【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဝေဖန်မှုညံခဲ့တဲ့ ဗစ်တိုးရီးယား အမှု တရားခံ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ဝေဖန်မှုညံခဲ့တဲ့ ဗစ်တိုးရီးယား အမှု တရားခံ  

ယခုတစ်ပတ် သတင်းတွေထဲမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာက နေပြည်တော် Wisdom Hill စာသင်ကျောင်းမှာ တက်နေတဲ့ သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ်ကို မုဒိမ်းကျင့်မှုအတွက် တရားခံအစစ်ကို ဖော်ထုတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်လာတဲ့ သတင်းနဲ့ အစိုးရဘက်က မိုင်းလား ငြိမ်းချမ်းရေးပွဲ တက်ခဲ့တဲ့ သတင်းတွေ၊ အမေရိကန် လွှတ်တော်အမတ်က ရခိုင်ဒေသကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲ ထည့်ဖို့ ပြောတဲ့ စကားတွေ၊ လျှပ်စစ်မီတာခ ဈေးတွေတက်တဲ့အတွက် ဘာတွေဆက်ဖြစ်နေသလဲဆိုတဲ့ သတင်းတွေက ယခုတစ်ပတ် အများပြည်သူ သတင်းဖတ်သူတွေကို စောင့်ကြည့်စရာ ဖြစ်စေခဲ့ပါတယ်။

ဒီသတင်းက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ လူကိုးဦး သေဆုံးခဲ့ရတဲ့ အင်းတော်ကြီးအိုင် စက်လှေတိမ်းမှောက်မှုမှာ ဖမ်းဆီးခံထားရတဲ့ စက်လှေမောင်းသူကို တရားရှင်ပြန်လွှတ်ပေးခဲ့တဲ့ သတင်း၊ အီးယူ ကုန်သွယ်ရေး ကော်မရှင်နာက မြန်မာလူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ပြောလိုက်တဲ့ သတင်း၊ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းတိုးမြှင့်တာကို ကုလဘက်က ကြိုဆိုလိုက်တဲ့ သတင်း၊ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ မြန်မာဘက် ပြန်လွှဲမယ့် သတင်း၊ စစ်တွေမြို့အနီး မြေဧက ၇,၀၀၀ မှာ ကန်ဒေါ်လာ ၃၈ ဘီလျံတန် စီမံကိန်းကို မလေးရှားကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံဖို့ ပြည်နယ်အစိုးရထံ တင်ပြထားတဲ့ သတင်း၊ ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်မယ် မြေနေရာတွေမှာ နိုဝင်ဘာနောက်ပိုင်း စိုက်ပျိုးရေးမလုပ်ဖို့ တားမြစ်ထားတဲ့ သတင်းတွေနဲ့အတူ အများပြည်သူ သတိထားမိစေခဲ့ပါတယ်။

ဗစ်တိုးရီးယား အမှု တရားခံအစစ် ပေါ်ပြီလား

ယခုရက်သတ္တပတ် အများပြည်သူ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ သတင်းက နေပြည်တော် Wisdom Hill မူကြိုကျောင်းမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး (ဗစ်တိုးရီးယား) မဖွယ်မရာ ပြုကျင့်ခံရသည့် အမှုပါဘဲ။သံသယဖြစ်ဖွယ် လူအရေအတွက် နည်းသော်လည်း တစ်လကျော်သည့်အထိ တရားခံမပေါ်ပေမယ့် လူမှုကွန်ရက်ဖိအားတွေ တိုးလာပြီးနောက် ဇူလိုင် ၄ ရက်မှာ ဆိုင်းမဆင့်ဗုံမဆင့် ပြန်လွှတ်ပေးလိုက်တဲ့သူကို တရားခံအဖြစ် ထုတ်ပြန်လိုက်တဲ့အတွက် ဒွိဟတွေးစရာတွေကြောင့် ဗစ်တိုးရီး ယားလို့ အမည်ဝှက်ပေးထားတဲ့ ကလေးငယ် မဖွယ်မရာပြုကျင့်ခံရတဲ့ အမှုက ပြည်သူကြား ပိုပြီးစောင့်ကြည့် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

မေ ၁၆ ရက်က မဖွယ်မရာပြုကျင့်ခံရတဲ့ အမှုမှာ အစောပိုင်းက လူသိမများခဲ့သော်လည်း ထိုဖြစ်စဉ်ကိုသိသည့် မခံနိုင်သူတစ်ဦးက လူမှုကွန်ရက်ကို တင်ရာမှ အဆိုပါကလေးငယ် ကိစ္စမှာ အများအရေးဆိုင်ကိစ္စ ဖြစ်လာခဲ့ပါတယ်။မူလက သံသယဖြစ်ဖွယ် ကားမောင်းသူကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ နောက်ပိုင်းတွင် အမှုနှင့်မဆိုင်ဟုဆိုကာ ပြန်လွှတ်ခဲ့ပါတယ်။စခန်းတွင် ကလေးငယ်ကို စစ်ဆေးစဉ် ကလေးငယ်က “ကိုကိုလုပ်တယ်။ကိုကိုနှစ်ယောက်က အခန်းကျယ်ထဲ ခေါ်သွားတယ်။ဆရာမနှင်းနု သိတယ်။ဆရာမနှင်းနုက ကိုကို့ ကို ဆူတယ်” ဆိုတဲ့ ဗစ်တိုးရီးယားလေး ပြောတဲ့ စကားတွေဆိုသည့် စကားတွေက တစ်နိုင်ငံလုံး ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ဗစ်တိုးရီးယားအတွက် တရားမျှတမှုဆိုပြီး အွန်လိုင်းကနေ ကန်ပိမ်းတွေ ဖြစ်လာသလို အများပြည်သူကြား ဂယက်ရိုက်လာခဲ့သည့်အတွက် သက်ဆိုင်ရာကနေ ထုတ်ဖော်ရှင်းလင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က နေပြည်တော် Wisdom Hill အမှုကို သမ္မတကိုယ်တိုင် အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။သက်ဆိုင်ရာက သံသယရှိတဲ့သူတွေကို ခေါ်ယူစစ်ဆေးရာမှာ DNA စစ်ဆေးခဲ့တယ်ဆိုပြီး စစ်ဆေးရာမှာ အများပြည်သူ ထင်ကြေးပေးနေတဲ့ ကျောင်းကြီးကြပ်ရေးမှူးရဲ့ သားနှစ်ဦးကိုပါ စစ်ဆေးခဲ့တယ်ဆိုပြီး မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ဆီကရတဲ့ DNA နဲ့ သံသယရှိတယ်လို့ စွပ်စွဲခံရတဲ့ ကြီးကြပ်ရေးမှူးရဲ့သားနှစ်ဦးနဲ့ မတူဘူးလို့ သက်ဆိုင်ရာ တာဝန်ရှိသူက ထုတ်ဖော်ပြောခဲ့ပါတယ်။ဒီလိုပြောခဲ့တဲ့အတွက် အများပြည်သူကြားမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှု တောင်းဆိုမှု ပိုမြင့်တက်လာခဲ့ပါတယ်။

ရန်ကုန်မှာ ဗစ်တိုးရီးယားအတွက် တရားမျှတတောင်းဆိုဖို့ ဆန္ဒပြမှုလှုပ်ရှားဖို့ စတင်လာတဲ့ ဇူလိုင် ၄ ရက်မှာဘဲ ဒက္ခိဏခရိုင် ဒု-တရားသူကြီး ဦးညိုဌေး က မူကြိုကျောင်း ကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကြီး (ခ) အောင်ကျော်မျိုး ကို ဖမ်းဆီးလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူ အသက်၂၉ နှစ်အရွယ် တစ်ခါမှ မတွေ့ဘူးတဲ့သူကို အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ်က ကိုကိုလို့ ခေါ်ပါ့မလားဆိုတဲ့ သုံးသပ်ချက်တွေ၊ ပြင်ပကဝင်လာတဲ့သူက ကျောင်းထဲမှာရှိနေတဲ့ ကလေးငယ်ကို တစ်ခါတည်းလိုက်သွားမလား၊ ကလေးငယ်ကို ဒီလိုလူခေါ်တာ ဆရာမက ဘာလို့မတားဆီးတာလဲ စတဲ့ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။

Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းက အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ဗစ်တိုးရီးယားလို့ ခေါ်တဲ့ ကလေးငယ် မဖွယ်မရာအကျင့်ခံခဲ့ရတဲ့ သက်ငယ်မုဒိမ်းမှုကိစ္စက ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီး ဇဗ္ဗူသီရိ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ အမှုမှန်ပေါ်ပေါက်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် နဲ့ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦး တို့က လိုက်ပါဆောင်ရွက်သွားဖို့လည်း ရှိနေတဲ့အတွက် ဒီအမှုစစ်ဆေးစဉ်မှာ ဘာတွေပေါ်ထွက်လာဦးမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဘာပဲဖြစ်ဖြစ် အများပြည်သူကတော့ ဗစ်တိုးရီးယား ကို အမှန်တကယ် ကျူးလွန်ခဲ့သူကို ပြစ်ဒဏ်ကျခံစေချင်တာပါဘဲ။ဒီလိုလားချက်ကို အရပ်သားအစိုးရလက်ထက် တရားဥပဒေစိုးမိုးမှုက ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ နောက်ဆက်တွဲအဖြစ် Wisdom Hill မူကြိုကျောင်း အပါအဝင် ပုဂ္ဂလိကကျောင်း ၁၅ ကျောင်းကို ခွင့်ပြုမိန့် မရမချင်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရန် တားမြစ်လိုက်တဲ့ သတင်း၊ ဇူလိုင် ၆ ရက်၌ ရန်ကုန်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးရှေ့Wisdom Hill မူကြိုကျောင်းမှ (၃) နှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုအပေါ် တရားမျှတမှု ရရှိစေရေးအတွက် ဆန္ဒပြတောင်းဆိုစေမယ့် သတင်း၊ ကာယမှတ်စုစာအုပ် မေ့ကျန်လို့ ကျောင်းသား/သူငါးဦးကို ရိုက်တဲ့ ပြည် ထ (၅) ကျောင်းက ကာယနည်းပြ ဆရာမကို စုံခုံဖွဲ့စစ်ဆေးနေတဲ့ သတင်း၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး ဘိလပ်မြေစက်ရုံ စီမံကိန်းကိစ္စနဲ့ တရားစွဲခံနေရတဲ့ တောင်သူသုံးဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၄ လ အမိန့်ချခဲ့တဲ့ သတင်းတွေကလည်း ယခုတစ်ပတ် သတင်းတွေထဲ သတိပြုမိစရာ ဖြစ်ခဲ့ပါတယ်။

ရခိုင်ဒေသ ပြောင်ပြောင်တင်းတင်း ဝင်စွက်ဖက်ပြီလား

ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်သည့် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာမှုတစ်ခုမှာ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အာရှပစိဖိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌ ဘရက်ရှာမင် က ရခိုင်ပြည်နယ် အစိတ်အပိုင်းတချို့ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ဒါဟာ သူတစ်ပါးနိုင်ငံရေးကို ဝင်စွက်ဖက်တာဖြစ်သလို ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ့်ဘက်က နိုင်ငံတကာပတ်ပြီး ရခိုင်ပြည်နယ် အရေးကိစ္စကို ဗန်းတင်ပြီး လုပ်နေရာကနေ ဖြစ်လာတဲ့ အကျိုးဆက်ပါဘဲ။

ဒီလို လက်လွတ်စပယ် အာချောင်တဲ့ စကားအတွက် မြန်မာဘက်မှာ ပြည်တွင်းမီဒီယာကြီးတစ်ခုကနေ သတင်းတွေ တက်လာခဲ့သလို ပြည်တွင်းမှာ အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ခဲ့ကြပါတယ်။ဒီလိုသတင်းအတွက် အစိုးရဘက်က ဘယ်လိုစီစဉ်ထားသလဲဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြည်တွင်းမီဒီယာတွေကို ပြောခဲ့ရာမှာ အမေရိကန်အစိုးရ မဟုတ်ဘဲ ဥပဒေပြုရေးအပိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောတဲ့စကားဖြစ်လို့ ဘယ်လိုကန့်ကွက်ရမလဲဆိုတာ စဉ်းစားနေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုပြောတာဟာ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေနေတဲ့ နေရာနဲ့ပတ်သက်ပြီး သတိထားရတော့မယ့် အခြေအနေဖြစ်လာပါပြီ။အထူးသဖြင့် ရှိသင့်တဲ့ လူဦးရေထက် ပိုနေတဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံရဲ့ လူဦးရေနဲ့ နေရာချထားမှု ပေါ်လစီကို ပြန်ကြည့်ထားဖို့ လိုနေပါပြီ။မကြာခင် ဆယ်စုနှစ်တွေထဲမှာ ရေအောက်ကို မြုပ်ဖို့ရှိတဲ့ ကမ်းခြေဒေသတွေအတွက် ဘင်္ဂလားဒေ့ရှ် အပါအဝင် မြေမျက်နှာပြင်နိမ့်ပါးတဲ့ နိုင်ငံတွေအတွက် ကြီးမားတဲ့ပြဿနာ ဖြစ်နေပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကာလရှည်အစီအမံအဖြစ် မြန်မာပိုင် ရခိုင်ဒေသကို ပစ်မှတ်ထားနေတာ ကြာပါပြီ။ဒီအတွက် သူတို့ နိုင်ငံသားတွေကို မြန်မာဘက်ကို ခိုးဝင်အခြေချစေခဲ့တာမှာ ယခုအခါမှာ ဒီပြဿနာဟာ နိုင်ငံတကာပြဿနာ ဖြစ်လာခဲ့သလို ရခိုင်မြောက်ပိုင်း ပဋိပက္ခဖြစ်လာကတည်းက ပြဿနာပြေလည်အောင် မလုပ်ဘဲ  မြန်မာနိုင်ငံကို လက်ညှိုးထိုးဖို့ သူနိုင်ငံထဲ ထည့်ထားကာ ပြန်မလွှတ်ဘဲ လုပ်ထားတာပါ။

မြန်မာဘက်က ရခိုင်မြောက်ပိုင်းမှာ ရဲစခန်းတွေကို ဝင်တိုက်လို့ နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းလို့ တစ်ဘက်နိုင်ငံထဲ ခိုးဝင်ဘင်္ဂါလီတွေ ပြန်ပြေးတဲ့အခါ ဒီပြဿနာကို ပိုကြီးမားလာအောင်  ဘင်္ဂလားဒေ့ရှ့်ဘက်က လုပ်ဆောင်လာခဲ့တာပါ။နိုင်ငံတကာဖိအားတွေ ဆက်တိုက်ဖြစ်လာအောင် ဘင်္ဂလားဒေ့ရှ့်ဘက်က ဒုက္ခသည် ပြန်လည်စေလွှတ်တာကို နည်းအမျိုးမျိုး အကြောင်းပြပြီး ရွှေ့ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ် အာဏာရပါတီဘက်က ထုတ်ဝေတဲ့ သတင်းစာမှာတော့ ဒီလိုဖြစ်နေတာ ARSA အကြမ်းဖက်သမားတွေနဲ့ သူတို့ကို အားပေးအားမြှောက်လုပ်နေတဲ့ NGO အရပ်ဘက်အဖွဲ့အစည်းတွေကြောင့်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့် ဒီလို ကြန့်ကြာအောင် ဆွဲထားတဲ့ ဘင်္ဂလားဒေ့ရှ့်ဘက်က တကယ်လိုချင်တဲ့ အဖြေကတော့ ယခုထွက်ပေါ်လာတဲ့ အမေရိကန် အောက်လွှတ်တော်အမတ်ရဲ့ ပြောစကားပါဘဲ။လက်လွတ်စပယ်ပြောတဲ့  အမေရိကန်အမတ်ရဲ့ပြောစကားကို မြန်မာဘက် ကလွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်အတွင်း ထည့်သွင်းဖို့ အမေရိကန် အောက်လွှတ်တော်အမတ်ရဲ့ ပြောကြားမှုက ကြောင်းကျိုးဆီလျော်မှုမရှိသော တရားလက်လွတ် ဆင်ခြင်မဲ့ ပြောဆိုမှုဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ဒီရက်သတ္တပတ်မှာဘဲ တရုတ်နိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ့် ဝန်ကြီးချုပ် ဟာစီနာ က  မြန်မာနိုင်ငံထဲ ဘင်္ဂါလီတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာအောင် မြန်မာကို ဖိအားပေးဖို့ဆိုပြီး တရုတ်ခေါင်းဆောင်ပိုင်းကို ပြောခဲ့တာတွေလည်း ရှိပါတယ်။ဟာစီနာ တစ်ကယ်လိုချင်နေတာက ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲ အစစ်ဆေးမရှိ ဝင်ချင်သလို ဝင်လာခွင့်ရရေးကိုပါဘဲ။တရုတ်ဘက်ကတော့ ဒီကိစ္စကို နှစ်နိုင်ငံချင်း ဆက်ဆံရေးကတဆင့်သာ ဖြေရှင်းဖို့ လိုတယ်လို့ ပြောကြားပြီး တရုတ်အနေနဲ့ အကူအညီပေးဖို့ အသင့်ရှိတယ်လို့သာ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ့်် လိုချင်နေတဲ့ ရခိုင်ဘက်က ဘင်္ဂါလီတွေနေတဲ့ ဒေသကို  ဘင်္ဂလားဒေ့ရှ်ကိုပေးဖို့ဆိုတဲ့ အမေရိကန် လွှတ်တော်ကော်မတီငယ်တစ်ခုက ဥက္ကဋ္ဌဖြစ်သူ ပြောတဲ့စကားက မြန်မာအတွက် သတိထားရမယ့် ကိစ္စပါဘဲ။ဒီအတွက် အစိုးရအချင်းချင်း ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ယခုအရပ်သားအစိုးရလက်ထက်မှာ အထက်ကဖေါ်ပြသလို  ပြည်ပက ဖိအားပေးတာတွေကို ခံနေရတဲ့အပြင် ပြည်တွင်းမှာလဲ ပြဿနာမျိုးစုံကို ရင်ဆိုင်နေရပါတယ်။အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေကို စည်းလွတ်ဝါးလွတ်ပြောဆိုပြီး ရှောင်တိမ်းနေတဲ့ ဦးဝီရသူ ကို ယခုထိ အာဏာပိုင်တွေ ဖမ်းမမိသေးသလို ဦးဝီရသူ က ရုရှားလူမှုကွန်ရက် VKကနေ ဗီဒီယိုဖိုင်တွေ ထုတ်လွှင့်ပြီး အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေကို ထိကပါးရိကပါး ပြောဆိုနေတာတွေ ထုတ်လွှင့်နေဆဲပါ။ဒီအတွက် ရှောင်တိမ်းနေတဲ့ ဦးဝီရသူ ကို တစ်သက်လုံး ဝရမ်းပြေးအဖြစ် ရှောင်တိမ်းနေမလားလို့ သာသနာရေးဝန်ကြီးက မေးခွန်းထုတ်ခဲ့ပါတယ်။သာသနာရေးဝန်ကြီးက ဦးဝီရသူ ကို လူမြင်ကွင်းများနှင့် ဆန္ဒပြပွဲများမှာ ရောပါလာရင် ဖမ်းဆီးမယ်လို့ ပြောခဲ့ပါတယ်။

ဒီရက်ပိုင်းမှာဘဲ မြန်မာပြည်ကထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့မှုအတွက် တရားဝင် စတင်စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေ Fatou Bensouda က အမှုဖွင့်ခဲ့တဲ့ သတင်း၊ တရားမဝင်လို့ သတ်မှတ်ထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းထံ ကျပ်သိန်း ၃၀၀ လှူဒါန်းတာဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အစိုးရဘက်က ထုတ်ပြန်ခဲ့တဲ့ သတင်း၊ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ကန့်ကွက်နေတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမှာပါတဲ့ အချက်သုံးချက်ကို ပြန်ပြင်ဆင်ဖို့ သမ္မတက မှတ်ချက်ပေးတဲ့ သတင်း၊ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့လို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့ သတင်း၊ ဒေါက်တာလဲ့လဲ့မော်၏ ဒုတိယအကြိမ် ကျန်းမာရေးအာမခံ လျှောက်ထားမှု ထပ်မံပယ်ချခံခဲ့ရတဲ့ သတင်း၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် နှင့် ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးလှဆွေ အပါအဝင် သုံးဦးကို သူရဦးရွှေမန်း နှင့် နီးစပ်သူတစ်ဦးက နိုင်လွှတ်လုံနဲ့ တရားစွဲထားတဲ့ သတင်းတွေကလည်း အများပြည်သူကို စိတ်ဝင်စားစေခဲ့ပါတယ်။

လျော့သွားတဲ့ ယူနစ်  ခုနှစ်သန်းနှင့် လျှပ်စစ်ဆန္ဒပြပွဲ၊ တိုးလာတဲ့ မှုခင်းများ

ယခု ဇူလိုင် ၁ ရက်ကစပြီး  လျှပ်စစ်မီတာခတွေ ဈေးတက်ခဲ့ပါတယ်။ဒီအတွက် အများပြည်သူကြား ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့သလို အတိုက်အခံ ပါတီဘက်က ဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ ယခုရက်သတ္တပတ်ထဲ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

မီတာခတက်တဲ့အတွက် ကန့်ကွက်ဆန္ဒပြမှုကို ဇူလိုင် ၁ ရက်က ပုဇွန်တောင်မှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌက ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။ပြည်သူ ၅၀ ကျော်သာပါတဲ့ အဆိုပါ ဆန္ဒပြမှုအပြင် သာကေတမှာ အင်အား ၁၀၀ ကျော်၊ မန္တလေး  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ဇူလိုင် ၂ ရက်နေ့မှာတော့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ သန်လျင်၊ ဒလ၊ ကော့မှူး၊ မင်္ဂလာဒုံ၊ ကွမ်းခြံကုန်းနှင့် တွံတေးမြို့ ရှစ်မြို့နယ်၊ ဇူလိုင် ၃ ရက်မှာ တောင်ဥက္ကလာပ စတဲ့ နေရာတွေမှာ ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို အတိုက်အခံပါတီတွေဘက်က ဦးဆောင်ခဲ့ရာမှာ ပါတီဝင်တွေနဲ့ ပြည်သူအချို့သာ ပါဝင်ခဲ့ပြီး အမျာပြည်သူကြား စိတ်ဝင်စားမှု နည်းခဲ့ပါတယ်။ပြည်သူအများစုက တိုးမြှင့်တဲ့ မီတာခအခြေအနေကို စောင့်ကြည့်ပြီးမှ တက်လာတဲ့ နှုန်းထားကို မဟန်နိုင်မှ ဆန္ဒပြပွဲတွေထဲ ပါဝင်လာစရာရှိတဲ့ အနေအထားပါ။

မီတာခဈေးတက်လိုက်တဲ့အတွက် ထိရောက်တဲ့ အရွေ့ကတော့ အပိုသုံးနေတဲ့ ဓာတ်အားတွေ ထွက်လာတာပါဘဲ။လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအချက်အလက်အရ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့သည့် ပထမဦးဆုံးရက် ဇူလိုင် ၁ ရက်မှာ ယခင်တနင်္လာနေ့တွေထက် လျှပ်စစ်ယူနစ်ပေါင်း ၇ ဒသမ ၇၇ သန်းခန့် လျော့နည်း သုံးစွဲခဲ့တယ်ဆိုပြီး ထုြတ်ပန်ခဲ့ပါတယ်။တစ်နိုင်ငံလုံး ဇူလိုင် ၁ ရက်တွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၃,၀၀၀ ကျော်ရှိပြီး ရန်ကုန်က မဂ္ဂါဝပ် ၁,၃၈၀ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်မှာ မီတာခဈေးတက်တဲ့ ကိစ္စက အဓိကဖြစ်လာပြီး မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ရန်ကုန်တိုင်းမှာ ပျောက်ဆုံး လျှပ်စစ်ယူနစ်များ (Losses) များနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဉ်ထားသလဲ ဆိုတာကို မေးခဲ့ပါတယ်။ဒါကို ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြန်ဖြေခဲ့ရာမှာ မြို့နယ်အလိုက် အလိုအလျောက် မီတာဖတ်စနစ် (AMI) အသုံးပြုရန် စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဇူလိုင် ၄ ရက်က နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် က ပြဿနာတက်နေတဲ့ မီတာယူနစ်စာရင်းများ ခန့်မှန်းကောက်ယူနေတာတွေအတွက် ဓာတ်တိုင်ထိပ်မှာထားတဲ့ မီတာပုံးကိစ္စကို အစိုးရစရိတ်ဖြင့် ပြည်သူကိုယ်တိုင် ဖတ်ရှုနိုင်မည့် နေရာများသို့ ပြောင်းလဲတပ်ဆင်မယ်လို့ ပြောခဲ့ပါတယ်။

အရပ်သားအစိုးရလက်ထက် လျှပ်စစ်မီတာခတက်တဲ့ ကိစ္စက အတိုက်အခံတွေ ထင်သလို အုံမကြွလာဘဲ ပြည်သူတွေအနေနဲ့ စောင့်ကြည့်နေဆဲ ဖြစ်တဲ့အတွက် ဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုက အရင်ကထက် ပိုမိတာများလာပါတယ်။ယခုရက်သတ္တပတ်ထဲမှာ တောင်ငူမှာ ကွန်တိန်နာယာဉ်တစ်စီးပေါ်ကနေ ဘိန်းဖြူနှင့် ဘိန်းစိမ်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တဲ့ သတင်းက ကြားရသူတိုင်းကို အံသြဘနန်းဖြစ်စေခဲ့ပါတယ်။ဖမ်းဆီးတဲ့အဖွဲ့ ပြောကြားချက်အရတော့ လွိုင်ကော်ကနေ နံနက်အစောကြီး ဆင်းလာတဲ့ မုန့်တင်တဲ့ကားကို မသင်္ကာလို့ စစ်တာကနေ မိတာဆိုပါတယ်။ကွင်းဆက်တရားခံတွေမိဖို့ စစ်ဆေးနေတယ်လို့တော့ ပြောထားတာ တွေ့ရပါတယ်။ဒီရက်ပိုင်းမှာဘဲ ဘင်္ဂလားဒေ့ရှ့် နယ်စပ်အနီး မောင်တောမှာ လှေတစ်စီးပေါ်ကနေ စိတ်ကြွဆေးပြား တစ်သိန်းကျော်ကို မိခဲ့ပါသေးတယ်။

မူးယစ်ဆေးတွေမိတဲ့ သတင်းအပြင် တခြားစိတ်ဝင်စားစရာ သတင်းတွေ ရှိပါသေးတယ်။မင်းလှနဲ့ တောင်ကြီးမှာ အလေ့ကျပေါက်တဲ့ မှိုကိုခူးဆွတ်ပြီး စားကြလို့ တစ်ဦးသေဆုံးပြီး ရှစ်ဦးဆေးကုသမှုခံရတဲ့ သတင်းတွေ၊ ပဲခူးတိုင်း ပန်းတောင်းမှာ မူးယစ်ရမ်းကားတဲ့သူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ဒဏ်ရာရပြီး ဆေးရုံတက်ကုသရင်း သေခဲ့လို့  ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးစစ်ဆေးသူတွေကို စုံခုံဖွဲ့စစ်ဆေးနေတဲ့ သတင်း၊ တပ်မတော်က ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခဲ့သောကြောင့် တရားရင်ဆိုင်နေရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ အမှုကို စွဲချက် တင်၊ မတင် ဇူလိုင် ၁၈ ရက်တွင် အမိန့်ချမယ့် သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
ဇူလိုင် - ၅

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တာက ေနျပည္ေတာ္ Wisdom Hill စာသင္ေက်ာင္းမွာ တက္ေနတဲ့ သုံးႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ကို မုဒိမ္းက်င့္မႈအတြက္ တရားခံအစစ္ကို ေဖာ္ထုတ္ေပးဖို႔ ဆႏၵျပလႈပ္ရွားမႈေတြ ျဖစ္လာတဲ့ သတင္းနဲ႔ အစိုးရဘက္က မိုင္းလား ၿငိမ္းခ်မ္းေရးပြဲ တက္ခဲ့တဲ့ သတင္းေတြ၊ အေမရိကန္ လႊတ္ေတာ္အမတ္က ရခိုင္ေဒသကို ဘဂၤလားေဒ့ရွ႕္ႏိုင္ငံထဲ ထည့္ဖို႔ ေျပာတဲ့ စကားေတြ၊ လွ်ပ္စစ္မီတာခ ေဈးေတြတက္တဲ့အတြက္ ဘာေတြဆက္ျဖစ္ေနသလဲဆိုတဲ့ သတင္းေတြက ယခုတစ္ပတ္ အမ်ားျပည္သူ သတင္းဖတ္သူေတြကို ေစာင့္ၾကည့္စရာ ျဖစ္ေစခဲ့ပါတယ္။

ဒီသတင္းက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ လူကိုးဦး ေသဆုံးခဲ့ရတဲ့ အင္းေတာ္ႀကီးအိုင္ စက္ေလွတိမ္းေမွာက္မႈမွာ ဖမ္းဆီးခံထားရတဲ့ စက္ေလွေမာင္းသူကို တရားရွင္ျပန္လႊတ္ေပးခဲ့တဲ့ သတင္း၊ အီးယူ ကုန္သြယ္ေရး ေကာ္မရွင္နာက ျမန္မာလူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္ၿပီး စိုးရိမ္တယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ တပ္မေတာ္ဘက္က အပစ္အခတ္ရပ္စဲေရးကာလ သက္တမ္းတိုးျမႇင့္တာကို ကုလဘက္က ႀကိဳဆိုလိုက္တဲ့ သတင္း၊ ထိုင္းနယ္စပ္ရွိ ျမန္မာဒုကၡသည္ ၃၀၀ ေက်ာ္ကို ႏွစ္ႏိုင္ငံအစိုးရ အစီအစဥ္နဲ႔ ျမန္မာဘက္ ျပန္လႊဲမယ့္ သတင္း၊ စစ္ေတြၿမိဳ႕အနီး ေျမဧက ၇,၀၀၀ မွာ ကန္ေဒၚလာ ၃၈ ဘီလ်ံတန္ စီမံကိန္းကို မေလးရွားကုမၸဏီတစ္ခုက ရင္းႏွီးျမႇဳပ္ႏွံဖို႔ ျပည္နယ္အစိုးရထံ တင္ျပထားတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း တည္ေဆာက္မယ္ ေျမေနရာေတြမွာ ႏိုဝင္ဘာေနာက္ပိုင္း စိုက္ပ်ိဳးေရးမလုပ္ဖို႔ တားျမစ္ထားတဲ့ သတင္းေတြနဲ႔အတူ အမ်ားျပည္သူ သတိထားမိေစခဲ့ပါတယ္။

ဗစ္တိုးရီးယား အမႈ တရားခံအစစ္ ေပၚၿပီလား

ယခုရက္သတၱပတ္ အမ်ားျပည္သူ စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းက ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းမွ သုံးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး (ဗစ္တိုးရီးယား) မဖြယ္မရာ ျပဳက်င့္ခံရသည့္ အမႈပါဘဲ။သံသယျဖစ္ဖြယ္ လူအေရအတြက္ နည္းေသာ္လည္း တစ္လေက်ာ္သည့္အထိ တရားခံမေပၚေပမယ့္ လူမႈကြန္ရက္ဖိအားေတြ တိုးလာၿပီးေနာက္ ဇူလိုင္ ၄ ရက္မွာ ဆိုင္းမဆင့္ဗုံမဆင့္ ျပန္လႊတ္ေပးလိုက္တဲ့သူကို တရားခံအျဖစ္ ထုတ္ျပန္လိုက္တဲ့အတြက္ ဒြိဟေတြးစရာေတြေၾကာင့္ ဗစ္တိုးရီး ယားလို႔ အမည္ဝွက္ေပးထားတဲ့ ကေလးငယ္ မဖြယ္မရာျပဳက်င့္ခံရတဲ့ အမႈက ျပည္သူၾကား ပိုၿပီးေစာင့္ၾကည့္ စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။

ေမ ၁၆ ရက္က မဖြယ္မရာျပဳက်င့္ခံရတဲ့ အမႈမွာ အေစာပိုင္းက လူသိမမ်ားခဲ့ေသာ္လည္း ထိုျဖစ္စဥ္ကိုသိသည့္ မခံႏိုင္သူတစ္ဦးက လူမႈကြန္ရက္ကို တင္ရာမွ အဆိုပါကေလးငယ္ ကိစၥမွာ အမ်ားအေရးဆိုင္ကိစၥ ျဖစ္လာခဲ့ပါတယ္။မူလက သံသယျဖစ္ဖြယ္ ကားေမာင္းသူကို ဖမ္းဆီးစစ္ေဆးခဲ့ရာမွ ေနာက္ပိုင္းတြင္ အမႈႏွင့္မဆိုင္ဟုဆိုကာ ျပန္လႊတ္ခဲ့ပါတယ္။စခန္းတြင္ ကေလးငယ္ကို စစ္ေဆးစဥ္ ကေလးငယ္က “ကိုကိုလုပ္တယ္။ကိုကိုႏွစ္ေယာက္က အခန္းက်ယ္ထဲ ေခၚသြားတယ္။ဆရာမႏွင္းႏု သိတယ္။ဆရာမႏွင္းႏုက ကိုကို႔ ကို ဆူတယ္” ဆိုတဲ့ ဗစ္တိုးရီးယားေလး ေျပာတဲ့ စကားေတြဆိုသည့္ စကားေတြက တစ္ႏိုင္ငံလုံး ဂယက္႐ိုက္ခတ္ခဲ့ပါတယ္။ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈဆိုၿပီး အြန္လိုင္းကေန ကန္ပိမ္းေတြ ျဖစ္လာသလို အမ်ားျပည္သူၾကား ဂယက္႐ိုက္လာခဲ့သည့္အတြက္ သက္ဆိုင္ရာကေန ထုတ္ေဖာ္ရွင္းလင္းခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ေနျပည္ေတာ္ Wisdom Hill အမႈကို သမၼတကိုယ္တိုင္ အာ႐ုံစိုက္ေနတယ္လို႔ ေျပာခဲ့ပါတယ္။သက္ဆိုင္ရာက သံသယရွိတဲ့သူေတြကို ေခၚယူစစ္ေဆးရာမွာ DNA စစ္ေဆးခဲ့တယ္ဆိုၿပီး စစ္ေဆးရာမွာ အမ်ားျပည္သူ ထင္ေၾကးေပးေနတဲ့ ေက်ာင္းႀကီးၾကပ္ေရးမႉးရဲ႕ သားႏွစ္ဦးကိုပါ စစ္ေဆးခဲ့တယ္ဆိုၿပီး မဖြယ္မရာျပဳက်င့္ခံခဲ့ရတဲ့ ကေလးငယ္ဆီကရတဲ့ DNA နဲ႔ သံသယရွိတယ္လို႔ စြပ္စြဲခံရတဲ့ ႀကီးၾကပ္ေရးမႉးရဲ႕သားႏွစ္ဦးနဲ႔ မတူဘူးလို႔ သက္ဆိုင္ရာ တာဝန္ရွိသူက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ဒီလိုေျပာခဲ့တဲ့အတြက္ အမ်ားျပည္သူၾကားမွာ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈ ေတာင္းဆိုမႈ ပိုျမင့္တက္လာခဲ့ပါတယ္။

ရန္ကုန္မွာ ဗစ္တိုးရီးယားအတြက္ တရားမွ်တေတာင္းဆိုဖို႔ ဆႏၵျပမႈလႈပ္ရွားဖို႔ စတင္လာတဲ့ ဇူလိုင္ ၄ ရက္မွာဘဲ ဒကၡိဏခ႐ိုင္ ဒု-တရားသူႀကီး ဦးညိဳေဌး က မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉးရဲ႕ ယာဥ္ေမာင္း ေအာင္ႀကီး (ခ) ေအာင္ေက်ာ္မ်ိဳး ကို ဖမ္းဆီးလိုက္တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္ခဲ့တဲ့အတြက္ ဖမ္းဆီးခံရသူ အသက္၂၉ ႏွစ္အ႐ြယ္ တစ္ခါမွ မေတြ႕ဘူးတဲ့သူကို အသက္ ၂ ႏွစ္နဲ႔ ၁၁ လအ႐ြယ္ ကေလးငယ္က ကိုကိုလို႔ ေခၚပါ့မလားဆိုတဲ့ သုံးသပ္ခ်က္ေတြ၊ ျပင္ပကဝင္လာတဲ့သူက ေက်ာင္းထဲမွာရွိေနတဲ့ ကေလးငယ္ကို တစ္ခါတည္းလိုက္သြားမလား၊ ကေလးငယ္ကို ဒီလိုလူေခၚတာ ဆရာမက ဘာလို႔မတားဆီးတာလဲ စတဲ့ ေမးခြန္းေတြ ထြက္လာခဲ့ပါတယ္။

Wisdom Hill ပုဂၢလိကမူႀကိဳေက်ာင္းက အသက္ ၂ ႏွစ္နဲ႔ ၁၁ လအ႐ြယ္ ဗစ္တိုးရီးယားလို႔ ေခၚတဲ့ ကေလးငယ္ မဖြယ္မရာအက်င့္ခံခဲ့ရတဲ့ သက္ငယ္မုဒိမ္းမႈကိစၥက ဘယ္လိုျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ဒီအမႈနဲ႔ပတ္သက္ၿပီး ဇဗၺဴသီရိ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးေဇယ်ာေသာ္၊ အမႈမွန္ေပၚေပါက္ေစဖို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ နဲ႔ ေနျပည္ေတာ္ လယ္ေဝးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမ်ိဳးေဇာ္ဦး တို႔က လိုက္ပါေဆာင္႐ြက္သြားဖို႔လည္း ရွိေနတဲ့အတြက္ ဒီအမႈစစ္ေဆးစဥ္မွာ ဘာေတြေပၚထြက္လာဦးမလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းလာပါတယ္။ ဘာပဲျဖစ္ျဖစ္ အမ်ားျပည္သူကေတာ့ ဗစ္တိုးရီးယား ကို အမွန္တကယ္ က်ဴးလြန္ခဲ့သူကို ျပစ္ဒဏ္က်ခံေစခ်င္တာပါဘဲ။ဒီလိုလားခ်က္ကို အရပ္သားအစိုးရလက္ထက္ တရားဥပေဒစိုးမိုးမႈက ျဖည့္ဆည္းေပးႏိုင္ပါ့မလားဆိုတာ ေမးခြန္းထုတ္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းနဲ႔ ေနာက္ဆက္တြဲအျဖစ္ Wisdom Hill မူႀကိဳေက်ာင္း အပါအဝင္ ပုဂၢလိကေက်ာင္း ၁၅ ေက်ာင္းကို ခြင့္ျပဳမိန႔္ မရမခ်င္း ရက္အကန႔္အသတ္မရွိ ယာယီပိတ္ထားရန္ တားျမစ္လိုက္တဲ့ သတင္း၊ ဇူလိုင္ ၆ ရက္၌ ရန္ကုန္ၿမိဳ႕ရွိ မႈခင္းရဲတပ္ဖြဲ႕ (CID) ႐ုံးေရွ႕Wisdom Hill မူႀကိဳေက်ာင္းမွ (၃) ႏွစ္ခန႔္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး မဖြယ္မရာ ျပဳက်င့္ခံရမႈအေပၚ တရားမွ်တမႈ ရရွိေစေရးအတြက္ ဆႏၵျပေတာင္းဆိုေစမယ့္ သတင္း၊ ကာယမွတ္စုစာအုပ္ ေမ့က်န္လို႔ ေက်ာင္းသား/သူငါးဦးကို ႐ိုက္တဲ့ ျပည္ ထ (၅) ေက်ာင္းက ကာယနည္းျပ ဆရာမကို စုံခုံဖြဲ႕စစ္ေဆးေနတဲ့ သတင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္သေျပေက်း႐ြာအနီး ဘိလပ္ေျမစက္႐ုံ စီမံကိန္းကိစၥနဲ႔ တရားစြဲခံေနရတဲ့ ေတာင္သူသုံးဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၄ လ အမိန႔္ခ်ခဲ့တဲ့ သတင္းေတြကလည္း ယခုတစ္ပတ္ သတင္းေတြထဲ သတိျပဳမိစရာ ျဖစ္ခဲ့ပါတယ္။

ရခိုင္ေဒသ ေျပာင္ေျပာင္တင္းတင္း ဝင္စြက္ဖက္ၿပီလား

ဇြန္လ ၁၃ ရက္ေန႔က ျပဳလုပ္သည့္ အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီ ၾကားနာမႈတစ္ခုမွာ အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီမွ အာရွပစိဖိတ္ေရးရာ ေကာ္မတီခြဲ ဥကၠ႒ ဘရက္ရွာမင္ က ရခိုင္ျပည္နယ္ အစိတ္အပိုင္းတခ်ိဳ႕ကို ဘဂၤလားေဒ့ရွ္သို႔ လႊဲေျပာင္းေပးသင့္တယ္လို႔ ေျပာခဲ့ပါတယ္။ဒါဟာ သူတစ္ပါးႏိုင္ငံေရးကို ဝင္စြက္ဖက္တာျဖစ္သလို ရခိုင္အေရးနဲ႔ ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ႕္ဘက္က ႏိုင္ငံတကာပတ္ၿပီး ရခိုင္ျပည္နယ္ အေရးကိစၥကို ဗန္းတင္ၿပီး လုပ္ေနရာကေန ျဖစ္လာတဲ့ အက်ိဳးဆက္ပါဘဲ။

ဒီလို လက္လြတ္စပယ္ အာေခ်ာင္တဲ့ စကားအတြက္ ျမန္မာဘက္မွာ ျပည္တြင္းမီဒီယာႀကီးတစ္ခုကေန သတင္းေတြ တက္လာခဲ့သလို ျပည္တြင္းမွာ အစိုးရအေနနဲ႔ ဘယ္လိုတုံ႔ျပန္မလဲဆိုတာ ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ဒီလိုသတင္းအတြက္ အစိုးရဘက္က ဘယ္လိုစီစဥ္ထားသလဲဆိုတာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူ က ျပည္တြင္းမီဒီယာေတြကို ေျပာခဲ့ရာမွာ အေမရိကန္အစိုးရ မဟုတ္ဘဲ ဥပေဒျပဳေရးအပိုင္းက လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး ေျပာတဲ့စကားျဖစ္လို႔ ဘယ္လိုကန႔္ကြက္ရမလဲဆိုတာ စဥ္းစားေနတာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလိုေျပာတာဟာ ရခိုင္ေျမာက္ပိုင္းက ဘဂၤါလီေတြေနတဲ့ ေနရာနဲ႔ပတ္သက္ၿပီး သတိထားရေတာ့မယ့္ အေျခအေနျဖစ္လာပါၿပီ။အထူးသျဖင့္ ရွိသင့္တဲ့ လူဦးေရထက္ ပိုေနတဲ့ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံရဲ႕ လူဦးေရနဲ႔ ေနရာခ်ထားမႈ ေပၚလစီကို ျပန္ၾကည့္ထားဖို႔ လိုေနပါၿပီ။မၾကာခင္ ဆယ္စုႏွစ္ေတြထဲမွာ ေရေအာက္ကို ျမဳပ္ဖို႔ရွိတဲ့ ကမ္းေျခေဒသေတြအတြက္ ဘဂၤလားေဒ့ရွ္ အပါအဝင္ ေျမမ်က္ႏွာျပင္နိမ့္ပါးတဲ့ ႏိုင္ငံေတြအတြက္ ႀကီးမားတဲ့ျပႆနာ ျဖစ္ေနပါတယ္။ဒီျပႆနာကိုေျဖရွင္းဖို႔ ဘဂၤလားေဒ့ရွ္အေနနဲ႔ ကာလရွည္အစီအမံအျဖစ္ ျမန္မာပိုင္ ရခိုင္ေဒသကို ပစ္မွတ္ထားေနတာ ၾကာပါၿပီ။ဒီအတြက္ သူတို႔ ႏိုင္ငံသားေတြကို ျမန္မာဘက္ကို ခိုးဝင္အေျခခ်ေစခဲ့တာမွာ ယခုအခါမွာ ဒီျပႆနာဟာ ႏိုင္ငံတကာျပႆနာ ျဖစ္လာခဲ့သလို ရခိုင္ေျမာက္ပိုင္း ပဋိပကၡျဖစ္လာကတည္းက ျပႆနာေျပလည္ေအာင္ မလုပ္ဘဲ  ျမန္မာႏိုင္ငံကို လက္ညႇိဳးထိုးဖို႔ သူႏိုင္ငံထဲ ထည့္ထားကာ ျပန္မလႊတ္ဘဲ လုပ္ထားတာပါ။

ျမန္မာဘက္က ရခိုင္ေျမာက္ပိုင္းမွာ ရဲစခန္းေတြကို ဝင္တိုက္လို႔ နယ္ေျမလုံၿခဳံေရးအတြက္ ရွင္းလင္းလို႔ တစ္ဘက္ႏိုင္ငံထဲ ခိုးဝင္ဘဂၤါလီေတြ ျပန္ေျပးတဲ့အခါ ဒီျပႆနာကို ပိုႀကီးမားလာေအာင္  ဘဂၤလားေဒ့ရွ႕္ဘက္က လုပ္ေဆာင္လာခဲ့တာပါ။ႏိုင္ငံတကာဖိအားေတြ ဆက္တိုက္ျဖစ္လာေအာင္ ဘဂၤလားေဒ့ရွ႕္ဘက္က ဒုကၡသည္ ျပန္လည္ေစလႊတ္တာကို နည္းအမ်ိဳးမ်ိဳး အေၾကာင္းျပၿပီး ေ႐ႊ႕ခဲ့ပါတယ္။ဘဂၤလားေဒ့ရွ္ အာဏာရပါတီဘက္က ထုတ္ေဝတဲ့ သတင္းစာမွာေတာ့ ဒီလိုျဖစ္ေနတာ ARSA အၾကမ္းဖက္သမားေတြနဲ႔ သူတို႔ကို အားေပးအားေျမႇာက္လုပ္ေနတဲ့ NGO အရပ္ဘက္အဖြဲ႕အစည္းေတြေၾကာင့္လို႔ စြပ္စြဲခဲ့ပါတယ္။

ဒါေပမယ့္ ဒီလို ၾကန႔္ၾကာေအာင္ ဆြဲထားတဲ့ ဘဂၤလားေဒ့ရွ႕္ဘက္က တကယ္လိုခ်င္တဲ့ အေျဖကေတာ့ ယခုထြက္ေပၚလာတဲ့ အေမရိကန္ ေအာက္လႊတ္ေတာ္အမတ္ရဲ႕ ေျပာစကားပါဘဲ။လက္လြတ္စပယ္ေျပာတဲ့  အေမရိကန္အမတ္ရဲ႕ေျပာစကားကို ျမန္မာဘက္ ကလႊတ္ေတာ္အမတ္ေတြက ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့ပါတယ္။ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ ရခိုင္ျပည္နယ္ကို ဘဂၤလားေဒ့ရွ္အတြင္း ထည့္သြင္းဖို႔ အေမရိကန္ ေအာက္လႊတ္ေတာ္အမတ္ရဲ႕ ေျပာၾကားမႈက ေၾကာင္းက်ိဳးဆီေလ်ာ္မႈမရွိေသာ တရားလက္လြတ္ ဆင္ျခင္မဲ့ ေျပာဆိုမႈျဖစ္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။ဒီရက္သတၱပတ္မွာဘဲ တ႐ုတ္ႏိုင္ငံကို ေရာက္ေနတဲ့ ဘဂၤလားေဒ့ရွ႕္ ဝန္ႀကီးခ်ဳပ္ ဟာစီနာ က  ျမန္မာႏိုင္ငံထဲ ဘဂၤါလီေတြ ဂုဏ္သိကၡာရွိရွိ ျပန္လာေအာင္ ျမန္မာကို ဖိအားေပးဖို႔ဆိုၿပီး တ႐ုတ္ေခါင္းေဆာင္ပိုင္းကို ေျပာခဲ့တာေတြလည္း ရွိပါတယ္။ဟာစီနာ တစ္ကယ္လိုခ်င္ေနတာက ဘဂၤါလီေတြ ျမန္မာႏိုင္ငံထဲ အစစ္ေဆးမရွိ ဝင္ခ်င္သလို ဝင္လာခြင့္ရေရးကိုပါဘဲ။တ႐ုတ္ဘက္ကေတာ့ ဒီကိစၥကို ႏွစ္ႏိုင္ငံခ်င္း ဆက္ဆံေရးကတဆင့္သာ ေျဖရွင္းဖို႔ လိုတယ္လို႔ ေျပာၾကားၿပီး တ႐ုတ္အေနနဲ႔ အကူအညီေပးဖို႔ အသင့္ရွိတယ္လို႔သာ ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္႕္ လိုခ်င္ေနတဲ့ ရခိုင္ဘက္က ဘဂၤါလီေတြေနတဲ့ ေဒသကို  ဘဂၤလားေဒ့ရွ္ကိုေပးဖို႔ဆိုတဲ့ အေမရိကန္ လႊတ္ေတာ္ေကာ္မတီငယ္တစ္ခုက ဥကၠ႒ျဖစ္သူ ေျပာတဲ့စကားက ျမန္မာအတြက္ သတိထားရမယ့္ ကိစၥပါဘဲ။ဒီအတြက္ အစိုးရအခ်င္းခ်င္း ဘယ္လိုတုံ႔ျပန္မလဲ ဆိုတာကိုလည္း ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ယခုအရပ္သားအစိုးရလက္ထက္မွာ အထက္ကေဖၚျပသလို  ျပည္ပက ဖိအားေပးတာေတြကို ခံေနရတဲ့အျပင္ ျပည္တြင္းမွာလဲ ျပႆနာမ်ိဳးစုံကို ရင္ဆိုင္ေနရပါတယ္။အစိုးရ ထိပ္ပိုင္းတာဝန္ရွိသူေတြကို စည္းလြတ္ဝါးလြတ္ေျပာဆိုၿပီး ေရွာင္တိမ္းေနတဲ့ ဦးဝီရသူ ကို ယခုထိ အာဏာပိုင္ေတြ ဖမ္းမမိေသးသလို ဦးဝီရသူ က ႐ုရွားလူမႈကြန္ရက္ VKကေန ဗီဒီယိုဖိုင္ေတြ ထုတ္လႊင့္ၿပီး အစိုးရ ထိပ္ပိုင္းပုဂၢိဳလ္ေတြကို ထိကပါးရိကပါး ေျပာဆိုေနတာေတြ ထုတ္လႊင့္ေနဆဲပါ။ဒီအတြက္ ေရွာင္တိမ္းေနတဲ့ ဦးဝီရသူ ကို တစ္သက္လုံး ဝရမ္းေျပးအျဖစ္ ေရွာင္တိမ္းေနမလားလို႔ သာသနာေရးဝန္ႀကီးက ေမးခြန္းထုတ္ခဲ့ပါတယ္။သာသနာေရးဝန္ႀကီးက ဦးဝီရသူ ကို လူျမင္ကြင္းမ်ားႏွင့္ ဆႏၵျပပြဲမ်ားမွာ ေရာပါလာရင္ ဖမ္းဆီးမယ္လို႔ ေျပာခဲ့ပါတယ္။

ဒီရက္ပိုင္းမွာဘဲ ျမန္မာျပည္ကထြက္ေျပးလာတဲ့ ဘဂၤါလီေတြအေပၚ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ေတြက က်ဴးလြန္ခဲ့မႈအတြက္ တရားဝင္ စတင္စုံစမ္းစစ္ေဆးခြင့္ျပဳဖို႔ ICC ေရွ႕ေန Fatou Bensouda က အမႈဖြင့္ခဲ့တဲ့ သတင္း၊ တရားမဝင္လို႔ သတ္မွတ္ထားတဲ့ ဗုဒၶဓမၼပရဟိတ ေဖာင္ေဒးရွင္းထံ က်ပ္သိန္း ၃၀၀ လႉဒါန္းတာဟာ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ကို ဆန႔္က်င္ရာေရာက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ အစိုးရဘက္က ထုတ္ျပန္ခဲ့တဲ့ သတင္း၊ ျပည္ခိုင္ၿဖိဳးပါတီက ဦးေဆာင္ၿပီး ကန႔္ကြက္ေနတဲ့ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒမွာပါတဲ့ အခ်က္သုံးခ်က္ကို ျပန္ျပင္ဆင္ဖို႔ သမၼတက မွတ္ခ်က္ေပးတဲ့ သတင္း၊ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးကို လူမႈကြန္ရက္မွာ ေဝဖန္ေရးသားခဲ့လို႔ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့တဲ့ သတင္း၊ ေဒါက္တာလဲ့လဲ့ေမာ္၏ ဒုတိယအႀကိမ္ က်န္းမာေရးအာမခံ ေလွ်ာက္ထားမႈ ထပ္မံပယ္ခ်ခံခဲ့ရတဲ့ သတင္း၊ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္ ႏွင့္ ျပည္ခိုင္ၿဖိဳးအမတ္ေဟာင္း ဦးလွေဆြ အပါအဝင္ သုံးဦးကို သူရဦးေ႐ႊမန္း ႏွင့္ နီးစပ္သူတစ္ဦးက ႏိုင္လႊတ္လုံနဲ႔ တရားစြဲထားတဲ့ သတင္းေတြကလည္း အမ်ားျပည္သူကို စိတ္ဝင္စားေစခဲ့ပါတယ္။

ေလ်ာ့သြားတဲ့ ယူနစ္  ခုႏွစ္သန္းႏွင့္ လွ်ပ္စစ္ဆႏၵျပပြဲ၊ တိုးလာတဲ့ မႈခင္းမ်ား

ယခု ဇူလိုင္ ၁ ရက္ကစၿပီး  လွ်ပ္စစ္မီတာခေတြ ေဈးတက္ခဲ့ပါတယ္။ဒီအတြက္ အမ်ားျပည္သူၾကား ေဝဖန္မႈေတြ ထြက္ေပၚလာခဲ့သလို အတိုက္အခံ ပါတီဘက္က ဦးေဆာင္ၿပီး ဆန႔္က်င္ဆႏၵျပပြဲေတြ ယခုရက္သတၱပတ္ထဲ ဆက္တိုက္ျဖစ္လာခဲ့ပါတယ္။

မီတာခတက္တဲ့အတြက္ ကန႔္ကြက္ဆႏၵျပမႈကို ဇူလိုင္ ၁ ရက္က ပုဇြန္ေတာင္မွာၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒က ဦးေဆာင္ၿပီး ဆႏၵျပခဲ့ပါတယ္။ျပည္သူ ၅၀ ေက်ာ္သာပါတဲ့ အဆိုပါ ဆႏၵျပမႈအျပင္ သာေကတမွာ အင္အား ၁၀၀ ေက်ာ္၊ မႏၲေလး  ျမန္မာႏိုင္ငံ စက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈ လုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္႐ုံးမွာ ျပဳလုပ္တဲ့ ဆႏၵျပပြဲေတြ ျဖစ္ခဲ့ပါတယ္။ဇူလိုင္ ၂ ရက္ေန႔မွာေတာ့ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊ ခရမ္း၊ သုံးခြ၊ ေက်ာက္တန္း၊ သန္လ်င္၊ ဒလ၊ ေကာ့မႉး၊ မဂၤလာဒုံ၊ ကြမ္းၿခံကုန္းႏွင့္ တြံေတးၿမိဳ႕ ရွစ္ၿမိဳ႕နယ္၊ ဇူလိုင္ ၃ ရက္မွာ ေတာင္ဥကၠလာပ စတဲ့ ေနရာေတြမွာ ဆႏၵျပခဲ့ပါတယ္။

ဆႏၵျပပြဲေတြကို အတိုက္အခံပါတီေတြဘက္က ဦးေဆာင္ခဲ့ရာမွာ ပါတီဝင္ေတြနဲ႔ ျပည္သူအခ်ိဳ႕သာ ပါဝင္ခဲ့ၿပီး အမ်ာျပည္သူၾကား စိတ္ဝင္စားမႈ နည္းခဲ့ပါတယ္။ျပည္သူအမ်ားစုက တိုးျမႇင့္တဲ့ မီတာခအေျခအေနကို ေစာင့္ၾကည့္ၿပီးမွ တက္လာတဲ့ ႏႈန္းထားကို မဟန္ႏိုင္မွ ဆႏၵျပပြဲေတြထဲ ပါဝင္လာစရာရွိတဲ့ အေနအထားပါ။

မီတာခေဈးတက္လိုက္တဲ့အတြက္ ထိေရာက္တဲ့ အေ႐ြ႕ကေတာ့ အပိုသုံးေနတဲ့ ဓာတ္အားေတြ ထြက္လာတာပါဘဲ။လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းအခ်က္အလက္အရ လွ်ပ္စစ္မီတာခမ်ား တိုးျမႇင့္ခဲ့သည့္ ပထမဦးဆုံးရက္ ဇူလိုင္ ၁ ရက္မွာ ယခင္တနလၤာေန႔ေတြထက္ လွ်ပ္စစ္ယူနစ္ေပါင္း ၇ ဒသမ ၇၇ သန္းခန႔္ ေလ်ာ့နည္း သုံးစြဲခဲ့တယ္ဆိုၿပီး ထုၾတ္ပန္ခဲ့ပါတယ္။တစ္ႏိုင္ငံလုံး ဇူလိုင္ ၁ ရက္တြင္ အသုံးျပဳသည့္ လွ်ပ္စစ္ဓာတ္အားပမာဏ မဂၢါဝပ္ ၃,၀၀၀ ေက်ာ္ရွိၿပီး ရန္ကုန္က မဂၢါဝပ္ ၁,၃၈၀ သုံးစြဲခဲ့တယ္လို႔ ဆိုပါတယ္။

ဇူလိုင္ ၁ ရက္တြင္ က်င္းပသည့္ ရန္ကုန္တိုင္းလႊတ္ေတာ္မွာ မီတာခေဈးတက္တဲ့ ကိစၥက အဓိကျဖစ္လာၿပီး မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္ က ရန္ကုန္တိုင္းမွာ ေပ်ာက္ဆုံး လွ်ပ္စစ္ယူနစ္မ်ား (Losses) မ်ားနဲ႔ ပတ္သက္ၿပီး ဘယ္လိုစီစဥ္ထားသလဲ ဆိုတာကို ေမးခဲ့ပါတယ္။ဒါကို ရန္ကုန္တိုင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ေဒၚနီလာေက်ာ္ က ျပန္ေျဖခဲ့ရာမွာ ၿမိဳ႕နယ္အလိုက္ အလိုအေလ်ာက္ မီတာဖတ္စနစ္ (AMI) အသုံးျပဳရန္ စီစဥ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ဇူလိုင္ ၄ ရက္က ေနျပည္ေတာ္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန႐ုံး၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲမွာ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္ က ျပႆနာတက္ေနတဲ့ မီတာယူနစ္စာရင္းမ်ား ခန႔္မွန္းေကာက္ယူေနတာေတြအတြက္ ဓာတ္တိုင္ထိပ္မွာထားတဲ့ မီတာပုံးကိစၥကို အစိုးရစရိတ္ျဖင့္ ျပည္သူကိုယ္တိုင္ ဖတ္ရႈႏိုင္မည့္ ေနရာမ်ားသို႔ ေျပာင္းလဲတပ္ဆင္မယ္လို႔ ေျပာခဲ့ပါတယ္။

အရပ္သားအစိုးရလက္ထက္ လွ်ပ္စစ္မီတာခတက္တဲ့ ကိစၥက အတိုက္အခံေတြ ထင္သလို အုံမႂကြလာဘဲ ျပည္သူေတြအေနနဲ႔ ေစာင့္ၾကည့္ေနဆဲ ျဖစ္တဲ့အတြက္ ဘာေတြျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

ယခုေနာက္ပိုင္း မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈက အရင္ကထက္ ပိုမိတာမ်ားလာပါတယ္။ယခုရက္သတၱပတ္ထဲမွာ ေတာင္ငူမွာ ကြန္တိန္နာယာဥ္တစ္စီးေပၚကေန ဘိန္းျဖဴႏွင့္ ဘိန္းစိမ္း က်ပ္သိန္းေပါင္း ႏွစ္ေသာင္းေက်ာ္ဖိုး ဖမ္းဆီးရမိခဲ့တဲ့ သတင္းက ၾကားရသူတိုင္းကို အံၾသဘနန္းျဖစ္ေစခဲ့ပါတယ္။ဖမ္းဆီးတဲ့အဖြဲ႕ ေျပာၾကားခ်က္အရေတာ့ လြိဳင္ေကာ္ကေန နံနက္အေစာႀကီး ဆင္းလာတဲ့ မုန႔္တင္တဲ့ကားကို မသကၤာလို႔ စစ္တာကေန မိတာဆိုပါတယ္။ကြင္းဆက္တရားခံေတြမိဖို႔ စစ္ေဆးေနတယ္လို႔ေတာ့ ေျပာထားတာ ေတြ႕ရပါတယ္။ဒီရက္ပိုင္းမွာဘဲ ဘဂၤလားေဒ့ရွ႕္ နယ္စပ္အနီး ေမာင္ေတာမွာ ေလွတစ္စီးေပၚကေန စိတ္ႂကြေဆးျပား တစ္သိန္းေက်ာ္ကို မိခဲ့ပါေသးတယ္။

မူးယစ္ေဆးေတြမိတဲ့ သတင္းအျပင္ တျခားစိတ္ဝင္စားစရာ သတင္းေတြ ရွိပါေသးတယ္။မင္းလွနဲ႔ ေတာင္ႀကီးမွာ အေလ့က်ေပါက္တဲ့ မႈိကိုခူးဆြတ္ၿပီး စားၾကလို႔ တစ္ဦးေသဆုံးၿပီး ရွစ္ဦးေဆးကုသမႈခံရတဲ့ သတင္းေတြ၊ ပဲခူးတိုင္း ပန္းေတာင္းမွာ မူးယစ္ရမ္းကားတဲ့သူ တစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးခဲ့ရာမွာ ဒဏ္ရာရၿပီး ေဆး႐ုံတက္ကုသရင္း ေသခဲ့လို႔  ဖမ္းဆီးတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ဖမ္းဆီးစစ္ေဆးသူေတြကို စုံခုံဖြဲ႕စစ္ေဆးေနတဲ့ သတင္း၊ တပ္မေတာ္က ပုဒ္မႏွစ္ခုျဖင့္ အမႈဖြင့္ခဲ့ေသာေၾကာင့္ တရားရင္ဆိုင္ေနရသည့္ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး၏ အမႈကို စြဲခ်က္ တင္၊ မတင္ ဇူလိုင္ ၁၈ ရက္တြင္ အမိန႔္ခ်မယ့္ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
ဇူလိုင္ - ၅