【 တစ်ပတ်အတွင်း ပြည်တွင်း သတင်းသုံးသပ်ချက် 】အပြောင်းအလဲတွေ မြင်ရနိုင်ခြေရှိနေပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်း သတင်းသုံးသပ်ချက် 】အပြောင်းအလဲတွေ မြင်ရနိုင်ခြေရှိနေပြီလား

ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့သတင်းတွေထဲမှာ ထူးထူးခြားခြားသတိထားမိခဲ့တဲ့ သတင်းတွေ ရှိသလို အပြောင်းအလဲတစ်ခုဖြစ်လာမလားလို့ ထင်ရတဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။ ဒီထဲမှာ တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်းဖြစ်ခဲ့ပေမယ့် တရားခံရှာမရအဖြစ်ကိုရောက်ခဲ့တဲ့ နာမည်ကျော် ဗစ်တိုးရီးယား အမှု မှာ မှားယွင်းအဖမ်းခံရတဲ့ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို ပြန်တရားစွဲတဲ့ ဖြစ်တောင်ဖြစ်ခဲ့သတင်းမျိုးကနေ ယခုထိ ခွက်ခွက်လန်အရှုံးကို လက်မခံသေးတဲ့ ပါတီတချို့ရဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း ဆန္ဒပြ လှုပ်ရှားမှုတွေ၊ ကိုဗစ် ကူးစက်မှုကြောင့် ယခုရက်ထဲ နိုင်ငံရေးနဲ့ အနုပညာလောကထဲက ထင်ရှားတဲ့ သူတချို့ ကွယ်လွန်ခဲ့တဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တိုင်းရင်းသားပါတီတွေ ကြား က အခင်အကျင်းသတင်းတွေကလည်း ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားဖွယ်ရာတွေ ပါဘဲ။

ဒီလိုသတင်းတွေထဲမှာ  ကိုအောင်ကြီး ဆိုသူက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်တရားစွဲတဲ့ ဖြစ်ရပ်က တော့ စိတ်ဝင်စားဖွယ်ရာပါဘဲ။

အမှန်တရားအတွက် တိုက်တဲ့ သူတွေ

ယခုရက်ထဲမှာ ထူးထူးခြားခြား မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လျော်ကြေးနှင့်နစ်နာကြေးတောင်းတဲ့ တရားစွဲဆိုမှု ဖြစ်ခဲ့ပါတယ်။ စွဲခဲ့သူက တခြားတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နာမည်ကြီးခဲ့တဲ့ ဗစ်တိုးရီးယားအမှုလို့ လူသိများတဲ့ သက်ငယ်မုဒိမ်းအမှုတစ်ခုမှာ သံသယတရားခံအဖြစ်ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူ ကိုအောင်ကြီးဆိုသူကပါ။ သူက မမှန်မကန်တရားစွဲဆို ချုပ်နှောင်ခံရပြီး ဂုဏ်သိက္ခာထိခိုက်ခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ လျော်ကြေးနဲ့ နစ်နာကြေးငွေ ကျပ်သိန်း ငါးထောင်ရဖို့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

ဒီအမှုကို ကိုအောင်ကြီးဘက်ကနေ နာမည်ကြီးရှေ့နေတွေကလိုက်ပါဆောင်ရွက်မှာ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ကိုအောင်ကြီးကို တရားစွဲဆိုစဉ်မှာ သက်သေနှစ်ယောက်ကို စစ်ဖို့ကျန်ချိန်မှာ တရားရှင်လွှတ်ခဲ့တာပါ။ တရားရှင်လွှတ်တဲ့အတွက် အချိန်မရွေး ဒီအမှုနဲ့ ပြန်ဖမ်း နိုင်တယ်လို့ ဆိုတဲ့ အတွက် ဒီလို တရားစွဲဆိုမှုကနေ အဓိကကျူးလွန်ခဲ့ပြီး လွတ်မြောက်နေတဲ့ တရားခံကို  ပြန်ရှာဖွေထုတ်ဖော်နိုင် မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ဒါကို တရားရုံးကလက်ခံလိုက်ပြီး ဇန်နဝါရီ ၁၅ ရက်ကို ပြန်ချိန်းတဲ့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ဘယ်သူလာတရားရင်ဆိုင်မလဲဆိုတာ အားလုံးကသိချင်နေပါတယ်။

ဒီသက်ငယ်မုဒိမ်းအမှုက အတော်ကိုလူမဆန်တဲ့ ဖြစ်ရပ်ဖြစ်ပြီး တရားခံမဖော်ထုတ်နိုင်ခဲ့တဲ့ အတွက် ပြည်သူတွေက ကျေနပ်မှုရှိခဲ့တဲ့ အမှုမဟုတ်ပါဘူး။ ဒီအတွက် အဓိကတရားခံအစစ်ကို ဘယ်သူဘယ်ဝါဖြစ်စေ ပြတ်ပြတ်သားသားအရေးယူစေချင်တာပါ။ နောက်တစ်ခုက ပြောင်းလဲလာတဲ့တရားစီရင်ရေးပါဘဲ။ ဒီလိုတရားစွဲမှုမျိုး(ဝါ)အစိုးရအဖွဲ့အစည်းကို တရားပြန်စွဲတာမျိုးက ဒီဘက်ခေတ်မှာ ဒါပထမဆုံးပါဘဲ။ ဒီလို ခွင့်ပြုတဲ့ အတွက် အုပ်ချုပ်ရေးပိုင်းက ပြည်သူဝန်ထမ်းတွေ ကို တရားစွဲမှုတွေ ရှိလာနိုင်တာ အစဉ်အလာ ဖြစ်မှာမို အပြန်အလှန်ထိန်းကျောင်းမှုက အားကောင်းလာမှာပါ။

ဒီလို တရားစွဲဆိုမှုမှာ ဘယ်လိုဘဲ ရလဒ်ထွက်ထွက် ယခင်က တိုင်ကြားမှု၊အမှုလက်ခံစစ်ဆေးဖို့ တောင်လက်မခံတဲ့ အခင်းအကျင်းကနေ ယခုဆို ရုံးတင်စစ်ဆေးဖို့အထိ ဖြစ်လာတာ၊ ရွေ့လာတာ ထူးခြားတဲ့ အပြောင်းအလဲပါဘဲ။ ယခင်ခေတ်ကဆိုရင်တော့ ဒီလိုတိုင်ကြားမှုက ကိုယ်သေတွင်းကိုယ်တူးသလို ဖြစ်ရပ်ပါ ဘဲ။ ဒီမိုကရေစီခေတ် အရပ်သားအစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ နစ်နာသူအပေါ် ရပ်တည်ပေးတဲ့ ထူးခြားတဲ့ပြောင်းလဲလာမှုကိုတော့ လက်ခံပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ပထမဆုံးရုံးချိန်းမှာ  ဘယ်သူက ရဲတပ်ဖွဲ့အတွက် ထွက်လာပြီး တရားရင်ဆိုင်မလဲ၊ဒီကြားထဲမှာ ဘာတွေ ဖြစ်လာနိုင်သေးလဲ၊ ဒီတရားစွဲဆိုမှု ကနေ နစ်နာခဲ့ရတဲ့ လူမမည်ကလေးငယ် ဗစ်တိုးရီးယားအတွက် ကုစားပေးနိုင်မယ် တရားမျှတမှုကို ဖော်ထုတ်ပေးနိုင်မလား၊ လူမဆန်တဲ့ တရားခံကို ဆွဲထုတ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာ ဒီလို တရားမမှုတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ အတော်များ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ကလောမှာ တပ်မတော်အရာရှိနှစ်ဦးကို မော်တော်ယာဉ်စစ်ဆေးရာမှာ လိုင်စင် ပြသနိုင်ခြင်းမရှိလို့ တပ်မတော်ဥပဒေများနှင့်အညီအရေးယူနိုင်ဖို့  တပ်ဘက်ကို လွှဲပြောင်းပေးခဲ့ရတဲ့ သတင်း၊ ကျိုက်ထိုမှာ ယာဉ်တိုက်မှုဖြစ်ရာကနေ အထောက်အထားမဲ့ ဘင်္ဂါလီခုနှစ်ဦးကိုခေါ်ဆောင်လာတဲ့ ဒု-ရဲအုပ် တစ်ဦးကို အမှုဖွင့်အရေးယူထားတဲ့သတင်းတွေလည်း ရှိခဲ့ပါတယ်။ ဒီလို သတင်းတွေအပြင် သင်္ဃန်းကျွန်းမြို့ နယ်၊ ငမိုးရိပ်ရပ်ကွက်အတွင်းက တိုက်ခန်းတစ်ခန်းမှ အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက် တို့ ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ သတင်းကလည်း စိတ်ဝင်စားစရာပါဘဲ။

ဒီအမှုက ရန်ကုန်မှာ ဒီရက်ပိုင်းအတွင်း စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့သလို အများစောင့်ကြည့်ခဲ့ရတဲ့ သတင်းလည်းဖြစ်ခဲ့ပါတယ်။ ဒါအပြင် သွေးကွက်တွေပေါ်က ဖိနပ်ခြေရာကို အများပြည်သူက  သံသယဖြစ်စရာ ဖြစ်ခဲ့လို့ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဒီခြေရာက သေသူရဲ့ဖိနပ်ခြေရာဆိုပြီးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ဒီကနဦးထုတ်ပြန်ချက်မှာ မကြာခဏ စကားများလေ့ရှိကြောင်းနဲ့ ဖြစ်ချိန်မှာ အခန်းတံခါးကို အတွင်း ကနေ သော့ခတ်ပိတ်ထားလေ့ရှိတယ်ဆိုပြီးထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။ သတင်းတွေမှာတော့ ဒီလူသတ်မှုမှာ သေသူ ကိုယ်တိုင်ရေးထားတဲ့ သွေးစွန်းနေတဲ့ စာရွက်နှစ်ရွက်ကို တွေ့ရကြောင်း၊ အဆိုပါသေတမ်းစာအရ လူမှုရေးကိစ္စအရှုပ်အရှင်းများကြောင့် စကားများရန်ဖြစ်ကာ အမျိုးသားကအမျိုးသမီးအား သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့‌‌ကြောင်း ဖော်ပြတာကိုတွေ့ရပါတယ်။ဒါပမေယ့် လူမှုကွန်ရက်တွေ မှာတော့ စိစပ်သေချာတဲ့ သုံးသပ်ချက်တွေ ရေးနေတာ ဖော်ပြနေတာကို တွေ့ရပြီး နှစ်လောင်းပြိုင် လူသတ်မှုက ထင်ထားတာထက် ပိုရှုပ်ထွေးနေသလို မြင်ရတဲ့ အတွက် ထင်မြင်ချက်တွေ မှန်သလား၊မှားသလားဆိုတာ လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ နာမည်ကျော် စီအိုင်ဒီကိုင်တွယ်နေတာဖြစ်လို့ မကြာခင်သိရမယ်ထင်ပါတယ်။

ဒီတစ်ပတ်မှာဘဲ ထူးထူးခြားခြား အစိုးရရုံးစိုက်ရာမြို့ဖြစ်ပြီး ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်မှုမှာ အဓိက ကြိုးကိုင်စေခိုင်းသူ တရားခံ အောင်ဝင်းခိုင်ပျောက်ဆုံးခဲ့တဲ့ နေပြည်တော်မှာ ကျပ်သန်း လေးထောင်ကျော် သုံးပြီး အရေးကြီးတဲ့နေရာတွေကို CCTVတပ်ထားတဲ့ သတင်းကိုဖတ်ရပါတယ်။ ဒါဟာကောင်းတဲ့ သတင်း တစ်ခုဖြစ်သလို ဦးကိုနီအမှုတုန်းက ပျောက်သွားတဲ့ ကွင်းဆက်က နေပြည်တော် ပရဆေးဥယျာဉ်နားမှာ ဖြစ်လို့ ဒီလို လူသတ်ကောင်တစ်ဦး ပျောက်ဆုံးသွားခဲ့တဲ့ နေရာဒေသမှာ နိုင်ငံရဲ့အရေးကြီးတဲ့သူတွေ နေတာဖြစ်နေလို့ အခုလို လုပ်တာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုပါဘဲ။ဒီလိုတပ်ဆင်ပြီး နေပြည်တော်ကောင်စီဝန်းထဲမှာ ထားတဲ့ ထိန်းချုပ်စင်တာကနေ စောင့်ကြည့်မယ်ဆိုတဲ့ အတွက် နာမည်ကျော် ၀ရမ်းပြေးတွေ၊ လူသတ်ထွက် ပြေးနေတဲ့သူတွေ အခြားသော အလိုရှိသူတွေကို CCTVကနေ ခြေရာခံပြီး မိတာတွေ ဖြစ်လာနိုင်သလို သောင်းကျန်းနေတဲ့ လက်မည်းအချို့လည်း ထင်သလို လှုပ်ရှားသွားလာနိုင်စရာ  မရှိလို့ အရပ်သားအစိုးရ အတွက် ခေါင်းရှုပ်ရမယ့် အချို့ကိစ္စတွေ လျော့ပါးနိုင်တဲ့ လုပ်ဆောင်မှု ဖြစ်လာနိုင်ခြေရှိနေပါတယ်။

အရပ်သားအစိုးရဆိုလို ယခုရက်ထဲမှာ အစိုးရကိုအခက်တွေ့စေနိုင်တဲ့ ဘာသာရေးအဓိကရုဏ်းဘက် ကို နွယ်တဲ့ လုပ်ဆောင်မှုမျိုးတစ်ခု ဇလွန်ဘက်မှာ ဖြစ်ခဲ့တာရှိပါတယ်။ ဖြစ်တာက ဒီဇင်ဘာ ၁၄ ရက် ညပိုင်း ကဖြစ်ခဲ့တာပါ။  ညဘက်ကြီး အနက်ရောင်တွေဝတ်ထားတဲ့ လူ ၁၀ ဦးက ဘုန်ကြီးကျောင်းထဲက ပစ္စည်းတွေ ဝင်ဖျက်ဆီးပြီး ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်ခဲ့တာလို့ သတင်းတွေမှာ တွေ့ရပါတယ်။ အတော်လည်း စဉ်းစားရကျပ်တဲ့ ကိစ္စလို့ဆိုလို့ရပေမယ် အသေအချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ကျောင်းထိုင်ဆရာတော်ကို ရန်ပြုတာတွေကို တွက်ဆရင် လုယက်တာ၊စတဲ့ သာမန်ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ဘဲ ဘာသာရေးဘက်ကို နွယ်နေတဲ့အတွက် သတိထားစရာပါဘဲ။

ရွေးကောက်ပွဲမတိုင်ခင် ဦးဝီရသူ လာအဖမ်းခံခဲ့သလို ဦးကိုနီလုပ်ကြံမှုအတွက် ရုံးချိန်းတွေမှာ အများ ပြည်သူကို ခြိမ်းခြောက်ခဲ့တဲ့ “ထမင်း၀အောင်စားထား”ဆိုတဲ့ တီရှပ်ဝတ်တဲ့ သူထဲက ၀ရမ်းထုတ်ခံရပြီး တစ် နှစ်ကျော်အကြာ ထွက် ပြေးနေတဲ့ ဟိဏ်းဝေယံဆိုသူ ထိုင်းဘက်ကနေ ချိတ်ဆက်ကာ လာအဖမ်းခံပြီးနောက် ဆက်တိုက်ဆို သလို ဒီအဖွဲ့ထဲက မြတ်ဘုန်းမိုရ်နဲ့  အောင်လင်းတို့ လာအဖမ်းခံခဲ့တာကို ထူးထူးခြားခြားတွေ့ ရပါတယ်။ ယခုရက်ထဲမှာ ဒီသုံးယောက်ကို တစ်ပူးတွဲပြီး အလုပ်နှင့်ထောင်ဒဏ်၁နှစ်စီချမှတ်ခဲ့တာကို လည်း တွေ့ရပါတယ်။ ဒီလို၀ရမ်းပြေးတွေ ပြန်လာအဖမ်းခံတာ ကောင်းတဲ့ ကိစ္စဖြစ်ပေမယ့် ဘာ‌ကြောင့် လာအဖမ်း ခံတာလဲဆိုတာကို စဉ်းစားကြည့်တဲ့အခါ သမ္မတသစ်တက်တိုင်းထုတ်ပြန်တဲ့ လွတ်ငြိမ်းခွင့်ထဲ ပါချင်လို့လား၊ သူတို့ခိုအောင်းနေတဲ့ နေရာမှာ နောက် ၅ နှစ် ဆက်မနေနိုင်လို့လား၊ တခြားသောရည်ရွယ်ချက်တွေရှိ နေသလားဆိုတာ အတွေးများစရာပါ။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က တွေးပြီး ပြည်သူထောက်ခံတဲ့ အရပ်သား အစိုးရဆက်တာဝန်ယူတဲ့ နောက် ၅ နှစ်မှာ အစိုးရကို အတိုက်အခံပြုနေတဲ့ သူတွေရဲ့ လုပ်ရပ်က ကောင်းတာ လုပ် မလား၊ဆိုးတာလုပ်မလား ဆိုတာ ဆက်မြင်ရမယ်ထင်ပါတယ်။

ဒီရက်ထဲမှာဘဲ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဇေယျာလွင် ကို သံချပ်ထိုးတဲ့ ကိစ္စနဲ့ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းစသည့် မြို့နယ်ပေါင်းများစွာမှာ တရားစွဲဆိုခံရတာမှာ မအူပင်တရားရုံးက နောက်ထပ် ထောင် ၆ လထပ်ချခဲ့လို့  စုစုပေါင်းထောင်ဒဏ် ၆ နှစ်ထိ ရှိလာခဲ့ပါတယ်။ အတော်လေး စိတ်မသက်မသာဖြစ်ရတဲ့ ကိစ္စပါဘဲ။ ဒီရက်သတ္တပတ်မှာ ဒီသတင်းတွေကိုဖတ်ရတဲ့ အခါ အတွေး များစွာနဲ့ နောက်ရက်တွေ ဘာဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်ဆိုတာ တွေးမိခဲ့ပါတယ်။

မြန်မာ-ရုရှား၊မြန်မာ-အမေရိကန် ထူးခြားသည့်ဖြစ်ရပ်များ

 

ယခုရက်ထဲ နိုင်ငံတကာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အာဏာရပါတီကို အသိမှတ်ပြုတာ တွေ ၊ ရေရှည်ဆက်ဆံရေးအတွက် ပြောတာဆိုတာ ဆက်ဆံတာတွေ လုပ်ခဲ့တာကိုတွေ့ရပါတယ်။ဒီလို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပေမယ့် ပြည်တွင်းမှာတော့  ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ ပါတီအချို့လည်း ယခုထိရှိနေပြီး ဆန္ဒပြတာတွေ ခပ်စိပ်စိပ်လုပ်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ သူတို့ ရည်ရွယ်ချက်က လက်ရှိရလဒ်ကို မကျေနပ်လို့ ပြည်သူတွေကိုယ်စား ဆန္ဒဖော်ထုတ်တာ၊ လုပ်ရတာဆိုပေမယ့် တစ်ကယ်က သူတို့ ရွေးကောက်မခံရတာကို မကျေနပ်တဲ့အတွက်ပါ။ အများပြည်သူကတော့ လက်ရှိရလဒ်ကို ကျေနပ်ပြီး အရပ်သားအစိုးရစစ်စစ်ဖြစ်ဖို့ ပြတ်ပြတ်သားသားရပ်တည်ပေးသလို ရွေးကော်ဆန္ဒပြတဲ့သူတွေက ဘယ်လို လူတွေဆိုတာသိလို့ ခပ်ကင်းကင်းနေကြတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရွေးကော်နဲ့ တပ်မတော်ကြား အပြန်အလှန်စာထုတ်ကြတာမှာ ယခု ရက်သတ္တပတ်မှာ ဒီကိစ္စကိုမတွေ့ရတော့သလောက် ဖြစ်သွားပြီး ဒီအစား အစိုးရသစ်ထဲဘယ်သူတွေ တာဝန်ယူမလဲ၊ ဘယ်သူတွေကိုတော့ မပေးသင့်ကြောင်းနှပ်ကြောင်းပေးတဲ့ သတင်းတွေကိုသာ တွေ့ခဲ့ရပါတယ်။ ဒီရက် အစိုးရသတင်းတွေထဲမှာ ဒီရက်ပိုင်းအတွင်း အမေရိကန်ဒု-နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိတဲ့ သူတွေနဲ့ ဖုန်းဆက်စကားပြောခဲ့တာတွေကလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ သတင်းထုတ် ပြန်မှုတွေထဲမှာတော့ လက်ရှိ အမေရိကန်ဒု-နိုင်ငံခြားရေးဝန်ကြီး Stephen E. Biegun နဲ့ စကားပြောခဲ့တာ ဖြစ်ပြီး မြန်မာဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကိုကိုင်တွယ်နေတဲ့  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လက်ခံပြောခဲ့တာပါ။

 ပြောတဲ့ အထဲမှာတော့ ထုံစံအတိုင်း အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှုတိုးဖို့၊ ရခိုင် ကိစ္စ၊ မြန်မာနိုင်ငံကိုအသစ်ရောက်လာမယ့် အမေရိကန်သံအမတ်ကိစ္စ စတာတွေ ပါပါတယ်။ အချုပ်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ၂၀၁၆ ခုနှစ်ကစခဲ့တဲ့ မြန်မာ-အမေရိကန် မိတ်ဖက် ဆက်ဆံ ရေးယန္တရားကို ပြန်လည်ပတ်ဖို့ပါဘဲ။ ဒီဇင်ဘာ ၂၁ရက်မှာ တော့ မြန်မာနဲ့ ရုရှားနိုင်ငံအကြား အာကာသ ဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်းမပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန် ခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုလက်မှတ်ရေးထိုးရာမှာ မြန်မာဘက်က ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ ရုရှား ဘက်က နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov တို့က အဝေးရောက်စနစ်နဲ့ လက်မှတ်ရေးထိုးခဲ့တာဆိုပါတယ်။ နိုင်ငံကြီး နှစ်နိုင်ငံက ဒီရက်ပိုင်းမှာ မြန်မာအစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တာက ကောင်းမွန်တဲ့ လှုပ် ရှားမှုတွေလို့ထင်ပါတယ်။

အမေရိကန်ဘက်မှာ သမ္မတသစ်တက်လာမှာဖြစ်လို့ အမေရိကန်-မြန်မာဆက်ဆံရေးက ပိုပြီးနီးကပ်လာ နိုင်ခြေရှိတယ်လို့ နိုင်ငံတကာက သုံးသပ်ထားသလို  အမေရိကန်နဲ့ တရုတ်နိုင်ငံအကြားရှိနေတဲ့ တင်းမာမှုတွေ ကြောင့် တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းဖြစ်သလို တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံ တကာ ဆက်ဆံရေးမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မြင်လာရနိုင်ခြေရှိနေပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအရပ် သားအစိုးရရဲ့ ဒုတိယသက်တမ်းမှာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေ၊ အဂတိတရားကင်းရှင်းရေးနဲ့ မူးယစ် ဆေးဝါး နှိမ်နှင်းရေးတွေက ပထမသက်တမ်းထက် ပိုခရီးရောက်လာခြေရှိနေတာကြောင့် တချို့သော ပြည်တွင်းက ဩဇာ တက္ကမကြီးမားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ၊ပြည်ပနိုင်ငံတွေနဲ့ အကျိုးစီးပွား ပဋိပက္ခကြီးကြီးမားမား ဖြစ်နိုင်လာခြေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုကလည်း အရေးတကြီးလိုနေတာပါ။ ကံကောင်းနေတာက အနောက်ဘက် ရခိုင်မှာ စစ်ပွဲတွေ ရပ်နားထားလို့ ‌ဒေသခံတွေ ဘုရားဖူးကြတာ များလွန်းတဲ့အတွက်  ဗိုင်းရပ်စ်ပြန်ကူးမှာစိုးလို့ ကျန်းမာရေးဘက်က တားမြစ်ရတဲ့ အထိပါဘဲ။ ဒါပေမယ့် မန္တလေးတိုင်းဘက် မိုးကုတ်၊ ရှမ်းဘက်က ကျောက်မဲ စတဲ့နေရာတွေမှာတော့ လက်နက်ကိုင်တွေ ကြောင့် ဒေသခံတွေ ကျီးလန့်စာစားဖြစ်နေတဲ့ အထိပါဘဲ။

မြန်မာအလုပ်သမား အများစု သွားနေတဲ့ ထိုင်းဆိုရင်လည်း မြန်မာဘက်က ပြန်လာတဲ့ ရွေ့ပြောင်း အလုပ်သမားတွေကြောင့် ထိုင်းမှာ ကူးစက် မှု့မြင့်တက်လာလို့ မြန်မာဘက်ကို ပိတ်ရတာရှိသလို ဗြိတိန်မှာ တွေ့ နေတဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲသစ်ကိစ္စ‌ကြောင့် ဖွင့်တာ မကြာသေးတဲ့ တချို့လေဆိပ်တွေ ၊လေကြောင်း လိုင်းတွေကို မကြာခင်က အားချင်းပိတ်ခဲ့တာကိုတွေ့ရပါတယ်။ဒီလို တကမ္ဘာလုံး ကူးစက်မှုမြန်လွန်းတဲ့ ဗြိတိန်က ကိုရိုနာ ဗိုင်း ရပ်စ် မျိုးကွဲကိုသတိထားနေချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ဒီရက်ပိုင်းမှာ ထူးထူးခြားခြား  New Normal နဲ့ လုပ်ငန်းတွေ ပြန်စဖို့ ဆော်ဩလာတာကိုတွေ့ရပါတယ်။ ဒီရက်ထဲမှာဘဲ မြန်မာနိုင်ငံတစ်ဝန်း ကူးစက်နူန်းက ကျ ဆင်းလာခဲ့နေတဲ့အတွက် ကာကွယ်ဆေးမရခင် လူအစုလိုက်ရှိလာနိုင်တဲ့ နှစ်ကူးအခါကြီး ရက်ကြီး ပွဲလမ်းသဘင် ကြီးတွေကို ပိတ်ပြီး သာမန်ပုံစံအတိုင်း ပြန်ဖွင့်လာနိုင်ခြေရှိနေတာကို တွေ့ရပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကပ်ရောဂါနောက်ဆုံးတိုက်ပွဲကို ဆင်နွဲဖို့ ပြင်ဆင်နေပြီလို့ ပြောခဲ့ ပြီး မကြာခင်မှာ ထိန်းချုပ်အဆင့်ကို ဆက်သွားဖို့ ပြင်နေတယ်လို့ပြောခဲ့ပါတယ်။ရန်ကုန်က မြန်မာနိုင်ငံရဲ့ စီးပွား ရေးမြို့တော်ဖြစ်နေလို့ ကိုဗစ်ကိုထိန်းချုပ်ရာမှာ အခက်အခဲရှိသလို အများစုဖြစ်တဲ့  လက်လုပ်လက်စားကို အိမ် ပြင်မထွက်ရအောင်ထိန်းချုပ်ဖို့ဆိုရင် ဝမ်းရေးဖြေရှင်းတာဝန်ယူပေးဖို့ ခက်ခဲ့တယ်လို့ ပြောခဲ့တာလည်းရှိပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာ တစ်ခုရှိပါသေးတယ်။ဒါက အသွားအလာကန့်သတ်မှုများ ဖြေလျော့လာရင် ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ စီးပွားရေး တဖြည်းဖြည်းပြန်လည် နာလန်ထူလာနိုင် မယ် ဆိုတဲ့ ခန့်မှန်းချက်ပါ။ဒီလို အကြောင်းအချက်တွေရယ် ဒီရက်ပိုင်းမှာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲတာတွေရယ်ကိုကြည့်ရင် အစိုးရက နိုင်ငံစီးပွားရေးအတွက် new normalပုံစံနဲ့ လုပ်ငန်းတွေ သွားလာမှု တွေကို ပြန်ဖွင့်ပေးနိုင်ခြေရှိနေလို့ ကာကွယ်ဆေးမတိုင်ခင် မြန်မာစီးပွားရေး ပြန်တက်မတက် ကြည့်ရတော့မှာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ်ပြည်တွင်သတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

 

ခက်ထန်စိုး

 

(  Zawgyi  )

 

 ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တဲ့သတင္းေတြထဲမွာ ထူးထူးျခားျခားသတိထားမိခဲ့တဲ့ သတင္းေတြ ရွိသလို အေျပာင္းအလဲတစ္ခုျဖစ္လာမလားလို႔ ထင္ရတဲ့ သတင္းေတြလည္းရွိခဲ့ပါတယ္။ ဒီထဲမွာ တစ္ႏိုင္ငံလုံး အုတ္ေအာ္ေသာင္းတင္းျဖစ္ခဲ့ေပမယ့္ တရားခံရွာမရအျဖစ္ကိုေရာက္ခဲ့တဲ့ နာမည္ေက်ာ္ ဗစ္တိုးရီးယား အမႈ မွာ မွားယြင္းအဖမ္းခံရတဲ့ ကိုေအာင္ႀကီးက ရဲတပ္ဖြဲ႕ကို ျပန္တရားစြဲတဲ့ ျဖစ္ေတာင္ျဖစ္ခဲ့သတင္းမ်ိဳးကေန ယခုထိ ခြက္ခြက္လန္အရႈံးကို လက္မခံေသးတဲ့ ပါတီတခ်ိဳ႕ရဲ႕ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံေၾကာင္း ဆႏၵျပ လႈပ္ရွားမႈေတြ၊ ကိုဗစ္ ကူးစက္မႈေၾကာင့္ ယခုရက္ထဲ ႏိုင္ငံေရးနဲ႔ အႏုပညာေလာကထဲက ထင္ရွားတဲ့ သူတခ်ိဳ႕ ကြယ္လြန္ခဲ့တဲ့ သတင္းေတြနဲ႔ စိတ္ဝင္စားဖြယ္ရာ ေ႐ြးေကာက္ပြဲအႏိုင္ရပါတီနဲ႔ တိုင္းရင္းသားပါတီေတြ ၾကား က အခင္အက်င္းသတင္းေတြကလည္း ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားဖြယ္ရာေတြ ပါဘဲ။

ဒီလိုသတင္းေတြထဲမွာ  ကိုေအာင္ႀကီး ဆိုသူက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ျပန္တရားစြဲတဲ့ ျဖစ္ရပ္က ေတာ့ စိတ္ဝင္စားဖြယ္ရာပါဘဲ။

အမွန္တရားအတြက္ တိုက္တဲ့ သူေတြ

ယခုရက္ထဲမွာ ထူးထူးျခားျခား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ေလ်ာ္ေၾကးႏွင့္နစ္နာေၾကးေတာင္းတဲ့ တရားစြဲဆိုမႈ ျဖစ္ခဲ့ပါတယ္။ စြဲခဲ့သူက တျခားေတာ့မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံမွာ နာမည္ႀကီးခဲ့တဲ့ ဗစ္တိုးရီးယားအမႈလို႔ လူသိမ်ားတဲ့ သက္ငယ္မုဒိမ္းအမႈတစ္ခုမွာ သံသယတရားခံအျဖစ္ဖမ္းဆီးခံခဲ့ရၿပီး ျပန္လည္လြတ္ေျမာက္လာခဲ့သူ ကိုေအာင္ႀကီးဆိုသူကပါ။ သူက မမွန္မကန္တရားစြဲဆို ခ်ဳပ္ေႏွာင္ခံရၿပီး ဂုဏ္သိကၡာထိခိုက္ခဲ့ရတဲ့ အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေန ေလ်ာ္ေၾကးနဲ႔ နစ္နာေၾကးေငြ က်ပ္သိန္း ငါးေထာင္ရဖို႔ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တရားစြဲဆိုခဲ့တာပါ။

ဒီအမႈကို ကိုေအာင္ႀကီးဘက္ကေန နာမည္ႀကီးေရွ႕ေနေတြကလိုက္ပါေဆာင္႐ြက္မွာ ျဖစ္လို႔ စိတ္ဝင္စားစရာ ေကာင္းခဲ့ပါတယ္။ ကိုေအာင္ႀကီးကို တရားစြဲဆိုစဥ္မွာ သက္ေသႏွစ္ေယာက္ကို စစ္ဖို႔က်န္ခ်ိန္မွာ တရားရွင္လႊတ္ခဲ့တာပါ။ တရားရွင္လႊတ္တဲ့အတြက္ အခ်ိန္မေ႐ြး ဒီအမႈနဲ႔ ျပန္ဖမ္း ႏိုင္တယ္လို႔ ဆိုတဲ့ အတြက္ ဒီလို တရားစြဲဆိုမႈကေန အဓိကက်ဴးလြန္ခဲ့ၿပီး လြတ္ေျမာက္ေနတဲ့ တရားခံကို  ျပန္ရွာေဖြထုတ္ေဖာ္ႏိုင္ မလားဆိုတာကလည္း စိတ္ဝင္စားစရာပါ။ဒါကို တရား႐ုံးကလက္ခံလိုက္ၿပီး ဇန္နဝါရီ ၁၅ ရက္ကို ျပန္ခ်ိန္းတဲ့ အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဘက္က ဘယ္သူလာတရားရင္ဆိုင္မလဲဆိုတာ အားလုံးကသိခ်င္ေနပါတယ္။

ဒီသက္ငယ္မုဒိမ္းအမႈက အေတာ္ကိုလူမဆန္တဲ့ ျဖစ္ရပ္ျဖစ္ၿပီး တရားခံမေဖာ္ထုတ္ႏိုင္ခဲ့တဲ့ အတြက္ ျပည္သူေတြက ေက်နပ္မႈရွိခဲ့တဲ့ အမႈမဟုတ္ပါဘူး။ ဒီအတြက္ အဓိကတရားခံအစစ္ကို ဘယ္သူဘယ္ဝါျဖစ္ေစ ျပတ္ျပတ္သားသားအေရးယူေစခ်င္တာပါ။ ေနာက္တစ္ခုက ေျပာင္းလဲလာတဲ့တရားစီရင္ေရးပါဘဲ။ ဒီလိုတရားစြဲမႈမ်ိဳး(ဝါ)အစိုးရအဖြဲ႕အစည္းကို တရားျပန္စြဲတာမ်ိဳးက ဒီဘက္ေခတ္မွာ ဒါပထမဆုံးပါဘဲ။ ဒီလို ခြင့္ျပဳတဲ့ အတြက္ အုပ္ခ်ဳပ္ေရးပိုင္းက ျပည္သူဝန္ထမ္းေတြ ကို တရားစြဲမႈေတြ ရွိလာႏိုင္တာ အစဥ္အလာ ျဖစ္မွာမို အျပန္အလွန္ထိန္းေက်ာင္းမႈက အားေကာင္းလာမွာပါ။

ဒီလို တရားစြဲဆိုမႈမွာ ဘယ္လိုဘဲ ရလဒ္ထြက္ထြက္ ယခင္က တိုင္ၾကားမႈ၊အမႈလက္ခံစစ္ေဆးဖို႔ ေတာင္လက္မခံတဲ့ အခင္းအက်င္းကေန ယခုဆို ႐ုံးတင္စစ္ေဆးဖို႔အထိ ျဖစ္လာတာ၊ ေ႐ြ႕လာတာ ထူးျခားတဲ့ အေျပာင္းအလဲပါဘဲ။ ယခင္ေခတ္ကဆိုရင္ေတာ့ ဒီလိုတိုင္ၾကားမႈက ကိုယ္ေသတြင္းကိုယ္တူးသလို ျဖစ္ရပ္ပါ ဘဲ။ ဒီမိုကေရစီေခတ္ အရပ္သားအစိုးရလက္ထက္မွာ ဝန္ႀကီးဌာနေတြရဲ႕ နစ္နာသူအေပၚ ရပ္တည္ေပးတဲ့ ထူးျခားတဲ့ေျပာင္းလဲလာမႈကိုေတာ့ လက္ခံေပးရမွာ ျဖစ္ပါတယ္။ ဒီအတြက္ ပထမဆုံး႐ုံးခ်ိန္းမွာ  ဘယ္သူက ရဲတပ္ဖြဲ႕အတြက္ ထြက္လာၿပီး တရားရင္ဆိုင္မလဲ၊ဒီၾကားထဲမွာ ဘာေတြ ျဖစ္လာႏိုင္ေသးလဲ၊ ဒီတရားစြဲဆိုမႈ ကေန နစ္နာခဲ့ရတဲ့ လူမမည္ကေလးငယ္ ဗစ္တိုးရီးယားအတြက္ ကုစားေပးႏိုင္မယ္ တရားမွ်တမႈကို ေဖာ္ထုတ္ေပးႏိုင္မလား၊ လူမဆန္တဲ့ တရားခံကို ဆြဲထုတ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒီတစ္ပတ္ထဲမွာ ဒီလို တရားမမႈေတြ၊ တရားဥပေဒစိုးမိုးေရးနဲ႔ ပတ္သက္တဲ့ သတင္းေတြ အေတာ္မ်ား ျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။ ကေလာမွာ တပ္မေတာ္အရာရွိႏွစ္ဦးကို ေမာ္ေတာ္ယာဥ္စစ္ေဆးရာမွာ လိုင္စင္ ျပသႏိုင္ျခင္းမရွိလို႔ တပ္မေတာ္ဥပေဒမ်ားႏွင့္အညီအေရးယူႏိုင္ဖို႔  တပ္ဘက္ကို လႊဲေျပာင္းေပးခဲ့ရတဲ့ သတင္း၊ က်ိဳက္ထိုမွာ ယာဥ္တိုက္မႈျဖစ္ရာကေန အေထာက္အထားမဲ့ ဘဂၤါလီခုႏွစ္ဦးကိုေခၚေဆာင္လာတဲ့ ဒု-ရဲအုပ္ တစ္ဦးကို အမႈဖြင့္အေရးယူထားတဲ့သတင္းေတြလည္း ရွိခဲ့ပါတယ္။ ဒီလို သတင္းေတြအျပင္ သဃၤန္းကြၽန္းၿမိဳ႕ နယ္၊ ငမိုးရိပ္ရပ္ကြက္အတြင္းက တိုက္ခန္းတစ္ခန္းမွ အမ်ိဳးသားတစ္ေယာက္ နဲ႔ အမ်ိဳးသမီးတစ္ေယာက္ တို႔ ဒဏ္ရာမ်ားနဲ႔ ေသဆုံးေနတဲ့ သတင္းကလည္း စိတ္ဝင္စားစရာပါဘဲ။

ဒီအမႈက ရန္ကုန္မွာ ဒီရက္ပိုင္းအတြင္း စိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့သလို အမ်ားေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းလည္းျဖစ္ခဲ့ပါတယ္။ ဒါအျပင္ ေသြးကြက္ေတြေပၚက ဖိနပ္ေျခရာကို အမ်ားျပည္သူက  သံသယျဖစ္စရာ ျဖစ္ခဲ့လို႔ ေနာက္ပိုင္းမွာ ရဲတပ္ဖြဲ႕က ဒီေျခရာက ေသသူရဲ႕ဖိနပ္ေျခရာဆိုၿပီးထုတ္ျပန္ခဲ့တာကို ေတြ႕ရပါတယ္။ ဒီကနဦးထုတ္ျပန္ခ်က္မွာ မၾကာခဏ စကားမ်ားေလ့ရွိေၾကာင္းနဲ႔ ျဖစ္ခ်ိန္မွာ အခန္းတံခါးကို အတြင္း ကေန ေသာ့ခတ္ပိတ္ထားေလ့ရွိတယ္ဆိုၿပီးထုတ္ျပန္ထားတာကိုလည္းေတြ႕ရပါတယ္။ သတင္းေတြမွာေတာ့ ဒီလူသတ္မႈမွာ ေသသူ ကိုယ္တိုင္ေရးထားတဲ့ ေသြးစြန္းေနတဲ့ စာ႐ြက္ႏွစ္႐ြက္ကို ေတြ႕ရေၾကာင္း၊ အဆိုပါေသတမ္းစာအရ လူမႈေရးကိစၥအရႈပ္အရွင္းမ်ားေၾကာင့္ စကားမ်ားရန္ျဖစ္ကာ အမ်ိဳးသားကအမ်ိဳးသမီးအား သတ္ကာ မိမိကိုယ္ကို အဆုံးစီရင္ခဲ့‌‌ေၾကာင္း ေဖာ္ျပတာကိုေတြ႕ရပါတယ္။ဒါပေမယ့္ လူမႈကြန္ရက္ေတြ မွာေတာ့ စိစပ္ေသခ်ာတဲ့ သုံးသပ္ခ်က္ေတြ ေရးေနတာ ေဖာ္ျပေနတာကို ေတြ႕ရၿပီး ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈက ထင္ထားတာထက္ ပိုရႈပ္ေထြးေနသလို ျမင္ရတဲ့ အတြက္ ထင္ျမင္ခ်က္ေတြ မွန္သလား၊မွားသလားဆိုတာ လူမႈကြန္ရက္မွာ နာမည္ႀကီးေနတဲ့ နာမည္ေက်ာ္ စီအိုင္ဒီကိုင္တြယ္ေနတာျဖစ္လို႔ မၾကာခင္သိရမယ္ထင္ပါတယ္။

ဒီတစ္ပတ္မွာဘဲ ထူးထူးျခားျခား အစိုးရ႐ုံးစိုက္ရာၿမိဳ႕ျဖစ္ၿပီး ဦးကိုနီကိုလုပ္ႀကံသတ္ျဖတ္မႈမွာ အဓိက ႀကိဳးကိုင္ေစခိုင္းသူ တရားခံ ေအာင္ဝင္းခိုင္ေပ်ာက္ဆုံးခဲ့တဲ့ ေနျပည္ေတာ္မွာ က်ပ္သန္း ေလးေထာင္ေက်ာ္ သုံးၿပီး အေရးႀကီးတဲ့ေနရာေတြကို CCTVတပ္ထားတဲ့ သတင္းကိုဖတ္ရပါတယ္။ ဒါဟာေကာင္းတဲ့ သတင္း တစ္ခုျဖစ္သလို ဦးကိုနီအမႈတုန္းက ေပ်ာက္သြားတဲ့ ကြင္းဆက္က ေနျပည္ေတာ္ ပရေဆးဥယ်ာဥ္နားမွာ ျဖစ္လို႔ ဒီလို လူသတ္ေကာင္တစ္ဦး ေပ်ာက္ဆုံးသြားခဲ့တဲ့ ေနရာေဒသမွာ ႏိုင္ငံရဲ႕အေရးႀကီးတဲ့သူေတြ ေနတာျဖစ္ေနလို႔ အခုလို လုပ္တာ ေကာင္းမြန္တဲ့ လုပ္ေဆာင္မႈပါဘဲ။ဒီလိုတပ္ဆင္ၿပီး ေနျပည္ေတာ္ေကာင္စီဝန္းထဲမွာ ထားတဲ့ ထိန္းခ်ဳပ္စင္တာကေန ေစာင့္ၾကည့္မယ္ဆိုတဲ့ အတြက္ နာမည္ေက်ာ္ ၀ရမ္းေျပးေတြ၊ လူသတ္ထြက္ ေျပးေနတဲ့သူေတြ အျခားေသာ အလိုရွိသူေတြကို CCTVကေန ေျခရာခံၿပီး မိတာေတြ ျဖစ္လာႏိုင္သလို ေသာင္းက်န္းေနတဲ့ လက္မည္းအခ်ိဳ႕လည္း ထင္သလို လႈပ္ရွားသြားလာႏိုင္စရာ  မရွိလို႔ အရပ္သားအစိုးရ အတြက္ ေခါင္းရႈပ္ရမယ့္ အခ်ိဳ႕ကိစၥေတြ ေလ်ာ့ပါးႏိုင္တဲ့ လုပ္ေဆာင္မႈ ျဖစ္လာႏိုင္ေျခရွိေနပါတယ္။

အရပ္သားအစိုးရဆိုလို ယခုရက္ထဲမွာ အစိုးရကိုအခက္ေတြ႕ေစႏိုင္တဲ့ ဘာသာေရးအဓိက႐ုဏ္းဘက္ ကို ႏြယ္တဲ့ လုပ္ေဆာင္မႈမ်ိဳးတစ္ခု ဇလြန္ဘက္မွာ ျဖစ္ခဲ့တာရွိပါတယ္။ ျဖစ္တာက ဒီဇင္ဘာ ၁၄ ရက္ ညပိုင္း ကျဖစ္ခဲ့တာပါ။  ညဘက္ႀကီး အနက္ေရာင္ေတြဝတ္ထားတဲ့ လူ ၁၀ ဦးက ဘုန္ႀကီးေက်ာင္းထဲက ပစၥည္းေတြ ဝင္ဖ်က္ဆီးၿပီး ေက်ာင္းထိုင္ဆရာေတာ္ကို ၿခိမ္းေျခာက္ခဲ့တာလို႔ သတင္းေတြမွာ ေတြ႕ရပါတယ္။ အေတာ္လည္း စဥ္းစားရက်ပ္တဲ့ ကိစၥလို႔ဆိုလို႔ရေပမယ္ အေသအခ်ာျပန္စဥ္းစားၾကည့္မယ္ဆိုရင္ ပစၥည္းေတြကို ဖ်က္ဆီးတာ၊ ေက်ာင္းထိုင္ဆရာေတာ္ကို ရန္ျပဳတာေတြကို တြက္ဆရင္ လုယက္တာ၊စတဲ့ သာမန္ျဖစ္႐ိုး ျဖစ္စဥ္ မဟုတ္ဘဲ ဘာသာေရးဘက္ကို ႏြယ္ေနတဲ့အတြက္ သတိထားစရာပါဘဲ။

ေ႐ြးေကာက္ပြဲမတိုင္ခင္ ဦးဝီရသူ လာအဖမ္းခံခဲ့သလို ဦးကိုနီလုပ္ႀကံမႈအတြက္ ႐ုံးခ်ိန္းေတြမွာ အမ်ား ျပည္သူကို ၿခိမ္းေျခာက္ခဲ့တဲ့ “ထမင္း၀ေအာင္စားထား”ဆိုတဲ့ တီရွပ္ဝတ္တဲ့ သူထဲက ၀ရမ္းထုတ္ခံရၿပီး တစ္ ႏွစ္ေက်ာ္အၾကာ ထြက္ ေျပးေနတဲ့ ဟိဏ္းေဝယံဆိုသူ ထိုင္းဘက္ကေန ခ်ိတ္ဆက္ကာ လာအဖမ္းခံၿပီးေနာက္ ဆက္တိုက္ဆို သလို ဒီအဖြဲ႕ထဲက ျမတ္ဘုန္းမိုရ္နဲ႔  ေအာင္လင္းတို႔ လာအဖမ္းခံခဲ့တာကို ထူးထူးျခားျခားေတြ႕ ရပါတယ္။ ယခုရက္ထဲမွာ ဒီသုံးေယာက္ကို တစ္ပူးတြဲၿပီး အလုပ္ႏွင့္ေထာင္ဒဏ္၁ႏွစ္စီခ်မွတ္ခဲ့တာကို လည္း ေတြ႕ရပါတယ္။ ဒီလို၀ရမ္းေျပးေတြ ျပန္လာအဖမ္းခံတာ ေကာင္းတဲ့ ကိစၥျဖစ္ေပမယ့္ ဘာ‌ေၾကာင့္ လာအဖမ္း ခံတာလဲဆိုတာကို စဥ္းစားၾကည့္တဲ့အခါ သမၼတသစ္တက္တိုင္းထုတ္ျပန္တဲ့ လြတ္ၿငိမ္းခြင့္ထဲ ပါခ်င္လို႔လား၊ သူတို႔ခိုေအာင္းေနတဲ့ ေနရာမွာ ေနာက္ ၅ ႏွစ္ ဆက္မေနႏိုင္လို႔လား၊ တျခားေသာရည္႐ြယ္ခ်က္ေတြရွိ ေနသလားဆိုတာ အေတြးမ်ားစရာပါ။ ဘာပဲျဖစ္ျဖစ္ အေကာင္းဘက္က ေတြးၿပီး ျပည္သူေထာက္ခံတဲ့ အရပ္သား အစိုးရဆက္တာဝန္ယူတဲ့ ေနာက္ ၅ ႏွစ္မွာ အစိုးရကို အတိုက္အခံျပဳေနတဲ့ သူေတြရဲ႕ လုပ္ရပ္က ေကာင္းတာ လုပ္ မလား၊ဆိုးတာလုပ္မလား ဆိုတာ ဆက္ျမင္ရမယ္ထင္ပါတယ္။

ဒီရက္ထဲမွာဘဲ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕က ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဇယ်ာလြင္ ကို သံခ်ပ္ထိုးတဲ့ ကိစၥနဲ႔ ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္းစသည့္ ၿမိဳ႕နယ္ေပါင္းမ်ားစြာမွာ တရားစြဲဆိုခံရတာမွာ မအူပင္တရား႐ုံးက ေနာက္ထပ္ ေထာင္ ၆ လထပ္ခ်ခဲ့လို႔  စုစုေပါင္းေထာင္ဒဏ္ ၆ ႏွစ္ထိ ရွိလာခဲ့ပါတယ္။ အေတာ္ေလး စိတ္မသက္မသာျဖစ္ရတဲ့ ကိစၥပါဘဲ။ ဒီရက္သတၱပတ္မွာ ဒီသတင္းေတြကိုဖတ္ရတဲ့ အခါ အေတြး မ်ားစြာနဲ႔ ေနာက္ရက္ေတြ ဘာျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမယ္ဆိုတာ ေတြးမိခဲ့ပါတယ္။

ျမန္မာ-႐ုရွား၊ျမန္မာ-အေမရိကန္ ထူးျခားသည့္ျဖစ္ရပ္မ်ား

ယခုရက္ထဲ ႏိုင္ငံတကာက ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့အာဏာရပါတီကို အသိမွတ္ျပဳတာ ေတြ ၊ ေရရွည္ဆက္ဆံေရးအတြက္ ေျပာတာဆိုတာ ဆက္ဆံတာေတြ လုပ္ခဲ့တာကိုေတြ႕ရပါတယ္။ဒီလို ႏိုင္ငံတကာက အသိအမွတ္ျပဳခဲ့ေပမယ့္ ျပည္တြင္းမွာေတာ့  ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံတဲ့ ပါတီအခ်ိဳ႕လည္း ယခုထိရွိေနၿပီး ဆႏၵျပတာေတြ ခပ္စိပ္စိပ္လုပ္ဖို႔ႀကိဳးစားေနတာကိုေတြ႕ရပါတယ္။ သူတို႔ ရည္႐ြယ္ခ်က္က လက္ရွိရလဒ္ကို မေက်နပ္လို႔ ျပည္သူေတြကိုယ္စား ဆႏၵေဖာ္ထုတ္တာ၊ လုပ္ရတာဆိုေပမယ့္ တစ္ကယ္က သူတို႔ ေ႐ြးေကာက္မခံရတာကို မေက်နပ္တဲ့အတြက္ပါ။ အမ်ားျပည္သူကေတာ့ လက္ရွိရလဒ္ကို ေက်နပ္ၿပီး အရပ္သားအစိုးရစစ္စစ္ျဖစ္ဖို႔ ျပတ္ျပတ္သားသားရပ္တည္ေပးသလို ေ႐ြးေကာ္ဆႏၵျပတဲ့သူေတြက ဘယ္လို လူေတြဆိုတာသိလို႔ ခပ္ကင္းကင္းေနၾကတာကိုေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္က ေ႐ြးေကာ္နဲ႔ တပ္မေတာ္ၾကား အျပန္အလွန္စာထုတ္ၾကတာမွာ ယခု ရက္သတၱပတ္မွာ ဒီကိစၥကိုမေတြ႕ရေတာ့သေလာက္ ျဖစ္သြားၿပီး ဒီအစား အစိုးရသစ္ထဲဘယ္သူေတြ တာဝန္ယူမလဲ၊ ဘယ္သူေတြကိုေတာ့ မေပးသင့္ေၾကာင္းႏွပ္ေၾကာင္းေပးတဲ့ သတင္းေတြကိုသာ ေတြ႕ခဲ့ရပါတယ္။ ဒီရက္ အစိုးရသတင္းေတြထဲမွာ ဒီရက္ပိုင္းအတြင္း အေမရိကန္ဒု-ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာအစိုးရ ထိပ္တန္း တာဝန္ရွိတဲ့ သူေတြနဲ႔ ဖုန္းဆက္စကားေျပာခဲ့တာေတြကလည္း စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။ သတင္းထုတ္ ျပန္မႈေတြထဲမွာေတာ့ လက္ရွိ အေမရိကန္ဒု-ႏိုင္ငံျခားေရးဝန္ႀကီး Stephen E. Biegun နဲ႔ စကားေျပာခဲ့တာ ျဖစ္ၿပီး ျမန္မာဘက္က အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာနကိုကိုင္တြယ္ေနတဲ့  ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က လက္ခံေျပာခဲ့တာပါ။

 ေျပာတဲ့ အထဲမွာေတာ့ ထုံစံအတိုင္း အေမရိကန္စီးပြားေရးလုပ္ငန္းေတြ ရင္းႏွီးျမဳပ္ႏွံမႈတိုးဖို႔၊ ရခိုင္ ကိစၥ၊ ျမန္မာႏိုင္ငံကိုအသစ္ေရာက္လာမယ့္ အေမရိကန္သံအမတ္ကိစၥ စတာေတြ ပါပါတယ္။ အခ်ဳပ္ကေတာ့ ႏွစ္ႏိုင္ငံ ဆက္ဆံေရးတိုးျမႇင့္ဖို႔နဲ႔ ၂၀၁၆ ခုႏွစ္ကစခဲ့တဲ့ ျမန္မာ-အေမရိကန္ မိတ္ဖက္ ဆက္ဆံ ေရးယႏၲရားကို ျပန္လည္ပတ္ဖို႔ပါဘဲ။ ဒီဇင္ဘာ ၂၁ရက္မွာ ေတာ့ ျမန္မာနဲ႔ ႐ုရွားႏိုင္ငံအၾကား အာကာသ ဟင္းလင္းျပင္အတြင္း လက္နက္တပ္ဆင္မႈ ဦးစြာစတင္ျခင္းမျပဳေရးဆိုင္ရာ ပူးတြဲေၾကညာခ်က္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း ထုတ္ျပန္ ခဲ့တာကိုေတြ႕ရပါတယ္။ ဒီလိုလက္မွတ္ေရးထိုးရာမွာ ျမန္မာဘက္က ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္နဲ႔ ႐ုရွား ဘက္က ႏိုင္ငံျခားေရးဝန္ႀကီး Mr. Sergey Lavrov တို႔က အေဝးေရာက္စနစ္နဲ႔ လက္မွတ္ေရးထိုးခဲ့တာဆိုပါတယ္။ ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံက ဒီရက္ပိုင္းမွာ ျမန္မာအစိုးရထိပ္တန္းတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံခဲ့တာက ေကာင္းမြန္တဲ့ လႈပ္ ရွားမႈေတြလို႔ထင္ပါတယ္။

အေမရိကန္ဘက္မွာ သမၼတသစ္တက္လာမွာျဖစ္လို႔ အေမရိကန္-ျမန္မာဆက္ဆံေရးက ပိုၿပီးနီးကပ္လာ ႏိုင္ေျခရွိတယ္လို႔ ႏိုင္ငံတကာက သုံးသပ္ထားသလို  အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံအၾကားရွိေနတဲ့ တင္းမာမႈေတြ ေၾကာင့္ တ႐ုတ္ႏိုင္ငံနဲ႔ အိမ္နီးခ်င္းျဖစ္သလို တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈေတြ ရွိေနတဲ့ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံ တကာ ဆက္ဆံေရးမွာ ထူးျခားတဲ့ ေျပာင္းလဲမႈေတြ ျမင္လာရႏိုင္ေျခရွိေနပါတယ္။ အထူးသျဖင့္ ဒီမိုကေရစီအရပ္ သားအစိုးရရဲ႕ ဒုတိယသက္တမ္းမွာ ဒီမိုကေရစီနဲ႔ လူအခြင့္အေရးေတြ၊ အဂတိတရားကင္းရွင္းေရးနဲ႔ မူးယစ္ ေဆးဝါး ႏွိမ္ႏွင္းေရးေတြက ပထမသက္တမ္းထက္ ပိုခရီးေရာက္လာေျခရွိေနတာေၾကာင့္ တခ်ိဳ႕ေသာ ျပည္တြင္းက ဩဇာ တကၠမႀကီးမားတဲ့ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းေတြ ၊ျပည္ပႏိုင္ငံေတြနဲ႔ အက်ိဳးစီးပြား ပဋိပကၡႀကီးႀကီးမားမား ျဖစ္ႏိုင္လာေျခ ရွိေနတာကိုလည္း ေတြ႕ရပါတယ္။

ကိုဗစ္ ဒုတိယလႈိင္းဒဏ္ကို ျပင္းျပင္းထန္ထန္ခံေနရတဲ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးတည္ၿငိမ္မႈကလည္း အေရးတႀကီးလိုေနတာပါ။ ကံေကာင္းေနတာက အေနာက္ဘက္ ရခိုင္မွာ စစ္ပြဲေတြ ရပ္နားထားလို႔ ‌ေဒသခံေတြ ဘုရားဖူးၾကတာ မ်ားလြန္းတဲ့အတြက္  ဗိုင္းရပ္စ္ျပန္ကူးမွာစိုးလို႔ က်န္းမာေရးဘက္က တားျမစ္ရတဲ့ အထိပါဘဲ။ ဒါေပမယ့္ မႏၲေလးတိုင္းဘက္ မိုးကုတ္၊ ရွမ္းဘက္က ေက်ာက္မဲ စတဲ့ေနရာေတြမွာေတာ့ လက္နက္ကိုင္ေတြ ေၾကာင့္ ေဒသခံေတြ က်ီးလန႔္စာစားျဖစ္ေနတဲ့ အထိပါဘဲ။

ျမန္မာအလုပ္သမား အမ်ားစု သြားေနတဲ့ ထိုင္းဆိုရင္လည္း ျမန္မာဘက္က ျပန္လာတဲ့ ေ႐ြ႕ေျပာင္း အလုပ္သမားေတြေၾကာင့္ ထိုင္းမွာ ကူးစက္ မႈ႕ျမင့္တက္လာလို႔ ျမန္မာဘက္ကို ပိတ္ရတာရွိသလို ၿဗိတိန္မွာ ေတြ႕ ေနတဲ့ ကို႐ိုနာဗိုင္းရပ္မ်ိဳးကြဲသစ္ကိစၥ‌ေၾကာင့္ ဖြင့္တာ မၾကာေသးတဲ့ တခ်ိဳ႕ေလဆိပ္ေတြ ၊ေလေၾကာင္း လိုင္းေတြကို မၾကာခင္က အားခ်င္းပိတ္ခဲ့တာကိုေတြ႕ရပါတယ္။ဒီလို တကမာၻလုံး ကူးစက္မႈျမန္လြန္းတဲ့ ၿဗိတိန္က ကို႐ိုနာ ဗိုင္း ရပ္စ္ မ်ိဳးကြဲကိုသတိထားေနခ်ိန္မွာ က်န္းမာေရး ဝန္ႀကီးဌာနက ဒီရက္ပိုင္းမွာ ထူးထူးျခားျခား  New Normal နဲ႔ လုပ္ငန္းေတြ ျပန္စဖို႔ ေဆာ္ဩလာတာကိုေတြ႕ရပါတယ္။ ဒီရက္ထဲမွာဘဲ ျမန္မာႏိုင္ငံတစ္ဝန္း ကူးစက္ႏူန္းက က် ဆင္းလာခဲ့ေနတဲ့အတြက္ ကာကြယ္ေဆးမရခင္ လူအစုလိုက္ရွိလာႏိုင္တဲ့ ႏွစ္ကူးအခါႀကီး ရက္ႀကီး ပြဲလမ္းသဘင္ ႀကီးေတြကို ပိတ္ၿပီး သာမန္ပုံစံအတိုင္း ျပန္ဖြင့္လာႏိုင္ေျခရွိေနတာကို ေတြ႕ရပါတယ္။

လက္ရွိမွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ကပ္ေရာဂါေနာက္ဆုံးတိုက္ပြဲကို ဆင္ႏြဲဖို႔ ျပင္ဆင္ေနၿပီလို႔ ေျပာခဲ့ ၿပီး မၾကာခင္မွာ ထိန္းခ်ဳပ္အဆင့္ကို ဆက္သြားဖို႔ ျပင္ေနတယ္လို႔ေျပာခဲ့ပါတယ္။ရန္ကုန္က ျမန္မာႏိုင္ငံရဲ႕ စီးပြား ေရးၿမိဳ႕ေတာ္ျဖစ္ေနလို႔ ကိုဗစ္ကိုထိန္းခ်ဳပ္ရာမွာ အခက္အခဲရွိသလို အမ်ားစုျဖစ္တဲ့  လက္လုပ္လက္စားကို အိမ္ ျပင္မထြက္ရေအာင္ထိန္းခ်ဳပ္ဖို႔ဆိုရင္ ဝမ္းေရးေျဖရွင္းတာဝန္ယူေပးဖို႔ ခက္ခဲ့တယ္လို႔ ေျပာခဲ့တာလည္းရွိပါတယ္။ တစ္ဘက္မွာလည္း ကမာၻ႔ဘဏ္က ခန႔္မွန္းထားတာ တစ္ခုရွိပါေသးတယ္။ဒါက အသြားအလာကန႔္သတ္မႈမ်ား ေျဖေလ်ာ့လာရင္ ၂၀၂၁ ခုႏွစ္ မတ္လမွစတင္၍ စီးပြားေရး တျဖည္းျဖည္းျပန္လည္ နာလန္ထူလာႏိုင္ မယ္ ဆိုတဲ့ ခန႔္မွန္းခ်က္ပါ။ဒီလို အေၾကာင္းအခ်က္ေတြရယ္ ဒီရက္ပိုင္းမွာ  ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ေျပာခဲတာေတြရယ္ကိုၾကည့္ရင္ အစိုးရက ႏိုင္ငံစီးပြားေရးအတြက္ new normalပုံစံနဲ႔ လုပ္ငန္းေတြ သြားလာမႈ ေတြကို ျပန္ဖြင့္ေပးႏိုင္ေျခရွိေနလို႔ ကာကြယ္ေဆးမတိုင္ခင္ ျမန္မာစီးပြားေရး ျပန္တက္မတက္ ၾကည့္ရေတာ့မွာ ျဖစ္တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ျပည္တြင္သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

ခက္ထန္စိုး