【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သီချင်းတစ်ပုဒ်ကြောင့် ဂယက်ထသွားတဲ့ မြန်မာနိုင်ငံရေး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သီချင်းတစ်ပုဒ်ကြောင့် ဂယက်ထသွားတဲ့ မြန်မာနိုင်ငံရေး

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ လူတွေစိတ်အဝင်စားဆုံးဖြစ်ခဲ့တဲ့ သတင်းနှစ်ပုဒ်ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲမှာ အဆိုတော်တစ်ဦးက စီစဉ်ရိုက်ကူးတဲ့ သီချင်းတစ်ပုဒ်နဲ့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်တောင် သူ့မိသားစုမဲစာရင်းမှာ မှားယွင်းနေတဲ့အကြောင်း ပြောခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲမဲစာရင်း မှားယွင်းမှုသတင်းတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ စာရင်းပါဘဲ။

ပြင်းထန်လာနိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲ

လာမည့်ရွေးကောက်ပွဲက ထင်ထားသည့်ထက် ပို၍ပြင်းထန်လာနိုင်စရာရှိနေပါတယ်။ယခုရက်သတ္တပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်သို့ စာရင်းတင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်သဖြင့် အာဏာရပါတီဘက်မှရော၊ အတိုက်အခံပါတီများဘက်မှပါ စာရင်းနောက်ဆုံးတင်သွင်းရသဖြင့် မထင်မှတ်သူများပါဝင်လာတာကို တွေ့ရပါတယ်။အာဏာရပါတီဘက်မှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်များတွင် ဆက်လက်ရွေးကောက်ခံရန် ယခုရက်ပိုင်းအတွင်း စာရင်းတင်သွင်းခဲ့တာကို တွေ့ရပါတယ်။

အာဏာရပါတီအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် အစောပိုင်းက ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် လူရှာရခက်နေသည်ဟု အသံများထွက်ခဲ့သော်လည်း မကျင်းပဖြစ်သည့် မြို့နယ်များမှလွဲ၍ ကျန်မြို့နယ်အားလုံး ရွေးကောက်ပွဲဝင်မည်ဆိုပြီး အသံများထွက်လာခဲ့ပါတယ်။ထူးခြားသည်က ယခင်ကြံ့ခိုင်ရေးအသင်းကနေ ပါတီအသွင်ပြောင်းခဲ့ပြီး တပ်မတော်မှ အငြိမ်းစားအရာရှိကြီးများ ဦးဆောင်ပါဝင်နေသည့် ပြည်ခိုင်ဖြိုးပါတီဘက်မှ ယခုလာမည့်ရွေးကောက်ပွဲတွင် ယခင် ၂၀၁၅ ခုနှစ်မတိုင်မီက ထိပ်တန်းနေရာအတော်များများကို ကိုင်တွယ်ထားသူများ ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။

ပြည်ခိုင်ဖြိုးပါတီဘက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဝန်ထမ်းအများဆုံးနေထိုင်သည့် ဇဗ္ဗူသီရိမြို့နယ်တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ဥတ္တရသီရိမြို့နယ်တွင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်နှင့် ဒက္ခိဏသီရိမြို့နယ်တွင် လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဧရာ၀တီဘက်တွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့ ပါဝင်လာတာကိုတွေ့ရပါတယ်။ကယားပြည်နယ်တွင်တော့ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး (ခ) ဦးဘူးရယ်က ထူးထူးခြားခြား ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) ကို ကိုယ်စားပြုပြီး လွိုင်ကော်ကနေ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးတာကိုတွေ့ ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ်၊ အာဏာရပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှုးမဲဆန္ဒနယ်မှာတော့ NLD ပါတီရဲ့ ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီ၊ ပါတီသစ်ဖြစ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဘက်က ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်၊ အာဏာရပါတီကို တောက်လျှောက်တိုက်ခိုက်ခဲ့တဲ့ ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်ဆိုသူက တစ်သီးပုဂ္ဂလအဖြစ်နဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်လို့ ကော့မှုးမဲဆန္ဒနယ်က စိတ်ဝင်စားဖွယ်ပါဘဲ။နောက်ထပ်စိတ်ဝင်စားဖွယ်ရာကောင်းတာက ဒဂုံမဲဆန္ဒနယ်မှာပါ။အာဏာရပါတီဘက်ကနေခွဲထွက်ပြီး တစ်သင်းလုံးကန်မည်ဆိုပြီး ပါတီတည်ထောင်ခဲ့တဲ့ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပီသုံးလုံးပါတီ (PPP) ပါတီမှာ  ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးကျော်ဇေယျ က အာဏာရပါတီဘက် ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးနဲ့ နေပြည်တော် ဒု-မြို့တော်ဝန် တာဝန်ယူထားသူ ကိုရဲမင်းဦး ပါဝင်ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်ဘက်ကိုရွှေ့ပြီး ဝင်ပြိုင်တဲ့အတွက် စိတ်ဝင်စားဖွယ်ရာကောင်းနေသလို ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကလည်း အာဏာရပါတီက ထိပ်တန်းခေါင်းဆောင် ဒေါ်မေဝင်းမြင့် ယှဉ်ပြိုင်မယ့် မရမ်းကုန်းကနေ ပါဝင်ယှဉ်ပြိုင်ဖို့ရှိတဲ့အတွက် ဒီနေရာတွေက ထွက်လာမယ့်ရလဒ်တွေက စိတ်ဝင်စားဖွယ်ရာတွေဖြစ်သလို ရလဒ်တွေကြောင့်လည်း နိုင်ငံရေးအရ do or die တွေ ဖြစ်လာစရာရှိနိုင်ပါတယ်။

တခြားတစ်ဘက်မှာ အေအေလက်နက်ကိုင်တွေကြောင့် ရခိုင်မြောက်ပိုင်းမှာ မြို့နယ်အချို့မှာ ရွေးကောက်ပွဲကျင်းပဖြစ်ဖို့ မသေချာပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် ရခိုင်တောင်ပိုင်းမှာတော့ ရခိုင်ပါတီအချင်းချင်းနှင့် ပြည်မပါတီကြားယှဉ်ပြိုင်မှုက ပြင်းထန်လာဖွယ်ရှိနေပါတယ်။ဒီနေရာတွေမှာ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ရခိုင့်ရှေ့ဆောင်ပါတီ (AFP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့်မကျင်းပဖြစ်တဲ့အတွက် တောင်ပိုင်းမှာ ယှဉ်ပြိုင်အရွေးခံတဲ့သဘော ဖြစ်နေပါတယ်။ထူးခြားတာက အာဏာရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိတစ်ဦးဖြစ်ခဲ့သလို NLD ပါတီ ဥက္ကဋ္ဌ ရုံးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာတင်မာအောင် က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ဘက်နေ တောင်ကုတ်မှာ ပါဝင်ယှဉ်ပြိုင်မှာပါ။

ဒီနေရာမှာ သတိပြုမိတာက တပ်တွေအခြေစိုက်ရာရှိတဲ့ ရန်ကုန်က မရမ်းကုန်း၊ ဒဂုံနဲ့ မင်္ဂလာဒုံ စတဲ့နေရာတွေနဲ့ ပြည်နယ်နဲ့ တိုင်းတွေရှိ တပ်တွေရှိရာ မဲဆန္ဒနယ်တွေမှာ ယခုလွှတ်တော်ကပြင်ဆင်ခဲ့တဲ့ တပ်ပြင်ပမှာ မဲရုံထားရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် မဲတွေက ဘယ်လိုဖြစ်လာမလဲဆိုတာပါ။လက်ရှိမှာ လ၀က ပြည်ထောင်စုဝန်ကြီးရဲ့ မိသားစုဝင်တွေတောင် မဲစာရင်းထဲပါဝင်မှုမရှိဖြစ်နေတဲ့ မဲဆန္ဒရှင်စာရင်းမှားယွင်းမှုက အများပြည်သူသတိထားမိစရာဖြစ်ခဲ့သလို နောက်ထပ်စစ်ဆေးရမယ့်ရက်ကိုလည်း ရက်သတ္တပတ် နောက်တစ်ပတ်ထပ်တိုးပေးခဲ့ရတာလည်းရှိပါတယ်။သမ္မတဦးဝင်းမြင့်ကတော့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ဩဂုတ်လ ၂ ရက်က လာစာရင်းတင်သွင်းစဉ် မဲစာရင်းတွေမှားတာနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန်ဖြစ်စေဖို့၊ ပြည်သူအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့၊ သမာသမတ်ဖြစ်စေဖို့ မှာခဲ့တာကိုတွေ့ရပါတယ်။

ဒီကာလထဲမှာ မဲမပေးဖို့ လှုံ့ဆော်နေတဲ့ အုပ်စုတွေရဲ့ လှုပ်ရှားမှုကလည်း ခပ်စိတ်စိတ်ဖြစ်လာတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဩဂုတ် ၅ ရက်ကပြုလုပ်တဲ့ Covid-19 ကာလ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အွန်လိုင်းစကားဝိုင်းမှာ ဒီလိုလှုံ့ဆော်နေတာတွေကို ပြောခဲ့ပါတယ်။ဒီလိုရွေးကောက်ပွဲမှာ မဲပေးဖို့က နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဖြစ်တယ်ဆိုပြီး မဲပေးခြင်းမပြုဘဲ ဝေဖန်မှုသာပြုလုပ်မည်ဆိုပါက တာဝန်မဲ့ရာရောက်တယ်လို့ ပြောခဲ့ပါတယ်။ဒီလိုရွေးကောက်ပွဲ၌ မဲပေးသင့်၊ မသင့် (Vote - no Vote) ငြင်းခုံဆွေးနွေးမှုတွေက နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ထူးခြားသည်က ဒီမိုကရက်တစ်နှင့် တက်ကြွလှုပ်ရှားသူများထဲက ဒီချုပ်ပါတီ၏ လက်ရှိအာဏာရသက်တမ်းအတွင်း ဆောင်ရွက်ချက်အပေါ် အားမရမှုနှင့် နိုင်ငံရေးအပြောင်းအလဲအပေါ် ကျေနပ်မှုမရှိတဲ့သူတွေက မဲမပေးဖို့ ဦးဆောင်လှုပ်ရှားလာတာဖြစ်ပြီး ဒီထဲမှာ မထင်မှတ်ဘဲပါဝင်လာတာက ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ၅၂ ရာခိုင်နူန်း မဲမပေးလို့ ရွေးကောက်ပွဲပျက်ပြယ်ရင် အကျိုးရှိမယ့်အုပ်စုတွေပါ။အများပြည်သူနဲ့ မီဒီယာတွေက မဲမပေးဖို့ လှုံ့ဆော်တဲ့သူတွေကို အပြင်းအထန်ဝေဖန်ဆန့်ကျင်မှုတွေရှိတဲ့အတွက် လက်ရှိအချိန်မှာ အရှိန်အနည်းငယ်လျော့ကျသွားပေမယ့် မှန်းဆလို့မရသေးပါဘူး။

ယခုရွေးကောက်ပွဲမှာ အာဏာရပါတီရဲ့ ပြိုင်ဘက်အချို့က ဒီမိုကရေစီပိုမိုဖြစ်ထွန်းဖို့ထက် အာဏာရပါတီ ထပ်မံရွေးကောက်မခံရဖို့ကို ဦးတည်ပြီး ဖြစ်တဲ့နည်းလမ်းမှန်သမျှကိုအသုံးပြုပြီး အပုတ်ချတိုက်ခိုက်မှုတွေလုပ်နေတာက စိတ်ပျက်စရာဖြစ်ပါတယ်။လာမည့်  ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်းသာဆိုရင် ပါတီပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် ကိုဗစ် ၁၉ အရှိန်က ပိုပြင်းလာတာရယ်၊ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အရေးပါနေတဲ့ ယခင်လူတွေခြေရှုပ်မှု ပိုမြင်လာရတာရယ်တွေကြောင့် နောက်လာမယ့်ရက်တွေမှာ မြင်ရဖွယ်ရှိတဲ့ မဲဆွယ်ပွဲတွေက ပိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ပါတီအချို့အနေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ပြည်သူတွေကို နိုင်လိုမင်းထက် ပြောဆိုခြိမ်းခြောက်နေတာတွေ၊ လှည့်ပတ်နေတာတွေ၊ အာဏာကို အမွေဆိုင်လို့ သဘောထားတာတွေက နိုဝင်ဘာ ၈ ရက်မှာ နိဂုံးချုပ်ဖွယ်ရှိနေသလို သူတို့ရဲ့နိုင်ငံရေးလည်း နိဋ္ဌိတံဖွယ် မြင်နေရပါတယ်။အာဏာဆိုတာ ပြည်သူထံက ဆင်းသက်တာဆိုတဲ့ သဘောတရားအတိုင်းလုပ်နေတဲ့ ပါတီမှန်သမျှ လာမည့်ရွေးကောက်ပွဲမှာ ပြည်သူတွေကရွေးချယ်လာမှာ သေချာနေပါတယ်။ပြည်သူကို မျက်နှာမမူဘဲ အာဏာရရေးကို မျက်နှာမူခဲ့သူတွေရဲ့ နိဂုံးကိုလည်း နိုဝင်ဘာ ၈ ရက်နောက်ပိုင်းမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကို ရင်ဆိုင်လိုက်ရတဲ့ သီချင်း

ဩဂုတ်လ ၄ ရက်မှာ တင်ခဲ့တဲ့ သီချင်းတစ်ပုဒ်က မြန်မာ့နိုင်ငံရေးကို လှုပ်ခတ်ခဲ့သလို အတော်လေးလဲ သတိထားစရာဖြစ်ခဲ့ပါတယ်။နာမည်ကတော့  အဆိုတော်ယုန်လေး စီစဉ်ပြီး သရုပ်ဆောင် ၇၀ နီးပါး ပါဝင်တဲ့ ‘‘ငါတို့အားလုံးရဲ့မြေ’’ ဆိုတဲ့ သီချင်းပါ။နာမည်ကြီးအဆိုတော်တွေပါဝင်ပြီး ရုပ်မပါဘဲ သီချင်းကိုနားထောင်မယ်ဆိုရင် အစောပိုင်းမှာ လက်ခံစရာကောင်းပေမယ့် နောက်ပိုင်း သီချင်းစာသားတွေက ဝိဝါဒလွဲမှား ဒေါသထွက်စရာတွေ ပါဝင်ခဲ့ပါတယ်။ဒါကြောင့်လည်း အနုပညာရှင်အားကောင်းကောင်းနဲ့ ပါဝင်သီဆိုထားတဲ့ အကျိုးပြုသီချင်းက လွှင့်တင်ပြီး နာရီအနည်းငယ်အတွင်းမှာ လူမှုကွန်ရက်တစ်ခုလုံး ဆဲသံဆိုသံတွေနဲ့ ပွက်ပွက်ညံခဲ့ရသလို ထောက်ခံအားပေးသူ အနုပညာရှင်အချို့နဲ့ ပရိတ်သတ်အချို့လည်း ရှိခဲ့ပါတယ်။

လတ်တလော နိုင်ငံရေးမှာ သဘောထားတင်းမာနေတဲ့အုပ်စုကို အလျှော့ပေးပျော့ပြောင်းသူများအဖြစ် သရုပ်ဖော်ထားသလို ‘ခြံဝင်းတစ်ခုမှာ ခြံခတ်မှလုံခြုံတာ၊ တိုင်းပြည်တစ်ခုမှာ စစ်တပ်မရှိရင် လုံခြုံမှာလား’ ဆိုသည့် စာသားဖွဲ့စည်းပုံက အများလက်မခံနိုင်စရာဖြစ်သလို ‘တစ်မျိုးသားလုံးက စိတ်ဓာတ်များကိုပြင်ဆင်နေတုန်းမှာ အာဏာရှင်များက တစ်ချက်လောက်ငဲ့ကာ ဆင်ခြင်ပေးပါ’ ဆိုတဲ့ စာသားကတော့ ပြည်သူရွေးကောက်တင်ထားတဲ့ လက်ရှိ ပြည်သူ့အစိုးရကို တိုက်ခိုက်ခဲ့သလိုဖြစ်ခဲ့တဲ့အတွက် အဆိုပါသီချင်းက မူလစီစဉ်သူ အဆိုတော်ပြောသလို အကျိုးပြုဆိုတဲ့ ခေါင်းစဉ်ကနေလွဲချော်ပြီး ဘယ်ဘက်ကရပ်တည်ပြီး ရေးဖွဲ့သလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အဆိုပါ ၁၄ မိနစ်ကြာ သီချင်းကို သရုပ်ဖော်ရာမှာ စဖွင့်ကတည်းကပြတဲ့ ရုပ်ကတ်တွေက အာဏာရပါတီတက်လာတဲ့အတွက် လုပ်ငန်းရှင်ကြီးတွေမှာ အခက်အခဲတွေဖြစ်ရတယ်ဆိုတာကို ပြခဲ့သလို အလုပ်လက်မဲ့ဖြစ်ရတာကိုပါ ပြခဲ့တဲ့အတွက် ဒါဟာ ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် ‘ဦးနှောက်ကိုအသုံးချဖို့ သင်တုန်းက မင်းအိပ်ပျော်နေလား၊ အဘဘောမ စစ်ခွေးလို့ လှုံ့ဆော်ပြီး မင်းတို့သိပ်ပျော်နေကြ၊ ထမိန်ခြုံလို့ထပ်ပြော တိုင်းပြည်ရဲ့အမှိုက်တွေ သိပ်ပျော်နေတာ’ ဆိုပြီး လူမှုကွန်ရက်မှာ  ပြင်းထန်စွာတိုက်ခိုက်နေကြတဲ့ institution ဘက်က လူတွေနဲ့ ပြည်သူတွေလေးစားတဲ့ ခေါင်းဆောင်ဘက်ကလူတွေသုံးတဲ့ နှစ်ဘက်စကားတွေကို ယူသုံးထားတာကလည်း သီချင်းရေးဖွဲ့သူကပြောတဲ့ ငြိမ်းချမ်းမှုထက် လက်ရှိဖြစ်နေတဲ့ ပြည်တွင်းတင်းမာနေမှုကို ပိုပြီးအငြင်းပွားစရာဖြစ်စေခဲ့ပါတယ်။

အထူးသဖြင့် လက်ရှိအခြေအနေအရ ပြည်သူများစိုးရိမ်မှုရှိနေသည့် နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံသည့်အခန်း ထည့်ထားသည်ကတော့ မဖြစ်သင့်သည့်အခန်းဖြစ်သလို အများပြည်သူလက်မခံသည့် ပြကွက်ဖြစ်သဖြင့် ဆိုးဝါးလှပါတယ်။သီချင်းထဲတွင်ပါသည့် “ငါတို့ရဲ့ကမ်းလှမ်းမှုကို လက်ခံပါ ခေါင်းမာမနေပါနဲ့”၊ “မင်းသေချာစဉ်းစားပါ ... မင်းကိုကာကွယ်ပေးမယ့်သူ ဘယ်သူမှမရှိဘူး” ၊ “မင်းမလိုက်လျောရင် မင်းအတွက်အန္တရာယ်ရှိတယ်” ဟူသည့် ခြိမ်းခြောက်ထားသည့် ဇာတ်ကွက်များလည်း ပါဝင်ခဲ့သဖြင့် လူမှုကွန်ရက်တွင် မခံမရပ်နိုင်ဖြစ်ကာ တင်းမာမှုအရှိန်ကို မြင့်တက်စေခဲ့ပါတယ်။အဆိုပါသီချင်းကို စည်းလုံးညီညွတ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားထားသည်ဆိုသော်လည်း သီချင်းကိုသရုပ်ဖော်သည့် ပြကွက်အတော်များများကတော့ တစ်ဖက်စောင်းနင်းကျလွန်းသဖြင့် အဆိုတော် ဆောင်းဦးလှိုင် က လူမှုကွန်ရက်တွင် ယင်းသီချင်းနှင့်ပတ်သက်ပြီး ‘‘အာဏာရှင်ဖား အနုပညာသမားများ’’၊ ‘‘တိုင်းပြည်ဖျက်မယ့်အကြံ’’ ခေါင်းစဉ်နှစ်ခုဖြင့် ပို့စ်နှစ်ခုရေးသား၍ တင်ခဲ့သလို  ယင်းဗီဒီယိုဖိုင်ကဲ့သို့ ဖန်တီးမှုများ နောက်ပိုင်းတွင်လည်းထွက်လာနိုင်ပြီး မည်သူက ဘာလုပ်နေသည်ကို တိတိကျကျသိသောကြောင့် ယခုထက်ပို၍ ယုတ်မာလာပါက နာမည်များဖြင့်ဖော်ထုတ်သွားမည်ဆိုပြီး ရေးတင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အဆိုတော်ဆောင်းဦးလှိုင်ကဲ့သို့ အဆိုတော်လင်းလင်းကလည်း ယင်းသီချင်း ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ‘‘လူဖြစ်ဖို့ တစ်ဆင့်လို (တစ်ရည်လို) နေတဲ့ အနုပညာဖန်တီးမှုတွေဟာ ပရိသတ် (ပြည်သူ) အတွက် အဆိပ်သင့်စေတာကလွဲရင် အခြားအကျိုးတရား (ခံစားမှု) ဘာမှမရှိ နတ္တိပါဘဲ။ဓမ္မနဲ့ အဓမ္မကို ဇွတ် (မရမက) တန်းဆွဲညှိပြီး  ဦးညွှတ်ခိုင်းတာဟာ ယခုရွေးကောက်ပွဲ ၂၀၂၀ တင်မက နောင်လာလတ္တံ့သော နိုင်ငံ့အနာဂတ်အဆက်ဆက်အတွက် ကြောက်စရာအကောင်းဆုံး (အကြီးမားဆုံး) ဘုံရန်သူဘဲ’’ ဆိုကာ ရေးသားခဲ့ပါတယ်။

ဒီလို ကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေ နိုင်ငံရေးသမားတွေက ဝေဖန်မှုပြင်းထန်ခဲ့တဲ့အတွက် ရိုက်ကူးစီစဉ်သီဆိုခဲ့သူ အဆိုတော်ယုန်လေးဆိုသူက ဩဂုတ် ၅ ရက်မှာ ဝေဖန်မှုများနှင့်ပတ်သက်၍ စိတ်မကောင်း ကြောင်း၊ အများဝေဖန်နေသကဲ့သို့ ငွေကြေးယူကာ ဖန်တီးခဲ့ခြင်းမဟုတ်ကြောင်း ဖြေရှင်းခဲ့သလို ဗီဒီယိုဖိုင်ကို လည်း ဖြုတ်ချပေးမည်ဖြစ်ကြောင်း ပြောခဲ့ကာ ယင်းဗီဒီယိုဖိုင်နှင့်ပတ်သက်၍ နိုင်ငံတော် အကြီးအကဲများကို လက်အုပ်ချီ၍ တောင်းပန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ဒီတောင်းပန်မှုမှာ နိုင်ငံရေးနှင့်ပတ်သက်ပြီး ဖန်တီးမှုများပြုလုပ်တော့မည်မဟုတ်ဘူးလို့ ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

ယင်းအငြင်းပွားဖွယ် ဂီတဗီဒီယိုကို ဩဂုတ် ၅ မွန်းလွဲပိုင်းမှာ Live လွှင့် တောင်းပန်ပြီးနောက် ၎င်း၏အကောင့်နှင့် စာမျက်နှာများတွင် ဖြုတ်ချခဲ့ပြီး ဩဂုတ် ၆ ရက်နံနက်က ရုပ်ရှင်အစည်းအရုံးသို့ သွားရောက်၍  တောင်းပန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ဩဂုတ် ၇ ရက်မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ငါတို့အားလုံးရဲ့မြေ ‘စည်းလုံးသင့်ပြီ မြန်မာပြည်’ MV ရိုက်ကူးသည့် ယုန်လေးကို COVID-19 ကပ်ရောဂါကာလအတွင်း ရုပ်ရှင်လောကသားများလိုက်နာရမည့် စည်းကမ်းချက်ကို မလိုက်နာလို့  ရိုက်ကူးခွင့်တစ်နှစ်ပိတ်ပင်ခဲ့ပါတယ်။

ထိုသို့ပိတ်ပင်ကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် ဩဂုတ် ၇ ရက် ညနေ ၃ နာရီခန့်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ၁၉ မိနစ်ခန့် Live လွှင့်ကာ ထုတ်လုပ်သူနှစ်ဦး၊ ဇာတ်ညွှန်းရေးသားသူတစ်ဦးကို နာမည်ခေါ်၍ တွေ့ဆုံရှင်းလင်းရန်ခေါ်ခဲ့ကာ ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။ယခုအဖြစ်အပျက်က နောက်ဆက်တွဲများစွာ ဖြစ်လာနိုင်မှုတွေရှိသလို Live လွှင့်ကာ ပြောဆိုမှုတွင်ပါဝင်သည့် ငွေကျပ် သိန်း ၇၀၀၀ ရယူကာ ရိုက်ပေးခဲ့သည်ဆိုသည့် စွပ်စွဲပြောဆိုမှုနှင့် တစ်ပြိုင်နက် facebook စာမျက်နှာ ၅ ခုတွင် လွင့်တင်ခဲ့မှုတွေကလည်း အများပြည်သူအကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

ဒီမိုကရေစီအရေးတော်ပုံဖြစ်တဲ့ ၁၉၈၈ ခုနှစ်မှာ ၃ နှစ်သားသာရှိသေးတဲ့ လူတစ်ယောက် ဖန်တီးခဲ့တဲ့ ယနေ့မြန်မာနိုင်ငံရေးအခြေအနေကို ပုံဖျက်ဖော်ပြထားတဲ့ သီချင်းဗီဒီယိုက ဘယ်လောက်ထိ နောက်ဆက်တွဲဂယက်ရိုက်မှုတွေ ရှိလာဦးမလဲ ဘာတွေဖြစ်လာဦးမလဲဆိုတာ တထိတ်ထိတ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီလိုစိတ်ဝင်စားဖွယ်ရာ သတင်းတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတဲ့ " အောင်ဆန်း ရုပ်ရှင်" ကို  ယခုရက်သတ္တပတ်ထဲ ပြန်လည်ရိုက်ကူးနေတဲ့သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းကို သွားရောက်ခဲ့တဲ့သတင်း။ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတချို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုတွေ ရှိနေတဲ့သတင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀ဘက်မှာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်တဲ့သတင်း၊ မိတ္ထီလာ စည်ပင်သာယာရေးအရာရှိ ၃ ဦးကို နိုင်ငံတော်ဘဏ္ဍာငွေ သိန်း ၂၀၀ ကျော် ဆုံးရှုံးအောင်လုပ်ခဲ့လို့ အဂတိမှုနဲ့ အရေးယူအမှုဖွင့်ခဲ့တဲ့သတင်း၊ တပ်မတော်အက်ဥပဒေပြင်ဆင်မှုကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်လိုက်တဲ့သတင်း၊ ၁၀ တန်းအောင်စာရင်းထွက်ပြီး ၃ ရက်အတွင်း ကရင်ပြည်နယ်အတွင်းက အထင်ကရတောင်တွေမှာ  ကယ်ဆယ်ရေးစခန်းဖွင့်ကာစောင့်ကြည့်ဖို့ စီစဉ်နေတဲ့သတင်း၊ နာမည်ကျော် တရားဟောဆရာ ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်တဲ့သတင်း၊ တောင်ဥက္ကလာမှာဖြစ်ခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှုက တရားခံတွေကို စစ်တွေမှာဖမ်းမိခဲ့တဲ့သတင်း၊ စတဲ့သတင်းတွေလည်း ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
သြဂုတ် - ၈

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ လူေတြစိတ္အဝင္စားဆုံးျဖစ္ခဲ့တဲ့ သတင္းႏွစ္ပုဒ္ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲမွာ အဆိုေတာ္တစ္ဦးက စီစဥ္႐ိုက္ကူးတဲ့ သီခ်င္းတစ္ပုဒ္နဲ႔ ျပည္ေထာင္စုဝန္ႀကီးကိုယ္တိုင္ေတာင္ သူ႔မိသားစုမဲစာရင္းမွာ မွားယြင္းေနတဲ့အေၾကာင္း ေျပာခဲ့ရတဲ့အထိျဖစ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲမဲစာရင္း မွားယြင္းမႈသတင္းေတြနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္သူေတြ စာရင္းပါဘဲ။

ျပင္းထန္လာႏိုင္သည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ

လာမည့္ေ႐ြးေကာက္ပြဲက ထင္ထားသည့္ထက္ ပို၍ျပင္းထန္လာႏိုင္စရာရွိေနပါတယ္။ယခုရက္သတၱပတ္အတြင္း ေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ စာရင္းတင္သြင္းရမည့္ ေနာက္ဆုံးရက္ျဖစ္သျဖင့္ အာဏာရပါတီဘက္မွေရာ၊ အတိုက္အခံပါတီမ်ားဘက္မွပါ စာရင္းေနာက္ဆုံးတင္သြင္းရသျဖင့္ မထင္မွတ္သူမ်ားပါဝင္လာတာကို ေတြ႕ရပါတယ္။အာဏာရပါတီဘက္မွ ထိပ္ပိုင္းေခါင္းေဆာင္မ်ားျဖစ္သည့္ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ ၿပီးခဲ့သည့္ ၂၀၁၅ ေ႐ြးေကာက္ပြဲက ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ မဲဆႏၵနယ္မ်ားတြင္ ဆက္လက္ေ႐ြးေကာက္ခံရန္ ယခုရက္ပိုင္းအတြင္း စာရင္းတင္သြင္းခဲ့တာကို ေတြ႕ရပါတယ္။

အာဏာရပါတီအေနျဖင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျပင္းထန္ေနသည့္ ရခိုင္ျပည္နယ္တြင္ အေစာပိုင္းက ဝင္ေရာက္ေ႐ြးခ်ယ္ယွဥ္ၿပိဳင္မည့္ လူရွာရခက္ေနသည္ဟု အသံမ်ားထြက္ခဲ့ေသာ္လည္း မက်င္းပျဖစ္သည့္ ၿမိဳ႕နယ္မ်ားမွလြဲ၍ က်န္ၿမိဳ႕နယ္အားလုံး ေ႐ြးေကာက္ပြဲဝင္မည္ဆိုၿပီး အသံမ်ားထြက္လာခဲ့ပါတယ္။ထူးျခားသည္က ယခင္ႀကံ့ခိုင္ေရးအသင္းကေန ပါတီအသြင္ေျပာင္းခဲ့ၿပီး တပ္မေတာ္မွ အၿငိမ္းစားအရာရွိႀကီးမ်ား ဦးေဆာင္ပါဝင္ေနသည့္ ျပည္ခိုင္ၿဖိဳးပါတီဘက္မွ ယခုလာမည့္ေ႐ြးေကာက္ပြဲတြင္ ယခင္ ၂၀၁၅ ခုႏွစ္မတိုင္မီက ထိပ္တန္းေနရာအေတာ္မ်ားမ်ားကို ကိုင္တြယ္ထားသူမ်ား ပါဝင္လာခဲ့တာကို ေတြ႕ရပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီဘက္မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံးစိုက္ရာ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ပါတီဥကၠ႒ ဦးသန္းေဌး၊ ဝန္ထမ္းအမ်ားဆုံးေနထိုင္သည့္ ဇဗၺဴသီရိၿမိဳ႕နယ္တြင္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဦးဝဏၰေမာင္လြင္၊ ပုဗၺသီရိၿမိဳ႕နယ္တြင္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဦးေဝလြင္၊ ဥတၱရသီရိၿမိဳ႕နယ္တြင္ ဘ႑ာေရးဝန္ႀကီးေဟာင္း ဦးဝင္းရွိန္ႏွင့္ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ လယ္/ဆည္ဝန္ႀကီးေဟာင္း ဦးျမင့္လႈိင္၊ ဧရာ၀တီဘက္တြင္ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးသိန္းေအာင္တို႔ ပါဝင္လာတာကိုေတြ႕ရပါတယ္။ကယားျပည္နယ္တြင္ေတာ့ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးခင္ေမာင္ဦး (ခ) ဦးဘူးရယ္က ထူးထူးျခားျခား ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ ( KySDP ) ကို ကိုယ္စားျပဳၿပီး လြိဳင္ေကာ္ကေန ပါဝင္ယွဥ္ၿပိဳင္ဖို႔ စာရင္းေပးတာကိုေတြ႕ ရပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံလည္းျဖစ္၊ အာဏာရပါတီရဲ႕ ေခါင္းေဆာင္လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္ယွဥ္ၿပိဳင္မယ့္ ေကာ့မႈးမဲဆႏၵနယ္မွာေတာ့ NLD ပါတီရဲ႕ ၿပိဳင္ဘက္ ျပည္ခိုင္ၿဖိဳးပါတီ၊ ပါတီသစ္ျဖစ္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီဘက္က ဥကၠ႒ ဦးေဒးဗစ္လွျမင့္၊ အာဏာရပါတီကို ေတာက္ေလွ်ာက္တိုက္ခိုက္ခဲ့တဲ့ ဟိုတယ္လုပ္ငန္းရွင္ ဦးေဌးေအာင္ဆိုသူက တစ္သီးပုဂၢလအျဖစ္နဲ႔ ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္လို႔ ေကာ့မႈးမဲဆႏၵနယ္က စိတ္ဝင္စားဖြယ္ပါဘဲ။ေနာက္ထပ္စိတ္ဝင္စားဖြယ္ရာေကာင္းတာက ဒဂုံမဲဆႏၵနယ္မွာပါ။အာဏာရပါတီဘက္ကေနခြဲထြက္ၿပီး တစ္သင္းလုံးကန္မည္ဆိုၿပီး ပါတီတည္ေထာင္ခဲ့တဲ့ ေဒၚသက္သက္ခိုင္ ဦးေဆာင္တဲ့ ပီသုံးလုံးပါတီ (PPP) ပါတီမွာ  ဒု-ဥကၠ႒အျဖစ္ တာဝန္ယူခဲ့တဲ့ ဦးေက်ာ္ေဇယ် က အာဏာရပါတီဘက္ ရန္ကုန္တိုင္းစီးပြားေရးဝန္ႀကီးနဲ႔ ေနျပည္ေတာ္ ဒု-ၿမိဳ႕ေတာ္ဝန္ တာဝန္ယူထားသူ ကိုရဲမင္းဦး ပါဝင္ယွဥ္ၿပိဳင္ရာ မဲဆႏၵနယ္ဘက္ကိုေ႐ႊ႕ၿပီး ဝင္ၿပိဳင္တဲ့အတြက္ စိတ္ဝင္စားဖြယ္ရာေကာင္းေနသလို ပီသုံးလုံးပါတီ ဥကၠ႒ ေဒၚသက္သက္ခိုင္ကလည္း အာဏာရပါတီက ထိပ္တန္းေခါင္းေဆာင္ ေဒၚေမဝင္းျမင့္ ယွဥ္ၿပိဳင္မယ့္ မရမ္းကုန္းကေန ပါဝင္ယွဥ္ၿပိဳင္ဖို႔ရွိတဲ့အတြက္ ဒီေနရာေတြက ထြက္လာမယ့္ရလဒ္ေတြက စိတ္ဝင္စားဖြယ္ရာေတြျဖစ္သလို ရလဒ္ေတြေၾကာင့္လည္း ႏိုင္ငံေရးအရ do or die ေတြ ျဖစ္လာစရာရွိႏိုင္ပါတယ္။

တျခားတစ္ဘက္မွာ ေအေအလက္နက္ကိုင္ေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းမွာ ၿမိဳ႕နယ္အခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲက်င္းပျဖစ္ဖို႔ မေသခ်ာေပမယ့္ ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရခိုင္ေတာင္ပိုင္းမွာေတာ့ ရခိုင္ပါတီအခ်င္းခ်င္းႏွင့္ ျပည္မပါတီၾကားယွဥ္ၿပိဳင္မႈက ျပင္းထန္လာဖြယ္ရွိေနပါတယ္။ဒီေနရာေတြမွာ ရခိုင္အမ်ိဳးသားပါတီ (ANP)၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ALD)၊ ရခိုင့္ေရွ႕ေဆာင္ပါတီ (AFP)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) ႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) တို႔ ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္မက်င္းပျဖစ္တဲ့အတြက္ ေတာင္ပိုင္းမွာ ယွဥ္ၿပိဳင္အေ႐ြးခံတဲ့သေဘာ ျဖစ္ေနပါတယ္။ထူးျခားတာက အာဏာရပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိုယ္ေရးအရာရွိတစ္ဦးျဖစ္ခဲ့သလို NLD ပါတီ ဥကၠ႒ ႐ုံးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ေဒါက္တာတင္မာေအာင္ က ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ALD) ဘက္ေန ေတာင္ကုတ္မွာ ပါဝင္ယွဥ္ၿပိဳင္မွာပါ။

ဒီေနရာမွာ သတိျပဳမိတာက တပ္ေတြအေျခစိုက္ရာရွိတဲ့ ရန္ကုန္က မရမ္းကုန္း၊ ဒဂုံနဲ႔ မဂၤလာဒုံ စတဲ့ေနရာေတြနဲ႔ ျပည္နယ္နဲ႔ တိုင္းေတြရွိ တပ္ေတြရွိရာ မဲဆႏၵနယ္ေတြမွာ ယခုလႊတ္ေတာ္ကျပင္ဆင္ခဲ့တဲ့ တပ္ျပင္ပမွာ မဲ႐ုံထားရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေၾကာင့္ မဲေတြက ဘယ္လိုျဖစ္လာမလဲဆိုတာပါ။လက္ရွိမွာ လ၀က ျပည္ေထာင္စုဝန္ႀကီးရဲ႕ မိသားစုဝင္ေတြေတာင္ မဲစာရင္းထဲပါဝင္မႈမရွိျဖစ္ေနတဲ့ မဲဆႏၵရွင္စာရင္းမွားယြင္းမႈက အမ်ားျပည္သူသတိထားမိစရာျဖစ္ခဲ့သလို ေနာက္ထပ္စစ္ေဆးရမယ့္ရက္ကိုလည္း ရက္သတၱပတ္ ေနာက္တစ္ပတ္ထပ္တိုးေပးခဲ့ရတာလည္းရွိပါတယ္။သမၼတဦးဝင္းျမင့္ကေတာ့ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွာ ဩဂုတ္လ ၂ ရက္က လာစာရင္းတင္သြင္းစဥ္ မဲစာရင္းေတြမွားတာနဲ႔ပတ္သက္ၿပီး မွန္မွန္ကန္ကန္ျဖစ္ေစဖို႔၊ ျပည္သူအားလုံး မဲေပးပိုင္ခြင့္မဆုံးရႈံးေစဖို႔၊ သမာသမတ္ျဖစ္ေစဖို႔ မွာခဲ့တာကိုေတြ႕ရပါတယ္။

ဒီကာလထဲမွာ မဲမေပးဖို႔ လႈံ႕ေဆာ္ေနတဲ့ အုပ္စုေတြရဲ႕ လႈပ္ရွားမႈကလည္း ခပ္စိတ္စိတ္ျဖစ္လာတဲ့အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဩဂုတ္ ၅ ရက္ကျပဳလုပ္တဲ့ Covid-19 ကာလ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးႏွင့္ပတ္သက္တဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ အြန္လိုင္းစကားဝိုင္းမွာ ဒီလိုလႈံ႕ေဆာ္ေနတာေတြကို ေျပာခဲ့ပါတယ္။ဒီလိုေ႐ြးေကာက္ပြဲမွာ မဲေပးဖို႔က ႏိုင္ငံသားမ်ား၏ အခြင့္အေရးႏွင့္ တာဝန္ျဖစ္တယ္ဆိုၿပီး မဲေပးျခင္းမျပဳဘဲ ေဝဖန္မႈသာျပဳလုပ္မည္ဆိုပါက တာဝန္မဲ့ရာေရာက္တယ္လို႔ ေျပာခဲ့ပါတယ္။ဒီလိုေ႐ြးေကာက္ပြဲ၌ မဲေပးသင့္၊ မသင့္ (Vote - no Vote) ျငင္းခုံေဆြးေႏြးမႈေတြက ႏိုဝင္ဘာ ၈ ရက္တြင္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲက်င္းပမည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ၿပီးေနာက္မွာ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ထူးျခားသည္က ဒီမိုကရက္တစ္ႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားထဲက ဒီခ်ဳပ္ပါတီ၏ လက္ရွိအာဏာရသက္တမ္းအတြင္း ေဆာင္႐ြက္ခ်က္အေပၚ အားမရမႈႏွင့္ ႏိုင္ငံေရးအေျပာင္းအလဲအေပၚ ေက်နပ္မႈမရွိတဲ့သူေတြက မဲမေပးဖို႔ ဦးေဆာင္လႈပ္ရွားလာတာျဖစ္ၿပီး ဒီထဲမွာ မထင္မွတ္ဘဲပါဝင္လာတာက ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူရဲ႕ ၅၂ ရာခိုင္ႏူန္း မဲမေပးလို႔ ေ႐ြးေကာက္ပြဲပ်က္ျပယ္ရင္ အက်ိဳးရွိမယ့္အုပ္စုေတြပါ။အမ်ားျပည္သူနဲ႔ မီဒီယာေတြက မဲမေပးဖို႔ လႈံ႕ေဆာ္တဲ့သူေတြကို အျပင္းအထန္ေဝဖန္ဆန္႔က်င္မႈေတြရွိတဲ့အတြက္ လက္ရွိအခ်ိန္မွာ အရွိန္အနည္းငယ္ေလ်ာ့က်သြားေပမယ့္ မွန္းဆလို႔မရေသးပါဘူး။

ယခုေ႐ြးေကာက္ပြဲမွာ အာဏာရပါတီရဲ႕ ၿပိဳင္ဘက္အခ်ိဳ႕က ဒီမိုကေရစီပိုမိုျဖစ္ထြန္းဖို႔ထက္ အာဏာရပါတီ ထပ္မံေ႐ြးေကာက္မခံရဖို႔ကို ဦးတည္ၿပီး ျဖစ္တဲ့နည္းလမ္းမွန္သမွ်ကိုအသုံးျပဳၿပီး အပုတ္ခ်တိုက္ခိုက္မႈေတြလုပ္ေနတာက စိတ္ပ်က္စရာျဖစ္ပါတယ္။လာမည့္  ၂၀၂၀ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ စီစဥ္ထားတဲ့အတိုင္းသာဆိုရင္ ပါတီေပါင္း ၉၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ဒါေပမယ့္ ကိုဗစ္ ၁၉ အရွိန္က ပိုျပင္းလာတာရယ္၊ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းမွာ အေရးပါေနတဲ့ ယခင္လူေတြေျခရႈပ္မႈ ပိုျမင္လာရတာရယ္ေတြေၾကာင့္ ေနာက္လာမယ့္ရက္ေတြမွာ ျမင္ရဖြယ္ရွိတဲ့ မဲဆြယ္ပြဲေတြက ပိုစိတ္ဝင္စားစရာေကာင္းလာပါတယ္။ပါတီအခ်ိဳ႕အေနနဲ႔ ကိုယ့္ကိုယ္ကို အထင္ႀကီးၿပီး ျပည္သူေတြကို ႏိုင္လိုမင္းထက္ ေျပာဆိုၿခိမ္းေျခာက္ေနတာေတြ၊ လွည့္ပတ္ေနတာေတြ၊ အာဏာကို အေမြဆိုင္လို႔ သေဘာထားတာေတြက ႏိုဝင္ဘာ ၈ ရက္မွာ နိဂုံးခ်ဳပ္ဖြယ္ရွိေနသလို သူတို႔ရဲ႕ႏိုင္ငံေရးလည္း နိ႒ိတံဖြယ္ ျမင္ေနရပါတယ္။အာဏာဆိုတာ ျပည္သူထံက ဆင္းသက္တာဆိုတဲ့ သေဘာတရားအတိုင္းလုပ္ေနတဲ့ ပါတီမွန္သမွ် လာမည့္ေ႐ြးေကာက္ပြဲမွာ ျပည္သူေတြကေ႐ြးခ်ယ္လာမွာ ေသခ်ာေနပါတယ္။ျပည္သူကို မ်က္ႏွာမမူဘဲ အာဏာရေရးကို မ်က္ႏွာမူခဲ့သူေတြရဲ႕ နိဂုံးကိုလည္း ႏိုဝင္ဘာ ၈ ရက္ေနာက္ပိုင္းမွာ ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

ျပည္သူေတြရဲ႕ ျပင္းထန္တဲ့တုံ႔ျပန္မႈကို ရင္ဆိုင္လိုက္ရတဲ့ သီခ်င္း

ဩဂုတ္လ ၄ ရက္မွာ တင္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္က ျမန္မာ့ႏိုင္ငံေရးကို လႈပ္ခတ္ခဲ့သလို အေတာ္ေလးလဲ သတိထားစရာျဖစ္ခဲ့ပါတယ္။နာမည္ကေတာ့  အဆိုေတာ္ယုန္ေလး စီစဥ္ၿပီး သ႐ုပ္ေဆာင္ ၇၀ နီးပါး ပါဝင္တဲ့ ‘‘ငါတို႔အားလုံးရဲ႕ေျမ’’ ဆိုတဲ့ သီခ်င္းပါ။နာမည္ႀကီးအဆိုေတာ္ေတြပါဝင္ၿပီး ႐ုပ္မပါဘဲ သီခ်င္းကိုနားေထာင္မယ္ဆိုရင္ အေစာပိုင္းမွာ လက္ခံစရာေကာင္းေပမယ့္ ေနာက္ပိုင္း သီခ်င္းစာသားေတြက ဝိဝါဒလြဲမွား ေဒါသထြက္စရာေတြ ပါဝင္ခဲ့ပါတယ္။ဒါေၾကာင့္လည္း အႏုပညာရွင္အားေကာင္းေကာင္းနဲ႔ ပါဝင္သီဆိုထားတဲ့ အက်ိဳးျပဳသီခ်င္းက လႊင့္တင္ၿပီး နာရီအနည္းငယ္အတြင္းမွာ လူမႈကြန္ရက္တစ္ခုလုံး ဆဲသံဆိုသံေတြနဲ႔ ပြက္ပြက္ညံခဲ့ရသလို ေထာက္ခံအားေပးသူ အႏုပညာရွင္အခ်ိဳ႕နဲ႔ ပရိတ္သတ္အခ်ိဳ႕လည္း ရွိခဲ့ပါတယ္။

လတ္တေလာ ႏိုင္ငံေရးမွာ သေဘာထားတင္းမာေနတဲ့အုပ္စုကို အေလွ်ာ့ေပးေပ်ာ့ေျပာင္းသူမ်ားအျဖစ္ သ႐ုပ္ေဖာ္ထားသလို ‘ၿခံဝင္းတစ္ခုမွာ ၿခံခတ္မွလုံၿခဳံတာ၊ တိုင္းျပည္တစ္ခုမွာ စစ္တပ္မရွိရင္ လုံၿခဳံမွာလား’ ဆိုသည့္ စာသားဖြဲ႕စည္းပုံက အမ်ားလက္မခံႏိုင္စရာျဖစ္သလို ‘တစ္မ်ိဳးသားလုံးက စိတ္ဓာတ္မ်ားကိုျပင္ဆင္ေနတုန္းမွာ အာဏာရွင္မ်ားက တစ္ခ်က္ေလာက္ငဲ့ကာ ဆင္ျခင္ေပးပါ’ ဆိုတဲ့ စာသားကေတာ့ ျပည္သူေ႐ြးေကာက္တင္ထားတဲ့ လက္ရွိ ျပည္သူ႔အစိုးရကို တိုက္ခိုက္ခဲ့သလိုျဖစ္ခဲ့တဲ့အတြက္ အဆိုပါသီခ်င္းက မူလစီစဥ္သူ အဆိုေတာ္ေျပာသလို အက်ိဳးျပဳဆိုတဲ့ ေခါင္းစဥ္ကေနလြဲေခ်ာ္ၿပီး ဘယ္ဘက္ကရပ္တည္ၿပီး ေရးဖြဲ႕သလဲဆိုတာကို ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

အဆိုပါ ၁၄ မိနစ္ၾကာ သီခ်င္းကို သ႐ုပ္ေဖာ္ရာမွာ စဖြင့္ကတည္းကျပတဲ့ ႐ုပ္ကတ္ေတြက အာဏာရပါတီတက္လာတဲ့အတြက္ လုပ္ငန္းရွင္ႀကီးေတြမွာ အခက္အခဲေတြျဖစ္ရတယ္ဆိုတာကို ျပခဲ့သလို အလုပ္လက္မဲ့ျဖစ္ရတာကိုပါ ျပခဲ့တဲ့အတြက္ ဒါဟာ ေဝဖန္စရာျဖစ္လာခဲ့ပါတယ္။ဒါ့အျပင္ ‘ဦးေႏွာက္ကိုအသုံးခ်ဖို႔ သင္တုန္းက မင္းအိပ္ေပ်ာ္ေနလား၊ အဘေဘာမ စစ္ေခြးလို႔ လႈံ႕ေဆာ္ၿပီး မင္းတို႔သိပ္ေပ်ာ္ေနၾက၊ ထမိန္ၿခဳံလို႔ထပ္ေျပာ တိုင္းျပည္ရဲ႕အမႈိက္ေတြ သိပ္ေပ်ာ္ေနတာ’ ဆိုၿပီး လူမႈကြန္ရက္မွာ  ျပင္းထန္စြာတိုက္ခိုက္ေနၾကတဲ့ institution ဘက္က လူေတြနဲ႔ ျပည္သူေတြေလးစားတဲ့ ေခါင္းေဆာင္ဘက္ကလူေတြသုံးတဲ့ ႏွစ္ဘက္စကားေတြကို ယူသုံးထားတာကလည္း သီခ်င္းေရးဖြဲ႕သူကေျပာတဲ့ ၿငိမ္းခ်မ္းမႈထက္ လက္ရွိျဖစ္ေနတဲ့ ျပည္တြင္းတင္းမာေနမႈကို ပိုၿပီးအျငင္းပြားစရာျဖစ္ေစခဲ့ပါတယ္။

အထူးသျဖင့္ လက္ရွိအေျခအေနအရ ျပည္သူမ်ားစိုးရိမ္မႈရွိေနသည့္ ႏိုင္ငံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို လုပ္ႀကံသည့္အခန္း ထည့္ထားသည္ကေတာ့ မျဖစ္သင့္သည့္အခန္းျဖစ္သလို အမ်ားျပည္သူလက္မခံသည့္ ျပကြက္ျဖစ္သျဖင့္ ဆိုးဝါးလွပါတယ္။သီခ်င္းထဲတြင္ပါသည့္ “ငါတို႔ရဲ႕ကမ္းလွမ္းမႈကို လက္ခံပါ ေခါင္းမာမေနပါနဲ႔”၊ “မင္းေသခ်ာစဥ္းစားပါ ... မင္းကိုကာကြယ္ေပးမယ့္သူ ဘယ္သူမွမရွိဘူး” ၊ “မင္းမလိုက္ေလ်ာရင္ မင္းအတြက္အႏၲရာယ္ရွိတယ္” ဟူသည့္ ၿခိမ္းေျခာက္ထားသည့္ ဇာတ္ကြက္မ်ားလည္း ပါဝင္ခဲ့သျဖင့္ လူမႈကြန္ရက္တြင္ မခံမရပ္ႏိုင္ျဖစ္ကာ တင္းမာမႈအရွိန္ကို ျမင့္တက္ေစခဲ့ပါတယ္။အဆိုပါသီခ်င္းကို စည္းလုံးညီၫြတ္ေစလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေရးသားထားသည္ဆိုေသာ္လည္း သီခ်င္းကိုသ႐ုပ္ေဖာ္သည့္ ျပကြက္အေတာ္မ်ားမ်ားကေတာ့ တစ္ဖက္ေစာင္းနင္းက်လြန္းသျဖင့္ အဆိုေတာ္ ေဆာင္းဦးလႈိင္ က လူမႈကြန္ရက္တြင္ ယင္းသီခ်င္းႏွင့္ပတ္သက္ၿပီး ‘‘အာဏာရွင္ဖား အႏုပညာသမားမ်ား’’၊ ‘‘တိုင္းျပည္ဖ်က္မယ့္အႀကံ’’ ေခါင္းစဥ္ႏွစ္ခုျဖင့္ ပို႔စ္ႏွစ္ခုေရးသား၍ တင္ခဲ့သလို  ယင္းဗီဒီယိုဖိုင္ကဲ့သို႔ ဖန္တီးမႈမ်ား ေနာက္ပိုင္းတြင္လည္းထြက္လာႏိုင္ၿပီး မည္သူက ဘာလုပ္ေနသည္ကို တိတိက်က်သိေသာေၾကာင့္ ယခုထက္ပို၍ ယုတ္မာလာပါက နာမည္မ်ားျဖင့္ေဖာ္ထုတ္သြားမည္ဆိုၿပီး ေရးတင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အဆိုေတာ္ေဆာင္းဦးလႈိင္ကဲ့သို႔ အဆိုေတာ္လင္းလင္းကလည္း ယင္းသီခ်င္း ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္တြင္ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၿပီး ‘‘လူျဖစ္ဖို႔ တစ္ဆင့္လို (တစ္ရည္လို) ေနတဲ့ အႏုပညာဖန္တီးမႈေတြဟာ ပရိသတ္ (ျပည္သူ) အတြက္ အဆိပ္သင့္ေစတာကလြဲရင္ အျခားအက်ိဳးတရား (ခံစားမႈ) ဘာမွမရွိ နတၱိပါဘဲ။ဓမၼနဲ႔ အဓမၼကို ဇြတ္ (မရမက) တန္းဆြဲညႇိၿပီး  ဦးၫႊတ္ခိုင္းတာဟာ ယခုေ႐ြးေကာက္ပြဲ ၂၀၂၀ တင္မက ေနာင္လာလတၱံ့ေသာ ႏိုင္ငံ့အနာဂတ္အဆက္ဆက္အတြက္ ေၾကာက္စရာအေကာင္းဆုံး (အႀကီးမားဆုံး) ဘုံရန္သူဘဲ’’ ဆိုကာ ေရးသားခဲ့ပါတယ္။

ဒီလို ေက်ာ္ၾကားသူေတြနဲ႔ အႏုပညာရွင္ေတြ ႏိုင္ငံေရးသမားေတြက ေဝဖန္မႈျပင္းထန္ခဲ့တဲ့အတြက္ ႐ိုက္ကူးစီစဥ္သီဆိုခဲ့သူ အဆိုေတာ္ယုန္ေလးဆိုသူက ဩဂုတ္ ၅ ရက္မွာ ေဝဖန္မႈမ်ားႏွင့္ပတ္သက္၍ စိတ္မေကာင္း ေၾကာင္း၊ အမ်ားေဝဖန္ေနသကဲ့သို႔ ေငြေၾကးယူကာ ဖန္တီးခဲ့ျခင္းမဟုတ္ေၾကာင္း ေျဖရွင္းခဲ့သလို ဗီဒီယိုဖိုင္ကို လည္း ျဖဳတ္ခ်ေပးမည္ျဖစ္ေၾကာင္း ေျပာခဲ့ကာ ယင္းဗီဒီယိုဖိုင္ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္ အႀကီးအကဲမ်ားကို လက္အုပ္ခ်ီ၍ ေတာင္းပန္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒီေတာင္းပန္မႈမွာ ႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး ဖန္တီးမႈမ်ားျပဳလုပ္ေတာ့မည္မဟုတ္ဘူးလို႔ ေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ယင္းအျငင္းပြားဖြယ္ ဂီတဗီဒီယိုကို ဩဂုတ္ ၅ မြန္းလြဲပိုင္းမွာ Live လႊင့္ ေတာင္းပန္ၿပီးေနာက္ ၎၏အေကာင့္ႏွင့္ စာမ်က္ႏွာမ်ားတြင္ ျဖဳတ္ခ်ခဲ့ၿပီး ဩဂုတ္ ၆ ရက္နံနက္က ႐ုပ္ရွင္အစည္းအ႐ုံးသို႔ သြားေရာက္၍  ေတာင္းပန္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဩဂုတ္ ၇ ရက္မွာေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ငါတို႔အားလုံးရဲ႕ေျမ ‘စည္းလုံးသင့္ၿပီ ျမန္မာျပည္’ MV ႐ိုက္ကူးသည့္ ယုန္ေလးကို COVID-19 ကပ္ေရာဂါကာလအတြင္း ႐ုပ္ရွင္ေလာကသားမ်ားလိုက္နာရမည့္ စည္းကမ္းခ်က္ကို မလိုက္နာလို႔  ႐ိုက္ကူးခြင့္တစ္ႏွစ္ပိတ္ပင္ခဲ့ပါတယ္။

ထိုသို႔ပိတ္ပင္ေၾကာင္း ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ ဩဂုတ္ ၇ ရက္ ညေန ၃ နာရီခန႔္တြင္ ၎၏ေဖ့စ္ဘြတ္ခ္၌ ၁၉ မိနစ္ခန႔္ Live လႊင့္ကာ ထုတ္လုပ္သူႏွစ္ဦး၊ ဇာတ္ၫႊန္းေရးသားသူတစ္ဦးကို နာမည္ေခၚ၍ ေတြ႕ဆုံရွင္းလင္းရန္ေခၚခဲ့ကာ ႐ုန႔္ရင္းၾကမ္းတမ္းသည့္ ဆဲဆိုမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ယခုအျဖစ္အပ်က္က ေနာက္ဆက္တြဲမ်ားစြာ ျဖစ္လာႏိုင္မႈေတြရွိသလို Live လႊင့္ကာ ေျပာဆိုမႈတြင္ပါဝင္သည့္ ေငြက်ပ္ သိန္း ၇၀၀၀ ရယူကာ ႐ိုက္ေပးခဲ့သည္ဆိုသည့္ စြပ္စြဲေျပာဆိုမႈႏွင့္ တစ္ၿပိဳင္နက္ facebook စာမ်က္ႏွာ ၅ ခုတြင္ လြင့္တင္ခဲ့မႈေတြကလည္း အမ်ားျပည္သူအၾကား စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။

ဒီမိုကေရစီအေရးေတာ္ပုံျဖစ္တဲ့ ၁၉၈၈ ခုႏွစ္မွာ ၃ ႏွစ္သားသာရွိေသးတဲ့ လူတစ္ေယာက္ ဖန္တီးခဲ့တဲ့ ယေန႔ျမန္မာႏိုင္ငံေရးအေျခအေနကို ပုံဖ်က္ေဖာ္ျပထားတဲ့ သီခ်င္းဗီဒီယိုက ဘယ္ေလာက္ထိ ေနာက္ဆက္တြဲဂယက္႐ိုက္မႈေတြ ရွိလာဦးမလဲ ဘာေတြျဖစ္လာဦးမလဲဆိုတာ တထိတ္ထိတ္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီလိုစိတ္ဝင္စားဖြယ္ရာ သတင္းေတြအျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾကန႔္ၾကာေနတဲ့ " ေအာင္ဆန္း ႐ုပ္ရွင္" ကို  ယခုရက္သတၱပတ္ထဲ ျပန္လည္႐ိုက္ကူးေနတဲ့သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုကိုးကြၽန္းကို သြားေရာက္ခဲ့တဲ့သတင္း။ရခိုင္ျပည္နယ္အတြင္းက စစ္ေရွာင္စခန္းတခ်ိဳ႕မွာ ဝမ္းပ်က္ဝမ္းေလ်ာေရာဂါျဖစ္ပြားမႈေတြ ရွိေနတဲ့သတင္း၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ၇ ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ဘက္မွာ အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးလိုက္တဲ့သတင္း၊ မိတၳီလာ စည္ပင္သာယာေရးအရာရွိ ၃ ဦးကို ႏိုင္ငံေတာ္ဘ႑ာေငြ သိန္း ၂၀၀ ေက်ာ္ ဆုံးရႈံးေအာင္လုပ္ခဲ့လို႔ အဂတိမႈနဲ႔ အေရးယူအမႈဖြင့္ခဲ့တဲ့သတင္း၊ တပ္မေတာ္အက္ဥပေဒျပင္ဆင္မႈကို ျပည္သူ႔လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီက ျပင္ဆင္လိုက္တဲ့သတင္း၊ ၁၀ တန္းေအာင္စာရင္းထြက္ၿပီး ၃ ရက္အတြင္း ကရင္ျပည္နယ္အတြင္းက အထင္ကရေတာင္ေတြမွာ  ကယ္ဆယ္ေရးစခန္းဖြင့္ကာေစာင့္ၾကည့္ဖို႔ စီစဥ္ေနတဲ့သတင္း၊ နာမည္ေက်ာ္ တရားေဟာဆရာ ေဒးဗစ္လားႏွင့္ ဦးေဝထြန္းတို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မနဲ႔ ေထာင္ဒဏ္သုံးလ ခ်မွတ္လိုက္တဲ့သတင္း၊ ေတာင္ဥကၠလာမွာျဖစ္ခဲ့တဲ့ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈက တရားခံေတြကို စစ္ေတြမွာဖမ္းမိခဲ့တဲ့သတင္း၊ စတဲ့သတင္းေတြလည္း ယခုရက္သတၱပတ္အတြင္း ျဖစ္ပြားခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ၾသဂုတ္ - ၈