【 တစ်ပတ်အတွင်း ပြည်တွင်း သတင်းသုံးသပ်ချက် 】 ဒီမိုကရေစီအရွေ့အတွက် စောင့်ကြည့်ရမယ့် အရာတွေ

【 တစ်ပတ်အတွင်း ပြည်တွင်း သတင်းသုံးသပ်ချက် 】 ဒီမိုကရေစီအရွေ့အတွက် စောင့်ကြည့်ရမယ့် အရာတွေ

ဒီတစ်ပတ်ထဲမှာ စိတ်ဝင်စားစရာ သတင်းများစွာဖြစ်ခဲ့ပါတယ်။ ဒီထဲမှာ ပဲခူးတိုင်းမင်းလှမြို့နယ်မှာ ရဲကင်းမှူးတစ်ဦး လွယ်ထားတဲ့ သေနတ်အိတ်ပြုတ်ကျပြီးကျည်ထွက်ရာကနေ ကျည်မှန်ပြီး သေဆုံး သွားတဲ့ သတင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ရန်ဖြစ်ဖို့ စောင့်နေတဲ့ လူ ၃ ဦး ဆီကနေ သေနတ်တွေ တွေ့ရာကနေ ဆက်စပ်ပြီး သန်လျင်မှာ သေနတ် ၁၂ လက် ထပ်တွေ့ခဲ့တဲ့ သတင်း၊ နှင်းဆီပါတီဥက္ကဋ္ဌကို လ၀ကအက်ဥပဒေနဲ့ တရားစွဲထားရာမှာ တရားစွဲတဲ့ တရားရုံးမှာ စီရင်ပိုင်ခွင့်မရှိလို့ဆိုပြီး ပလပ်လိုက်တဲ့ သတင်း၊ အစိုးရရဲ့ ကိုဗစ် ထောက်ပံ့ကြေးမရလို့ တိုင်ကြားခဲ့တဲ့အမှုပေါင်း ၃၇၀၀၀ ကျော်တောင်ရှိတယ် ဆိုတဲ့ သတင်း၊ ကလေးအလုပ်သမားကိစ္စနဲ့ ပြဿနာတက်ခဲ့တဲ့ ဒဂုံဆိပ်ကမ်း ပေါက်စီစက်ရုံကို လူစုလူဝေး နဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်မှု ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့သတင်း တွေကလည်း တွေးကြည့်မယ်ဆိုရင် ဆက်စပ်စဉ်းစားစရာတွေ များစွာရှိခဲ့ပါတယ်။

ဒါပေမယ့် ယခုရက်ပိုင်း သတင်းတွေထဲမှာ  ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်း တွေ ထွက်လာတဲ့ အတွက် လူတိုင်းက ကာကွယ်ဆေးသတင်းဘက်သာ  အာရုံရောက်နေကြပါတယ်။ အဲဒီလို ကာကွယ်ဆေးသတင်းဘက်ရောက်နေတဲ့ စာဖတ်သူတွေရဲ့ အာရုံကို  ပြည်ခိုင်ဖြိုးပါတီဘက် ဦးဆောင်ပြီး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ခဲ့တဲ့အခါ၊ နောက်ရက်မှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ခဲ့တဲ့အခါ လူထုက သတင်းစာ ရှင်းလင်းပွဲက ထွက်လာတဲ့ သတင်းတွေနောက် တောက်လျှောက်အာရုံငြိ သွားခဲ့တာ ကိုတွေ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ ယခုထိမပြီးပြတ်သေးတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးခဲ့တဲ့ ပါတီ တွေဘက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲသတင်းနဲ့ လူတိုင်းစိတ်ဝင်စားနေတဲ့ ကာချုပ် အငြိမ်း စားယူ/မယူသတင်းကိုဖြေကြားပေးခဲ့တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ သတင်းတွေကို တင်ပြပေးချင်ပါတယ်။

မပြီးသေးတဲ့ မဲအရှုံးအနိုင်ဇာတ်လမ်း

ဒီအဖြစ်အပျက်က ရုပ်သံဇာတ်လမ်းတွဲဆိုရင် အတော်လေးပျင်းရိစရာကောင်းတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ပုဒ်ဖြစ်ဖို့ သေချာပါတယ်။ ဒါပေမယ့် ဒါက နိုင်ငံတစ်ခုကို အုပ်ချုပ်မယ့် အဖွဲ့အစည်းကို ပြည်သူဆန္ဒနဲ့ရွေးချယ်တဲ့ အခါ ထွက်လာတဲ့ ရလဒ်က တစ်သက်လုံး လက်နက် ကိုင်ဆောင်ပြီး အဖြေကို ပြဋ္ဌာန်းခဲ့တဲ့ ဓလေ့နဲ့  ယဉ်ပါးလာခဲ့တဲ့ သူတွေ အတွက် လက်မခံချင်ကြတာ သိပ်တော့ အဆန်းတကြယ် ကိစ္စတော့မဟုတ်ပါဘူး။

ဒါဟာ ရွေးကောက်မှုပါ။ selected မဟုတ်ပါဘူး။elected ပါ ။ ရွေးကောက်ပွဲပါ။သီးသန့်ရွေးချယ် တာမဟုတ်ပါဘူး။ ပြည်သူက သူ့တို့အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ ပါတီ အဖွဲ့ အစည်းကို ရွေးချယ်ခဲ့တာပါ။ လာမည့် ၅ နှစ် သက်တမ်းမှာ ပြည်သူကို ရင်ဝယ်သားလို့ သဘောထားပြီး ပြည်သူတွေရဲ့လူနေမှုဘ၀တိုးတက်အောင် ၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံမှုရှိအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ထားတဲ့သူတွေကို ပြည်သူက သူပိုင်တဲ့ မဲတစ်ပြားကို အသုံးပြုပြီး ၅ နှစ် သက်တမ်းအတွက် ရွေးချယ်တာဝန်ပေးခဲ့တာပါ။

ဒါကိုပါတီတွေအနေနဲ့ မျက်ခြေပြတ်နေပုံရပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘာကြောင့် အာဏာရပါတီက မဲအပြတ်အသတ်အနိုင်ရခဲ့သလဲဆိုတာ တခြားသော ပြိုင်ဘက်ပါတီ တွေဘက် သိ/မသိ မသိပေမယ့် ပြည်သူတွေကတော့ ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်းမှာ သူတို့ရင်ထဲစိတ်ထဲ ရာစုနှစ်ဝက်ကျော်စွဲထင်နေခဲ့တဲ့ အကြောက်တရားကို အာဏာရပါတီက ဆွဲခွာချပေးနိုင်ခဲ့လို့ မဲအပြတ်အသတ်နဲ့ တာဝန်ထပ် ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ၅ နှစ်မှာ ပြည်သူတွေ အနေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို အရင်ခေတ်ကလို မတရားလုပ်ရင် ငုံ့ခံစရာမလိုဘဲ တိုင်ကြားနိုင်တဲ့ အခွင့်အရေးရှိသလို နိုင်ငံရဲ့ထိပ်ပိုင်းအာဏာပိုင် အဖွဲ့ တွေ ကနေ ပြည်ထောင်စုဝန်ကြီးအဆင့်အထိ၊ နောက်ဆုံး ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ အထိ အောက်ခြေထိဆင်းပြီး ပြည်သူနဲ့ ထိတွေ့ဆက်ဆံခဲ့ကြတဲ့အတွက် မတရားရင် မတရားသလို ပြည်သူက တိုက်ရိုက်တင်ပြခွင့်ရပြီး နိုင်ငံခေါင်းဆောင်ပိုင်းကလည်း ပြတ်ပြတ်သားသား အရေးယူပြခဲ့တဲ့ အတွက် ပြည်သူက ဒီအခင်းအကျင်းကို အတော်လေးသဘောကျခဲ့တာလည်း ပါပါတယ်။  

ဒီအတွက် ပြည်သူက နောက်၅ နှစ်ကို အာဏာရပါတီကို နိုင်ငံတော်ကို ဆက်ဦးဆောင်ဖို့ အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ ဒါကို ပါတီတွေဘက်က ပြည်သူတွေ ဘယ်ကြောင့် အာဏာရပါတီကို မဲပေးခဲ့ကြသလဲ၊ငါ့တို့ အဲ့ဒီလိုမဲပေးအောင် လာမယ့် ၅ နှစ်မှာ ဘာတွေ လုပ်ကြရမလဲဆိုတာကို  ခေါင်းထဲက အတင်းဖယ်ထုတ်ပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ရတာ ကော်မရှင်ကြောင့်၊မဲစာရင်းကြောင့်၊မဲမသာမှုကြောင့် ဆိုပြီး ယနေ့ဖြစ်နေတဲ့ ပြည်သူ့ဆန္ဒထင်ဟပ်တဲ့ ရလဒ်ကို လက်ခံဖို့ ငြင်းဆန်နေကြတာပါ။ ပြောရမယ် ဆိုရင်တော့ "ကျား..ကျား...မီးယပ်"လို့ ခေါ်ရမယ့် အဖြစ်ပါ။ 

နိုဝင်ဘာ  ၂၆ ရက်က ရန်ကုန်မြို့သံလွင်လမ်းက ပြည်ခိုင်ဖြိုးရုံးမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဘက် ပါတီ အချို့ ပါဝင်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ထပ်ကျင်းပခဲ့ပါတယ် ။ထပ် ကျင်းပတယ်ဆိုတဲ့ စကားကိုသုံးရတာ သိပ်မကြာသေးတဲ့ ဒီလထဲမှာဘဲ ဒီနေရာမှာ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးဘက်က သတင်းစာရှင်းလင်းပွဲလုပ်လို့ မီဒီယာတွေနဲ့အမျိုးသားရေးတက်ကြွလှုပ်ရှားသူလို့ဆိုတဲ့ ပါတီ ဝန်းရံသူတွေနဲ့ ပြဿနာတက်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းက တပ်မတော်နဲ့ ပူးပေါင်းပြီး ရွေးကောက် ပွဲ ပြန်ကျင်းပပေးဖို့ တောင်းဆိုခဲ့လို့ တပ်မတော်ဘက်က ဒီတောင်းဆိုမှုကို ငြင်းခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါ သေးတယ်။ ယခုလည်း  ဒီသတင်းစာရှင်းလင်းပွဲမှာ ယခင် စစ်အစိုးရလက်ထက်မှာ ရဲချုပ်တာဝန်ထမ်း ဆောင်ခဲ့ဘူးတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးခင်ရီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်ခံခဲ့ရ တယ်လို့ပြောခဲ့ပြီး အနိုင်ရသွားတဲ့ ပါတီအနေနဲ့  နိုင်ငံတော်ထောက်ပံ့ကြေးပေးတယ်ဆိုတဲ့ဟာမှာ မဲအောင်နိုင်ရေးကို မူတည်ပြီးတော့ ပြောဆိုစည်းရုံး ဆွဲဆောင်မှုတွေ အများအပြားရှိတယ်ဆိုတဲ့ ဟာတွေ လူထုမီဒီယာထဲမှာ မမြင်ချင်အဆုံးဘဲလို့ ပြောခဲ့ပါတယ်။ ဒါအပြင် မဲရလဒ်များနဲ့ ပတ်သက်ပြီး အထောက် အထားမဲ့ မဲပေးခဲ့မှုနှင့် နှစ်ကြိမ်တိုင် မဲပေးခဲ့မှုတွေက သံသဃဖြစ်ဖွယ်ရှိနေလို့ စစ်ဆေးပေးရန်လိုပြီး တိုင်ကြားတာကို မှန်မှန်ကန်ကန်ဆုံးဖြတ်ရင်  ရလဒ်အပြောင်းအလဲ ရှိလာ နိုင်တယ်ဆိုပြီးပြောခဲ့ပါတယ်။ ဒီလို ပြည်ခိုင်ဖြိုးပါတီဘက်ကနေ တိုင်ကြားထားတဲ့ အမှုတွေကို အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဆောင်ရွက် ပေးရမယ်လို့ ဆိုပြီး မဆောင်ရွက်ပေးရင် ဥပေဒဘောင်ထဲကနေ တစ်ဆုံးတစ်စ လုပ်သွားမယ်ဆိုပြီး ပြောခဲ့တာကိုလည်း တွေ့ရပါ တယ်။

    

ဒီရှင်းလင်းပွဲမှာဘဲ ရှင်းလင်းခဲ့တဲ့ သူတွေ ပြောခဲ့တဲ့ စကားတွေ လေယူလေသိမ်းတွေက စစ်အစိုးရ လက်ထက်က သတင်းစာရှင်းလင်းပွဲတွေကို ပြန်အောက်မေ့မှတ်မိစရာပါ။အထူးသဖြင့်   စစ်ဗိုလ်ချုပ် ဟောင်းအများစုပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသား နိုင်ငံရေး ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ယခင်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့ဘူးတဲ့  ဦးစိုးမောင်က  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြောခဲ့ရာမှာ  ရပ်ကွက်၊ကျေးရွာမြို့နယ် အဆင့်ပုဂ္ဂိုလ်များအနေနဲ့ မှန်မှန်ကန်ကန်ထွက်ဆို ပေးဖို့ ၊ ဒီလိုမဟုတ်ဘဲ တင်းခံ နေမယ်ဆိုရင်  တရားခံ စာရင်းထဲပါသွားမယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တချို့ပြောတာတွေက ပြည်သူတွေအနေနဲ့ ငါတို့ရွေးချယ်မှု မှန်ပါသလား ဆိုပြီး ဖြစ်ရတဲ့ အထိအောင် သတင်းစာရှင်းလင်းပွဲက အောင်မြင်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးက ဦးခင်ရီပြောခဲ့တဲ့ စကားတစ်ခွန်းကလည်း  လူမှုကွန်ရက်မီဒီယာတွေမှာ အတော်လေး ပေါက်သွားခဲ့ပါတယ်။ ဒီစကားက "ဘယ်သူ့ကို အားကိုးရမှန်း မသိတော့ဘူး”ဆိုတဲ့ စကားပါဘဲ။ ဒီစကားရည်ညွှန်းတာက ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ တိုင်ကြားစာတွေကို  ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံတော်သမ္မတ တို့ထံ ပေးပို့တိုင်ကြားထားပေမယ့် အကြောင်းမထူးတဲ့ အတွက် ဘယ်သူ့ကိုအားကိုးရမှန်း မသိတော့ဘူး ဆိုကာ ညည်းတွားပြောဆိုခဲ့တာပါ။ ဒီစကာက ကာတွန်းများမှာ တစ်ကွက်ကာတွန်းရေးဆွဲခဲ့ရတဲ့ အထိ ပေါက်မြှောက်ခဲ့ပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီနဲ့ဆက်နွယ်တဲ့ သတင်းစာရှင်းလင်းပွဲတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်တယ်ဆိုတဲ့အတိုင်း အဆိုပါသတင်းစာရှင်းလင်းပွဲ အခမ်းအနားမှာ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တာဝန်ယူမှုကင်းမဲ့ပုံကို "UEC ဝန်ခံတယ်။ ဘယ်လိုဝန်ခံလဲဆိုတော့ သူတို့မျှမျှတတလုပ်တယ်။ အောက်ခြေကလုပ်တဲ့ ကိစ္စရပ် တွေ မသိဘူးတဲ့။ မဲရုံမှူးတွေနဲ့ ဆရာမတွေကို ထိုးချတယ်" ဟု ပြောဆိုပြီး ခေါင်းရှောင်ပုံကို "လူပေါ်ပြာ ကျလို့ ခွေးပေါ်ခါချတယ်" ဟု ခွေးနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့လို့ ကျောင်းဆရာ/ဆရာမတွေဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။  

 

ဒီလိုဖြစ်ရပ်ကနေ အကြောင်းပြုပြီး ရွေးကောက်ပွဲမှာ မဲရုံမှူးတာဝန်ယူခဲ့ကြတဲ့ ပညာရေးဝန်ထမ်း တွေကို ပါတီတွေဘက်က တရားစွဲရင် ရပ်တည်ကာကွယ်ပေးမယ်ဆိုပြီး ဆရာ/ဆရာမများသမဂ္ဂဘက်က စာထုတ်ခဲ့တာဖြစ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခါလုပ်တိုင်း ပြောစရာ ဆိုစရာ တစ်ခုမဟုတ် တစ်ခုရှိနေတာကို  ပြည်ခိုင်ဖြိုးပါတီနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတွေ မှာ တွေ့ရပါတယ်။ ဒီသတင်း စာရှင်းလင်းပွဲမှာဘဲ  အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ များတဲ့နေရာလို့ အကြမ်းဖျင်း သိရှိထားတဲ့ မိတ္ထီလာကနေ ဝင်ပြိုင်ပြီး ပြိုင်ဘက် NLDပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့တဲ့ ဒေါက်တာမောင်သင်းက မှတ်ပုံတင်လုံး၀မရှိဘဲ မဲပေးသူမြို့နယ်တိုင်းမှာ အများဆုံးလို့ပြောခဲ့ပြီး  ရွေးကောက်ပွဲ မဲရလဒ်က တရားမျှတတဲ့ မဲရလဒ်ဖြစ်ကြောင်းလက်ခံဖို့ခက်ခဲ‌ ကြောင်းပြောခဲ့ပါတယ်။ ဒါအပြင် ထူးထူးဆန်းဆန်း ရွေးကောက်ပွဲကို အိုလံပစ်ပြိုင်ပွဲများလို ပထမဆုရတဲ့သူက တားမြစ်ဆေးသုံးရင် ဒုတိယရ ရတဲ့သူကို ပထမဆုပြန်ပေးသလိုမျိုး ရွေးကောက်ပွဲမှာလည်း အနိုင်ရသူက မတရား တာလုပ်တာတွေ့ရင် ဒုတိယမဲ အများဆုံးရတဲ့သူကို အနိုင်ပေးတာမျိုး ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ယခုအကြပ်အတည်း ကနေ ထွက်ပေါက်အဖြစ် စဉ်းစားသင့်တယ်ဆိုကာ ပြောခဲ့တာကို တွေ့ရပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိသူ နှစ်ဦးပါဝင်တဲ့ ဒီသတင်းစာရှင်းလင်းပွဲက အများပြည်သူကိုစဉ်းစားစရာ အများကြီးပေးခဲ့တာကိုတွေ့ရပါတယ်။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင် ပြောခဲ့တဲ့  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေချိန်နိမ့်လွန်းတဲ့အတွက် ဖြစ်ချင်ရာဖြစ်နေတယ် ဆိုတဲ့ ပြောဆိုချက် က မီဒီယာတွေမှာ ခေါင်းစဉ်တစ်ခုဖြစ်ခဲ့သလို တစ်ကယ့်နိုင်ငံရေးသမားများတွေရဲ့ ဝေဖန်သုံးသပ်ချက် တွေကလည်း  ပြင်းထန်ခဲ့တာကို တွေ့ရပါတယ်။   

 

ဒီသတင်းစာရှင်းလင်းပွဲမတိုင်မီနှင့် သတင်းစာရှင်းလင်းပွဲများနောက် မြန်မာနိုင်ငံ အချိုမြို့များ ဖြစ်တဲ့ မိတ္ထီလာ၊ ချောက်တို့မှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြခဲ့တာတွေ့ ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဦးခင်ရီပြောခဲ့တဲ့ “သန်းပေါင်းများစွာ သောပြည်သူ”ဆိုတဲ့ စကားရပ် အပေါ် ကမ်ပိန်းလုပ်နေစပြုတာကိုလည်း ယခုတွေ့နေရပါတယ်။ လက်ရှိမှာ ပြည်သူအများစုအနေနဲ့ အတိုက်အခံပါတီတွေဘက်က လှုပ်ရှားမှုတွေ၊ ဆန့်ကျင့်ကွက်မှုတွေ တောင်းဆိုမှုတွေကို အာရုံစိုက်တာ သိပ်မတွေ့ရဘဲ  ပါတီတွေဘက်က လှုပ်ရှားမှုတွေက ပြောဆိုမှုတွေက ရွေးကောက်ပွဲဥပဒေကို ကျော်လွန်လာခဲ့ရင် ကော်မရှင်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုသာ စိတ်ဝင်စားနေကြပါတယ်။

အခုရက်ပိုင်းအတွင်း အစိုးရသတင်းစာမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုတဲ့ ပါတီတွေကို နိုင်ငံရေးပါတီအဖြစ်ကနေ ရုပ်သိမ်းနိုင်တယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့တဲ့ အတွက် ရွေးကော်နဲ့ အတိုက်အခံပါတီတွေ ကြား ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြဟ်ပါတယ်။

 

တပ်ချုပ် အနာဂတ်

 

ရန်ကုန်မှာ ပြည်ခိုင်ဖြိုးပါတီနဲ့မိတ်ဘက်ပါတီတွေ သတင်းစာရှင်းလင်းပွဲလုပ်ပြီး နောက်တစ်ရက် မှာ ဘဲ နေပြည်တော်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဒီရှင်းလင်းပွဲမှာ အခုနောက်ပိုင်း တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွေမှာ ဒိုင်ခံပွဲထွက် ရှင်းလင်းနေတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတစ်ဦးတည်းကသာ လာရောက်ပြောကြားခဲ့တာကို တွေ့ရပါတယ်။

           

ဒီသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေဘက်က မေးတဲ့ မေးခွန်းတွေက စိတ်ဝင်စားစရာကောင်းသလို ပြန်ဖြေတဲ့ အဖြေတွေက လိုသလို ယူလို့ရတဲ့ သဘောတွေ ပါခဲ့တဲ့ အတွက် သတင်းမီဒီယာတွေမှာ သတင်းတစ်ခုဟာ နှစ်မျိုးဖြစ်ခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ သတိထား မိစရာ အကြောင်းအရာ ၄ ခုကို တွေ့ခဲ့ရပါတယ်။ဒီ ၄ ခုထဲမှာ  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ပမဲရုံ တွေမှာ တပ်မတော်သားတွေ မဲပေးခဲ့ရတဲ့ မြို့နယ် ၂၀၀ ကျော်ရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ် ဆိုပြီး ပြောခဲ့တာရှိပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး တိုင်ကြားထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး တပ်ဘက်က သဘောထားကို မေးရာမှာ ဒီလို စစ်ဆေးတာ ကို ပြောခဲ့တာ ဖြစ်ပြီး ဒါဟာ ပြည်ခိုင်ဖြိုးနဲ့မသက်ဆိုင်ဘဲ လုပ်သင့် လုပ်ထိုက်တာကိုလုပ်တာလို့ ပြောခဲ့ ပါတယ်။ ဒီလို စစ်ဆေးနေတဲ့ အပေါ် ပြင်ပက လေ့လာစောင့်ကြည့်သူတွေက တပ်ဖွဲ့ဝင်တွေ လွတ်လပ်စွာမဲပေးခွင့်အပေါ်ထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောခဲ့တာရှိပြီး အနိုင်ရပါတီဘက်က လွတ်လပ်စွာမဲပေး ပိုင်ခွင့်နဲ့ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကို မထိခိုက်ရင် ကန့်ကွက်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

           

ဒီသတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးပြောခဲ့တာရှိပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း က  ငြိမ်းချမ်းရေးအတွက်  ဆွေးနွေးညှိနှိုင်းမှုတွေ၊ဒီကနေ အပြန်အလှန် စောင့်စည်းမှုတွေ၊ အဲဒီကနေ ယုံကြည်မှု တည်ဆောက်မှုတွေ လုပ်ရမယ်ပြောခဲ့ပြီး    သီအိုရီဘယ်လောက်ပဲကောင်းနေနေ အပြင်ဘက်မှာ လက်တွေ့ တိုက်နေကြတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နောက်ပြန်သွားမှာပဲလို့  ပြောခဲ့တာကိုတွေ့ရပါတယ်။ သတင်းမီဒီယာတွေက ရခိုင်လက်နက်သောင်းကျန်းသူ အေအေနဲ့ ပတ်သက် ပြီး မေးတဲ့အခါ ရွေးကောက်ပွဲ စတဲ့နေ့ ကတည်းက အခုထိ တိုက်ပွဲတွေ ရပ်ထားတဲ့အတွက် ငြိမ်းချမ်းရေးအတွက် ကောင်းသည့် အခြေအနေဖြစ်တယ်ဆိုပြီး  ပြောခဲ့သလို အေအေနဲ့ တိုက်ရိုက်ညှိနိုင်းမှုမရှိပေမယ့် ကြားခံပုဂ္ဂိုလ်အဖွဲ့အစည်းတွေကနေ တစ်ဆင့် ဆက်သွယ် ညှိနိုင်း နေတာတွေ ရှိတယ်လို့ ပြောခဲ့ ပါတယ်။

           

ရခိုင်ဘက်မှာ တိုက်ပွဲတွေရပ်နေပေမယ့် ယခုရက်ပိုင်းမှာ မြန်မာနိုင်ငံအရှေ့ဘက် မန္တလေး တိုင်းဒေသကြီးထဲပါတဲ့ မိုးကုတ်အနီးထိ တိုက်ပွဲတွေလာ ဖြစ်နေလို့ ဒေသခံတွေ ဒီရက်ပိုင်း ထွက်ပြေးခဲ့ရ တာရှိပါတယ်။ TNLAတွေနဲ့ တပ်မတော်ကြား ဖြစ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက် ညပိုင်းကဖြစ်ခဲ့တာပါ။ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ အများစိတ်ဝင်စားနေတဲ့ ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲ သတင်း ပါဘဲ။ လာမယ့် နှစ်မှာ လက်ရှိကာကွယ်ရေးဦးစီးချုပ်က ၆၅ နှစ်ပြည့်ပါပြီ။ ဒါဟာ ၂၀၁၆ ခုနှစ်တုန်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းခဲ့တုန်းက ကာကွယ်ရေးကောင်စီက ညွှန်ကြားလွှာထုတ်ပြန်ခဲ့ကြောင်း ၊ ထိုညွှန်ကြားလွှာမှာ တပ်ချုပ်နဲ့ ဒုတပ်ချုပ်ဟာ အသက် ၆၅ နှစ်ထက်မပိုတဲ့ ကာလအထိ တာဝန်ထမ်းဆောင်မယ်ဆိုပြီး ထိုစဉ်က ဒုတိယဗိုလ်ချူပ်ကြီးမြထွန်းဦးက ပြောခဲ့တာရှိ ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိစ္စမှာ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြ ဋ္ဌာန်းချက်များနှင့် အညီဆောင်ရွက်မည်ဖြစ်ပြီး ‘‘ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်ဖို့မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။ ဒါအပြင် သတင်းထောက်တစ်ဦးမေးခဲ့သည့် လာမည့်နှစ် ဧပြီလမှာ တပ်ချုပ်အသက် ၆၅ နှစ်ပြည့်မလားဆိုသည်ကို ပြည့်မှာဖြစ်ကြောင်းကိုလည်း ဖြေခဲ့ပါတယ်။

           

ဒါအပြင် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ရန်ဆောင်ရွက်နေပြီး  မည်သည့်နိုင်ငံရေးအခင်းအကျင်းမျိုးဖြင့် ထွက်ရှိလာမည်မသိရှိသေး၍ အစိုးရဖွဲ့ပြီးမှသာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲနှင့်  ဒုတိယသမ္မတ တင်မြှောက်မည့် ကိစ္စများကို အတိအကျ သိရှိရမည်ဖြစ်တယ်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။တပ်ချုပ်အလွန် ဆက်လက်တာဝန်ဆက်ခံမည့်သူများ အခင်းကျင်းကို မေးခဲ့ရာမှာ တိကျတဲ့မူဝါဒရှိကြောင်း ပြောခဲ့သလို ဘယ်လိုလူမျိုးဆိုတာကိုလည်း မပြောပြ နိုင်သေးဘူးလို့ ပြောခဲ့တာတွေ့ရပါတယ်။

           

ဒီသတင်းအပေါ်  မီဒီယာအများစုက လာမည့်နှစ် တပ်ချုပ်အနားယူပြီဆိုပြီးခေါင်းစဉ်တွေ တပ်ခဲ့ တာတွေ့ရပြီး မီဒီယာကြီးတွေကတော့  သတင်းစာရှင်းလင်းပွဲအဖြေမှာ တိကျတဲ့ အဖြေမျိုးမဟုတ်ဘဲ ယူသော်ရ၏ဆိုတဲ့ အဖြေမျိုးကိုပေးခဲ့တဲ့ အတွက် တိတိကျကျ ခေါင်းစဉ်မတပ်ခဲ့ဘဲ အနားယူနိုင်တယ် ဆိုပြီး ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။တပ်ချုပ်အပြောင်းအလဲက မြန်မာနိုင်ငံရေးမှာ ယခုထိအရေး ပါတဲ့ အနေအထားမှာ ရှိနေဆဲပါ။ ဒါဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်ကြောင့် အရေးပါနေတာ ဖြစ်ပြီး ဒီမိုကရေစီကို ကျင့်သုံးနေတယ်ဆိုတဲ့ နိုင်ငံတွေမှာ မရှိတဲ့ သတ်မှတ်ချက်တွေ ဖြစ်သလို တပ်ချုပ် နောက် ဆက်ခံမယ့်သူတွေက လက်ရှိမူဝါဒကို ဆက်သုံးနိုင်တဲ့သူလား၊ ပြောင်းလဲလာနိုင်တဲ့ သူလား ဆိုတာ ခန့်မှန်းကြည့်လို့ရတဲ့ အတွက် အားလုံးက စိတ်ဝင်စားနေကြတာပါ။

           

ပြည်သူလိုချင်တဲ့ အစိုးရကို ပြည်သူက ရွေးကောက်တင်ပြီးပါပြီ။ ပြည်သူလိုချင်တဲ့ ဒီမိုကရေစီ အရွေ့က လာမယ့် ၅ နှစ်မှာ တစ်ကယ်ရွေ့လို့ရမရက စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီလိုစောင့်ကြည့် ရမယ့် အထဲမှာ တပ်ချုပ်အပြောင်းအလဲလဲ ပါတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်း သတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။  

 

ခက်ထန်စိုး

 

(  Zawgyi  )             

 ဒီတစ္ပတ္ထဲမွာ စိတ္ဝင္စားစရာ သတင္းမ်ားစြာျဖစ္ခဲ့ပါတယ္။ ဒီထဲမွာ ပဲခူးတိုင္းမင္းလွၿမိဳ႕နယ္မွာ ရဲကင္းမႉးတစ္ဦး လြယ္ထားတဲ့ ေသနတ္အိတ္ျပဳတ္က်ၿပီးက်ည္ထြက္ရာကေန က်ည္မွန္ၿပီး ေသဆုံး သြားတဲ့ သတင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းမွာ ရန္ျဖစ္ဖို႔ ေစာင့္ေနတဲ့ လူ ၃ ဦး ဆီကေန ေသနတ္ေတြ ေတြ႕ရာကေန ဆက္စပ္ၿပီး သန္လ်င္မွာ ေသနတ္ ၁၂ လက္ ထပ္ေတြ႕ခဲ့တဲ့ သတင္း၊ ႏွင္းဆီပါတီဥကၠ႒ကို လ၀ကအက္ဥပေဒနဲ႔ တရားစြဲထားရာမွာ တရားစြဲတဲ့ တရား႐ုံးမွာ စီရင္ပိုင္ခြင့္မရွိလို႔ဆိုၿပီး ပလပ္လိုက္တဲ့ သတင္း၊ အစိုးရရဲ႕ ကိုဗစ္ ေထာက္ပံ့ေၾကးမရလို႔ တိုင္ၾကားခဲ့တဲ့အမႈေပါင္း ၃၇၀၀၀ ေက်ာ္ေတာင္ရွိတယ္ ဆိုတဲ့ သတင္း၊ ကေလးအလုပ္သမားကိစၥနဲ႔ ျပႆနာတက္ခဲ့တဲ့ ဒဂုံဆိပ္ကမ္း ေပါက္စီစက္႐ုံကို လူစုလူေဝး နဲ႔ အၾကမ္းဖက္မႈျဖစ္စဥ္မွာ ေနာက္ကြယ္ကေန ေသြးထိုးလႈံ႕ေဆာ္မႈ ရွိေနတာကို စစ္ေဆးေတြ႕ရွိခဲ့ရတဲ့သတင္း ေတြကလည္း ေတြးၾကည့္မယ္ဆိုရင္ ဆက္စပ္စဥ္းစားစရာေတြ မ်ားစြာရွိခဲ့ပါတယ္။

ဒါေပမယ့္ ယခုရက္ပိုင္း သတင္းေတြထဲမွာ  ကို႐ိုနာဗိုင္းရပ္ ကာကြယ္ေဆးနဲ႔ပတ္သက္တဲ့ သတင္း ေတြ ထြက္လာတဲ့ အတြက္ လူတိုင္းက ကာကြယ္ေဆးသတင္းဘက္သာ  အာ႐ုံေရာက္ေနၾကပါတယ္။ အဲဒီလို ကာကြယ္ေဆးသတင္းဘက္ေရာက္ေနတဲ့ စာဖတ္သူေတြရဲ႕ အာ႐ုံကို  ျပည္ခိုင္ၿဖိဳးပါတီဘက္ ဦးေဆာင္ၿပီး ရန္ကုန္တိုင္းျပည္ခိုင္ၿဖိဳးပါတီ႐ုံးမွာ သတင္းစာရွင္းလင္းပြဲ ထပ္လုပ္ခဲ့တဲ့အခါ၊ ေနာက္ရက္မွာ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ေနျပည္ေတာ္မွာ သတင္းစာရွင္းလင္းပြဲ ထပ္လုပ္ခဲ့တဲ့အခါ လူထုက သတင္းစာ ရွင္းလင္းပြဲက ထြက္လာတဲ့ သတင္းေတြေနာက္ ေတာက္ေလွ်ာက္အာ႐ုံၿငိ သြားခဲ့တာ ကိုေတြ႕ရပါတယ္။

ဒီတစ္ပတ္မွာေတာ့ ယခုထိမၿပီးျပတ္ေသးတဲ့ ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ရႈံးခဲ့တဲ့ ပါတီ ေတြဘက္က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲသတင္းနဲ႔ လူတိုင္းစိတ္ဝင္စားေနတဲ့ ကာခ်ဳပ္ အၿငိမ္း စားယူ/မယူသတင္းကိုေျဖၾကားေပးခဲ့တဲ့ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲ သတင္းေတြကို တင္ျပေပးခ်င္ပါတယ္။

မၿပီးေသးတဲ့ မဲအရႈံးအႏိုင္ဇာတ္လမ္း

ဒီအျဖစ္အပ်က္က ႐ုပ္သံဇာတ္လမ္းတြဲဆိုရင္ အေတာ္ေလးပ်င္းရိစရာေကာင္းတဲ့ ႐ုပ္သံဇာတ္လမ္းတြဲ တစ္ပုဒ္ျဖစ္ဖို႔ ေသခ်ာပါတယ္။ ဒါေပမယ့္ ဒါက ႏိုင္ငံတစ္ခုကို အုပ္ခ်ဳပ္မယ့္ အဖြဲ႕အစည္းကို ျပည္သူဆႏၵနဲ႔ေ႐ြးခ်ယ္တဲ့ အခါ ထြက္လာတဲ့ ရလဒ္က တစ္သက္လုံး လက္နက္ ကိုင္ေဆာင္ၿပီး အေျဖကို ျပ႒ာန္းခဲ့တဲ့ ဓေလ့နဲ႔  ယဥ္ပါးလာခဲ့တဲ့ သူေတြ အတြက္ လက္မခံခ်င္ၾကတာ သိပ္ေတာ့ အဆန္းတၾကယ္ ကိစၥေတာ့မဟုတ္ပါဘူး။

ဒါဟာ ေ႐ြးေကာက္မႈပါ။ selected မဟုတ္ပါဘူး။elected ပါ ။ ေ႐ြးေကာက္ပြဲပါ။သီးသန႔္ေ႐ြးခ်ယ္ တာမဟုတ္ပါဘူး။ ျပည္သူက သူ႔တို႔အက်ိဳးစီးပြားကို ေဆာင္႐ြက္ေပးႏိုင္တယ္လို႔ ယုံၾကည္တဲ့ ပါတီ အဖြဲ႕ အစည္းကို ေ႐ြးခ်ယ္ခဲ့တာပါ။ လာမည့္ ၅ ႏွစ္ သက္တမ္းမွာ ျပည္သူကို ရင္ဝယ္သားလို႔ သေဘာထားၿပီး ျပည္သူေတြရဲ႕လူေနမႈဘ၀တိုးတက္ေအာင္ ၊ ျပည္သူေတြရဲ႕ အသက္ အိုးအိမ္စည္းစိမ္လုံၿခဳံမႈရွိေအာင္ လုပ္ေဆာင္ေပးႏိုင္မယ္လို႔ ယုံၾကည္ထားတဲ့သူေတြကို ျပည္သူက သူပိုင္တဲ့ မဲတစ္ျပားကို အသုံးျပဳၿပီး ၅ ႏွစ္ သက္တမ္းအတြက္ ေ႐ြးခ်ယ္တာဝန္ေပးခဲ့တာပါ။

ဒါကိုပါတီေတြအေနနဲ႔ မ်က္ေျချပတ္ေနပုံရပါတယ္။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ဘာေၾကာင့္ အာဏာရပါတီက မဲအျပတ္အသတ္အႏိုင္ရခဲ့သလဲဆိုတာ တျခားေသာ ၿပိဳင္ဘက္ပါတီ ေတြဘက္ သိ/မသိ မသိေပမယ့္ ျပည္သူေတြကေတာ့ ၿပီးခဲ့တဲ့ ၅ ႏွစ္သက္တမ္းမွာ သူတို႔ရင္ထဲစိတ္ထဲ ရာစုႏွစ္ဝက္ေက်ာ္စြဲထင္ေနခဲ့တဲ့ အေၾကာက္တရားကို အာဏာရပါတီက ဆြဲခြာခ်ေပးႏိုင္ခဲ့လို႔ မဲအျပတ္အသတ္နဲ႔ တာဝန္ထပ္ ေပးခဲ့တာပါ။ ၿပီးခဲ့တဲ့ ၅ ႏွစ္မွာ ျပည္သူေတြ အေနနဲ႔ အာဏာပိုင္အဖြဲ႕အစည္းေတြကို အရင္ေခတ္ကလို မတရားလုပ္ရင္ ငုံ႔ခံစရာမလိုဘဲ တိုင္ၾကားႏိုင္တဲ့ အခြင့္အေရးရွိသလို ႏိုင္ငံရဲ႕ထိပ္ပိုင္းအာဏာပိုင္ အဖြဲ႕ ေတြ ကေန ျပည္ေထာင္စုဝန္ႀကီးအဆင့္အထိ၊ ေနာက္ဆုံး ေဒသဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အထိ ေအာက္ေျခထိဆင္းၿပီး ျပည္သူနဲ႔ ထိေတြ႕ဆက္ဆံခဲ့ၾကတဲ့အတြက္ မတရားရင္ မတရားသလို ျပည္သူက တိုက္႐ိုက္တင္ျပခြင့္ရၿပီး ႏိုင္ငံေခါင္းေဆာင္ပိုင္းကလည္း ျပတ္ျပတ္သားသား အေရးယူျပခဲ့တဲ့ အတြက္ ျပည္သူက ဒီအခင္းအက်င္းကို အေတာ္ေလးသေဘာက်ခဲ့တာလည္း ပါပါတယ္။  

ဒီအတြက္ ျပည္သူက ေနာက္၅ ႏွစ္ကို အာဏာရပါတီကို ႏိုင္ငံေတာ္ကို ဆက္ဦးေဆာင္ဖို႔ အခြင့္အေရးေပးခဲ့တာျဖစ္ပါတယ္။ ဒါကို ပါတီေတြဘက္က ျပည္သူေတြ ဘယ္ေၾကာင့္ အာဏာရပါတီကို မဲေပးခဲ့ၾကသလဲ၊ငါ့တို႔ အဲ့ဒီလိုမဲေပးေအာင္ လာမယ့္ ၅ ႏွစ္မွာ ဘာေတြ လုပ္ၾကရမလဲဆိုတာကို  ေခါင္းထဲက အတင္းဖယ္ထုတ္ၿပီး ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ရတာ ေကာ္မရွင္ေၾကာင့္၊မဲစာရင္းေၾကာင့္၊မဲမသာမႈေၾကာင့္ ဆိုၿပီး ယေန႔ျဖစ္ေနတဲ့ ျပည္သူ႔ဆႏၵထင္ဟပ္တဲ့ ရလဒ္ကို လက္ခံဖို႔ ျငင္းဆန္ေနၾကတာပါ။ ေျပာရမယ္ ဆိုရင္ေတာ့ "က်ား..က်ား...မီးယပ္"လို႔ ေခၚရမယ့္ အျဖစ္ပါ။

ႏိုဝင္ဘာ  ၂၆ ရက္က ရန္ကုန္ၿမိဳ႕သံလြင္လမ္းက ျပည္ခိုင္ၿဖိဳး႐ုံးမွာ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ မိတ္ဘက္ ပါတီ အခ်ိဳ႕ ပါဝင္တဲ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲကို ထပ္က်င္းပခဲ့ပါတယ္ ။ထပ္ က်င္းပတယ္ဆိုတဲ့ စကားကိုသုံးရတာ သိပ္မၾကာေသးတဲ့ ဒီလထဲမွာဘဲ ဒီေနရာမွာ ရန္ကုန္တိုင္း ျပည္ခိုင္ၿဖိဳးဘက္က သတင္းစာရွင္းလင္းပြဲလုပ္လို႔ မီဒီယာေတြနဲ႔အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူလို႔ဆိုတဲ့ ပါတီ ဝန္းရံသူေတြနဲ႔ ျပႆနာတက္ခဲ့ၾကပါေသးတယ္။ အဲဒီတုန္းက တပ္မေတာ္နဲ႔ ပူးေပါင္းၿပီး ေ႐ြးေကာက္ ပြဲ ျပန္က်င္းပေပးဖို႔ ေတာင္းဆိုခဲ့လို႔ တပ္မေတာ္ဘက္က ဒီေတာင္းဆိုမႈကို ျငင္းခဲ့ရတဲ့ အထိ ျဖစ္ခဲ့ပါ ေသးတယ္။ ယခုလည္း  ဒီသတင္းစာရွင္းလင္းပြဲမွာ ယခင္ စစ္အစိုးရလက္ထက္မွာ ရဲခ်ဳပ္တာဝန္ထမ္း ေဆာင္ခဲ့ဘူးတဲ့ လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီဒုဥကၠ႒ ဦးခင္ရီက ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ တရားမဲ့ျပဳက်င့္ခံခဲ့ရ တယ္လို႔ေျပာခဲ့ၿပီး အႏိုင္ရသြားတဲ့ ပါတီအေနနဲ႔  ႏိုင္ငံေတာ္ေထာက္ပံ့ေၾကးေပးတယ္ဆိုတဲ့ဟာမွာ မဲေအာင္ႏိုင္ေရးကို မူတည္ၿပီးေတာ့ ေျပာဆိုစည္း႐ုံး ဆြဲေဆာင္မႈေတြ အမ်ားအျပားရွိတယ္ဆိုတဲ့ ဟာေတြ လူထုမီဒီယာထဲမွာ မျမင္ခ်င္အဆုံးဘဲလို႔ ေျပာခဲ့ပါတယ္။ ဒါအျပင္ မဲရလဒ္မ်ားနဲ႔ ပတ္သက္ၿပီး အေထာက္ အထားမဲ့ မဲေပးခဲ့မႈႏွင့္ ႏွစ္ႀကိမ္တိုင္ မဲေပးခဲ့မႈေတြက သံသဃျဖစ္ဖြယ္ရွိေနလို႔ စစ္ေဆးေပးရန္လိုၿပီး တိုင္ၾကားတာကို မွန္မွန္ကန္ကန္ဆုံးျဖတ္ရင္  ရလဒ္အေျပာင္းအလဲ ရွိလာ ႏိုင္တယ္ဆိုၿပီးေျပာခဲ့ပါတယ္။ ဒီလို ျပည္ခိုင္ၿဖိဳးပါတီဘက္ကေန တိုင္ၾကားထားတဲ့ အမႈေတြကို အစိုးရအေနနဲ႔ တာဝန္ယူေျဖရွင္းေဆာင္႐ြက္ ေပးရမယ္လို႔ ဆိုၿပီး မေဆာင္႐ြက္ေပးရင္ ဥေပဒေဘာင္ထဲကေန တစ္ဆုံးတစ္စ လုပ္သြားမယ္ဆိုၿပီး ေျပာခဲ့တာကိုလည္း ေတြ႕ရပါ တယ္။

    

ဒီရွင္းလင္းပြဲမွာဘဲ ရွင္းလင္းခဲ့တဲ့ သူေတြ ေျပာခဲ့တဲ့ စကားေတြ ေလယူေလသိမ္းေတြက စစ္အစိုးရ လက္ထက္က သတင္းစာရွင္းလင္းပြဲေတြကို ျပန္ေအာက္ေမ့မွတ္မိစရာပါ။အထူးသျဖင့္   စစ္ဗိုလ္ခ်ဳပ္ ေဟာင္းအမ်ားစုပါဝင္ဖြဲ႕စည္းထားတဲ့ အမ်ိဳးသား ႏိုင္ငံေရး ဒီမိုကရက္ တစ္ပါတီ ဥကၠ႒ ယခင္သမၼတ႐ုံး ျပည္ေထာင္စုဝန္ႀကီးတာဝန္ယူခဲ့ဘူးတဲ့  ဦးစိုးေမာင္က  ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေျပာခဲ့ရာမွာ  ရပ္ကြက္၊ေက်း႐ြာၿမိဳ႕နယ္ အဆင့္ပုဂၢိဳလ္မ်ားအေနနဲ႔ မွန္မွန္ကန္ကန္ထြက္ဆို ေပးဖို႔ ၊ ဒီလိုမဟုတ္ဘဲ တင္းခံ ေနမယ္ဆိုရင္  တရားခံ စာရင္းထဲပါသြားမယ္ဆိုၿပီး ေျပာခဲ့တာကို ေတြ႕ရပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ တခ်ိဳ႕ေျပာတာေတြက ျပည္သူေတြအေနနဲ႔ ငါတို႔ေ႐ြးခ်ယ္မႈ မွန္ပါသလား ဆိုၿပီး ျဖစ္ရတဲ့ အထိေအာင္ သတင္းစာရွင္းလင္းပြဲက ေအာင္ျမင္ခဲ့ပါတယ္။ ဒီသတင္းစာရွင္းလင္းပြဲမွာ ျပည္ခိုင္ၿဖိဳးက ဦးခင္ရီေျပာခဲ့တဲ့ စကားတစ္ခြန္းကလည္း  လူမႈကြန္ရက္မီဒီယာေတြမွာ အေတာ္ေလး ေပါက္သြားခဲ့ပါတယ္။ ဒီစကားက "ဘယ္သူ႔ကို အားကိုးရမွန္း မသိေတာ့ဘူး”ဆိုတဲ့ စကားပါဘဲ။ ဒီစကားရည္ၫႊန္းတာက ေ႐ြးေကာက္ပြဲနဲ႔ သက္ဆိုင္တဲ့ တိုင္ၾကားစာေတြကို  ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏိုင္ငံေတာ္သမၼတ တို႔ထံ ေပးပို႔တိုင္ၾကားထားေပမယ့္ အေၾကာင္းမထူးတဲ့ အတြက္ ဘယ္သူ႔ကိုအားကိုးရမွန္း မသိေတာ့ဘူး ဆိုကာ ညည္းတြားေျပာဆိုခဲ့တာပါ။ ဒီစကာက ကာတြန္းမ်ားမွာ တစ္ကြက္ကာတြန္းေရးဆြဲခဲ့ရတဲ့ အထိ ေပါက္ေျမႇာက္ခဲ့ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီနဲ႔ဆက္ႏြယ္တဲ့ သတင္းစာရွင္းလင္းပြဲတိုင္းမွာ တစ္ခုမဟုတ္ တစ္ခုေတာ့ ျဖစ္တယ္ဆိုတဲ့အတိုင္း အဆိုပါသတင္းစာရွင္းလင္းပြဲ အခမ္းအနားမွာ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ား အဖြဲ႕ ခ်ဳပ္ပါတီဥကၠ႒ ဦးသိန္းၾကည္က ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ တာဝန္ယူမႈကင္းမဲ့ပုံကို "UEC ဝန္ခံတယ္။ ဘယ္လိုဝန္ခံလဲဆိုေတာ့ သူတို႔မွ်မွ်တတလုပ္တယ္။ ေအာက္ေျခကလုပ္တဲ့ ကိစၥရပ္ ေတြ မသိဘူးတဲ့။ မဲ႐ုံမႉးေတြနဲ႔ ဆရာမေတြကို ထိုးခ်တယ္" ဟု ေျပာဆိုၿပီး ေခါင္းေရွာင္ပုံကို "လူေပၚျပာ က်လို႔ ေခြးေပၚခါခ်တယ္" ဟု ေခြးနဲ႔ ခိုင္းႏႈိင္းေျပာဆိုခဲ့လို႔ ေက်ာင္းဆရာ/ဆရာမေတြဘက္က ျပင္းျပင္းထန္ထန္ကန႔္ကြက္ခဲ့ပါတယ္။  

ဒီလိုျဖစ္ရပ္ကေန အေၾကာင္းျပဳၿပီး ေ႐ြးေကာက္ပြဲမွာ မဲ႐ုံမႉးတာဝန္ယူခဲ့ၾကတဲ့ ပညာေရးဝန္ထမ္း ေတြကို ပါတီေတြဘက္က တရားစြဲရင္ ရပ္တည္ကာကြယ္ေပးမယ္ဆိုၿပီး ဆရာ/ဆရာမမ်ားသမဂၢဘက္က စာထုတ္ခဲ့တာျဖစ္ခဲ့ပါတယ္။ သတင္းစာရွင္းလင္းပြဲတစ္ခါလုပ္တိုင္း ေျပာစရာ ဆိုစရာ တစ္ခုမဟုတ္ တစ္ခုရွိေနတာကို  ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲေတြ မွာ ေတြ႕ရပါတယ္။ ဒီသတင္း စာရွင္းလင္းပြဲမွာဘဲ  အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူေတြ မ်ားတဲ့ေနရာလို႔ အၾကမ္းဖ်င္း သိရွိထားတဲ့ မိတၳီလာကေန ဝင္ၿပိဳင္ၿပီး ၿပိဳင္ဘက္ NLDပါတီကိုယ္စားလွယ္ေလာင္းကို ရႈံးနိမ့္ခဲ့တဲ့ ေဒါက္တာေမာင္သင္းက မွတ္ပုံတင္လုံး၀မရွိဘဲ မဲေပးသူၿမိဳ႕နယ္တိုင္းမွာ အမ်ားဆုံးလို႔ေျပာခဲ့ၿပီး  ေ႐ြးေကာက္ပြဲ မဲရလဒ္က တရားမွ်တတဲ့ မဲရလဒ္ျဖစ္ေၾကာင္းလက္ခံဖို႔ခက္ခဲ‌ ေၾကာင္းေျပာခဲ့ပါတယ္။ ဒါအျပင္ ထူးထူးဆန္းဆန္း ေ႐ြးေကာက္ပြဲကို အိုလံပစ္ၿပိဳင္ပြဲမ်ားလို ပထမဆုရတဲ့သူက တားျမစ္ေဆးသုံးရင္ ဒုတိယရ ရတဲ့သူကို ပထမဆုျပန္ေပးသလိုမ်ိဳး ေ႐ြးေကာက္ပြဲမွာလည္း အႏိုင္ရသူက မတရား တာလုပ္တာေတြ႕ရင္ ဒုတိယမဲ အမ်ားဆုံးရတဲ့သူကို အႏိုင္ေပးတာမ်ိဳး ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ ယခုအၾကပ္အတည္း ကေန ထြက္ေပါက္အျဖစ္ စဥ္းစားသင့္တယ္ဆိုကာ ေျပာခဲ့တာကို ေတြ႕ရပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီက တာဝန္ရွိသူ ႏွစ္ဦးပါဝင္တဲ့ ဒီသတင္းစာရွင္းလင္းပြဲက အမ်ားျပည္သူကိုစဥ္းစားစရာ အမ်ားႀကီးေပးခဲ့တာကိုေတြ႕ရပါတယ္။ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီဥကၠ႒ ဦးစိုးေမာင္ ေျပာခဲ့တဲ့  ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးေရခ်ိန္နိမ့္လြန္းတဲ့အတြက္ ျဖစ္ခ်င္ရာျဖစ္ေနတယ္ ဆိုတဲ့ ေျပာဆိုခ်က္ က မီဒီယာေတြမွာ ေခါင္းစဥ္တစ္ခုျဖစ္ခဲ့သလို တစ္ကယ့္ႏိုင္ငံေရးသမားမ်ားေတြရဲ႕ ေဝဖန္သုံးသပ္ခ်က္ ေတြကလည္း  ျပင္းထန္ခဲ့တာကို ေတြ႕ရပါတယ္။   

ဒီသတင္းစာရွင္းလင္းပြဲမတိုင္မီႏွင့္ သတင္းစာရွင္းလင္းပြဲမ်ားေနာက္ ျမန္မာႏိုင္ငံ အခ်ိဳၿမိဳ႕မ်ား ျဖစ္တဲ့ မိတၳီလာ၊ ေခ်ာက္တို႔မွာ ျပည္ခိုင္ၿဖိဳးပါတီက ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဆႏၵျပခဲ့တာေတြ႕ ရပါတယ္။ သတင္းစာရွင္းလင္းပြဲမွာ ဦးခင္ရီေျပာခဲ့တဲ့ “သန္းေပါင္းမ်ားစြာ ေသာျပည္သူ”ဆိုတဲ့ စကားရပ္ အေပၚ ကမ္ပိန္းလုပ္ေနစျပဳတာကိုလည္း ယခုေတြ႕ေနရပါတယ္။ လက္ရွိမွာ ျပည္သူအမ်ားစုအေနနဲ႔ အတိုက္အခံပါတီေတြဘက္က လႈပ္ရွားမႈေတြ၊ ဆန႔္က်င့္ကြက္မႈေတြ ေတာင္းဆိုမႈေတြကို အာ႐ုံစိုက္တာ သိပ္မေတြ႕ရဘဲ  ပါတီေတြဘက္က လႈပ္ရွားမႈေတြက ေျပာဆိုမႈေတြက ေ႐ြးေကာက္ပြဲဥပေဒကို ေက်ာ္လြန္လာခဲ့ရင္ ေကာ္မရွင္ဘက္က ဘယ္လိုတုံ႔ျပန္မလဲဆိုတာကိုသာ စိတ္ဝင္စားေနၾကပါတယ္။

အခုရက္ပိုင္းအတြင္း အစိုးရသတင္းစာမွာ ေ႐ြးေကာက္ပြဲျပန္လည္က်င္းပရန္ ေတာင္းဆိုတဲ့ ပါတီေတြကို ႏိုင္ငံေရးပါတီအျဖစ္ကေန ႐ုပ္သိမ္းႏိုင္တယ္ဆိုတဲ့ ေဆာင္းပါးတစ္ပုဒ္ေဖာ္ျပခဲ့တဲ့ အတြက္ ေ႐ြးေကာ္နဲ႔ အတိုက္အခံပါတီေတြ ၾကား ဘာေတြ ျဖစ္လာႏိုင္မလဲ ဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖဟ္ပါတယ္။

တပ္ခ်ဳပ္ အနာဂတ္

ရန္ကုန္မွာ ျပည္ခိုင္ၿဖိဳးပါတီနဲ႔မိတ္ဘက္ပါတီေတြ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ေနာက္တစ္ရက္ မွာ ဘဲ ေနျပည္ေတာ္မွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ပါတယ္။ ဒီရွင္းလင္းပြဲမွာ အခုေနာက္ပိုင္း တပ္မေတာ္ သတင္းစာ ရွင္းလင္းပြဲေတြမွာ ဒိုင္ခံပြဲထြက္ ရွင္းလင္းေနတဲ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတစ္ဦးတည္းကသာ လာေရာက္ေျပာၾကားခဲ့တာကို ေတြ႕ရပါတယ္။

           

ဒီသတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြဘက္က ေမးတဲ့ ေမးခြန္းေတြက စိတ္ဝင္စားစရာေကာင္းသလို ျပန္ေျဖတဲ့ အေျဖေတြက လိုသလို ယူလို႔ရတဲ့ သေဘာေတြ ပါခဲ့တဲ့ အတြက္ သတင္းမီဒီယာေတြမွာ သတင္းတစ္ခုဟာ ႏွစ္မ်ိဳးျဖစ္ခဲ့တာကိုလည္းေတြ႕ခဲ့ရပါတယ္။ ဒီသတင္းစာရွင္းလင္းပြဲမွာ သတိထား မိစရာ အေၾကာင္းအရာ ၄ ခုကို ေတြ႕ခဲ့ရပါတယ္။ဒီ ၄ ခုထဲမွာ  ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ျပင္ပမဲ႐ုံ ေတြမွာ တပ္မေတာ္သားေတြ မဲေပးခဲ့ရတဲ့ ၿမိဳ႕နယ္ ၂၀၀ ေက်ာ္ရဲ႕ အေျခအေနကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္ ဆိုၿပီး ေျပာခဲ့တာရွိပါတယ္။ ဒါဟာ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ ၿပီး တိုင္ၾကားထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး တပ္ဘက္က သေဘာထားကို ေမးရာမွာ ဒီလို စစ္ေဆးတာ ကို ေျပာခဲ့တာ ျဖစ္ၿပီး ဒါဟာ ျပည္ခိုင္ၿဖိဳးနဲ႔မသက္ဆိုင္ဘဲ လုပ္သင့္ လုပ္ထိုက္တာကိုလုပ္တာလို႔ ေျပာခဲ့ ပါတယ္။ ဒီလို စစ္ေဆးေနတဲ့ အေပၚ ျပင္ပက ေလ့လာေစာင့္ၾကည့္သူေတြက တပ္ဖြဲ႕ဝင္ေတြ လြတ္လပ္စြာမဲေပးခြင့္အေပၚထိခိုက္မွာ စိုးရိမ္တယ္လို႔ ေျပာခဲ့တာရွိၿပီး အႏိုင္ရပါတီဘက္က လြတ္လပ္စြာမဲေပး ပိုင္ခြင့္နဲ႔ လြတ္လပ္မွ်တသည့္ ေ႐ြးေကာက္ပြဲကို မထိခိုက္ရင္ ကန႔္ကြက္စရာမရွိဘူးလို႔ ေျပာခဲ့ပါတယ္။

           

ဒီသတင္းစာရွင္းလင္းပြဲမွာ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေျပာခဲ့တာရွိပါတယ္။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က  ၿငိမ္းခ်မ္းေရးအတြက္  ေဆြးေႏြးညႇိႏႈိင္းမႈေတြ၊ဒီကေန အျပန္အလွန္ ေစာင့္စည္းမႈေတြ၊ အဲဒီကေန ယုံၾကည္မႈ တည္ေဆာက္မႈေတြ လုပ္ရမယ္ေျပာခဲ့ၿပီး    သီအိုရီဘယ္ေလာက္ပဲေကာင္းေနေန အျပင္ဘက္မွာ လက္ေတြ႕ တိုက္ေနၾကတယ္ဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က ေနာက္ျပန္သြားမွာပဲလို႔  ေျပာခဲ့တာကိုေတြ႕ရပါတယ္။ သတင္းမီဒီယာေတြက ရခိုင္လက္နက္ေသာင္းက်န္းသူ ေအေအနဲ႔ ပတ္သက္ ၿပီး ေမးတဲ့အခါ ေ႐ြးေကာက္ပြဲ စတဲ့ေန႔ ကတည္းက အခုထိ တိုက္ပြဲေတြ ရပ္ထားတဲ့အတြက္ ၿငိမ္းခ်မ္းေရးအတြက္ ေကာင္းသည့္ အေျခအေနျဖစ္တယ္ဆိုၿပီး  ေျပာခဲ့သလို ေအေအနဲ႔ တိုက္႐ိုက္ညႇိႏိုင္းမႈမရွိေပမယ့္ ၾကားခံပုဂၢိဳလ္အဖြဲ႕အစည္းေတြကေန တစ္ဆင့္ ဆက္သြယ္ ညႇိႏိုင္း ေနတာေတြ ရွိတယ္လို႔ ေျပာခဲ့ ပါတယ္။

           

ရခိုင္ဘက္မွာ တိုက္ပြဲေတြရပ္ေနေပမယ့္ ယခုရက္ပိုင္းမွာ ျမန္မာႏိုင္ငံအေရွ႕ဘက္ မႏၲေလး တိုင္းေဒသႀကီးထဲပါတဲ့ မိုးကုတ္အနီးထိ တိုက္ပြဲေတြလာ ျဖစ္ေနလို႔ ေဒသခံေတြ ဒီရက္ပိုင္း ထြက္ေျပးခဲ့ရ တာရွိပါတယ္။ TNLAေတြနဲ႔ တပ္မေတာ္ၾကား ျဖစ္ခဲ့တာျဖစ္ၿပီး ႏိုဝင္ဘာ ၂၄ ရက္ ညပိုင္းကျဖစ္ခဲ့တာပါ။ အဆိုပါသတင္းစာရွင္းလင္းပြဲမွာ အမ်ားစိတ္ဝင္စားေနတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္အေျပာင္းအလဲ သတင္း ပါဘဲ။ လာမယ့္ ႏွစ္မွာ လက္ရွိကာကြယ္ေရးဦးစီးခ်ဳပ္က ၆၅ ႏွစ္ျပည့္ပါၿပီ။ ဒါဟာ ၂၀၁၆ ခုႏွစ္တုန္းက ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ရွင္းလင္းခဲ့တုန္းက ကာကြယ္ေရးေကာင္စီက ၫႊန္ၾကားလႊာထုတ္ျပန္ခဲ့ေၾကာင္း ၊ ထိုၫႊန္ၾကားလႊာမွာ တပ္ခ်ဳပ္နဲ႔ ဒုတပ္ခ်ဳပ္ဟာ အသက္ ၆၅ ႏွစ္ထက္မပိုတဲ့ ကာလအထိ တာဝန္ထမ္းေဆာင္မယ္ဆိုၿပီး ထိုစဥ္က ဒုတိယဗိုလ္ခ်ဴပ္ႀကီးျမထြန္းဦးက ေျပာခဲ့တာရွိ ပါတယ္။ ဒီသတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိစၥမွာ ၂ဝဝ၈ ဖြဲ႕ စည္းပုံအေျခခံဥပေဒျပ ႒ာန္းခ်က္မ်ားႏွင့္ အညီေဆာင္႐ြက္မည္ျဖစ္ၿပီး ‘‘ဥပေဒကိုေက်ာ္လြန္ၿပီး လုပ္ေဆာင္ဖို႔မရွိပါဘူး”လို႔ ေျပာခဲ့ပါတယ္။ ဒါအျပင္ သတင္းေထာက္တစ္ဦးေမးခဲ့သည့္ လာမည့္ႏွစ္ ဧၿပီလမွာ တပ္ခ်ဳပ္အသက္ ၆၅ ႏွစ္ျပည့္မလားဆိုသည္ကို ျပည့္မွာျဖစ္ေၾကာင္းကိုလည္း ေျဖခဲ့ပါတယ္။

           

ဒါအျပင္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ ပါတီအေနျဖင့္ အစိုးရဖြဲ႕ႏိုင္ရန္ေဆာင္႐ြက္ေနၿပီး  မည္သည့္ႏိုင္ငံေရးအခင္းအက်င္းမ်ိဳးျဖင့္ ထြက္ရွိလာမည္မသိရွိေသး၍ အစိုးရဖြဲ႕ၿပီးမွသာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အေျပာင္းအလဲႏွင့္  ဒုတိယသမၼတ တင္ေျမႇာက္မည့္ ကိစၥမ်ားကို အတိအက် သိရွိရမည္ျဖစ္တယ္ဆိုၿပီး ေျပာခဲ့တာကိုေတြ႕ရပါတယ္။တပ္ခ်ဳပ္အလြန္ ဆက္လက္တာဝန္ဆက္ခံမည့္သူမ်ား အခင္းက်င္းကို ေမးခဲ့ရာမွာ တိက်တဲ့မူဝါဒရွိေၾကာင္း ေျပာခဲ့သလို ဘယ္လိုလူမ်ိဳးဆိုတာကိုလည္း မေျပာျပ ႏိုင္ေသးဘူးလို႔ ေျပာခဲ့တာေတြ႕ရပါတယ္။

           

ဒီသတင္းအေပၚ  မီဒီယာအမ်ားစုက လာမည့္ႏွစ္ တပ္ခ်ဳပ္အနားယူၿပီဆိုၿပီးေခါင္းစဥ္ေတြ တပ္ခဲ့ တာေတြ႕ရၿပီး မီဒီယာႀကီးေတြကေတာ့  သတင္းစာရွင္းလင္းပြဲအေျဖမွာ တိက်တဲ့ အေျဖမ်ိဳးမဟုတ္ဘဲ ယူေသာ္ရ၏ဆိုတဲ့ အေျဖမ်ိဳးကိုေပးခဲ့တဲ့ အတြက္ တိတိက်က် ေခါင္းစဥ္မတပ္ခဲ့ဘဲ အနားယူႏိုင္တယ္ ဆိုၿပီး ေဖာ္ျပခဲ့တာကိုလည္း ေတြ႕ရပါတယ္။တပ္ခ်ဳပ္အေျပာင္းအလဲက ျမန္မာႏိုင္ငံေရးမွာ ယခုထိအေရး ပါတဲ့ အေနအထားမွာ ရွိေနဆဲပါ။ ဒါဟာ ၂၀၀၈ အေျခခံဥပေဒရဲ႕ ျပ႒ာန္းခ်က္ေၾကာင့္ အေရးပါေနတာ ျဖစ္ၿပီး ဒီမိုကေရစီကို က်င့္သုံးေနတယ္ဆိုတဲ့ ႏိုင္ငံေတြမွာ မရွိတဲ့ သတ္မွတ္ခ်က္ေတြ ျဖစ္သလို တပ္ခ်ဳပ္ ေနာက္ ဆက္ခံမယ့္သူေတြက လက္ရွိမူဝါဒကို ဆက္သုံးႏိုင္တဲ့သူလား၊ ေျပာင္းလဲလာႏိုင္တဲ့ သူလား ဆိုတာ ခန႔္မွန္းၾကည့္လို႔ရတဲ့ အတြက္ အားလုံးက စိတ္ဝင္စားေနၾကတာပါ။

           

ျပည္သူလိုခ်င္တဲ့ အစိုးရကို ျပည္သူက ေ႐ြးေကာက္တင္ၿပီးပါၿပီ။ ျပည္သူလိုခ်င္တဲ့ ဒီမိုကေရစီ အေ႐ြ႕က လာမယ့္ ၅ ႏွစ္မွာ တစ္ကယ္ေ႐ြ႕လို႔ရမရက ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ဒီလိုေစာင့္ၾကည့္ ရမယ့္ အထဲမွာ တပ္ခ်ဳပ္အေျပာင္းအလဲလဲ ပါတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္း သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။  

ခက္ထန္စိုး