【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အရွေ့များ၊ အလှုပ်များနှင့် ဆန္ဒပြမှုများဦးတည်ရာ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အရွေ့များ၊ အလှုပ်များနှင့် ဆန္ဒပြမှုများဦးတည်ရာ

ယခုရက်သတ္တပတ်ထဲ မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို နိုင်ငံတကာက စောင့်ကြည့်ခဲ့သလို ပြည်တွင်းက နိုင်ငံရေးအုပ်စုကြီးနှစ်စုကို ထောက်ခံသူတွေကိုလည်း စောင့်ကြည်ခဲ့ပါတယ်။
 
ဘာတွေထူးလာမလဲ၊ လက်ရှိ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ နိုင်ငံရေးအပေါ် ဘာတွေသက်ရောက်မလဲဆိုတာ စောင့်ကြည့်နေကြသလို တခြားသော ဖြစ်စဉ်များအပေါ် အာရုံစိုက်မှုကလည်း လျော့ကျခဲ့ပါတယ်။သို့ပေမယ့် ဒီတစ်ပတ်မှာ အာဏာရပါတီဘက်က တိုင်းရင်းသားပါတီတွေနဲ့ လိုက်တွေ့မှုမှာ ကောင်းတဲ့ရလဒ်တွေထွက်လာတာ တွေ့ရသလို တစ်ဘက်မှာ ရွေးကောက်ပွဲကော်မရှင်ကို ဦးတည်ပြီး ဆန္ဒပြကန့်ကွတ်မှုတွေကနေ မဲခိုးတယ်ဆိုတဲ့ဘက်ကို တဖြေးဖြေးပြောင်းလဲလာနေတာရှိသလို့ ပြည်သူကအာရုံမစိုက်တဲ့ လူအနည်းငယ်သာပါတဲ့ ဆန္ဒပြမှုတွေမှာ ခြေလှမ်းမှားလာမှုတွေရှိလို့ အရေးယူမှုတွေရှိလာတာကလည်း ထူးခြားတဲ့ ဖြစ်ရပ်တွေပါဘဲ။
 
ဒီလိုသတင်းတွေအပြင် ယခုရက်ထဲမှာ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားဝင်ရောက်မှုမရှိလို့ ဆူးလေ ရှန်ဂရီလာဟိုတယ် အပါအဝင် ဟိုတယ်တစ်ထောင်ကျော် ရပ်နားလိုက်ရတဲ့သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့ တယ်လီကွန်ဖရင့်ကနေ ဆွေးနွေးခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံရှိ ရဲစခန်းအချုပ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို ထိုင်းရဲအရာရှိတစ်ဦးက အဓမ္မကျင့်ခဲ့တဲ့သတင်း၊ မိုင်းလားတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားမှုကြောင့် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ အလုပ်လုပ်ပြီးပြန်လာတဲ့ မြန်မာနိုင်ငံသား (၁၅၁) ဦးဟာ မိုင်းယန်းနဲ့ မိုင်းခတ်ကြားမှာ ပိတ်မိနေတဲ့သတင်း၊ အီရန်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကိုရီးယားရေနံတင်သင်္ဘောက မြန်မာသင်္ဘောသားတစ်ဦး မြန်မာသံမှူးဆီ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့တဲ့သတင်း၊ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တပ်မတော်ဂုဏ်သိက္ခာငြိုးနွမ်းစေလို့ဆိုပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိတစ်ဦးက အမှုဖွင့်တိုင်တန်းခဲ့တဲ့သတင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာက NLD ပါတီ ရပ်ကျေးစည်းရုံးရေးမှူးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တဲ့သတင်း၊ ဗြိတိန်နိုင်ငံက မြန်မာ့လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးရရှိအောင် ပံ့ပိုးကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ခဲ့တဲ့ သတင်းတွေလို သတိထားမိတဲ့ သတင်းတွေ လည်း ရှိခဲ့ပါတယ်။
 
ဒီထဲက တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးစဉ်ရဲ့ သက်ရောက်မှုတွေကို ဖော်ပြချင်ပါတယ်။
 
အပြိုင်အဆိုင်ဖော်ပြမှုနဲ့ ပြည်သူကမြင်တဲ့ အမြင်
 
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံကို အိမ်နီးချင်း တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ပါတယ်။ဒီခရီးစဉ်က အစောပိုင်းမှာ သတင်းတွေကြိုထွက်လာခဲ့ပေမယ့် သေချာတဲ့ တိကျမှုမရှိလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က ဖြစ်ကောဖြစ်လာမလားဆိုတဲ့ သုံးသပ်မှုတွေရှိခဲ့ပါတယ်။ဒါပေမယ့် ဒီဇင်ဘာလအတွင်း အာဖရိက နိုင်ငံတွေ ခရီးစဉ်ရှိခဲ့တဲ့အတွက် အိမ်နီးချင်း အာဆီယံခရီးစဉ်က ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးမှုသတင်းတွေ ထွက်လာခဲ့ပါတယ်။
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံခရီးစဉ်က မြန်မာနိုင်ငံခရီးစဉ်နဲ့ စတင်ခဲ့ပါတယ်။ဇန်နဝါရီ ၁၁ ရက်နေ စတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်က မြန်မာနိုင်ငံကနေစပြီး အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို သွားရောက်ပြီး ဇန်နဝါရီ ၁၆ ရက်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
 
နိုင်ငံတကာသတင်းတွေမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်ကို ကာကွယ်ဆေးခရီးစဉ်လို့ ခေါ်ကြပေမယ့် တစ်ကယ်ကတော့ ဒီထက်ပိုပါတယ်။
 
အမေရိကန်မှာ ဘိုင်ဒင် သမ္မတအဖြစ်တာဝန်ယူလာတဲ့အခါ ဖြစ်လာနိုင်တဲ့ အခင်းအကျင်းအတွက် အိမ်နီးချင်းနိုင်ငံတွေဆီ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသတွင်းမှာ ထောက်ခံမှုရဖို့အတွက် သွားရောက်တဲ့ခရီးစဉ်အဖြစ် အားလုံးနီးပါးက ရှုမြင်ထားကြပါတယ်။ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက နိုင်ငံရေးလွန်ဆွဲမှုတွေနဲ့ မဲရှုံးတဲ့ဘက်က ဖော်ဆောင်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာနိုင်ငံခရီးစဉ်က တရုတ်သမ္မတလာခဲ့တဲ့ ခရီးစဉ်ထက် ယခုတစ်ခေါက်မှာပိုပြီး အစိုးရကို အတိုက်အခံလုပ်နေတဲ့ ပါတီအဖွဲ့အစည်းတွေအတွက် အရေးပါလာခဲ့ပါတယ်။ဒါပေမယ့် တရုတ်နိုင်ငံခြားရေးခရီးစဉ်မှာ နိုင်ငံတကာထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်သွားပြီး နိုင်ငံရဲ့အထွဋ်အထိပ် သမ္မတနဲ့တွေ့ဆုံရာမှာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြောခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံရာမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံအကြီးအကဲတွေက ဂုဏ်ယူကြောင်းကို အတိုင်ပင်ခံဆီ သတင်းစကား ပါးခဲ့ပါတယ်။ဒါဟာ အာဏာရပါတီခေါင်းဆောင်နဲ့ အနိုင်ရပါတီခေါင်းဆောင်ကို နိုင်ငံတကာထုံးတမ်းစဉ်လာအတိုင်း ပြောခဲ့၊ အသိအမှတ်ပြုခဲ့ တာဖြစ်ပါတယ်။
 
ဒီခရီးစဉ်မှာ တရုတ်နိုင်ငံဘက်ကနေ မြန်မာပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေး တစ်သုတ်စာ ဆေးလုံးရေသုံးသိန်း ထောက်ပံ့ပေးမယ်လို့ ကတိပြုခဲ့သလို မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား မန္တလေး-ကျောက်ဖြူ ရထားလမ်း၊ လူစီးရထားတွဲတွေကို အတိုးမဲ့ချေးငွေနဲ့ဝယ်ယူဖို့ နားလည်မှုစာချွန်လွှာတွေကို လဲလှယ်ခဲ့တာကို တွေ့ရပါတယ်။
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်မှာ သမ္မတ၊အတိုင်ပင်ခံအပြင် ကာချုပ်ကိုလည်း တွေ့ခဲ့ပြီး ကာချုပ်က ရွေးကောက်ပွဲမှာ မဲစာရင်းတွေ စိစစ်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တာကို တပ်မတော်သတင်းမှန်ပြန်ကြားရေးကနေ ထုတ်ပြန်ဖော်ပြခဲ့တာ ထူးထူးခြားခြားတွေ့ခဲ့ရပါတယ်။ဒီလိုပြောခဲ့မှုကို ပြည်တွင်းသတင်းမီဒီယာတွေမှာ ခေါင်းကြီးသတင်းအဖြစ် ဖော်ပြခဲ့သလို အများပြည်သူက အာရုံစိုက်မှုအများအပြားရှိခဲ့ပြီး လူမှုကွန်ရက်မှာ မိမိအမြင်နဲ့ ထင်မြင်ချက်တွေကို အတော်လေးဖော်ပြခဲ့ကြပြီး သတင်းဖတ်သူတွေကြားမှာ ဒီသတင်းက ရက်အတော်ကြာ အတော်လေးဂယက်ရိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
 
ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်က ၂၀၂၀ ရွေးကောက်ပွဲအပြီး ပထမဆုံးလာရောက်တဲ့ နိုင်ငံခြားထိပ်တန်းတာဝန်ရှိသူရဲ့ခရီးစဉ်ဖြစ်သလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းပေါ်ကိုလည်း သက်ရောက်နိုင်တဲ့ အနေအထားရှိလို့ ပြည်တွင်းလက်နက်ကိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေ နောက်ရက်တွေမှာ ဘယ်လိုလှုပ်ခတ်မှုတွေရှိဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 
ပွဲဆူအောင် ဘယ်သူကစားနေလဲ 
 
ယနေ့ထိ သတိထားမိနေသလို ဘယ်သူ့အားကိုးနဲ့ လုပ်နေမှန်းမသိတဲ့ ဆန္ဒပြပွဲတွေက ဒီရက်ပိုင်းမှာ အတော်လေး ဆက်တိုက်တွေ့လာရပါတယ်။ဒီရက်ထဲမှာ မြင်းခြံမှာလုပ်တဲ့ ဆန္ဒပြပွဲဆိုရင် ဒေသခံတွေက သူတို့ရပ်ကွက်ကမပါဘူးလို့ ဝင်အော်တဲ့အတွက် လာရောက်ဆန္ဒပြသူတွေ၊ ကားတွေနဲ့ခေါ်လာတဲ့ ဝန်းရံသူတွေနဲ့ ဒေသခံတွေ ထိပ်တိုက်တွေ့မှာ စိုးရိမ်ရတဲ့အထိ ဖြစ်ခဲ့ရတာကို လူမှုကွန်ရက်ပေါ်တက်လာတဲ့ ဗီဒီယိုဖိုင်တွေအရ သိရပါတယ်။ပြည်သူ့မဲအများစုကိုရခဲ့တဲ့ NLD ပါဝင်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲတိုင်း တခြားပါတီမှန်သမျှ ပြတ်ပြတ်သားသားရှုံးခဲ့တာကို မြင်တွေ့ထားရတဲ့ ပြည်သူတွေအဖို့ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီထပ်မံအနိုင်ရခဲ့တာ သိပ်မထူးဆန်းသလို ဖြစ်သင့်တဲ့ အနိုင်ရလဒ်အဖြစ် လက်ခံထားကြတာပါ။ဒါကြောင့်လည်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီနဲ့ ရွေးကောက်ခံရဖို့မပြောနဲ့ သတ်မှတ်ထားတဲ့ ထောက်ခံမှုရာခိုင်နူန်းတောင်မရလို့ ရွေးကောက်ပွဲ အတွက်တင်ထားတဲ့ အာမခံငွေကို ပြန်ထုတ်လို့မရတဲ့ ပါတီတွေက ဒီအနိုင်ရလဒ်ကို လက်မခံဘဲ တူးတူးခါးခါး တညီတညွတ်တည်း ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြတာက ပြည်သူတွေအတွက် အတော်လေးကို နားမလည်နိုင်တဲ့ ထူးဆန်းတဲ့ကိစ္စတွေပါ။
 
ယခုရက်ပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စား လှယ် ၅ ဦး၊တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေပေါင်းပြီး လက်မှတ်ရေးထိုးကာ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ ဇန်နဝါရီ ၁၁ ရက်က တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။ဒုတိယအကြိမ် လွှတ်တော်ရဲ့ လက်ကျန်သက်တမ်း ရက် ၂၀ သာကျန်တော့တဲ့အချိန်မှာ ဒီလိုတောင်းဆိုခဲ့မှုကို ပြည်ထောင်စုလွှတ်တော်ဘက်က ၂၄ နာရီအတွင်း ငြင်းခဲ့ကာ အကြောင်းခြင်းရာနှစ်ရပ်‌ကြောင့် ငြင်းပယ်ခဲ့ကြောင်း လွှတ်တော်ဘက်က ထုတ်ပြန်ခဲပါတယ်။ဒီလိုငြင်းရတဲ့အကြောင်းအရာထဲမှာ ကိုဗစ်ကာလဖြစ်နေတဲ့အပြင် လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ်တွေကို ၁၅ ရက် ကြိုတင်အကြောင်း ကြားပြီး ခေါ်ရမှာမို့ဆိုတာ ပါသလို ယခုတင်ပြတဲ့ကိစ္စက အထူးအစည်းအဝေးခေါ်ယူကျင်းပရမည့် ကိစ္စမဟုတ်ဘဲ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်မဟုတ်တဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စတွေ မဟုတ်ဘူးလို့ လွှတ်တော်ဘက်က အခြေခံဥပဒေကိုကိုင်ပြီး ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါတယ်။
 
ဒီလိုပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ခဲ့တဲ့အတွက် ဒီလိုငြင်းပယ်မှုက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ ပြန်လည်ဆန်းစစ်ရန် လိုအပ်မယ်ဆိုပြီး တပ်မတော်ဘက်က ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ စာထုတ်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာ လွှတ်တော်ဘက်က အကြောင်းပြတဲ့အချက်တွေကို တပ်ဘက်က မေးခွန်းထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
 
အထူးအစည်းအဝေးကို ဦးဆောင်ခေါ်ယူတဲ့ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဇန်နဝါရီ ၁၅ ရက် နေ့စွဲနဲ့ လွှတ်တော်ဘက်က ထုတ်ပြန်ချက်ကို ကန့်ကွက်ခဲ့ပြီး လွှတ်တော်က ဒီလိုငြင်းပယ်တာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်တာလို့ ဖော်ပြခဲ့သလို တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို မဲမသမာမှုကိစ္စတွေအတွက် အထူးအစည်းအဝေးခေါ် ဆွေးနွေးပြီးမှ ခေါ်ယူဖို့ သဘောထားထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် တစ်နိုင်ငံလုံး မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာအနက် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာ ၉၂၀၊ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာ အနိုင်ရရှိခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့က မဲစာရင်းကွဲလွဲမှု၊ မဲမသမာမှုများ ရှိတယ်ဆိုပြီး အဆက်မပြတ် ဝေဖန်ပြောဆိုနေခဲ့ပါတယ်။အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင်ဘက် ကို ဦးတည်ပြီး ဖိအားပေးခဲ့ရာကနေ ပြီးခဲ့တဲ့ရက်သတ္တတပတ်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ သမ္မတတို့ကို တရားဥပဒေမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို စာချွန်တော်တင်တာ တွေ့ရသလို ယခုရက်သတ္တတပတ်မှာလည်း ဥပဒေပြုရေးမဏ္ဍိုင်ကို မဲကိစ္စနဲ့ အထူးအစည်းအဝေးခေါ်ပေးဖို့ တင်ခဲ့တာကို တွေ့ရပါတယ်။
 
လွှတ်တော်အနေနဲ့ လက်ရှိအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲကျင်းပပြီး ရက် ၉၀ အတွင်း လွှတ်တော်ကျင်းပရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို စွဲကိုင်ကာ ရက် ၉၀ ပြည့်မည့်ရက်မတိုင်မီ ဖေဖေါ် ဝါရီ ၁ ရက်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်ကို ကျင်းပပြီး လာမည့် အစိုးရသစ်ဖွဲ့ စည်းရန် ဆောင်ရွက်နေချိန်မှာ ဒီလိုကိစ္စဝင်လာတဲ့ အတွက် နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တဲ့သဘောကို နည်းလမ်းကျကျဖြေခဲ့တာကို တွေ့ရပါတယ်။ဒီကိစ္စတွေမှာ အများပြည်သူအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တာတောင် အနိုင်ရပါတီက အစိုးရမဖွဲ့နိုင်ခဲ့တဲ့ဖြစ်ရပ်ကို မြင်ခဲ့ဘူးတဲ့အတွက် ယခုကိစ္စမှာလည်း သိပ်ပြီးရင်ခုန်တာမျိုး၊ စိတ်ဝင်စားတာမျိုးလည်းမရှိဘဲ အခုဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေက အချိန်တန်ရင် သူ့သဘောသူဆောင်သွားမယ်ဆိုတဲ့ သဘောမျိုးထားတာကို တွေ့ရပါတယ်။
 
အတိုက်အခံများဘက်က နောက်လွှတ်တော်မစမီ ၎င်းတို့ အစဉ်တစိုက်စွပ်စွဲလာခဲ့တဲ့ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှု၊ ဒီကနေ မဲမသမာမှု စသည့် ဆင့်ကဲပြဿနာများကို ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ၊ တရားစွဲတာတွေ စသဖြင့် တရားဥပဒေဘောင်ထဲက လုပ်လို့ရသမျှ လုပ်သွားခဲ့မယ်လို့ ဆိုခဲ့တဲ့အတွက် လွှတ်တော်အတွင်း ဆွေးနွေးကာ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းရန်အထိ လုပ်ဆောင်နိုင်ရန်ကြိုးပမ်းနေတာက မအောင်မြင်လို့ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ အတိုက်အခံပါတီတွေဘက်က ဘာတွေ ဆက်ပြီးလုပ်ဆောင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ 
 
လွှတ်တော်က မဲစာရင်းကိစ္စ၊ မဲမသမာမှုဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းရာမှာ အခြေခံဥပဒေအရ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်အတည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာကို ထောက်ကွက်ပြပြီး ဥပဒေပြုရေးမဏ္ဍိုင်အနေနှင့် ဆွေးနွေးဆုံးဖြတ်ရန်မလိုဟု ဆုံး ဖြတ်ခဲ့တာကို တွေ့ရပါတယ်။သက်ဆိုင်ရာ မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်ပြီး အခြားသော တတိယအဖွဲ့အစည်းဖြစ်တဲ့ လွတ်လပ်တဲ့ PACE လို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ၊ ဥရောပသမဂ္ဂရဲ့ရွေးကောက်ပွဲ စောင့်ကြည့်ရေးလိုအဖွဲ့တွေက အမှားအယွင်းလေးတွေ အနည်းငယ်ရှိပေမယ့် ရွေးကောက်ပွဲရလဒ်ကို ထိခိုက်နိုင်လောက်တဲ့ မှားယွင်းမှုတွေ မဲမသမာမှုတွေမရှိဘူးလို့ ထုတ်ပြန်ခဲ့တာလည်းရှိခဲ့ပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း တပ်ဘက်က လက်ရှိအချိန်အထိ ၂၁ ကြိမ်တိတိ ထုတ်ပြန်နေတဲ့ စာရင်းတွေကလည်း ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာသုံးခဲ့တဲ့ ပြင်ဆင်ထားတဲ့ မဲစာရင်းတွေကို အခြေခံတာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။ MYNFREL ဆိုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ကတော့ တပ်ဘက်က မဲစာရင်းတွေ စိစစ်ရာမှာသုံးခဲ့တဲ့ နည်းပညာကို နောင်ရွေးကောက်ပွဲမှာ သုံးလို့ရအောင် သိချင်တယ်ဆိုပြီး မေးခွန်းပြန်ထုတ်ခဲ့တာလည်းရှိပါတယ်။
 
လက်ရှိမှာတော့ ပြည်ထောင်စုလွှတ်တော်ကို အထူးအစည်းအဝေးခေါ်ခွင့် ငြင်းပယ်ခဲ့တာနဲ့ပတ်သက် ပြီး ဆက်ဆံရေးအခြေအနေက အတော်လေးကို တင်းမာနေတာက လက်ရှိနိုင်ငံရေးအရ သိပ်ကောင်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။အာဏာရပါတီဘက်ကတော့ ၎င်းတို့ပါတီအနေနဲ့ တပ်မတော်နဲ့အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကောင်းမွန်ဖို့ ဥပဒေဘောင်ထဲက အစွမ်းကုန်ဆက်ဆံရေးပြေပြစ်အောင်ကြိုးစားခဲ့ပြီးဖြစ်လို့ ဆက်လက်ကြိုးစားနေဦးမှာဖြစ်ပေမယ့် ဥပဒေကို ကျော်လွန်ပြီးတော့ ဆောင် ယယူရွက်မပေးနိုင်ဘူးလို့ ပြည်တွင်းသတင်းစာတစ်စောင်ကိုပြောခဲ့တာ တွေ့ရပါတယ်။
 
ရှေ့ဆက် အစိုးရသစ်ဖွဲ့ဖို့ ရက်ပိုင်းအလို၊လွှတ်တော်တွေမခေါ်ခင်မှာ ဘာတွေပွတ်တိုက်မှုတွေ မြင်တွေ့ရဦးမလဲ၊ဒါမှမဟုတ် နိုင်ငံအတွက်ရှေးရှုပြီး ကောင်းသောအရွေ့အတွက် ဦးတည်ဆောင်ရွက်မှုတွေ မြင်လာရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
ဆန္ဒပြပွဲများဦးတည်ရာ ဘယ်ကိုလဲ
 
လတ်တလောမှာ ရွေးကောက်ပွဲကော်မရှင်ကို ဦးတည်တဲ့ ကန့်ကွက်ပွဲတွေနဲ့ တပ်မတော်ထောက်ခံပွဲတွေ ခပ်စိပ်စိပ်တွေ့မြင်လာရပြီး အာဏာပိုင်တွေဘက်ကလည်း သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ ဆန္ဒပြမှုတွေကို ခွင့်မပြုသလို ခွင့်ပြုတဲ့ ဆန္ဒပြပွဲတွေမှာလည်း ခွင့်ပြုထားတဲ့ သတ်မှတ်ချက်ကို ချိုးဖောက်ရင် အရေးယူတရားစွဲနေတာကိုလည်း တွေ့ရပါတယ်။လူမှုကွန်ရက်မှာ‌တော့ ယခုရက်ပိုင်းအတွင်း ငြိမ်းစုစီဥပ‌ဒေနဲ့ တရားစွဲခံရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ မိုက်ကယ်ကျော်မြင့်ရဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) မှာ ဥက္ကဋ္ဌနေရာ တာဝန်ယူထားတဲ့ ဒေါ်အေးအေးသင်း က ဦးဆောင်ပြီး ဇန်နဝါရီ ၂၉ ရက်မှာ နေပြည် တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်ထဲမှာ လူထုထောက်ခံပွဲတစ်ခုလုပ်ဖို့ လူမှုကွန်ရက်မှာ လှုံ့ဆော်နေတာကို တွေ့ရပါတယ်။
 
လူမှုကွန်ရက်မှာတွေ့ရတဲ့ ဖိတ်စာမှာတော့ တပ်မတော်က အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းပြည်ကို ကယ်တင်ပေးရန် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးမှ တာဝန်ပေးအပ်မည့် တိုင်းပြုပြည်ပြုလူထုတွေ့ဆုံပွဲကြီးနဲ့ တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပွဲလုပ်ဖို့ဆိုပြီး တွေ့ရကာ ငြိမ်းစုစီနဲ့ တရားစွဲထားလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ မိုက်ကယ်ကျော်မြင့်ကိုယ်တိုင် ဒီပွဲကိုလာရောက်ဖို့ အနယ်နယ်အရပ်ရပ်က အမျိုးသားရေးသမားဆိုသူတွေကို လူမှုကွန်ရက်ကနေ Live လွှင့်ပြီး ဆော်ဩနေတာလည်း တွေ့ရပါတယ်။
 
ဒီပွဲကို ဘာရည်ရွယ်ချက်နဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပမှာလဲဆိုတာ မသိရပါဘူး။ဒါပေမယ့် ကိုဗစ် ဒုတိယလှိုင်း ကူးစက်မှုကြောင့် ပြီးခဲတဲ့လတွေက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်မှာ ကူးစက်မှုတွေကြောင့် တပ်မတော်သားတွေမှာ ကူးစက်ခံရသူ ရာကျော်ရှိလို့ ထိန်းချုပ်နေရချိန်မှာ အနယ်နယ်အရပ်ရပ်က လူတွေကို နေပြည်တော် ဇေယျာသီရိမြို့နယ်ကိုလာရောက်ဖို့ ဆော်ဩလှုံ့ဆော်နေတာကတော့ အတော်လေးကိုအန္တရာယ်များတဲ့ လုပ်ရပ်ပါဘဲ။သာမန်လူတွေ နေပြည်တော်ကို သွားရောက်ရင် ကိုဗစ် ရှိ/မရှိ စစ်ဆေးရပြီး ကွာရင်တိုင်းဝင်း နေရတဲ့အချိန်မှာ ဒီလိုတွေ့ဆုံပွဲအတွက် လာတဲ့သူတွေ ကျန်းမာရေးစစ်ဆေးမှုကို ဘယ်လိုကျော်ဖြတ်လာမလဲဆိုတာ၊ ကွာရင်တိုင်း ၁၄ ရက်ဝင်ခဲ့ရင် ပွဲကျင်းပတဲ့ရက်ကို မမီနိုင်တာတွေ၊ တရားဝင်ကျင်းပခွင့် တင်တဲ့အခါ ဒီလိုကိုဗစ်ကာလထဲ ခွင့်ပြုဖို့ လိုပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။
 
အထူးသဖြင့် တတိယအကြိမ် လွှတ်တော်ကျင်းပခါနီး ကျန်းမာရေးနဲ့ လုံခြုံရေးအပြင် လတ်တလော နိုင်ငံရေးတင်းမာမှုတွေရှိနေတဲ့အတွက် အထူးကြပ်မတ်နေရတဲ့ အချိန်ကာလမှာ လွှတ်တော်ရုံးစိုက်ရာ ဒီနေရာဒေသကို ဒီလိုလူပေါင်းစုံလာအောင် တရားစွဲလို့ ရှောင်ပြေးနေရတဲ့သူတစ်ဦးက ဆော်ဩလှုံ့ဆော်နေတာက အတော်လေးသဘာ၀မကျသလို သက်ဆိုင်ရာက ဘာထုတ်ပြန်ချက်မှ မထုတ်သေးတာလည်း အတော်လေး ယနား လည်ရခက်တဲ့ အခြေအနေပါ။
 
ယခုရက်ပိုင်းပြုလုပ်နေတဲ့ ထောက်ခံပွဲတွေ ကန့်ကွက်ပွဲတွေမှာ ဆန္ဒထုတ်ဖော်သူက သတ်မှတ်တဲ့အတိုင်း လူ ၃၀ ထက် မပိုပေမယ့် ဝန်းရံသူတွေကို စနစ်တကျ ဘယ်နေရာကနေခေါ်လာမှန်း မသိရဘဲ ရာနဲ့ချီပြီး ကားအမျိုးစားတွေဆင်တူနဲ့ သယ်ပို့ပေးနေတာက စိတ်ဝင်စားစရာဖြစ်သလို မတော်တဆ ဒေသခံတွေနဲ့ ပြဿနာဖြစ်လာရင် ဘယ်လို ရှင်းကြမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရင်လေးစရာပါ။တချို့ဆန္ဒပြပွဲတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ဖန်တီးနေသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေ တာမို့ လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်တွေနဲ့ ရှုပ်ထွေးခဲ့တဲ့ မြန်မာနိုင်ငံရေးကို သတိနဲ့ ရှေ့ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
 
ခက်ထန်စိုး
ဇန်နဝါရီ - ၁၈
 
( Zawgyi )
 
ယခုရက္သတၱပတ္ထဲ ျမန္မာႏိုင္ငံကို အလည္အပတ္လာေရာက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ခရီးစဥ္ကို ႏိုင္ငံတကာက ေစာင့္ၾကည့္ခဲ့သလို ျပည္တြင္းက ႏိုင္ငံေရးအုပ္စုႀကီးႏွစ္စုကို ေထာက္ခံသူေတြကိုလည္း ေစာင့္ၾကည္ခဲ့ပါတယ္။
 
ဘာေတြထူးလာမလဲ၊ လက္ရွိ လိပ္ခဲတည္းလည္း ျဖစ္ေနတဲ့ ႏိုင္ငံေရးအေပၚ ဘာေတြသက္ေရာက္မလဲဆိုတာ ေစာင့္ၾကည့္ေနၾကသလို တျခားေသာ ျဖစ္စဥ္မ်ားအေပၚ အာ႐ုံစိုက္မႈကလည္း ေလ်ာ့က်ခဲ့ပါတယ္။သို႔ေပမယ့္ ဒီတစ္ပတ္မွာ အာဏာရပါတီဘက္က တိုင္းရင္းသားပါတီေတြနဲ႔ လိုက္ေတြ႕မႈမွာ ေကာင္းတဲ့ရလဒ္ေတြထြက္လာတာ ေတြ႕ရသလို တစ္ဘက္မွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဦးတည္ၿပီး ဆႏၵျပကန႔္ကြတ္မႈေတြကေန မဲခိုးတယ္ဆိုတဲ့ဘက္ကို တေျဖးေျဖးေျပာင္းလဲလာေနတာရွိသလို႔ ျပည္သူကအာ႐ုံမစိုက္တဲ့ လူအနည္းငယ္သာပါတဲ့ ဆႏၵျပမႈေတြမွာ ေျခလွမ္းမွားလာမႈေတြရွိလို႔ အေရးယူမႈေတြရွိလာတာကလည္း ထူးျခားတဲ့ ျဖစ္ရပ္ေတြပါဘဲ။
 
ဒီလိုသတင္းေတြအျပင္ ယခုရက္ထဲမွာ ကိုဗစ္ကပ္ေဘးေၾကာင့္ ခရီးသြားဝင္ေရာက္မႈမရွိလို႔ ဆူးေလ ရွန္ဂရီလာဟိုတယ္ အပါအဝင္ ဟိုတယ္တစ္ေထာင္ေက်ာ္ ရပ္နားလိုက္ရတဲ့သတင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနာ္ေဝႏိုင္ငံျခားေရးဝန္ႀကီးတို႔ တယ္လီကြန္ဖရင့္ကေန ေဆြးေႏြးခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံရွိ ရဲစခန္းအခ်ဳပ္မွာ ထိန္းသိမ္းထားတဲ့ ျမန္မာအမ်ိဳးသမီးတစ္ေယာက္ကို ထိုင္းရဲအရာရွိတစ္ဦးက အဓမၼက်င့္ခဲ့တဲ့သတင္း၊ မိုင္းလားတပ္ဖြဲ႕ရဲ႕ ပိတ္ဆို႔ထားမႈေၾကာင့္ 'ဝ' ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကေန အလုပ္လုပ္ၿပီးျပန္လာတဲ့ ျမန္မာႏိုင္ငံသား (၁၅၁) ဦးဟာ မိုင္းယန္းနဲ႔ မိုင္းခတ္ၾကားမွာ ပိတ္မိေနတဲ့သတင္း၊ အီရန္ႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ ကိုရီးယားေရနံတင္သေဘၤာက ျမန္မာသေဘၤာသားတစ္ဦး ျမန္မာသံမႉးဆီ ဆက္သြယ္ၿပီး အကူအညီေတာင္းခဲ့တဲ့သတင္း၊ NLD ပါတီက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကို တပ္မေတာ္ဂုဏ္သိကၡာၿငိဳးႏြမ္းေစလို႔ဆိုၿပီး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဒုတိယဗိုလ္မႉးႀကီးအဆင့္ရွိ အရာရွိတစ္ဦးက အမႈဖြင့္တိုင္တန္းခဲ့တဲ့သတင္း၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊတြင္းေက်း႐ြာက NLD ပါတီ ရပ္ေက်းစည္း႐ုံးေရးမႉးကို လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ျပန္ေပးဆြဲဖမ္းဆီးသြားခဲ့တဲ့သတင္း၊ ၿဗိတိန္ႏိုင္ငံက ျမန္မာ့လူဦးေရ ၂၀ ရာခိုင္ႏႈန္းအတြက္ COVID-19 ကာကြယ္ေဆးရရွိေအာင္ ပံ့ပိုးကူညီသြားမယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံ႐ုံးက သတင္းထုတ္ျပန္ခဲ့တဲ့ သတင္းေတြလို သတိထားမိတဲ့ သတင္းေတြ လည္း ရွိခဲ့ပါတယ္။
 
ဒီထဲက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံကိုလာေရာက္တဲ့ ခရီးစဥ္ရဲ႕ သက္ေရာက္မႈေတြကို ေဖာ္ျပခ်င္ပါတယ္။
 
အၿပိဳင္အဆိုင္ေဖာ္ျပမႈနဲ႔ ျပည္သူကျမင္တဲ့ အျမင္
 
ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္း ျမန္မာႏိုင္ငံကို အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီး လာေရာက္ခဲ့ပါတယ္။ဒီခရီးစဥ္က အေစာပိုင္းမွာ သတင္းေတြႀကိဳထြက္လာခဲ့ေပမယ့္ ေသခ်ာတဲ့ တိက်မႈမရွိလို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ခရီးစဥ္က ျဖစ္ေကာျဖစ္လာမလားဆိုတဲ့ သုံးသပ္မႈေတြရွိခဲ့ပါတယ္။ဒါေပမယ့္ ဒီဇင္ဘာလအတြင္း အာဖရိက ႏိုင္ငံေတြ ခရီးစဥ္ရွိခဲ့တဲ့အတြက္ အိမ္နီးခ်င္း အာဆီယံခရီးစဥ္က ျဖစ္လာႏိုင္ေျခရွိတယ္ဆိုတဲ့ သတင္းေတြနဲ႔အတူ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအခ်င္းခ်င္း ေဆြးေႏြးမႈသတင္းေတြ ထြက္လာခဲ့ပါတယ္။
 
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ အာဆီယံ ၄ ႏိုင္ငံခရီးစဥ္က ျမန္မာႏိုင္ငံခရီးစဥ္နဲ႔ စတင္ခဲ့ပါတယ္။ဇန္နဝါရီ ၁၁ ရက္ေန စတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးခရီးစဥ္က ျမန္မာႏိုင္ငံကေနစၿပီး အင္ဒိုနီးရွား၊ ဘ႐ူႏိုင္းနဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ကို သြားေရာက္ၿပီး ဇန္နဝါရီ ၁၆ ရက္မွာ အဆုံးသတ္မွာျဖစ္ပါတယ္။
 
ႏိုင္ငံတကာသတင္းေတြမွာေတာ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ဒီခရီးစဥ္ကို ကာကြယ္ေဆးခရီးစဥ္လို႔ ေခၚၾကေပမယ့္ တစ္ကယ္ကေတာ့ ဒီထက္ပိုပါတယ္။
 
အေမရိကန္မွာ ဘိုင္ဒင္ သမၼတအျဖစ္တာဝန္ယူလာတဲ့အခါ ျဖစ္လာႏိုင္တဲ့ အခင္းအက်င္းအတြက္ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ပူးေပါင္းေဆာင္႐ြက္ေရးနဲ႔ ေဒသတြင္းမွာ ေထာက္ခံမႈရဖို႔အတြက္ သြားေရာက္တဲ့ခရီးစဥ္အျဖစ္ အားလုံးနီးပါးက ရႈျမင္ထားၾကပါတယ္။ဒါေပမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲၿပီးကတည္းက ႏိုင္ငံေရးလြန္ဆြဲမႈေတြနဲ႔ မဲရႈံးတဲ့ဘက္က ေဖာ္ေဆာင္ေနတဲ့ ႏိုင္ငံေရးအက်ပ္အတည္းေတြေၾကာင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ျမန္မာႏိုင္ငံခရီးစဥ္က တ႐ုတ္သမၼတလာခဲ့တဲ့ ခရီးစဥ္ထက္ ယခုတစ္ေခါက္မွာပိုၿပီး အစိုးရကို အတိုက္အခံလုပ္ေနတဲ့ ပါတီအဖြဲ႕အစည္းေတြအတြက္ အေရးပါလာခဲ့ပါတယ္။ဒါေပမယ့္ တ႐ုတ္ႏိုင္ငံျခားေရးခရီးစဥ္မွာ ႏိုင္ငံတကာထုံးတမ္းစဥ္လာအတိုင္း ေဆာင္႐ြက္သြားၿပီး ႏိုင္ငံရဲ႕အထြဋ္အထိပ္ သမၼတနဲ႔ေတြ႕ဆုံရာမွာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးအတြက္ ေျပာခဲ့ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ေတြ႕ဆုံရာမွာ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့တဲ့အတြက္ တ႐ုတ္ႏိုင္ငံအႀကီးအကဲေတြက ဂုဏ္ယူေၾကာင္းကို အတိုင္ပင္ခံဆီ သတင္းစကား ပါးခဲ့ပါတယ္။ဒါဟာ အာဏာရပါတီေခါင္းေဆာင္နဲ႔ အႏိုင္ရပါတီေခါင္းေဆာင္ကို ႏိုင္ငံတကာထုံးတမ္းစဥ္လာအတိုင္း ေျပာခဲ့၊ အသိအမွတ္ျပဳခဲ့ တာျဖစ္ပါတယ္။
 
ဒီခရီးစဥ္မွာ တ႐ုတ္ႏိုင္ငံဘက္ကေန ျမန္မာျပည္သူေတြအတြက္ ကိုဗစ္ကာကြယ္ေဆး တစ္သုတ္စာ ေဆးလုံးေရသုံးသိန္း ေထာက္ပံ့ေပးမယ္လို႔ ကတိျပဳခဲ့သလို ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံအၾကား မႏၲေလး-ေက်ာက္ျဖဴ ရထားလမ္း၊ လူစီးရထားတြဲေတြကို အတိုးမဲ့ေခ်းေငြနဲ႔ဝယ္ယူဖို႔ နားလည္မႈစာခြၽန္လႊာေတြကို လဲလွယ္ခဲ့တာကို ေတြ႕ရပါတယ္။
 
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ဒီခရီးစဥ္မွာ သမၼတ၊အတိုင္ပင္ခံအျပင္ ကာခ်ဳပ္ကိုလည္း ေတြ႕ခဲ့ၿပီး ကာခ်ဳပ္က ေ႐ြးေကာက္ပြဲမွာ မဲစာရင္းေတြ စိစစ္တာနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကို ေျပာခဲ့တာကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးကေန ထုတ္ျပန္ေဖာ္ျပခဲ့တာ ထူးထူးျခားျခားေတြ႕ခဲ့ရပါတယ္။ဒီလိုေျပာခဲ့မႈကို ျပည္တြင္းသတင္းမီဒီယာေတြမွာ ေခါင္းႀကီးသတင္းအျဖစ္ ေဖာ္ျပခဲ့သလို အမ်ားျပည္သူက အာ႐ုံစိုက္မႈအမ်ားအျပားရွိခဲ့ၿပီး လူမႈကြန္ရက္မွာ မိမိအျမင္နဲ႔ ထင္ျမင္ခ်က္ေတြကို အေတာ္ေလးေဖာ္ျပခဲ့ၾကၿပီး သတင္းဖတ္သူေတြၾကားမွာ ဒီသတင္းက ရက္အေတာ္ၾကာ အေတာ္ေလးဂယက္႐ိုက္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။
 
ဘာပဲျဖစ္ျဖစ္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ဒီခရီးစဥ္က ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး ပထမဆုံးလာေရာက္တဲ့ ႏိုင္ငံျခားထိပ္တန္းတာဝန္ရွိသူရဲ႕ခရီးစဥ္ျဖစ္သလို ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္းေပၚကိုလည္း သက္ေရာက္ႏိုင္တဲ့ အေနအထားရွိလို႔ ျပည္တြင္းလက္နက္ကိုင္အေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ လက္ရွိ ႏိုင္ငံေရးအက်ပ္အတည္းေတြ ေနာက္ရက္ေတြမွာ ဘယ္လိုလႈပ္ခတ္မႈေတြရွိဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။
 
ပြဲဆူေအာင္ ဘယ္သူကစားေနလဲ 
 
ယေန႔ထိ သတိထားမိေနသလို ဘယ္သူ႔အားကိုးနဲ႔ လုပ္ေနမွန္းမသိတဲ့ ဆႏၵျပပြဲေတြက ဒီရက္ပိုင္းမွာ အေတာ္ေလး ဆက္တိုက္ေတြ႕လာရပါတယ္။ဒီရက္ထဲမွာ ျမင္းၿခံမွာလုပ္တဲ့ ဆႏၵျပပြဲဆိုရင္ ေဒသခံေတြက သူတို႔ရပ္ကြက္ကမပါဘူးလို႔ ဝင္ေအာ္တဲ့အတြက္ လာေရာက္ဆႏၵျပသူေတြ၊ ကားေတြနဲ႔ေခၚလာတဲ့ ဝန္းရံသူေတြနဲ႔ ေဒသခံေတြ ထိပ္တိုက္ေတြ႕မွာ စိုးရိမ္ရတဲ့အထိ ျဖစ္ခဲ့ရတာကို လူမႈကြန္ရက္ေပၚတက္လာတဲ့ ဗီဒီယိုဖိုင္ေတြအရ သိရပါတယ္။ျပည္သူ႔မဲအမ်ားစုကိုရခဲ့တဲ့ NLD ပါဝင္ယွဥ္ၿပိဳင္တဲ့ ေ႐ြးေကာက္ပြဲတိုင္း တျခားပါတီမွန္သမွ် ျပတ္ျပတ္သားသားရႈံးခဲ့တာကို ျမင္ေတြ႕ထားရတဲ့ ျပည္သူေတြအဖို႔ ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ပါတီထပ္မံအႏိုင္ရခဲ့တာ သိပ္မထူးဆန္းသလို ျဖစ္သင့္တဲ့ အႏိုင္ရလဒ္အျဖစ္ လက္ခံထားၾကတာပါ။ဒါေၾကာင့္လည္း အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ေ႐ြးေကာက္ခံရဖို႔မေျပာနဲ႔ သတ္မွတ္ထားတဲ့ ေထာက္ခံမႈရာခိုင္ႏူန္းေတာင္မရလို႔ ေ႐ြးေကာက္ပြဲ အတြက္တင္ထားတဲ့ အာမခံေငြကို ျပန္ထုတ္လို႔မရတဲ့ ပါတီေတြက ဒီအႏိုင္ရလဒ္ကို လက္မခံဘဲ တူးတူးခါးခါး တညီတၫြတ္တည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆန႔္က်င္ကန႔္ကြက္ေနၾကတာက ျပည္သူေတြအတြက္ အေတာ္ေလးကို နားမလည္ႏိုင္တဲ့ ထူးဆန္းတဲ့ကိစၥေတြပါ။
 
ယခုရက္ပိုင္းမွာ ျပည္ခိုင္ၿဖိဳးပါတီက ဦးေဆာင္ၿပီး တိုင္းရင္းသားပါတီအခ်ိဳ႕မွ လႊတ္ေတာ္ကိုယ္စား လွယ္ ၅ ဦး၊တစ္သီးပုဂၢလကိုယ္စားလွယ္ ၂ ဦးနဲ႔ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြေပါင္းၿပီး လက္မွတ္ေရးထိုးကာ လႊတ္ေတာ္အထူးအစည္းအေဝးေခၚယူဖို႔ ဇန္နဝါရီ ၁၁ ရက္က ေတာင္းဆိုခဲ့တာကို ေတြ႕ရပါတယ္။ဒုတိယအႀကိမ္ လႊတ္ေတာ္ရဲ႕ လက္က်န္သက္တမ္း ရက္ ၂၀ သာက်န္ေတာ့တဲ့အခ်ိန္မွာ ဒီလိုေတာင္းဆိုခဲ့မႈကို ျပည္ေထာင္စုလႊတ္ေတာ္ဘက္က ၂၄ နာရီအတြင္း ျငင္းခဲ့ကာ အေၾကာင္းျခင္းရာႏွစ္ရပ္‌ေၾကာင့္ ျငင္းပယ္ခဲ့ေၾကာင္း လႊတ္ေတာ္ဘက္က ထုတ္ျပန္ခဲပါတယ္။ဒီလိုျငင္းရတဲ့အေၾကာင္းအရာထဲမွာ ကိုဗစ္ကာလျဖစ္ေနတဲ့အျပင္ လႊတ္ေတာ္ေခၚဖို႔ ကိုယ္စားလွယ္ေတြကို ၁၅ ရက္ ႀကိဳတင္အေၾကာင္း ၾကားၿပီး ေခၚရမွာမို႔ဆိုတာ ပါသလို ယခုတင္ျပတဲ့ကိစၥက အထူးအစည္းအေဝးေခၚယူက်င္းပရမည့္ ကိစၥမဟုတ္ဘဲ အေျခခံဥပေဒအရ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ လုပ္ပိုင္ခြင့္မဟုတ္တဲ့အတြက္ လႊတ္ေတာ္မွာ ေဆြးေႏြးဆုံးျဖတ္ရမည့္ကိစၥေတြ မဟုတ္ဘူးလို႔ လႊတ္ေတာ္ဘက္က အေျခခံဥပေဒကိုကိုင္ၿပီး ျပတ္ျပတ္သားသား ျငင္းပယ္ခဲ့ပါတယ္။
 
ဒီလိုျပည္ေထာင္စုလႊတ္ေတာ္က ျငင္းပယ္ခဲ့တဲ့အတြက္ ဒီလိုျငင္းပယ္မႈက ဖြဲ႕စည္းပုံအေျခခံဥပေဒ ႏွင့္ ဆန႔္က်င္ျခင္း ရွိ/မရွိ ျပန္လည္ဆန္းစစ္ရန္ လိုအပ္မယ္ဆိုၿပီး တပ္မေတာ္ဘက္က ဇန္နဝါရီ ၁၄ ရက္ ညပိုင္းမွာ စာထုတ္ခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္ထဲမွာ လႊတ္ေတာ္ဘက္က အေၾကာင္းျပတဲ့အခ်က္ေတြကို တပ္ဘက္က ေမးခြန္းထုတ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။
 
အထူးအစည္းအေဝးကို ဦးေဆာင္ေခၚယူတဲ့ ျပည္ခိုင္ၿဖိဳးပါတီဘက္ကလည္း ဇန္နဝါရီ ၁၅ ရက္ ေန႔စြဲနဲ႔ လႊတ္ေတာ္ဘက္က ထုတ္ျပန္ခ်က္ကို ကန႔္ကြက္ခဲ့ၿပီး လႊတ္ေတာ္က ဒီလိုျငင္းပယ္တာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္တာလို႔ ေဖာ္ျပခဲ့သလို တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးကို မဲမသမာမႈကိစၥေတြအတြက္ အထူးအစည္းအေဝးေခၚ ေဆြးေႏြးၿပီးမွ ေခၚယူဖို႔ သေဘာထားထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။
 
ၿပီးခဲ့တဲ့ ၂၀၂၀ ႏိုဝင္ဘာ ၈ အေထြေထြေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္အသီးသီးအတြက္ တစ္ႏိုင္ငံလုံး မဲဆႏၵနယ္စုစုေပါင္း ၁,၁၁၇ ေနရာအနက္ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ေနရာ ၉၂၀၊ ျပည္ခိုင္ၿဖိဳးပါတီက ၇၁ ေနရာ အႏိုင္ရရွိခဲ့ၿပီးေနာက္ ျပည္ခိုင္ၿဖိဳးႏွင့္ တပ္မေတာ္တို႔က မဲစာရင္းကြဲလြဲမႈ၊ မဲမသမာမႈမ်ား ရွိတယ္ဆိုၿပီး အဆက္မျပတ္ ေဝဖန္ေျပာဆိုေနခဲ့ပါတယ္။အထူးသျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ ကို ဦးတည္ၿပီး ဖိအားေပးခဲ့ရာကေန ၿပီးခဲ့တဲ့ရက္သတၱတပတ္က ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒နဲ႔ သမၼတတို႔ကို တရားဥပေဒမ႑ိဳင္ျဖစ္တဲ့ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးကို စာခြၽန္ေတာ္တင္တာ ေတြ႕ရသလို ယခုရက္သတၱတပတ္မွာလည္း ဥပေဒျပဳေရးမ႑ိဳင္ကို မဲကိစၥနဲ႔ အထူးအစည္းအေဝးေခၚေပးဖို႔ တင္ခဲ့တာကို ေတြ႕ရပါတယ္။
 
လႊတ္ေတာ္အေနနဲ႔ လက္ရွိအေျခခံဥပေဒမွာ ေဖာ္ျပထားတဲ့ ေ႐ြးေကာက္ပြဲက်င္းပၿပီး ရက္ ၉၀ အတြင္း လႊတ္ေတာ္က်င္းပရမယ္ဆိုတဲ့ ျပ႒ာန္းခ်က္ကို စြဲကိုင္ကာ ရက္ ၉၀ ျပည့္မည့္ရက္မတိုင္မီ ေဖေဖၚ ဝါရီ ၁ ရက္မွာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသား လႊတ္ေတာ္ကို က်င္းပၿပီး လာမည့္ အစိုးရသစ္ဖြဲ႕ စည္းရန္ ေဆာင္႐ြက္ေနခ်ိန္မွာ ဒီလိုကိစၥဝင္လာတဲ့ အတြက္ ေနာက္ျပန္လွည့္ဖို႔ မျဖစ္ႏိုင္တဲ့သေဘာကို နည္းလမ္းက်က်ေျဖခဲ့တာကို ေတြ႕ရပါတယ္။ဒီကိစၥေတြမွာ အမ်ားျပည္သူအေနနဲ႔ ၁၉၉၀ ေ႐ြးေကာက္ပြဲ မွာ အႏိုင္ရခဲ့တာေတာင္ အႏိုင္ရပါတီက အစိုးရမဖြဲ႕ႏိုင္ခဲ့တဲ့ျဖစ္ရပ္ကို ျမင္ခဲ့ဘူးတဲ့အတြက္ ယခုကိစၥမွာလည္း သိပ္ၿပီးရင္ခုန္တာမ်ိဳး၊ စိတ္ဝင္စားတာမ်ိဳးလည္းမရွိဘဲ အခုဆႏၵျပတာေတြ၊ ကန႔္ကြက္တာေတြက အခ်ိန္တန္ရင္ သူ႔သေဘာသူေဆာင္သြားမယ္ဆိုတဲ့ သေဘာမ်ိဳးထားတာကို ေတြ႕ရပါတယ္။
 
အတိုက္အခံမ်ားဘက္က ေနာက္လႊတ္ေတာ္မစမီ ၎တို႔ အစဥ္တစိုက္စြပ္စြဲလာခဲ့တဲ့ ေ႐ြးေကာက္ပြဲ မဲစာရင္းမွားယြင္းမႈ၊ ဒီကေန မဲမသမာမႈ စသည့္ ဆင့္ကဲျပႆနာမ်ားကို ဆႏၵျပတာေတြ၊ ကန႔္ကြက္တာေတြ၊ တရားစြဲတာေတြ စသျဖင့္ တရားဥပေဒေဘာင္ထဲက လုပ္လို႔ရသမွ် လုပ္သြားခဲ့မယ္လို႔ ဆိုခဲ့တဲ့အတြက္ လႊတ္ေတာ္အတြင္း ေဆြးေႏြးကာ စုံစမ္းေရးအဖြဲ႕ဖြဲ႕စည္းရန္အထိ လုပ္ေဆာင္ႏိုင္ရန္ႀကိဳးပမ္းေနတာက မေအာင္ျမင္လို႔ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံတဲ့ အတိုက္အခံပါတီေတြဘက္က ဘာေတြ ဆက္ၿပီးလုပ္ေဆာင္ဦးမလဲဆိုတာ စိတ္ဝင္စားစရာပါ။ 
 
လႊတ္ေတာ္က မဲစာရင္းကိစၥ၊ မဲမသမာမႈဆိုတဲ့ စြပ္စြဲခ်က္ေတြကို ေျဖရွင္းရာမွာ အေျခခံဥပေဒအရ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္က အၿပီးအျပတ္အတည္လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပ႒ာန္းထားတာကို ေထာက္ကြက္ျပၿပီး ဥပေဒျပဳေရးမ႑ိဳင္အေနႏွင့္ ေဆြးေႏြးဆုံးျဖတ္ရန္မလိုဟု ဆုံး ျဖတ္ခဲ့တာကို ေတြ႕ရပါတယ္။သက္ဆိုင္ရာ မဲစာရင္းမွားယြင္းမႈႏွင့္ပတ္သက္ၿပီး အျခားေသာ တတိယအဖြဲ႕အစည္းျဖစ္တဲ့ လြတ္လပ္တဲ့ PACE လို ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႕ေတြ၊ ဥေရာပသမဂၢရဲ႕ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရးလိုအဖြဲ႕ေတြက အမွားအယြင္းေလးေတြ အနည္းငယ္ရွိေပမယ့္ ေ႐ြးေကာက္ပြဲရလဒ္ကို ထိခိုက္ႏိုင္ေလာက္တဲ့ မွားယြင္းမႈေတြ မဲမသမာမႈေတြမရွိဘူးလို႔ ထုတ္ျပန္ခဲ့တာလည္းရွိခဲ့ပါတယ္။ဒါ့အျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္ကလည္း တပ္ဘက္က လက္ရွိအခ်ိန္အထိ ၂၁ ႀကိမ္တိတိ ထုတ္ျပန္ေနတဲ့ စာရင္းေတြကလည္း ေ႐ြးေကာက္ပြဲက်င္းပတဲ့ေန႔မွာသုံးခဲ့တဲ့ ျပင္ဆင္ထားတဲ့ မဲစာရင္းေတြကို အေျခခံတာမဟုတ္ဘူးလို႔ ထုတ္ျပန္ခဲ့တာလည္းရွိပါတယ္။ MYNFREL ဆိုတဲ့ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာတဲ့ အဖြဲ႕ကေတာ့ တပ္ဘက္က မဲစာရင္းေတြ စိစစ္ရာမွာသုံးခဲ့တဲ့ နည္းပညာကို ေနာင္ေ႐ြးေကာက္ပြဲမွာ သုံးလို႔ရေအာင္ သိခ်င္တယ္ဆိုၿပီး ေမးခြန္းျပန္ထုတ္ခဲ့တာလည္းရွိပါတယ္။
 
လက္ရွိမွာေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကို အထူးအစည္းအေဝးေခၚခြင့္ ျငင္းပယ္ခဲ့တာနဲ႔ပတ္သက္ ၿပီး ဆက္ဆံေရးအေျခအေနက အေတာ္ေလးကို တင္းမာေနတာက လက္ရွိႏိုင္ငံေရးအရ သိပ္ေကာင္းတဲ့အေျခအေနေတာ့ မဟုတ္ပါဘူး။အာဏာရပါတီဘက္ကေတာ့ ၎တို႔ပါတီအေနနဲ႔ တပ္မေတာ္နဲ႔အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးေကာင္းမြန္ဖို႔ ဥပေဒေဘာင္ထဲက အစြမ္းကုန္ဆက္ဆံေရးေျပျပစ္ေအာင္ႀကိဳးစားခဲ့ၿပီးျဖစ္လို႔ ဆက္လက္ႀကိဳးစားေနဦးမွာျဖစ္ေပမယ့္ ဥပေဒကို ေက်ာ္လြန္ၿပီးေတာ့ ေဆာင္ ယယူ႐ြက္မေပးႏိုင္ဘူးလို႔ ျပည္တြင္းသတင္းစာတစ္ေစာင္ကိုေျပာခဲ့တာ ေတြ႕ရပါတယ္။
 
ေရွ႕ဆက္ အစိုးရသစ္ဖြဲ႕ဖို႔ ရက္ပိုင္းအလို၊လႊတ္ေတာ္ေတြမေခၚခင္မွာ ဘာေတြပြတ္တိုက္မႈေတြ ျမင္ေတြ႕ရဦးမလဲ၊ဒါမွမဟုတ္ ႏိုင္ငံအတြက္ေရွးရႈၿပီး ေကာင္းေသာအေ႐ြ႕အတြက္ ဦးတည္ေဆာင္႐ြက္မႈေတြ ျမင္လာရမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
ဆႏၵျပပြဲမ်ားဦးတည္ရာ ဘယ္ကိုလဲ
 
လတ္တေလာမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဦးတည္တဲ့ ကန႔္ကြက္ပြဲေတြနဲ႔ တပ္မေတာ္ေထာက္ခံပြဲေတြ ခပ္စိပ္စိပ္ေတြ႕ျမင္လာရၿပီး အာဏာပိုင္ေတြဘက္ကလည္း သတ္မွတ္စည္းကမ္းနဲ႔မညီတဲ့ ဆႏၵျပမႈေတြကို ခြင့္မျပဳသလို ခြင့္ျပဳတဲ့ ဆႏၵျပပြဲေတြမွာလည္း ခြင့္ျပဳထားတဲ့ သတ္မွတ္ခ်က္ကို ခ်ိဳးေဖာက္ရင္ အေရးယူတရားစြဲေနတာကိုလည္း ေတြ႕ရပါတယ္။လူမႈကြန္ရက္မွာ‌ေတာ့ ယခုရက္ပိုင္းအတြင္း ၿငိမ္းစုစီဥပ‌ေဒနဲ႔ တရားစြဲခံရလို႔ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ မိုက္ကယ္ေက်ာ္ျမင့္ရဲ႕ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ (YDP) မွာ ဥကၠ႒ေနရာ တာဝန္ယူထားတဲ့ ေဒၚေအးေအးသင္း က ဦးေဆာင္ၿပီး ဇန္နဝါရီ ၂၉ ရက္မွာ ေနျပည္ ေတာ္ရွိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးစိုက္ရာ ေဇယ်ာသီရိၿမိဳ႕နယ္ထဲမွာ လူထုေထာက္ခံပြဲတစ္ခုလုပ္ဖို႔ လူမႈကြန္ရက္မွာ လႈံ႕ေဆာ္ေနတာကို ေတြ႕ရပါတယ္။
 
လူမႈကြန္ရက္မွာေတြ႕ရတဲ့ ဖိတ္စာမွာေတာ့ တပ္မေတာ္က အေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ တိုင္းျပည္ကို ကယ္တင္ေပးရန္ ရဟန္းရွင္လူ ျပည္သူတစ္ရပ္လုံးမွ တာဝန္ေပးအပ္မည့္ တိုင္းျပဳျပည္ျပဳလူထုေတြ႕ဆုံပြဲႀကီးနဲ႔ တိုင္းျပဳျပည္ျပဳ အထိမ္းအမွတ္ေက်ာက္တိုင္ စိုက္ထူပြဲလုပ္ဖို႔ဆိုၿပီး ေတြ႕ရကာ ၿငိမ္းစုစီနဲ႔ တရားစြဲထားလို႔ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ မိုက္ကယ္ေက်ာ္ျမင့္ကိုယ္တိုင္ ဒီပြဲကိုလာေရာက္ဖို႔ အနယ္နယ္အရပ္ရပ္က အမ်ိဳးသားေရးသမားဆိုသူေတြကို လူမႈကြန္ရက္ကေန Live လႊင့္ၿပီး ေဆာ္ဩေနတာလည္း ေတြ႕ရပါတယ္။
 
ဒီပြဲကို ဘာရည္႐ြယ္ခ်က္နဲ႔ ဇန္နဝါရီ ၂၉ ရက္မွာ က်င္းပမွာလဲဆိုတာ မသိရပါဘူး။ဒါေပမယ့္ ကိုဗစ္ ဒုတိယလႈိင္း ကူးစက္မႈေၾကာင့္ ၿပီးခဲတဲ့လေတြက တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးစိုက္ရာ ေဇယ်ာသီရိၿမိဳ႕နယ္မွာ ကူးစက္မႈေတြေၾကာင့္ တပ္မေတာ္သားေတြမွာ ကူးစက္ခံရသူ ရာေက်ာ္ရွိလို႔ ထိန္းခ်ဳပ္ေနရခ်ိန္မွာ အနယ္နယ္အရပ္ရပ္က လူေတြကို ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ကိုလာေရာက္ဖို႔ ေဆာ္ဩလႈံ႕ေဆာ္ေနတာကေတာ့ အေတာ္ေလးကိုအႏၲရာယ္မ်ားတဲ့ လုပ္ရပ္ပါဘဲ။သာမန္လူေတြ ေနျပည္ေတာ္ကို သြားေရာက္ရင္ ကိုဗစ္ ရွိ/မရွိ စစ္ေဆးရၿပီး ကြာရင္တိုင္းဝင္း ေနရတဲ့အခ်ိန္မွာ ဒီလိုေတြ႕ဆုံပြဲအတြက္ လာတဲ့သူေတြ က်န္းမာေရးစစ္ေဆးမႈကို ဘယ္လိုေက်ာ္ျဖတ္လာမလဲဆိုတာ၊ ကြာရင္တိုင္း ၁၄ ရက္ဝင္ခဲ့ရင္ ပြဲက်င္းပတဲ့ရက္ကို မမီႏိုင္တာေတြ၊ တရားဝင္က်င္းပခြင့္ တင္တဲ့အခါ ဒီလိုကိုဗစ္ကာလထဲ ခြင့္ျပဳဖို႔ လိုပါ့မလားဆိုတာ စိတ္ဝင္စားစရာပါ။
 
အထူးသျဖင့္ တတိယအႀကိမ္ လႊတ္ေတာ္က်င္းပခါနီး က်န္းမာေရးနဲ႔ လုံၿခဳံေရးအျပင္ လတ္တေလာ ႏိုင္ငံေရးတင္းမာမႈေတြရွိေနတဲ့အတြက္ အထူးၾကပ္မတ္ေနရတဲ့ အခ်ိန္ကာလမွာ လႊတ္ေတာ္႐ုံးစိုက္ရာ ဒီေနရာေဒသကို ဒီလိုလူေပါင္းစုံလာေအာင္ တရားစြဲလို႔ ေရွာင္ေျပးေနရတဲ့သူတစ္ဦးက ေဆာ္ဩလႈံ႕ေဆာ္ေနတာက အေတာ္ေလးသဘာဝမက်သလို သက္ဆိုင္ရာက ဘာထုတ္ျပန္ခ်က္မွ မထုတ္ေသးတာလည္း အေတာ္ေလး ယနား လည္ရခက္တဲ့ အေျခအေနပါ။
 
ယခုရက္ပိုင္းျပဳလုပ္ေနတဲ့ ေထာက္ခံပြဲေတြ ကန႔္ကြက္ပြဲေတြမွာ ဆႏၵထုတ္ေဖာ္သူက သတ္မွတ္တဲ့အတိုင္း လူ ၃၀ ထက္ မပိုေပမယ့္ ဝန္းရံသူေတြကို စနစ္တက် ဘယ္ေနရာကေနေခၚလာမွန္း မသိရဘဲ ရာနဲ႔ခ်ီၿပီး ကားအမ်ိဳးစားေတြဆင္တူနဲ႔ သယ္ပို႔ေပးေနတာက စိတ္ဝင္စားစရာျဖစ္သလို မေတာ္တဆ ေဒသခံေတြနဲ႔ ျပႆနာျဖစ္လာရင္ ဘယ္လို ရွင္းၾကမလဲ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ ရင္ေလးစရာပါ။တခ်ိဳ႕ဆႏၵျပပြဲေတြက ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ ဖန္တီးေနသလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေန တာမို႔ လြတ္လပ္ေရးရၿပီးကတည္းက လက္နက္ကိုင္ေတြနဲ႔ ရႈပ္ေထြးခဲ့တဲ့ ျမန္မာႏိုင္ငံေရးကို သတိနဲ႔ ေရွ႕ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
 
ခက္ထန္စိုး
ဇန္နဝါရီ - ၁၈