရင္ေခတ္ကဘယ္ေလာက္ထိမ်ားေနခဲ့သလဲ၊ေငြမ်ားတရားႏိုင္ေခတ္မွာ အဓမၼ တရားႀကီးစိုးတဲ့ လူေတြ ယခုထိ တြင္က်ယ္ခြင့္မကုန္ေသးတာကေတာ့ အားကိုးရာမဲ့သူေတြအတြက္ စိတ္ေလးစရာ ပါဘဲ။ယခုအမႈလဲ ဘာေတြဆက္ျဖစ္လာဦးမလဲ၊ ဆိုတာဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ယခုရက္ထဲမွာေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ျဖစ္ရပ္တစ္ခုကျမန္မာစီးပြားေရးဘဏ္ဝန္ထမ္းကေငြအပ္သူေတြရဲ႕လက္မွတ္ကိုအတုထိုးၿပီးသိန္းတစ္ေထာင္ေက်ာ္ထုတ္ယူခဲ့တဲ့ကိစၥပါဘဲ။ယခုႏွစ္ပိုင္းမွာအျပင္ပုဂၢလိကဘဏ္ေတြမွာဘဏ္ဝန္ထမ္းေတြကလာေရာက္အပ္ႏွံသူေတြရဲ႕ေငြသိန္းေထာင္ခ်ီအပ္ေငြေတြကိုနည္းမ်ိဳးစုံနဲ႔ယူၾကသလို ATM စက္ထဲကေငြပါအလြတ္မေပးဘဲလုယူတာေတြလည္း မၾကာခဏၾကားေနရျမင္ေနရပါတယ္။ ပုဂၢလိကဘဏ္ေတြမွာျဖစ္တဲ့အက်င့္ဆိုးကအခုအစိုးရဘဏ္ေတြကိုပါကူးစက္တဲ့အတြက္ဘဏ္ေတြကိုယုံၾကည္ ဆက္ဆံတဲ့သူေတြအတြက္ဒီလိုသတင္းကသတင္းဆိုးပါဘဲ။

အင္းစိန္ျမန္မာစီးပြားေရးဘဏ္မွာျဖစ္ခဲ့တဲ့ယခုလက္မွတ္လိမ္ထုတ္မႈမွာက်ဴးလြန္သူဘဏ္ဒု-ႀကီးၾကပ္ ေရးမႉး အဆင့္ရွိသူကိုဖမ္းမမိေသးပါဘူး။အဆိုပါအမ်ိဳးသားကလက္မွတ္တုနဲ႔ျမန္မာ့စီးပြားေရးဘဏ္မွာ ေခ်းေငြ ရယူထားသူမ်ားရဲ႕ ေငြသြင္းေငြထုတ္စာရင္းမ်ားကေန လက္မွတ္တုထိုးၿပီး ထုတ္ယူခဲ့တာဆိုပါတယ္။ ျမန္မာႏိုင္ငံ မွာ အျဖစ္မ်ားတဲ့ဘဏ္ကေနေငြအလြဲသုံးစားလုပ္တဲ့ကိစၥေတြကို ၾကည့္ရင္ ႏိုင္ငံတကာမွာ ျဖစ္တဲ့ နည္းပညာသုံး ၿပီး အလြဲသုံးစားလုပ္တာ၊လက္နက္နဲ႔ၿခိမ္းေျခာက္ၿပီးလုယက္တာမ်ိဳးေတြမဟုတ္ဘဲ ဌာနတြင္းဝန္ထမ္းေတြ ေၾကာင့္ျဖစ္တဲ့အလြဲသုံးစားမႈေတြမို႔ သတိထားမိစရာပါဘဲ။ ဒီလိုျဖစ္ရပ္တိုင္းမွာ အလြယ္တကူ က်ဴးလြန္လို႔ရ ေနတာ၊ စစ္ေဆးဖို႔ ပ်က္ကြတ္တာ၊ ယုံၾကည္မႈလြန္ကဲလြန္းတာေတြေၾကာင့္ အျဖစ္မ်ားေနရတာကိုေတြ႕ရပါတယ္။  ျဖစ္တိုင္း ျဖစ္တိုင္း အမ်ားျပည္သူေငြေၾကးနဲ႔ႏိုင္ငံဘ႑ာေငြေတြဆုံးရႈံးရတာမို႔ ထိထိေရာက္ ျပစ္ဒဏ္ခ်မွတ္ဖို႔က အေရးႀကီးေနသလို ဥပေဒပိုင္းမွာ လိုအပ္ခ်က္ ရွိေနသလား၊ႀကိဳတင္ကာကြယ္ႏိုင္မႈအပိုင္းနဲ႔ အျပန္အလွန္ထိန္း ေက်ာင္း ေစာင့္ၾကည့္မႈမွာ ျပႆနာရွိေနၿပီလားဆိုတာ သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေမးခြန္း ထုတ္ဖို႔ လိုလာၿပီျဖစ္ပါတယ္။

ေနအိမ္တံခါး၀ေရာက္ ကို႐ိုနာဗိုင္းရပ္စ္

ယခုရက္သတၱပတ္အတြင္းျပည္တြင္းျပည္ပသတင္းေတြထဲမွာ ဆက္လက္ထိပ္တန္းျဖစ္ခဲ့တဲ့ သတင္းက ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္သတင္းေတြပါဘဲ။အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံမွာျဖစ္ေနတဲ့ကို႐ိုနာဗိုင္းရပ္စ္က တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရး၊လူမႈေရးတြင္သာမကပါဘူး။ကမာၻႏိုင္ငံေတြရဲ႕ စီးပြားေရးကိုပါ ထိခိုက္လာၿပီ ျဖစ္ပါတယ္။ တ႐ုတ္နဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြအနက္ ျမန္မာနဲ႔ လာအိုမွာသာ ဒီေရာဂါကူးစက္တာမေတြ႕ရေသးေပမယ့္ တျခားအိမ္နီးခ်င္း ႏိုင္ငံေတြမွာေတာ့ ကူးစက္ေနပါၿပီ။ ျမန္မာႏိုင္ငံမွာ တ႐ုတ္မွာျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ မကူးစက္ေသးေပမယ့္  ကုန္စည္ကူးသန္းေရးနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ အပိုင္းမွာေတာ့ ထိခိုက္လာေနၿပီ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၂၂ ရက္က က်င္းပခဲ့တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ဒုတိယသမၼတေတြ႕ဆုံပြဲမွာ စီးပြား/ကူး သန္းဝန္ႀကီးက ဗိုင္းရပ္စ္ေၾကာင့္တ႐ုတ္- ျမန္မာနယ္စပ္ ကုန္သြယ္ေရးမွာအေမရိကန္ေဒၚလာ ၂၀၉ သန္း ဝင္ေငြ ေလ်ာ့က်ခဲ့တယ္ ဝန္ခံခဲ့ပါတယ္။ ဒါဟာ ျမင္သာတဲ့ ေငြေၾကးဆုံးရႈံးမႈကိုသာတြက္ခ်က္ထားတာပဲျဖစ္ပါေသးတယ္။ တျခားအက်ိဳးဆက္ျဖစ္တဲ့ တ႐ုတ္ဘက္က ျမန္မာလုပ္သားေတြျပန္ထြက္လာတာ၊ အထည္ခ်ဳပ္လုပ္ငန္းေတြမွာ တ႐ုတ္ဘက္က ကုန္ၾကမ္းမဝင္ေတာ့လို႔ ကုန္ၾကမ္းျပတ္ေတာက္မႈျဖစ္လာရင္ ျမန္မာႏိုင္ငံဘက္ကအထည္ခ်ဳပ္ စက္႐ုံေတြ ပိတ္ရမယ့္ ျပႆနာ၊ ဒီကေန ဆင့္ကဲလာမယ့္ ဆုံးရႈံးမႈတန္ဖိုးေတြက မေသးပါဘူး။

ေဖေဖၚဝါရီ၂၀ရက္ေနာက္ပိုင္းမွာ ဗိုင္းရပ္စ္ေၾကာင့္ တစ္လခန႔္ရပ္ဆိုင္းထားေနရတဲ့ တ႐ုတ္-ျမန္မာကုန္ သြယ္ေရးက ျပန္စခဲ့ပါတယ္။ ဒါေပမယ့္အဓိကဝယ္လက္ေတြမလာေသးသလို ရာသီကုန္ေတြျဖစ္တဲ့ ဖရဲ၊သခြားစ တဲ့ သီးႏွံေတြကိုသာ အဓိကေရာင္းဝယ္ခဲ့တာပါ။ နယ္စပ္ကုန္သြယ္မႈအာဏာပိုင္ေတြအဆိုအရဆိုရင္ေဖေဖာ္ဝါရီ ၂၀ ရက္ ေနာက္ပိုင္းကစၿပီးျမန္မာ - တ႐ုတ္နယ္စပ္ကုန္သြယ္ေရးအေျခအေနက တစ္ရက္ကို အေမရိကန္ ေဒၚလာ ငါးသန္းခန႔္ရွိလာတယ္ဆိုပါတယ္။

ကုန္သြယ္ေရးကို အာဏာပိုင္ေတြ အာ႐ုံထားဂ႐ုစိုက္ေနခ်ိန္မွာ အမ်ားစုသတိထားမိေနတာက ျမန္မာ ႏိုင္ငံကို ဗိုင္းရပ္စ္ကူးစက္ႏိုင္မႈကိုပါ။ ကို႐ိုနာဗိုင္းရပ္စ္ စျဖစ္တဲ့အိမ္နီးခ်င္းတ႐ုတ္ျပည္မွာ တစ္လေက်ာ္ ႏွစ္လ အတြင္း လူဦးေရခုႏွစ္ေသာင္းေက်ာ္၊ေသဆုံးသူႏွစ္ေထာင္ေက်ာ္ရွိခ်ိန္မွာ ကမာၻတစ္ဝန္းမွာ ႏိုင္ငံေပါင္း၂၈ႏိုင္ငံကို ကူးစက္ၿပီး အတည္ျပဳကူးစက္ခံရသူႏွစ္ေထာင္ေက်ာ္ခဲ့ကာ ေသဆုံးသူ၂၃ဦးရွိခဲ့ပါတယ္။ အိမ္နီးခ်င္းထိုင္း၊ ကေမာၻဒီးယားတို႔ကအစ ဒီဗိုင္းရပ္စ္ ကူးစက္ခံရတာကို ေတြ႕ရခ်ိန္မွာျမန္မာႏိုင္ငံမွာေရာဂါကူးစက္ခံရသူလို႔ အတည္ျပဳထားတဲ့သူကိုမေတြ႕ရေသးတာေတာ့ အမ်ားျပည္သူအတြက္မယုံသကၤာစိတ္ကိုျဖစ္ေစပါတယ္။

ေဖေဖၚဝါရီလ ၂၃ရက္ နံနက္အေစာပိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈ လ်င္ျမန္လြန္းတဲ့ ေတာင္ကိုရီး ယားကေနျပန္လာတဲ့ျမန္မာလုပ္သားတစ္ဦး ရန္ကုန္ေလဆိပ္မွာ ဖ်ားနာေနတဲ့အေနအထားကို က်န္းမာေရးေဆး စစ္မခံဘဲေရွာင္တိမ္းၿပီး ေလဆိပ္-ဆူးေလ YBS ကားေပၚ တက္ထိုင္ခဲ့လို႔ လိုက္ဖမ္းတဲ့ သူေတြနဲ႔ အာဏာပိုင္ေတြ အလုပ္ရႈပ္ခဲ့ပါတယ္။ ဒီသတင္းက လူမႈကြန္ရက္မွာ ပ်ံႏွံခဲ့တဲ့အတြက္ အမ်ားျပည္သူအတြက္လည္း စိုးရိမ္စိတ္ ျဖစ္ခဲ့ရသလို သို႔ေလာသို႔ေလာ ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဒီလူကို ကူးစက္ေရာဂါေဆး႐ုံ (ေဝဘာဂီ)ကိုပို႔ခဲ့ပါ တယ္။ စစ္ေဆးၿပီးထုတ္ျပန္ခ်က္အရေတာ့ သာမန္ေရာဂါျဖစ္ၿပီး ကူးစက္သံသယလူနာမဟုတ္ လို႔ ေနအိမ္ ကိုျပန္ပို႔ခဲ့ပါတယ္။ဒါေပမယ့္ က်န္းမာေရးအာဏာပိုင္ေတြက လိုလိုမယ္မယ္ YBS ကားေမာင္းသူကို ႏွစ္ ရက္သုံး ရက္နားခိုင္း၊အဝတ္အစားေတြကိုမီးရႈိ႕ဖ်က္ဆီး၊ကားကိုေဆးဖ်န္းကာလိုင္းမထြက္ဘဲထားခိုင္းခဲ့ရတာေတြ လုပ္ခဲ့ရ ပါတယ္။

အဲ့ဒီေန႔မွာဘဲ ျမန္မာႏိုင္ငံကို ေဖေဖာ္ဝါရီ၁၃ရက္ေန႔မွေဖေဖာ္ဝါရီ၁၇ရက္အထိ လာေရာက္လည္ပတ္ခဲ့တဲ့ ေတာင္ကိုရီးယားကအသက္၃၄ႏွစ္အ႐ြယ္အမ်ိဳးသမီးမွာႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါေနတာကိုေတြ႕ရွိလို႔ ေစာင့္ၾကည့္ခံထားရတဲ့အေၾကာင္း သတင္းေပးပို႔ခဲ့တဲ့အတြက္ က်န္းမာေရးအာဏာပိုင္ေတြနဲ႔ အဆိုပါေတာင္ ကိုရီးယားအမ်ိဳးသမီးနဲ႔ ထိေတြ သြားလာခဲ့သူေတြ ဗ်ာမ်ားစရာျဖစ္ခဲ့ပါတယာ္။ ေနာက္ပိုင္းမွာ အဆိုပါေတာင္ကိုရီး ယားအမ်ိဳးသမီးနဲ႔ထိေတြ႕ခဲတဲ့သူေတြကို မိသားစုကေန ၁၄ရက္ခြဲထုတ္ကာ က်န္းမာေရးေစာင့္ၾကည့္ေနေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီညမွာက်န္းမာေရးဦးစီးဌာနက ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီးေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္ခ်က္ထဲမွာ ထူးထူးျခားျခား “ ျမန္မာႏိုင္ငံတြင္လည္းေရာဂါျဖစ္ပြားသူမ်ား ႐ုတ္တရက္တစ္ၿပိဳင္ နက္ေတြ႕ ရွိလာႏိုင္ၿပီး”လို႔ပါလာတဲ့အတြက္အမ်ားျပည္သူမ်ားၾကား ဗိုင္းရပ္စ္ကူးစက္ခံရသူမ်ားရွိေနၿပီလား၊ ထိုသူက အမ်ား ျပည္သူစုေဝးေနထိုင္ရာေတြကို သြားေရာက္ခဲ့ၿပီလားဆိုတဲ့ စိုးရိမ္စိတ္ေတြ ျဖစ္ခဲ့ပါတယ္။ ထုတ္ျပန္ခ်က္ေတြအရ ေဖေဖာ္ဝါရီ၂၄ရက္ညေနအထိျပည္နယ္ႏွင့္တိုင္းေဆး႐ုံမ်ားမွာCOVID-19 ေရာဂါပိုးကူးစက္ခံရေၾကာင္း အတည္ျပဳ ထားတဲ့လူနာမရွိခဲ့ေပမယ့္ ေဆး႐ုံသတ္မွတ္ခ်က္အရေစာင့္ၾကည့္လူနာ (၄) ဦးကိုေစာင့္ၾကည့္ေနတယ္ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမရွိဘူးဆိုေပမယ္အီတလီမွာယခုထိဘယ္ကေနစကူးဆက္လာမွန္းမသိဘဲလက္ရွိမွာေသဆုံးသူ၆ဦးရွိၿပီးကူးစက္ခံရသူႏွစ္ရာေက်ာ္ရွိတဲ့အတြက္ျမန္မာႏိုင္ငံမွာဒီလိုျဖစ္လာရင္ဘယ္လိုျဖစ္မလဲဆိုတာေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။ဒါဟာအကုန္လုံးအတြက္စိုးရိမ္ေနတဲ့အေျခအေနပါ။ကန္ပိုက္တီဘက္မွာငွက္ေပ်ာတစ္ရႈးတင္ေဆာင္ဖို႔တ႐ုတ္ဘက္ကဝင္လာတဲ့ကုန္ကားေတြကေနဗိုင္းရပ္စ္ကူးမွာစိုးတဲ့အတြက္ေဒသခံေတြဆႏၵျပတာလည္းယခုရက္သတၱပတ္မွာပဲ ျဖစ္ခဲ့ပါတယ္။

လက္ရွိမွာတ႐ုတ္ဘက္ကလာတဲ့ခရီးသည္ေတြကိုဗီဇာမပိတ္ေသးသလိုနယ္စပ္ကုန္သြယ္ေရးမွာလည္း ျမန္မာနဲ႔တ႐ုတ္အၾကားအျပန္အလွန္ကူးလူးဆက္ဆံမႈေတြရွိေနသလို တ႐ုတ္နဲ႔အကူးအလူးအဆက္အဆံ နည္း တဲ့အီရန္လိုႏိုင္ငံမွာလည္းဒီလိုဗိုင္းရပ္စ္ကူးစက္ပ်ံႏွံေနတဲ့အတြက္ကူးစက္ေရာဂါအေပၚအာ႐ုံစိုက္သတိထားမႈ ေလ်ာ့နည္းတဲ့ျမန္မာ ႏိုင္ငံအတြက္ေတာင္ကိုရီးယားနဲ႔အီတလီမွာလို႔႐ုတ္ခ်ည္းကူးစက္ခံရသူ ရာနဲ႔ခ်ီၿပီးေတြ႕ တာမ်ိဳးမျဖစ္ဖို႔ ဆုေတာင္းေနရ႐ုံသာရွိပါေတာ့တယ္။

ျပင္းထန္တဲ့ စကားလုံးတိုက္ပြဲႏွင့္ ထူးျခားတဲ့ခရီးစဥ္

ယခုရက္သတၱပတ္ထဲေဖေဖၚဝါရီ ၂၅ ရက္ကစၿပီးေနျပည္ေတာ္လႊတ္ေတာ္မွာဖြဲစည္းပုံအေျခခံဥပေဒ ျပင္ ဆင္ေရးနဲ႔ ပတ္သက္ၿပီး အေၾကအလည္ေဆြးေႏြးၾကမယ္အခ်ိန္မွာတိုက္တိုက္ဆိုင္ဆိုင္ ႏိုင္ငံေတာ္အတိုင္ပင္ ခံ ကျပည္တြင္းခရီးစဥ္အျဖစ္ ကရင္နဲ႔ မြန္ျပည္နယ္ေတြကိုသြားေရာက္ခဲ့ၿပီးႏိုင္ငံေတာ္သမၼတကေဖေဖၚဝါရီ ၂၆ ရက္မွာ အိႏၵိယႏိုင္ငံကိုခ်စ္ၾကည္ေရးခရီးသြားေရာက္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလအတြင္းရွမ္းျပည္နယ္ပင္လုံၿမိဳ႕၊ခ်င္းျပည္နယ္ထန္တလန္ၿမိဳ႕၊တြန္းဇံၿမိဳ႕တို႔ကိုသြားေရာက္ ကာ လူထုေတြ႕ဆုံပြဲလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံဟာ ဒီရက္ပိုင္းမွာဘဲ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီး၊ လႈိင္း ဘြဲ႕နဲ ျမ၀တီတို႔ကို သြားေရာက္ကာ ေဒသခံလူထုနဲ႔ေတြ႕ဆုံခဲ့ပါတယ္။ ဒီလိုေတြ႕ဆုံခဲ့ရာမွာ  ေဒသခံေတြေမးတာကို ျပန္ေျဖခဲ့တဲ့ အေျဖေတြက  လတ္တေလာလႊတ္ေတာ္မွာ ေဆြးေႏြးမယ့္ အမ်ားျပည္သူစိတ္ဝင္စားေနတဲ့ အေျခခ ံဥပေဒ ျပင္ဆင္ေရး၊ လႊတ္ေတာ္ထဲကတပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏူန္းေလ်ာ့ခ်ေရးနဲ႔ ပတ္သက္ခဲ့ တာ ေတြရွိခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂၄ ရက္ ကရင္ ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕၌ ျပဳလုပ္တဲ့  လူထုေတြ႕ဆုံပြဲမွာလႊတ္ေတာ္ထဲ ရွိေနတဲ့ တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္းကိုဘာေၾကာင့္ဖယ္ခ်င္တာလဲဆိုတဲ့ ေဒသခံတစ္ဦးေမးခဲ့တဲ့ ေမးခြန္း ကိုႏိုင္ငံေတာ္အတိုင္ပင္ခံကျပန္ေျဖခဲ့ရာမွာ “တပ္မေတာ္သားမွမဟုတ္ဘူး။ ဘယ္အဖြဲ႕အစည္းမွ ဒီမိုက ေရစီစနစ္ ကို တကယ္က်င့္သုံးတဲ့ ႏိုင္ငံမွာဆိုရင္ ျပည္သူလူထုက ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့ ကိုယ္စားလွယ္မဟုတ္တဲ့သူက ဘယ္အဖြဲ႕အစည္းကလာလာ လႊတ္ေတာ္ကို လႊမ္းမိုးပိုင္ခြင့္မရွိပါဘူး”လို႔ ေျဖခဲ့ပါတယ္။

ျမဝတီၿမိဳ႕မွာေဖေဖာ္ဝါရီ၂၅ရက္ကျပဳလုပ္တဲ့ လူထုေတြ႕ဆုံပြဲမွာလည္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ၾကန႔္ၾကာေနတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး“ စိတ္ထဲကတကယ္ၿငိမ္းခ်မ္းေရးမလိုခ်င္ဘဲနဲ႔ပါးစပ္ကေတာ့ ၿငိမ္း ခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးလို႔ေျပာၿပီးေတာ့စိတ္ထဲကေတာ့ ေလာဘ၊ေဒါသ၊ေမာဟေတြနဲ႔လုပ္မယ္ဆိုလို႔ရွိရင္ ကြၽန္မ တို႔ရဲ႕ၿငိမ္းခ်မ္းေရးလမ္းစဥ္ဟာၾကာလာလိမ့္မယ္။ၾကာလည္းၾကာခဲ့ပါၿပီ”လို႔ ေျပာခဲ့ပါတယ္။

အဆိုပါရက္အၿပီး ေဖေဖၚဝါရီ ၂၆ ရက္မွာ အိႏၵိယသမၼတရဲ႕ ဖိတ္ၾကားမႈေၾကာင့္ အိႏၵိယကိုခ်စ္ၾကည္ေရး ခရီးသြားေရာက္တဲ့ ျမန္မာသမၼတဦးဝင္းျမင့္ခရီးစဥ္မွာ သမၼတဦးဝင္းျမင့္က အိႏၵိယသမၼတ ကိုဗင့္ဒ္၊ ဝန္ႀကီးခ်ဳပ္ မိုဒီတို႔နဲ႔ သီးျခားစီေတြ႕ဆုံခဲ့တာေတြ ရွိခဲ့ပါတယ္။ အဆိုပါေတြ႕ဆုံမႈအတြင္း ရခိုင္ျပည္နယ္ကိစၥေတြကို ေဆြးေႏြးခဲ့ သလို နားလည္မႈစာခြၽန္လႊာ ၅ ခုအပါအဝင္ သေဘာတူညီခ်က္ ၁၀ ခုကို လက္မွတ္ေရးထိုးခဲ့တယ္ဆိုပါတယ္။ အရပ္သားအစိုးရလက္ထက္မွာ တပ္မေတာ္နဲ႔ေရာ အစိုးရနဲ႔ပါနီးကပ္လာတဲ့ ျမန္မာ-အိႏၵိယ ဆက္ဆံေရးက လတ္တေလာျဖစ္ေနတဲ့ ရခိုင္ျပႆနာကို ေျဖရွင္းဖို႔ အေျဖတစ္ခုထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ျပင္းထန္တဲ့ စကားလုံးတိုက္ပြဲ

ဒီရက္သတၱပတ္ထဲ လူတိုင္းေစာင့္ၾကည့္ခဲ့ရတဲ့ ေနာက္ထူးတဲ့ သတင္းကေတာ့  လႊတ္ေတာ္သတင္း ေတြပါ ။ ေဖေဖၚဝါရီ ၂၅ ရက္ကစၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ  ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရး ကို အေၾကအလည္ စတင္ေဆြးေႏြးခဲ့ၾကတဲ့ အတြက္ အမ်ားျပည္သူအေနနဲ႔ ဒီေဆြးေႏြးၾကတဲ့ ျမင္ကြင္းကို သက္ဆိုင္ ရာ လူမႈကြန္ရက္ေတြ ႐ုပ္သံလိုင္းေတြကေန ေစာင့္ၾကည့္ရတဲ့ အထိ စိတ္ဝင္စားစရာ ျဖစ္ရပ္ေတြ ျဖစ္ခဲ့ပါတယ္။ ေဆြးေႏြးမႈေတြမွာ ဘယ္သူက ဘယ္သူအတြက္ ရပ္တည္တယ္၊ ဘယ္သူက ႏိုင္ငံအတြက္လား၊ တစ္စုတစ္ဖြဲ႕ တစ္ ဦးတစ္ေယာက္အတြက္လားဆိုတာကို ကြဲကြဲျပားျပားျမင္ခဲ့ရသလို တခ်ိဳ႕ သူေတြရဲ႕ ေဆြးေႏြးမႈက ျမင္ရသူေတြ အတြက္ စိတ္မေကာင္းေဒါသထြက္ခံျပင္းစရာေတြကိုလည္း ယခုအေျခခံဥပေဒ ျပင္ဆင္မႈ ဥပေဒၾကမ္း ေဆြးေႏြးပြဲ မွာ ထိေတြျမင့္ခြင့္ရခဲ့ပါတယ္။

လႊတ္ေတာ္အတြင္း ျပည္သူက ေ႐ြးေကာက္လိုက္တဲ့ ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြၾကား ပြတ္တိုက္မႈက ျပင္းရွခဲ့ပါတယ္။

အထူးသျဖင့္ ဖြဲစည္းပုံအေျခခံဥပေဒကိုျပင္မယ္ဆိုရင္ အာဏာရပါတီအေနနဲ႔ လႊတ္ေတာ္ထဲေရာက္ ေနတဲ့ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ အဓိကရင္ဆိုင္ရဖြယ္ရွိတယ္ဆိုတဲ့ ဒီမတိုင္ခင္က သုံးသပ္ခဲ့မႈ ေတြက သုံးရက္သာက်င္းပရေသးတဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရး ေဆြးေႏြးၾကတဲ့ကာလတိုအတြင္းကို ၾကည့္ရင္ ျမင္သာ ခဲ့ပါတယ္။ ဒီသုံးရက္အတြင္းမွာ မတူညီမႈေတြ၊ လက္မခံမွာဘဲ ေဒါသသံေတြ ၊ မာန္မာန အသံေတြနဲ႔ အျပင္းအထန္ ကန႔္ကြက္မႈေတြ၊ အေရးယူဖို႔ ေတာင္းဆိုခဲ့တာ၊ေဆြးေႏြးခ်က္ မွတ္တမ္းကေနပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့တာ ေတြက အမ်ားျပည္သူလိုလားတဲ့ အေျခခံဥပေဒျပင္ဆင္ေရးမွာ အခက္အခဲေတြ ဘယ္ေလာက္ထိႀကီးမားေန သလဲဆိုတာ ျမင္သာခဲ့ပါတယ္။

စတင္ေဆြးေႏြးတဲ့ ေဖေဖၚဝါရီ ၂၅ ရက္မွာ ႐ုံးအဖြဲ႕လိုအပ္ခ်က္ေၾကာင့္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္ စားလွယ္တစ္ဦးတင္ထားတဲ့  ဥပေဒၾကမ္းမွာ  စာပုဒ္တစ္ပုဒ္က်န္ရွိေနခဲ့လို႔ နာယကထံ တင္ျပရာမွာ တျခား တပ္မေတာ္သားတစ္ဦးက ေအာ္ဟစ္ေျပာဆိုခဲ့တာက အားလုံးကို အံအားသင့္စရာ ျဖစ္ခဲ့ပါတယ္။ ဒီလိုေအာ္ဟစ္ ေျပာဆိုခဲ့တဲ့အတြက္ လႊတ္ေတာ္နာယကကိုယ္တိုင္ တားျမစ္ခဲ့ရၿပီး နာယကအေနနဲ႔ စိတ္ရွည္သည္းခံၿပီး ေဆာင္ ႐ြက္ေပးတာကို နားလည္သေဘာေပါက္ေစလိုတယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။

ေဖေဖၚဝါရီ ၂၅ ရက္ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ ေဆြးေႏြးၾကရာမွာျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ ကိုယ္ စားလွယ္မင္းကင္းအမတ္ ဦးေမာင္ျမင့္က စည္းကမ္းျပည့္ဝတဲ့ ဒီမိုကေရစီမွာ “စည္းကမ္းျပည္၀ေသာ”  ဆိုတာကို ၄၅ ဦးေကာ္မတီ ကတင္ခဲ့တဲ့ ဥပေဒၾကမ္းမွာ ျဖဳတ္ခဲ့တဲ့အတြက္ ကန႔္ကြတ္ေၾကာင္းေဆြးေႏြးရာမွာ ျပည္သူေတြ အေနနဲ႔ ဒီမိုကေရစီစနစ္နဲ႔ အသားမက်ေသးတာေၾကာင့္သင့္ေလ်ာ္တဲ့ အခ်ိန္တစ္ခုကိုေရာက္သည္အထိ စည္းကမ္း ျပည့္ဝတဲ့ ဒီမိုကေရစီနဲ႔ ျပည္သူေတြကို အသားက်ေအာင္ က်င့္သုံးေစသင့္ပါတယ္ ဆိုၿပီး ေျပာခဲ့ပါ တယ္။

ဒီလိုေျပာဆိုေဆြးေႏြးခဲ့တဲ့ အခ်က္အလက္ေတြက လူမႈကြန္ရက္မွာ ျပစ္တင္ေဝဖန္မႈေတြ၊ ေထာက္ခံမႈ ေတြနဲ႔ ပြက္ေလာ႐ိုက္ခဲ့ပါတယ္။ အဆိုပါရက္ေဆြးေႏြးမႈမွာဘဲ ျပည္ခိုင္ၿဖိဳးပါတီမွကရင္ျပည္နယ္အမ်ိဳးသား လႊတ္ ေတာ္ကိုယ္စားလွယ္ဦးစိုင္းသန္းႏိုင္ဆိုသူက ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္တာနဲ႔ ပတ္သက္ၿပီးေျပာခဲ့ရာမွာ အာဏာရပါတီအေနနဲ႔ လက္က်န္သက္တမ္းအတြင္းလြန္ထားသည့္ကတိကိုတည္ခ်င္လြန္းလို႔ ကေသာကေျမာ ႏွင့္ အေ႐ြ႕ၾကမ္းၾကမ္းေ႐ႊ႕ျခင္းျဖစ္တယ္လို႔ ေျပာခဲ့တဲ့ အတြက္ အာဏာရပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္က ဒီစကားကို ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ေဖေဖၚဝါရီ ၂၆ ရက္ေဆြးေႏြးရာမွာ ပထမရက္ထက္ပိုၿပီး ေဆြးေႏြးမႈေတြက ထိရွလြယ္လာပါတယ္။ ၄၅ ဦး ေကာ္မတီက တင္ခဲ့တဲ့ ပုဒ္မ ၅၉ (စ)ကို ဖ်က္သိမ္းဖို႔ တင္ျပခဲ့တာနဲ႔ပတ္သက္ၿပီးျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ အမတ္မက္မန္းမဲဆႏၵနယ္မွ ဦးတင္ေအးက ေဆြးေႏြးရာမွာ “ အိမ္ေထာင္ဖက္ေ႐ြးခ်ယ္မႈအရ ႏိုင္ငံအႀကီး အကဲ မျဖစ္တာကိုဒီပုဒ္မေၾကာင့္ဆိုၿပီးစိတ္ခံစားမႈကိုေရွ႕တန္းတင္ရမယ္ရွာလက္ညႇိးထိုး၊ေဝဖန္ေျပာဆိုေနသံေတြၾကားရေတာ့အင္မတန္မွစိတ္မေကာင္းျဖစ္ရပါတယ္”ဆိုၿပီးေျပာခဲ့ပါတယ္။

ဒီလိုေျပာခဲ့တဲ့ အတြက္ ဒီစကားက ဒီကေန႔အေျခအေနမ်ိဳးအေပၚေျပာသင့္ေျပာထိုက္ေျပာအပ္တဲ့ ကိစၥမ ဟုတ္ပါဘူး။ဒါဟာအျပန္အလွန္အျငင္းပြားမႈေတြပိုၿပီးႀကီးထြားႏိုင္တာျဖစ္တဲ့အတြက္ဆိုၿပီး NLD ပါတီမွအမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္ကယင္းစကားရပ္ကို ႏုတ္ပယ္ေပးဖို႔အျပင္ဒီလိုကိစၥရပ္မ်ိဳး ေနာက္ ထပ္မျပဳလုပ္ႏိုင္ေရးကို နာယကႀကီးအေနနဲ႔ထိန္းခ်ဳပ္ေပးသင့္ပါတယ္ဆိုၿပီး ကန႔္ကြက္တင္ျပခဲ့ပါတယ္။    
ေဖေဖၚဝါရီ ၂၇ ရက္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ေဆြးေႏြးမႈေတြက ပိုျပင္းထန္လာသလို ျပင္ဆင္ခ်က္မွာ ပါတဲ့ “ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ပါတီႏိုင္ငံေရးကင္းရွင္းရမည္ဟူေသာျပဌာန္းခ်က္ကို ပယ္ဖ်က္ ထား” တာကို ေဆြးေႏြးခဲ့သလို အာဏာရပါတီဘက္က ေဆြးေႏြးခဲ့သည့္ ပုဒ္မ ၂၆၁ နဲ႔ပတ္သက္ၿပီးျပင္ဆင္လိုက္ ရင္ မည္သည္အစုအဖြဲ႕က ဝန္ႀကီးခ်ဳပ္ျဖစ္လာမလဲဆိုသည့္ ေဆြးေႏြးမႈကလည္း ပြဲဆူခဲ့တာကိုေတြ႕ရပါတယ္။ တစ္ဦးနဲ႔တစ္ဦး၊တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ ေဆြးေႏြးကန႔္ကြက္မႈေတြက ျပင္းထန္လာတဲ့ အတြက္ လႊတ္ေတာ္နာယက ျဖစ္ သူက “ သိပ္လြန္လာရင္ ဥပေဒအရအေရးယူႏိုင္တဲ့ အေနအထားမ်ိဳးရွိပါတယ္။ ဒီအေျခ အေနကိုမလိုလားပါဘူး” လို႔ေျပာခဲ့ရတဲ့ အထိပါဘဲ။

အေျခခံဥပေဒျပင္ဆင္ေရးက စတင္ သက္ဝင္လႈပ္ရွားလာခဲ့ပါၿပီ။ ကိုယ္မွန္တယ္ထင္ရာ၊ ကိုယ္အစုအဖြဲ႕ အက်ိဳးစီးပြားနဲ႔ ကိုယ္ရပ္တည္မႈေတြ ခိုင္ၿမဲေစဖို႔ အေၾကာင္းျပခ်က္အမ်ိဳးအမ်ိဳးနဲ႔ အတင္းစြဲကပ္တင္ျပေထာက္ခံ ကန႔္ကြက္ၾကတာထက္ ျပည္သူကေန ဆင္းသက္တဲ့ ျပည္သူအာဏာဟာ ျပည္သူအက်ိဳး စီးပြားျဖစ္ဖို႔၊ စစ္မွန္တဲ့ ဖက္ဒရယ္စနစ္ကို ဦးတည္ၿပီး ေဆြးေႏြးႏိုင္ၾကတဲ့ သူေတြ၊အဖြဲ႕ေတြကသာ ျပည္တြင္းမၿငိမ္းခ်မ္းမႈ သမိုင္းမွာ ခ်ဳပ္ၿငိမ္းေစမွာမို ဘယ္သူေတြက ေနာက္လာမယ့္သမိုင္းမွာ မွတ္တမ္းေကာင္း ခ်န္ခဲ့မလဲ ဘယ္သူက သမိုင္း မွတ္တမ္းမွာ မွတ္တမ္းဆိုးေရးထိုးခံရမလဲ ဆိုးဝါးတဲ့ သမိုင္းတရားခံအျဖစ္ ဘယ္သူက ကိုယ္ကိုယ္ ေရးထိုးၾကမလဲဆိုတာ..။

မာလင္း
ေဖေဖာ္ဝါရီ - ၂၈