【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သွေးနဲ့ရင်းနေရတဲ့ ဒီမိုကရေစီအရွေ့

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 သွေးနဲ့ရင်းနေရတဲ့ ဒီမိုကရေစီအရွေ့

ယခုရက်ထဲ သတင်းတွေများစွာဖြစ်ခဲ့သလို တစ်စုတစ်ဖွဲ့က စေစားရာအတိုင်း လိုက်လုပ်ဆောင်နေမှုကြောင့်ဖြစ်ရတဲ့ ကြေကွဲစရာဖြစ်ရပ်တစ်ခုကလည်း ဒီမိုကရေစီအရွေ့ကို ဖြစ်စေချင်လွန်းလှသူ ပြည်သူတွေအတွက် စိတ်နှလုံးယူကြုံးမရစရာ ဖြစ်ခဲ့ရပါတယ်။ဒါဟာ ယခုနှစ်ရဲ့ စိတ်ထိခိုက်စရာ လက်နက်ရှိမှ သတ္တိရှိ၊ သွေးရှိတဲ့ လူတစ်စုက တင်ဆက်လိုက်တဲ့ စိတ်ထိခိုက်စရာ ကြေကွဲသတင်းပါဘဲ။ကျည်တစ်တောင့်ကြောင့် ပြည်သူတွေရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး သေဆုံးခြင်းဟာ ပြည်သူအားလုံးကို စော်ကားလိုက်တာဖြစ်သလို မြန်မာပြည်မှာ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီအရွေ့ကို မလိုလားတဲ့အင်အားစုတွေ ဘယ်လောက်တောင်ရှိနေသေးလဲဆိုတာ ပြည်သူတွေကို အကောင်းဆုံးသတိပေးခဲ့တာလည်း ဖြစ် ပါတယ်။

ဒီရက်ပိုင်းဖြစ်နေတဲ့ သတင်းတွေကို စီကာစဉ်ကာကြည့်မယ်ဆိုရင် ဒီဖြစ်ရပ်ရဲ့နောက်ကွယ်က လက်မဲကြီးလို့ ပြည်သူတွေ ခေါ်ဝေါ်သမုတ်ကြတဲ့ အာဏာကိုမက်မောတဲ့ အာဏာကိုအသုံးချပြီး ကိုယ်ကျိုးရှာချင်ကြတဲ့ လူတစ်စုရဲ့ စည်းလွတ်ဝါးလွတ်လုပ်ရပ်တွေကို သိမြင်နိုင်ကြမှာဖြစ်ပါတယ်။ကြေကွဲစရာ ဒီလိုဖြစ်ရပ်အပြင် ဒီရက်ထဲမှာဘဲ  တောင်ဒဂုံမှာလည်း လုပ်ငန်းခွင်အနိုင်ကျင့်မှုကနေဖြစ်လာတဲ့ အလုပ်သမားပြဿနာကနေ အကြမ်းဖက်ဆူပူမှုအထိ ကူးလာ‌အောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်လာလို့ အရေးယူရတဲ့ပြဿနာ၊ ရွေးကောက်ပွဲအရှုံးကို လက်မခံတဲ့ ပါတီအချို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ ပါတီဝန်းရံသူတွေကို ကားနဲ့တင်ပြီး မိုဘိုင်းလ်ဆန္ဒပြပွဲတွေလုပ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြနေကြတဲ့ လူတစ်စုရဲ့လုပ်ဆောင်နေမှုတွေကိုလည်း ယခုရက်ပိုင်းမှာ စိတ်ဝင်စားဖွယ် တွေ့ နေရမှာဖြစ်ပါတယ်။

ဒီလိုရှုပ်ထွေးတဲ့ သတင်းတွေအပြင် ဒီတစ်ပတ်ထဲမှာ နိုင်ငံရေးနဲ့နွယ်ပြီး သတိထားစရာ သတင်းအချို့လည်းရှိခဲ့ပါတယ်။ဒါတွေက ကုလသမဂ္ဂမှာ OICနဲ့ EUတို့ ပူးတွဲတင်တဲ့ အဆိုမူကြမ်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့တဲ့သတင်း၊ UWSA (ဝ) အဖွဲ့ကို NCA လမ်းကြောင်းပေး လျှောက်လှမ်းဖို့ ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တဲ့သတင်း၊ (AA) ပြန်ပေးဆွဲထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့  NLD ပါတီက တောင်းဆိုလိုက်တာကို (AA) ဘက်က နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်မှုရှိတဲ့အချိန်မှ ပြန်လည်လွှတ်ပေးမယ်ဆိုပြီး ခပ်မာမာတုံ့ပြန်ခဲ့တဲ့ သတင်းတွေဖြစ်ပါတယ်။

ဒီလိုသတင်းတွေထဲကနေ ပထမဆုံး ရွေးကောက်ပွဲ အရှုံး/အနိုင်နဲ့ ဆက်စပ်ပြီး ဖြစ်လာခဲ့တဲ့ ကျောက်မဲက အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ကို လုပ်ကြံသတ်ဖြတ်မှု၊ နိုင်ငံတကာက အသိအမှတ်ပြုလာတဲ့ အနိုင်ရပါတီရဲ့ ဖြစ်လာနိုင်တဲ့ အစိုးရအခင်းအကျင်း၊ ဒဂုံဆိပ်ကမ်း ပေါက်စီစက်ရုံ အလုပ်သမားပြဿနာနဲ့ ရွေးကော်ကို ခွက်ခွက်လန်ရှုံးတဲ့ ပါတီတွေဘက်က ဝန်းရံသူတွေ အကွက်စိပ်စိပ် ပုံဖော်ဆန္ဒပြလာတဲ့ သတင်းတွေကို ယခုရက်သတ္တပတ်မှာ သုံးသပ်တင်ပြမှာဖြစ်ပါတယ်။

နိုင်ငံရေးအရ မယှဉ်နိုင်ရင် လူသတ်တဲ့ယဉ်ကျေးမှု ထွန်းကားပြီလား

နိုဝင်ဘာလ ၂၁ ရက် ညပိုင်းမှာ သတင်းတစ်ခု တက်လာခဲ့ပါတယ်။ဒီသတင်းက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အာဏာရပါတီက အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ သတင်းပါဘဲ။ဒီအဖြစ်က လွန်ခဲ့တဲ့ ၄ နှစ်အကြာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေက  ရန်ကုန်လေဆိပ်မှာ အာဏာရပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ သတ်ဖြတ်ခံရတာကို ပြန်သတိရစရာပါ။ဒီတုန်းကလည်း ဘယ်သူမှ မလုပ်လောက်ဘူးထင်ပေမယ့် အာဏာကိုလက်မလွှတ်လိုချင်တဲ့ လူတစ်စုက ပြည်သူတွေရွေးကောက်လိုက်တဲ့ အာဏာရပါတီရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူကို သတ်ဖြတ်ပြလိုက်ခြင်းနဲ့အတူ ပါတီမှာ အားပျော့သွားအောင်၊ သူတို့ဆီမှာ ဒီလိုလက်မရွံ့တွေ၊ သေမထူးနေမထူးတွေ၊ ခေါင်းမသုံးတတ်တဲ့သူတွေနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးတဲ့သူတွေ အစုလိုက်အပြုံလိုက်ရှိနေတယ်ဆိုတာကို အားလုံးကြောက်လန့်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အဖြစ် ပြခဲ့ပါတယ်။ဒါပေမယ့် သူတို့ထင်သလိုမဖြစ်ခဲ့ဘဲ လေဆိပ်တက္ကစီမောင်းတဲ့ ကိုနေဝင်းဆိုသူရဲ့ အသေခံဖမ်းဆီးပေးမှုကြောင့် ဒီတုန်းက လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း ကို မိခဲ့ပြီး ပြည်သူတစ်ဦးဖြစ်တဲ့ ကိုအောင်စိုးဆိုသူက ပြတ်နေတဲ့ အမှုကွင်းဆက်ကို ဆက်ပြီးဖော်ထုတ်ပေးခဲ့တဲ့အတွက် တရားခံအစစ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် တရားခံအစစ်က နေပြည်တော် အဘယဆေးဥယျာဉ်နားမှာ ပျောက်သွားခဲ့ရာကနေ အခုထိ စုန်းစမြုပ်စ မြုပ်ခဲ့ပါတယ်။ယခုထိ သေလား ရှင်လား လက်စဖျောက်ခံလိုက်ရပြီလားဆိုတာ မသိတော့ပါဘူး။  

ယခုဖြစ်ရပ်ကလည်း ကြားရတဲ့သူအတိုင်းအတွက် ထိတ်လန့်စရာထက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ယခုသတ်ဖြတ်ခံရတဲ့သူက ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ကျောက်မဲခရိုင်နဲ့ မိုးမိတ်ခရိုင်ကို ကိုယ်စားပြုပြီး ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်နေရာကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ရွေးချယ်ခံရာကနေ အနိုင်ရခဲ့တာပါ။ရွေးကောက်ခံရပြီး ဆယ်ရက်ကျော်အကြာ နိုဝင်ဘာ (၂၁) ရက်၊ ညနေ (၆) နာရီကျော်မှာ သူ့ရဲ့နေအိမ်ဖြစ်တဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေအိမ်ရှေ့ ကွမ်းယာနေစဉ် ဆိုင်ကယ်နဲ့ သေနတ်သမားရောက်လာပြီး ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင် ပြီးခဲ့တဲ့ရက်သတ္တပတ်က အဆိုပါကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ်ကို လက်နက်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ဦးထိုက်ဇော် ဒီလိုသတ်ဖြတ်ခံရပြီးနောက်မှာ လူမှုကွန်ရက်မှာ ဒီမိုကရေစီအရွေ့ကို မလိုလားတဲ့သူတွေဘက်က ဝမ်းမြောက်ကြောင်း ရေးသားဖော်ပြတာတွေ၊ အသတ်ခံရတဲ့ ဝမ်းနည်း စိတ်မကောင်းကြောင်း ဖော်ပြချက်တွေအောက်မှာ သရော်လှောင်ပြောင်ရေးသားတာတဲ့ စိတ်ဓာတ်အောက်တန်းကျသူတွေရဲ့ ရေးသားမှုတွေကို အတော်လေး စိတ်မသက်သာဖွယ် မြင်တွေ့ခဲ့ရပါတယ်။

လက်နက်ရှိတဲ့လူတွေက လက်နက်မရှိတဲ့ လူတစ်ယောက်ကို သတ်ဖြတ်ခဲ့တာ စိတ်ထဲမထိန်းထားနိုင်လောက်အောင် ဝမ်းသာပြတာ၊ ကိုယ်နဲ့ အယူဝါဒမတူတာနဲ့ ဘက်မတူတာနဲ့ လူသားမဆန်စွာ ဝမ်းမြောက်နေကြတာဟာ အတော်လေး လူသားမဆန်သလို အောက်တန်းကျလှပါတယ်။ဦးထိုက်ဇော် သတ်ဖြတ်လုပ်ကြံခံရပြီးနောက်မှာ အဆိုပါဒေသအတွင်း လှုပ်ရှားနေတဲ့ TNLA နဲ့ RCSS ဘက်က သူတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့သလို TNLA ဘက်ကဆိုရင် ဒီလိုပြုလုပ်တဲ့သူကြောင့် သူ့ရဲ့အဖွဲ့အစည်းပုံရိပ် ကျဆင်းတယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီလိုသတ်ဖြတ်ခံရတဲ့အတွက် ပါတီတွေဘက်က ထုတ်ပြန်ချက်တွေထုတ်ပြီး ဝမ်းနည်းကြောင်းဖော်ပြခဲ့သလို ဒီလုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။ဒီထဲမှာ ထူးပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလိုဖြစ်ရပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စီစဉ်ဆောင်ရွက်မှုအပေါ် မကျေနပ်ချက်က စတယ်လို့ မှတ်ယူတယ်ဆိုပြီး ဒီဖြစ်စဉ်တွေက တိုင်းရင်းသားများ၏ မကျေနပ်မှုများကို အခြေတည်၍ ဖြစ်ပေါ်လာသော အကြောင်းတရားများဖြစ်ကြောင်း သုံးသပ်မိတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ဒီလိုထုတ်ပြန်ပြီး တခဏအတွင်းမှာဘဲ မပေါ်ပေါက်သေးတဲ့ လုပ်ကြံသတ်ဖြတ်မှုရဲ့ လက်သည်က ဘယ်ဘက်ကဖြစ်နိုင်တယ်ဆိုတာကို သုံးသပ်ထုတ်ပြန်ခဲ့မှုအတွက် ပုဂ္ဂိုလ်အသီးသီးနဲ့ ပြည်သူတွေက လူမှုကွန်ရက်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကို တွေ့ရပါတယ်။

မကြာသေးမီက ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားပါတီတွေဘက်ကို ကမ်းလှမ်းခဲ့သလို နိုဝင်ဘာ ၁၉ ရက်မှာ NLD ပါတီဘက်ကနေ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများဖွဲ့စည်းသည့်အခါတွင် တိုင်းရင်းသားပါတီများရဲ့ သဘောထားကို စဉ်းစားမယ်ဆို ပြီး ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့် က ပြော‌ခဲ့ပါတယ်။ဒီလို ဖက်ဒရယ်ကိုဦးတည်ပြီး ထပ်မံရွေးကောက်ခံရတဲ့ ပါတီဘက်က လုပ်ဆောင်ဖို့ ဦးတည်နေချိန်မှာ ယခုလို တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေနဲ့ အခြားသောလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာ နယ်မြေဒေသမှာနေထိုင်တဲ့ သာမန်နေထိုင်လုပ်ကိုင်စားသောက်တဲ့ ရွေးကောက်ခံအမတ်တစ်ဦးကို ကွမ်းလာဝယ်သလိုနဲ့ လုပ်ကြံခဲ့တာ ဘာရည်ရွယ်ချက်လည်းဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

သတ်ဖြတ်သူ (သို့မဟုတ်) သတ်ဖြတ်ခိုင်းတဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကိုရိပ်မိတဲ့ သက်ဆိုင်ရာ ပြည်နယ်အောင်နိုင်ရေးအဖွဲ့ဘက်က ချက်ချင်းဆိုသလို စာထုတ်ပြီး တိုင်းရင်းသားအချင်းချင်း အထင်အမြင်လွဲစေနိုင်တဲ့ စွပ်စွဲပြောဆိုမှုတွေမလုပ်ဖို့၊ လူမှုကွန်ရက်မှာမရေးဖို့ သတိပေးခဲ့တာကိုလည်း ထူးထူး ခြားခြားတွေ့လိုက်ရပါတယ်။
ပါတီဘက်ကလည်း ဒီလို နေအိမ်မှာ ပစ်သတ်ခံရတာဟာ နိုင်ငံရေးအကြမ်းဖက်မှုဖြစ်လို့ ရှုတ်ချပြီး လက်နက်အားကိုးဖြင့် လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း၊ လုပ်ကြံသတ်ဖြတ်ခဲ့သူကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးဖို့ စာထုတ်တောင်းဆိုခဲ့ပါတယ်။

ဒီလိုအောက်တန်းကျပြီး လုပ်ကြံသတ်ဖြတ်တာ ပြည်တွင်းမှာသာမကပါဘူး။နိုင်ငံတကာအထိ ပျံ့နှံ့ခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ဒီလိုသူရဲဘောကြောင်စွာ လုပ်ကြံသတ်ဖြတ်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း စာထုတ်ခဲ့ပါတယ်။နောက်ပိုင်းမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ထုံးစံအတိုင်း ထင်ကြေးများစွာ ထွက်ပေါ်ခဲ့ပေမယ့် ဒေသတွင်းနဲ့နီးစပ်တဲ့ အချို့ကတော့ ဒါဟာ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ မဲအနည်းငယ်ခန့်ဖြင့် အနိုင်ရခဲ့တဲ့အပေါ်နဲ့ ဆက်စပ်နေနိုင်တယ်ဆိုပြီး ခန့်မှန်းကြတာတွေလည်း ရှိနေပါတယ်။

လက်ရှိအခြေအနေအရဆိုရင် ဒီလုပ်ကြံသတ်ဖြတ်မှုကလည်း  နေပြည်တော် ဗစ်တိုးရီးယားအမှုလို၊ ဦးကိုနီအမှုလို၊ ငါးလောင်းပြိုင် လေးလောင်းပြိုင်အမှုလို တရားခံပေါ်နိုင်ဖွယ်မရှိဘဲ အများဆုံး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တရားခံအဖြစ် အပြစ်လွှဲနေတာနဲ့ပဲ တရားခံမပေါ်ဘဲ မြန်မာပြည်ထုံးစံအတိုင်း ပျောက်ပြယ်သွားနိုင်တဲ့အနေအထား ဖြစ်လာစရာရှိနေပါတယ်။ထူးခြားတာက လက်ရှိအာဏာရ NLD ပါတီလက်ထက် တစ်လျှောက်လုံးမှာ ပြန်ပေးဆွဲခံရတိုင်း၊ သတ်ဖြတ်ခံရတိုင်း  အာဏာရပါတီနှင့် သက်ဆိုင်သူတွေချည်းသာ ဖြစ်နေတာက ထူးခြားလွန်းနေပါတယ်။

နိုင်ငံတကာမှာ တိုင်းပြည်ဘဏ္ဍာနှင့် မြေပေါ် မြေအောက် အရင်းအမြစ်များကို ထင်သလိုသုံးဖြုန်း ကာ ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေကို လူထုနိုင်ငံရေးနည်းဖြင့် ခွာချနိုင်ခဲ့သည့် အာဏာရပါတီခေါင်းဆောင်တွေ၊ ဒေသခေါင်းဆောင်တွေကို အငြိုးထားလုပ်ကြံသတ်ဖြတ်တာတွေက မကြာခဏဖြစ်လေ့ရှိနေပါတယ်။ဒီလို ကမ္ဘာ့သမိုင်း နိုင်ငံသမိုင်းမှာ “လူကို ခွေးက သတ်တဲ့” ဖြစ်စဉ်က ဆန်းတော့မဆန်း။သို့သော် ဒီမိုကရေစီခရီးလမ်းတစ်လျှောက် ယခုထက်ဆိုးသည့် နှိပ်စက်သတ်ဖြတ်ခံရသည့်ဖြစ်ရပ်တွေ၊ ဖျောက်ဖျက်ခံရသည့်လူတွေ၊ ရက်စက်ယုတ်မာမှုတွေကို ပြည်သူများက ခံခဲ့ရပြီး မြင်ခဲ့ရပြီး၊ ကြုံခဲ့ရပြီး ဖြစ်သည့်အတွက် ဘယ်သူတွေ ယခုလိုလုပ်ရပ်ကို ကျူးလွန်တတ်ကြသည်ကို သိပြီးသား။အာဏာငန်းဖမ်းနေတဲ့ အတ္တကြီးတဲ့ လူယုတ်မာတွေရဲ့ မနက်ဖြန် …… ဘာတွေဖြစ်လာကြမလဲဆိုတာသာ။

နိုင်ငံရေအရး မယှဉ်နိုင်လို့ အကြမ်းဖက်လမ်းစဉ်ကို ကျင့်သုံးတော့မှာလား  

ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရပြီး ဆက်လက်တာဝန်ယူမည့် အာဏာရပါတီရဲ့ နောင်လာမည့်သက်တမ်း အခင်းအကျင်းက အများပြည်သူအတွက် စိတ်ဝင်စားဖွယ်ရာပါ။ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ကုလအတွင်းရေးမှူးချုပ်၊ တရုတ်သမ္မတ၊ အမေရိကန် သံရုံး၊ ရုရှား သံရုံး၊ ဥရောပသမဂ္ဂ သံရုံး၊ အာဆီယံခေါင်းဆောင်များ၊ အိန္ဒိယဝန်ကြီးချုပ် စသည်တို့က ဂုဏ်ပြုစကားများ၊ သဝဏ်လွှာများ ဆက်တိုက်ပေးပို့ နေကြပေမယ့် ပြည်တွင်းမှာတော့ ဒီရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ပြည်ခိုင်ဖြိုးပါတီနဲ့ အခြားမဲရှုံးပါတီတွေကို ဝန်းရံတယ်ဆိုတဲ့သူတွေက ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြမှုတွေ နိုင်ငံအနှံ့မှာလုပ်နေတာကိုသာ တွေ့ရပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ ကြိုတင်မဲတွေရှိတယ်ဆိုပြီး လက်ရှိအာဏာရပါတီ အပြတ်အသတ်အနိုင်ရတာကို လက်မခံတဲ့ ပါတီဝန်းရံသူတွေဆိုသူတွေက ယခုရက်ထဲမှာဘဲ  ဆန္ဒပြမှုတွေကို နေရာအချို့မှာ လုပ်ခဲ့ပါတယ်။နိုဝင်ဘာ ၂၀ ရက်မှာ ရန်ကုန်မြို့တော်ခန်းမရှေ့၊ နေပြည်တော် ဇေယျာသီရိ၊ အင်းစိန်၊ ဒလ၊ ပခုက္ကူ၊ ပွင့်ဖြူတို့မှာ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး မဲအပြတ်အသတ်ရှုံးခဲ့တဲ့ ပါတီတွေဘက်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြခဲ့ရာမှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပေးရေး” ၊ “မသမာသည့် မဲခိုးရလဒ် လုံးဝလက်မခံ” ၊ “အာဏာရှင်ပါတီအစိုးရ အလိုမရှိ” စတဲ့ ဗီနိုင်းတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာကို တွေ့ရပါတယ်။ဒီပွဲတွေကို ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံဝန်းရံသူတွေက အများအားဖြင့် ဦးဆောင်ကျင်းပခဲ့သလို နိုဝင်ဘာ ၁၇ ရက်က တောင်ကြီးမှာပြုလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြတဲ့ပွဲမှာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က ဦးဆောင်ကာ နှင်းဆီပါတီတံဆိပ်ပါအင်္ကျီ ဝတ်ဆင်ထားသူတွေ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသူတွေ ပါဝင်ခဲ့ပါတယ်။တချို့ မြဝတီတို့လို မြို့နယ်အချို့မှာတော့ ကော်မရှင်ကိုဆန္ဒပြဖို့ ကြိုးစားပေမယ့် သက်ဆိုင်ရာက ခွင့်ပြုခဲ့တာတွေမရှိခဲ့တာကို တွေ့ရပါတယ်။

ရန်ကုန်က အင်းစိန်နဲ့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာဆိုရင် အတော်လေးကို လူထုကစိတ်ပျက်နေတဲ့ အနေအထားကိုတွေ့ရပြီး ဆန္ဒပြပွဲနဲ့ ခပ်ခွာခွာသွားလာနေကြတာကို တွေ့ရပါတယ်။ရွေးကောက်ပွဲကော်မရှင်ကို မဲရှုံးနိမ့်ခဲ့တဲ့ ပါတီတွေက ဆန္ဒပြခဲ့တဲ့အကြောင်းအရာကိုကြည့်ရင် အသက်မပြည့်သူ၊ မှတ်ပုံတင်မပါသူ၊ မှတ်ပုံတင်ထပ်နေသူတွေပါလို့ စသဖြင့် အကြောင်းပြချက်တွေကိုတွေ့ရပြီး  တစ်ကယ်ရွေးကောက်ပွဲကျင်းပချိန်မှာ ကန့်ကွက်တာတွေ၊ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ချိန်မှာ ယခုရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်နေတဲ့ ပါတီက မဲရုံကိုယ်စားလှယ်တွေဘက်က ကန့်ကွက်တာတွေ မလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ဒီလိုအစား ရွေးကောက်ပွဲနဲ့ မဲကြိုပေးတဲ့နေ့တွေမှာ တံဆိပ်တုံးအတုယူလာတဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က မဲရုံကိုယ်စားလှယ်တွေကိုသာမိလို့ ကော်မရှင်ဘက်က တရားစွဲတာတွေ လုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

နိုဝင်ဘာ ၈ ရက်မတိုင်ခင် ကော်မရှင်ဘက်က မဲစာရင်းပြုစုပြီး နှစ်ခါတိတိကပ်ကာ ပြင်ဆင်ခွင့်လုပ်ပေးခဲ့ပြီး မဲဆန္ဒရှင်တွေဘက်က လာရောက်ကြည့်ရှုပြီး ပြင်ဆင်မှုတွေကို ရပ်ကွက်ကော်မရှင်ဘက်က လုပ်ဆောင်ပေးတာ တွေ့ခဲ့ရပါတယ်။တချို့ဆို လာတောင်မကြည့်ဘဲ မဲပေးရတဲ့နေ့မှ ဖုတ်ပူမီးတိုက် လာရောက်မဲပေးကြတာကို တွေ့ရပါတယ်။ဒီလိုအနေအထားကနေ  ယခုလို ကော်မရှင်ဘက်ကို စွပ်စွဲတာတွေဖြစ်လာရတာကတော့ အတော်လေးကို ထူးဆန်းတဲ့ကိစ္စပါဘဲ။

ပြောရမယ်ဆိုရင် ယခုရွေးကောက်ပွဲက ပါတီအချို့ကို အတော်လေးအထိနာစေခဲ့ပါတယ်။အထူးသဖြင့် ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဆိုရင် အမာခံနယ်တွေလို့ ဆိုလို့ရတဲ့ မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မင်းကင်း စတဲ့နယ်‌မြေတွေကို ယခုရွေးကောက်ပွဲမှာ လက်လွှတ်ခဲ့ရပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် ရေပန်းစားခဲ့တဲ့ PPP ပါတီဆိုရင်လည်း ကိုယ်စားလှယ်တစ်နေရာမှမရခဲ့ဘဲ ရှုံးနိမ့်ခဲ့သလို ဒီရွေးကောက်ပွဲမှာ နေရာတစ်နေရာတော့ရနိုင်တယ် ထင်ထားတဲ့ ပါတီအတော်များများ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။တစ်ကယ်လည်း ပါတီတွေအနေနဲ့ ကိုယ့်ပါတီကိုယ် အထင်ကြီးပြီး အနိုင်ရမယ်လို့ တထစ်ချယုံကြည်ကာ မပြောသင့်တာတွေ ပြောခဲ့ကြတာတွေ၊ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်မဲဆွယ်တာတွေ လုပ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ဒီလို ကော်မရှင်ဘက်ကို စွပ်စွဲမှုတွေ ဆန္ဒပြမှုတွေ ဆက်တိုက်မြင့်တက်လာပေမယ့် ကော်မရှင်ဘက်ကတော့ အစိုးရရုပ်သံနဲ့ သီးသန့်အင်တာဗျူးမှာတော့ တချို့နိုင်ငံရေးပါတီများရဲ့ ရွေးကောက်ပွဲရလဒ် လက်ခံခြင်း မခံခြင်းက ပြည်သူက အဆုံးအဖြတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ရွေးကောက်ပွဲကို ပါတီ ၈၇ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရပါတီ ၁၉ ပါတီရှိခဲ့ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ခွင့်မရသည့် ပါတီမှာ ၆၈ ပါတီ ရှိခဲ့ကြောင်း၊ မဲပေးခွင့်ရှိသူ ၃၈ သန်းအနက် မဲလာပေးသူ ၂၇ သန်းကျော်ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်မရခဲ့သည့်ပါတီများမှာ ကိုဗစ်ရောဂါကြောင့်မဟုတ်ဘဲ စည်းရုံးမှုအားမကောင်းလို့ဖြစ်ကြောင်း  ပြောခဲ့ပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေရှိရင် ပါတီတွေအနေနဲ့ တိုင်ကြားရမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပအပြီး ၄၅ ရက်အတွင်း တိုင်ကြားနိုင်ကြောင်း၊ ယခုထိ တိုင်ကြားစာတစ်စောင်မှ မရသေးကြောင်း ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးကတည်းက ယခုရွေးကောက်ပွဲဟာ  တရားမျှတမှုမရှိဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊ တရားမျှတမှုမရှိဘူးလို့ ပြောဆိုလာခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ကော်မရှင်ဘက်ကိုတင်ဖို့ ကန့်ကွက်လွှာ ၇၅၀ ကျော်ရှိတယ်လို့ ပါတီဥက္ကဋ္ဌကိုယ်တိုင် လူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။နိုဝင်ဘာ ၁၈ ရက်က ပျော်ဘွယ် ပြည်ခိုင်ဖြိုးရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မဲရှုံးနိမ့်ခဲ့တဲ့ ဦးသောင်းအေး က “အရှုံးအနိုင်ကို ကျွန်တော်တို့ ခေါင်းထဲထည့်မစဉ်းစားပါဘူး။ကျွန်တော်တို့ အခုလုပ်နေတာ တရားမျှတမှုပါ” လို့ ပြောခဲ့သလို ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များကို တိုက်နေခြင်းမဟုတ်ဘဲ ပြည်သူများခံစားနေရသော ခံစားချက်များကို ကုစားပေးဖို့လို့ ဆိုခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ သူတို့တွေ့ရှိတဲ့ မသမာမှုတွေကို တတိယအဖွဲ့အစည်းတစ်ခုကို စစ်ဆေးခိုင်းရင် အမှန်တရား အဖြေထွက်လာမယ်လို့လည်း ပြောခဲ့ပါတယ်။ပါတီဥက္ကဋ္ဌဆိုသူကလည်း “ရွေးကောက်ပွဲတစ်ခုရဲ့ တရားမျှတမှု ရှိ/မရှိ၊ Free and Fair ဖြစ်/မဖြစ်ဆိုတာကို ဆုံးဖြတ်တာက တစ်ရက်တည်းလည်း ကြည့်လို့မရပါဘူး။နောက်ဆုံး ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို မည်ကဲ့သို့ သုံးသပ်ဆုံးဖြတ်သွားသလဲဆိုတဲ့ထိအောင် ကြည့်ရမှာဖြစ်ပါတယ်” ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ ပါတီဘက်က ယခုထိ ရလဒ်ကိုလက်မခံကြောင်း တွင်တွင်ပြောနေပေမယ် ပြည်သူထောက်ခံမဲနဲ့ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီဘက်ကတော့ သူလုပ်သင့်တဲ့ အစိုးရဖွဲ့စည်းရေးကို  ပြင်ဆင်နေသလို ရွေးကောက်ပွဲကတိတွေထဲပါတဲ့ အခြခံဥပဒေပြင်ဆင်ရေးကို လာမယ့်အစိုးရသက်တမ်းမှာ ဆက်လုပ်ဖို့ပြောခဲ့တာ တွေ့ရပါတယ်။ဒါ့အပြင် အားလုံးကြားချင်နေတဲ့ အမျိုးသားပြန်လည်ညီညွတ်ရေးအတွက် တိုင်းရင်းသားပါတီတွေကို လက်တွဲဖို့ ဖိတ်ခေါ်ထားသလို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ ဖွဲ့စည်းသည့်အခါမှာလည်း တိုင်းရင်းသားပါတီများ၏ သဘောထားကို ထည့်သွင်းစဉ်းစားမယ်ဆိုပြီး ပြောခဲ့ပါတယ်။လာမယ့်သက်တမ်း ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေအတွက် လိုအပ်တဲ့ လူနဲ့နေရာအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ရွေးချယ်မယ်ဆိုပြီး ပြောခဲ့တာတွေရှိသလို လွှတ်တော်ကိုယ်စားလှယ်ရွေးစဉ်ကလည်း  သစ္စာရှိမှုနဲ့ နိုင်ငံရေးဖြတ်သန်းမှုကို ဦးစားပေးခဲ့တဲ့အတွက် NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့သက်တမ်းမှာဖြစ်ခဲ့တဲ့ ပါတီကနေခွဲထွက်ပြီး တစ်စင်ထောင်ခဲ့တဲ့သူတွေ ပါတီထဲ ထပ်မပါလာဖို့ အတော်လေးသတိထားကြည့်နေတဲ့ အနေအထားကိုလည်း တွေ့ရပါတယ်။

ယခုရက်ပိုင်း COVID 19 ကပ်ရောဂါ ကာကွယ်ရန်အတွက် ထပ်ထုတ်တဲ့ ကျန်းမာရေးသတိပေးမှုမှာ ယခုရက်ပိုင်းမှာ နေရာစုံဆန္ဒလိုက်ပြနေတဲ့သူတွေရဲ့ လုပ်ကွက်သိနေလို့ လူစုလူဝေးနဲ့ လူ ၃၀ ထပ်ကျော် လာရင် ဦးဆောင်သူကိုအရေးယူပြီး ပါဝင်သူကို ပညာပေးမယ်ဆိုတဲ့ စည်းကမ်းချက်တွေ ပါလာခဲ့တာကို တွေ့ရပါတယ်။ဒါ့အပြင် ကိုဗစ်ထောက်ပံ့ကြေးမှာ ပြဿနာတက်နေတဲ့ ပါဝင်သူစာရင်းကို ပြန်လည်ကောက်ယူဖို့ လုပ်နေတာကိုတွေ့ရသလို ဖြတ်စားလုပ်ခဲ့တဲ့သူတွေကို အရေးယူဖို့ တိုင်ကြားရေးဌာနတွေကို မြို့နယ်တိုင်းမှာ ဖွင့်စေခဲ့တာကိုကြည့်ရင် နောင်လာမယ့် ၅ နှစ်သက်တမ်းက အာဏာရှင်နဲ့ အာဏာရှင်ကိုမှီပြီး လုပ်စားနေတဲ့သူတွေကြောက်တဲ့ ပြည်သူတွေမြင်ချင်နေတဲ့ အခင်းအကျင်းဖြစ်လာဖို့များနေတဲ့ သဘောပါဘဲ။မကြာခင်က တောင်ဒဂုံမှာဖြစ်ခဲ့တဲ့ ပေါက်စီစက်ရုံက သာမန် အလုပ်သမား အလုပ်ရှင် ပြဿနာကို ဆူပူအကြမ်းဖက်မှုအထိဖြစ်လာအောင် လုပ်ဆောင်လာသူတွေကို ဥပဒေအတိုင်း အရေးယူပြီး ကိုင်တွယ်ခဲ့တာကိုကြည့်ရင်လည်း နောင် ၅ နှစ်မှာ လက်မဲကြီးတို့၊ ရုတ်တရက်ပေါ်လာတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတို့အဖို့ အရင်လိုမလွယ်နိုင်တော့ဘူးလို့ ထင်စရာပါ။ဒီလို ဖြစ်၊ မဖြစ် ရွေးကောက်ပွဲအပြီး တစ်လခွဲအကြာ ဒီဇင်ဘာ ၂၀ ကျော်တဲ့အထိ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ယခုသတင်းတွေအပြင် သတိထားစောင့်ကြည့်မိစရာ သတင်းအချို့လည်းရှိခဲ့ပါတယ်။ဒါက ရွေးကောက်ပွဲကပ်ချိန်မှ လာအဖမ်းခံတဲ့ ဆရာတော် ဦးဝီရသူ ကို Video Conferencing ဖြင့် ရုံးထုတ်ပြီး အနောက်ပိုင်းတရားရုံးက ရမန်ကြီးနှစ်ပတ် ထပ်မံပေးလိုက်တဲ့သတင်း၊ မောင်တောမှာ ARSA အကြမ်းဖက်အဖွဲ့ ထောင်ထားတဲ့ ကားမိုင်းတစ်လုံးကို အရပ်ဘက်မော်တော်ယာဉ်တစ်စီးက နင်းမိပေါက်ကွဲလို့ အရပ်သားသုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ဒုက္ခသည်များအတွက် အစိုးရက ထောက်ပံ့ထားသော ဆန်အိတ်ခြောက်ရာကျော်ကို တပ်မတော်စစ်ကြောင်းက သိမ်းယူသွားလို့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့သတင်း စတဲ့သတင်းတွေကလည်း နောက်ရက်သတ္တပတ်မှာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်တဲ့အကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
နိုဝင်ဘာ - ၂၃

( Zawgyi )

ယခုရက္ထဲ သတင္းေတြမ်ားစြာျဖစ္ခဲ့သလို တစ္စုတစ္ဖြဲ႕က ေစစားရာအတိုင္း လိုက္လုပ္ေဆာင္ေနမႈေၾကာင့္ျဖစ္ရတဲ့ ေၾကကြဲစရာျဖစ္ရပ္တစ္ခုကလည္း ဒီမိုကေရစီအေ႐ြ႕ကို ျဖစ္ေစခ်င္လြန္းလွသူ ျပည္သူေတြအတြက္ စိတ္ႏွလုံးယူႀကဳံးမရစရာ ျဖစ္ခဲ့ရပါတယ္။ဒါဟာ ယခုႏွစ္ရဲ႕ စိတ္ထိခိုက္စရာ လက္နက္ရွိမွ သတၱိရွိ၊ ေသြးရွိတဲ့ လူတစ္စုက တင္ဆက္လိုက္တဲ့ စိတ္ထိခိုက္စရာ ေၾကကြဲသတင္းပါဘဲ။က်ည္တစ္ေတာင့္ေၾကာင့္ ျပည္သူေတြေ႐ြးေကာက္ခံရတဲ့ ကိုယ္စားလွယ္ေလာင္းတစ္ဦး ေသဆုံးျခင္းဟာ ျပည္သူအားလုံးကို ေစာ္ကားလိုက္တာျဖစ္သလို ျမန္မာျပည္မွာ ျပည္သူေတြလိုခ်င္တဲ့ ဒီမိုကေရစီအေ႐ြ႕ကို မလိုလားတဲ့အင္အားစုေတြ ဘယ္ေလာက္ေတာင္ရွိေနေသးလဲဆိုတာ ျပည္သူေတြကို အေကာင္းဆုံးသတိေပးခဲ့တာလည္း ျဖစ္ ပါတယ္။

ဒီရက္ပိုင္းျဖစ္ေနတဲ့ သတင္းေတြကို စီကာစဥ္ကာၾကည့္မယ္ဆိုရင္ ဒီျဖစ္ရပ္ရဲ႕ေနာက္ကြယ္က လက္မဲႀကီးလို႔ ျပည္သူေတြ ေခၚေဝၚသမုတ္ၾကတဲ့ အာဏာကိုမက္ေမာတဲ့ အာဏာကိုအသုံးခ်ၿပီး ကိုယ္က်ိဳးရွာခ်င္ၾကတဲ့ လူတစ္စုရဲ႕ စည္းလြတ္ဝါးလြတ္လုပ္ရပ္ေတြကို သိျမင္ႏိုင္ၾကမွာျဖစ္ပါတယ္။ေၾကကြဲစရာ ဒီလိုျဖစ္ရပ္အျပင္ ဒီရက္ထဲမွာဘဲ  ေတာင္ဒဂုံမွာလည္း လုပ္ငန္းခြင္အႏိုင္က်င့္မႈကေနျဖစ္လာတဲ့ အလုပ္သမားျပႆနာကေန အၾကမ္းဖက္ဆူပူမႈအထိ ကူးလာ‌ေအာင္ ရည္႐ြယ္ခ်က္ရွိရွိ ႀကံစည္လုပ္ေဆာင္လာလို႔ အေရးယူရတဲ့ျပႆနာ၊ ေ႐ြးေကာက္ပြဲအရႈံးကို လက္မခံတဲ့ ပါတီအခ်ိဳ႕ရဲ႕ လူစည္ကားတဲ့ေနရာေတြမွာ ပါတီဝန္းရံသူေတြကို ကားနဲ႔တင္ၿပီး မိုဘိုင္းလ္ဆႏၵျပပြဲေတြလုပ္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပေနၾကတဲ့ လူတစ္စုရဲ႕လုပ္ေဆာင္ေနမႈေတြကိုလည္း ယခုရက္ပိုင္းမွာ စိတ္ဝင္စားဖြယ္ ေတြ႕ ေနရမွာျဖစ္ပါတယ္။

ဒီလိုရႈပ္ေထြးတဲ့ သတင္းေတြအျပင္ ဒီတစ္ပတ္ထဲမွာ ႏိုင္ငံေရးနဲ႔ႏြယ္ၿပီး သတိထားစရာ သတင္းအခ်ိဳ႕လည္းရွိခဲ့ပါတယ္။ဒါေတြက ကုလသမဂၢမွာ OICနဲ႔ EUတို႔ ပူးတြဲတင္တဲ့ အဆိုမူၾကမ္းကို ျမန္မာကိုယ္စားလွယ္အဖြဲ႕က ျပတ္ျပတ္သားသား ကန႔္ကြက္ခဲ့တဲ့သတင္း၊ UWSA (ဝ) အဖြဲ႕ကို NCA လမ္းေၾကာင္းေပး ေလွ်ာက္လွမ္းဖို႔ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာခဲ့တဲ့သတင္း၊ (AA) ျပန္ေပးဆြဲထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းသုံးဦးကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔  NLD ပါတီက ေတာင္းဆိုလိုက္တာကို (AA) ဘက္က ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္နားလည္မႈရွိတဲ့အခ်ိန္မွ ျပန္လည္လႊတ္ေပးမယ္ဆိုၿပီး ခပ္မာမာတုံ႔ျပန္ခဲ့တဲ့ သတင္းေတြျဖစ္ပါတယ္။

ဒီလိုသတင္းေတြထဲကေန ပထမဆုံး ေ႐ြးေကာက္ပြဲ အရႈံး/အႏိုင္နဲ႔ ဆက္စပ္ၿပီး ျဖစ္လာခဲ့တဲ့ ေက်ာက္မဲက အႏိုင္ရ NLD လႊတ္ေတာ္ကိုယ္စားလွယ္ကို လုပ္ႀကံသတ္ျဖတ္မႈ၊ ႏိုင္ငံတကာက အသိအမွတ္ျပဳလာတဲ့ အႏိုင္ရပါတီရဲ႕ ျဖစ္လာႏိုင္တဲ့ အစိုးရအခင္းအက်င္း၊ ဒဂုံဆိပ္ကမ္း ေပါက္စီစက္႐ုံ အလုပ္သမားျပႆနာနဲ႔ ေ႐ြးေကာ္ကို ခြက္ခြက္လန္ရႈံးတဲ့ ပါတီေတြဘက္က ဝန္းရံသူေတြ အကြက္စိပ္စိပ္ ပုံေဖာ္ဆႏၵျပလာတဲ့ သတင္းေတြကို ယခုရက္သတၱပတ္မွာ သုံးသပ္တင္ျပမွာျဖစ္ပါတယ္။

ႏိုင္ငံေရးအရ မယွဥ္ႏိုင္ရင္ လူသတ္တဲ့ယဥ္ေက်းမႈ ထြန္းကားၿပီလား

ႏိုဝင္ဘာလ ၂၁ ရက္ ညပိုင္းမွာ သတင္းတစ္ခု တက္လာခဲ့ပါတယ္။ဒီသတင္းက ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ပိန္ေက်း႐ြာအုပ္စုမွာ ေနထိုင္တဲ့ အာဏာရပါတီက အႏိုင္ရ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထိုက္ေဇာ္ လုပ္ႀကံသတ္ျဖတ္ခံလိုက္ရတဲ့ သတင္းပါဘဲ။ဒီအျဖစ္က လြန္ခဲ့တဲ့ ၄ ႏွစ္အၾကာ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္ ညေနက  ရန္ကုန္ေလဆိပ္မွာ အာဏာရပါတီရဲ႕ ဥပေဒအႀကံေပး ဦးကိုနီ သတ္ျဖတ္ခံရတာကို ျပန္သတိရစရာပါ။ဒီတုန္းကလည္း ဘယ္သူမွ မလုပ္ေလာက္ဘူးထင္ေပမယ့္ အာဏာကိုလက္မလႊတ္လိုခ်င္တဲ့ လူတစ္စုက ျပည္သူေတြေ႐ြးေကာက္လိုက္တဲ့ အာဏာရပါတီရဲ႕ ဥပေဒေရးရာ ကြၽမ္းက်င္သူကို သတ္ျဖတ္ျပလိုက္ျခင္းနဲ႔အတူ ပါတီမွာ အားေပ်ာ့သြားေအာင္၊ သူတို႔ဆီမွာ ဒီလိုလက္မ႐ြံ႕ေတြ၊ ေသမထူးေနမထူးေတြ၊ ေခါင္းမသုံးတတ္တဲ့သူေတြနဲ႔ လုပ္ႀကံသတ္ျဖတ္ဖို႔ ဝန္မေလးတဲ့သူေတြ အစုလိုက္အၿပဳံလိုက္ရွိေနတယ္ဆိုတာကို အားလုံးေၾကာက္လန႔္ေအာင္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္အျဖစ္ ျပခဲ့ပါတယ္။ဒါေပမယ့္ သူတို႔ထင္သလိုမျဖစ္ခဲ့ဘဲ ေလဆိပ္တကၠစီေမာင္းတဲ့ ကိုေနဝင္းဆိုသူရဲ႕ အေသခံဖမ္းဆီးေပးမႈေၾကာင့္ ဒီတုန္းက လုပ္ႀကံသတ္ျဖတ္သူ ၾကည္လင္း ကို မိခဲ့ၿပီး ျပည္သူတစ္ဦးျဖစ္တဲ့ ကိုေအာင္စိုးဆိုသူက ျပတ္ေနတဲ့ အမႈကြင္းဆက္ကို ဆက္ၿပီးေဖာ္ထုတ္ေပးခဲ့တဲ့အတြက္ တရားခံအစစ္ကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ တရားခံအစစ္က ေနျပည္ေတာ္ အဘယေဆးဥယ်ာဥ္နားမွာ ေပ်ာက္သြားခဲ့ရာကေန အခုထိ စုန္းစျမဳပ္စ ျမဳပ္ခဲ့ပါတယ္။ယခုထိ ေသလား ရွင္လား လက္စေဖ်ာက္ခံလိုက္ရၿပီလားဆိုတာ မသိေတာ့ပါဘူး။  

ယခုျဖစ္ရပ္ကလည္း ၾကားရတဲ့သူအတိုင္းအတြက္ ထိတ္လန႔္စရာထက္ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။ယခုသတ္ျဖတ္ခံရတဲ့သူက ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၈ ရက္ ေ႐ြးေကာက္ပြဲမွာ ေက်ာက္မဲခ႐ိုင္နဲ႔ မိုးမိတ္ခ႐ိုင္ကို ကိုယ္စားျပဳၿပီး ရွမ္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ အမွတ္ (၁) မဲဆႏၵနယ္ေနရာကေန အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကေန ဝင္ေရာက္ေ႐ြးခ်ယ္ခံရာကေန အႏိုင္ရခဲ့တာပါ။ေ႐ြးေကာက္ခံရၿပီး ဆယ္ရက္ေက်ာ္အၾကာ ႏိုဝင္ဘာ (၂၁) ရက္၊ ညေန (၆) နာရီေက်ာ္မွာ သူ႔ရဲ႕ေနအိမ္ျဖစ္တဲ့ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ပိန္ေက်း႐ြာအုပ္စု၊ ပင္တိန္႐ြာမွာ ေနအိမ္ေရွ႕ ကြမ္းယာေနစဥ္ ဆိုင္ကယ္နဲ႔ ေသနတ္သမားေရာက္လာၿပီး ပစ္ခတ္ခဲ့လို႔ ေသဆုံးခဲ့တာျဖစ္ပါတယ္။ဒီမတိုင္ခင္ ၿပီးခဲ့တဲ့ရက္သတၱပတ္က အဆိုပါေက်ာက္မဲခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ရဲ႕ ေနအိမ္ကို လက္နက္နဲ႔ လာေရာက္ပစ္ခတ္ခဲ့တဲ့ျဖစ္စဥ္ ျဖစ္ခဲ့ပါတယ္။ဦးထိုက္ေဇာ္ ဒီလိုသတ္ျဖတ္ခံရၿပီးေနာက္မွာ လူမႈကြန္ရက္မွာ ဒီမိုကေရစီအေ႐ြ႕ကို မလိုလားတဲ့သူေတြဘက္က ဝမ္းေျမာက္ေၾကာင္း ေရးသားေဖာ္ျပတာေတြ၊ အသတ္ခံရတဲ့ ဝမ္းနည္း စိတ္မေကာင္းေၾကာင္း ေဖာ္ျပခ်က္ေတြေအာက္မွာ သေရာ္ေလွာင္ေျပာင္ေရးသားတာတဲ့ စိတ္ဓာတ္ေအာက္တန္းက်သူေတြရဲ႕ ေရးသားမႈေတြကို အေတာ္ေလး စိတ္မသက္သာဖြယ္ ျမင္ေတြ႕ခဲ့ရပါတယ္။

လက္နက္ရွိတဲ့လူေတြက လက္နက္မရွိတဲ့ လူတစ္ေယာက္ကို သတ္ျဖတ္ခဲ့တာ စိတ္ထဲမထိန္းထားႏိုင္ေလာက္ေအာင္ ဝမ္းသာျပတာ၊ ကိုယ္နဲ႔ အယူဝါဒမတူတာနဲ႔ ဘက္မတူတာနဲ႔ လူသားမဆန္စြာ ဝမ္းေျမာက္ေနၾကတာဟာ အေတာ္ေလး လူသားမဆန္သလို ေအာက္တန္းက်လွပါတယ္။ဦးထိုက္ေဇာ္ သတ္ျဖတ္လုပ္ႀကံခံရၿပီးေနာက္မွာ အဆိုပါေဒသအတြင္း လႈပ္ရွားေနတဲ့ TNLA နဲ႔ RCSS ဘက္က သူတို႔ လက္ခ်က္မဟုတ္ေၾကာင္း ျငင္းဆိုခဲ့သလို TNLA ဘက္ကဆိုရင္ ဒီလိုျပဳလုပ္တဲ့သူေၾကာင့္ သူ႔ရဲ႕အဖြဲ႕အစည္းပုံရိပ္ က်ဆင္းတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီလိုသတ္ျဖတ္ခံရတဲ့အတြက္ ပါတီေတြဘက္က ထုတ္ျပန္ခ်က္ေတြထုတ္ၿပီး ဝမ္းနည္းေၾကာင္းေဖာ္ျပခဲ့သလို ဒီလုပ္ရပ္ကိုလည္း ရႈတ္ခ်ခဲ့ပါတယ္။ဒီထဲမွာ ထူးၿပီး အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ဒီလိုျဖစ္ရပ္က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ စီစဥ္ေဆာင္႐ြက္မႈအေပၚ မေက်နပ္ခ်က္က စတယ္လို႔ မွတ္ယူတယ္ဆိုၿပီး ဒီျဖစ္စဥ္ေတြက တိုင္းရင္းသားမ်ား၏ မေက်နပ္မႈမ်ားကို အေျခတည္၍ ျဖစ္ေပၚလာေသာ အေၾကာင္းတရားမ်ားျဖစ္ေၾကာင္း သုံးသပ္မိတယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုထုတ္ျပန္ၿပီး တခဏအတြင္းမွာဘဲ မေပၚေပါက္ေသးတဲ့ လုပ္ႀကံသတ္ျဖတ္မႈရဲ႕ လက္သည္က ဘယ္ဘက္ကျဖစ္ႏိုင္တယ္ဆိုတာကို သုံးသပ္ထုတ္ျပန္ခဲ့မႈအတြက္ ပုဂၢိဳလ္အသီးသီးနဲ႔ ျပည္သူေတြက လူမႈကြန္ရက္ကေန ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တာကို ေတြ႕ရပါတယ္။

မၾကာေသးမီက ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္အႏိုင္ရခဲ့တဲ့ ပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကေန အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ တိုင္းရင္းသားပါတီေတြဘက္ကို ကမ္းလွမ္းခဲ့သလို ႏိုဝင္ဘာ ၁၉ ရက္မွာ NLD ပါတီဘက္ကေန ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အစိုးရမ်ားဖြဲ႕စည္းသည့္အခါတြင္ တိုင္းရင္းသားပါတီမ်ားရဲ႕ သေဘာထားကို စဥ္းစားမယ္ဆို ၿပီး ပါတီဗဟိုေကာ္မတီဝင္တစ္ဦးျဖစ္တဲ့ ေဒါက္တာမ်ိဳးၫြန္႔ က ေျပာ‌ခဲ့ပါတယ္။ဒီလို ဖက္ဒရယ္ကိုဦးတည္ၿပီး ထပ္မံေ႐ြးေကာက္ခံရတဲ့ ပါတီဘက္က လုပ္ေဆာင္ဖို႔ ဦးတည္ေနခ်ိန္မွာ ယခုလို တိုင္းရင္းသားလက္နက္ကိုင္ေတြ၊ ျပည္သူ႔စစ္ေတြနဲ႔ အျခားေသာလက္နက္ကိုင္အဖြဲ႕ေတြ လႈပ္ရွားရာ နယ္ေျမေဒသမွာေနထိုင္တဲ့ သာမန္ေနထိုင္လုပ္ကိုင္စားေသာက္တဲ့ ေ႐ြးေကာက္ခံအမတ္တစ္ဦးကို ကြမ္းလာဝယ္သလိုနဲ႔ လုပ္ႀကံခဲ့တာ ဘာရည္႐ြယ္ခ်က္လည္းဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။

သတ္ျဖတ္သူ (သို႔မဟုတ္) သတ္ျဖတ္ခိုင္းတဲ့ အဖြဲ႕အစည္းရဲ႕ ရည္႐ြယ္ခ်က္ကိုရိပ္မိတဲ့ သက္ဆိုင္ရာ ျပည္နယ္ေအာင္ႏိုင္ေရးအဖြဲ႕ဘက္က ခ်က္ခ်င္းဆိုသလို စာထုတ္ၿပီး တိုင္းရင္းသားအခ်င္းခ်င္း အထင္အျမင္လြဲေစႏိုင္တဲ့ စြပ္စြဲေျပာဆိုမႈေတြမလုပ္ဖို႔၊ လူမႈကြန္ရက္မွာမေရးဖို႔ သတိေပးခဲ့တာကိုလည္း ထူးထူး ျခားျခားေတြ႕လိုက္ရပါတယ္။
ပါတီဘက္ကလည္း ဒီလို ေနအိမ္မွာ ပစ္သတ္ခံရတာဟာ ႏိုင္ငံေရးအၾကမ္းဖက္မႈျဖစ္လို႔ ရႈတ္ခ်ၿပီး လက္နက္အားကိုးျဖင့္ လုပ္ႀကံသတ္ျဖတ္သည့္ အၾကမ္းဖက္လုပ္ရပ္ကို ျပင္းထန္စြာရႈတ္ခ်ေၾကာင္း၊ လုပ္ႀကံသတ္ျဖတ္ခဲ့သူကို အျမန္ဆုံးစုံစမ္းေဖာ္ထုတ္ေပးဖို႔ စာထုတ္ေတာင္းဆိုခဲ့ပါတယ္။

ဒီလိုေအာက္တန္းက်ၿပီး လုပ္ႀကံသတ္ျဖတ္တာ ျပည္တြင္းမွာသာမကပါဘူး။ႏိုင္ငံတကာအထိ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ျမန္မာႏိုင္ငံဆိုင္ရာ ျပင္သစ္သံ႐ုံးကလည္း ဒီလိုသူရဲေဘာေၾကာင္စြာ လုပ္ႀကံသတ္ျဖတ္မႈကို ျပင္းထန္စြာရႈတ္ခ်ေၾကာင္း စာထုတ္ခဲ့ပါတယ္။ေနာက္ပိုင္းမွာ အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထိုက္ေဇာ္ လုပ္ႀကံသတ္ျဖတ္ခံရမႈအတြက္ ထုံးစံအတိုင္း ထင္ေၾကးမ်ားစြာ ထြက္ေပၚခဲ့ေပမယ့္ ေဒသတြင္းနဲ႔နီးစပ္တဲ့ အခ်ိဳ႕ကေတာ့ ဒါဟာ ႏိုဝင္ဘာ ၈ ရက္ေ႐ြးေကာက္ပြဲမွာ မဲအနည္းငယ္ခန႔္ျဖင့္ အႏိုင္ရခဲ့တဲ့အေပၚနဲ႔ ဆက္စပ္ေနႏိုင္တယ္ဆိုၿပီး ခန႔္မွန္းၾကတာေတြလည္း ရွိေနပါတယ္။

လက္ရွိအေျခအေနအရဆိုရင္ ဒီလုပ္ႀကံသတ္ျဖတ္မႈကလည္း  ေနျပည္ေတာ္ ဗစ္တိုးရီးယားအမႈလို၊ ဦးကိုနီအမႈလို၊ ငါးေလာင္းၿပိဳင္ ေလးေလာင္းၿပိဳင္အမႈလို တရားခံေပၚႏိုင္ဖြယ္မရွိဘဲ အမ်ားဆုံး တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ တရားခံအျဖစ္ အျပစ္လႊဲေနတာနဲ႔ပဲ တရားခံမေပၚဘဲ ျမန္မာျပည္ထုံးစံအတိုင္း ေပ်ာက္ျပယ္သြားႏိုင္တဲ့အေနအထား ျဖစ္လာစရာရွိေနပါတယ္။ထူးျခားတာက လက္ရွိအာဏာရ NLD ပါတီလက္ထက္ တစ္ေလွ်ာက္လုံးမွာ ျပန္ေပးဆြဲခံရတိုင္း၊ သတ္ျဖတ္ခံရတိုင္း  အာဏာရပါတီႏွင့္ သက္ဆိုင္သူေတြခ်ည္းသာ ျဖစ္ေနတာက ထူးျခားလြန္းေနပါတယ္။

ႏိုင္ငံတကာမွာ တိုင္းျပည္ဘ႑ာႏွင့္ ေျမေပၚ ေျမေအာက္ အရင္းအျမစ္မ်ားကို ထင္သလိုသုံးျဖဳန္း ကာ ျပည္သူကို အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ခဲ့တဲ့ အာဏာရွင္ေတြကို လူထုႏိုင္ငံေရးနည္းျဖင့္ ခြာခ်ႏိုင္ခဲ့သည့္ အာဏာရပါတီေခါင္းေဆာင္ေတြ၊ ေဒသေခါင္းေဆာင္ေတြကို အၿငိဳးထားလုပ္ႀကံသတ္ျဖတ္တာေတြက မၾကာခဏျဖစ္ေလ့ရွိေနပါတယ္။ဒီလို ကမာၻ႔သမိုင္း ႏိုင္ငံသမိုင္းမွာ “လူကို ေခြးက သတ္တဲ့” ျဖစ္စဥ္က ဆန္းေတာ့မဆန္း။သို႔ေသာ္ ဒီမိုကေရစီခရီးလမ္းတစ္ေလွ်ာက္ ယခုထက္ဆိုးသည့္ ႏွိပ္စက္သတ္ျဖတ္ခံရသည့္ျဖစ္ရပ္ေတြ၊ ေဖ်ာက္ဖ်က္ခံရသည့္လူေတြ၊ ရက္စက္ယုတ္မာမႈေတြကို ျပည္သူမ်ားက ခံခဲ့ရၿပီး ျမင္ခဲ့ရၿပီး၊ ႀကဳံခဲ့ရၿပီး ျဖစ္သည့္အတြက္ ဘယ္သူေတြ ယခုလိုလုပ္ရပ္ကို က်ဴးလြန္တတ္ၾကသည္ကို သိၿပီးသား။အာဏာငန္းဖမ္းေနတဲ့ အတၱႀကီးတဲ့ လူယုတ္မာေတြရဲ႕ မနက္ျဖန္ …… ဘာေတြျဖစ္လာၾကမလဲဆိုတာသာ။

ႏိုင္ငံေရအရး မယွဥ္ႏိုင္လို႔ အၾကမ္းဖက္လမ္းစဥ္ကို က်င့္သုံးေတာ့မွာလား  

ေ႐ြးေကာက္ပြဲမွာ ထပ္မံအႏိုင္ရၿပီး ဆက္လက္တာဝန္ယူမည့္ အာဏာရပါတီရဲ႕ ေနာင္လာမည့္သက္တမ္း အခင္းအက်င္းက အမ်ားျပည္သူအတြက္ စိတ္ဝင္စားဖြယ္ရာပါ။ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့အတြက္ ကုလအတြင္းေရးမႉးခ်ဳပ္၊ တ႐ုတ္သမၼတ၊ အေမရိကန္ သံ႐ုံး၊ ႐ုရွား သံ႐ုံး၊ ဥေရာပသမဂၢ သံ႐ုံး၊ အာဆီယံေခါင္းေဆာင္မ်ား၊ အိႏၵိယဝန္ႀကီးခ်ဳပ္ စသည္တို႔က ဂုဏ္ျပဳစကားမ်ား၊ သဝဏ္လႊာမ်ား ဆက္တိုက္ေပးပို႔ ေနၾကေပမယ့္ ျပည္တြင္းမွာေတာ့ ဒီေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံဘဲ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ အျခားမဲရႈံးပါတီေတြကို ဝန္းရံတယ္ဆိုတဲ့သူေတြက ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပမႈေတြ ႏိုင္ငံအႏွံ႔မွာလုပ္ေနတာကိုသာ ေတြ႕ရပါတယ္။

က်င္းပၿပီးစီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ၊ ပြင့္လင္းျမင္သာမႈမရွိတာေတြ၊ ႀကိဳတင္မဲေတြရွိတယ္ဆိုၿပီး လက္ရွိအာဏာရပါတီ အျပတ္အသတ္အႏိုင္ရတာကို လက္မခံတဲ့ ပါတီဝန္းရံသူေတြဆိုသူေတြက ယခုရက္ထဲမွာဘဲ  ဆႏၵျပမႈေတြကို ေနရာအခ်ိဳ႕မွာ လုပ္ခဲ့ပါတယ္။ႏိုဝင္ဘာ ၂၀ ရက္မွာ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕၊ ေနျပည္ေတာ္ ေဇယ်ာသီရိ၊ အင္းစိန္၊ ဒလ၊ ပခုကၠဴ၊ ပြင့္ျဖဴတို႔မွာ ေ႐ြးေကာက္ပြဲႏွင့္စပ္လ်ဥ္းၿပီး မဲအျပတ္အသတ္ရႈံးခဲ့တဲ့ ပါတီေတြဘက္က ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပခဲ့ရာမွာ “ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဖ်က္သိမ္းေပးေရး” ၊ “မသမာသည့္ မဲခိုးရလဒ္ လုံးဝလက္မခံ” ၊ “အာဏာရွင္ပါတီအစိုးရ အလိုမရွိ” စတဲ့ ဗီႏိုင္းေတြကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့တာကို ေတြ႕ရပါတယ္။ဒီပြဲေတြကို ျပည္ခိုင္ၿဖိဳးပါတီကို ေထာက္ခံဝန္းရံသူေတြက အမ်ားအားျဖင့္ ဦးေဆာင္က်င္းပခဲ့သလို ႏိုဝင္ဘာ ၁၇ ရက္က ေတာင္ႀကီးမွာျပဳလုပ္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပတဲ့ပြဲမွာ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ (DNP) က ဦးေဆာင္ကာ ႏွင္းဆီပါတီတံဆိပ္ပါအက်ႌ ဝတ္ဆင္ထားသူေတြ၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF) တံဆိပ္ပါ အက်ႌဝတ္ဆင္ထားသူေတြ ပါဝင္ခဲ့ပါတယ္။တခ်ိဳ႕ ျမဝတီတို႔လို ၿမိဳ႕နယ္အခ်ိဳ႕မွာေတာ့ ေကာ္မရွင္ကိုဆႏၵျပဖို႔ ႀကိဳးစားေပမယ့္ သက္ဆိုင္ရာက ခြင့္ျပဳခဲ့တာေတြမရွိခဲ့တာကို ေတြ႕ရပါတယ္။

ရန္ကုန္က အင္းစိန္နဲ႔ ၿမိဳ႕ေတာ္ခန္းမမွာျပဳလုပ္တဲ့ ဆႏၵျပပြဲေတြမွာဆိုရင္ အေတာ္ေလးကို လူထုကစိတ္ပ်က္ေနတဲ့ အေနအထားကိုေတြ႕ရၿပီး ဆႏၵျပပြဲနဲ႔ ခပ္ခြာခြာသြားလာေနၾကတာကို ေတြ႕ရပါတယ္။ေ႐ြးေကာက္ပြဲေကာ္မရွင္ကို မဲရႈံးနိမ့္ခဲ့တဲ့ ပါတီေတြက ဆႏၵျပခဲ့တဲ့အေၾကာင္းအရာကိုၾကည့္ရင္ အသက္မျပည့္သူ၊ မွတ္ပုံတင္မပါသူ၊ မွတ္ပုံတင္ထပ္ေနသူေတြပါလို႔ စသျဖင့္ အေၾကာင္းျပခ်က္ေတြကိုေတြ႕ရၿပီး  တစ္ကယ္ေ႐ြးေကာက္ပြဲက်င္းပခ်ိန္မွာ ကန္႔ကြက္တာေတြ၊ ထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္ခ်ိန္မွာ ယခုေ႐ြးေကာက္ပြဲရလဒ္ကို ကန႔္ကြက္ေနတဲ့ ပါတီက မဲ႐ုံကိုယ္စားလွယ္ေတြဘက္က ကန႔္ကြက္တာေတြ မလုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ဒီလိုအစား ေ႐ြးေကာက္ပြဲနဲ႔ မဲႀကိဳေပးတဲ့ေန႔ေတြမွာ တံဆိပ္တုံးအတုယူလာတဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က မဲ႐ုံကိုယ္စားလွယ္ေတြကိုသာမိလို႔ ေကာ္မရွင္ဘက္က တရားစြဲတာေတြ လုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ႏိုဝင္ဘာ ၈ ရက္မတိုင္ခင္ ေကာ္မရွင္ဘက္က မဲစာရင္းျပဳစုၿပီး ႏွစ္ခါတိတိကပ္ကာ ျပင္ဆင္ခြင့္လုပ္ေပးခဲ့ၿပီး မဲဆႏၵရွင္ေတြဘက္က လာေရာက္ၾကည့္ရႈၿပီး ျပင္ဆင္မႈေတြကို ရပ္ကြက္ေကာ္မရွင္ဘက္က လုပ္ေဆာင္ေပးတာ ေတြ႕ခဲ့ရပါတယ္။တခ်ိဳ႕ဆို လာေတာင္မၾကည့္ဘဲ မဲေပးရတဲ့ေန႔မွ ဖုတ္ပူမီးတိုက္ လာေရာက္မဲေပးၾကတာကို ေတြ႕ရပါတယ္။ဒီလိုအေနအထားကေန  ယခုလို ေကာ္မရွင္ဘက္ကို စြပ္စြဲတာေတြျဖစ္လာရတာကေတာ့ အေတာ္ေလးကို ထူးဆန္းတဲ့ကိစၥပါဘဲ။

ေျပာရမယ္ဆိုရင္ ယခုေ႐ြးေကာက္ပြဲက ပါတီအခ်ိဳ႕ကို အေတာ္ေလးအထိနာေစခဲ့ပါတယ္။အထူးသျဖင့္ ပါတီႀကီးျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီဆိုရင္ အမာခံနယ္ေတြလို႔ ဆိုလို႔ရတဲ့ မိတၳီလာ၊ ရမည္းသင္း၊ ေပ်ာ္ဘြယ္၊ မင္းကင္း စတဲ့နယ္‌ေျမေတြကို ယခုေ႐ြးေကာက္ပြဲမွာ လက္လႊတ္ခဲ့ရပါတယ္။ဒါ့အျပင္ ေ႐ြးေကာက္ပြဲမတိုင္ခင္ ေရပန္းစားခဲ့တဲ့ PPP ပါတီဆိုရင္လည္း ကိုယ္စားလွယ္တစ္ေနရာမွမရခဲ့ဘဲ ရႈံးနိမ့္ခဲ့သလို ဒီေ႐ြးေကာက္ပြဲမွာ ေနရာတစ္ေနရာေတာ့ရႏိုင္တယ္ ထင္ထားတဲ့ ပါတီအေတာ္မ်ားမ်ား မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။တစ္ကယ္လည္း ပါတီေတြအေနနဲ႔ ကိုယ့္ပါတီကိုယ္ အထင္ႀကီးၿပီး အႏိုင္ရမယ္လို႔ တထစ္ခ်ယုံၾကည္ကာ မေျပာသင့္တာေတြ ေျပာခဲ့ၾကတာေတြ၊ မဲဆႏၵရွင္ေတြကို ၿခိမ္းေျခာက္မဲဆြယ္တာေတြ လုပ္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။

ဒီလို ေကာ္မရွင္ဘက္ကို စြပ္စြဲမႈေတြ ဆႏၵျပမႈေတြ ဆက္တိုက္ျမင့္တက္လာေပမယ့္ ေကာ္မရွင္ဘက္ကေတာ့ အစိုးရ႐ုပ္သံနဲ႔ သီးသန႔္အင္တာဗ်ဴးမွာေတာ့ တခ်ိဳ႕ႏိုင္ငံေရးပါတီမ်ားရဲ႕ ေ႐ြးေကာက္ပြဲရလဒ္ လက္ခံျခင္း မခံျခင္းက ျပည္သူက အဆုံးအျဖတ္ေပးသြားမယ္လို႔ ေျပာခဲ့ပါတယ္။ေကာ္မရွင္ဥကၠ႒က ၂၀၂၀ ေ႐ြးေကာက္ပြဲကို ပါတီ ၈၇ ခု ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွာ အႏိုင္ရပါတီ ၁၉ ပါတီရွိခဲ့ၿပီး ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ခြင့္မရသည့္ ပါတီမွာ ၆၈ ပါတီ ရွိခဲ့ေၾကာင္း၊ မဲေပးခြင့္ရွိသူ ၃၈ သန္းအနက္ မဲလာေပးသူ ၂၇ သန္းေက်ာ္ရွိခဲ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲတြင္ အႏိုင္မရခဲ့သည့္ပါတီမ်ားမွာ ကိုဗစ္ေရာဂါေၾကာင့္မဟုတ္ဘဲ စည္း႐ုံးမႈအားမေကာင္းလို႔ျဖစ္ေၾကာင္း  ေျပာခဲ့ပါတယ္။ဒါ့အျပင္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ၊ တရားမဲ့ျပဳက်င့္မႈေတြရွိရင္ ပါတီေတြအေနနဲ႔ တိုင္ၾကားရမွာျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပအၿပီး ၄၅ ရက္အတြင္း တိုင္ၾကားႏိုင္ေၾကာင္း၊ ယခုထိ တိုင္ၾကားစာတစ္ေစာင္မွ မရေသးေၾကာင္း ေျပာခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲက်င္းပၿပီးကတည္းက ယခုေ႐ြးေကာက္ပြဲဟာ  တရားမွ်တမႈမရွိဘူး၊ ပြင့္လင္းျမင္သာမႈမရွိဘူး၊ တရားမွ်တမႈမရွိဘူးလို႔ ေျပာဆိုလာခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေကာ္မရွင္ဘက္ကိုတင္ဖို႔ ကန႔္ကြက္လႊာ ၇၅၀ ေက်ာ္ရွိတယ္လို႔ ပါတီဥကၠ႒ကိုယ္တိုင္ လူမႈကြန္ရက္ကေန ေျပာခဲ့ပါတယ္။ႏိုဝင္ဘာ ၁၈ ရက္က ေပ်ာ္ဘြယ္ ျပည္ခိုင္ၿဖိဳး႐ုံးမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ မဲရႈံးနိမ့္ခဲ့တဲ့ ဦးေသာင္းေအး က “အရႈံးအႏိုင္ကို ကြၽန္ေတာ္တို႔ ေခါင္းထဲထည့္မစဥ္းစားပါဘူး။ကြၽန္ေတာ္တို႔ အခုလုပ္ေနတာ တရားမွ်တမႈပါ” လို႔ ေျပာခဲ့သလို ေ႐ြးခ်ယ္ခံထားရသည့္ ကိုယ္စားလွယ္မ်ားကို တိုက္ေနျခင္းမဟုတ္ဘဲ ျပည္သူမ်ားခံစားေနရေသာ ခံစားခ်က္မ်ားကို ကုစားေပးဖို႔လို႔ ဆိုခဲ့ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲမွာ သူတို႔ေတြ႕ရွိတဲ့ မသမာမႈေတြကို တတိယအဖြဲ႕အစည္းတစ္ခုကို စစ္ေဆးခိုင္းရင္ အမွန္တရား အေျဖထြက္လာမယ္လို႔လည္း ေျပာခဲ့ပါတယ္။ပါတီဥကၠ႒ဆိုသူကလည္း “ေ႐ြးေကာက္ပြဲတစ္ခုရဲ႕ တရားမွ်တမႈ ရွိ/မရွိ၊ Free and Fair ျဖစ္/မျဖစ္ဆိုတာကို ဆုံးျဖတ္တာက တစ္ရက္တည္းလည္း ၾကည့္လို႔မရပါဘူး။ေနာက္ဆုံး ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈမ်ားကို မည္ကဲ့သို႔ သုံးသပ္ဆုံးျဖတ္သြားသလဲဆိုတဲ့ထိေအာင္ ၾကည့္ရမွာျဖစ္ပါတယ္” ဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။

ရႈံးနိမ့္ခဲ့တဲ့ ပါတီဘက္က ယခုထိ ရလဒ္ကိုလက္မခံေၾကာင္း တြင္တြင္ေျပာေနေပမယ္ ျပည္သူေထာက္ခံမဲနဲ႔ အျပတ္အသတ္အႏိုင္ရခဲ့တဲ့ NLD ပါတီဘက္ကေတာ့ သူလုပ္သင့္တဲ့ အစိုးရဖြဲ႕စည္းေရးကို  ျပင္ဆင္ေနသလို ေ႐ြးေကာက္ပြဲကတိေတြထဲပါတဲ့ အျခခံဥပေဒျပင္ဆင္ေရးကို လာမယ့္အစိုးရသက္တမ္းမွာ ဆက္လုပ္ဖို႔ေျပာခဲ့တာ ေတြ႕ရပါတယ္။ဒါ့အျပင္ အားလုံးၾကားခ်င္ေနတဲ့ အမ်ိဳးသားျပန္လည္ညီၫြတ္ေရးအတြက္ တိုင္းရင္းသားပါတီေတြကို လက္တြဲဖို႔ ဖိတ္ေခၚထားသလို ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အစိုးရမ်ား ဖြဲ႕စည္းသည့္အခါမွာလည္း တိုင္းရင္းသားပါတီမ်ား၏ သေဘာထားကို ထည့္သြင္းစဥ္းစားမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။လာမယ့္သက္တမ္း ျပည္ေထာင္စုအစိုးရအဖြဲ႕နဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ေတြအတြက္ လိုအပ္တဲ့ လူနဲ႔ေနရာအတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ေ႐ြးခ်ယ္မယ္ဆိုၿပီး ေျပာခဲ့တာေတြရွိသလို လႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးစဥ္ကလည္း  သစၥာရွိမႈနဲ႔ ႏိုင္ငံေရးျဖတ္သန္းမႈကို ဦးစားေပးခဲ့တဲ့အတြက္ NLD ပါတီအေနနဲ႔ ၿပီးခဲ့တဲ့သက္တမ္းမွာျဖစ္ခဲ့တဲ့ ပါတီကေနခြဲထြက္ၿပီး တစ္စင္ေထာင္ခဲ့တဲ့သူေတြ ပါတီထဲ ထပ္မပါလာဖို႔ အေတာ္ေလးသတိထားၾကည့္ေနတဲ့ အေနအထားကိုလည္း ေတြ႕ရပါတယ္။

ယခုရက္ပိုင္း COVID 19 ကပ္ေရာဂါ ကာကြယ္ရန္အတြက္ ထပ္ထုတ္တဲ့ က်န္းမာေရးသတိေပးမႈမွာ ယခုရက္ပိုင္းမွာ ေနရာစုံဆႏၵလိုက္ျပေနတဲ့သူေတြရဲ႕ လုပ္ကြက္သိေနလို႔ လူစုလူေဝးနဲ႔ လူ ၃၀ ထပ္ေက်ာ္ လာရင္ ဦးေဆာင္သူကိုအေရးယူၿပီး ပါဝင္သူကို ပညာေပးမယ္ဆိုတဲ့ စည္းကမ္းခ်က္ေတြ ပါလာခဲ့တာကို ေတြ႕ရပါတယ္။ဒါ့အျပင္ ကိုဗစ္ေထာက္ပံ့ေၾကးမွာ ျပႆနာတက္ေနတဲ့ ပါဝင္သူစာရင္းကို ျပန္လည္ေကာက္ယူဖို႔ လုပ္ေနတာကိုေတြ႕ရသလို ျဖတ္စားလုပ္ခဲ့တဲ့သူေတြကို အေရးယူဖို႔ တိုင္ၾကားေရးဌာနေတြကို ၿမိဳ႕နယ္တိုင္းမွာ ဖြင့္ေစခဲ့တာကိုၾကည့္ရင္ ေနာင္လာမယ့္ ၅ ႏွစ္သက္တမ္းက အာဏာရွင္နဲ႔ အာဏာရွင္ကိုမွီၿပီး လုပ္စားေနတဲ့သူေတြေၾကာက္တဲ့ ျပည္သူေတြျမင္ခ်င္ေနတဲ့ အခင္းအက်င္းျဖစ္လာဖို႔မ်ားေနတဲ့ သေဘာပါဘဲ။မၾကာခင္က ေတာင္ဒဂုံမွာျဖစ္ခဲ့တဲ့ ေပါက္စီစက္႐ုံက သာမန္ အလုပ္သမား အလုပ္ရွင္ ျပႆနာကို ဆူပူအၾကမ္းဖက္မႈအထိျဖစ္လာေအာင္ လုပ္ေဆာင္လာသူေတြကို ဥပေဒအတိုင္း အေရးယူၿပီး ကိုင္တြယ္ခဲ့တာကိုၾကည့္ရင္လည္း ေနာင္ ၅ ႏွစ္မွာ လက္မဲႀကီးတို႔၊ ႐ုတ္တရက္ေပၚလာတဲ့ ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးတို႔အဖို႔ အရင္လိုမလြယ္ႏိုင္ေတာ့ဘူးလို႔ ထင္စရာပါ။ဒီလို ျဖစ္၊ မျဖစ္ ေ႐ြးေကာက္ပြဲအၿပီး တစ္လခြဲအၾကာ ဒီဇင္ဘာ ၂၀ ေက်ာ္တဲ့အထိ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ယခုသတင္းေတြအျပင္ သတိထားေစာင့္ၾကည့္မိစရာ သတင္းအခ်ိဳ႕လည္းရွိခဲ့ပါတယ္။ဒါက ေ႐ြးေကာက္ပြဲကပ္ခ်ိန္မွ လာအဖမ္းခံတဲ့ ဆရာေတာ္ ဦးဝီရသူ ကို Video Conferencing ျဖင့္ ႐ုံးထုတ္ၿပီး အေနာက္ပိုင္းတရား႐ုံးက ရမန္ႀကီးႏွစ္ပတ္ ထပ္မံေပးလိုက္တဲ့သတင္း၊ ေမာင္ေတာမွာ ARSA အၾကမ္းဖက္အဖြဲ႕ ေထာင္ထားတဲ့ ကားမိုင္းတစ္လုံးကို အရပ္ဘက္ေမာ္ေတာ္ယာဥ္တစ္စီးက နင္းမိေပါက္ကြဲလို႔ အရပ္သားသုံးဦးေသဆုံးၿပီး ေျခာက္ဦးဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ဒုကၡသည္မ်ားအတြက္ အစိုးရက ေထာက္ပံ့ထားေသာ ဆန္အိတ္ေျခာက္ရာေက်ာ္ကို တပ္မေတာ္စစ္ေၾကာင္းက သိမ္းယူသြားလို႔ ေျမာက္ဦးၿမိဳ႕နယ္ တိမ္ညိဳစစ္ေဘးေရွာင္စခန္းမွာ စားနပ္ရိကၡာအခက္အခဲႀကဳံေနရတဲ့သတင္း စတဲ့သတင္းေတြကလည္း ေနာက္ရက္သတၱပတ္မွာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္တဲ့အေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏိုဝင္ဘာ - ၂၃