【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အငြင်းပွား ရန်ကုန်ငလျင်နှင့် အကြမ်းဖက်မှု

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အငြင်းပွား ရန်ကုန်ငလျင်နှင့် အကြမ်းဖက်မှု

ယခုရက်သတ္တပတ် ပြည်တွင်းသတင်းတွေထဲမှာ အလေးထားစောင့်ကြည့်ရမယ့် သတင်းတွေ၊ ထူးထူးခြားခြား လပြည့်ကျော်တစ်ရက်မှာ ရန်ကုန်မှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့လို့ မြို့နေပြည်သူတွေ မနေရဲဖြစ်ခဲ့ရတဲ့ သတင်းတွေ၊ ကုလမှာ OIC က မြန်မာနိုင်ငံအပေါ် တရားစွဲခဲ့တဲ့ သတင်းတွေ၊ ကျုံဒိုးမှာ ရဲကားထဲ လက်ပစ်ဗုံးပစ်ထည့်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ သေဆုံးခဲ့တဲ့ သတင်းတွေ ယခုရက်ပိုင်း ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

ရန်ကုန်ငလျင်နှင့် ယုံကြည်မှုခုတုံးလုပ်ခြင်း

ယခုရက်ထဲ လူပြောအများဆုံးသတင်းက ရန်ကုန်မှာ ငလျင်လှုပ်တဲ့ သတင်းပါဘဲ။နိုဝင်ဘာလ ၁၂ ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် ည ၉ နာရီ ၅၄ မိနစ်မှာ ရန်ကုန်မှာ ရုတ်တရက်ငလျင်လှုပ်ခဲ့ပါတယ်။လှုပ်ခတ်ချိန် တိုတောင်းပေမယ့် ပြင်းထန်တဲ့အတွက် ငလျင်အပေါ် ကြောင့်ကြမှုရှိခဲ့တဲ့ ရန်ကုန်နေသူတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

ငလျင်ထုတ်ပြန်ချက်မှာတော့ ပြင်းအားက ရစ်(ခ်)တာစကေး (၄.၁) အဆင့်သာရှိပြီး မှော်ဘီမြို့နယ်အတွင်း အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ဒါပေမယ့် သတင်းတွေထဲမှာ ဒီပြင်းအားနဲ့ ပတ်သက်ပြီး ဝိဝါဒကွဲစရာတွေ၊ ငြင်းခုန်ကြတာတွေ ဖြစ်ခဲ့ပါတယ်။အထပ်မြင့်လူနေအဆောက်အအုံများတဲ့ ရန်ကုန်မှာ ဒီငလျင်ကြောင့် အဆောက်အအုံတွေ ရွဲ့စောင်းတာတွေ၊ တိမ်းစောင်းတာတွေ ဖြစ်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ် ရာဟုထောင့် မြောက်ဘက်မုခ် ဓာတ်လှေကားဘက်သို့သွားရာ လမ်းအနားမှာရှိတဲ့ မြေစိုက်စေတီ အမှတ်၂၆ နဲ့ အရံစေတီ အမှတ် ၃၂၊ အထက်ပစ္စယံရှိ  အမှတ် ၃၉ စတဲ့ စေတီတော်သုံးဆူမှ စိန်ဖူးတော်များ ပြုတ်ကျခဲ့ပါတယ်။ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ သမစိတ္တ  (၁) လမ်းအတွင်းရှိ ကန်ထရိုက်တစ်လုံးလည်း ယိုင်နဲ့သွားပြီး ကပ်လျက်တိုက်နှင့် သိသိသာသာပူးကပ်သွားခဲ့သလို ကျောက်မြောင်းထဲမှာလည်း တိုက်နှစ်လုံး ထိပ်ပိုင်းပူးကပ်သွားခဲ့ပါတယ်။ငလျင်လှုပ်ခတ်တာ ပြင်းတဲ့အတွက် ရန်ကုန်မြို့မှာ နေထိုင်သူအတော်များများ အိမ်ပေါ်ပြန်မတက်ရဲဘဲ ရှိခဲ့ပါတယ်။ဒီငလျင်က ရန်ကုန်မှာ အရင်အစိုးရအဆက်ဆက် စည်းမဲ့ကမ်းမဲ့ ဆောက်ချင်သလို ဆောက်ခဲ့တဲ့ အဆောက်အအုံတွေရဲ့ ကြံခိုင်မှုအခြေအနေကို လှစ်ဟပြခဲ့သလို မြန်မာနိုင်ငံ မြေငလျင်ကော်မတီကလည်း မြို့နေလူထုကို ဘေးကင်းလုံခြုံရေးအတွက် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ သတိပေးခဲ့ပါတယ်။

ငလျင်လှုပ်ပြီး ရက်ပိုင်းအထိ ငလျင်နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ထုံးစံအတိုင်း နောက်ထပ်လည်း ငလျင်ထပ်လှုပ်မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ရန်ကုန်နေသူတွေအတွက် အဆိုပါရက်ကာလတွေက ကြက်အိပ်ကြက်နိုးဆိုသလို သတိထားအိပ်ရတဲ့အထိ ရစ်ချ်တာစကေး ၄ ဒသမ ၁ ဆိုတဲ့ ရန်ကုန်ငလျင်က ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ရွဲ့စောင်းတဲ့ တိုက်တွေကို သက်ဆိုင်ရာက လိုက်စစ်ဆေးခဲ့သလို ရန်ကုန်မှာ ၂၀၀၀ ပြည့်နှစ် အရှေ့ပိုင်းမှာ ဆောက်ခဲ့တဲ့ တိုက်တာတွေကို ပြန်စစ်ဆေးဖို့ သတိပေးခဲ့တာကတော့ ရန်ကုန်နေသူတွေအတွက် သတိထားစရာပါ။ငလျင်သာ ရန်ကုန်မှာ ဒီထပ်ပိုအချိန်ကြာကြာလှုပ်ခဲ့ရင် (ဒါမှမဟုတ်) ဒီထက် ပိုပြင်းရင် ရန်ကုန်မှာ ဘယ်လောက်တောင် အသေအပျောက်ရှိမလဲဆိုတာ မတွေးဝံ့စရာပါဘဲ။

ဒီလိုသဘာ၀ဘေးသတင်းအပြင် ယခုရက်ထဲမှာ နောက်ထပ်လှုပ်ခတ်ခဲ့တဲ့ သတင်းကတော့ ပါမောက္ခချုပ်ဆရာတော် တာဝန်ကနေ အနားယူခဲ့တဲ့သတင်းပါဘဲ။သက်တော် ၈၀ ရှိပြီဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် တာဝန်ကနေ အနားယူတဲ့သတင်းကို အဖွဲ့စည်းအချို့နဲ့ လူပုဂ္ဂိုလ်အချို့က လက်ရှိ အာဏာပိုင်တွေက အတင်းအကြပ်ဖိအားပေးလို့ အနားယူလိုက်ရတာဆိုပြီး လုပ်ကြံသတင်းဖွခဲ့တဲ့အတွက် အများပြည်သူကြား စောင့်ကြည့်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ဒီလိုသတင်းကိုဖြန့်တဲ့သူတွေထဲမှာ ပါတီကြီးအချို့မှာ ထိပ်ပိုင်းတာဝန်ယူခဲ့သူတွေလည်း ပါခဲ့တဲ့အတွက် ဒါဟာ ဖြစ်လောက်နိုင်စရာရှိသလားဆိုတဲ့ မေးခွန်းတွေနဲ့ အများပြည်သူကြား သို့လောသို့လော ဖြစ်ခဲ့ပါတယ်။ဒီအတွက် ဆရာတော်ကြီး တည်ထောင်တဲ့ ယက္ကန်းစင်တောင်ဒေသ သစ္စာနန္ဒဓမ္မစင်တာကနေ ပြောရေးဆိုခွင့်ရှိတဲ့ ဆရာတော်တစ်ပါးက ထွက်ရှင်းခဲ့ရပြီး ဆရာတော်အနေနဲ့ အနားပေးခံရတာမဟုတ်ဘဲ သက်တော်ကြီးရင့်လာတဲ့အတွက် အနားယူခဲ့တာဆိုပြီး ရှင်းခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက်မှာ သာသနာရေးဝန်ကြီးက ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို ပြောခဲ့ရာမှာလည်း သက်တော်အရ ကြီးရင့်လာတဲ့အတွက် အနားယူတာဖြစ်ပြီး အစိုးရဝန်ထမ်းလိုဘဲ တာဝန်ယူရတဲ့အတွက် သက်တော် ၆၀ ကတည်းက အနားယူရမှာကို တစ်နှစ် တစ်နှစ် သက်တမ်းတိုးခဲ့ပြီး သက်တော် ၇၀ တွင် လုံး၀အနားယူရမှာဖြစ်ကြောင်း၊ သက်တမ်း ၁၄ ကြိမ်ထိ ထပ်တိုးခဲ့ပြီး ယခုသက်တော် ၈၀ အရွယ်ရှိကာ ပင်လည်းပင်ပမ်းနေပြီး ဆရာတော်ကြီးကိုယ်တိုင်ကလည်း ပါမောက္ခဆရာတော်အဖြစ်က အနားယူလိုကြောင်းပြောတာ ကြာနေပြီဖြစ်ကြောင်း ပြန်ရှင်းခဲ့ရပါတယ်။

ဘာသာရေးနဲ့ သဘာ၀ဘေးတွေမှာ ပါတီအစွဲနဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ တိုက်ခိုက်တာက ယခုအခါ မကြာခဏဆိုသလို မြင်တွေ့နေရပြီး သက်ကြီးဝါကြီး ထေရ်ကြီးဝါကြီး ဆရာတော်တွေကိုပါ နိုင်ငံရေးအတွက် အသုံးချတာကတော့ အတော်လေးမလုပ်သင့်တဲ့ ကိစ္စဖြစ်ကာ တခြားဘာသာဝင်တွေအတွက်လည်း အထင်သေးစရာ ဖြစ်စေပါတယ်။ဒီလို တစ်ပါတီနဲ့ တစ်ပါတီ အောက်လုံးတွေနဲ့ သိက္ခာချတဲ့နေရာမှာ ဘာသာရေးကို အသုံးချတာက အများပြည်သူအတွက် အထင်သေးစရာပဲဖြစ်မှာ သေချာပါတယ်။

လာမယ့်၂၀၂၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ရှိတဲ့အတွက် ဒီထပ်ပိုဆိုးတဲ့ ဘာသာရေး၊ လူမျိုးရေး အသုံးချတိုက်ခိုက်တာတွေ ထပ်တွေ့ရဦးမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ မြန်မာအရေး

ယခုရက်သတ္တပတ်ထဲမှာ မြန်မာနိုင်ငံအတွက် အတော်လေးသတိထားရမယ့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ဒါက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ်  တရားစွဲဆိုခဲ့တာပါ။

ဒါဟာ ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ့်ကို ထွက်ပြေးရတာနဲ့ ပက်သက်ပြီး အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်သော အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့  (OIC) က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်ခြင်း ရာဇဝတ်မှု တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း ချိုးဖောက်တယ်ဆိုပြီး တရားစွဲခဲ့တာပါ။
လူသားချင်းစာနာထောက်ထားမှု၊ ကြီးလေးသည့် ရာဇဝတ်မှုများအပေါ်  ဝင်ရောက်ဖြေရှင်းပေးခြင်းမျိုး ပြုလုပ်လေ့မရှိတဲ့ (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့တဲ့အတွက် ဒါဟာ ဘာတွေဖြစ်လာမလဲဆိုတာ တွက်ဆကြည့်ချင်စရာပါ။ဒါကို မြန်မာဘက်က တရားဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီနောက်မှာ ဘင်္ဂါလီနှင့် လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက အာဂျင်တီးနားနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာထိပ်တန်း အစိုးရခေါင်းဆောင်တွေကို နိုဝင်ဘာ ၁၃ ရက်က တရားစွဲဆိုခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူအရဆိုကာ ဘင်္ဂါလီများအပေါ် ကျူးလွန် သော ရာဇဝတ်မှုများအတွက်ဆိုပြီး ပစ်မှတ်ထားစွဲဆိုခဲ့တာပါ။

ဒီလိုစွဲဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်ကတုံ့ပြန်ရာမှာ  နိုင်ငံခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးဆိုပြီး ပြောခဲ့ပါတယ်။ယခုတရားစွဲဆိုမှုက ပုဂ္ဂလိကဆိုင်ရာ တရားစွဲဆိုမှုဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံနဲ့ပဲ သက်ဆိုင်တယ်လို့ ပြောခဲ့ပါတယ်။ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ်  ပထမဆုံးသော ဥပဒေအရ ပစ်မှတ်ထားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က လှုံ့ဆော်မှုဖြင့် ဝိုင်းလုပ်ကြံကာ တရားစွဲဆိုခြင်းဖြစ်သည်မှာ ငြင်းမရသောအချက် ဖြစ်နေပါတယ်။အာဏာရပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က နိုင်ငံတကာအဖွဲ့အစည်းများ၏ ယခုတရားစွဲဆိုမှုသည် ခိုင်လုံခြင်းမရှိသော အချက်အလက်များကို အခြေခံလုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ပြောခဲ့ပြီး မြန်မာနိုင်ငံက ထွက်သွားတဲ့ ဘင်္ဂါလီတွေအတွက် သီးခြားနယ်မြေရရှိဖို့၊ သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့၊ နိုင်ငံခြားက လက်နက်ကိုင်တပ်ဖွဲ့တွေ စောင့် ရှောက်ပေးဖို့ စတဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို ထိပါးစေမယ့် တောင်းဆိုချက်တွေနဲ့ ကန့်သတ်လာတာ တွေ့နိုင်ပါတယ်။အဲဒီလိုအချက်တွေကတော့ ဘယ်လိုအကြောင်းကြောင့်မှ လက်ခံနိုင်မှာမဟုတ်ပါဘူး လို့ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်လို သဘာ၀ဘေးနှင့် လူဦးရေပေါက်ကွဲမှုဒဏ် ခံနေရသည့် နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ဘက်ကို မျက်စောင်းထိုးကာ နယ်မြေရယူလိုနေသည့် ရည်ရွယ်ချက်ကို ရုပ်လုံးဖော်နေသည်မှာ ယခုဖြစ်ရပ်က တစ်စတစ်စ ပေါ်လာနေပြီဖြစ်ပါတယ်။ပြည်တွင်းမညီညွတ်မှုနှင့် မစည်းလုံးမှုက ယခုလို ပြည်ပစွက်ဖက်မှုကို လက်ယပ်ခေါ်သလို ဖြစ်နေသည်ကို သတိပြုဖို့လိုနေသလို နောက်ထပ်လာနိုင်သည့် အချုပ်အခြာအာဏာ ထိပါးနိုင်သည့် ကိစ္စရပ်များကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုနေပြီဖြစ်ပါတယ်။

တရားစွဲဆိုမှုထဲတွင် ဒေါ် အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတဟောင်း ဦးထင်ကျော် နှင့် လက်ရှိသမ္မတ ဦးဝင်းမြင့် တို့ပါ ပါဝင်နေသည့်အတွက် အတော်လေးခံပြင်းစရာဖြစ်သလို တရားစွဲဆိုမှုရလဒ်အနေဖြင့် နိုင်ငံတကာဖမ်းဝရမ်းများ ထုတ်နိုင်သည့်အတွက် ထိထိရောက်ရောက်တုံ့ပြန်ဖို့ လိုနေပြီဖြစ်ပါတယ်။
ယခုပြဿနာမှာ ယခင်ပြဿနာများလိုမဟုတ်ဘဲ အရေးကြီးလာပြီဖြစ်တဲ့အတွက် လက်ရှိအစိုးရအနေဖြင့် မည်သို့ဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်ဖို့လိုလာပြီဖြစ်ပါတယ်။

ကုလမှာ မြန်မာကို တရားစွဲဆိုမှုနဲ့ အာဂျင်တီးနားမှာ မြန်မာထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲဆိုမှုတွေဖြစ်တဲ့ ယခုရက်သတ္တပတ်ထဲမှာဘဲ  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စစ် ခရစ္စတင်း ရှယန်နာ ဘာဂီနာ မြန်မာပြည်ကို တစ်ပတ်ကြာခရီးအဖြစ် လာရောက်ခဲ့ပါတယ်။ယခုခရီးစဉ်မှာ တပ်မတော်ဘက်မှ ထိပ်တန်းအရာရှိကြီးအချို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ချင်းအမတ် လွှတ်မြောက်ရေးနဲ့  အဆိုးဘက်ရောက်လာတဲ့ ရခိုင်ပဋိပက္ခ

ပြည်ထောင်စုလွှတ်တော်မှာ နိုဝင်ဘာ ၁၃ ရက်က အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ဒီအဆိုက ရက္ခိုင့်တပ် (AA) က ဖမ်းဆီးထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အာဏာရပါတီ၏ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း အပါအဝင် ဝန်ထမ်းများ၊ အရပ်သားများကို အန္တရာယ်ကင်းစွာဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ဆိုတဲ့ အဆိုပါ။ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်က လက်ခံခဲ့ကာ အဆိုအောင်မြင်ခဲ့ပါတယ်။

ပြည်သူတစ်ရပ်လုံးက ရွေးကောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒီလို အဆိုအောင်မြင်ခဲ့ပေမယ့် ရခိုင်လက်နက်ကိုင်ဖြစ်တဲ့ AA ဘက်က မာမာထန်ထန်ဘဲ ပြန်တုံ့ပြန်ဖို့ မရှိဘူးလို့ ပြောခဲ့ပါတယ်။လူမျိုးရေး အစွန်းရောက်အဖွဲ့တစ်ခုအဖြစ် ပုံပေါ်လာတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကနေ ချင်းအမျိုးသားအမတ် ဦးဝှေ့တင်း ကို ဖမ်းဆီးခဲ့ရာမှာ တပ်မတော်လက်ကိုင်တုတ် ဖြစ်တယ်ဆိုပြီး အကြောင်းပြဖမ်းခဲ့သလို မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦး ပြန်လွှတ်ရာမှာလည်း ခုနစ်ဦးကို အဆက်အသွယ်မရသေး ပြန်မရောက်လာတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

ပြည်တွင်း၊ ပြည်ပ ချင်းအရပ်ဘက်အဖွဲ့အ စည်းတွေက ချင်းအမတ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားသလို ဦးဝှေ့တင်း ကို ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထု အကြား AA အဖွဲ့၏ ပုံရိပ်ကျဆင်းလာမည်ကို သတိပြုသင့်တယ်လို့ ထောက်ပြသတိပေးထားပါတယ်။ဒါ့အပြင် AA အဖွဲ့အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေမယ်ဆိုရင် ချင်းပြည်သူ များနှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာလာစေမယ့်အပြင် အကြမ်းဖက်လုပ်ရပ်များအဖြစ် ပြည်သူများက ယူဆလာနိုင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အာဏာရပါတီဖြစ်တဲ့ ဒီချုပ်ပါတီက ချင်းအမတ် ဦးဝှေ့တင်း ကို ဖမ်းဆီးချိန်ကြာလာသည်နှင့်အမျှ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း၊ ဦးဝှေ့တင်း၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်လာပါက ဖမ်းဆီးထားသည့် အဖွဲ့အစည်းမှာ ပိုမိုတာဝန်ကြီးလာမှာလို့ ပြောခဲ့ပါတယ်။

ချင်းပြည်နယ် အစိုးရဘက်ကတော့ ဒီလို ချင်းအမတ်ကိုဖမ်းတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ လုပ်ရပ်ကြောင့် လူမျိုးရေးပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ ပြောခဲ့သလို AA အပေါ် မကျေနပ်၍ ချင်းတိုင်းရင်းသား ဒေသခံ များက ပြန်လည်တုံ့ပြန်ပါက ဖြေရှင်းရခက်သည့် ရှုပ်ထွေးမှုများဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။

ယခုရက်ထဲမှာဘဲ AA ဘက်ကနေ သူတို့ဖမ်းထားတဲ့  ချင်းအမတ်မပါဘဲ စစ်ဖက်နှင့် သက်ဆိုင်သူ (၁၆) ဦးကို ထုတ်ပြန်ကာ သုံ့ပန်းချင်း လဲလှယ်လိုတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထုတ်ပြန်တဲ့အပေါ် တပ်မတော်ဘက်ကတော့  အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မည့်သည့်တပ်မတော်မှ မညှိနှိုင်းဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင် စစ်ဘက်နှင့်သက်ဆိုင်သူ (၁၆) ဦးကို သုံ့ပန်းဆိုပြီး သုံးနှုန်းခြင်းကို ကန့်ကွက်ခဲ့သလို သုံ့ပန်းဆိုတာ  နိုင်ငံနှစ်နိုင်ငံ စစ်ဖြစ်လို့ တိုက်ပွဲအတွင်း လက်နက်ချသော စစ်သုံ့ပန်းများကိုသာ နိုင်ငံအချင်းချင်း လဲလှယ်ချင်းမျိုးသာရှိကြောင်း ပြောခဲ့ပါတယ်။ဒါ့အပြင် AA နဲ့ ပတ်သက်ပြီး မြန်မာပြည်ထဲမှာတော့ အကောက်ကျစ်ဆုံးနဲ့ ဗလောင်းဗလဲအလုပ်ဆုံး အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းလို့ ပြောခဲ့ပါတယ်။လက်ရှိမှာ AA စစ်ဦးစီးချုပ်၏ ညီနှင့် ညီမ၊ ယောက်ဖတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အာဏာပိုင်တွေက အမှုဖွင့်ထားတာ ရှိပါတယ်။ဒီအတွက် အကျဥ်းသားချင်းလဲရာမှာ ဘယ်သူနဲ့ အပြန်အလှန်လဲချင်တာလဲဆိုတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ရဲ့ ရည်ရွယ်ချက်ကို  မေးခွန်းထုတ်စရာ ဖြစ်လာသလို AA လက်ထဲ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ၊ အစိုးရဝန်ထမ်းတွေ၊ စစ်ဖက်ဝန်ထမ်းတွေရဲ့ ရှင်သန်မှုကလည်း စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းမှာဖြစ်တဲ့ ရခိုင်လက်နက်ကိုင်အရေးက တစ်နှစ်ကျော်ကြာလာပြီဖြစ်သလို အရပ်သား ထိခိုက်သေဆုံးမှုကလည်း များလာပြီဖြစ်ပါတယ်။ရခိုင်စစ်ဘေးရှောင် အရေအတွက်က များလာသလို ဒေသတွင်း တရားဥပဒေစိုးမိုးမှုက လျော့ရဲလာနေတဲ့အတွက် ဒေသဖွံ့ဖြိုးရေးအတွက် ထိခိုက်လာနေပြီ ဖြစ်ပါတယ်။ယခုလအတွင်း AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များ တွေ့ ဆုံနိုင်ရေး ညှိနှိုင်းနေပေမယ့် မသေချာသေးပါဘူး။တိုက်ပွဲတွေထဲ မသက်ဆိုင်တဲ့ အရပ်သားတွေကို ထိခိုက်မှုက တိုးလာနေတဲ့အတွက် နှစ်ဘက်လုံး တင်းတင်းမာမာဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းအရေး ဘာတွေဆက်ဖြစ်လာဦးမလဲ၊ ချင်းအမတ် ဖမ်းဆီးခံထားရတာ ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားစရာအဖြစ် ရန်ကုန်က ဆူးလေ မဟာဗန္ဓုလပန်းခြံထဲမှာ ဆေးခြောက် တရားဝင်သုံးခွင့်ရရေးအတွက်ဆိုပြီး လူငယ် ၅၀ ကျော်ခန့် ဆန္ဒပြခဲ့တဲ့သတင်းတွေ၊ မတ္တရာမြို့နယ်အတွင်း  တရားမဝင် ရွှေတူးဖော်နေမှုကို တားမြစ်ဖို့ သက်ဆိုင်ရာက စီစဉ်နေတဲ့ သတင်းတွေ၊  လွိုင်လင်မြို့နယ်ထဲမှာ တရားခံပြေးတစ်ဦးက ဇနီးဖြစ်သူကို ဓားနဲ့ခုတ်ပြီး လာဖမ်းတဲ့ ရဲတပ်ဖွဲ့ကို ရန်ပြုလို့ သေနတ်နဲ့ပစ်ဖမ်းခဲ့ရတဲ့ သတင်းတွေ၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ  တရုတ်နိုင်ငံသို့ လူကုန်ကူးဖို့ အမျိုးသမီးငယ်များကို လိုက်လံစည်းရုံးနေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့သတင်းတွေ၊ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်ထဲမှာ ပံ့သကူပစ်ထားသည့် ကော်ဖီမစ်ထုပ် ကောက်ယူစားသုံးမိရာမှ အသက် (၁၃) နှစ်နှင့် (၆) နှစ်အရွယ် ကျောင်းသူ ညီအစ်မနှစ်ဦး သေဆုံးခဲ့တဲ့သတင်းတွေ၊ ပုသိမ်နယ်မြေရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးသူ သုံးဦးထဲက နှစ်ဦးဘဲ ပြန်ဖမ်းမိခဲ့တဲ့သတင်းတွေ၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
နို၀င်ဘာ - ၁၅

( Zawgyi )

ယခုရက္သတၱပတ္ ျပည္တြင္းသတင္းေတြထဲမွာ အေလးထားေစာင့္ၾကည့္ရမယ့္ သတင္းေတြ၊ ထူးထူးျခားျခား လျပည့္ေက်ာ္တစ္ရက္မွာ ရန္ကုန္မွာ ျပင္းထန္စြာလႈပ္ခတ္ခဲ့လို႔ ၿမိဳ႕ေနျပည္သူေတြ မေနရဲျဖစ္ခဲ့ရတဲ့ သတင္းေတြ၊ ကုလမွာ OIC က ျမန္မာႏိုင္ငံအေပၚ တရားစြဲခဲ့တဲ့ သတင္းေတြ၊ က်ဳံဒိုးမွာ ရဲကားထဲ လက္ပစ္ဗုံးပစ္ထည့္လို႔ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ အရပ္သားေတြ ေသဆုံးခဲ့တဲ့ သတင္းေတြ ယခုရက္ပိုင္း ဆက္တိုက္ျဖစ္ခဲ့ပါတယ္။

ရန္ကုန္ငလ်င္ႏွင့္ ယုံၾကည္မႈခုတုံးလုပ္ျခင္း

ယခုရက္ထဲ လူေျပာအမ်ားဆုံးသတင္းက ရန္ကုန္မွာ ငလ်င္လႈပ္တဲ့ သတင္းပါဘဲ။ႏိုဝင္ဘာလ ၁၂ ရက္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁ ရက္ ည ၉ နာရီ ၅၄ မိနစ္မွာ ရန္ကုန္မွာ ႐ုတ္တရက္ငလ်င္လႈပ္ခဲ့ပါတယ္။လႈပ္ခတ္ခ်ိန္ တိုေတာင္းေပမယ့္ ျပင္းထန္တဲ့အတြက္ ငလ်င္အေပၚ ေၾကာင့္ၾကမႈရွိခဲ့တဲ့ ရန္ကုန္ေနသူေတြအတြက္ စိုးရိမ္စရာျဖစ္ခဲ့ပါတယ္။

ငလ်င္ထုတ္ျပန္ခ်က္မွာေတာ့ ျပင္းအားက ရစ္(ခ္)တာစေကး (၄.၁) အဆင့္သာရွိၿပီး ေမွာ္ဘီၿမိဳ႕နယ္အတြင္း အနက္ ၁၀ ကီလိုမီတာကို ဗဟိုျပဳၿပီး လႈပ္ခတ္ခဲ့တာလို႔ ဆိုပါတယ္။ဒါေပမယ့္ သတင္းေတြထဲမွာ ဒီျပင္းအားနဲ႔ ပတ္သက္ၿပီး ဝိဝါဒကြဲစရာေတြ၊ ျငင္းခုန္ၾကတာေတြ ျဖစ္ခဲ့ပါတယ္။အထပ္ျမင့္လူေနအေဆာက္အအုံမ်ားတဲ့ ရန္ကုန္မွာ ဒီငလ်င္ေၾကာင့္ အေဆာက္အအုံေတြ ႐ြဲ႕ေစာင္းတာေတြ၊ တိမ္းေစာင္းတာေတြ ျဖစ္ခဲ့ပါတယ္။

ငလ်င္ဒဏ္ေၾကာင့္ ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚ ရာဟုေထာင့္ ေျမာက္ဘက္မုခ္ ဓာတ္ေလွကားဘက္သို႔သြားရာ လမ္းအနားမွာရွိတဲ့ ေျမစိုက္ေစတီ အမွတ္၂၆ နဲ႔ အရံေစတီ အမွတ္ ၃၂၊ အထက္ပစၥယံရွိ  အမွတ္ ၃၉ စတဲ့ ေစတီေတာ္သုံးဆူမွ စိန္ဖူးေတာ္မ်ား ျပဳတ္က်ခဲ့ပါတယ္။ေဒါပုံၿမိဳ႕နယ္၊ ၾကည္စုရပ္ကြက္၊ သမစိတၱ  (၁) လမ္းအတြင္းရွိ ကန္ထ႐ိုက္တစ္လုံးလည္း ယိုင္နဲ႔သြားၿပီး ကပ္လ်က္တိုက္ႏွင့္ သိသိသာသာပူးကပ္သြားခဲ့သလို ေက်ာက္ေျမာင္းထဲမွာလည္း တိုက္ႏွစ္လုံး ထိပ္ပိုင္းပူးကပ္သြားခဲ့ပါတယ္။ငလ်င္လႈပ္ခတ္တာ ျပင္းတဲ့အတြက္ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္သူအေတာ္မ်ားမ်ား အိမ္ေပၚျပန္မတက္ရဲဘဲ ရွိခဲ့ပါတယ္။ဒီငလ်င္က ရန္ကုန္မွာ အရင္အစိုးရအဆက္ဆက္ စည္းမဲ့ကမ္းမဲ့ ေဆာက္ခ်င္သလို ေဆာက္ခဲ့တဲ့ အေဆာက္အအုံေတြရဲ႕ ႀကံခိုင္မႈအေျခအေနကို လွစ္ဟျပခဲ့သလို ျမန္မာႏိုင္ငံ ေျမငလ်င္ေကာ္မတီကလည္း ၿမိဳ႕ေနလူထုကို ေဘးကင္းလုံၿခဳံေရးအတြက္ ျပင္ဆင္သင့္တာေတြ ျပင္ဆင္ဖို႔ သတိေပးခဲ့ပါတယ္။

ငလ်င္လႈပ္ၿပီး ရက္ပိုင္းအထိ ငလ်င္နဲ႔ပတ္သက္တဲ့ သတင္းေတြ ထြက္ခဲ့ပါတယ္။ထုံးစံအတိုင္း ေနာက္ထပ္လည္း ငလ်င္ထပ္လႈပ္မယ္ဆိုတဲ့ ေကာလာဟလေတြေၾကာင့္ ရန္ကုန္ေနသူေတြအတြက္ အဆိုပါရက္ကာလေတြက ၾကက္အိပ္ၾကက္ႏိုးဆိုသလို သတိထားအိပ္ရတဲ့အထိ ရစ္ခ်္တာစေကး ၄ ဒသမ ၁ ဆိုတဲ့ ရန္ကုန္ငလ်င္က ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။
႐ြဲ႕ေစာင္းတဲ့ တိုက္ေတြကို သက္ဆိုင္ရာက လိုက္စစ္ေဆးခဲ့သလို ရန္ကုန္မွာ ၂၀၀၀ ျပည့္ႏွစ္ အေရွ႕ပိုင္းမွာ ေဆာက္ခဲ့တဲ့ တိုက္တာေတြကို ျပန္စစ္ေဆးဖို႔ သတိေပးခဲ့တာကေတာ့ ရန္ကုန္ေနသူေတြအတြက္ သတိထားစရာပါ။ငလ်င္သာ ရန္ကုန္မွာ ဒီထပ္ပိုအခ်ိန္ၾကာၾကာလႈပ္ခဲ့ရင္ (ဒါမွမဟုတ္) ဒီထက္ ပိုျပင္းရင္ ရန္ကုန္မွာ ဘယ္ေလာက္ေတာင္ အေသအေပ်ာက္ရွိမလဲဆိုတာ မေတြးဝံ့စရာပါဘဲ။

ဒီလိုသဘာ၀ေဘးသတင္းအျပင္ ယခုရက္ထဲမွာ ေနာက္ထပ္လႈပ္ခတ္ခဲ့တဲ့ သတင္းကေတာ့ ပါေမာကၡခ်ဳပ္ဆရာေတာ္ တာဝန္ကေန အနားယူခဲ့တဲ့သတင္းပါဘဲ။သက္ေတာ္ ၈၀ ရွိၿပီျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာ ေထရဝါဒ သာသနာျပဳတကၠသိုလ္ ပါေမာကၡခ်ဳပ္ဆရာေတာ္ တာဝန္ကေန အနားယူတဲ့သတင္းကို အဖြဲ႕စည္းအခ်ိဳ႕နဲ႔ လူပုဂၢိဳလ္အခ်ိဳ႕က လက္ရွိ အာဏာပိုင္ေတြက အတင္းအၾကပ္ဖိအားေပးလို႔ အနားယူလိုက္ရတာဆိုၿပီး လုပ္ႀကံသတင္းဖြခဲ့တဲ့အတြက္ အမ်ားျပည္သူၾကား ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။ဒီလိုသတင္းကိုျဖန္႔တဲ့သူေတြထဲမွာ ပါတီႀကီးအခ်ိဳ႕မွာ ထိပ္ပိုင္းတာဝန္ယူခဲ့သူေတြလည္း ပါခဲ့တဲ့အတြက္ ဒါဟာ ျဖစ္ေလာက္ႏိုင္စရာရွိသလားဆိုတဲ့ ေမးခြန္းေတြနဲ႔ အမ်ားျပည္သူၾကား သို႔ေလာသို႔ေလာ ျဖစ္ခဲ့ပါတယ္။ဒီအတြက္ ဆရာေတာ္ႀကီး တည္ေထာင္တဲ့ ယကၠန္းစင္ေတာင္ေဒသ သစၥာနႏၵဓမၼစင္တာကေန ေျပာေရးဆိုခြင့္ရွိတဲ့ ဆရာေတာ္တစ္ပါးက ထြက္ရွင္းခဲ့ရၿပီး ဆရာေတာ္အေနနဲ႔ အနားေပးခံရတာမဟုတ္ဘဲ သက္ေတာ္ႀကီးရင့္လာတဲ့အတြက္ အနားယူခဲ့တာဆိုၿပီး ရွင္းခဲ့ပါတယ္။

ဒါ့အျပင္ ႏိုဝင္ဘာ ၁၄ ရက္မွာ သာသနာေရးဝန္ႀကီးက ဒီကိစၥနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာေတြကို ေျပာခဲ့ရာမွာလည္း သက္ေတာ္အရ ႀကီးရင့္လာတဲ့အတြက္ အနားယူတာျဖစ္ၿပီး အစိုးရဝန္ထမ္းလိုဘဲ တာဝန္ယူရတဲ့အတြက္ သက္ေတာ္ ၆၀ ကတည္းက အနားယူရမွာကို တစ္ႏွစ္ တစ္ႏွစ္ သက္တမ္းတိုးခဲ့ၿပီး သက္ေတာ္ ၇၀ တြင္ လုံး၀အနားယူရမွာျဖစ္ေၾကာင္း၊ သက္တမ္း ၁၄ ႀကိမ္ထိ ထပ္တိုးခဲ့ၿပီး ယခုသက္ေတာ္ ၈၀ အ႐ြယ္ရွိကာ ပင္လည္းပင္ပမ္းေနၿပီး ဆရာေတာ္ႀကီးကိုယ္တိုင္ကလည္း ပါေမာကၡဆရာေတာ္အျဖစ္က အနားယူလိုေၾကာင္းေျပာတာ ၾကာေနၿပီျဖစ္ေၾကာင္း ျပန္ရွင္းခဲ့ရပါတယ္။

ဘာသာေရးနဲ႔ သဘာ၀ေဘးေတြမွာ ပါတီအစြဲနဲ႔ ႏိုင္ငံေရးရည္႐ြယ္ခ်က္ေတြနဲ႔ တိုက္ခိုက္တာက ယခုအခါ မၾကာခဏဆိုသလို ျမင္ေတြ႕ေနရၿပီး သက္ႀကီးဝါႀကီး ေထရ္ႀကီးဝါႀကီး ဆရာေတာ္ေတြကိုပါ ႏိုင္ငံေရးအတြက္ အသုံးခ်တာကေတာ့ အေတာ္ေလးမလုပ္သင့္တဲ့ ကိစၥျဖစ္ကာ တျခားဘာသာဝင္ေတြအတြက္လည္း အထင္ေသးစရာ ျဖစ္ေစပါတယ္။ဒီလို တစ္ပါတီနဲ႔ တစ္ပါတီ ေအာက္လုံးေတြနဲ႔ သိကၡာခ်တဲ့ေနရာမွာ ဘာသာေရးကို အသုံးခ်တာက အမ်ားျပည္သူအတြက္ အထင္ေသးစရာပဲျဖစ္မွာ ေသခ်ာပါတယ္။

လာမယ့္၂၀၂၀ မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ရွိတဲ့အတြက္ ဒီထပ္ပိုဆိုးတဲ့ ဘာသာေရး၊ လူမ်ိဳးေရး အသုံးခ်တိုက္ခိုက္တာေတြ ထပ္ေတြ႕ရဦးမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ႏိုင္ငံတကာနဲ႔ ျမန္မာအေရး

ယခုရက္သတၱပတ္ထဲမွာ ျမန္မာႏိုင္ငံအတြက္ အေတာ္ေလးသတိထားရမယ့္ ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ပါတယ္။ဒါက အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕  (OIC) ကိုယ္စား ဂမ္ဘီယာႏိုင္ငံက ကုလသမဂၢ၏ အျမင့္ဆုံးတရား႐ုံး (ICJ) မွာ ျမန္မာႏိုင္ငံအေပၚ  တရားစြဲဆိုခဲ့တာပါ။

ဒါဟာ ရခိုင္ေျမာက္ပိုင္းမွာ ဘဂၤါလီေတြ ဘဂၤလားေဒ့ရွ႕္ကို ထြက္ေျပးရတာနဲ႔ ပက္သက္ၿပီး အဖြဲ႕ဝင္ ၅၇ ႏိုင္ငံ ပါဝင္ေသာ အစၥလာမ္မစ္ ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕  (OIC) က ျမန္မာႏိုင္ငံကို လူမ်ိဳးတုံးသတ္ျဖတ္ျခင္း ရာဇဝတ္မႈ တားဆီးကာကြယ္ေရးႏွင့္ အျပစ္ေပးေရးဆိုင္ရာ ကြန္ဗင္းရွင္း ခ်ိဳးေဖာက္တယ္ဆိုၿပီး တရားစြဲခဲ့တာပါ။
လူသားခ်င္းစာနာေထာက္ထားမႈ၊ ႀကီးေလးသည့္ ရာဇဝတ္မႈမ်ားအေပၚ  ဝင္ေရာက္ေျဖရွင္းေပးျခင္းမ်ိဳး ျပဳလုပ္ေလ့မရွိတဲ့ (ICJ) မွာ ဂမ္ဘီယာႏိုင္ငံက တရားစြဲခဲ့တဲ့အတြက္ ဒါဟာ ဘာေတြျဖစ္လာမလဲဆိုတာ တြက္ဆၾကည့္ခ်င္စရာပါ။ဒါကို ျမန္မာဘက္က တရားဥပေဒလမ္းေၾကာင္းအတိုင္း ေျဖရွင္းမယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒီေနာက္မွာ ဘဂၤါလီႏွင့္ လက္တင္အေမရိက လူ႔အခြင့္အေရးအဖြဲ႕မ်ားက အာဂ်င္တီးနားႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ျမန္မာထိပ္တန္း အစိုးရေခါင္းေဆာင္ေတြကို ႏိုဝင္ဘာ ၁၃ ရက္က တရားစြဲဆိုခဲ့ပါတယ္။ကမာၻလုံးဆိုင္ရာ တရားစီရင္ပိုင္ခြင့္မူအရဆိုကာ ဘဂၤါလီမ်ားအေပၚ က်ဴးလြန္ ေသာ ရာဇဝတ္မႈမ်ားအတြက္ဆိုၿပီး ပစ္မွတ္ထားစြဲဆိုခဲ့တာပါ။

ဒီလိုစြဲဆိုတာေတြနဲ႔ ပတ္သက္ၿပီး ျမန္မာဘက္ကတုံ႔ျပန္ရာမွာ  ႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာမရွိဘူးဆိုၿပီး ေျပာခဲ့ပါတယ္။ယခုတရားစြဲဆိုမႈက ပုဂၢလိကဆိုင္ရာ တရားစြဲဆိုမႈျဖစ္တဲ့အတြက္ သက္ဆိုင္ရာႏိုင္ငံနဲ႔ပဲ သက္ဆိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ  ပထမဆုံးေသာ ဥပေဒအရ ပစ္မွတ္ထားျခင္းျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ဘက္က လႈံ႕ေဆာ္မႈျဖင့္ ဝိုင္းလုပ္ႀကံကာ တရားစြဲဆိုျခင္းျဖစ္သည္မွာ ျငင္းမရေသာအခ်က္ ျဖစ္ေနပါတယ္။အာဏာရပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ က ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ယခုတရားစြဲဆိုမႈသည္ ခိုင္လုံျခင္းမရွိေသာ အခ်က္အလက္မ်ားကို အေျခခံလုပ္ေဆာင္ေနျခင္း ျဖစ္တယ္လို႔ ေျပာခဲ့ၿပီး ျမန္မာႏိုင္ငံက ထြက္သြားတဲ့ ဘဂၤါလီေတြအတြက္ သီးျခားနယ္ေျမရရွိဖို႔၊ သူတို႔အတြက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိဖို႔၊ ႏိုင္ငံျခားက လက္နက္ကိုင္တပ္ဖြဲ႕ေတြ ေစာင့္ ေရွာက္ေပးဖို႔ စတဲ့ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာကို ထိပါးေစမယ့္ ေတာင္းဆိုခ်က္ေတြနဲ႔ ကန႔္သတ္လာတာ ေတြ႕ႏိုင္ပါတယ္။အဲဒီလိုအခ်က္ေတြကေတာ့ ဘယ္လိုအေၾကာင္းေၾကာင့္မွ လက္ခံႏိုင္မွာမဟုတ္ပါဘူး လို႔ ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္လို သဘာ၀ေဘးႏွင့္ လူဦးေရေပါက္ကြဲမႈဒဏ္ ခံေနရသည့္ ႏိုင္ငံက ျမန္မာႏိုင္ငံ ရခိုင္ဘက္ကို မ်က္ေစာင္းထိုးကာ နယ္ေျမရယူလိုေနသည့္ ရည္႐ြယ္ခ်က္ကို ႐ုပ္လုံးေဖာ္ေနသည္မွာ ယခုျဖစ္ရပ္က တစ္စတစ္စ ေပၚလာေနၿပီျဖစ္ပါတယ္။ျပည္တြင္းမညီၫြတ္မႈႏွင့္ မစည္းလုံးမႈက ယခုလို ျပည္ပစြက္ဖက္မႈကို လက္ယပ္ေခၚသလို ျဖစ္ေနသည္ကို သတိျပဳဖို႔လိုေနသလို ေနာက္ထပ္လာႏိုင္သည့္ အခ်ဳပ္အျခာအာဏာ ထိပါးႏိုင္သည့္ ကိစၥရပ္မ်ားကိုလည္း မ်က္ေျခမျပတ္ေစာင့္ၾကည့္ရန္ လိုေနၿပီျဖစ္ပါတယ္။

တရားစြဲဆိုမႈထဲတြင္ ေဒၚ ေအာင္ဆန္းစုၾကည္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ သမၼတေဟာင္း ဦးသိန္းစိန္၊ သမၼတေဟာင္း ဦးထင္ေက်ာ္ ႏွင့္ လက္ရွိသမၼတ ဦးဝင္းျမင့္ တို႔ပါ ပါဝင္ေနသည့္အတြက္ အေတာ္ေလးခံျပင္းစရာျဖစ္သလို တရားစြဲဆိုမႈရလဒ္အေနျဖင့္ ႏိုင္ငံတကာဖမ္းဝရမ္းမ်ား ထုတ္ႏိုင္သည့္အတြက္ ထိထိေရာက္ေရာက္တုံ႔ျပန္ဖို႔ လိုေနၿပီျဖစ္ပါတယ္။
ယခုျပႆနာမွာ ယခင္ျပႆနာမ်ားလိုမဟုတ္ဘဲ အေရးႀကီးလာၿပီျဖစ္တဲ့အတြက္ လက္ရွိအစိုးရအေနျဖင့္ မည္သို႔ေျဖရွင္းမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔လိုလာၿပီျဖစ္ပါတယ္။

ကုလမွာ ျမန္မာကို တရားစြဲဆိုမႈနဲ႔ အာဂ်င္တီးနားမွာ ျမန္မာထိပ္ပိုင္းေခါင္းေဆာင္ေတြကို တရားစြဲဆိုမႈေတြျဖစ္တဲ့ ယခုရက္သတၱပတ္ထဲမွာဘဲ  ကုလသမဂၢ အထူးကိုယ္စားလွယ္ျဖစ္တဲ့ မစၥစ္ ခရစၥတင္း ရွယန္နာ ဘာဂီနာ ျမန္မာျပည္ကို တစ္ပတ္ၾကာခရီးအျဖစ္ လာေရာက္ခဲ့ပါတယ္။ယခုခရီးစဥ္မွာ တပ္မေတာ္ဘက္မွ ထိပ္တန္းအရာရွိႀကီးအခ်ိဳ႕နဲ႔ ေတြ႕ဆုံဖို႔ ရွိပါတယ္။

ခ်င္းအမတ္ လႊတ္ေျမာက္ေရးနဲ႔  အဆိုးဘက္ေရာက္လာတဲ့ ရခိုင္ပဋိပကၡ

ျပည္ေထာင္စုလႊတ္ေတာ္မွာ ႏိုဝင္ဘာ ၁၃ ရက္က အေရးႀကီးအဆိုတစ္ခု တင္သြင္းခဲ့ပါတယ္။ဒီအဆိုက ရကၡိဳင့္တပ္ (AA) က ဖမ္းဆီးထားသည့္ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁) မွ အာဏာရပါတီ၏ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္း အပါအဝင္ ဝန္ထမ္းမ်ား၊ အရပ္သားမ်ားကို အႏၲရာယ္ကင္းစြာျဖင့္ ႁခြင္းခ်က္မရွိ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ဆိုတဲ့ အဆိုပါ။ဒီအဆိုကို ျပည္ေထာင္စုလႊတ္ေတာ္က လက္ခံခဲ့ကာ အဆိုေအာင္ျမင္ခဲ့ပါတယ္။

ျပည္သူတစ္ရပ္လုံးက ေ႐ြးေကာက္ထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီလို အဆိုေအာင္ျမင္ခဲ့ေပမယ့္ ရခိုင္လက္နက္ကိုင္ျဖစ္တဲ့ AA ဘက္က မာမာထန္ထန္ဘဲ ျပန္တုံ႔ျပန္ဖို႔ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။လူမ်ိဳးေရး အစြန္းေရာက္အဖြဲ႕တစ္ခုအျဖစ္ ပုံေပၚလာတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကေန ခ်င္းအမ်ိဳးသားအမတ္ ဦးေဝွ႔တင္း ကို ဖမ္းဆီးခဲ့ရာမွာ တပ္မေတာ္လက္ကိုင္တုတ္ ျဖစ္တယ္ဆိုၿပီး အေၾကာင္းျပဖမ္းခဲ့သလို မီးသတ္တပ္ဖြဲ႕ဝင္ ၁၈ ဦး ျပန္လႊတ္ရာမွာလည္း ခုနစ္ဦးကို အဆက္အသြယ္မရေသး ျပန္မေရာက္လာတဲ့ ျဖစ္ရပ္ေတြလည္း ရွိခဲ့ပါတယ္။

ျပည္တြင္း၊ ျပည္ပ ခ်င္းအရပ္ဘက္အဖြဲ႕အ စည္းေတြက ခ်င္းအမတ္ကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားသလို ဦးေဝွ႔တင္း ကို ဖမ္းဆီးထိန္းသိမ္းထားသည့္အခ်ိန္ ၾကာျမင့္လာသည္ႏွင့္အမွ် ႏိုင္ငံတကာအသိုင္းအဝိုင္းႏွင့္ ျပည္သူလူထု အၾကား AA အဖြဲ႕၏ ပုံရိပ္က်ဆင္းလာမည္ကို သတိျပဳသင့္တယ္လို႔ ေထာက္ျပသတိေပးထားပါတယ္။ဒါ့အျပင္ AA အဖြဲ႕အေနျဖင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ဆက္လက္က်ဴးလြန္ေနမယ္ဆိုရင္ ခ်င္းျပည္သူ မ်ားႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔ၾကား ဆက္ဆံေရးတင္းမာလာေစမယ့္အျပင္ အၾကမ္းဖက္လုပ္ရပ္မ်ားအျဖစ္ ျပည္သူမ်ားက ယူဆလာႏိုင္တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ အာဏာရပါတီျဖစ္တဲ့ ဒီခ်ဳပ္ပါတီက ခ်င္းအမတ္ ဦးေဝွ႔တင္း ကို ဖမ္းဆီးခ်ိန္ၾကာလာသည္ႏွင့္အမွ် က်န္းမာေရးႏွင့္ အသက္အႏၲရာယ္ကို စိုးရိမ္ေၾကာင္း၊ ဦးေဝွ႔တင္း၏ က်န္းမာေရးႏွင့္ အသက္အႏၲရာယ္ ထိခိုက္လာပါက ဖမ္းဆီးထားသည့္ အဖြဲ႕အစည္းမွာ ပိုမိုတာဝန္ႀကီးလာမွာလို႔ ေျပာခဲ့ပါတယ္။

ခ်င္းျပည္နယ္ အစိုးရဘက္ကေတာ့ ဒီလို ခ်င္းအမတ္ကိုဖမ္းတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) ၏ လုပ္ရပ္ေၾကာင့္ လူမ်ိဳးေရးပဋိပကၡ ျဖစ္လာႏိုင္တယ္လို႔ ေျပာခဲ့သလို AA အေပၚ မေက်နပ္၍ ခ်င္းတိုင္းရင္းသား ေဒသခံ မ်ားက ျပန္လည္တုံ႔ျပန္ပါက ေျဖရွင္းရခက္သည့္ ရႈပ္ေထြးမႈမ်ားျဖစ္လာမယ္လို႔ ေျပာခဲ့ပါတယ္။

ယခုရက္ထဲမွာဘဲ AA ဘက္ကေန သူတို႔ဖမ္းထားတဲ့  ခ်င္းအမတ္မပါဘဲ စစ္ဖက္ႏွင့္ သက္ဆိုင္သူ (၁၆) ဦးကို ထုတ္ျပန္ကာ သုံ႔ပန္းခ်င္း လဲလွယ္လိုတယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုထုတ္ျပန္တဲ့အေပၚ တပ္မေတာ္ဘက္ကေတာ့  အၾကမ္းဖက္အဖြဲ႕အစည္းေတြနဲ႔ မည့္သည့္တပ္မေတာ္မွ မညႇိႏႈိင္းဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။ဒါ့အျပင္ စစ္ဘက္ႏွင့္သက္ဆိုင္သူ (၁၆) ဦးကို သုံ႔ပန္းဆိုၿပီး သုံးႏႈန္းျခင္းကို ကန႔္ကြက္ခဲ့သလို သုံ႔ပန္းဆိုတာ  ႏိုင္ငံႏွစ္ႏိုင္ငံ စစ္ျဖစ္လို႔ တိုက္ပြဲအတြင္း လက္နက္ခ်ေသာ စစ္သုံ႔ပန္းမ်ားကိုသာ ႏိုင္ငံအခ်င္းခ်င္း လဲလွယ္ခ်င္းမ်ိဳးသာရွိေၾကာင္း ေျပာခဲ့ပါတယ္။ဒါ့အျပင္ AA နဲ႔ ပတ္သက္ၿပီး ျမန္မာျပည္ထဲမွာေတာ့ အေကာက္က်စ္ဆုံးနဲ႔ ဗေလာင္းဗလဲအလုပ္ဆုံး အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕အစည္းလို႔ ေျပာခဲ့ပါတယ္။လက္ရွိမွာ AA စစ္ဦးစီးခ်ဳပ္၏ ညီႏွင့္ ညီမ၊ ေယာက္ဖတို႔ကို အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ အာဏာပိုင္ေတြက အမႈဖြင့္ထားတာ ရွိပါတယ္။ဒီအတြက္ အက်ဥ္းသားခ်င္းလဲရာမွာ ဘယ္သူနဲ႔ အျပန္အလွန္လဲခ်င္တာလဲဆိုတဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ ရဲ႕ ရည္႐ြယ္ခ်က္ကို  ေမးခြန္းထုတ္စရာ ျဖစ္လာသလို AA လက္ထဲ ဖမ္းဆီးခံထားရတဲ့ အရပ္သားေတြ၊ အစိုးရဝန္ထမ္းေတြ၊ စစ္ဖက္ဝန္ထမ္းေတြရဲ႕ ရွင္သန္မႈကလည္း စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာျဖစ္တဲ့ ရခိုင္လက္နက္ကိုင္အေရးက တစ္ႏွစ္ေက်ာ္ၾကာလာၿပီျဖစ္သလို အရပ္သား ထိခိုက္ေသဆုံးမႈကလည္း မ်ားလာၿပီျဖစ္ပါတယ္။ရခိုင္စစ္ေဘးေရွာင္ အေရအတြက္က မ်ားလာသလို ေဒသတြင္း တရားဥပေဒစိုးမိုးမႈက ေလ်ာ့ရဲလာေနတဲ့အတြက္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ထိခိုက္လာေနၿပီ ျဖစ္ပါတယ္။ယခုလအတြင္း AA အပါအဝင္ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အစိုးရ၊ တပ္မေတာ္ ကိုယ္စားလွယ္မ်ား ေတြ႕ ဆုံႏိုင္ေရး ညႇိႏႈိင္းေနေပမယ့္ မေသခ်ာေသးပါဘူး။တိုက္ပြဲေတြထဲ မသက္ဆိုင္တဲ့ အရပ္သားေတြကို ထိခိုက္မႈက တိုးလာေနတဲ့အတြက္ ႏွစ္ဘက္လုံး တင္းတင္းမာမာျဖစ္ေနတဲ့ ရခိုင္ေျမာက္ပိုင္းအေရး ဘာေတြဆက္ျဖစ္လာဦးမလဲ၊ ခ်င္းအမတ္ ဖမ္းဆီးခံထားရတာ ဘယ္လိုျဖစ္သြားႏိုင္မလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားစရာအျဖစ္ ရန္ကုန္က ဆူးေလ မဟာဗႏၶဳလပန္းၿခံထဲမွာ ေဆးေျခာက္ တရားဝင္သုံးခြင့္ရေရးအတြက္ဆိုၿပီး လူငယ္ ၅၀ ေက်ာ္ခန္႔ ဆႏၵျပခဲ့တဲ့သတင္းေတြ၊ မတၱရာၿမိဳ႕နယ္အတြင္း  တရားမဝင္ ေ႐ႊတူးေဖာ္ေနမႈကို တားျမစ္ဖို႔ သက္ဆိုင္ရာက စီစဥ္ေနတဲ့ သတင္းေတြ၊  လြိဳင္လင္ၿမိဳ႕နယ္ထဲမွာ တရားခံေျပးတစ္ဦးက ဇနီးျဖစ္သူကို ဓားနဲ႔ခုတ္ၿပီး လာဖမ္းတဲ့ ရဲတပ္ဖြဲ႕ကို ရန္ျပဳလို႔ ေသနတ္နဲ႔ပစ္ဖမ္းခဲ့ရတဲ့ သတင္းေတြ၊ မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲမွာ  တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးဖို႔ အမ်ိဳးသမီးငယ္မ်ားကို လိုက္လံစည္း႐ုံးေနတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးရမိခဲ့တဲ့သတင္းေတြ၊ မႏၲေလးတိုင္းေဒသႀကီး မလႈိင္ၿမိဳ႕နယ္ထဲမွာ ပံ့သကူပစ္ထားသည့္ ေကာ္ဖီမစ္ထုပ္ ေကာက္ယူစားသုံးမိရာမွ အသက္ (၁၃) ႏွစ္ႏွင့္ (၆) ႏွစ္အ႐ြယ္ ေက်ာင္းသူ ညီအစ္မႏွစ္ဦး ေသဆုံးခဲ့တဲ့သတင္းေတြ၊ ပုသိမ္နယ္ေျမရဲစခန္းမွ အခ်ဳပ္ခန္းေဖာက္ ထြက္ေျပးသူ သုံးဦးထဲက ႏွစ္ဦးဘဲ ျပန္ဖမ္းမိခဲ့တဲ့သတင္းေတြ၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာရွိတဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ႐ုံး မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏို၀င္ဘာ - ၁၅