【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အောက်လုံးထိုးတိုက်ခိုက်မှုတွေ၏ နိဂုံး

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အောက်လုံးထိုးတိုက်ခိုက်မှုတွေ၏ နိဂုံး

ယခုရက်သတ္တပတ် သတင်းတွေမှာ အစောပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့သတင်းတွေ၊ မဲဆွယ်သတင်းတွေနဲ့ အများစုစိတ်ဝင်စားနေခဲ့ပေမယ့် အောက်တိုဘာ ၁၀ ရက်က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနဲ့ မီဒီယာတွေ ပုံမှန်သတင်းစာရှင်းလင်းပွဲ အပြီးမှာတော့ နိုင်ငံတော်အကြီးအကဲတွေကို အောက်လုံးထိုး တိုက်ခိုက်အပုပ်ချတဲ့သူတွေ၊ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ပါတီထောင်ကာ ရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေးထဲ ဝင်ရှုပ်ဖို့ကြံနေတဲ့ နှင်းဆီပါတီဥက္ကဋ္ဌရဲ့ ပိုင်ဆိုင်မှုသတင်းတွေ၊ မြန်မာနိုင်ငံထဲခိုးဝင်ပြီး ပါတီကိုလက်လွှဲယူခဲ့တဲ့ သတင်းတွေကို ရှင်းလင်းခဲ့တဲ့ သတင်းတွေက စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ပါတီကြီးတစ်ခုကို ထောက်ခံဝန်းရံသူတွေက လမ်းမှာလှည့်လည်အင်အားပြရင်း ပြဿနာတွေဖြစ်ခဲ့တာကလည်း ယခုရက်သတ္တပတ်ရဲ့ စိတ်ပျက်စရာအကောင်းဆုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့ပါတယ်။ဒီထဲမှာ တပ်မတော်အလင်းဝင်ပါ စာတန်းများ၊ စတစ်ကာများဖြင့် ရခိုင်အရေး ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့လို့ နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ တရားစွဲခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့ နှစ်ဦးကို ထောင်ဒဏ်၂ နှစ်စီ ထပ်မံချမှတ်ခဲ့တဲ့သတင်း၊ မကွေးလေတပ်စခန်းမှ Mig- 29 လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တဲ့သတင်း၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် ၅၂၀၀၀၀ အောက် ကျဆင်းခဲ့ရင်  တောင်သူတွေဆီကနေ စပါး ကျပ် ဘီလီယံ၂၀ ဖိုး ဝယ်ယူပေးဖို့ စီးပွားရေးကော်မတီထံ တင်ပြထားတဲ့သတင်း၊ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က အစိုးရသက်တမ်းတစ်ခု၊ လွှတ်တော်သက်တမ်းတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မပြီးနိုင်ဘူးလို့ သမ္မတကပြောလိုက်တဲ့သတင်း၊ ရခိုင်စစ်ပွဲရပ်တန့်ရေး ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်ကျောင်းသားတွေ ဒါကာမှာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ထိန်းချုပ်နိုင်ပြီလို့ယူဆပြီး လွှတ်တာလား၊ ဖိအားတွေကြောင့်လွှတ်တာလား

တစ်ရက်ကို သေဆုံးသူ နှစ်ဆယ်နဲ့ သုံးဆယ်ကြား၊ တချို့ရက်တွေဆို သေဆုံးသူက သုံးဆယ်ကျော်၊ ကူးစက်ခံရသူက နှစ်ထောင်ထိကျော်လာပြီး တစ်နိုင်ငံလုံးအနှံ့ တွေ့ရှိသူနှစ်သောင်းကျော်လာချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက တင်းကြပ်စွာပိတ်ပင်ထားတဲ့ နေအိမ်မှာသာနေထိုင်ရန် ကြေညာချက်ထဲပါတဲ့ အသေးစားနဲ့ အလတ်စား အလုပ်ရုံ၊ စက်ရုံတွေကို အောက်တိုဘာ ၁၂ ရက်က စပြီး ပြန်ဖွင့်ခွင့်ကို ရုတ်တရက်ထုတ်ပြန်ခဲ့ပါတယ်။ပြန်ဖွင့်ခွင့်ပေးတဲ့နေရာမှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကျန်းမာရေးအဆင့်အတန်း A အဆင့်ရှိတဲ့ လုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့တာပါ။ဒီထဲမှာ ကြေညာချက်အရဆိုရင် လူထောင်နဲ့ချီလုပ်ကိုင်တဲ့ အထည်ချုပ်တွေ၊ အခြားလူအင်အားများစွာသုံးတဲ့ လက်ခစားလုပ်ငန်းတွေ ပါဟန်မတူပါဘူး။ဒါပေမယ့် ဒီသတ်မှတ်ထုတ်ပြန်ချက်ကြောင့် သေချာတာကတော့ ရန်ကုန်မှာ လမ်းပေါ်ကို လူတွေမကြာခင်ရောက်လာတော့မှာဖြစ်သလို တခြားတစ်ဘက်ကလည်း ကူးစက်ခံရမှုနှုန်းတွေ၊ သေဆုံးမှုနှုန်းတွေကလည်း မြင့်တက်လာတော့မှာ မေးစရာမလိုအောင် သေချာနေတဲ့သဘောပဲလို့ ကျန်းမာရေးလုပ်ငန်းနဲ့ အကျွမ်းတဝင်ရှိနေတဲ့သူတွေက ခန့်မှန်းကြပါတယ်။

တင်းကြပ်တဲ့ Stay at Home အစီအစဉ် နှစ်ပတ်အကြာပြီးနောက် အောက်တိုဘာ ၈ ရက်မှာ ပြန်ပြီးလျှော့ပေါ့ပေးမယ်လို့ အများစုကထင်တားပေမယ့် အဆိုပါရက်မပြည့်ခင် အောက်တိုဘာ ၅ ရက်မှာ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများကို အောက်တိုဘာ ၈ ရက်နေ့မှ အောက်တိုဘာ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုဘူးဆိုပြီး မူလသက်တမ်းကို နှစ်ပတ်ဆက်တိုးခဲ့လို့် ရန်ကုန်မြို့ရဲ့ အဓိကလုပ်သားတွေအတွက် အခက်အခဲတွေဖြစ်ခဲ့ပါတယ်။ဒါ့အပြင် ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် အစောပိုင်းက ခန့်မှန်းပြောဆိုခဲ့မှုတွေက ကိုဗစ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ်နှစ်ပတ်မှာ တင်းတင်းကြပ်ကြပ်ကိုင်တွယ်တာတောင် မထိန်းချုပ်နိုင်လောက်အောင် ပျံ့နှံ့ကူးစက်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေထိုးတက်လာခဲ့ပါတယ်။

အဆိုပါရက်တွေမှာ သေဆုံးမှုတွေ ပိုးတွေ့မှုတွေက နေ့စဉ် စံချိန်တင်တက်နေခဲ့တာဖြစ်ပြီး ရန်ကုန်မှာ ပိုးမတွေ့တဲ့မြို့နယ်၊ သေဆုံးမှုမရှိတဲ့မြို့နယ်ဆိုတာ မရှိသလောက်လို့ပြောရမယ့် အခြေအနေပါဘဲ။တစ်ခုစိတ်သက်သာစရာ ရတာက တခြားသောရောဂါတွေ၊ တခြားသောထိခိုက်မှုတွေကြောင့် သေဆုံးသူတွေကို ဆေးစစ်ခဲ့လို့ ရောဂါပိုးတွေ့ခဲ့ရင် ကိုဗစ်ထဲထည့်တယ်ဆိုတဲ့သဘောကို တွေ့နေရတဲ့အတွက် ရန်ကုန်မှာ ပုံမှန်အကြောင်းအမျိုးကြောင့် နေ့စဉ်သေဆုံးသူအရေအတွက်က ယခုအခါ ကိုဗစ်ကြောင့်ဆိုတဲ့ ခေါင်းစဉ်အောက်ကိုရောက်နေခဲ့လို့ သေဆုံးမှုနူန်းတွေ ထိုးတက်နေလားဆိုပြီး စဉ်းစားချင်စရာလည်းရှိခဲ့ပါတယ်။  

အစောပိုင်းကတည်းက တင်းကြပ်တဲ့ Stay at Home အစီအမံကြောင့် ရန်ကုန်ဟာ လော့ခ်ဒေါင်းကျသလိုဖြစ်ခဲ့ပြီး ကုန်ရောင်းကုန်ဝယ်သာမက အခြားသောလုပ်ငန်းဆောင်တာတွေပါ ရပ်ဆိုင်းခဲ့ရသလို ရန်ကုန်မြို့ ရပ်ကွက်တွေမှာ တစ်စိတ်ကို တစ်အိတ်လုပ်တဲ့ အခွင့်အရေးရတုန်း အာဏာပြချင်တဲ့လူတွေကြောင့် လမ်းတွေ၊ ရပ်ကွက်တွေ လုံးဝပိတ်ဆို့သွားတဲ့အတွက် ရန်ကုန်ရဲ့ ကုန်စည်စီးဆင်းမှုက ဆိုးဝါးခဲ့သလို မဖြစ်မနေ အလုပ်လုပ်ကိုင်ရမယ့်သူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဝင်ငွေအလွန်နည်းပါးပြီး စုဆောင်းထားနိုင်တာမရှိတဲ့ လူတန်းစားအများစုအတွက် အဆိုးဆုံးနေ့ရက်တွေဖြစ်ခဲ့ပါတယ်။အထူးသဖြင့် လကုန်ရက်မှာ ကန့်သတ်ချက်တွေကြောင့် လစာထုတ်ဖို့တောင် အပြင်ထွက်ဖို့ အခွင့်မရတဲ့အတွက် ဒါဟာ အလုပ်သမားတွေအတွက် ဒုက္ခဖြစ်ခဲ့ကာ အလုပ်ရှင်တွေအတွက် အခွင့်အရေးဖြစ်ခဲ့ပါတယ်။ဩတချို့အလုပ်ရှင်တွေက လစာကို နောက်လနားကပ်နေတဲ့ အောက်တို ဘာ ၂၄ ရက်မှ စက်တင်ဘာလစာကို ထုတ်ပေးမယ်ဆိုတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်ကို အလုပ်သမားအဖွဲ့တွေရဲ့ ဝေဖန်မှုတွေက ပြင်းထန်ခဲ့ပါတယ်။

ဒီအတွက် အလုပ်သမားအဖွဲ့တွေက စာတွေထုတ်ပြီး တောင်းဆိုမှုတွေလုပ်ခဲ့ရာမှာ အလုပ်သမားအများစုနေထိုင်ရာ အဆောင်တွေ၊ အိမ်ခန်းတွေကနေ အဆောင်လခ နေထိုင်ခတွေ မပေးနိုင်လို့ နှင်ချခံနေရတာတွေကို  ဆောင်ရွက်ပေးဖို့အထိ ပါဝင်ခဲ့ပါတယ်။ဒီလို နေစရာ စားစရာ အခက်တွေ့ခဲ့တဲ့သူတွေကို သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့တွေ စေတနာရှင်တွေက တစ်ပိုင်တစ်နိုင်ကူညီပေမယ့်လည်း သိန်းခုဂဏန်းချီတဲ့ အလုပ်သမားတွေကို အဆင်ပြေဖို့ရာ မလွယ်ပါဘူး။ဒီအတွက် အာဏာပိုင်တွေပါဝင်မှ ဖြစ်မယ့်အနေအထားပါ။ဒါကြောင့်လည်း အောက်တိုဘာ ၈ ရက်မှာ အလုပ်သမားဝန်ကြီး ဦးသိန်းဆွေ က အဆောင်ပိုင်ရှင်များ၊ အိမ်ပိုင်ရှင်များအနေဖြင့် အဆောင်ငှားခ၊ အိမ်ငှားခများကို စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံခဲ့တာကို တွေ့ရပါတယ်။ဒါပေမယ့်လည်း လိုက်နာဖို့မဟုတ်ဘဲ မေတ္တာရပ်ခံတာဖြစ်လို့ မသေချာပါဘူး။ Stay at Home ကြောင့် လုပ်ငန်းတွေ၊ အလုပ်အကိုင်တွေ၊ နေထိုင်သွားလာမှုတွေ တင်းကြပ်စွာရပ်ထားရပေမယ့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေမှာတော့ အဆောင်ငှားခကနေ သတ်မှတ်ချိန်မမီရင် အထည်အော်ဒါမှာသူတွေကို ပြန်လျှော်ရတဲ့အထိ၊ သက်ဆိုင်ရာချေးထားတဲ့ ဘဏ်တိုးတွေ၊ အရစ်ကျ အိမ်ရာသွင်းငွေတွေ အပါအဝင် ရပ်ထားတာမဟုတ်တဲ့အတွက် ဒီလိုကန့်သတ်ချက်တွေ‌က ပထမလှိုင်းမှာ တောင့်ခံနိုင်ခဲ့တဲ့လုပ်ငန်းတွေ၊ လူလတ်တန်းစားတွေပါ ထပ်ပြိုလဲခဲ့ပြီး ကြွေးမြီတွေတိုးလာခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့်  ဈေးတွေကအစ အခြားစက်ရုံအလုပ်ရုံတွေကို ရေရှည်ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေ ဖြစ်လာပါတယ်။ဒီအတွက် အစိုးရအနေနဲ့ ဒီလိုဗိုင်းရပ်စ်နဲ့ အတူယှဉ်တွဲနေထိုင်တဲ့နည်းလမ်းကို ပြန်လည်စဉ်းစားလာရဟန်တူပါတယ်။ရန်ကုန်မြို့ရှိ လူစည်ကားရာဈေးများ၊ ကုန်စည်ပွဲရုံများ၊ လက်ကားဒိုင်ဈေးများဖြစ်သည့် သီရိမင်္ဂလာဈေး၊ ရွှေပိတောက်ငါးဈေး၊ စံပြငါးဈေး၊ တိုင်းနှင့် ပြည်နယ်အသီးသီး ချိတ်ဆက်ဆောင်ရွက်နေရသည့် ဈေးများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်ဖို့ အောက်တိုဘာ ၇ ရက်မှာ ရန်ကုန်မြို့တော်ဝန်က ဆွေးနွေးခဲ့တာကို တွေ့ခဲ့ရပါတယ်။အစောပိုင်းက သွားလာခွင့်ကန့်သတ်ထဲ ပါဝင်ခဲ့သလို မပါဝင်ခဲ့သလိုဖြစ်ခဲ့တဲ့ တက္ကစီယာဉ်တွေကို အောက်တိုဘာ ၉ ရက်မှာ (YRTA ဘက်ကနေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်ညီညွတ်ရင် နယ်ကျော်ပြီးပြေးဆွဲခွင့်ပြုတယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာတော့ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆေးမှု အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိရင် ပြန်လည်လုပ်ကိုင်ခွင့်ပြုတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။အဆိုပါထုတ်ပြန်ချက်မှာ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်လုပ်ကိုင်နိုင်ရေးလို့  ခေါင်းစဉ်တပ်ခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာ ဒိုမီနိုအဖက်လို့ခေါ်တဲ့ ဆင့်ကဲပြိုလဲမှုက စလာနေတာကို မြင်သွားတဲ့ဟန်ရှိပါတယ်။ဒါ့အပြင် မချမ်းသာတဲ့နိုင်ငံဖြစ်နေတဲ့အတွက် ဒီလိုမျိုးထိန်းချုပ်တာက ရေတိုမှာသာ အစိုးရနဲ့ ပြည်သူအတွက် ခံနိုင်ရည်ရှိပြီး လများစွာကြာရှည်တဲ့ ကိုဗစ် ၁၉ လို ဘယ်အချိန်မှပျောက်ကွယ်နိုင်မှန်းမသိတဲ့ ကိုကူးစက်ကပ်ရောဂါမှာ ဒီလိုကျင့်သုံးရင် ရေရှည်မှာ တိုင်းပြည်မတည်မငြိမ်ဖြစ်လာနိုင်တာကိုလည်း ထည့်တွက်မိဟန်တူပါတယ်။

အောက်တိုဘာ ၁၀ ရက်က ပြုလုပ်တဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနဲ့ မီဒီယာတွေ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဒီကူးစက်ကပ်ရောဂါက တစ်လ နှစ်လ သုံးလအတွင်း ဘယ်လောက်ထိရှိနိုင်မလဲ မသိနိုင်ဘူးလို့ဆိုခဲ့သလို အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှာလည်း ကိုဗစ်နဲ့ပတ်သက်ပြီး mask တွေ မတပ်တာကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ရှိတာကို ပြောခဲ့ပါတယ်။

ဒီလိုပြောပြီးနောက် အရေးယူမှုတွေလုပ်ခဲ့တာလည်းရှိခဲ့ပြီး ရန်ကုန် လူစည်ကားရာ ဈေးကြီးတွေမှာ mask မတပ်ဘဲ ဈေးရောင်းချနေတာကို အရေးယူဆောင်ရွက်ခဲ့ရာမှာ ဈေးသည် ၂၅၉ ဦးကို ဒဏ်ရိုက်အရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အောက်တိုဘာ ၈ ရက်မှာ သန်လျင်မြို့မဈေးထဲက mask မတပ်ဘဲ ရောင်းချတဲ့ ဈေးဆိုင်ကိုးဆိုင်ကို သုံးရက်ပိတ်အရေးယူခဲ့တာ၊ ရန်ကုန်တိုင်းမြို့နယ်အတွင်း လှည့်လည်စစ်ဆေးရာမှာ mask နှာခေါင်းစည်း မတပ်ဆင်သူတွေကို အရေးယူတာတွေ၊ ရန်ကုန်မြို့ လမ်းဆုံလမ်းခွတွေမှာ mask မတပ်ဘဲ သွားလာသူတွေကို တစ်ဦးကို ၂၀၀ နဲ့ ဒဏ်ရိုက်ပြီး mask တပ်ဖို့ ကြပ်ကြပ်မတ်မတ်လုပ်ခဲ့တာကို တွေ့ရပါတယ်။

အစောပိုင်းရက်တွေဖြစ်တဲ့ အောက်တိုဘာ ၆ ရက် ညပိုင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပါမောက္ခ ဒေါက်တာဇော်ဝေစိုး က ကူးစက်ပြန့်ပွားမှု ဗဟိုချက်ဖြစ်နေတဲ့ ရန်ကုန်အခြေအနေကို တင်ပြခဲ့ရာမှာ "တစ်ပတ်လောက်ရှိပြီ နိုင်နိုင်နင်းနင်းဆောင်ရွက်လာနိုင်တဲ့ အနေအထားရှိပါတယ်။လက်ရှိအခြေအနေကို သုံးသပ်ရရင် Containment Strategy က အသာစီးရနေတယ်" လို့ ပြောခဲ့သလို ရန်ကုန် ကိုဗစ်ဟာ အနိုင်ရနိုင်မယ့်အနေအထားတွေကို မြင်တွေ့နေရပြီလို့ ထင်ပါတယ်လို့ ပြောခဲ့တာရှိပါတယ်။အောက်တိုဘာ ၇ ရက် မှာတော့‌ ရန်ကုန်တိုင်းဒေသကြီးမှာ  အသစ်တိုးချဲ့ထားတဲ့ COVID-19 Center များနှင့် Oxygen Therapy ပေး နိုင်တဲ့ နေရာတစ်သောင်းကျော်ရှိလို့ ကိုဗစ်လူနာ ၁၀၀ မှာ ၂၀ ခန့် အောက်ဆီဂျင်ပေးနိုင်တဲ့ အနေအထားရှိနေလို့ ကုသကယ်ဆယ်နိုင်မယ် ဆိုပါတယ်။

တစ်ကယ်လည်း တိုးလာနိုင်တဲ့ ကိုဗစ်လူနာတွေအတွက် ကုသမှုစင်တာတွေကို အားချင်းတိုးဆောက်နေတာကိုတွေ့ရပြီး ခုတင် (၅၀၀) ပါဝင်တဲ့  Yangon Convention Center (အင်းယား) စင်တာကို အလျင်အမြန်ဆောက်ပြီး အောက်တိုဘာ ၁၀ ရက်မှာ လွှဲခဲ့တာတွေ့ရပါတယ်။ကုသရာမှာ အရေးကြီးဆုံးဖြစ်တဲ့ Oxygen Therapy ပေးနိုင်တဲ့နေရာတွေလည်း နောက်ပိုင်းမှာ များလာအောင် ထည့်သွင်းအလျင်အမြန်ဆောက်ခဲ့တာ တွေ့ရပါတယ်။ထုတ်ပြန်ချက်တွေအရဆိုရင် သုဝဏ္ဏရှိ ဧရာကိုဗစ်စင်တာမှာ ICU ၊ HDU ခုတင် စုစုပေါင်း ၇၇ ခု၊ Fortune Plaza တွင် Oxygen Therapy ပေးလို့ရနိုင်တဲ့နေရာ ၂၀၀ ခန့်၊ Yangon Convention Center မှာ Oxygen Therapy ပေးလို့ ရနိုင်တဲ့နေရာ ၁၀၄ နေရာအထိ အသီးသီးရှိလာခဲ့ပါတယ်။ဒါ့အပြင် ရန်ကုန်နဲ့ မြန်မာနိုင်ငံရဲ့ အဓိကကုသမှုစင်တာကြီးဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးကိုလည်း ကိုဗစ်လူနာတွေချည်း သီးသန့်ထားဖို့အတွက် အားချင်းပြင်ဆင်ခဲ့ကာ အောက်တိုဘာ ၁၁ ရက်မှာ အပြီးသတ်နိုင်ခဲ့ပြီး တိုးလာနိုင်တဲ့ ကိုဗစ်လူနာအရေအတွက်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်အောင် ပြင်ဆင်နေတာကို တွေ့ရပါတယ်။ပိုးကူးစက်ခံရတဲ့ သံဃာတော်တွေအတွက်လည်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ အဘိဓမ္မ ရတနာဃရ ကိုဗစ် (၁၉) ခုတင် (၃၀၀) သံဃာ့ဆေးရုံကို ပြုလုပ်ခဲ့သလို နောက်ထပ်တိုးလာနိုင်တာတွေအတွက် မဟာသန္တိသုခကျောင်းတော်ကြီးကို COVID-19 သံဃာတော်များ ကုသရေးအတွက် ပြင်ဆင်နေတာကို တွေ့ရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို Cobas 6800 စက်များ၊ RT PRC စက်များ၊ GeneXpert စက်များနှင့် စစ်ဆေးခြင်းအပြင် Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိလို့ ယခုရက်ပိုင်းမှာ ရောဂါပိုးရှိသူအရေအတွက် ပိုမိုတွေ့ရှိလာမယ်လို့ အောက်တိုဘာ ၈ ရက်က သတိပေးခဲ့ပါတယ်။ဒါ့အပြင် အောက်တိုဘာ ၉ ရက်နဲ့ အောက်တိုဘာ ၁၀ ရက် နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်းနဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုသရေးအတွက် အိန္ဒိယကနေထုတ်တဲ့ လက်ရှိ အမေရိကန်သမ္မတ ကိုဗစ်ကူးစက်ခံရလို့ သုံးနေတဲ့ remdesivir ဆေးကို သုံးသင့်သုံးထိုက်တဲ့လူတွေကို သုံးနေသလို နိုင်ငံတော်ကို အိန္ဒိယကလှူထားတာရှိသလို ဝယ်ယူထားတာလည်းရှိတယ် ဆိုပါတယ်။သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကတော့ သတင်းစာရှင်းလင်းပွဲမှာ ဒီဆေးကို အိန္ဒိယဘက်က ရောင်းချသလောက်ဝယ်မှာဖြစ်ပြီး ဘတ်ဂျက်အကန့်အသတ်မရှိဘူးလို့ ပြောခဲ့တာကိုတွေ့ရပါတယ်။  

လက်ရှိအခင်းအကျင်းတွေကို အကုန်ခြုံပြီး သုံးသပ်ရမယ်ဆိုရင် အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်အနေအထားအရ ရနိုင်တာထက် ပိုပြီးပြင်ဆင်ကာ ပိုဝါယမစိုက်ထုတ်ပြီး အားလုံးအထိနာမယ့် အကန့်အသတ်မရှိ ပိတ်ချတာကို ဖယ်ကျဉ်ပြီး ဗိုင်းရပ်စ်တောထဲကို ဖြတ်သန်းဖို့ဆုံးဖြတ်လိုက်တာကို တွေ့ရပါတယ်။ဒီအတွက် အစိုးရဘာလုပ်လုပ် အကောင်းမမြင်တဲ့ ကျန်းမာရေးပညာရှင်အချို့နဲ့ မီဒီယာအချို့ကသာ ဝေဖန်မှုတွေရှိခဲ့ပြီး အများစုကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့အတိုင်း ကျန်းမာရေးအသိနဲ့ ဗိုင်းရပ်စ်တောကိုဖြတ်ကျော်ဖို့ ကြိုဆိုကြတာကိုတွေ့ရပါတယ်။လက်ရှိမှာ အများပြည်သူအနေနဲ့ တင်းကျပ်တဲ့အစီအမံအစား ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်တဲ့ (New Normal ) နေထိုင်မှုပုံစံသစ်အတိုင်း နေထိုင်ကြတာက ရေရှည်မှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ခံသာမယ်ဆိုတာကို တွေးမိကြပုံရပါတယ်။ဒီအတွက် ပြည်သူတွေဘက်က ဘယ်လောက်လိုက်နာလဲဆိုတာ အောက်တိုဘာ ၁၂ ရက်နောက် ပိုးတွေ့မှုစာရင်းကိုကြည့်ရင် သိသာမယ်ထင်ပါတယ်။တစ်ခုရှိတာက အစိုးရအနေနဲ့ ယခင်အစိုးရတွေလို ဖုံးကွယ်တာမလုပ်ဘဲ ကူးစက်ခံရသူအရေအတွက်ကို အရှိအတိုင်းဖော်ပြပြီး ဆောင်ရန်/ရှောင်ရန် သတိပေးကာ တင်းကျပ်မှုကိုလျှော့ချတာဖြစ်လို့ ကူးစက်မှုများလာခဲ့ရင် ပြည်သူအပါအဝင် အားလုံးမှာတာဝန်ရှိတယ်ဆိုတဲ့ အချက်ပါဘဲ..။အဲဒီအတွက် ရန်ကုန်သားတွေရဲ့ မိသားစုချစ်ခင်စိတ်နဲ့ ကျန်းမာရေးအသိရေချိန်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အရှက်ရစရာ အောက်လုံးထိုးတိုက်ခိုက်မှုနောက်ကွယ်က ‘ သောက’

ဒီတစ်ပတ် ထိပ်တန်းဖြစ်ခဲ့တဲ့ သတင်းအများစုက အောက်တိုဘာ ၁၀ ရက်မှာ video conferencing စနစ်နဲ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးနဲ့ သမ္မတရုံးအိမ်တော် သတင်းအဖွဲ့တွေကြား ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲက ထွက်ပေါ်လာမှုတွေပါဘဲ။ဒီသတင်းစာရှင်းလင်းပွဲက အရင်တုန်း နှစ်ပတ်တစ်ခါပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကူးစက်ကပ်ရောဂါပြင်းထန်လာတဲ့ကာလကစပြီး အွန်လိုင်းကနေပြုလုပ်ခဲ့တာဖြစ်ပါတယ်။အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို Myanmar President office Press Briefing ကနေ တိုက်ရိုက်လွှင့်ခဲ့တာကို MOI ကတစ်ဆင့် ထပ်ဆင့်ဖော်ပြပေးခဲ့တဲ့အတွက် အများပြည်သူကြား စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက လတ်တလောအကြောင်းကိစ္စတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံကို လူမှုကွန်ရက်ကနေတစ်ဆင့် ယုတ်ယုတ်ကန်းကန်း ဆဲဆိုတိုက်ခိုက်နေတာတွေ၊ မကြာခင်က ဖမ်းဆီးခဲ့တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ကျော်မြင့် ကို ဖမ်းဆီးပြီးနောက် ဖော်ထုတ်ရရှိမှုတွေ၊ ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ အစိုးရပိုင်းက စီမံနေတဲ့ကိစ္စတွေကို မေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံကို ယုတ်ယုတ်ကန်းကန်း ဆဲဆိုတိုက်ခိုက်နေတာတွေနဲ့ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ရာမှာတော့ ဒီလို အင်တာနက်လူမှုကွန်ရက် Facebook ကနေ အောက်လုံးထိုးတိုက်ခိုက်နေတဲ့၊ သတင်းမှားဖြန့်ဝေနေတဲ့ အကောင့်တုတွေရဲ့ နိုင်ငံ့အနှံ့ရှိ အဖွဲ့အစည်းများ၏ တည်နေရာတွေ၊ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်တွေကို စိစစ်ရရှိပြီးဖြစ်ပေမယ့် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် က အရေးယူလိုခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ဒီအစား ဒီလိုအောက်လုံးထိုးတိုက်ခိုက်နေတဲ့သူတွေ အကောင့်နဲ့ နာမည်ကို အများပြည်သူသိအောင် ဖော်ပြပေးဖို့ ပြောခဲ့ပါတယ်။ဒီလိုဖော်ပြခိုင်းရာမှာ အကောင်နဲ့ page ပေါင်း ၄၉ ခုကို ဖော်ပြခဲ့ပြီး ဒီထဲမှာ Nyo Win ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ သံအမတ်ကြီးဟောင်းလည်းဖြစ် အငြိမ်းစားဗိုလ်မှူးကြီးဟောင်းလည်းဖြစ်တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၇) ဆင်းလို တပ်မတော်အရာရှိဟောင်းအချို့၊ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီအမှတ်တံဆိပ် အသုံးပြုထားတဲ့ Facebook အကောင့်အချို့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။သူတို့တိုက်ခိုက်မှုထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ကိုဗစ်ပိုးတွေ့တယ်၊ သေဆုံးသွားပြီး ယခုလူစားထိုးထားတယ်လို့ ဖော်ပြမှုတွေကနေ သတင်းမှားတွေ၊ ပုံဖျက်သတင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီလို နိုင်ငံတော်အတိုင်ပင်ခံကို အောက်လုံးထိုးတိုက်ခိုက်နေတာကို အရေးယူဖို့ ကာယကံရှင်ရဲ့ သဘောဆန္ဒအရ အရေးမယူပေမယ့် ကိုဗစ်နိုင်တင်းနှင့်ပတ်သက်ပြီး သတင်းမှားတွေထုတ်လွှင့်နေတဲ့ နိုင်ငံရေးပါတီအချို့ရဲ့ ဥက္ကဋ္ဌများကိုတော့ အရေးယူဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။လူတွေ စိုးရိမ်မှုကြီးအောင်၊ သောကရောက်အောင် တခြားသော အကျိုးသက်ရောက်မှုရှိအောင် ရည်ရွယ်ချက်ရှိရှိ သတင်းမှားတင်တာကို အရေးယူဖို့ အစိုးရအနေနဲ့ အထောက်အထား အခိုင်အလုံရထားပြီးဖြစ်ပေမယ့် Facebook အကောင့်ကို ဖျက်ပြေးကြလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ရာမှာ “တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့်နော်။
ပါတီခေါင်းဆောင်တွေလုပ်နေပြီးတော့ ဒီလိုလုပ်ရပ်တော့ မလုပ်နဲ့ပေါ့။သတင်းမှားတွေတင်တယ်။ ဝိုင်းပြီးပြောတဲ့အချိန်မှာတော့ အကောင့်ငုတ် (Disable) သွားတယ်။ဒါတွေက ပြောရရင် ရှက်စရာကောင်းတယ်" လို့ ပြောခဲ့ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာဘဲ လူတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ မကြာမီက ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ကျော်မြင့်ဆိုသူနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်များကို ဖော်ပြရှင်းလင်းခဲ့ပါတယ်။အဆိုပါထောင်ပြေး ကျော်မြင့်ဆိုသူမှာ ကနေဒါကနေတစ်ဆင့် ၂၀၁၂ ခုနှစ်မှာ တရုတ်ကိုရောက်လာကာ ရှမ်းပြည်နယ် မူဆယ်ဝင်ပေါက်မှ မြန်မာနိုင်ငံကို ဝင်လာခဲ့ကြောင်း၊ အဲဒီတုန်းက တရုတ်ကနေ မြန်မာဘက်ကို ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ လူသုံးကုန်တွေ တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံထဲ မူဆယ်ဝင်ပေါက်မှဝင်ရာမှာ မြန်မာနိုင်ငံဖက်က ထုတ်ပေးထားတဲ့  (Border pass) နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ကိုသုံးပြီး တရားဝင် ဝင်ရောက်လာခဲ့ကာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ နေထိုင်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ထိုသို့ဝင်လာရာမှာ ကျော်မြင့်မှာ ယခင်အစိုးရလက်ထက် ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်စာရင်းနှင့် ပယ်ဖျက်ခဲ့သည့် အမည်မည်းစာရင်းထဲမှာ မပါခဲ့ကြောင်းပြောခဲ့သလို၊ ဖမ်းဆီးပြီးနောက် ၎င်းပိုင်ဆိုင်မှုကို စစ်ဆေးခဲ့ရာမှာ ကျပ် ၂၃ ဒသမ ၀၅ ဘီလျံနဲ့ အမေရိကန်ဒေါ်လာ အတော်များများကို တွေ့ခဲ့ရတယ်ဆိုပါတယ်။ဒါ့အပြင် ဒီလိုဖမ်းဆီးတာကလည်း သတင်းမီဒီယာတွေမှာ ကျော်မြင့်နဲ့ပတ်သက်ပြီး ဖော်ပြပါရှိလာပြီးနောက် ရွေးကောက်ပွဲကော်မရှင်က အစိုးရကို စိစစ်ဖော်ထုတ်ရန် တောင်းဆိုလာလို့ ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ပြောခဲ့ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက နှင်းဆီပါတီဥက္ကဋ္ဌကို မြန်မာနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုခဲ့တဲ့အတွက် ထိုစဉ်က သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကို အရေးယူတာနဲ့ပတ်သက်ပြီး မေးခဲ့ပေမယ့် စစ်ဆေးဖော်ထုတ်နေဆဲလို့သာ ပြောခဲ့ပါတယ်။

လက်ရှိ အာဏာရပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူမှုကွန်ရက်ကနေ တိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီး ကာယကံရှင်က အရေးမယူပါနဲ့ဆိုပေမယ့် ဒီလိုအောက်လုံးထိုးတိုက်ခိုက်သူတွေအတွက်ကတော့ သူ့အသိုင်းအ၀ိုင်းမှာတော့  သူ့ကြောင့် အောက်တန်းကျ စိတ်ဓာတ်ယုတ်ညံ့တဲ့သူရှိတဲ့ မိသားစုအဖြစ် မှတ်တမ်းဝင်သွားသလို လူတွေကြားထဲမှာလည်း သူ့မိသားစုဝင်အဖြစ်တော်စပ်သူတွေမှာ သူ့ကြောင့် သွေးကြောင်တဲ့သူတွေ၊ ယုတ်မာတဲ့သူတွေအဖြစ် တစ်သက်လုံးမျက်နှာမဖော်ဝံ့အောင် ဖြစ်ခဲ့ရပြီဖြစ်ပါတယ်။အကျယ်တစ်ဝင့် မသုံးသပ်တော့ပေမယ့် ဒီရက်ပိုင်းထဲ အတိုက်အခံတစ်ဖက်ပါတီက ရပ်ရွာတွေမှာ လှည့်လည်အင်အားပြရင်း အာဏာရပါတီကို ထောက်ခံသူတွေနဲ့ အနီရောင်ဝတ်ထားတဲ့သူတွေ အနီရောင်ပါတာနဲ့ ဝင်ရိုက်ကြတာ၊ အာဏာရပါတီအထိမ်းအမှတ်ရောင်းတဲ့ဆိုင်တွေ၊ တံဆိပ်ကပ်ထားတာတွေ၊ လိုဂိုကပ်ထားတာ၊သီချင်းဖွင့်တာကိုတွေ့ရင် အင်အားနဲ့ အကြမ်းဖက်ရိုက်နှက်တာတွေကိုကြည့်ရင် တစ်ဖက်မှာ အတော်လေးကို သွေးရူးသွေးတမ်းဖြစ်နေတာကို တွေ့ရပါတယ်။အာဏာရပါတီခေါင်းဆောင်ကို ပါတီအချို့၊ မိဒီယာအချို့နဲ့ နိုင်ငံရေးအောက်လုံးထိုးသူအချို့တို့ အချိတ်အဆက်မိမိ ပုံဖော်တိုက်ခိုက်နေကြပေမယ် စစ်တမ်းတွေအရ ယခင်ကထက် ပိုထောက်ခံမှုရနေတဲ့အတွက် အတော်လေးသွေးပျက်နေတဲ့ပုံပါဘဲ။ဒီအတွက် မဲပေးဖို့နီးလာလေ သွေးပျက်ကာ အကြမ်းဖက်မှုတွေ ပိုများလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ် မြန်မာပြည်မှာဖြစ်ထွန်းဖို့အတွက် အာဏာရှင်စနစ်ကို အပြီးသတ်မယ့် နောက်ဆုံးအရွေ့အတွက် ရှေ့ရက်တွေမှာ သတိနဲ့ သည်းခံစိတ်မွေးပြီး ဖြတ်ကျော်ရမှာဖြစ်ပါတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
အောက်တိုဘာ - ၁၂

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြမွာ အေစာပိုင္းက ဗိုင္းရပ္စ္ကူးစက္မႈႏႈန္း ျမင့္တက္ေနတဲ့သတင္းေတြ၊ မဲဆြယ္သတင္းေတြနဲ႔ အမ်ားစုစိတ္ဝင္စားေနခဲ့ေပမယ့္ ေအာက္တိုဘာ ၁၀ ရက္က သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူနဲ႔ မီဒီယာေတြ ပုံမွန္သတင္းစာရွင္းလင္းပြဲ အၿပီးမွာေတာ့ ႏိုင္ငံေတာ္အႀကီးအကဲေတြကို ေအာက္လုံးထိုး တိုက္ခိုက္အပုပ္ခ်တဲ့သူေတြ၊ ျမန္မာႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္လာၿပီး ပါတီေထာင္ကာ ရႈပ္ေထြးေနတဲ့ ျမန္မာ့ႏိုင္ငံေရးထဲ ဝင္ရႈပ္ဖို႔ႀကံေနတဲ့ ႏွင္းဆီပါတီဥကၠ႒ရဲ႕ ပိုင္ဆိုင္မႈသတင္းေတြ၊ ျမန္မာႏိုင္ငံထဲခိုးဝင္ၿပီး ပါတီကိုလက္လႊဲယူခဲ့တဲ့ သတင္းေတြကို ရွင္းလင္းခဲ့တဲ့ သတင္းေတြက စိတ္ဝင္စားစရာအေကာင္းဆုံး ျဖစ္ခဲ့ပါတယ္။
ဒါ့အျပင္ ပါတီႀကီးတစ္ခုကို ေထာက္ခံဝန္းရံသူေတြက လမ္းမွာလွည့္လည္အင္အားျပရင္း ျပႆနာေတြျဖစ္ခဲ့တာကလည္း ယခုရက္သတၱပတ္ရဲ႕ စိတ္ပ်က္စရာအေကာင္းဆုံးသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့ပါတယ္။ဒီထဲမွာ တပ္မေတာ္အလင္းဝင္ပါ စာတန္းမ်ား၊ စတစ္ကာမ်ားျဖင့္ ရခိုင္အေရး ဆႏၵျပလႈပ္ရွားမႈျပဳလုပ္ခဲ့လို႔ ႏိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈနဲ႔ တရားစြဲခံခဲ့ရတဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္မွ ကိုစိုးလွႏိုင္ႏွင့္ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ႏွစ္ဦးကို ေထာင္ဒဏ္၂ ႏွစ္စီ ထပ္မံခ်မွတ္ခဲ့တဲ့သတင္း၊ မေကြးေလတပ္စခန္းမွ Mig- 29 ေလယာဥ္တစ္စင္း ေလ့က်င့္ပ်ံသန္းစဥ္ ေျပးလမ္းေခ်ာ္မႈျဖစ္ပြားခဲ့တဲ့သတင္း၊ လယ္ယာထုတ္ကုန္ စီမံခန႔္ခြဲေရးအဖြဲ႕က အေျခခံရည္ၫႊန္းစပါးေဈးႏႈန္း တင္း ၁၀၀ လွ်င္ က်ပ္ ၅၂၀၀၀၀ ေအာက္ က်ဆင္းခဲ့ရင္  ေတာင္သူေတြဆီကေန စပါး က်ပ္ ဘီလီယံ၂၀ ဖိုး ဝယ္ယူေပးဖို႔ စီးပြားေရးေကာ္မတီထံ တင္ျပထားတဲ့သတင္း၊ ျပဳျပင္ေျပာင္းလဲေရးျဖစ္စဥ္က အစိုးရသက္တမ္းတစ္ခု၊ လႊတ္ေတာ္သက္တမ္းတစ္ခုတည္းနဲ႔ ေဆာင္႐ြက္လို႔မၿပီးႏိုင္ဘူးလို႔ သမၼတကေျပာလိုက္တဲ့သတင္း၊ ရခိုင္စစ္ပြဲရပ္တန႔္ေရး ဘဂၤလားေဒ့ရွ္ေရာက္ ရခိုင္ေက်ာင္းသားေတြ ဒါကာမွာ ဆႏၵေဖာ္ထုတ္ခဲ့တဲ့ သတင္းေတြကလည္း စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။

ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ယူဆၿပီး လႊတ္တာလား၊ ဖိအားေတြေၾကာင့္လႊတ္တာလား

တစ္ရက္ကို ေသဆုံးသူ ႏွစ္ဆယ္နဲ႔ သုံးဆယ္ၾကား၊ တခ်ိဳ႕ရက္ေတြဆို ေသဆုံးသူက သုံးဆယ္ေက်ာ္၊ ကူးစက္ခံရသူက ႏွစ္ေထာင္ထိေက်ာ္လာၿပီး တစ္ႏိုင္ငံလုံးအႏွံ႔ ေတြ႕ရွိသူႏွစ္ေသာင္းေက်ာ္လာခ်ိန္မွာ က်န္းမာေရးဝန္ႀကီးဌာနက တင္းၾကပ္စြာပိတ္ပင္ထားတဲ့ ေနအိမ္မွာသာေနထိုင္ရန္ ေၾကညာခ်က္ထဲပါတဲ့ အေသးစားနဲ႔ အလတ္စား အလုပ္႐ုံ၊ စက္႐ုံေတြကို ေအာက္တိုဘာ ၁၂ ရက္က စၿပီး ျပန္ဖြင့္ခြင့္ကို ႐ုတ္တရက္ထုတ္ျပန္ခဲ့ပါတယ္။ျပန္ဖြင့္ခြင့္ေပးတဲ့ေနရာမွာ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ က်န္းမာေရးအဆင့္အတန္း A အဆင့္ရွိတဲ့ လုပ္ငန္းေတြကို ျပန္ဖြင့္ခြင့္ေပးခဲ့တာပါ။ဒီထဲမွာ ေၾကညာခ်က္အရဆိုရင္ လူေထာင္နဲ႔ခ်ီလုပ္ကိုင္တဲ့ အထည္ခ်ဳပ္ေတြ၊ အျခားလူအင္အားမ်ားစြာသုံးတဲ့ လက္ခစားလုပ္ငန္းေတြ ပါဟန္မတူပါဘူး။ဒါေပမယ့္ ဒီသတ္မွတ္ထုတ္ျပန္ခ်က္ေၾကာင့္ ေသခ်ာတာကေတာ့ ရန္ကုန္မွာ လမ္းေပၚကို လူေတြမၾကာခင္ေရာက္လာေတာ့မွာျဖစ္သလို တျခားတစ္ဘက္ကလည္း ကူးစက္ခံရမႈႏႈန္းေတြ၊ ေသဆုံးမႈႏႈန္းေတြကလည္း ျမင့္တက္လာေတာ့မွာ ေမးစရာမလိုေအာင္ ေသခ်ာေနတဲ့သေဘာပဲလို႔ က်န္းမာေရးလုပ္ငန္းနဲ႔ အကြၽမ္းတဝင္ရွိေနတဲ့သူေတြက ခန႔္မွန္းၾကပါတယ္။

တင္းၾကပ္တဲ့ Stay at Home အစီအစဥ္ ႏွစ္ပတ္အၾကာၿပီးေနာက္ ေအာက္တိုဘာ ၈ ရက္မွာ ျပန္ၿပီးေလွ်ာ့ေပါ့ေပးမယ္လို႔ အမ်ားစုကထင္တားေပမယ့္ အဆိုပါရက္မျပည့္ခင္ ေအာက္တိုဘာ ၅ ရက္မွာ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပးေဆာင္႐ြက္ေသာ လက္ခစားလုပ္ငန္း (CMP) စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္မည့္သူမ်ားကို ေအာက္တိုဘာ ၈ ရက္ေန႔မွ ေအာက္တိုဘာ ၂၁ ရက္ေန႔အထိ လုပ္ငန္းခြင္သြားေရာက္ခြင့္မျပဳဘူးဆိုၿပီး မူလသက္တမ္းကို ႏွစ္ပတ္ဆက္တိုးခဲ့လို႔္ ရန္ကုန္ၿမိဳ႕ရဲ႕ အဓိကလုပ္သားေတြအတြက္ အခက္အခဲေတြျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ က်န္းမာေရးရႈေထာင့္ကေနၾကည့္ရင္ အေစာပိုင္းက ခန႔္မွန္းေျပာဆိုခဲ့မႈေတြက ကိုဗစ္ကို ၿပီးခဲ့တဲ့ရက္သတၱပတ္ႏွစ္ပတ္မွာ တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္တာေတာင္ မထိန္းခ်ဳပ္ႏိုင္ေလာက္ေအာင္ ပ်ံ႕ႏွံ႔ကူးစက္ေနၿပီလားဆိုတဲ့ စိုးရိမ္မႈေတြထိုးတက္လာခဲ့ပါတယ္။

အဆိုပါရက္ေတြမွာ ေသဆုံးမႈေတြ ပိုးေတြ႕မႈေတြက ေန႔စဥ္ စံခ်ိန္တင္တက္ေနခဲ့တာျဖစ္ၿပီး ရန္ကုန္မွာ ပိုးမေတြ႕တဲ့ၿမိဳ႕နယ္၊ ေသဆုံးမႈမရွိတဲ့ၿမိဳ႕နယ္ဆိုတာ မရွိသေလာက္လို႔ေျပာရမယ့္ အေျခအေနပါဘဲ။တစ္ခုစိတ္သက္သာစရာ ရတာက တျခားေသာေရာဂါေတြ၊ တျခားေသာထိခိုက္မႈေတြေၾကာင့္ ေသဆုံးသူေတြကို ေဆးစစ္ခဲ့လို႔ ေရာဂါပိုးေတြ႕ခဲ့ရင္ ကိုဗစ္ထဲထည့္တယ္ဆိုတဲ့သေဘာကို ေတြ႕ေနရတဲ့အတြက္ ရန္ကုန္မွာ ပုံမွန္အေၾကာင္းအမ်ိဳးေၾကာင့္ ေန႔စဥ္ေသဆုံးသူအေရအတြက္က ယခုအခါ ကိုဗစ္ေၾကာင့္ဆိုတဲ့ ေခါင္းစဥ္ေအာက္ကိုေရာက္ေနခဲ့လို႔ ေသဆုံးမႈႏူန္းေတြ ထိုးတက္ေနလားဆိုၿပီး စဥ္းစားခ်င္စရာလည္းရွိခဲ့ပါတယ္။  

အေစာပိုင္းကတည္းက တင္းၾကပ္တဲ့ Stay at Home အစီအမံေၾကာင့္ ရန္ကုန္ဟာ ေလာ့ခ္ေဒါင္းက်သလိုျဖစ္ခဲ့ၿပီး ကုန္ေရာင္းကုန္ဝယ္သာမက အျခားေသာလုပ္ငန္းေဆာင္တာေတြပါ ရပ္ဆိုင္းခဲ့ရသလို ရန္ကုန္ၿမိဳ႕ ရပ္ကြက္ေတြမွာ တစ္စိတ္ကို တစ္အိတ္လုပ္တဲ့ အခြင့္အေရးရတုန္း အာဏာျပခ်င္တဲ့လူေတြေၾကာင့္ လမ္းေတြ၊ ရပ္ကြက္ေတြ လုံးဝပိတ္ဆို႔သြားတဲ့အတြက္ ရန္ကုန္ရဲ႕ ကုန္စည္စီးဆင္းမႈက ဆိုးဝါးခဲ့သလို မျဖစ္မေန အလုပ္လုပ္ကိုင္ရမယ့္သူေတြ၊ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ ဝင္ေငြအလြန္နည္းပါးၿပီး စုေဆာင္းထားႏိုင္တာမရွိတဲ့ လူတန္းစားအမ်ားစုအတြက္ အဆိုးဆုံးေန႔ရက္ေတြျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ လကုန္ရက္မွာ ကန႔္သတ္ခ်က္ေတြေၾကာင့္ လစာထုတ္ဖို႔ေတာင္ အျပင္ထြက္ဖို႔ အခြင့္မရတဲ့အတြက္ ဒါဟာ အလုပ္သမားေတြအတြက္ ဒုကၡျဖစ္ခဲ့ကာ အလုပ္ရွင္ေတြအတြက္ အခြင့္အေရးျဖစ္ခဲ့ပါတယ္။ဩတခ်ိဳ႕အလုပ္ရွင္ေတြက လစာကို ေနာက္လနားကပ္ေနတဲ့ ေအာက္တို ဘာ ၂၄ ရက္မွ စက္တင္ဘာလစာကို ထုတ္ေပးမယ္ဆိုတဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေအာက္တိုဘာ ၅ ရက္ ထုတ္ျပန္ခ်က္ကို အလုပ္သမားအဖြဲ႕ေတြရဲ႕ ေဝဖန္မႈေတြက ျပင္းထန္ခဲ့ပါတယ္။

ဒီအတြက္ အလုပ္သမားအဖြဲ႕ေတြက စာေတြထုတ္ၿပီး ေတာင္းဆိုမႈေတြလုပ္ခဲ့ရာမွာ အလုပ္သမားအမ်ားစုေနထိုင္ရာ အေဆာင္ေတြ၊ အိမ္ခန္းေတြကေန အေဆာင္လခ ေနထိုင္ခေတြ မေပးႏိုင္လို႔ ႏွင္ခ်ခံေနရတာေတြကို  ေဆာင္႐ြက္ေပးဖို႔အထိ ပါဝင္ခဲ့ပါတယ္။ဒီလို ေနစရာ စားစရာ အခက္ေတြ႕ခဲ့တဲ့သူေတြကို သက္ဆိုင္ရာ လူမႈကူညီေရးအဖြဲ႕ေတြ ေစတနာရွင္ေတြက တစ္ပိုင္တစ္ႏိုင္ကူညီေပမယ့္လည္း သိန္းခုဂဏန္းခ်ီတဲ့ အလုပ္သမားေတြကို အဆင္ေျပဖို႔ရာ မလြယ္ပါဘူး။ဒီအတြက္ အာဏာပိုင္ေတြပါဝင္မွ ျဖစ္မယ့္အေနအထားပါ။ဒါေၾကာင့္လည္း ေအာက္တိုဘာ ၈ ရက္မွာ အလုပ္သမားဝန္ႀကီး ဦးသိန္းေဆြ က အေဆာင္ပိုင္ရွင္မ်ား၊ အိမ္ပိုင္ရွင္မ်ားအေနျဖင့္ အေဆာင္ငွားခ၊ အိမ္ငွားခမ်ားကို ေစာင့္ဆိုင္းေပးဖို႔ ေမတၱာရပ္ခံခဲ့တာကို ေတြ႕ရပါတယ္။ဒါေပမယ့္လည္း လိုက္နာဖို႔မဟုတ္ဘဲ ေမတၱာရပ္ခံတာျဖစ္လို႔ မေသခ်ာပါဘူး။ Stay at Home ေၾကာင့္ လုပ္ငန္းေတြ၊ အလုပ္အကိုင္ေတြ၊ ေနထိုင္သြားလာမႈေတြ တင္းၾကပ္စြာရပ္ထားရေပမယ့္ အလုပ္သမားေတြနဲ႔ အလုပ္ရွင္ေတြမွာေတာ့ အေဆာင္ငွားခကေန သတ္မွတ္ခ်ိန္မမီရင္ အထည္ေအာ္ဒါမွာသူေတြကို ျပန္ေလွ်ာ္ရတဲ့အထိ၊ သက္ဆိုင္ရာေခ်းထားတဲ့ ဘဏ္တိုးေတြ၊ အရစ္က် အိမ္ရာသြင္းေငြေတြ အပါအဝင္ ရပ္ထားတာမဟုတ္တဲ့အတြက္ ဒီလိုကန႔္သတ္ခ်က္ေတြ‌က ပထမလႈိင္းမွာ ေတာင့္ခံႏိုင္ခဲ့တဲ့လုပ္ငန္းေတြ၊ လူလတ္တန္းစားေတြပါ ထပ္ၿပိဳလဲခဲ့ၿပီး ေႂကြးၿမီေတြတိုးလာခဲ့ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္  ေဈးေတြကအစ အျခားစက္႐ုံအလုပ္႐ုံေတြကို ေရရွည္ပိတ္ထားဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့အေျခအေန ျဖစ္လာပါတယ္။ဒီအတြက္ အစိုးရအေနနဲ႔ ဒီလိုဗိုင္းရပ္စ္နဲ႔ အတူယွဥ္တြဲေနထိုင္တဲ့နည္းလမ္းကို ျပန္လည္စဥ္းစားလာရဟန္တူပါတယ္။ရန္ကုန္ၿမိဳ႕ရွိ လူစည္ကားရာေဈးမ်ား၊ ကုန္စည္ပြဲ႐ုံမ်ား၊ လက္ကားဒိုင္ေဈးမ်ားျဖစ္သည့္ သီရိမဂၤလာေဈး၊ ေ႐ႊပိေတာက္ငါးေဈး၊ စံျပငါးေဈး၊ တိုင္းႏွင့္ ျပည္နယ္အသီးသီး ခ်ိတ္ဆက္ေဆာင္႐ြက္ေနရသည့္ ေဈးမ်ားကို က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ျပင္ဆင္ဖို႔ ေအာက္တိုဘာ ၇ ရက္မွာ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ေဆြးေႏြးခဲ့တာကို ေတြ႕ခဲ့ရပါတယ္။အေစာပိုင္းက သြားလာခြင့္ကန႔္သတ္ထဲ ပါဝင္ခဲ့သလို မပါဝင္ခဲ့သလိုျဖစ္ခဲ့တဲ့ တကၠစီယာဥ္ေတြကို ေအာက္တိုဘာ ၉ ရက္မွာ (YRTA ဘက္ကေန က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ားႏွင့္ညီၫြတ္ရင္ နယ္ေက်ာ္ၿပီးေျပးဆြဲခြင့္ျပဳတယ္ဆိုၿပီး ေျပာခဲ့တာကိုေတြ႕ရပါတယ္။

ေအာက္တိုဘာ ၁၀ ရက္ ညပိုင္းမွာေတာ့ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပးေဆာင္႐ြက္ေသာ လက္ခစားလုပ္ငန္း (CMP) စက္႐ုံ၊ အလုပ္႐ုံမ်ား၊ အေသးစား၊ အလတ္စားလုပ္ငန္းမ်ား COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္၍ စစ္ေဆးမႈ အဆင့္ A ရရွိေအာင္ ျပင္ဆင္ထားရွိရင္ ျပန္လည္လုပ္ကိုင္ခြင့္ျပဳတယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။အဆိုပါထုတ္ျပန္ခ်က္မွာ အဆိုပါေဒသမ်ားရွိ အလုပ္သမားမ်ား၏ အလုပ္အကိုင္အခြင့္အလမ္း မဆုံးရႈံးေစေရးႏွင့္ စီးပြားေရးလုပ္ငန္းမ်ား စဥ္ဆက္မျပတ္လည္ပတ္လုပ္ကိုင္ႏိုင္ေရးလို႔  ေခါင္းစဥ္တပ္ခဲ့ေပမယ့္ စီးပြားေရးလုပ္ငန္းေတြမွာ ဒိုမီႏိုအဖက္လို႔ေခၚတဲ့ ဆင့္ကဲၿပိဳလဲမႈက စလာေနတာကို ျမင္သြားတဲ့ဟန္ရွိပါတယ္။ဒါ့အျပင္ မခ်မ္းသာတဲ့ႏိုင္ငံျဖစ္ေနတဲ့အတြက္ ဒီလိုမ်ိဳးထိန္းခ်ဳပ္တာက ေရတိုမွာသာ အစိုးရနဲ႔ ျပည္သူအတြက္ ခံႏိုင္ရည္ရွိၿပီး လမ်ားစြာၾကာရွည္တဲ့ ကိုဗစ္ ၁၉ လို ဘယ္အခ်ိန္မွေပ်ာက္ကြယ္ႏိုင္မွန္းမသိတဲ့ ကိုကူးစက္ကပ္ေရာဂါမွာ ဒီလိုက်င့္သုံးရင္ ေရရွည္မွာ တိုင္းျပည္မတည္မၿငိမ္ျဖစ္လာႏိုင္တာကိုလည္း ထည့္တြက္မိဟန္တူပါတယ္။

ေအာက္တိုဘာ ၁၀ ရက္က ျပဳလုပ္တဲ့ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူနဲ႔ မီဒီယာေတြ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူက ဒီကူးစက္ကပ္ေရာဂါက တစ္လ ႏွစ္လ သုံးလအတြင္း ဘယ္ေလာက္ထိရွိႏိုင္မလဲ မသိႏိုင္ဘူးလို႔ဆိုခဲ့သလို ေအာက္တိုဘာ ၉ ရက္က ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနႏွင့္စပ္လ်ဥ္း၍ ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပသည့္ မိန္႔ခြန္းမွာလည္း ကိုဗစ္နဲ႔ပတ္သက္ၿပီး mask ေတြ မတပ္တာကို တင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္ဖို႔ရွိတာကို ေျပာခဲ့ပါတယ္။

ဒီလိုေျပာၿပီးေနာက္ အေရးယူမႈေတြလုပ္ခဲ့တာလည္းရွိခဲ့ၿပီး ရန္ကုန္ လူစည္ကားရာ ေဈးႀကီးေတြမွာ mask မတပ္ဘဲ ေဈးေရာင္းခ်ေနတာကို အေရးယူေဆာင္႐ြက္ခဲ့ရာမွာ ေဈးသည္ ၂၅၉ ဦးကို ဒဏ္႐ိုက္အေရးယူႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ေအာက္တိုဘာ ၈ ရက္မွာ သန္လ်င္ၿမိဳ႕မေဈးထဲက mask မတပ္ဘဲ ေရာင္းခ်တဲ့ ေဈးဆိုင္ကိုးဆိုင္ကို သုံးရက္ပိတ္အေရးယူခဲ့တာ၊ ရန္ကုန္တိုင္းၿမိဳ႕နယ္အတြင္း လွည့္လည္စစ္ေဆးရာမွာ mask ႏွာေခါင္းစည္း မတပ္ဆင္သူေတြကို အေရးယူတာေတြ၊ ရန္ကုန္ၿမိဳ႕ လမ္းဆုံလမ္းခြေတြမွာ mask မတပ္ဘဲ သြားလာသူေတြကို တစ္ဦးကို ၂၀၀ နဲ႔ ဒဏ္႐ိုက္ၿပီး mask တပ္ဖို႔ ၾကပ္ၾကပ္မတ္မတ္လုပ္ခဲ့တာကို ေတြ႕ရပါတယ္။

အေစာပိုင္းရက္ေတြျဖစ္တဲ့ ေအာက္တိုဘာ ၆ ရက္ ညပိုင္း ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားကေန ရန္ကုန္တိုင္းေဒသႀကီး COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဒုတိယဥကၠ႒တာဝန္ယူထားတဲ့ ပါေမာကၡ ေဒါက္တာေဇာ္ေဝစိုး က ကူးစက္ျပန႔္ပြားမႈ ဗဟိုခ်က္ျဖစ္ေနတဲ့ ရန္ကုန္အေျခအေနကို တင္ျပခဲ့ရာမွာ "တစ္ပတ္ေလာက္ရွိၿပီ ႏိုင္ႏိုင္နင္းနင္းေဆာင္႐ြက္လာႏိုင္တဲ့ အေနအထားရွိပါတယ္။လက္ရွိအေျခအေနကို သုံးသပ္ရရင္ Containment Strategy က အသာစီးရေနတယ္" လို႔ ေျပာခဲ့သလို ရန္ကုန္ ကိုဗစ္ဟာ အႏိုင္ရႏိုင္မယ့္အေနအထားေတြကို ျမင္ေတြ႕ေနရၿပီလို႔ ထင္ပါတယ္လို႔ ေျပာခဲ့တာရွိပါတယ္။ေအာက္တိုဘာ ၇ ရက္ မွာေတာ့‌ ရန္ကုန္တိုင္းေဒသႀကီးမွာ  အသစ္တိုးခ်ဲ႕ထားတဲ့ COVID-19 Center မ်ားႏွင့္ Oxygen Therapy ေပး ႏိုင္တဲ့ ေနရာတစ္ေသာင္းေက်ာ္ရွိလို႔ ကိုဗစ္လူနာ ၁၀၀ မွာ ၂၀ ခန႔္ ေအာက္ဆီဂ်င္ေပးႏိုင္တဲ့ အေနအထားရွိေနလို႔ ကုသကယ္ဆယ္ႏိုင္မယ္ ဆိုပါတယ္။

တစ္ကယ္လည္း တိုးလာႏိုင္တဲ့ ကိုဗစ္လူနာေတြအတြက္ ကုသမႈစင္တာေတြကို အားခ်င္းတိုးေဆာက္ေနတာကိုေတြ႕ရၿပီး ခုတင္ (၅၀၀) ပါဝင္တဲ့  Yangon Convention Center (အင္းယား) စင္တာကို အလ်င္အျမန္ေဆာက္ၿပီး ေအာက္တိုဘာ ၁၀ ရက္မွာ လႊဲခဲ့တာေတြ႕ရပါတယ္။ကုသရာမွာ အေရးႀကီးဆုံးျဖစ္တဲ့ Oxygen Therapy ေပးႏိုင္တဲ့ေနရာေတြလည္း ေနာက္ပိုင္းမွာ မ်ားလာေအာင္ ထည့္သြင္းအလ်င္အျမန္ေဆာက္ခဲ့တာ ေတြ႕ရပါတယ္။ထုတ္ျပန္ခ်က္ေတြအရဆိုရင္ သုဝဏၰရွိ ဧရာကိုဗစ္စင္တာမွာ ICU ၊ HDU ခုတင္ စုစုေပါင္း ၇၇ ခု၊ Fortune Plaza တြင္ Oxygen Therapy ေပးလို႔ရႏိုင္တဲ့ေနရာ ၂၀၀ ခန႔္၊ Yangon Convention Center မွာ Oxygen Therapy ေပးလို႔ ရႏိုင္တဲ့ေနရာ ၁၀၄ ေနရာအထိ အသီးသီးရွိလာခဲ့ပါတယ္။ဒါ့အျပင္ ရန္ကုန္နဲ႔ ျမန္မာႏိုင္ငံရဲ႕ အဓိကကုသမႈစင္တာႀကီးျဖစ္တဲ့ ရန္ကုန္ေဆး႐ုံႀကီးကိုလည္း ကိုဗစ္လူနာေတြခ်ည္း သီးသန္႔ထားဖို႔အတြက္ အားခ်င္းျပင္ဆင္ခဲ့ကာ ေအာက္တိုဘာ ၁၁ ရက္မွာ အၿပီးသတ္ႏိုင္ခဲ့ၿပီး တိုးလာႏိုင္တဲ့ ကိုဗစ္လူနာအေရအတြက္ကို ႏိုင္ႏိုင္နင္းနင္းကိုင္တြယ္ႏိုင္ေအာင္ ျပင္ဆင္ေနတာကို ေတြ႕ရပါတယ္။ပိုးကူးစက္ခံရတဲ့ သံဃာေတာ္ေတြအတြက္လည္း ေ႐ႊတိဂုံဘုရား အေရွ႕ဘက္မုခ္ရွိ အဘိဓမၼ ရတနာဃရ ကိုဗစ္ (၁၉) ခုတင္ (၃၀၀) သံဃာ့ေဆး႐ုံကို ျပဳလုပ္ခဲ့သလို ေနာက္ထပ္တိုးလာႏိုင္တာေတြအတြက္ မဟာသႏၲိသုခေက်ာင္းေတာ္ႀကီးကို COVID-19 သံဃာေတာ္မ်ား ကုသေရးအတြက္ ျပင္ဆင္ေနတာကို ေတြ႕ရပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကေတာ့ COVID-19 ဓာတ္ခြဲစစ္ေဆးမႈမ်ားကို Cobas 6800 စက္မ်ား၊ RT PRC စက္မ်ား၊ GeneXpert စက္မ်ားႏွင့္ စစ္ေဆးျခင္းအျပင္ Rapid Antigen Diagnostic Test Kit မ်ားျဖင့္ စစ္ေဆးျခင္းမ်ားကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္လ်က္ရွိလို႔ ယခုရက္ပိုင္းမွာ ေရာဂါပိုးရွိသူအေရအတြက္ ပိုမိုေတြ႕ရွိလာမယ္လို႔ ေအာက္တိုဘာ ၈ ရက္က သတိေပးခဲ့ပါတယ္။ဒါ့အျပင္ ေအာက္တိုဘာ ၉ ရက္နဲ႔ ေအာက္တိုဘာ ၁၀ ရက္ ႏိုင္ငံေတာ္အတိုင္ပင္ခံမိန႔္ခြန္းနဲ႔ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ကုသေရးအတြက္ အိႏၵိယကေနထုတ္တဲ့ လက္ရွိ အေမရိကန္သမၼတ ကိုဗစ္ကူးစက္ခံရလို႔ သုံးေနတဲ့ remdesivir ေဆးကို သုံးသင့္သုံးထိုက္တဲ့လူေတြကို သုံးေနသလို ႏိုင္ငံေတာ္ကို အိႏၵိယကလႉထားတာရွိသလို ဝယ္ယူထားတာလည္းရွိတယ္ ဆိုပါတယ္။သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူကေတာ့ သတင္းစာရွင္းလင္းပြဲမွာ ဒီေဆးကို အိႏၵိယဘက္က ေရာင္းခ်သေလာက္ဝယ္မွာျဖစ္ၿပီး ဘတ္ဂ်က္အကန႔္အသတ္မရွိဘူးလို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။  

လက္ရွိအခင္းအက်င္းေတြကို အကုန္ၿခဳံၿပီး သုံးသပ္ရမယ္ဆိုရင္ အစိုးရအေနနဲ႔ ကိုယ့္တိုင္းျပည္အေနအထားအရ ရႏိုင္တာထက္ ပိုၿပီးျပင္ဆင္ကာ ပိုဝါယမစိုက္ထုတ္ၿပီး အားလုံးအထိနာမယ့္ အကန္႔အသတ္မရွိ ပိတ္ခ်တာကို ဖယ္က်ဥ္ၿပီး ဗိုင္းရပ္စ္ေတာထဲကို ျဖတ္သန္းဖို႔ဆုံးျဖတ္လိုက္တာကို ေတြ႕ရပါတယ္။ဒီအတြက္ အစိုးရဘာလုပ္လုပ္ အေကာင္းမျမင္တဲ့ က်န္းမာေရးပညာရွင္အခ်ိဳ႕နဲ႔ မီဒီယာအခ်ိဳ႕ကသာ ေဝဖန္မႈေတြရွိခဲ့ၿပီး အမ်ားစုကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ဦးေဆာင္တဲ့အတိုင္း က်န္းမာေရးအသိနဲ႔ ဗိုင္းရပ္စ္ေတာကိုျဖတ္ေက်ာ္ဖို႔ ႀကိဳဆိုၾကတာကိုေတြ႕ရပါတယ္။လက္ရွိမွာ အမ်ားျပည္သူအေနနဲ႔ တင္းက်ပ္တဲ့အစီအမံအစား က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္တဲ့ (New Normal ) ေနထိုင္မႈပုံစံသစ္အတိုင္း ေနထိုင္ၾကတာက ေရရွည္မွာ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ခံသာမယ္ဆိုတာကို ေတြးမိၾကပုံရပါတယ္။ဒီအတြက္ ျပည္သူေတြဘက္က ဘယ္ေလာက္လိုက္နာလဲဆိုတာ ေအာက္တိုဘာ ၁၂ ရက္ေနာက္ ပိုးေတြ႕မႈစာရင္းကိုၾကည့္ရင္ သိသာမယ္ထင္ပါတယ္။တစ္ခုရွိတာက အစိုးရအေနနဲ႔ ယခင္အစိုးရေတြလို ဖုံးကြယ္တာမလုပ္ဘဲ ကူးစက္ခံရသူအေရအတြက္ကို အရွိအတိုင္းေဖာ္ျပၿပီး ေဆာင္ရန္/ေရွာင္ရန္ သတိေပးကာ တင္းက်ပ္မႈကိုေလွ်ာ့ခ်တာျဖစ္လို႔ ကူးစက္မႈမ်ားလာခဲ့ရင္ ျပည္သူအပါအဝင္ အားလုံးမွာတာဝန္ရွိတယ္ဆိုတဲ့ အခ်က္ပါဘဲ..။အဲဒီအတြက္ ရန္ကုန္သားေတြရဲ႕ မိသားစုခ်စ္ခင္စိတ္နဲ႔ က်န္းမာေရးအသိေရခ်ိန္ကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

အရွက္ရစရာ ေအာက္လုံးထိုးတိုက္ခိုက္မႈေနာက္ကြယ္က ‘ ေသာက’

ဒီတစ္ပတ္ ထိပ္တန္းျဖစ္ခဲ့တဲ့ သတင္းအမ်ားစုက ေအာက္တိုဘာ ၁၀ ရက္မွာ video conferencing စနစ္နဲ႔ ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေတာ္သမၼတ႐ုံးနဲ႔ သမၼတ႐ုံးအိမ္ေတာ္ သတင္းအဖြဲ႕ေတြၾကား ျပဳလုပ္ခဲ့တဲ့ ပုံမွန္သတင္းစာရွင္းလင္းပြဲက ထြက္ေပၚလာမႈေတြပါဘဲ။ဒီသတင္းစာရွင္းလင္းပြဲက အရင္တုန္း ႏွစ္ပတ္တစ္ခါျပဳလုပ္ခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာ ကူးစက္ကပ္ေရာဂါျပင္းထန္လာတဲ့ကာလကစၿပီး အြန္လိုင္းကေနျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ေအာက္တိုဘာ ၁၀ ရက္က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲကို Myanmar President office Press Briefing ကေန တိုက္႐ိုက္လႊင့္ခဲ့တာကို MOI ကတစ္ဆင့္ ထပ္ဆင့္ေဖာ္ျပေပးခဲ့တဲ့အတြက္ အမ်ားျပည္သူၾကား စိတ္ဝင္စားမႈျမင့္တက္လာခဲ့ပါတယ္။ဒီသတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြက လတ္တေလာအေၾကာင္းကိစၥေတြျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံကို လူမႈကြန္ရက္ကေနတစ္ဆင့္ ယုတ္ယုတ္ကန္းကန္း ဆဲဆိုတိုက္ခိုက္ေနတာေတြ၊ မၾကာခင္က ဖမ္းဆီးခဲ့တဲ့ ႏွင္းဆီပါတီဥကၠ႒ ေက်ာ္ျမင့္ ကို ဖမ္းဆီးၿပီးေနာက္ ေဖာ္ထုတ္ရရွိမႈေတြ၊ ကိုဗစ္ ၁၉ နဲ႔ ပတ္သက္တဲ့ အစိုးရပိုင္းက စီမံေနတဲ့ကိစၥေတြကို ေမးခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံကို ယုတ္ယုတ္ကန္းကန္း ဆဲဆိုတိုက္ခိုက္ေနတာေတြနဲ႔ပတ္သက္ၿပီး သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ရာမွာေတာ့ ဒီလို အင္တာနက္လူမႈကြန္ရက္ Facebook ကေန ေအာက္လုံးထိုးတိုက္ခိုက္ေနတဲ့၊ သတင္းမွားျဖန႔္ေဝေနတဲ့ အေကာင့္တုေတြရဲ႕ ႏိုင္ငံ့အႏွံ႔ရွိ အဖြဲ႕အစည္းမ်ား၏ တည္ေနရာေတြ၊ အီးေမးလ္လိပ္စာႏွင့္ ဖုန္းနံပါတ္ေတြကို စိစစ္ရရွိၿပီးျဖစ္ေပမယ့္ ကာယကံရွင္ ေဒၚေအာင္ဆန္းစုၾကည္ က အေရးယူလိုျခင္းမရွိဘူးလို႔ ေျပာခဲ့ပါတယ္။ဒီအစား ဒီလိုေအာက္လုံးထိုးတိုက္ခိုက္ေနတဲ့သူေတြ အေကာင့္နဲ႔ နာမည္ကို အမ်ားျပည္သူသိေအာင္ ေဖာ္ျပေပးဖို႔ ေျပာခဲ့ပါတယ္။ဒီလိုေဖာ္ျပခိုင္းရာမွာ အေကာင္နဲ႔ page ေပါင္း ၄၉ ခုကို ေဖာ္ျပခဲ့ၿပီး ဒီထဲမွာ Nyo Win ဆိုတဲ့ အေကာင့္ပိုင္ရွင္ဟာ သံအမတ္ႀကီးေဟာင္းလည္းျဖစ္ အၿငိမ္းစားဗိုလ္မႉးႀကီးေဟာင္းလည္းျဖစ္တဲ့ စစ္တကၠသိုလ္ ဗိုလ္ေလာင္းအမွတ္စဥ္ (၇) ဆင္းလို တပ္မေတာ္အရာရွိေဟာင္းအခ်ိဳ႕၊ တပ္မေတာ္ႏွင့္ ျပည္ခိုင္ၿဖိဳးပါတီအမွတ္တံဆိပ္ အသုံးျပဳထားတဲ့ Facebook အေကာင့္အခ်ိဳ႕ ပါဝင္ေနတာကိုလည္း ေတြ႕ရပါတယ္။သူတို႔တိုက္ခိုက္မႈထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္မွာ ကိုဗစ္ပိုးေတြ႕တယ္၊ ေသဆုံးသြားၿပီး ယခုလူစားထိုးထားတယ္လို႔ ေဖာ္ျပမႈေတြကေန သတင္းမွားေတြ၊ ပုံဖ်က္သတင္းေတြနဲ႔ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

ဒီလို ႏိုင္ငံေတာ္အတိုင္ပင္ခံကို ေအာက္လုံးထိုးတိုက္ခိုက္ေနတာကို အေရးယူဖို႔ ကာယကံရွင္ရဲ႕ သေဘာဆႏၵအရ အေရးမယူေပမယ့္ ကိုဗစ္ႏိုင္တင္းႏွင့္ပတ္သက္ၿပီး သတင္းမွားေတြထုတ္လႊင့္ေနတဲ့ ႏိုင္ငံေရးပါတီအခ်ိဳ႕ရဲ႕ ဥကၠ႒မ်ားကိုေတာ့ အေရးယူဖို႔ရွိတယ္လို႔ ေျပာခဲ့ပါတယ္။လူေတြ စိုးရိမ္မႈႀကီးေအာင္၊ ေသာကေရာက္ေအာင္ တျခားေသာ အက်ိဳးသက္ေရာက္မႈရွိေအာင္ ရည္႐ြယ္ခ်က္ရွိရွိ သတင္းမွားတင္တာကို အေရးယူဖို႔ အစိုးရအေနနဲ႔ အေထာက္အထား အခိုင္အလုံရထားၿပီးျဖစ္ေပမယ့္ Facebook အေကာင့္ကို ဖ်က္ေျပးၾကလို႔ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ရာမွာ “တာဝန္ယူမႈ၊ တာဝန္ခံမႈေပါ့္ေနာ္။
ပါတီေခါင္းေဆာင္ေတြလုပ္ေနၿပီးေတာ့ ဒီလိုလုပ္ရပ္ေတာ့ မလုပ္နဲ႔ေပါ့။သတင္းမွားေတြတင္တယ္။ ဝိုင္းၿပီးေျပာတဲ့အခ်ိန္မွာေတာ့ အေကာင့္ငုတ္ (Disable) သြားတယ္။ဒါေတြက ေျပာရရင္ ရွက္စရာေကာင္းတယ္" လို႔ ေျပာခဲ့ပါတယ္။

အဆိုပါသတင္းစာရွင္းလင္းပြဲမွာဘဲ လူေတြစိတ္ဝင္စားမႈျမင့္တက္ေနတဲ့ မၾကာမီက ေထာင္ေျပးမႈျဖင့္ ဖမ္းဆီးခံခဲ့ရသည့္ ႏွင္းဆီပါတီဥကၠ႒ ေက်ာ္ျမင့္ဆိုသူနဲ႔ ပတ္သက္ၿပီး စစ္ေဆးေတြ႕ရွိခ်က္မ်ားကို ေဖာ္ျပရွင္းလင္းခဲ့ပါတယ္။အဆိုပါေထာင္ေျပး ေက်ာ္ျမင့္ဆိုသူမွာ ကေနဒါကေနတစ္ဆင့္ ၂၀၁၂ ခုႏွစ္မွာ တ႐ုတ္ကိုေရာက္လာကာ ရွမ္းျပည္နယ္ မူဆယ္ဝင္ေပါက္မွ ျမန္မာႏိုင္ငံကို ဝင္လာခဲ့ေၾကာင္း၊ အဲဒီတုန္းက တ႐ုတ္ကေန ျမန္မာဘက္ကို ေဆာက္လုပ္ေရးသုံးပစၥည္းေတြ၊ လူသုံးကုန္ေတြ တင္ပို႔ခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံထဲ မူဆယ္ဝင္ေပါက္မွဝင္ရာမွာ ျမန္မာႏိုင္ငံဖက္က ထုတ္ေပးထားတဲ့  (Border pass) နယ္စပ္ျဖတ္ေက်ာ္ခြင့္စာအုပ္ကိုသုံးၿပီး တရားဝင္ ဝင္ေရာက္လာခဲ့ကာ ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္မွာ ေနထိုင္သြားခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ထိုသို႔ဝင္လာရာမွာ ေက်ာ္ျမင့္မွာ ယခင္အစိုးရလက္ထက္ ထုတ္ျပန္ခဲ့တဲ့ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္စာရင္းႏွင့္ ပယ္ဖ်က္ခဲ့သည့္ အမည္မည္းစာရင္းထဲမွာ မပါခဲ့ေၾကာင္းေျပာခဲ့သလို၊ ဖမ္းဆီးၿပီးေနာက္ ၎ပိုင္ဆိုင္မႈကို စစ္ေဆးခဲ့ရာမွာ က်ပ္ ၂၃ ဒသမ ၀၅ ဘီလ်ံနဲ႔ အေမရိကန္ေဒၚလာ အေတာ္မ်ားမ်ားကို ေတြ႕ခဲ့ရတယ္ဆိုပါတယ္။ဒါ့အျပင္ ဒီလိုဖမ္းဆီးတာကလည္း သတင္းမီဒီယာေတြမွာ ေက်ာ္ျမင့္နဲ႔ပတ္သက္ၿပီး ေဖာ္ျပပါရွိလာၿပီးေနာက္ ေ႐ြးေကာက္ပြဲေကာ္မရွင္က အစိုးရကို စိစစ္ေဖာ္ထုတ္ရန္ ေတာင္းဆိုလာလို႔ ဖမ္းဆီးစစ္ေဆးခဲ့တာလို႔ ေျပာခဲ့ပါတယ္။

အဆိုပါသတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြက ႏွင္းဆီပါတီဥကၠ႒ကို ျမန္မာႏိုင္ငံထဲ ဝင္ေရာက္ခြင့္ျပဳခဲ့တဲ့အတြက္ ထိုစဥ္က သက္ဆိုင္ရာ တာဝန္ရွိတဲ့သူေတြကို အေရးယူတာနဲ႔ပတ္သက္ၿပီး ေမးခဲ့ေပမယ့္ စစ္ေဆးေဖာ္ထုတ္ေနဆဲလို႔သာ ေျပာခဲ့ပါတယ္။

လက္ရွိ အာဏာရပါတီေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို လူမႈကြန္ရက္ကေန တိုက္ခိုက္တာေတြနဲ႔ပတ္သက္ၿပီး ကာယကံရွင္က အေရးမယူပါနဲ႔ဆိုေပမယ့္ ဒီလိုေအာက္လုံးထိုးတိုက္ခိုက္သူေတြအတြက္ကေတာ့ သူ႔အသိုင္းအ၀ိုင္းမွာေတာ့  သူ႔ေၾကာင့္ ေအာက္တန္းက် စိတ္ဓာတ္ယုတ္ညံ့တဲ့သူရွိတဲ့ မိသားစုအျဖစ္ မွတ္တမ္းဝင္သြားသလို လူေတြၾကားထဲမွာလည္း သူ႔မိသားစုဝင္အျဖစ္ေတာ္စပ္သူေတြမွာ သူ႔ေၾကာင့္ ေသြးေၾကာင္တဲ့သူေတြ၊ ယုတ္မာတဲ့သူေတြအျဖစ္ တစ္သက္လုံးမ်က္ႏွာမေဖာ္ဝံ့ေအာင္ ျဖစ္ခဲ့ရၿပီျဖစ္ပါတယ္။အက်ယ္တစ္ဝင့္ မသုံးသပ္ေတာ့ေပမယ့္ ဒီရက္ပိုင္းထဲ အတိုက္အခံတစ္ဖက္ပါတီက ရပ္႐ြာေတြမွာ လွည့္လည္အင္အားျပရင္း အာဏာရပါတီကို ေထာက္ခံသူေတြနဲ႔ အနီေရာင္ဝတ္ထားတဲ့သူေတြ အနီေရာင္ပါတာနဲ႔ ဝင္႐ိုက္ၾကတာ၊ အာဏာရပါတီအထိမ္းအမွတ္ေရာင္းတဲ့ဆိုင္ေတြ၊ တံဆိပ္ကပ္ထားတာေတြ၊ လိုဂိုကပ္ထားတာ၊သီခ်င္းဖြင့္တာကိုေတြ႕ရင္ အင္အားနဲ႔ အၾကမ္းဖက္႐ိုက္ႏွက္တာေတြကိုၾကည့္ရင္ တစ္ဖက္မွာ အေတာ္ေလးကို ေသြး႐ူးေသြးတမ္းျဖစ္ေနတာကို ေတြ႕ရပါတယ္။အာဏာရပါတီေခါင္းေဆာင္ကို ပါတီအခ်ိဳ႕၊ မိဒီယာအခ်ိဳ႕နဲ႔ ႏိုင္ငံေရးေအာက္လုံးထိုးသူအခ်ိဳ႕တို႔ အခ်ိတ္အဆက္မိမိ ပုံေဖာ္တိုက္ခိုက္ေနၾကေပမယ္ စစ္တမ္းေတြအရ ယခင္ကထက္ ပိုေထာက္ခံမႈရေနတဲ့အတြက္ အေတာ္ေလးေသြးပ်က္ေနတဲ့ပုံပါဘဲ။ဒီအတြက္ မဲေပးဖို႔နီးလာေလ ေသြးပ်က္ကာ အၾကမ္းဖက္မႈေတြ ပိုမ်ားလာႏိုင္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ ဒီမိုကေရစီစနစ္ ျမန္မာျပည္မွာျဖစ္ထြန္းဖို႔အတြက္ အာဏာရွင္စနစ္ကို အၿပီးသတ္မယ့္ ေနာက္ဆုံးအေ႐ြ႕အတြက္ ေရွ႕ရက္ေတြမွာ သတိနဲ႔ သည္းခံစိတ္ေမြးၿပီး ျဖတ္ေက်ာ္ရမွာျဖစ္ပါတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၁၂