【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သံသယနှင့် ကိုရိုနာရိုက်ခတ်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သံသယနှင့် ကိုရိုနာရိုက်ခတ်မှု

ယခုရက်သတ္တပတ် သတင်းတွေထဲ ကိုရိုနာသတင်းတွေက ပြည်တွင်း ပြည်ပ သတင်းတွေမှာ ထိပ်တန်းကနေရာယူခဲ့ပြီး အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရှာမတွေ့သေးပေမယ် သံသယလူနာ ၅ ဦးထိ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံကနေ ဗြိတိန်က သူ့သံရုံးဝန်ထမ်းတွေကို ခေါ်ထုတ်ခဲ့တဲ့သတင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်လာနိုင်တဲ့ စီးပွားရေးလုပ်ငန်း (၃) မျိုးအတွက် အစိုးရက ကျပ်ဘီလျံ ၁၀၀ သုံးစွဲမယ်ဆိုတဲ့သတင်း၊ ချင်းတောင်ပိုင်း ပလက်၀မှာ လေကြောင်းပစ်ခတ်မှုအတွင်း ဒေသခံ အရပ်သား ၂၀ ကျော် သေဆုံးခဲ့တဲ့သတင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်ဘက်ကတင်တဲ့ အခြေခံဥပဒေတစ်ခု ပြင်ဆင်ခွင့်ရတဲ့ သတင်းတွေက ယခုရက်သတ္တပတ်မှာ အထူးသတိထားမိခဲ့ကြတဲ့ သတင်းတွေဖြစ်ခဲ့ပါတယ်။

ကျောင်းသား၊ ကိုဗက်နှင့် ကာလုံခေါ်ပေး

ကျိုင်းတုံဘက်မှာတော့ COVID 19 စောင့်ကြည်လူနာအဖြစ် ကျိုင်းတုံဆေးရုံမှာ တက်ရောက်နေတဲ့ အသက်  ၃၀ အရွယ် အမျိုးသားတစ်ဦးကတော့ မတ် ၁၇ ရက် ညပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ထုတ်ပြန်ချက်တွေမှာတော့ အဆုတ်ယောင်ရောဂါ၊ နှလုံးအားနည်းခြင်း၊ သွေးထဲတွင် ပိုတယ်ဆီယမ်ဓာတ် နည်းသွားသည့်အတွက် သေဆုံးခြင်းဖြစ်တယ်ဆိုပြီး သေသူရဲ့ တို့ဖတ်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ COVID 19 – Negative ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။သီပေါမှာလည်း တရုတ်နိုင်ငံက ပြန်ရောက်လာတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ဖျားပြီးချောင်းဆိုးတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သီပေါပြည်သူ့ဆေးရုံမှာ တင်ထားသလို လိုက်ပါပို့ဆောင်ခဲ့သည့် ဆိုင်ကယ်ကယ်ရီယာဉ်မောင်း နေအိမ်ကိုလည်း ဝင်ထွက်ခွင့်ပိတ်ခဲ့ပါတယ်။

မတ် ၁၇ ရက် နံနက်မှာဘဲ မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ အဆုတ်ရောဂါအခံရှိပြီး COVID 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍  စောင့်ကြပ်ကြည့်ရှုနေရသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။သေဆုံးသူမှာ တံတားဦးမြို့နယ်ကနေ မတ် ၁၆ ရက်က ရောက်လာခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာ သေဆုံးခဲ့လို့ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါသေဆုံးသူရဲ့ ဓာတ်ခွဲခန်းအဖြေက အားလုံးစိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ဒီဆေးရုံမှာ မတ်လ ၆ ရက် ကလည်း အသက် ၆၇ နှစ်အရွယ် နှလုံး၊ သွေးတိုး၊ အဆုတ်ရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။မတ် ၁၇ ရက် ညပိုင်းမှာဘဲ အဆိုပါသေဆုံးသူအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် မရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့တဲ့အတွက် အားလုံးအတွက် အသက်ရှုချောင်စရာဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ COVID 19 လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သူ ၁၅၇ ဦးရှိကာ ရောဂါပိုးမတွေ့သူ ၁၀၁ ဦး၊ ဆေးရုံမှဆင်းသွားသူ ၁၀၁ ဦး၊ ဓာတ်ခွဲခန်းအဖြေစောင့်နေသူ ၆ ဦး၊ COVID 19 ရောဂါပိုးမတွေ့ဘဲ အခြားရောဂါဖြင့် သေဆုံးသူ ၇ ဦး ရှိပါတယ်။ကိုရိုနာဗိုင်းရပ်စ်ရောဂါ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသူမရှိသေးပေမယ့် ဒီရောဂါဂယက်ကြောင့် ပြည်တွင်းမှာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေ ရှိနေပြီဖြစ်ပါတယ်။

ဒီရက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသိများတဲ့ အကြောင်းအခြင်းအရာတစ်ခုက တက္ကသိုလ်စာမေးပွဲကို ရွှေ့ဆိုင်းပေးဖို့ ကျောင်းသားသမဂ္ဂဆိုသူတွေက တောင်းဆိုခဲ့ကြတဲ့ သတင်းတွေပါဘဲ။မကြာခင်ကမှ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ကျောင်းသင်္ကြန်တွေကို ဝှဲချီးကျင်းပခဲ့ပေမယ့် ရက်ပိုင်းအတွင်းကျင်းပတဲ့ စာမေးပွဲကိုတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခွင့်တောင်းဆိုတဲ့ကိစ္စက စဉ်းစားကြည့်မယ်ဆိုရင် လက်ခံနိုင်စရာရှိပေမယ့် ယခုနှစ်ပိုင်းအတွင်းကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုကိပြန်ကြည့်မယ်ဆိုရင် ဒါဟာသဘောရိုးနဲ့မှ ဟုတ်ရဲ့လားဆိုတာ ပြန်တွေးတောစရာ ဖြစ်လာခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂတွေဘက်ကတော့  အစိုးရက ယခုရက်ပိုင်းအတွင်း သင်္ကြန်အပါအဝင် လူစုလူဝေးနဲ့ စုစည်းကျင်းပတဲ့ ပွဲတော်တွေအပါအဝင် ရုပ်ရှင်ရုံတွေ၊ နိုက်ကလပ်တွေ ဘားတွေကို နိုင်ငံတစ်ဝန်း ဧပြီ ၃၀ ရက်ထိ ပိတ်ခဲ့တာတွေကို အကြောင်းပြပြီး ကျောင်းစာမေးပွဲတွေကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာပါ။ဒါပေမယ့် တက္ကသိုလ်စာမေးပွဲ မတိုင်ခင်မှာဘဲ ကျင်းပနေခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတောင် အစိုးရက ရပ်ဆိုင်းခြင်းမရှိခဲ့ပါဘူး။တစ်ကယ်ဆို အများပြည်သူ အရပ်သားတွေနေထိုင်ရာ ရပ်ကွက်ထဲမှာရှိနေခဲ့တဲ့ အထက်တန်းကျောင်းတွေမှာ ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲက လူစုံတဲ့နေရာမှာရှိတဲ့အတွက် ရောဂါတကယ်ကူးစက်ခံရမယ်ဆိုရင် ထိန်းချုပ်ဖို့ခက်မှာ အမှန်ပါဘဲ။အရပ်သားအစိုးရလက်ထက်မှာကျောင်းသားသမဂ္ဂတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ယခင်စစ်အစိုးရအဆက်ဆက်ထက် အဆပေါင်းများစွာနေရာပေး အလေးထားဆက်ဆံခဲ့ပေမယ့် ပြန်ရခဲ့တဲ့ရလဒ်က စစ်အစိုးရ ရခဲ့သလောက်တောင် မရတာကို ဒီဖြစ်ရပ်ကိုကြည့်ရင် တွေ့နိုင်ပါတယ်။ငယ်ရွယ်လွန်းပြီး ပြင်ပစာလေ့လာမှုနည်းပါးကာ တက်ကြွမှုနဲ့ ယုံကြည်ချက်လွန်ကဲတာကနေ ရိုင်းတာဘက်ကိုရောက်နေတဲ့ ကျောင်းသားသမဂ္ဂအချို့ရဲ့ လုပ်ရပ်တွေက အစဉ်အဆက် မြန်မာနိုင်ငံရေးသမိုင်းမှာ ဦးဆောင်မှုအစဉ်အလာကောင်းကို ရယူထားတဲ့ ကျောင်းသားသမဂ္ဂရဲ့ ပုံရိပ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေခဲ့ပါတယ်။

လက်ရှိမှာအစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာနိုင်တဲ့ အခြေအနေကို တုံ့ပြန်ဖို့၊ ကာကွယ်ဖို့ တက်သုတ်ရိုက်လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ဒါပေမယ့် အခက်အခဲတွေလည်း ရှိနေခဲ့ပါတယ်။ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတောင် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မတ် ၁၈ ရက် မှ စပြီးအပူချိန်တိုင်းတာနိုင်ခဲ့ပါတယ်။ဒီလိုတိုင်းတာတဲ့အခါမှာ တပ်ဘက်က လွှတ်တော်ကိုယ်စားလှယ်ဆိုသူတွေကတော့ တည်းခိုရာနေရာကနေ စစ်လာခဲ့လို့ဆိုပြီး တိုင်းတာခြင်းကို မခံခဲ့ပါဘူး။  

ပြည်တွင်းမှာသာမကပါဘူး။ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံထဲ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်ခေါ်ဖို့လုပ်ခဲ့သလို ဗုဒ္ဓဂါယာကို ဘုရားဖူးသွားရင်း အိန္ဒိယအစိုးရက နိုင်ငံအတွင်းဝင်ရောက်နေသူတွေကို မတ် ၁၃ ရက်ကနေ ဧပြီ ၁၅ ရက်ထိ ပိတ်လိုက်တဲ့အတွက် ပိတ်မိနေတဲ့ ဘုရားဖူးနှစ်ထောင်ကျော်ကို မြန်မာနိုင်ငံကိုပြန်ခေါ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ဆောင်ရတာတွေရှိခဲ့ပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားတာမရှိပေမယ့် ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနေတစ်ဆင့် ကူးစက်ပြန့်ပွားမယ့်အန္တရာယ်က ရှိနေပါသေးတယ်။

ဒီအတွက် ထိုင်းရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်မလာသေးဖို့ သက်ဆိုင်ရာ မြန်မာသံရုံးက တိုက်တွန်းခဲ့သလို မလေးရှားရောက် မြန်မာတွေကို နေရပ်မပြန်ကြဖို့ မြန်မာသံရုံးက တိုက်တွန်းခဲ့တာလည်း ရှိခဲ့ပါတယ်။ပြည်တွင်းမှာကျရောက်လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ရောဂါကို ကာကွယ်ဖို့အတွက် လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာက လှူဒါန်းမှုတွေ ကူညီမှုတွေ လုပ်နေချိန်မှာ အစိုးရဘက်ကလည်း တစ်ကယ်လို့ ကူးစက်လာချိန်မှာ ခုခံဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ပြီး အဖွဲ့ကိုဖွဲ့ပြီး လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။နိုင်ငံအတွင်း ထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်တိုင်း ကာလုံခေါ်ဖို့ တိုက်တွန်းလေ့ရှိတဲ့ အတိုက်အခံ ၁၅ ပါတီ ကလည်း ယခုကူးစက်ရောဂါမှာ နိုင်ငံအပေါ်ကျရောက်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် ကာလုံက တာဝန်ယူဆောင်ရွက်ရန်ဆိုပြီး တောင်းဆိုတဲ့စာ ထုတ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေညံခဲ့ပါတယ်။

လက်ရှိအချိန်ထိ မတွေ့သေးပေမယ့် တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့အတွက် ကူးစက်ရောဂါဘေးကနေ လွတ်ဖို့ဆိုတာ ဖြစ်နိုင်ချေတော့မရှိပါဘူး။ဒီအတွက် ကျန်းမာရေးအရ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့လိုသလို ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မယ့်သူတွေ အန္တရာယ်ကိုလည်း ဂရုထားဖို့လိုနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို စောင့်ကြိုနေတဲ့သူတွေကို ဘယ်လိုအကျိုးအမြတ်ထုတ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သံရုံးတွေက ပြန်လည်ခေါ်ယူမှု

ကိုရိုနာရောဂါကြောင့် မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ သံရုံးတွေက သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့ နှိုးဆော်သလို သံအဖွဲ့ဝင်တွေကို ပြန်ခေါ်တာတွေ ယခုရက်သတ္တပတ်အတွင်းမှာလည်း ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေ အကုန်ဖြစ်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါရှိတယ်သံသယနဲ့ စောင့်ကြည့်လူနာသာရှိပြီး သေခဲ့တဲ့ ၇ ဦးကလည်း တခြားရောဂါနဲ့လို့ အမည်ပေါက်တဲ့အတွက် မြန်မာနိုင်ငံမှာနေထိုင်တဲ့ သူတို့နိုင်ငံသားတွေအတွက် ကျန်းမာရေးစိုးရိမ်မှုနဲ့ ပြန်လည်ခေါ်ထုတ်လာတာတွေ ရှိလာခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက မတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်ကြေညာခဲ့တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အဦးနဲ့ ဝန်ဆောင်မှုက ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာခဲ့ရင် ပုံမှန်ကျန်းမာရေးစောင်ရှောက်မှုကို ပေးနိုင်မှာမဟုတ်တဲ့အတွက် မြန်မာနိုင်ငံမှာရောက်နေတဲ့ ဗြိတိန်နိုင်ငံသားများအနေဖြင့် ပြန်လည်ထွက်ခွာရန် တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာ လေကြောင်းလိုင်းတွေ ရုတ်တရက်ဖျက်သိမ်းလာနိုင်တဲ့အတွက် ပြန်လည်ထွက်ခွာဖို့ တိုက်တွန်းခဲ့သလို ထူးခြားသောအခြေအနေများရှိရင် သံရုံးအနေနဲ့ အကူအညီပေးဖို့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။သံရုံးက ဗြိတိန်နိုင်ငံသား ဝန်ထမ်းတွေနဲ့ မိသားစုတွေကို ပြန်ခေါ်ဖို့စီစဉ်ထားတယ်ဆိုတာကိုပါ ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတန်သံရုံးနည်းတူ အခြားသံရုံးတွေ၊ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံရောက် သူတို့နိုင်ငံသားတွေ၊ ဝန်ထမ်းတွေကို မြန်မာနိုင်ငံထဲကနေ ပြန်ထွက်ဖို့ အသီးသီးထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ် ပြန်ချက်တွေကြောင့် ပြည်တွင်းမှာ နေထိုင်သူတွေအဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအပေါ် စိုးရိမ်မှုတွေ ရိုက်ခတ်မှုရှိခဲ့ပါတယ်။ဒီရက်ထဲမှာဘဲ အစိုးရဘက်က ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့သလို ထိုင်းနဲ့ထိစပ်တဲ့ မြ၀တီမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်မှုကို ကန့်သတ်ခဲ့ပြီး ထိုင်းနိုင်ငံသားတွေကလွဲပြီး တခြားနိုင်ငံသားတွေ ဝင်ရောက်ခွင့်ကို နယ်စပ်မှာပိတ်ခဲ့ပါတယ်။
ဒါ့အပြင် ယခင်ရက်ကတည်းက အီတလီ၊ တောင်ကိုရီးယား၊ ပြင်သစ်၊ အီရန်၊ စပိန်နဲ့ အမေရိကန်ကလာတဲ့သူတွေကို ၁၄ ရက် စောင့်ကြည့်ဖို့ စည်းကမ်းချခဲ့သလို တရုတ်နိုင်ငံက ၀ူဟန်နဲ့ တောင်ကိုရီးယားက ဒယ်ဂူကလာတဲ့ ခရီးသည်တွေကိုလည်း အဝင်မခံဖို့ တားမြစ်ချက်တွေ ထုတ်ခဲ့တာကို တွေ့ရပါတယ်။

အစိုးရအနေနဲ့ ပြည်ပကလာရောက်သူတွေဆီကနေ ကူးစက်မှုကို တားဆီးဖို့ကြိုးစားနေရပေမယ့် ပြည်တွင်းစီးပွားရေးမှာ အဓိကကျတဲ့ ကုန်သွယ်ဘက် တရုတ်နဲ့ ထိုင်းဆီကနေ ကုန်သွယ်မှုမပြတ်တောက်စေဖို့ ကြိုးပမ်းဆောင်ရွက်နေရတာတွေလည်း ရှိနေခဲ့ပါတယ်။အထူးသဖြင့် လုပ်သားအင်အား သိန်းချီလုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းပြတ်တောက်ပြီး စက်ရုံတွေပိတ်မယ့်ဘေးကနေ တားဆီးဖို့ ယခုရက်ထဲမှာဘဲ တရုတ်ကနေ လေကြောင်းမှတစ်ဆင့် အထည်လိပ်ကုန်ကြမ်းတွေ တင်သွင်းခဲ့သလို နယ်စပ်ကနေလည်း တင်သွင်းခဲ့တာကို တွေ့ရပါတယ်။ဒီအတွက် အထည်ချုပ်အလုပ်သမားတွေ အလုပ်ပြုတ်မယ့်ဘေးကနေ အတော်လေးသောကအေးခဲ့ရပါတယ်။တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လုံး၀မရှိတာ နှစ်ရက်ရှိလာချိန်မှာ တခြားဥရောပနဲ့ အာရှနိုင်ငံတွေ၊ အမေရိကန်လိုနိုင်ငံတွေမှာ ထိန်းချုပ်ဖို့ အလူးအလဲကြိုးစားနေရတဲ့အတွက် မြန်မာနိုင်ငံလို ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ နိုင်ငံအဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရသေးတာ ကမ္ဘာ့နိုင်ငံတွေအဖို့ မယုံနိုင်စရာအဖြစ်ပါဘဲ။တစ်စုံတစ်ရာလွဲချော်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ခဲ့ပမယ့် ပြည်တွင်းအခြေအနေကတော့ တည်ငြိမ်နေဆဲပါဘဲ။ဒီလိုတည်ငြိမ်မှု ဘယ်ကာလအထိရှိမလဲ၊ နိုင်ငံတကာကထင်သလို ဖြစ်နေပြီလား၊ ဖြစ်နေပြီဆို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပလက်၀နှင့် ပြင်းထန်သည့်စစ်ရေး

ယခုရက်အတွင်း အများစိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတဲ့သတင်းက ချင်းတောင်ပိုင်း ပလက်၀မှာဖြစ်ခဲ့တဲ့ တိုက်ပွဲသတင်းတွေပါဘဲ။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာဖြစ်ခဲ့တဲ့ တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံတွေ အခက်တွေ့နေတာကြာနေပါပြီ။တစ် လကျော်ကြာဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် အဆိုပါဒေသအတွင်း နေထိုင်သူ ခူမီး ချင်းလူမျိုးတွေအတွက် တခြားဒေသကို ရွှေ့ပြောင်းအခြေချရတာတွေအထိ ဖြစ်ခဲ့ပါတယ်။

သတင်းတွေအရ တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဒေသခံထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသလို အဆိုပါဒေသအတွင်း စားနပ်ရိက္ခာပြတ်လတ်မှုတွေကြောင့် မန္တလေးတိုင်းဘက်သို့ ပြောင်းရွှေ့မှုများရှိလာပြီး တချို့က  ရန်ကုန်အထိ ဒေသကိုစွန့်ခွာပြီး ဆင်းလာတာတွေလည်း ရှိခဲ့ပါတယ်။

အဆိုပါဒေသအတွင်း မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက အေအေ လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ မိတ်စာဝ (၁) ကျေးရွာ၊ မိတ်စာဝ (၂) ကျေးရွာနှင့် မိတ်စာဝ (၃)၊ ကျေးရွာ (၃) ရွာကို  လေကြောင်းပစ်ခတ်မှုတွေဖြစ်လို့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၂၀ ကျော်ခဲ့ပါတယ်။သေဆုံးသူ ၂၁ ဦးနဲ့ ဒဏ်ရာရသူ ၂၈ ဦးထိရှိခဲ့တဲ့ ဒီလေကြောင်းပစ်ခတ်မှုအတွက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေကို စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုတာရှိခဲ့ပါတယ်။

လူအသေအပျောက်များတဲ့ မတ် ၁၄ ရက် မိတ်စာ၀ လေကြောင်းတိုက်ခိုက်မှုအတွက် တပ်ဘက်ကငြင်းဆိုခဲ့ပြီး အဆိုပါရက်ပိုင်းအတွင်းမှာဘဲ တပ်မတော်ဘက်က တပ်ရင်းမှူးအပါအဝင် တပ်မတော်သား ၂၀ ကျော် ၃၀ ခန့် ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်မှုတွေရှိခဲ့ပါတယ်။မတ် ၁၉ ရက်မှာ တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာတော့ ပလက်၀မြို့နယ်ထဲရှိတဲ့ တပ်မတော်စခန်းဖြစ်တဲ့ မီး၀စခန်းကို  ရက် ၄၀ ကြာ ပိတ်ဆို့ထားတဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ကို တိုက်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ကာ အေအေ လက်နက်ကိုင်တွေ ဖမ်းဆီးထားတဲ့ တပ်မတော်သားအချို့ကို ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ပလက်ဝ-ကျောက်တော် လမ်းကြောင်းနှင့် မီးစာ-မတူပီ လမ်းကြောင်းဆုံရာ နေရာတွင် တည်ရှိပြီး ဒေသအတွင်း အချက်အချာကျသည့် မီးဝစခန်းကို ဖေဖော်ဝါရီ ၅ ရက်ကစပြီး ပိတ်ဆို့တိုက်ခိုက်ခံရတာမှာ မတ်၁၈ ရက် နံနက်ပိုင်းမှာ တပ်မတော်ဘက်မှ ရိက္ခာ/ခဲယမ်းများနှင့် စစ်ကူများရောက်ရှိလာခဲ့လို့ အေအေတပ်တွေ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် အရပ်သားများ ရာနှင့်ချီသေဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိသကဲ့သို့ တိုက်ပွဲရှောင်ဦးရေမှာလည်း ၁၅၀၀၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။ချင်းအမျိုးသားတပ်ဦး (CNF) ကတော့ ယခုလို ဒေသခံတွေထိတဲ့ တိုက်ပွဲတွေကြောင့် AA အနေဖြင့် ချင်းပြည်နယ်အတွင်းတွင် စစ်ရေးအခြေမချရန် သတိပေးခဲ့ပါတယ်။သတင်းတွေအရ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့၏ ဆောင်ရွက်ချက်များကြောင့် ဒေသခံ ခူမီး ချင်းများအပါအဝင် ချင်းလူမျိုးများက ရခိုင်လက်နက်ကိုင်တပ် (AA) ကို ပြန်လည်တိုက်ခိုက်ရန် ပြည်သူ့စစ်အသွင် လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

ယခုရက်ပိုင်းမှာဘဲ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ ကျေးရွာ  ၅ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) က ဝင်တိုက်ခဲ့လို့ အရပ်သားတွေ ပြည်သူ့စစ်တွေ သေဆုံးခဲ့ရပါတယ်။ဒီလိုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန်ငြင်းဆိုမှုတွေရှိပြီး TNLA ဘက်က ထုံးစံအတိုင်း ဘိန်းခင်းတွေကို ဖျက်ဆီးဖို့လုပ်ရင်း ဖြစ်တာလို့ဆိုပါတယ်။အဲဒီဒေသမှာ ဘိန်းစိုက်ခင်းတွေမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ရခိုင်မြောက်ပိုင်း၊ ချင်းတောင်ပိုင်း၊ ရှမ်းမြောက်ပိုင်းတွေမှာ ရှေ့ဆက် လူမျိုးရေးဆိုင်ရာပြဿနာတွေ မြင်လာရဖွယ်ရှိသလို တည်ငြိမ်တဲ့နယ်မြေတွေ ဆက်တိုးလာမလား၊ ယုတ်လျော့လာမလားဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုရက်ထဲ အများပြည်သူစောင့်ကြည့်ခဲ့ရတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ်တဲ့သတင်းတွေ၊ မူဆယ်မြို့အတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားခုနစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့တဲ့သတင်းတွေ၊ နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုမှာ နစ်နာသူကလေးငယ်နှင့် မိသားစုဝင်များ၏ အမည်ရင်းနှင့် အချက်အလက်များ ထုတ်ဖော်ပြောကြားခဲ့သည့် ရဲအရာရှိကြီးများကို ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆ (ဃ) ဖြင့် တရားစွဲဆိုမယ့်သတင်းတွေ၊  အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို မဟုတ်မမှန်ပြောကြားခဲ့လို့ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ပြည်ခိုင်ဖြိုးအမတ် ဦးတင်စိုး ဆီးချိုရောဂါရှိလို့ဆိုပြီး ရမည်းသင်းခရိုင်ဆေးရုံမှာ တက်ရောက်ဆေးကုသနေတဲ့ သတင်းတွေ၊ ၁၉၉၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အာရှရန်ကုန်ဘဏ်ကို တည်ဆဲဥပဒေချိုးဖောက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လုပ်ငန်းလိုင်စင် ရုတ်သိမ်းလိုက်တဲ့ သတင်းတွေလဲ ယခုရက်ထဲဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
မတ် - ၂၁

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲ ကို႐ိုနာသတင္းေတြက ျပည္တြင္း ျပည္ပ သတင္းေတြမွာ ထိပ္တန္းကေနရာယူခဲ့ၿပီး အထူးသျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ရွာမေတြ႕ေသးေပမယ္ သံသယလူနာ ၅ ဦးထိ ေသဆုံးခဲ့တဲ့ ျမန္မာႏိုင္ငံကေန ၿဗိတိန္က သူ႔သံ႐ုံးဝန္ထမ္းေတြကို ေခၚထုတ္ခဲ့တဲ့သတင္း၊ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္လာႏိုင္တဲ့ စီးပြားေရးလုပ္ငန္း (၃) မ်ိဳးအတြက္ အစိုးရက က်ပ္ဘီလ်ံ ၁၀၀ သုံးစြဲမယ္ဆိုတဲ့သတင္း၊ ခ်င္းေတာင္ပိုင္း ပလက္၀မွာ ေလေၾကာင္းပစ္ခတ္မႈအတြင္း ေဒသခံ အရပ္သား ၂၀ ေက်ာ္ ေသဆုံးခဲ့တဲ့သတင္း၊ အေျခခံဥပေဒ ျပင္ဆင္ေရးမွာ တပ္ဘက္ကတင္တဲ့ အေျခခံဥပေဒတစ္ခု ျပင္ဆင္ခြင့္ရတဲ့ သတင္းေတြက ယခုရက္သတၱပတ္မွာ အထူးသတိထားမိခဲ့ၾကတဲ့ သတင္းေတြျဖစ္ခဲ့ပါတယ္။

ေက်ာင္းသား၊ ကိုဗက္ႏွင့္ ကာလုံေခၚေပး

က်ိဳင္းတုံဘက္မွာေတာ့ COVID 19 ေစာင့္ၾကည္လူနာအျဖစ္ က်ိဳင္းတုံေဆး႐ုံမွာ တက္ေရာက္ေနတဲ့ အသက္  ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးကေတာ့ မတ္ ၁၇ ရက္ ညပိုင္းမွာ ေသဆုံးသြားခဲ့ပါတယ္။ထုတ္ျပန္ခ်က္ေတြမွာေတာ့ အဆုတ္ေယာင္ေရာဂါ၊ ႏွလုံးအားနည္းျခင္း၊ ေသြးထဲတြင္ ပိုတယ္ဆီယမ္ဓာတ္ နည္းသြားသည့္အတြက္ ေသဆုံးျခင္းျဖစ္တယ္ဆိုၿပီး ေသသူရဲ႕ တို႔ဖတ္ကို ဓာတ္ခြဲစစ္ေဆးခဲ့ရာမွာ COVID 19 – Negative ဆိုတဲ့ အေျဖထြက္ခဲ့ပါတယ္။သီေပါမွာလည္း တ႐ုတ္ႏိုင္ငံက ျပန္ေရာက္လာတဲ့ အသက္ ၂၀ အ႐ြယ္ လူငယ္တစ္ဦး ဖ်ားၿပီးေခ်ာင္းဆိုးတဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာအျဖစ္ သီေပါျပည္သူ႔ေဆး႐ုံမွာ တင္ထားသလို လိုက္ပါပို႔ေဆာင္ခဲ့သည့္ ဆိုင္ကယ္ကယ္ရီယာဥ္ေမာင္း ေနအိမ္ကိုလည္း ဝင္ထြက္ခြင့္ပိတ္ခဲ့ပါတယ္။

မတ္ ၁၇ ရက္ နံနက္မွာဘဲ မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံမွာ အဆုတ္ေရာဂါအခံရွိၿပီး COVID 19 ကို႐ိုနာဗိုင္းရပ္စ္ေရာဂါႏွင့္ ပတ္သက္၍  ေစာင့္ၾကပ္ၾကည့္ရႈေနရသူ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ပါတယ္။ေသဆုံးသူမွာ တံတားဦးၿမိဳ႕နယ္ကေန မတ္ ၁၆ ရက္က ေရာက္လာခဲ့တာျဖစ္ၿပီး ေနာက္တစ္ရက္မွာ ေသဆုံးခဲ့လို႔ တိုက္တိုက္ဆိုင္ဆိုင္ အဆိုပါေသဆုံးသူရဲ႕ ဓာတ္ခြဲခန္းအေျဖက အားလုံးစိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။ဒီေဆး႐ုံမွာ မတ္လ ၆ ရက္ ကလည္း အသက္ ၆၇ ႏွစ္အ႐ြယ္ ႏွလုံး၊ ေသြးတိုး၊ အဆုတ္ေရာဂါအခံရွိသူ အမ်ိဳးသမီးႀကီးတစ္ဦး ေသဆုံးခဲ့ပါေသးတယ္။မတ္ ၁၇ ရက္ ညပိုင္းမွာဘဲ အဆိုပါေသဆုံးသူအမ်ိဳးသမီးမွာ ကို႐ိုနာဗိုင္းရပ္စ္ မရွိခဲ့ဘူးလို႔ ထုတ္ျပန္ခဲ့တဲ့အတြက္ အားလုံးအတြက္ အသက္ရႈေခ်ာင္စရာျဖစ္ခဲ့ပါတယ္။

လက္ရွိမွာ COVID 19 လို႔ ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္သူ ၁၅၇ ဦးရွိကာ ေရာဂါပိုးမေတြ႕သူ ၁၀၁ ဦး၊ ေဆး႐ုံမွဆင္းသြားသူ ၁၀၁ ဦး၊ ဓာတ္ခြဲခန္းအေျဖေစာင့္ေနသူ ၆ ဦး၊ COVID 19 ေရာဂါပိုးမေတြ႕ဘဲ အျခားေရာဂါျဖင့္ ေသဆုံးသူ ၇ ဦး ရွိပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားသူမရွိေသးေပမယ့္ ဒီေရာဂါဂယက္ေၾကာင့္ ျပည္တြင္းမွာ လူမႈေရးနဲ႔ စီးပြားေရးဆိုင္ရာ ထိခိုက္မႈေတြ ရွိေနၿပီျဖစ္ပါတယ္။

ဒီရက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူသိမ်ားတဲ့ အေၾကာင္းအျခင္းအရာတစ္ခုက တကၠသိုလ္စာေမးပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ ေက်ာင္းသားသမဂၢဆိုသူေတြက ေတာင္းဆိုခဲ့ၾကတဲ့ သတင္းေတြပါဘဲ။မၾကာခင္ကမွ သက္ဆိုင္ရာတကၠသိုလ္အလိုက္ ေက်ာင္းသၾကၤန္ေတြကို ဝွဲခ်ီးက်င္းပခဲ့ေပမယ့္ ရက္ပိုင္းအတြင္းက်င္းပတဲ့ စာေမးပြဲကိုေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေ႐ႊ႕ဆိုင္းခြင့္ေတာင္းဆိုတဲ့ကိစၥက စဥ္းစားၾကည့္မယ္ဆိုရင္ လက္ခံႏိုင္စရာရွိေပမယ့္ ယခုႏွစ္ပိုင္းအတြင္းေက်ာင္းသားသမဂၢေတြရဲ႕ လႈပ္ရွားမႈကိျပန္ၾကည့္မယ္ဆိုရင္ ဒါဟာသေဘာ႐ိုးနဲ႔မွ ဟုတ္ရဲ႕လားဆိုတာ ျပန္ေတြးေတာစရာ ျဖစ္လာခဲ့ပါတယ္။

ေက်ာင္းသားသမဂၢေတြဘက္ကေတာ့  အစိုးရက ယခုရက္ပိုင္းအတြင္း သၾကၤန္အပါအဝင္ လူစုလူေဝးနဲ႔ စုစည္းက်င္းပတဲ့ ပြဲေတာ္ေတြအပါအဝင္ ႐ုပ္ရွင္႐ုံေတြ၊ ႏိုက္ကလပ္ေတြ ဘားေတြကို ႏိုင္ငံတစ္ဝန္း ဧၿပီ ၃၀ ရက္ထိ ပိတ္ခဲ့တာေတြကို အေၾကာင္းျပၿပီး ေက်ာင္းစာေမးပြဲေတြကို ေ႐ႊ႕ဆိုင္းဖို႔ ေတာင္းဆိုခဲ့တာပါ။ဒါေပမယ့္ တကၠသိုလ္စာေမးပြဲ မတိုင္ခင္မွာဘဲ က်င္းပေနခဲ့တဲ့ တကၠသိုလ္ဝင္တန္းစာေမးပြဲကိုေတာင္ အစိုးရက ရပ္ဆိုင္းျခင္းမရွိခဲ့ပါဘူး။တစ္ကယ္ဆို အမ်ားျပည္သူ အရပ္သားေတြေနထိုင္ရာ ရပ္ကြက္ထဲမွာရွိေနခဲ့တဲ့ အထက္တန္းေက်ာင္းေတြမွာ က်င္းပေနတဲ့ တကၠသိုလ္ဝင္စာေမးပြဲက လူစုံတဲ့ေနရာမွာရွိတဲ့အတြက္ ေရာဂါတကယ္ကူးစက္ခံရမယ္ဆိုရင္ ထိန္းခ်ဳပ္ဖို႔ခက္မွာ အမွန္ပါဘဲ။အရပ္သားအစိုးရလက္ထက္မွာေက်ာင္းသားသမဂၢေတြနဲ႔ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြကို ယခင္စစ္အစိုးရအဆက္ဆက္ထက္ အဆေပါင္းမ်ားစြာေနရာေပး အေလးထားဆက္ဆံခဲ့ေပမယ့္ ျပန္ရခဲ့တဲ့ရလဒ္က စစ္အစိုးရ ရခဲ့သေလာက္ေတာင္ မရတာကို ဒီျဖစ္ရပ္ကိုၾကည့္ရင္ ေတြ႕ႏိုင္ပါတယ္။ငယ္႐ြယ္လြန္းၿပီး ျပင္ပစာေလ့လာမႈနည္းပါးကာ တက္ႂကြမႈနဲ႔ ယုံၾကည္ခ်က္လြန္ကဲတာကေန ႐ိုင္းတာဘက္ကိုေရာက္ေနတဲ့ ေက်ာင္းသားသမဂၢအခ်ိဳ႕ရဲ႕ လုပ္ရပ္ေတြက အစဥ္အဆက္ ျမန္မာႏိုင္ငံေရးသမိုင္းမွာ ဦးေဆာင္မႈအစဥ္အလာေကာင္းကို ရယူထားတဲ့ ေက်ာင္းသားသမဂၢရဲ႕ ပုံရိပ္ကို ဆိုးဆိုးဝါးဝါးထိခိုက္ေစခဲ့ပါတယ္။

လက္ရွိမွာအစိုးရအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လာႏိုင္တဲ့ အေျခအေနကို တုံ႔ျပန္ဖို႔၊ ကာကြယ္ဖို႔ တက္သုတ္႐ိုက္လုပ္ေဆာင္ေနတာကိုလည္း ေတြ႕ရပါတယ္။ဒါေပမယ့္ အခက္အခဲေတြလည္း ရွိေနခဲ့ပါတယ္။က်င္းပေနတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာေတာင္ တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ေတြကို မတ္ ၁၈ ရက္ မွ စၿပီးအပူခ်ိန္တိုင္းတာႏိုင္ခဲ့ပါတယ္။ဒီလိုတိုင္းတာတဲ့အခါမွာ တပ္ဘက္က လႊတ္ေတာ္ကိုယ္စားလွယ္ဆိုသူေတြကေတာ့ တည္းခိုရာေနရာကေန စစ္လာခဲ့လို႔ဆိုၿပီး တိုင္းတာျခင္းကို မခံခဲ့ပါဘူး။  

ျပည္တြင္းမွာသာမကပါဘူး။ေရာဂါစတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံထဲ တရားမဝင္ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း ျပန္ေခၚဖို႔လုပ္ခဲ့သလို ဗုဒၶဂါယာကို ဘုရားဖူးသြားရင္း အိႏၵိယအစိုးရက ႏိုင္ငံအတြင္းဝင္ေရာက္ေနသူေတြကို မတ္ ၁၃ ရက္ကေန ဧၿပီ ၁၅ ရက္ထိ ပိတ္လိုက္တဲ့အတြက္ ပိတ္မိေနတဲ့ ဘုရားဖူးႏွစ္ေထာင္ေက်ာ္ကို ျမန္မာႏိုင္ငံကိုျပန္ေခၚဖို႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြက လုပ္ေဆာင္ရတာေတြရွိခဲ့ပါတယ္။လက္ရွိမွာ ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားတာမရွိေပမယ့္ ျဖစ္ပြားေနတဲ့ႏိုင္ငံေတြမွာ သြားေရာက္လုပ္ကိုင္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြေနတစ္ဆင့္ ကူးစက္ျပန႔္ပြားမယ့္အႏၲရာယ္က ရွိေနပါေသးတယ္။

ဒီအတြက္ ထိုင္းေရာက္ ျမန္မာႏိုင္ငံသားေတြ ျမန္မာႏိုင္ငံကို ျပန္မလာေသးဖို႔ သက္ဆိုင္ရာ ျမန္မာသံ႐ုံးက တိုက္တြန္းခဲ့သလို မေလးရွားေရာက္ ျမန္မာေတြကို ေနရပ္မျပန္ၾကဖို႔ ျမန္မာသံ႐ုံးက တိုက္တြန္းခဲ့တာလည္း ရွိခဲ့ပါတယ္။ျပည္တြင္းမွာက်ေရာက္လာႏိုင္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္တဲ့ေရာဂါကို ကာကြယ္ဖို႔အတြက္ လုပ္ငန္းရွင္ေတြ၊ ႏိုင္ငံတကာက လႉဒါန္းမႈေတြ ကူညီမႈေတြ လုပ္ေနခ်ိန္မွာ အစိုးရဘက္ကလည္း တစ္ကယ္လို႔ ကူးစက္လာခ်ိန္မွာ ခုခံဖို႔အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ ဦးေဆာင္ၿပီး အဖြဲ႕ကိုဖြဲ႕ၿပီး လုပ္ေဆာင္တာေတြရွိခဲ့ပါတယ္။ႏိုင္ငံအတြင္း ထူးျခားတဲ့ျဖစ္ရပ္ေတြျဖစ္တိုင္း ကာလုံေခၚဖို႔ တိုက္တြန္းေလ့ရွိတဲ့ အတိုက္အခံ ၁၅ ပါတီ ကလည္း ယခုကူးစက္ေရာဂါမွာ ႏိုင္ငံအေပၚက်ေရာက္လာႏိုင္သည့္ အႏၲရာယ္မ်ားကို ကာကြယ္ရန္ ကာလုံက တာဝန္ယူေဆာင္႐ြက္ရန္ဆိုၿပီး ေတာင္းဆိုတဲ့စာ ထုတ္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြညံခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိ မေတြ႕ေသးေပမယ့္ တစ္ကမာၻလုံးမွာျဖစ္ေနတဲ့အတြက္ ကူးစက္ေရာဂါေဘးကေန လြတ္ဖို႔ဆိုတာ ျဖစ္ႏိုင္ေခ်ေတာ့မရွိပါဘူး။ဒီအတြက္ က်န္းမာေရးအရ ျပင္ဆင္စရာရွိတာ ျပင္ဆင္ဖို႔လိုသလို ကို႐ိုနာဗိုင္းရပ္စ္ကို အေၾကာင္းျပၿပီး ႏိုင္ငံေရး၊ စီးပြားေရး အျမတ္ထုတ္မယ့္သူေတြ အႏၲရာယ္ကိုလည္း ဂ႐ုထားဖို႔လိုေနတဲ့အတြက္ ကို႐ိုနာဗိုင္းရပ္စ္ကို ေစာင့္ႀကိဳေနတဲ့သူေတြကို ဘယ္လိုအက်ိဳးအျမတ္ထုတ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

သံ႐ုံးေတြက ျပန္လည္ေခၚယူမႈ

ကို႐ိုနာေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ လာေရာက္ဖြင့္လွစ္ထားတဲ့ သံ႐ုံးေတြက သူတို႔ႏိုင္ငံသားေတြကို ျမန္မာႏိုင္ငံကေန ျပန္လည္ထြက္ခြာဖို႔ ႏႈိးေဆာ္သလို သံအဖြဲ႕ဝင္ေတြကို ျပန္ေခၚတာေတြ ယခုရက္သတၱပတ္အတြင္းမွာလည္း ျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ ျမန္မာနဲ႔အိမ္နီးခ်င္းႏိုင္ငံေတြ အကုန္ျဖစ္ေနခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါရွိတယ္သံသယနဲ႔ ေစာင့္ၾကည့္လူနာသာရွိၿပီး ေသခဲ့တဲ့ ၇ ဦးကလည္း တျခားေရာဂါနဲ႔လို႔ အမည္ေပါက္တဲ့အတြက္ ျမန္မာႏိုင္ငံမွာေနထိုင္တဲ့ သူတို႔ႏိုင္ငံသားေတြအတြက္ က်န္းမာေရးစိုးရိမ္မႈနဲ႔ ျပန္လည္ေခၚထုတ္လာတာေတြ ရွိလာခဲ့တာပါ။

ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံ႐ုံးက မတ္လ ၁၈ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခ်က္ေၾကညာခဲ့တဲ့ ေၾကညာခ်က္မွာ ျမန္မာႏိုင္ငံမွာရွိတဲ့ ေဆးဘက္ဆိုင္ရာ အေဆာက္အဦးနဲ႔ ဝန္ေဆာင္မႈက ကို႐ိုနာဗိုင္းရပ္စ္ျဖစ္လာခဲ့ရင္ ပုံမွန္က်န္းမာေရးေစာင္ေရွာက္မႈကို ေပးႏိုင္မွာမဟုတ္တဲ့အတြက္ ျမန္မာႏိုင္ငံမွာေရာက္ေနတဲ့ ၿဗိတိန္ႏိုင္ငံသားမ်ားအေနျဖင့္ ျပန္လည္ထြက္ခြာရန္ တိုက္တြန္းခဲ့တာကို ေတြ႕ရပါတယ္။ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ေလေၾကာင္းလိုင္းေတြ ႐ုတ္တရက္ဖ်က္သိမ္းလာႏိုင္တဲ့အတြက္ ျပန္လည္ထြက္ခြာဖို႔ တိုက္တြန္းခဲ့သလို ထူးျခားေသာအေျခအေနမ်ားရွိရင္ သံ႐ုံးအေနနဲ႔ အကူအညီေပးဖို႔ရွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။သံ႐ုံးက ၿဗိတိန္ႏိုင္ငံသား ဝန္ထမ္းေတြနဲ႔ မိသားစုေတြကို ျပန္ေခၚဖို႔စီစဥ္ထားတယ္ဆိုတာကိုပါ ထုတ္ျပန္ခဲ့ပါတယ္။

ၿဗိတန္သံ႐ုံးနည္းတူ အျခားသံ႐ုံးေတြ၊ အဖြဲ႕အစည္းေတြကလည္း ျမန္မာႏိုင္ငံေရာက္ သူတို႔ႏိုင္ငံသားေတြ၊ ဝန္ထမ္းေတြကို ျမန္မာႏိုင္ငံထဲကေန ျပန္ထြက္ဖို႔ အသီးသီးထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ ျပန္ခ်က္ေတြေၾကာင့္ ျပည္တြင္းမွာ ေနထိုင္သူေတြအဖို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအေပၚ စိုးရိမ္မႈေတြ ႐ိုက္ခတ္မႈရွိခဲ့ပါတယ္။ဒီရက္ထဲမွာဘဲ အစိုးရဘက္က ကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ခဲ့သလို ထိုင္းနဲ႔ထိစပ္တဲ့ ျမ၀တီမွာ တ႐ုတ္ႏိုင္ငံသားေတြ ဝင္ေရာက္မႈကို ကန႔္သတ္ခဲ့ၿပီး ထိုင္းႏိုင္ငံသားေတြကလြဲၿပီး တျခားႏိုင္ငံသားေတြ ဝင္ေရာက္ခြင့္ကို နယ္စပ္မွာပိတ္ခဲ့ပါတယ္။
ဒါ့အျပင္ ယခင္ရက္ကတည္းက အီတလီ၊ ေတာင္ကိုရီးယား၊ ျပင္သစ္၊ အီရန္၊ စပိန္နဲ႔ အေမရိကန္ကလာတဲ့သူေတြကို ၁၄ ရက္ ေစာင့္ၾကည့္ဖို႔ စည္းကမ္းခ်ခဲ့သလို တ႐ုတ္ႏိုင္ငံက ၀ူဟန္နဲ႔ ေတာင္ကိုရီးယားက ဒယ္ဂူကလာတဲ့ ခရီးသည္ေတြကိုလည္း အဝင္မခံဖို႔ တားျမစ္ခ်က္ေတြ ထုတ္ခဲ့တာကို ေတြ႕ရပါတယ္။

အစိုးရအေနနဲ႔ ျပည္ပကလာေရာက္သူေတြဆီကေန ကူးစက္မႈကို တားဆီးဖို႔ႀကိဳးစားေနရေပမယ့္ ျပည္တြင္းစီးပြားေရးမွာ အဓိကက်တဲ့ ကုန္သြယ္ဘက္ တ႐ုတ္နဲ႔ ထိုင္းဆီကေန ကုန္သြယ္မႈမျပတ္ေတာက္ေစဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနရတာေတြလည္း ရွိေနခဲ့ပါတယ္။အထူးသျဖင့္ လုပ္သားအင္အား သိန္းခ်ီလုပ္ကိုင္ေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းအတြက္ ကုန္ၾကမ္းျပတ္ေတာက္ၿပီး စက္႐ုံေတြပိတ္မယ့္ေဘးကေန တားဆီးဖို႔ ယခုရက္ထဲမွာဘဲ တ႐ုတ္ကေန ေလေၾကာင္းမွတစ္ဆင့္ အထည္လိပ္ကုန္ၾကမ္းေတြ တင္သြင္းခဲ့သလို နယ္စပ္ကေနလည္း တင္သြင္းခဲ့တာကို ေတြ႕ရပါတယ္။ဒီအတြက္ အထည္ခ်ဳပ္အလုပ္သမားေတြ အလုပ္ျပဳတ္မယ့္ေဘးကေန အေတာ္ေလးေသာကေအးခဲ့ရပါတယ္။တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လုံး၀မရွိတာ ႏွစ္ရက္ရွိလာခ်ိန္မွာ တျခားဥေရာပနဲ႔ အာရွႏိုင္ငံေတြ၊ အေမရိကန္လိုႏိုင္ငံေတြမွာ ထိန္းခ်ဳပ္ဖို႔ အလူးအလဲႀကိဳးစားေနရတဲ့အတြက္ ျမန္မာႏိုင္ငံလို က်န္းမာေရးေစာင့္ေရွာက္မႈအားနည္းတဲ့ ႏိုင္ငံအဖို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မခံရေသးတာ ကမာၻ႔ႏိုင္ငံေတြအဖို႔ မယုံႏိုင္စရာအျဖစ္ပါဘဲ။တစ္စုံတစ္ရာလြဲေခ်ာ္ေနၿပီလားဆိုတဲ့ စိုးရိမ္မႈေတြေၾကာင့္ သူတို႔ႏိုင္ငံသားေတြကို ျပန္ေခၚခဲ့ပမယ့္ ျပည္တြင္းအေျခအေနကေတာ့ တည္ၿငိမ္ေနဆဲပါဘဲ။ဒီလိုတည္ၿငိမ္မႈ ဘယ္ကာလအထိရွိမလဲ၊ ႏိုင္ငံတကာကထင္သလို ျဖစ္ေနၿပီလား၊ ျဖစ္ေနၿပီဆို ဘယ္လိုရင္ဆိုင္မလဲဆိုတာကို ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ပလက္၀ႏွင့္ ျပင္းထန္သည့္စစ္ေရး

ယခုရက္အတြင္း အမ်ားစိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ၾကတဲ့သတင္းက ခ်င္းေတာင္ပိုင္း ပလက္၀မွာျဖစ္ခဲ့တဲ့ တိုက္ပြဲသတင္းေတြပါဘဲ။ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းမွာျဖစ္ခဲ့တဲ့ တပ္မေတာ္ႏွင့္ ရခိုင့္တပ္ (AA) တို႔ၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံေတြ အခက္ေတြ႕ေနတာၾကာေနပါၿပီ။တစ္ လေက်ာ္ၾကာျဖစ္ခဲ့တဲ့ တိုက္ပြဲေၾကာင့္ အဆိုပါေဒသအတြင္း ေနထိုင္သူ ခူမီး ခ်င္းလူမ်ိဳးေတြအတြက္ တျခားေဒသကို ေ႐ႊ႕ေျပာင္းအေျခခ်ရတာေတြအထိ ျဖစ္ခဲ့ပါတယ္။

သတင္းေတြအရ တိုက္ပြဲမ်ားျပင္းထန္ေနျခင္းေၾကာင့္ ေဒသခံေထာင္ခ်ီၿပီး ထြက္ေျပးတိမ္းေရွာင္ေနရသလို အဆိုပါေဒသအတြင္း စားနပ္ရိကၡာျပတ္လတ္မႈေတြေၾကာင့္ မႏၲေလးတိုင္းဘက္သို႔ ေျပာင္းေ႐ႊ႕မႈမ်ားရွိလာၿပီး တခ်ိဳ႕က  ရန္ကုန္အထိ ေဒသကိုစြန႔္ခြာၿပီး ဆင္းလာတာေတြလည္း ရွိခဲ့ပါတယ္။

အဆိုပါေဒသအတြင္း မတ္လ ၁၄ ရက္ေန႔ မနက္ပိုင္းက ေအေအ လက္နက္ကိုင္ေတြနဲ႔ တိုက္ပြဲျဖစ္ရာမွာ မိတ္စာဝ (၁) ေက်း႐ြာ၊ မိတ္စာဝ (၂) ေက်း႐ြာႏွင့္ မိတ္စာဝ (၃)၊ ေက်း႐ြာ (၃) ႐ြာကို  ေလေၾကာင္းပစ္ခတ္မႈေတြျဖစ္လို႔ ကေလးငယ္ေတြနဲ႔ အမ်ိဳးသမီးေတြအပါအဝင္ ေသဆုံးသူ ၂၀ ေက်ာ္ခဲ့ပါတယ္။ေသဆုံးသူ ၂၁ ဦးနဲ႔ ဒဏ္ရာရသူ ၂၈ ဦးထိရွိခဲ့တဲ့ ဒီေလေၾကာင္းပစ္ခတ္မႈအတြက္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တာဝန္ရွိသူေတြကို စစ္ေဆးအေရးယူေပးဖို႔ ေတာင္းဆိုတာရွိခဲ့ပါတယ္။

လူအေသအေပ်ာက္မ်ားတဲ့ မတ္ ၁၄ ရက္ မိတ္စာ၀ ေလေၾကာင္းတိုက္ခိုက္မႈအတြက္ တပ္ဘက္ကျငင္းဆိုခဲ့ၿပီး အဆိုပါရက္ပိုင္းအတြင္းမွာဘဲ တပ္မေတာ္ဘက္က တပ္ရင္းမႉးအပါအဝင္ တပ္မေတာ္သား ၂၀ ေက်ာ္ ၃၀ ခန႔္ ဖမ္းဆီးရမိတယ္လို႔ ထုတ္ျပန္မႈေတြရွိခဲ့ပါတယ္။မတ္ ၁၉ ရက္မွာ တပ္မေတာ္ဘက္က ထုတ္ျပန္ခ်က္မွာေတာ့ ပလက္၀ၿမိဳ႕နယ္ထဲရွိတဲ့ တပ္မေတာ္စခန္းျဖစ္တဲ့ မီး၀စခန္းကို  ရက္ ၄၀ ၾကာ ပိတ္ဆို႔ထားတဲ့ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕ (AA) ကို တိုက္ထုတ္ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ကာ ေအေအ လက္နက္ကိုင္ေတြ ဖမ္းဆီးထားတဲ့ တပ္မေတာ္သားအခ်ိဳ႕ကို ျပန္ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ပလက္ဝ-ေက်ာက္ေတာ္ လမ္းေၾကာင္းႏွင့္ မီးစာ-မတူပီ လမ္းေၾကာင္းဆုံရာ ေနရာတြင္ တည္ရွိၿပီး ေဒသအတြင္း အခ်က္အခ်ာက်သည့္ မီးဝစခန္းကို ေဖေဖာ္ဝါရီ ၅ ရက္ကစၿပီး ပိတ္ဆို႔တိုက္ခိုက္ခံရတာမွာ မတ္၁၈ ရက္ နံနက္ပိုင္းမွာ တပ္မေတာ္ဘက္မွ ရိကၡာ/ခဲယမ္းမ်ားႏွင့္ စစ္ကူမ်ားေရာက္ရွိလာခဲ့လို႔ ေအေအတပ္ေတြ ျပန္ဆုတ္သြားတယ္လို႔ ဆိုပါတယ္။တပ္မေတာ္ႏွင့္ AA တို႔ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း ျဖစ္ေနတဲ့တိုက္ပြဲေတြေၾကာင့္ အရပ္သားမ်ား ရာႏွင့္ခ်ီေသဆုံး၊ ထိခိုက္ဒဏ္ရာမ်ား ရရွိသကဲ့သို႔ တိုက္ပြဲေရွာင္ဦးေရမွာလည္း ၁၅၀၀၀၀ ေက်ာ္ရွိေနၿပီလို႔ ဆိုပါတယ္။ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ကေတာ့ ယခုလို ေဒသခံေတြထိတဲ့ တိုက္ပြဲေတြေၾကာင့္ AA အေနျဖင့္ ခ်င္းျပည္နယ္အတြင္းတြင္ စစ္ေရးအေျခမခ်ရန္ သတိေပးခဲ့ပါတယ္။သတင္းေတြအရ ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕၏ ေဆာင္႐ြက္ခ်က္မ်ားေၾကာင့္ ေဒသခံ ခူမီး ခ်င္းမ်ားအပါအဝင္ ခ်င္းလူမ်ိဳးမ်ားက ရခိုင္လက္နက္ကိုင္တပ္ (AA) ကို ျပန္လည္တိုက္ခိုက္ရန္ ျပည္သူ႔စစ္အသြင္ လက္နက္တပ္ဆင္ေပးဖို႔ ေတာင္းဆိုတာေတြလည္း ရွိေနတယ္လို႔ဆိုပါတယ္။

ယခုရက္ပိုင္းမွာဘဲ ရွမ္းျပည္ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕နယ္ ပန္ေဆးေဒသရွိ ေက်း႐ြာ  ၅ ခုကို တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ (TNLA) က ဝင္တိုက္ခဲ့လို႔ အရပ္သားေတြ ျပည္သူ႔စစ္ေတြ ေသဆုံးခဲ့ရပါတယ္။ဒီလိုျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္စလုံးက အျပန္အလွန္ျငင္းဆိုမႈေတြရွိၿပီး TNLA ဘက္က ထုံးစံအတိုင္း ဘိန္းခင္းေတြကို ဖ်က္ဆီးဖို႔လုပ္ရင္း ျဖစ္တာလို႔ဆိုပါတယ္။အဲဒီေဒသမွာ ဘိန္းစိုက္ခင္းေတြမရွိဘူးလို႔ ေဒသခံေတြက ဆိုပါတယ္။ရခိုင္ေျမာက္ပိုင္း၊ ခ်င္းေတာင္ပိုင္း၊ ရွမ္းေျမာက္ပိုင္းေတြမွာ ေရွ႕ဆက္ လူမ်ိဳးေရးဆိုင္ရာျပႆနာေတြ ျမင္လာရဖြယ္ရွိသလို တည္ၿငိမ္တဲ့နယ္ေျမေတြ ဆက္တိုးလာမလား၊ ယုတ္ေလ်ာ့လာမလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုရက္ထဲ အမ်ားျပည္သူေစာင့္ၾကည့္ခဲ့ရတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ အေျခခံဥပေဒ ျပင္ဆင္ဖို႔ မဲခြဲဆုံးျဖတ္တဲ့သတင္းေတြ၊ မူဆယ္ၿမိဳ႕အတြင္း တရားမဝင္ ဝင္ေရာက္ေနထိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသားခုနစ္ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့တဲ့သတင္းေတြ၊ ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့သည့္ ဗစ္တိုးရီးယားအမႈမွာ နစ္နာသူကေလးငယ္ႏွင့္ မိသားစုဝင္မ်ား၏ အမည္ရင္းႏွင့္ အခ်က္အလက္မ်ား ထုတ္ေဖာ္ေျပာၾကားခဲ့သည့္ ရဲအရာရွိႀကီးမ်ားကို ဆက္သြယ္ေရး ဥပေဒပုဒ္မ-၆၆ (ဃ) ျဖင့္ တရားစြဲဆိုမယ့္သတင္းေတြ၊  အစိုးရ၊ လႊတ္ေတာ္ႏွင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို မဟုတ္မမွန္ေျပာၾကားခဲ့လို႔ ပုဒ္မ ၅၀၅ (ခ) ျဖင့္ ေထာင္ဒဏ္ ၆ လ ခ်မွတ္ခံရတဲ့ ျပည္ခိုင္ၿဖိဳးအမတ္ ဦးတင္စိုး ဆီးခ်ိဳေရာဂါရွိလို႔ဆိုၿပီး ရမည္းသင္းခ႐ိုင္ေဆး႐ုံမွာ တက္ေရာက္ေဆးကုသေနတဲ့ သတင္းေတြ၊ ၁၉၉၄ ခုႏွစ္က စတင္တည္ေထာင္ခဲ့တဲ့ အာရွရန္ကုန္ဘဏ္ကို တည္ဆဲဥပေဒခ်ိဳးေဖာက္လို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က လုပ္ငန္းလိုင္စင္ ႐ုတ္သိမ္းလိုက္တဲ့ သတင္းေတြလဲ ယခုရက္ထဲျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
မတ္ - ၂၁