【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အတိုင်ခံရတဲ့ ဝန်ကြီးချုပ်နှင့် ဘုန်းကြီးကျောင်းထဲက လောင်းကစားဒိုင်

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အတိုင်ခံရတဲ့ ဝန်ကြီးချုပ်နှင့် ဘုန်းကြီးကျောင်းထဲက လောင်းကစားဒိုင်

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အားလုံး ပြည်သူလူထုနှင့် မကြာခဏတွေ့ဆုံပွဲများ ပြုလုပ်ဖို့ ပြောခဲ့တဲ့ သတင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့  တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း တို့ တွေ့ဆုံခဲ့တဲ့ သတင်း၊ ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ဖို့ ယခုနှစ်ထဲ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် လိုအပ်မယ်လို့ ခန့်မှန်းလိုက်တဲ့ သတင်း၊ အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO) ကြား ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲ မကြာမီ အမြန်ဆုံးပြုလုပ်ရန် သဘောတူထားတဲ့ သတင်း၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIO) ကိုယ်စားလှယ်တွေ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းတွေက ယခုတစ်ပတ်ထဲ နိုင်ငံရေးစိတ်ဝင်စားသူ ပြည်သူတွေ သတိထားမိခဲ့ကြတဲ့ သတင်းတွေပါ။

ဒီသတင်းတွေကြားထဲမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အပြီးမှာ ကချင်ပြည်နယ်က ဝန်ကြီးသုံးဦး ရာထူးကနေ နုတ်ထွက်၊ ထုတ်ပယ်ခံရမှု သတင်း၊ တနင်္သာရီဝန်ကြီးချုပ်ကို ဒေသခံပြည်သူတွေကတိုင်လို့ ပါတီဗဟိုက စစ်ဆေးမယ်ဆိုတဲ့ သတင်း၊ မိသားစုဝင် ၃ ဦး သေဆုံးခဲ့တဲ့ စိတ်မကောင်းစရာ စမ်းချောင်း မီးသတင်းနဲ့ မန္တလေး ဘုန်းကြီးကျောင်းထဲ ဝင်ဖမ်းရတဲ့ မန္တလေးလောင်းကစားဒိုင် သတင်းတွေက ယခုတစ်ပတ် ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

အတိုင်ခံရတဲ့ ဝန်ကြီးချုပ်နှင့် အာဏာရပါတီ ဖြေရှင်းရမည့် ပြဿနာများ

ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အလုပ်ထုတ်ခံ အလုပ်သမား အားလုံးကို အလုပ်ပြန် မခန့်လို့ ပန်ဒါစက်ရုံအလုပ်သမားတွေ ကန့် ကွက်တဲ့ သတင်း၊ ကရင်ပြည်နယ် ရှိ အိန္ဒု-ကော့ကရိတ် လမ်းပိုင်း အဆင်မြှင့်တင်ရာတွင် ဒေသခံတွေ ကန့်ကွက်တဲ့ တောင်ကထုတ်တဲ့ ကျောက်တွေ မသုံးဖို့ အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB) က အကြောင်းကြားတဲ့ သတင်း၊ ရခိုင်ပြည်နယ်တွင်း အခြေခံ ပညာကျောင်း တွေမှာ ရခိုင်စာသင် ကြားရေးဆရာအဖြစ် လျှောက်ထားသူ ၈,၇၀၀ ကျော်ရှိတဲ့သတင်း၊ ဖမ်းဆီးထားတဲ့ရတနာပုံတက္ကသိုလ် ကျောင်း သားများအမှုနှင့်ပတ်သက်ပြီး ဖြေလျော့ပေးမယ်လို့ မန္တလေးဝန်ကြီးချုပ်က ပြောခဲ့တဲ့သတင်း၊ ရန်ကုန်စည် ပင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ က လူတွေ ပါဝင်ပြိုင် လို့ရတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောလိုက်တဲ့ သတင်း၊ တရားခွင်မှာ တရားသူကြီးတွေကိုယ်တိုင် ကျမ်းသစ္စာကျိန်ဆိုရမည် အဆိုတစ်ရပ် အမျိုးသားလွှတ် တော်မှာ ဆွေးနွေးမယ်သတင်း၊လူမွဲခံယူခြင်းဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို တင်သွင်းခဲ့တဲ့ သတင်း၊နေပြည်တော်တည်ဆောက်စဉ် လယ်ယာမြေထောက်ပံ့ကြေးနည်းပါးစွာရရှိခဲ့သူတွေအတွက် တန်ဖိုး နည်းအိမ် ရာ၊ မြေကွက်များ ရောင်းချပေးဖို့ နေပြည်တော်ကောင်စီနယ်မြေ အမတ်တစ်ဦးက ပြည်သူ့လွှတ် တော်သို့ တင်ပြ တောင်းဆိုခဲ့တဲ့ သတင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းရှိ ဧကထောင်ချီရှိသော စက်မှုလယ် ယာမြေများကို စက်မှုဇုန်အဖြစ် ပြောင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်နေတဲ့ သတင်းစတဲ့ သတင်းတွေက အများပြည်သူကြား အာရုံစိုက်စောင့်ကြည့်စရာသတင်း တွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းကောင်းတွေကို ကျော်ပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာက နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အပြီးမှာ ကချင်ပြည်နယ်က ဝန်ကြီးသုံးဦးကို ရာထူးကနေ နုတ်ထွက်၊ ထုတ်ပယ်ခံရမှုသတင်းတွေ ဖြစ်လာခဲ့တာနဲ့ တနင်္သာရီ ဝန်ကြီးချုပ်ကို ဒေသခံပြည်သူတွေက တိုင်လို့ ပါတီ ဗဟိုက စစ်ဆေးမယ် ဆိုတဲ့ သတင်းတွေက အများပြာ်သူကြားစိတ်ဝင်စားမှု ပိုခဲ့ပါတယ်။

ယခုတစ်ပတ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြည်တွင်းသတင်းစာတစ်စောင်ဖြစ်တဲ့ 7Day Daily သတင်းစာကို ဖြေကြားခဲ့တဲ့ သတင်းကြောင့် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ပက်သက်တဲ့ တိုင်ကြားမှု သတင်းက အတည်ဖြစ်ခဲ့ပါတယ်။ဒါဟာ ဒေသခံတွေရဲ့ တိုင်ကြားမှုတွေနဲ့ မကြာခဏ သတင်းထွက်လာလေ့ရှိတဲ့ ဝန်ကြီချုပ်သတင်းတွေထဲက တနင်္သာရီဝန်ကြီးချုပ်နဲ့ ပက်သက်တဲ့ သတင်းတွေထဲ ပတမဆုံး ပါတီဘက်က ထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်ပါတယ်။

ဒေသခံ ၄၀ ကျော်က လက်မှတ်ရေးထိုးကာ တိုင်ကြားခဲ့ခဲ့တဲ့ စာကို ဇန်နဝါရီ ၂၄ ရက်က ရရှိခဲ့တာလို့ ဆိုပြီး အရင်ဆုံးစစ်ဆေးမှုတွေ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို တိုင် ကြားမှုတွေထဲမှာ ဆွေမျိုးနီးစပ်တော်သူကို ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်မှု၊ ကျပ်သိန်း ၉,၀၀၀ ခွင့် ပြုငွေနဲ့ တည် ဆောက်နေတဲ့ ဂုံညင်းဆိပ်လမ်းပိုင်းသုံးမိုင်ကွန် ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ဝန်ကြီးချုပ်၏ သားက အဓမ္မရှယ် ယာဝင်လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်မှု၊ ကျောက်လုပ်ငန်းတင်ဒါများမှာ ဝန်ကြီး ချုပ်၏သား ပြိုင်ဘက်မရှိ တင်ဒါအောင် မြင်မှု၊နာမည်ကျော် ကျပ် သိန်း ၄,၀၀၀ တန် ထားဝယ်လေယာဉ် ကွင်းချုံရှင်းခ လုပ်ခွင့်ရခဲ့တဲ့ ကုမ္ပဏီမှာ ဝန်ကြီးချုပ်၏သားက ရှယ်ယာဝင်လုပ်ကိုင်ခဲ့မှုနဲ့ နိုင်ငံတော်ကို ကျပ်သိန်း ရှစ်သောင်းကျော်ပေးသွင်းခြင်းမရှိတဲ့ GGS ကုမ္ပဏီမှာ ဝန်ကြီးချုပ်ကိုယ်ရေးအရာရှိရဲ့ခင်ပွန်း  ဖြစ်သူက တာဝန်ခံအဖြစ် ဆောင်ရွက်နေမှုစတဲ့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီး ပါတီဘက်ကတော့ ဆွေမျိုးနီးစပ်တော်သူများကို ကိုယ်ရေးအရာရှိခန့်အပ်မှု၊ လုပ်ပိုင်ခွင့်များချထားမှုတို့ကို လုံးဝမသိကြောင်းနှင့် GGS ကုမ္ပဏီကဆောင်ရွက်နေတဲ့ လျှပ်စစ်ထုတ် လုပ် ရေးလုပ်ငန်း စာချုပ်မှာ ကွက်လပ်ချန်ပြီး စာချုပ်ဆိုမှုကို သမ္မတရုံးစစ်ဆေးချက်အရ အပြစ်ရှိရင် တနင်္သာရီတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများကို အရေးယူမယ်လို့ ဒေါက်တာမျိုး ညွန့်က ဇန်နဝါရီ ၁၉ ရက်က ပြောထားပါတယ်။ ဒါအပြင် တိုင်းအစိုးရအဖွဲ့က စည်းမျည်းမညီညွတ်ဘဲ GGS ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပြုမှုမှာ အပြစ်ရှိကြောင်း ပေါ် ပေါက်ခဲ့ရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ လွှဲပြောင်းမယ်လိုဆိုခဲ့ပါတယ်။ ဒါပမေယ့် ပြာသူတွေကတော့ သမ္မတရုံးနဲ့ ပါတီဗဟိုက စစ်ဆေးမှုတွေမှာ ဘယ်လိုအဖြေထွက်ပေါ်လာမလဲ ဆိုတာ စောင့်ကြည့်နေကြ ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုက ဝန်ကြီးချုပ်နှစ်ဦးနဲ့ ဝန်ကြီး ၁၂ ဦး ကို အပြောင်းအလဲပြုလုပ်ခဲ့တဲ့အတွက် ဒီတိုင်ကြားမှုမှာလည်း  ထွက်လာမယ့် ရလဒ်အဖြေက ပြည်သူတွေလို ချင်တဲ့ အဖြေလား၊ အရင်လိုပဲ ထုတ်ပယ်မှုနဲ့ပဲ အဆုံးသတ်မလား၊ ဒါမှမဟုတ် အပြစ်ရှိရင် ရှိသလို အရေးယူမှုနဲ့ အဆုံးသတ်မလားဆိုတာ အများပြည်သူက ဆက်စောင့်ကြည့်စရာ သတင်းဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ထွက်ပေါ်လာခဲ့တဲ့ ဝန်ကြီးသုံးဦး ကိုနုတ်ထွက်ခွင့်တင်စေတယ်ဆိုတဲ့ သတင်းက ဇန်နဝါရီ ၂၁ ရက်မှာ ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်း၊ လူမှု ရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ကို ရာထူး မှ နုတ်ထွက်ခွင့်ပြုကြောင်း နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်ကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ခဲ့မှုမှာ ဒီကောလာဟလသတင်းက အဆုံးသတ်ခဲ့ပါတယ်။

ကာယကံရှင်တွေက ဒီလိုထုတ်ပြန်မှုမှာ ဦးမြသိန်းနဲ့  ဒေါက်တာသင်းလွင်တို့က နုတ်ထွက်ခွင့်ပြုရန် စာ တင်ခဲ့ပြီး ဦး H လအောင်က နုတ်ထွက်ခွင့်ပြုစာ လက်မှတ်ရေးထိုးခြင်းမပြုလို့ တာဝန်မှ ရပ်စဲခံရတာလို့ ဆိုပါ တယ်။ကာယကံရှင် တွေကတော့  အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားမှုမရှိကြောင်းနှင့် အလွဲသုံးစား ပြုမှုမရှိကြောင်း ပြောခဲ့ပါတယ်။ပါတီဘက်ကတော့ အဆိုပါ ပါတီဝင်နှစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဦးမြ သိန်းနှင့် ပါတီမြို့နယ်အလုပ်အမှုဆောင် ဦး H လအောင်တို့ကို မည်သည့် အရေးယူမျှလုပ်ဆောင်မထားဘဲ ပါတီစည်းကမ်းနှင့် ငြိစွန်းခြင်းရှိ၊ မရှိ ဆက်လက်စုံစမ်းမည်ဖြစ်ပြီး စုံစမ်းစစ်ဆေး မှုရလဒ် အပေါ်မူတည်၍ ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။

နောက်သတင်းတစ်ခုဖြစ်တဲ့ ဧရာဝတီဘက်က တိုင်းဒေသကြီးလွှတ်တော်ရုံးအတွက် မော်တော်ယာဉ် တွေ ဝယ်ယူတဲ့ကိစ္စနဲ့ပက်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ပါတီကနေ ထုတ်ပယ်ခဲ့တယ်ဆိုတဲ့ ကိစ္စမှာ ကာယယကံရှင် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က မော်တော်ယာဉ်များ ဝယ်ယူရာမှာ မရိုးမသား ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ပါတီဘက်ကတော့  ထုတ်ပယ်တဲ့ စာကို အဆင့်ဆင့် ပေးပို့ထားတယ်ဆိုပါတယ်။

အာဏာရပါတီအနေနဲ့ လက်ကျန်ကာလ သက်တမ်းနှစ်နှစ်အတွင်းမှာ ပါတီတွင်းရော အစိုးရအဖွဲအ တွင်းမှာ အပြောင်းအလဲတွေ များစွာလုပ်နေသလို ပြုပြင်မှုတွေကို အားထည့်လုပ်ကိုင်နေတဲ့ အတွက် ထုတ် ပယ်ခံရသူတွေ၊ တာဝန်ရပ်စဲခံရသူတွေ များလာတာကိုတွေ့ရပါတယ်။ ဒီလိုဖယ်ရှားခံရတဲ့လူတွေက ပါတီနဲ့ အစိုးရအဖွဲ့အတွင်း အမှန်တကယ် ဖယ်ထုတ်သင့်တဲ့ သူတွေလား၊ဒီလူတွေဖယ်ထုတ်မှုနောက်ပိုင်းမှာ ပါတီနဲ့ အစိုးရအဖွဲ့အတွင်း လုပ်ဆောင်မှုတွေ တိုးတက်လာသလား၊နှေးကွေးဆိုးရွားလာသလားဆိုတာကို စောင့် ကြည့်ရဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အရပ်သားအစိုးရလက်ထက်မှာ ဝန်ကြီးချုပ်လည်း အနေအထိုင်မတတ်ရင်၊ ပြည်သူဘက် ဗဟိုမပြုရင် တိုင်တောခံရ၊အရေးယူခံရတဲ့ အစဉ်အလာဖြစ်ထွန်းလာတာကတော့ သဘောကျစရာပါ။ ဒီလို အစိုးရအဖွဲနဲ့ ပါတီထဲကနေ ဖယ်ထုတ်တဲ့ သတင်းတွေက ယခုတစ်ပတ် နိုင်ငံရေးသတင်းများစွာထဲ သတိထားစောင့်ကြည့်ခံရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ရယ်သွမ်းသွေးစရာ ကျပ်တစ်ထောင်တန် ထီ ပေါက်ဈေး ပြဿနာ

ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားစရာ သတင်းအချို့ ရှိခဲ့ပါတယ်။ ဒီသတင်း တွေထဲမှာ စိတ်ဝင်စားစရာကောင်းခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ခွေးရူးရောဂါဖြစ်ပွားမှုထိန်းချုပ်ရေး အတွက်ဆောင် ရွက်ဖို့် အစိုးရကို တိုက်တွန်းကြောင်းအဆို ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့တဲ့ စာရင်း၊ မြစ်ငယ် မြို့တွင် တည်ဆောက်ခဲ့တဲ့ ကုန်းတွင်းဆိပ်ကို ဇန် နဝါရီ ၂၃ ရက်က စတင် ဖွင့်လှစ်ခဲ့တဲ့ သတင်း၊ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က ရန် ကုန် - မန္တလေး အမြန်လမ်းရှိ ယာဉ်ရပ်နားစခန်းစား သောက်ဆိုင်တွေကိုရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့တဲ့ သ တင်း၊ ပဲခူးရိုးမထဲ လမ်းဖောက်ကာ သစ်ခိုးထုတ် နေမှု တားဆီးပေးဖို့ လွှတ်တော်ကို တင်ပြခဲ့တဲ့သတင်း၊ကူးစက် ရောဂါနဲ့ ဝက်တွေထောင်ချီသေဆုံးခဲ့တဲ့ ကော လင်းမြို့နယ် မွေးမြူရေးသမားတွေကို အစိုးရက ထောက်ပံ့ကူညီ ဖို့ ကောလင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်က တောင်းဆိုခဲ့တဲ့ သတင်း၊ လျှပ်စစ်မီးဖြန့်ဖြူးရာမှာ အရှုံးခံ ကာ ရောင်းချပေးနေလို့ နိုင်ငံခြားရင်းနှီးမြှုပ် နှံသူတွေက စိတ်မဝင်စားဘူးလို့ လျှပ်စစ်ဒု-ဝန်ကြီးက ပြောလိုက်တဲ့ သတင်း၊ အသက်(၁၈)နှစ်ပြည့် ပြီးမှ လက် ထပ်တာ ပဋိညာဉ်မြောက်တယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်ကို အကြံ ပြု တင်ပြလိုက်တဲ့ သတင်းတွေ ယခုတစ်ပတ်အတွင်းဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မကြာခင် ထွက်လာတော့မယ့် ကျပ် တစ်ထောင် တန်ထီသတင်းက ထီစတင်ရောင်းချမယ့် အချိန်ကာလနီးလာတာနဲ့အတူ အများပြည်သူကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်မှ စတင်ရောင်းချမယ့် ကျပ် ၁,၀၀၀ တန် အောင်ဘာလေထီလက်မှတ်ကို အစော ရက်ပိုင်းတွေက အများပြည်သူကြားစိတ်ဝင်စားမှုမရှိခဲ့ပေမယ့်  ထွက်ရှိဖို့ ရက်နီးလာတဲ့အခါ ထီနဲ့ပတ်သက်တဲ့ ထီအသိုင်းအဝိုင်းထဲ လှုပ်ခတ်လာခဲ့ပါတယ်။ ကျပ် ၅၀၀ တန်တုန်းက သိန်း တစ်သောင်းသာချီးမြှင့်ခဲ့ပေမယ့် ယခုထွက်ရှိမယ့် ကျပ် တစ်ထောင်တန်မှာ သိန်းတစ်သောင်းခွဲအထိ ဖြစ်လာခဲ့တဲ့အတွက် အများပြည်သူကြား ထီအပေါ် စိတ်ဝင်စားမှု ပိုလာခဲ့ပါတယ်။

ဒါပေမယ့် ထီဈေးကြီးမြင့်မှုက အများပြည်သူကြား အစိုးရထီအပေါ် အာရုံစိုက်မှုကိုလျော့နည်း စေခဲ့ သလို ထီတစ်စောင် တစ်ထောင်ကျပ်ဆိုတဲ့ ပမာဏက လူတစ်ယောက် တစ်နေ့တာ လုပ်ခရဲ့ ၂၀ ရာခိုင်နူန်း ကနေ ၁၀ ရာခိုင်နူန်းကြားသာရှိပေမယ့် ကြီးမြင့်တဲ့ စားဝတ်နေမှုစရိတ်တွေကြောင့် ထီတစ်စောင်ထိုးဖို့ ကျပ် ၅၀၀ တန် ထီလက်မှတ်ထက် ပိုပြီး လျော့နည်းဖို့ ရှိတယ်လို့ ထီဈေးကွက်ထဲ ခန့်မှန်းမှုတွေ ထွက်လာခဲ့ပါတယ်။

မကြာခင်က အာဏာပိုင်တွေဘက်ကနေ  ကျပ်တစ်ထောင်တန်ထီနဲ့ ပတ်သက်ပြီး ပြင်ပမှာ ဈေးနူန်း မြှင့်ပြီး ရောင်းရင် ဖမ်းဆီးအရေးယူမယ်လို့ ကျပ် ၅၀၀ တန်ထီထွက်ကာစတုန်းကလို ပြောခဲ့ပြန်တဲ့အတွက် ထီ လောကသားတွေအတွက် ဒီစကားက ပြက်လုံးသဖွယ်ပါဘဲ။ အများပြည်သူအတွက်ကတော့ ထီဈေးကို ပြင်ပမှာ ပေါက်ဈေးထက်တိုးပြီး ရောင်းတဲ့သူတွေကို ဖမ်းမယ်ဆိုတိုင်း  ထီလက်ကားဈေးကွက်မှာ အစိုးရပေါက်ဈေး ထက်ဈေးတင်ပြီးရောင်းချနေတဲ့ ထီလက်ကားဆိုင်တွေ အရောင်းအဝယ်မပျက်ရှိနေတာကို ကြည့်ပြီး ထိ ရောက်မှု ရှိ/မရှိ သိနိုင်ပါတယ်။

ယခုရက်ပိုင်းထွက်လာတဲ့ ထီနဲ့ ပတ်သက်တဲ့ သတင်းက ဒီလို ဖမ်းမယ်ဆီးမယ် ပြက်လုံးတွေကို သတိ ထားစရာတစ်ခုအဖြစ်တောင် သဘောမထားဘဲ လက်တွေ့ကျကျဘဲ ထီတစ်စောင်ကို ဈေးကွက်ထဲ ရောင်းဈေး ၁၁၀၀ ကျပ်နဲ့ရောင်းချဖို့ ဖြစ်နိုင်မယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုတွေ ထွက်လာခဲ့ပါတယ်။ ထီဈေးကြီးတဲ့ အတွက် ဝယ်ယူသူတွေ ထီထိုးသူတွေ လျော့နည်းလာဖို့ရှိတဲ့ အတွက် ကုန်ကျစရိတ်ဘက်ပိုင်းမှာ ရောင်းရတဲ့ ထီအနည်း ငယ်ပေါ်ကျခံရမှာ ဖြစ်တဲ့အတွက် ထီဈေးကြီးမြင့်မှုတွေ မလွဲမသွေဖြစ်ပေါ်လာမှာ ဖြဟ်တဲ့အတွက် ကျပ် တစ်ထောင်တန် ထီဈေးကွက်က ဘာတွေဖြစ်လာဦးမလဲ ဆိုတာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သတိပြုစရာ စမ်းချောင်းမီးနှင့် ဘုန်းကြီးကျောင်းထဲ ဝင်ဖမ်းရတဲ့ လောင်းကစားဒိုင်

ဘုန်းကြီးကျောင်းတွေထဲ လောင်းကစားဒိုင်တွေ ရှိနေတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် ပြောဖို့ ဆိုဖို့ခက်နေတဲ့ အချိန်ကာလမှာ မန္တလေးက ဘုန်းကြီးကျောင်းထဲက လောင်းကစားဒိုင်ကို ဝင်ဖမ်းလို့မိတဲ့ သ တင်းက ယခုတစ်ပတ်မူခင်းနောက်ခံသတင်းတွေထဲ သားအမိသားအဖ ၃ ဦးသေဆုံးခဲ့ရတဲ့ စမ်းချောင်း ငွေ တောင် လဘက်ရည်ဆိုင် မီးလောင်တဲ့ သတင်းနဲ့အတူ ဒီတစ်ပတ်မှာ လူပြောအများဆုံးသတင်းဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၃ ရက်ညနေက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အရှေ့ဆင်တဲတိုက် တိုက်အုပ် ကျောင်းနှင့် ဓမ္မဂုဏ်ရည်ကျောင်း တို့တွင် ဖွင့်လှစ်ထားသည့် လောင်းကစားဒိုင်နှစ်ဒိုင်ကို မြို့နယ်သံဃ နာယ ကအဖွဲ့နှင့် မြို့နယ်သာသနာထိန်း သိမ်းရေးအဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အရှေ့ဆင် တဲတိုက် တိုက်အုပ် ကျောင်းတိုက်အတွင်း လောင်းကစားဒိုင်လုပ်နေသူ နှစ်ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ကျပ် သိန်းရာနဲ့ချီပြီး ဖမ်းဆီးရမိခဲ့ကာ  ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှာလုပ်ကိုင်နေတဲ့ လောင်းကစားဒိုင်ကတော့ လူလွတ်အောင်ထွက်ပြေးခဲ့ပေမယ့် လောင်းကြေးငွေတွေ၊သက်သေခံပစ္စည်းတွေကိုသာဖမ်းမိခဲ့တယ်ဆိုပါတယ်။

ဒီလိုမဖမ်းဆီးခင် ပြီးခဲ့တဲ့လပိုင်းအတွင်း ယခုဖမ်းဆီးတဲ့အဖွဲ့တွေက သုံးခါတိတိသတိပေးခဲ့တယ် လို့ ဆိုပြီး  ဆက်လက်လုပ်ကိုင်နေတဲ့အတွက် ယခုလိုဖမ်းဆီးခဲ့တာဆိုပါတယ်။ ၂၀၁၈ စက် တင်ဘာကစတင်ကာ မြို့နယ် သံဃနာယကအဖွဲ့နှင့် မြို့နယ် သာထိန်းအဖွဲ့များကချမ်းအေးသာစံ မြို့နယ်ရှိ ဘုန်းကြီးကျောင်း များ အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစားဒိုင်များ ဖယ်ရှားပေးရန် လိုက်လံ သတိပေးပြီးဖယ်ရှားပေးရန် ဝန်ခံ ကတိများ ရေးထိုးစေခဲ့ပြီး ဖြစ်ပါတယ်။ဒီလိုသတိပေးဝန်ခံကတိထိုးစေခဲ့ရာမှာ ယခုဖမ်းဆီးရမိခဲ့တဲ့ ကျောင်း တိုက် မှ ကျောင်းထိုင်တွေလဲ ပါရှိခဲ့တဲ့ အတွက် မြို့နယ် သံဃနာယကအဖွဲ့က အဆိုပါ လောင်းကစား ဒိုင်ဖွင့်ခွင့်ပေးခဲ့တဲ့ အရှေ့ဆင်တဲတိုက် တိုက်အုပ်ကျောင်းနှင့် ဓမ္မဂုဏ်ရည်ကျောင်းတိုက်အုပ် ကျောင်းထိုင်ဆရာ တော်နှစ်ပါးကို  ချမ်းအေးသာစံ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာ တော်ရှေ့တွင် လူဝတ်လဲစေပြီး သာသနာ တော်ညှိုးနွမ်းစေမှုပုဒ်မ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါတယ်။

ဒီလိုဖမ်းဆီးမှုက သာသနာအတွက်ကောင်းတဲ့ လုပ်ရပ်ဖြစ်သလို ဘာသာကို အကာအကွယ်ယူပြီး မကောင်းတဲ့ အလုပ်ကိုလုပ်ကိုင်ခြင်းဖြစ်လို့ ဒီသတင်းအပေါ်အများပြည်သူက သဘောကျတဲ့ သတင်း တစ် ခုဖြစ်ခဲ့ပါတယ်။ဒါပြင် ဘာသာကိုအကာအကွယ်ယူပြီး လုပ်နေတဲ့ လောင်းကစားသမားတွေအတွက်လည်း သတိပေးရာရောက်တဲ့ အတွက် နောက်ထပ် ဘယ်ကျောင်းတိုက်တွေ၊ ဘယ်နေရာတွေကို ဖမ်းဆီးမှုတွေ ဖြစ် လာမလဲ၊ လက်ရှိဖမ်းဆီးထားတဲ့ သူတွေကို ဘယ်လိုအရေးယူမှုတွေ ဖြစ်လာမလဲ ဆိုတာ ဆက်စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းလိုမဟုတ်ဘဲ စိတ်ဝင်စားစရာကောင်းပေမယ့် စိတ်ထိခိုက်ရတဲ့ သတင်းတစ်ပုဒ်က သားအမိ သားအဖ ၃ ယောက်လုံး မီးလောင်သေဆုံးခဲ့ရတဲ့ စမ်းချောင်းမီးလောင်မှု သတင်းပါဘဲ။ ဇန်နဝါရီလ ၂၃ ရက် နံနက်၅နာရီ ၃၀ ခွဲအချိန်က စမ်းချောင်းမြို့နယ်၊ လင်းလွန်း/ တောင်ရပ်ကွက်ရှိ "ငွေတောင်" လက်ဖက်ရည် ဆိုင်မှာ မီလောင်မှုဖြစ်ပွားခဲ့ရာမှာ ဆိုင်ဖွင့်ထားတဲ့ အိမ်မှပိုင်ရှင်သားအမိသားအဖ ၃ ဦး သေဆုံးခဲ့ပါတယ်။ ဗဟို လမ်းမပေါ် နှစ်ထပ်သစ်သားအိမ်မှာ ဖွင့်ထားတဲ့ "ငွေတောင်" လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ဖျော်ဆရာ အောင်သူ (၂၅)နှစ်က လက်ဖက်ရည်ကျိုနေစဉ် ဂတ်စ်အိုးခလုတ်ဖွင့်ပြီး ပိုက်ခေါင်းအား လက်ဖြင့် လှည့်ရာ မီး စတင်လောင်ကျွမ်းပေါက်ကွဲလို့ အိမ်တစ်အိမ်လုံးနဲ့ ခြေရင်းကပ်လျှက် တိုက်ခန်းအပေါ်ဆုံးထပ်က အခန်းနှစ် ခန်းကိုပါ မီးစွဲလောင်ခဲ့တာပါ။ မီးလောင်မှုကြောင့် လက်ဖက်ရည် ဆိုငအပေါ်ထပ်တွင်နေထိုင်သည့် ဆိုင်ပိုင် ရှင်၏ ယောက္ခမဖြစ်သူ မိသားစုဝင် ၃ ဦးစလုံးမီးလောင်သေဆုံးခဲ့ပါတယ်။

ဒီမီးလောင်မှုဟာ ရန်ကုန်မှာ တစစ အသုံးပြုမှု ကျယ်ပြန့်လာတဲ့ ဂတ်စ်အိုးတွေရဲ့ လုံခြုံစိတ်ချရမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး စားသောက်ဆိုင်၊လဘက်ရည်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာ သုံးတဲ့ ဂတ်စ်အိုး တွေ ရဲ့ ပေါက်ကွဲနိုင်မှု အန္တရာယ်အပေါ် ယခင်ကထက် သတိထားဖို့ လိုလာပြီဆိုတာကို မီးလောင်သေဆုံးခဲ့ရတဲ့ မိ သားစုဝင် သုံးဦးက ရန်ကုန်မြို့ရဲ့ အာဏာပိုင်တွေကို ထင်ထင်ရှားရှားသက်သေပြခဲ့ပါတယ်။ထွက်လာတဲ့ အရပ် သတင်းတွေအရ ဒီဂတ်စ်အိုးက ဓာတ်ငွေယိုစိမ့်နေတယ်လို့ ဆိုသလို လေဖြတ်နေတဲ့ ဖခင်အိုနဲ့ မကျန်း မာတဲ့ မိခင်အိုကို မီးထဲကနေ ကယ်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတဲ့ သမီးဖြစ်သူ ကျူရှင်ဆရာမရဲ့ ဖြစ်ရပ်က ကာယကံ ရှင်မိသားစုနဲ့ ဆွေမျိုးတွေသာမကဘဲ ကြားရတဲ့ သူတွေအတွက်ပါ စိတ်ထိခိုက်စရာပါ။ ဒီမီးလောင်သေ ဆုံးမှုသ တင်းက အာဏာပိုင်တွေအတွက် မီးနဲ့ပတ်သက်ပြီး သင်ယူစရာ ၊သတိထားစရာ အများကြီး ရှိသေး တယ်ဆို တာကို ဒီမီးလောင်မှုသတင်းက သတိပေးခဲ့ပါတယ်။       

ဒီသတင်းတွေက ယခုတစ်ပတ်ထဲ ဖြစ်ခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေ ဖြစ်တဲ့ စာအိတ်ထဲ သေနတ်ကျည်ဆန်ထည့်ပြီး နောင်ချိုမြို့နယ်ထဲက နယ်မြေရဲစခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပေးပို့ ခြိမ်းခြောက်ခဲ့တဲ့ သတင်း ၊ဦးကိုနီကို  လုပ်ကြံရာတွင် နောက်ကွယ်က ခိုင်းစေသူဟု စွပ်စွဲခံရသူ ဇေယျာဖြိုးရဲ့ ရာဇဝတ်အထွေထွေ စာချွန်တော်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့တဲ့သတင်း၊ မလေးရှားမှာ အရက်တုထုတ်တဲ့ စက်ရုံတစ်ရုံကို မလေးရှားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ မြန်မာနိုင်ငံသား ငါးဦးအပါ အဝင် စုစုပေါင်းကိုးဦးကို ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်မှာ စီးပွားရေးအဆင်မပြေ လို့ အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးခဲ့တဲ့သတင်း၊ဘုရားဘဏ္ဍာငွေရှင်းလင်းအပ်နှံခြင်းမရှိလို့ စစ်ကိုင်း ရွှေမင်း ဝံရပ်ကွက်ပေါ်တော်မူဘုရားဂေါပကဟောင်းကို အမှုဖွင့်ထားတဲ့ သတင်း၊ တရုတ်နိုင်ငံမှာ ကြံခုတ်အလုပ် သမား လုပ်ကိုင်စဉ် အစာဖြတ်ခံရတဲ့ မြန်မာလုပ် သား ၄၅  ဦး ပြန်လည်လွတ် မြောက်လာတဲ့ သတင်း၊ လက်နက်နဲ့ မူးယစ်ဆေးဝါးများစွာနဲ့ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်းအမှုရုံးချိန်းမှာ မှုခင်းဆရာဝန်ကဖြိုးကိုကိုတင့်ဆန်း မူးယစ် ဆေးဝါး သုံးစွဲခဲ့တဲ့ သတင်း၊ မြစ်ကြီးနားမြို့ကလေးစာပေပွဲတော်ဖွင့်ပွဲမှာ အသုံးပြုဖို့ မိုးပျံပူဖောင်းတွေကို လေ ဖြည့်စဉ် ဂက်စ်အိုးပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးခဲ့တဲ့သတင်း၊ ရန်ကုန်လေ ဆိပ်ထဲ ကားမောင်းလို့ ထောင်ကျခဲ့သူ ဟဲဟိုးလေဆိပ်လေယာဉ်ပြေးလမ်းထဲ ကားဝင်မောင်းလို့ ဖမ်းဆီးခဲ့ရတဲ့ သတင်းတွေထဲ မီးလောင်မှုနဲ့ ဘုန်းကြီးကျောင်းထဲ ဝင်ဖမ်းရတဲ့ လောင်းကစားဒိုင်သတင်းတွေက ဒီတစ်ပတ်မှာ ထူးထူးခြားခြား အများပြည်သူအာရုံစိုက်မိရတဲ့ သတင်းတွေဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ်သတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇန်နဝါရီ - ၂၅

( Zawgyi )

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ခ်င္းျပည္နယ္ ခရီးစဥ္မွာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕အားလုံး ျပည္သူလူထုႏွင့္ မၾကာခဏေတြ႕ဆုံပြဲမ်ား ျပဳလုပ္ဖို႔ ေျပာခဲ့တဲ့ သတင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔  တ႐ုတ္ အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာဆြန္ေကာ္ရွန္း တို႔ ေတြ႕ဆုံခဲ့တဲ့ သတင္း၊ ကုလသမဂၢက ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေဆာင္႐ြက္ဖို႔ ယခုႏွစ္ထဲ ကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ လိုအပ္မယ္လို႔ ခန႔္မွန္းလိုက္တဲ့ သတင္း၊ အစိုးရႏွင့္ ကခ်င္လက္နက္ကိုင္အဖြဲ႕ (KIO) ၾကား ပထမအႀကိမ္ တရားဝင္ေဆြးေႏြးပြဲ မၾကာမီ အျမန္ဆုံးျပဳလုပ္ရန္ သေဘာတူထားတဲ့ သတင္း၊ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ကခ်င္လက္နက္ကိုင္အဖြဲ႕(KIO) ကိုယ္စားလွယ္ေတြ ကူမင္းၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ သတင္းေတြက ယခုတစ္ပတ္ထဲ ႏိုင္ငံေရးစိတ္ဝင္စားသူ ျပည္သူေတြ သတိထားမိခဲ့ၾကတဲ့ သတင္းေတြပါ။

ဒီသတင္းေတြၾကားထဲမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တာက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ကခ်င္ျပည္နယ္ ခရီးစဥ္အၿပီးမွာ ကခ်င္ျပည္နယ္က ဝန္ႀကီးသုံးဦး ရာထူးကေန ႏုတ္ထြက္၊ ထုတ္ပယ္ခံရမႈ သတင္း၊ တနသၤာရီဝန္ႀကီးခ်ဳပ္ကို ေဒသခံျပည္သူေတြကတိုင္လို႔ ပါတီဗဟိုက စစ္ေဆးမယ္ဆိုတဲ့ သတင္း၊ မိသားစုဝင္ ၃ ဦး ေသဆုံးခဲ့တဲ့ စိတ္မေကာင္းစရာ စမ္းေခ်ာင္း မီးသတင္းနဲ႔ မႏၲေလး ဘုန္းႀကီးေက်ာင္းထဲ ဝင္ဖမ္းရတဲ့ မႏၲေလးေလာင္းကစားဒိုင္ သတင္းေတြက ယခုတစ္ပတ္ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

အတိုင္ခံရတဲ့ ဝန္ႀကီးခ်ဳပ္ႏွင့္ အာဏာရပါတီ ေျဖရွင္းရမည့္ ျပႆနာမ်ား

ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အလုပ္ထုတ္ခံ အလုပ္သမား အားလုံးကို အလုပ္ျပန္ မခန႔္လို႔ ပန္ဒါစက္႐ုံအလုပ္သမားေတြ ကန႔္ ကြက္တဲ့ သတင္း၊ ကရင္ျပည္နယ္ ရွိ အိႏၵဳ-ေကာ့ကရိတ္ လမ္းပိုင္း အဆင္ျမႇင့္တင္ရာတြင္ ေဒသခံေတြ ကန႔္ကြက္တဲ့ ေတာင္ကထုတ္တဲ့ ေက်ာက္ေတြ မသုံးဖို႔ အာရွ ဖြံ႕ၿဖိဳးေရး ဘဏ္(ADB) က အေၾကာင္းၾကားတဲ့ သတင္း၊ ရခိုင္ျပည္နယ္တြင္း အေျခခံ ပညာေက်ာင္း ေတြမွာ ရခိုင္စာသင္ ၾကားေရးဆရာအျဖစ္ ေလွ်ာက္ထားသူ ၈,၇၀၀ ေက်ာ္ရွိတဲ့သတင္း၊ ဖမ္းဆီးထားတဲ့ရတနာပုံတကၠသိုလ္ ေက်ာင္း သားမ်ားအမႈႏွင့္ပတ္သက္ၿပီး ေျဖေလ်ာ့ေပးမယ္လို႔ မႏၲေလးဝန္ႀကီးခ်ဳပ္က ေျပာခဲ့တဲ့သတင္း၊ ရန္ကုန္စည္ ပင္ ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီ က လူေတြ ပါဝင္ၿပိဳင္ လို႔ရတယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကေျပာလိုက္တဲ့ သတင္း၊ တရားခြင္မွာ တရားသူႀကီးေတြကိုယ္တိုင္ က်မ္းသစၥာက်ိန္ဆိုရမည္ အဆိုတစ္ရပ္ အမ်ိဳးသားလႊတ္ ေတာ္မွာ ေဆြးေႏြးမယ္သတင္း၊လူမြဲခံယူျခင္းဆိုင္ရာဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္ကို တင္သြင္းခဲ့တဲ့ သတင္း၊ေနျပည္ေတာ္တည္ေဆာက္စဥ္ လယ္ယာေျမေထာက္ပံ့ေၾကးနည္းပါးစြာရရွိခဲ့သူေတြအတြက္ တန္ဖိုး နည္းအိမ္ ရာ၊ ေျမကြက္မ်ား ေရာင္းခ်ေပးဖို႔ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အမတ္တစ္ဦးက ျပည္သူ႔လႊတ္ ေတာ္သို႔ တင္ျပ ေတာင္းဆိုခဲ့တဲ့ သတင္း၊ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းရွိ ဧကေထာင္ခ်ီရွိေသာ စက္မႈလယ္ ယာေျမမ်ားကို စက္မႈဇုန္အျဖစ္ ေျပာင္းရန္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ေဆာင္႐ြက္ေနတဲ့ သတင္းစတဲ့ သတင္းေတြက အမ်ားျပည္သူၾကား အာ႐ုံစိုက္ေစာင့္ၾကည့္စရာသတင္း ေတြ ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ဒီသတင္းေကာင္းေတြကို ေက်ာ္ၿပီး လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့တာက ႏိုင္ငံေတာ္အတိုင္ပင္ ခံပုဂၢိဳလ္ရဲ႕ ကခ်င္ျပည္နယ္ခရီးစဥ္အၿပီးမွာ ကခ်င္ျပည္နယ္က ဝန္ႀကီးသုံးဦးကို ရာထူးကေန ႏုတ္ထြက္၊ ထုတ္ပယ္ခံရမႈသတင္းေတြ ျဖစ္လာခဲ့တာနဲ႔ တနသၤာရီ ဝန္ႀကီးခ်ဳပ္ကို ေဒသခံျပည္သူေတြက တိုင္လို႔ ပါတီ ဗဟိုက စစ္ေဆးမယ္ ဆိုတဲ့ သတင္းေတြက အမ်ားျပာ္သူၾကားစိတ္ဝင္စားမႈ ပိုခဲ့ပါတယ္။

ယခုတစ္ပတ္ထဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္က ျပည္တြင္းသတင္းစာတစ္ေစာင္ျဖစ္တဲ့ 7Day Daily သတင္းစာကို ေျဖၾကားခဲ့တဲ့ သတင္းေၾကာင့္ တနသၤာရီ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္နဲ႔ပက္သက္တဲ့ တိုင္ၾကားမႈ သတင္းက အတည္ျဖစ္ခဲ့ပါတယ္။ဒါဟာ ေဒသခံေတြရဲ႕ တိုင္ၾကားမႈေတြနဲ႔ မၾကာခဏ သတင္းထြက္လာေလ့ရွိတဲ့ ဝန္ႀကီခ်ဳပ္သတင္းေတြထဲက တနသၤာရီဝန္ႀကီးခ်ဳပ္နဲ႔ ပက္သက္တဲ့ သတင္းေတြထဲ ပတမဆုံး ပါတီဘက္က ထုတ္ေဖာ္ေျပာဆိုမႈလည္း ျဖစ္ပါတယ္။

ေဒသခံ ၄၀ ေက်ာ္က လက္မွတ္ေရးထိုးကာ တိုင္ၾကားခဲ့ခဲ့တဲ့ စာကို ဇန္နဝါရီ ၂၄ ရက္က ရရွိခဲ့တာလို႔ ဆိုၿပီး အရင္ဆုံးစစ္ေဆးမႈေတြ ေဆာင္႐ြက္မယ္လို႔ ဆိုပါတယ္။ တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကို တိုင္ ၾကားမႈေတြထဲမွာ ေဆြမ်ိဳးနီးစပ္ေတာ္သူကို ဝန္ႀကီးခ်ဳပ္ ကိုယ္ေရးအရာရွိအျဖစ္ ခန႔္အပ္မႈ၊ က်ပ္သိန္း ၉,၀၀၀ ခြင့္ ျပဳေငြနဲ႔ တည္ ေဆာက္ေနတဲ့ ဂုံညင္းဆိပ္လမ္းပိုင္းသုံးမိုင္ကြန္ ကရစ္လမ္းခင္းျခင္းလုပ္ငန္းမွာ ဝန္ႀကီးခ်ဳပ္၏ သားက အဓမၼရွယ္ ယာဝင္လုပ္ကိုင္ခဲ့တယ္ဆိုတဲ့ သတင္းထြက္ေပၚမႈ၊ ေက်ာက္လုပ္ငန္းတင္ဒါမ်ားမွာ ဝန္ႀကီး ခ်ဳပ္၏သား ၿပိဳင္ဘက္မရွိ တင္ဒါေအာင္ ျမင္မႈ၊နာမည္ေက်ာ္ က်ပ္ သိန္း ၄,၀၀၀ တန္ ထားဝယ္ေလယာဥ္ ကြင္းခ်ဳံရွင္းခ လုပ္ခြင့္ရခဲ့တဲ့ ကုမၸဏီမွာ ဝန္ႀကီးခ်ဳပ္၏သားက ရွယ္ယာဝင္လုပ္ကိုင္ခဲ့မႈနဲ႔ ႏိုင္ငံေတာ္ကို က်ပ္သိန္း ရွစ္ေသာင္းေက်ာ္ေပးသြင္းျခင္းမရွိတဲ့ GGS ကုမၸဏီမွာ ဝန္ႀကီးခ်ဳပ္ကိုယ္ေရးအရာရွိရဲ႕ခင္ပြန္း  ျဖစ္သူက တာဝန္ခံအျဖစ္ ေဆာင္႐ြက္ေနမႈစတဲ့ အခ်က္ေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။

ဒါေတြနဲ႔ ပတ္သက္ၿပီး ပါတီဘက္ကေတာ့ ေဆြမ်ိဳးနီးစပ္ေတာ္သူမ်ားကို ကိုယ္ေရးအရာရွိခန႔္အပ္မႈ၊ လုပ္ပိုင္ခြင့္မ်ားခ်ထားမႈတို႔ကို လုံးဝမသိေၾကာင္းႏွင့္ GGS ကုမၸဏီကေဆာင္႐ြက္ေနတဲ့ လွ်ပ္စစ္ထုတ္ လုပ္ ေရးလုပ္ငန္း စာခ်ဳပ္မွာ ကြက္လပ္ခ်န္ၿပီး စာခ်ဳပ္ဆိုမႈကို သမၼတ႐ုံးစစ္ေဆးခ်က္အရ အျပစ္ရွိရင္ တနသၤာရီတိုင္း အစိုးရအဖြဲ႕ တာဝန္ရွိသူမ်ားကို အေရးယူမယ္လို႔ ေဒါက္တာမ်ိဳး ၫြန႔္က ဇန္နဝါရီ ၁၉ ရက္က ေျပာထားပါတယ္။ ဒါအျပင္ တိုင္းအစိုးရအဖြဲ႕က စည္းမ်ည္းမညီၫြတ္ဘဲ GGS ကုမၸဏီအားလုပ္ပိုင္ခြင့္ျပဳမႈမွာ အျပစ္ရွိေၾကာင္း ေပၚ ေပါက္ခဲ့ရင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ထံ လႊဲေျပာင္းမယ္လိုဆိုခဲ့ပါတယ္။ ဒါပေမယ့္ ျပာသူေတြကေတာ့ သမၼတ႐ုံးနဲ႔ ပါတီဗဟိုက စစ္ေဆးမႈေတြမွာ ဘယ္လိုအေျဖထြက္ေပၚလာမလဲ ဆိုတာ ေစာင့္ၾကည့္ေနၾက ပါတယ္။

လက္ရွိအစိုးရလက္ထက္မွာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ခုနစ္ခုက ဝန္ႀကီးခ်ဳပ္ႏွစ္ဦးနဲ႔ ဝန္ႀကီး ၁၂ ဦး ကို အေျပာင္းအလဲျပဳလုပ္ခဲ့တဲ့အတြက္ ဒီတိုင္ၾကားမႈမွာလည္း  ထြက္လာမယ့္ ရလဒ္အေျဖက ျပည္သူေတြလို ခ်င္တဲ့ အေျဖလား၊ အရင္လိုပဲ ထုတ္ပယ္မႈနဲ႔ပဲ အဆုံးသတ္မလား၊ ဒါမွမဟုတ္ အျပစ္ရွိရင္ ရွိသလို အေရးယူမႈနဲ႔ အဆုံးသတ္မလားဆိုတာ အမ်ားျပည္သူက ဆက္ေစာင့္ၾကည့္စရာ သတင္းျဖစ္ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ ခံပုဂၢိဳလ္ရဲ႕ ကခ်င္ျပည္နယ္ ခရီးစဥ္အတြင္း ထြက္ေပၚလာခဲ့တဲ့ ဝန္ႀကီးသုံးဦး ကိုႏုတ္ထြက္ခြင့္တင္ေစတယ္ဆိုတဲ့ သတင္းက ဇန္နဝါရီ ၂၁ ရက္မွာ ကခ်င္ျပည္နယ္ စိုက္ပ်ိဳးေမြးျမဴေရး ႏွင့္ ဆည္ေျမာင္း ဝန္ႀကီး ဦးျမသိန္း၊ လူမႈ ေရးဝန္ႀကီး ေဒါက္တာသင္းလြင္တို႔ကို ရာထူး မွ ႏုတ္ထြက္ခြင့္ျပဳေၾကာင္း ႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦး H လေအာင္ကို တာဝန္မွ ရပ္စဲေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ထုတ္ျပန္ခဲ့မႈမွာ ဒီေကာလာဟလသတင္းက အဆုံးသတ္ခဲ့ပါတယ္။

ကာယကံရွင္ေတြက ဒီလိုထုတ္ျပန္မႈမွာ ဦးျမသိန္းနဲ႔  ေဒါက္တာသင္းလြင္တို႔က ႏုတ္ထြက္ခြင့္ျပဳရန္ စာ တင္ခဲ့ၿပီး ဦး H လေအာင္က ႏုတ္ထြက္ခြင့္ျပဳစာ လက္မွတ္ေရးထိုးျခင္းမျပဳလို႔ တာဝန္မွ ရပ္စဲခံရတာလို႔ ဆိုပါ တယ္။ကာယကံရွင္ ေတြကေတာ့  အဂတိလိုက္စားမႈႏွင့္ပတ္သက္၍ တိုင္ၾကားမႈမရွိေၾကာင္းႏွင့္ အလြဲသုံးစား ျပဳမႈမရွိေၾကာင္း ေျပာခဲ့ပါတယ္။ပါတီဘက္ကေတာ့ အဆိုပါ ပါတီဝင္ႏွစ္ဦးျဖစ္တဲ့ ကခ်င္ျပည္နယ္အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဥကၠ႒ဦးျမ သိန္းႏွင့္ ပါတီၿမိဳ႕နယ္အလုပ္အမႈေဆာင္ ဦး H လေအာင္တို႔ကို မည္သည့္ အေရးယူမွ်လုပ္ေဆာင္မထားဘဲ ပါတီစည္းကမ္းႏွင့္ ၿငိစြန္းျခင္းရွိ၊ မရွိ ဆက္လက္စုံစမ္းမည္ျဖစ္ၿပီး စုံစမ္းစစ္ေဆး မႈရလဒ္ အေပၚမူတည္၍ ဆုံးျဖတ္မယ္လို႔ ဆိုထားပါတယ္။

ေနာက္သတင္းတစ္ခုျဖစ္တဲ့ ဧရာဝတီဘက္က တိုင္းေဒသႀကီးလႊတ္ေတာ္႐ုံးအတြက္ ေမာ္ေတာ္ယာဥ္ ေတြ ဝယ္ယူတဲ့ကိစၥနဲ႔ပက္သက္ၿပီး တိုင္းေဒသႀကီး လႊတ္ေတာ္ဒုဥကၠ႒ ပါတီကေန ထုတ္ပယ္ခဲ့တယ္ဆိုတဲ့ ကိစၥမွာ ကာယယကံရွင္ လႊတ္ေတာ္ဒုဥကၠ႒ ဦးစံမင္းေအာင္က ေမာ္ေတာ္ယာဥ္မ်ား ဝယ္ယူရာမွာ မ႐ိုးမသား ေဆာင္႐ြက္ခဲ့တာ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။ဒါေပမယ့္ ပါတီဘက္ကေတာ့  ထုတ္ပယ္တဲ့ စာကို အဆင့္ဆင့္ ေပးပို႔ထားတယ္ဆိုပါတယ္။

အာဏာရပါတီအေနနဲ႔ လက္က်န္ကာလ သက္တမ္းႏွစ္ႏွစ္အတြင္းမွာ ပါတီတြင္းေရာ အစိုးရအဖြဲအ တြင္းမွာ အေျပာင္းအလဲေတြ မ်ားစြာလုပ္ေနသလို ျပဳျပင္မႈေတြကို အားထည့္လုပ္ကိုင္ေနတဲ့ အတြက္ ထုတ္ ပယ္ခံရသူေတြ၊ တာဝန္ရပ္စဲခံရသူေတြ မ်ားလာတာကိုေတြ႕ရပါတယ္။ ဒီလိုဖယ္ရွားခံရတဲ့လူေတြက ပါတီနဲ႔ အစိုးရအဖြဲ႕အတြင္း အမွန္တကယ္ ဖယ္ထုတ္သင့္တဲ့ သူေတြလား၊ဒီလူေတြဖယ္ထုတ္မႈေနာက္ပိုင္းမွာ ပါတီနဲ႔ အစိုးရအဖြဲ႕အတြင္း လုပ္ေဆာင္မႈေတြ တိုးတက္လာသလား၊ေႏွးေကြးဆိုး႐ြားလာသလားဆိုတာကို ေစာင့္ ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အရပ္သားအစိုးရလက္ထက္မွာ ဝန္ႀကီးခ်ဳပ္လည္း အေနအထိုင္မတတ္ရင္၊ ျပည္သူဘက္ ဗဟိုမျပဳရင္ တိုင္ေတာခံရ၊အေရးယူခံရတဲ့ အစဥ္အလာျဖစ္ထြန္းလာတာကေတာ့ သေဘာက်စရာပါ။ ဒီလို အစိုးရအဖြဲနဲ႔ ပါတီထဲကေန ဖယ္ထုတ္တဲ့ သတင္းေတြက ယခုတစ္ပတ္ ႏိုင္ငံေရးသတင္းမ်ားစြာထဲ သတိထားေစာင့္ၾကည့္ခံရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ရယ္သြမ္းေသြးစရာ က်ပ္တစ္ေထာင္တန္ ထီ ေပါက္ေဈး ျပႆနာ

ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ စိတ္ဝင္စားစရာ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။ ဒီသတင္း ေတြထဲမွာ စိတ္ဝင္စားစရာေကာင္းခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ေခြး႐ူးေရာဂါျဖစ္ပြားမႈထိန္းခ်ဳပ္ေရး အတြက္ေဆာင္ ႐ြက္ဖို႔္ အစိုးရကို တိုက္တြန္းေၾကာင္းအဆို ျပည္သူ႔ လႊတ္ေတာ္တြင္ ေဆြးေႏြးရန္ ဆုံးျဖတ္ခဲ့တဲ့ စာရင္း၊ ျမစ္ငယ္ ၿမိဳ႕တြင္ တည္ေဆာက္ခဲ့တဲ့ ကုန္းတြင္းဆိပ္ကို ဇန္ နဝါရီ ၂၃ ရက္က စတင္ ဖြင့္လွစ္ခဲ့တဲ့ သတင္း၊ အစားအ ေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA) က ရန္ ကုန္ - မႏၲေလး အျမန္လမ္းရွိ ယာဥ္ရပ္နားစခန္းစား ေသာက္ဆိုင္ေတြကိုေရွာင္တခင္ဝင္ ေရာက္စစ္ေဆးခဲ့တဲ့ သ တင္း၊ ပဲခူး႐ိုးမထဲ လမ္းေဖာက္ကာ သစ္ခိုးထုတ္ ေနမႈ တားဆီးေပးဖို႔ လႊတ္ေတာ္ကို တင္ျပခဲ့တဲ့သတင္း၊ကူးစက္ ေရာဂါနဲ႔ ဝက္ေတြေထာင္ခ်ီေသဆုံးခဲ့တဲ့ ေကာ လင္းၿမိဳ႕နယ္ ေမြးျမဴေရးသမားေတြကို အစိုးရက ေထာက္ပံ့ကူညီ ဖို႔ ေကာလင္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္က ေတာင္းဆိုခဲ့တဲ့ သတင္း၊ လွ်ပ္စစ္မီးျဖန႔္ျဖဴးရာမွာ အရႈံးခံ ကာ ေရာင္းခ်ေပးေနလို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ ႏွံသူေတြက စိတ္မဝင္စားဘူးလို႔ လွ်ပ္စစ္ဒု-ဝန္ႀကီးက ေျပာလိုက္တဲ့ သတင္း၊ အသက္(၁၈)ႏွစ္ျပည့္ ၿပီးမွ လက္ ထပ္တာ ပဋိညာဥ္ေျမာက္တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီက လႊတ္ေတာ္ကို အႀကံ ျပဳ တင္ျပလိုက္တဲ့ သတင္းေတြ ယခုတစ္ပတ္အတြင္းျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ မၾကာခင္ ထြက္လာေတာ့မယ့္ က်ပ္ တစ္ေထာင္ တန္ထီသတင္းက ထီစတင္ေရာင္းခ်မယ့္ အခ်ိန္ကာလနီးလာတာနဲ႔အတူ အမ်ားျပည္သူၾကား စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။

ေဖေဖၚဝါရီ ၁ ရက္မွ စတင္ေရာင္းခ်မယ့္ က်ပ္ ၁,၀၀၀ တန္ ေအာင္ဘာေလထီလက္မွတ္ကို အေစာ ရက္ပိုင္းေတြက အမ်ားျပည္သူၾကားစိတ္ဝင္စားမႈမရွိခဲ့ေပမယ့္  ထြက္ရွိဖို႔ ရက္နီးလာတဲ့အခါ ထီနဲ႔ပတ္သက္တဲ့ ထီအသိုင္းအဝိုင္းထဲ လႈပ္ခတ္လာခဲ့ပါတယ္။ က်ပ္ ၅၀၀ တန္တုန္းက သိန္း တစ္ေသာင္းသာခ်ီးျမႇင့္ခဲ့ေပမယ့္ ယခုထြက္ရွိမယ့္ က်ပ္ တစ္ေထာင္တန္မွာ သိန္းတစ္ေသာင္းခြဲအထိ ျဖစ္လာခဲ့တဲ့အတြက္ အမ်ားျပည္သူၾကား ထီအေပၚ စိတ္ဝင္စားမႈ ပိုလာခဲ့ပါတယ္။

ဒါေပမယ့္ ထီေဈးႀကီးျမင့္မႈက အမ်ားျပည္သူၾကား အစိုးရထီအေပၚ အာ႐ုံစိုက္မႈကိုေလ်ာ့နည္း ေစခဲ့ သလို ထီတစ္ေစာင္ တစ္ေထာင္က်ပ္ဆိုတဲ့ ပမာဏက လူတစ္ေယာက္ တစ္ေန႔တာ လုပ္ခရဲ႕ ၂၀ ရာခိုင္ႏူန္း ကေန ၁၀ ရာခိုင္ႏူန္းၾကားသာရွိေပမယ့္ ႀကီးျမင့္တဲ့ စားဝတ္ေနမႈစရိတ္ေတြေၾကာင့္ ထီတစ္ေစာင္ထိုးဖို႔ က်ပ္ ၅၀၀ တန္ ထီလက္မွတ္ထက္ ပိုၿပီး ေလ်ာ့နည္းဖို႔ ရွိတယ္လို႔ ထီေဈးကြက္ထဲ ခန႔္မွန္းမႈေတြ ထြက္လာခဲ့ပါတယ္။

မၾကာခင္က အာဏာပိုင္ေတြဘက္ကေန  က်ပ္တစ္ေထာင္တန္ထီနဲ႔ ပတ္သက္ၿပီး ျပင္ပမွာ ေဈးႏူန္း ျမႇင့္ၿပီး ေရာင္းရင္ ဖမ္းဆီးအေရးယူမယ္လို႔ က်ပ္ ၅၀၀ တန္ထီထြက္ကာစတုန္းကလို ေျပာခဲ့ျပန္တဲ့အတြက္ ထီ ေလာကသားေတြအတြက္ ဒီစကားက ျပက္လုံးသဖြယ္ပါဘဲ။ အမ်ားျပည္သူအတြက္ကေတာ့ ထီေဈးကို ျပင္ပမွာ ေပါက္ေဈးထက္တိုးၿပီး ေရာင္းတဲ့သူေတြကို ဖမ္းမယ္ဆိုတိုင္း  ထီလက္ကားေဈးကြက္မွာ အစိုးရေပါက္ေဈး ထက္ေဈးတင္ၿပီးေရာင္းခ်ေနတဲ့ ထီလက္ကားဆိုင္ေတြ အေရာင္းအဝယ္မပ်က္ရွိေနတာကို ၾကည့္ၿပီး ထိ ေရာက္မႈ ရွိ/မရွိ သိႏိုင္ပါတယ္။

ယခုရက္ပိုင္းထြက္လာတဲ့ ထီနဲ႔ ပတ္သက္တဲ့ သတင္းက ဒီလို ဖမ္းမယ္ဆီးမယ္ ျပက္လုံးေတြကို သတိ ထားစရာတစ္ခုအျဖစ္ေတာင္ သေဘာမထားဘဲ လက္ေတြ႕က်က်ဘဲ ထီတစ္ေစာင္ကို ေဈးကြက္ထဲ ေရာင္းေဈး ၁၁၀၀ က်ပ္နဲ႔ေရာင္းခ်ဖို႔ ျဖစ္ႏိုင္မယ္ဆိုတဲ့ ခန႔္မွန္းတြက္ခ်က္မႈေတြ ထြက္လာခဲ့ပါတယ္။ ထီေဈးႀကီးတဲ့ အတြက္ ဝယ္ယူသူေတြ ထီထိုးသူေတြ ေလ်ာ့နည္းလာဖို႔ရွိတဲ့ အတြက္ ကုန္က်စရိတ္ဘက္ပိုင္းမွာ ေရာင္းရတဲ့ ထီအနည္း ငယ္ေပၚက်ခံရမွာ ျဖစ္တဲ့အတြက္ ထီေဈးႀကီးျမင့္မႈေတြ မလြဲမေသြျဖစ္ေပၚလာမွာ ျဖဟ္တဲ့အတြက္ က်ပ္ တစ္ေထာင္တန္ ထီေဈးကြက္က ဘာေတြျဖစ္လာဦးမလဲ ဆိုတာေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

သတိျပဳစရာ စမ္းေခ်ာင္းမီးႏွင့္ ဘုန္းႀကီးေက်ာင္းထဲ ဝင္ဖမ္းရတဲ့ ေလာင္းကစားဒိုင္

ဘုန္းႀကီးေက်ာင္းေတြထဲ ေလာင္းကစားဒိုင္ေတြ ရွိေနတယ္လို႔ သတင္းေတြထြက္ေနခဲ့ေပမယ့္ ေျပာဖို႔ ဆိုဖို႔ခက္ေနတဲ့ အခ်ိန္ကာလမွာ မႏၲေလးက ဘုန္းႀကီးေက်ာင္းထဲက ေလာင္းကစားဒိုင္ကို ဝင္ဖမ္းလို႔မိတဲ့ သ တင္းက ယခုတစ္ပတ္မူခင္းေနာက္ခံသတင္းေတြထဲ သားအမိသားအဖ ၃ ဦးေသဆုံးခဲ့ရတဲ့ စမ္းေခ်ာင္း ေငြ ေတာင္ လဘက္ရည္ဆိုင္ မီးေလာင္တဲ့ သတင္းနဲ႔အတူ ဒီတစ္ပတ္မွာ လူေျပာအမ်ားဆုံးသတင္းျဖစ္ခဲ့ပါတယ္။

ဇန္နဝါရီ ၂၃ ရက္ညေနက မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ အေရွ႕ဆင္တဲတိုက္ တိုက္အုပ္ ေက်ာင္းႏွင့္ ဓမၼဂုဏ္ရည္ေက်ာင္း တို႔တြင္ ဖြင့္လွစ္ထားသည့္ ေလာင္းကစားဒိုင္ႏွစ္ဒိုင္ကို ၿမိဳ႕နယ္သံဃ နာယ ကအဖြဲ႕ႏွင့္ ၿမိဳ႕နယ္သာသနာထိန္း သိမ္းေရးအဖြဲ႕တို႔ပူးေပါင္းၿပီး ဝင္ေရာက္ဖမ္းဆီးခဲ့ရာမွာ အေရွ႕ဆင္ တဲတိုက္ တိုက္အုပ္ ေက်ာင္းတိုက္အတြင္း ေလာင္းကစားဒိုင္လုပ္ေနသူ ႏွစ္ဦးကို သက္ေသခံပစၥည္းေတြနဲ႔အတူ က်ပ္ သိန္းရာနဲ႔ခ်ီၿပီး ဖမ္းဆီးရမိခဲ့ကာ  ဓမၼဂုဏ္ရည္ေက်ာင္းတိုက္မွာလုပ္ကိုင္ေနတဲ့ ေလာင္းကစားဒိုင္ကေတာ့ လူလြတ္ေအာင္ထြက္ေျပးခဲ့ေပမယ့္ ေလာင္းေၾကးေငြေတြ၊သက္ေသခံပစၥည္းေတြကိုသာဖမ္းမိခဲ့တယ္ဆိုပါတယ္။

ဒီလိုမဖမ္းဆီးခင္ ၿပီးခဲ့တဲ့လပိုင္းအတြင္း ယခုဖမ္းဆီးတဲ့အဖြဲ႕ေတြက သုံးခါတိတိသတိေပးခဲ့တယ္ လို႔ ဆိုၿပီး  ဆက္လက္လုပ္ကိုင္ေနတဲ့အတြက္ ယခုလိုဖမ္းဆီးခဲ့တာဆိုပါတယ္။ ၂၀၁၈ စက္ တင္ဘာကစတင္ကာ ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ႏွင့္ ၿမိဳ႕နယ္ သာထိန္းအဖြဲ႕မ်ားကခ်မ္းေအးသာစံ ၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္း မ်ား အတြင္း ဖြင့္လွစ္ထားသည့္ ေလာင္းကစားဒိုင္မ်ား ဖယ္ရွားေပးရန္ လိုက္လံ သတိေပးၿပီးဖယ္ရွားေပးရန္ ဝန္ခံ ကတိမ်ား ေရးထိုးေစခဲ့ၿပီး ျဖစ္ပါတယ္။ဒီလိုသတိေပးဝန္ခံကတိထိုးေစခဲ့ရာမွာ ယခုဖမ္းဆီးရမိခဲ့တဲ့ ေက်ာင္း တိုက္ မွ ေက်ာင္းထိုင္ေတြလဲ ပါရွိခဲ့တဲ့ အတြက္ ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕က အဆိုပါ ေလာင္းကစား ဒိုင္ဖြင့္ခြင့္ေပးခဲ့တဲ့ အေရွ႕ဆင္တဲတိုက္ တိုက္အုပ္ေက်ာင္းႏွင့္ ဓမၼဂုဏ္ရည္ေက်ာင္းတိုက္အုပ္ ေက်ာင္းထိုင္ဆရာ ေတာ္ႏွစ္ပါးကို  ခ်မ္းေအးသာစံ ၿမိဳ႕နယ္သံဃနာယကဥကၠ႒ဆရာ ေတာ္ေရွ႕တြင္ လူဝတ္လဲေစၿပီး သာသနာ ေတာ္ညႇိဳးႏြမ္းေစမႈပုဒ္မ ျဖင့္ အမႈဖြင့္အေရးယူခဲ့ပါတယ္။

ဒီလိုဖမ္းဆီးမႈက သာသနာအတြက္ေကာင္းတဲ့ လုပ္ရပ္ျဖစ္သလို ဘာသာကို အကာအကြယ္ယူၿပီး မေကာင္းတဲ့ အလုပ္ကိုလုပ္ကိုင္ျခင္းျဖစ္လို႔ ဒီသတင္းအေပၚအမ်ားျပည္သူက သေဘာက်တဲ့ သတင္း တစ္ ခုျဖစ္ခဲ့ပါတယ္။ဒါျပင္ ဘာသာကိုအကာအကြယ္ယူၿပီး လုပ္ေနတဲ့ ေလာင္းကစားသမားေတြအတြက္လည္း သတိေပးရာေရာက္တဲ့ အတြက္ ေနာက္ထပ္ ဘယ္ေက်ာင္းတိုက္ေတြ၊ ဘယ္ေနရာေတြကို ဖမ္းဆီးမႈေတြ ျဖစ္ လာမလဲ၊ လက္ရွိဖမ္းဆီးထားတဲ့ သူေတြကို ဘယ္လိုအေရးယူမႈေတြ ျဖစ္လာမလဲ ဆိုတာ ဆက္ေစာင့္ၾကည့္ ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းလိုမဟုတ္ဘဲ စိတ္ဝင္စားစရာေကာင္းေပမယ့္ စိတ္ထိခိုက္ရတဲ့ သတင္းတစ္ပုဒ္က သားအမိ သားအဖ ၃ ေယာက္လုံး မီးေလာင္ေသဆုံးခဲ့ရတဲ့ စမ္းေခ်ာင္းမီးေလာင္မႈ သတင္းပါဘဲ။ ဇန္နဝါရီလ ၂၃ ရက္ နံနက္၅နာရီ ၃၀ ခြဲအခ်ိန္က စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္း/ ေတာင္ရပ္ကြက္ရွိ "ေငြေတာင္" လက္ဖက္ရည္ ဆိုင္မွာ မီေလာင္မႈျဖစ္ပြားခဲ့ရာမွာ ဆိုင္ဖြင့္ထားတဲ့ အိမ္မွပိုင္ရွင္သားအမိသားအဖ ၃ ဦး ေသဆုံးခဲ့ပါတယ္။ ဗဟို လမ္းမေပၚ ႏွစ္ထပ္သစ္သားအိမ္မွာ ဖြင့္ထားတဲ့ "ေငြေတာင္" လက္ဖက္ရည္ဆိုင္က လက္ဖက္ရည္ေဖ်ာ္ဆရာ ေအာင္သူ (၂၅)ႏွစ္က လက္ဖက္ရည္က်ိဳေနစဥ္ ဂတ္စ္အိုးခလုတ္ဖြင့္ၿပီး ပိုက္ေခါင္းအား လက္ျဖင့္ လွည့္ရာ မီး စတင္ေလာင္ကြၽမ္းေပါက္ကြဲလို႔ အိမ္တစ္အိမ္လုံးနဲ႔ ေျခရင္းကပ္လွ်က္ တိုက္ခန္းအေပၚဆုံးထပ္က အခန္းႏွစ္ ခန္းကိုပါ မီးစြဲေလာင္ခဲ့တာပါ။ မီးေလာင္မႈေၾကာင့္ လက္ဖက္ရည္ ဆိုငအေပၚထပ္တြင္ေနထိုင္သည့္ ဆိုင္ပိုင္ ရွင္၏ ေယာကၡမျဖစ္သူ မိသားစုဝင္ ၃ ဦးစလုံးမီးေလာင္ေသဆုံးခဲ့ပါတယ္။

ဒီမီးေလာင္မႈဟာ ရန္ကုန္မွာ တစစ အသုံးျပဳမႈ က်ယ္ျပန႔္လာတဲ့ ဂတ္စ္အိုးေတြရဲ႕ လုံၿခဳံစိတ္ခ်ရမႈအေပၚ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ၿပီး စားေသာက္ဆိုင္၊လဘက္ရည္ဆိုင္ေတြနဲ႔ ဟိုတယ္ေတြမွာ သုံးတဲ့ ဂတ္စ္အိုး ေတြ ရဲ႕ ေပါက္ကြဲႏိုင္မႈ အႏၲရာယ္အေပၚ ယခင္ကထက္ သတိထားဖို႔ လိုလာၿပီဆိုတာကို မီးေလာင္ေသဆုံးခဲ့ရတဲ့ မိ သားစုဝင္ သုံးဦးက ရန္ကုန္ၿမိဳ႕ရဲ႕ အာဏာပိုင္ေတြကို ထင္ထင္ရွားရွားသက္ေသျပခဲ့ပါတယ္။ထြက္လာတဲ့ အရပ္ သတင္းေတြအရ ဒီဂတ္စ္အိုးက ဓာတ္ေငြယိုစိမ့္ေနတယ္လို႔ ဆိုသလို ေလျဖတ္ေနတဲ့ ဖခင္အိုနဲ႔ မက်န္း မာတဲ့ မိခင္အိုကို မီးထဲကေန ကယ္ဖို႔ ႀကိဳးစားရင္း ေသဆုံးခဲ့ရတဲ့ သမီးျဖစ္သူ က်ဴရွင္ဆရာမရဲ႕ ျဖစ္ရပ္က ကာယကံ ရွင္မိသားစုနဲ႔ ေဆြမ်ိဳးေတြသာမကဘဲ ၾကားရတဲ့ သူေတြအတြက္ပါ စိတ္ထိခိုက္စရာပါ။ ဒီမီးေလာင္ေသ ဆုံးမႈသ တင္းက အာဏာပိုင္ေတြအတြက္ မီးနဲ႔ပတ္သက္ၿပီး သင္ယူစရာ ၊သတိထားစရာ အမ်ားႀကီး ရွိေသး တယ္ဆို တာကို ဒီမီးေလာင္မႈသတင္းက သတိေပးခဲ့ပါတယ္။       

ဒီသတင္းေတြက ယခုတစ္ပတ္ထဲ ျဖစ္ခဲ့တဲ့ စိတ္ဝင္စားဖြယ္ရာ သတင္းေတြ ျဖစ္တဲ့ စာအိတ္ထဲ ေသနတ္က်ည္ဆန္ထည့္ၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္ထဲက နယ္ေျမရဲစခန္းတစ္ခုကို လက္နက္ကိုင္အဖြဲ႕တစ္ခုက ေပးပို႔ ၿခိမ္းေျခာက္ခဲ့တဲ့ သတင္း ၊ဦးကိုနီကို  လုပ္ႀကံရာတြင္ ေနာက္ကြယ္က ခိုင္းေစသူဟု စြပ္စြဲခံရသူ ေဇယ်ာၿဖိဳးရဲ႕ ရာဇဝတ္အေထြေထြ စာခြၽန္ေတာ္ကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ပယ္ခ်ခဲ့တဲ့သတင္း၊ မေလးရွားမွာ အရက္တုထုတ္တဲ့ စက္႐ုံတစ္႐ုံကို မေလးရွားရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းရာမွာ ျမန္မာႏိုင္ငံသား ငါးဦးအပါ အဝင္ စုစုေပါင္းကိုးဦးကို ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ ေတာင္ႀကီးၿမိဳ႕ မဂၤလာဦးရပ္ကြက္မွာ စီးပြားေရးအဆင္မေျပ လို႔ အမ်ိဳးသမီးတစ္ဦးႀကိဳးဆြဲခ်ေသဆုံးခဲ့တဲ့သတင္း၊ဘုရားဘ႑ာေငြရွင္းလင္းအပ္ႏွံျခင္းမရွိလို႔ စစ္ကိုင္း ေ႐ႊမင္း ဝံရပ္ကြက္ေပၚေတာ္မူဘုရားေဂါပကေဟာင္းကို အမႈဖြင့္ထားတဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံမွာ ႀကံခုတ္အလုပ္ သမား လုပ္ကိုင္စဥ္ အစာျဖတ္ခံရတဲ့ ျမန္မာလုပ္ သား ၄၅  ဦး ျပန္လည္လြတ္ ေျမာက္လာတဲ့ သတင္း၊ လက္နက္နဲ႔ မူးယစ္ေဆးဝါးမ်ားစြာနဲ႔ဖမ္းမိတဲ့ ၿဖိဳးကိုကိုတင့္ဆန္းအမႈ႐ုံးခ်ိန္းမွာ မႈခင္းဆရာဝန္ကၿဖိဳးကိုကိုတင့္ဆန္း မူးယစ္ ေဆးဝါး သုံးစြဲခဲ့တဲ့ သတင္း၊ ျမစ္ႀကီးနားၿမိဳ႕ကေလးစာေပပြဲေတာ္ဖြင့္ပြဲမွာ အသုံးျပဳဖို႔ မိုးပ်ံပူေဖာင္းေတြကို ေလ ျဖည့္စဥ္ ဂက္စ္အိုးေပါက္ကြဲလို႔ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာအျပင္းအထန္ရၿပီး ေသဆုံးခဲ့တဲ့သတင္း၊ ရန္ကုန္ေလ ဆိပ္ထဲ ကားေမာင္းလို႔ ေထာင္က်ခဲ့သူ ဟဲဟိုးေလဆိပ္ေလယာဥ္ေျပးလမ္းထဲ ကားဝင္ေမာင္းလို႔ ဖမ္းဆီးခဲ့ရတဲ့ သတင္းေတြထဲ မီးေလာင္မႈနဲ႔ ဘုန္းႀကီးေက်ာင္းထဲ ဝင္ဖမ္းရတဲ့ ေလာင္းကစားဒိုင္သတင္းေတြက ဒီတစ္ပတ္မွာ ထူးထူးျခားျခား အမ်ားျပည္သူအာ႐ုံစိုက္မိရတဲ့ သတင္းေတြျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္သတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇန္နဝါရီ - ၂၅