【 တစ်ပတ်အတွင်း ပြည်တွင်း သတင်းသုံးသပ်ချက် 】 အားပြိုင်မှုနဲ့ အဖြစ်များလာတဲ့ အနုကြမ်းစီးမှု

 【 တစ်ပတ်အတွင်း ပြည်တွင်း သတင်းသုံးသပ်ချက် 】 အားပြိုင်မှုနဲ့ အဖြစ်များလာတဲ့ အနုကြမ်းစီးမှု

ယခုတစ်ပတ်သတင်းတွေထဲ သတိထားစရာသတင်းတွေက လှိုင်သာယာနဲ့မင်္ဂလာတောင်ညွှန်မှာ ဖြစ်ခဲ့ တဲ့ အနုကြမ်းစီးလုယက်မှု သတင်းတွေနဲ့ မဘသအမည်ပြောင်းအဖွဲ့ကို မဟနက ပိတ်ခိုင်းတဲ့ သတင်းတွေ၊ အိန္ဒိယရေတပ်သုံးရေငုပ်သင်္ဘောကို မြန်မာဘက် လွှဲပြောင်းမယ့် သတင်းတွေ၊ ပုဂံယူနက်စကိုဝင်တဲ့ အပေါ် ပြောခဲ့တဲ့ သီတဂူဆရာတော်ကြီးရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာဝေဖန်မှုတွေ များခဲ့တဲ့ သတင်း တွေ၊ခြေဥပြင်ဆင်ရေးသတင်းတွေ ၊ တူရကီမှာ မလေးဝန်ကြီးချုပ်က ဘင်္ဂါလီတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေးဖို့ ပြောခဲ့တဲ့ စကားတွေ စတဲ့ ဒီသတင်းတွေ ယခုတစ်ပတ်မှာ လှုပ်ခတ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတွေ ဖြစ်တဲ့ ရေလွှဲဆည်ပိတ်ပြီး တစ် သျှူးငှက် ပျောစိုက်ခင်းထဲ ရေသွင်းနေတဲ့ တော်ဝင်ရဲ ထွဋ်ကုမ္ပဏီကုမ္ပဏီကို ကချင် ပြည်နယ်အစိုးရက သတိ ပေးပြီး ချောင်းကိုပြန်ဖွင့်ပေးရန် ညွှန်ကြားခဲ့ရတဲ့ သတင်း၊လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေတာကို ဖော်ထုတ် ရာမှာ ပထမခြောက်လအတွင်း ကျပ်သိန်း ၉,၆၀၀ ကျော်လျော်ကြေးရရှိတဲ့ သတင်း၊ ရေမီတာသုံးစွဲခတိုးမြှင့်ဖို့ ရန်ကုန်စည်ပင်က စီစဉ်နေတဲ့ သတင်း၊ဖားကန့်မှာ တောင်ကျရေကြောင့် လူတစ်ဦး မျောပါသေဆုံးပြီး နေအိမ် အလုံး ၂၀  ပျက်စီးခဲ့တဲ့ သတင်း၊ ဧရာဝတီမြစ်ရေမြင့် တက်လာလို့ မကွေးတိုင်းမှာ လူ၃,၀၀၀ ကျော်ကို အလျင် အမြန်ရွေ့ပြောင်းနေရာချထားပေးခဲ့ရတဲ့ သတင်း၊ လေ့လာမှုအရ မြန်မာနိုင်ငံမှာ ကျားအကောင်ရေ ၂၂ ကောင် ရှင်သန်ကျက်စားနေတဲ့ သတင်း၊  မိုင်းတုံမြို့နယ် ခိုင်းလုံဒေသရှိ ‘ဝ’ တပ်ဖွဲ့နှင့်မိသားစုဝင်၃၉ ဦး ရေအဆိပ် သင့်လို့ ထိုင်းဘက်ခြမ်းမှာ ဆေးကုသမှုခံနေရတဲ့ သတင်း၊  ပြင်စလူနှင့် ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင် မှာ ဘိလပ်မြေတင် သင်္ဘောနစ်မြုပ်လို့ ငါးဦးပျောက်ဆုံးခဲ့တဲ့ သတင်း၊ မန္တလေးရွှေကြက် ယက်ဂေါ်ဒန်ဆိပ်ကမ်းမှာ ဘိလပ်မြေနှင့်ထုံးအိတ်တင်ထားတဲ့ တွဲရေယာဉ်တစ်စီး ခါးပိုင်းကျိုးကာ နစ်မြုပ်ခဲ့တဲ့ သတင်းတွေလည်း ယခုတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။

ရေငုပ်သင်္ဘောနဲ့  အာချောင်တာထက်ပိုလာတဲ့ မလေးရှား

ကာလရှည်စွာမျှော်နေတဲ့ တိုင်းပြည်ကာကွယ်ရေးနဲ့ ပက်သက်တဲ့ စိတ်ကူးယဉ်မှုက တစ်ကယ်ဖြစ် လာခဲ့ပါပြီ။ ယခုရက်သတ္တပတ်ထဲ အိန္ဒိယကို ချစ်ကြည်ရေးခရီးသွားရောက်နေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ခရီးစဉ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်က အိန္ဒိယ Hindustan Shipyard Limited က မြန်မာရေ တပ်၏ပထမဆုံး ရေငုပ်သင်္ဘော ကို လွဲှပြောင်းပေးရန် တည်ဆောက် နေတယ်ဆိုတဲ့ သတင်း ပါဘဲ။ဒီလို လွဲပေးမယ်ဆိုတဲ့ ရေငုပ်သင်္ဘောက INS Sindhuvir အမည်ရှိတဲ့ Kilo Class ရေငုပ် သင်္ဘောပါ။  

ဒီရေငုပ်သင်္ဘောကို  အိန္ဒိယက ရုရှားဆီကနေ ၁၉၈၀ ကျော်ကာလကတည်းက ဝယ်ယူခဲ့တာပါ။ ဒီက နေတစ်ဆင့် မြန်မာက ဝယ်ခဲ့တာ ဆိုပါတယ်။ The Economic Times သတင်းဖော်ပြချက်တွေမှာတော့  ရေငုပ် သင်္ဘောကို မူလထုတ်လုပ်သည့် ရုရှားထံမှ လိုအပ်သည့် ခွင့်ပြုချက်များကို ရယူပြီး မြန်မာရေတပ် လေ့ကျင့်နိုင် ဖို့ ပြည်တွင်းဖြစ်စနစ်တွေနဲ့  ပြင်ဆင်တပ်ဆင်နေတယ်ဆိုပြီး ယခုနှစ်မကုန်မီ ပြီးစီးဖွယ် ရှိကြောင်းဖော်ပြ ထားပါ တယ်။

လက်ရှိမှာ မြန်မာနိုင်ငံလုံခြုံရေးကို အဓိက ခြိမ်းခြောက်နေတဲ့ အနောက်ခြမ်းက ဘင်္ဂလားဒေ့ရှ်မှာ တရုတ် ကနေ Type 035G-class ရေငုပ်သင်္ဘော (Ming Class) နှစ်စီးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဝယ်ထားခဲ့တာပါ။မြန်မာနိုင်ငံပတ်ဝန်းကျင် ရေပြင်ထိစပ်ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ရေငုတ်သဘောၤတွေ ပိုင်ဆိုင်နေတဲ့အတွက် ဒီသတင်းက မြန်မာနိုင်ငံလုံခြုံရေးအတွက် သတင်းကောင်းဖြစ်သလို ပတ်ဝန်းကျင်က သူခိုးကျင့်သူခိုးကြံဝင်လာတတ်တဲ့ သင်္ဘောတွေအတွက်လည်း  အဟန့်သင်္ဘောမျိုးဖြစ်လာမှာ အသေအချာ ပါဘဲ။

ဒီတပတ်ထဲမှာဘဲ တူရကီနိုင်ငံသို့ လေးရက် ကြာ အလည်အပတ်ခရီးစဉ် ရောက်ရှိနေတဲ့ မလေးရှား ဝန်ကြီးချုပ် မဟာသီယာမိုဟာ မက်က တူရကီအစိုးရပိုင် အန်ဒါဒိုလူသတင်းအေဂျင်စီနဲ့အင်တာဗျူးမှာ မြန်မာ အရေးကိုစွက်ဖက်ပြီးပြောခဲ့ပါတယ်။ ဒါက ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဘင်္ဂါလီလူမျိုးတွေ ပြဿနာကိုပါ။ သူက “သူ တို့(ဘင်္ဂါလီ)တွေကို နိုင်ငံသား တွေအဖြစ် သဘောထားသင့် တယ်။ ဒါမှမဟုတ် သူတို့ရဲ့ကိုယ် ပိုင် အချုပ်အခြာအာဏာပိုင်တဲ့ နယ်မြေအဖြစ်ပေးသင့်တယ်” လို့ ပြောခဲ့တာပါ။ နိုင်ငံအာဏာပိုင်တစ်ဦးအနေနဲ့ မပြောသင့်တဲ့ ကိစ္စပါ။

ဒါဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တာဖြစ်သလို  လတ်တလော မှာ တည်ငြိမ်နေတဲ့ ရခိုင်အနောက်ခြမ်းပြဿနာကို ပြန်ဆွသလို ဖြစ်စေတာပါဘဲ။ဒီလိုပြောတဲ့အတွက် ရန်ကုန် အခြေစိုက် မလေးရှားသံအမတ်ကြီးကို နေပြည်တော်ကို ဆင့်ခေါ်ပြီး  မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင်က မလေးဝန်ကြီးချုပ်ပြောစကားကို မြန်မာနိုင်ငံအနေနဲ့ လက်မခံဘဲ ကန့်ကွက် ကြောင်း ပြောကြားခဲ့သလို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ တစ်ဖက်သက်စွပ်စွဲချက်နဲ့ အာဆီယံပဏ္ဍိညာဉ်မူဝါဒကို ချိုးဖောက်ရာကျတယ်လို့ လည်းပြော ခဲ့ပါတယ်။

လက်ရှိမှာ အာဆီယံနိုင်ငံတွေထဲ မလေးရှားနိုင်ငံအနေအထားက မြန်မာအတွက် သတိထား စရာ ကိစ္စပါ။

ဘင်္ဂလားဒေ့ရှ်နဲ့နီးကပ်စွာဆက်ဆံနေသလို OIC အဖွဲ့ဝင်ဖြစ်တဲ့အတွက် ဘာသာရေးအကြောင်းပြပြီး မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ရဲ့ သံတမန်လှုပ်ရှားမှုတွေက  မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားပျက်စီးရာ ပျက်စီး ကြောင်းတွေ ဖြစ်နေတာ သတိထားစရာပါ။  ဇွန်လ ၁၃ ရက်မှာ  အမေရိကန်အောက်လွှတ်တော် အမတ်က ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နယ်မြေ သတ်မှတ်ရန် ပြောဆိုမှု၊ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနယ်နိမိတ် အတွင်း ဘင်္ဂါလီ များအတွက် Safe Zone တည် ထောင်ရေးအကြိမ်ကြိမ်ပြောဆိုမှုတွေနဲ့ ယခု မလေးရှားဝန်ကြီး ချုပ် ရဲ့ ခိုးဝင်အခြေချဘင်္ဂါလီတွေကို ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်တဲ့ နယ်မြေအဖြစ်ပေးဖို့ ပြောတာတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ဒီရက်သတ္တပတ်ထဲမှာဘဲ မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိဒုက္ခသည်စခန်းကို သွားပြီး နေရပ်ပြန်လာရေးအတွက်သွားရောက် ရှင်းပြခဲ့ပါသေးတယ်။ ဒီလိုတွေ့ရာမှာ ဘင်္ဂါလီဒုက္ခသည်တွေက နိုင်ငံသား အခွင့်အရေးပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်ရရှိရေးကို  တောင်းဆို ခဲ့တယ်ဆိုပါတယ်။ဒီခရီးစဉ်မှာ  မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတကာအေဂျင်စီများနဲ့တွေ့ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဘက်က မတွေခဲ့သလို ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကလည်း သတင်းမယူခဲ့ပါဘူး။ယခုရက်ထဲ မြန်မာနိုင်ငံကို တစ်ရက် တာခရီးစဉ်လာရောက်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မှာ  ဂျပန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရ၏ ရခိုင်အ ရေးကိစ္စတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီရေး ဆွေးနွေးခဲ့သလို ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာလည်း ဘင်္ဂါလီပြဿနာကို ဝင်ကူညီဖို့ ကမ်းလှမ်းခဲ့ပါတယ်။

မကြာသေးမီက မြန်မာစစ်ဘက်ကို လက်နက်ဝယ်ယူခွင့် အမေရိကန်ဘက်က ပိတ်ဆို့ခဲ့တာ၊ အစ္စရေး လက်နက်ပြပွဲ မြန်မာစစ်ဘက်ကို တက်ခွင့်ပိတ်ခဲ့တာတွေ၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် မြန်မာ့တပ်မတော် ထိပ်တန်းတာဝန်ရှိသူတွေကို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ တာတွေရှိနေချိန်မှာ  ဒီလိုသတင်းထွက် ပေါ်လာ တာက ခြိမ်းခြောက်မှုရှိနေတဲ့  မြန်မာ့ကာကွယ်ရေးအတွက် အများကြီး အကောင်းဘက်က ဖြစ်ထွန်းခဲ့ပါတယ်။ ဒီရေငုပ်သင်္ဘောကနေ နောက်ထပ်ဘယ်လို အမျိုးအစားတွေ တိုးချဲဝယ်လာမလဲ၊ ဘာတွေ တိုးတက်လာမလဲ ဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အဆိုပါသတင်းတွေ အပြင် ယခုတစ်တပတ်ထဲမှာ ရခိုင်နဲ့ပက်သက်ပြီးဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့  AA လက်နက်ကိုင်တွေ ဖမ်းဆီးထားတဲ့ ပလက်၀ မြို့နယ်က ကင်းတလင်း ရွာသူရွာ သားတွေကို AA လက်နက်ကိုင် တွေက ပြန်လွှတ်လိုက်တဲ့ သတင်း၊ AA လက်နက်ကိုင်တွေနဲ့ ပက်သက်တယ်စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူကြိမ် သာရွာသားနှစ်ဦးကို ရသေ့တောင်မြို့နယ် တရားရုံးက အပြစ်မရှိဆုံးဖြတ်ကာ ပြန်လွှတ်ခဲ့တဲ့ သတင်းတွေ၊ ရခိုင်ပြည်နယ် အငူမော် -မောင်တောလမ်းပိုင်းတွင် လှည့် ကင်းဆောင်ရွက်နေသည့် နယ် ခြားစောင့်ရဲတပ်ဖွဲ့ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ သတင်း၊ ရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ ဆက် လက်ကူညီမည်ဟု အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်း အဝေး အပြီး ပူးတွဲကြေညာချက် ထုတ်ခဲ့တဲ့သတင်း၊ တောင် ကုတ်မြို့မှ မာန်အောင်မြို့ကို သွားတဲ့ ရေယာဉ်တစ်စီး တောင်ကုတ် ချောင်းထဲ ရေဝင်လို့ နစ်မြုပ်ခဲ့တဲ့ သတင်း၊ကန်ဒေါ်လာ ၃၈ ဘီလီယံတန်ဖိုးရှိ  စစ်တွေမြို့သစ်စီမံကိန်းဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ခွင့်ပြုချက်ယူရန် ပြည်နယ်အစိုးရကမလေးရှားကုမ္ပဏီကို ညွှန်ကြားခဲ့တဲ့ သတင်း၊အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကာကွယ်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့တဲ့ သတင်း၊ ဟင်္သာတမှာ ဒေသခံတွေအထိတ်တလန့် ဖြစ်ခဲ့ရတဲ့ ပေါက်ကွဲ သံက တိုက်လေယာဉ် အသံ ထက်မြန် တဲ့နှုန်းနဲ့ လေ့ကျင့်လို့ ထွက်လာတာလို့ တပ်မတော် သတင်းမှန်က ရှင်းလင်းခဲ့တဲ့ သတင်း၊  ပြည်ထောင်စု လွှတ်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စား လှယ် ၅၀ ရာခိုင်နှုန်းအထိ ပါဝင်သင့်တယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးမောင်မြင့်က ပြောခဲ့တဲ့ သတင်း၊အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးဖို့ တပ်မ တော်သား ၇၈ ဦးအပါအဝင် အခြားကိုယ်စားလှယ်အ ချို့က အမည်စာရင်း ပြန်လည် ရုပ်သိမ်းခဲ့တဲ့ သတင်း တွေလည်း ဖြစ်ခဲ့ပါတယ်။
    
မကာကွယ်နိုင်တဲ့ အနုကြမ်းစီးလူသတ်မှု

ယခုတစ်ပတ်သတင်းဖတ်သူတွေ စိတ်ထိခိုက်ရတဲ့ သတင်းက လှိုင်သာယာနဲ့ မင်္ဂလာတောင်ညွှန်မှာ ဖြစ်ခဲ့တဲ့ အနုကြမ်းစီးလူသတ်မှုတွေပါဘဲ။ဇူလိုင် ၂၉ ရက်မှာ လှိုင်သာယာ ၁၂ ရပ်ကွက်ပေါ်ဆန်းမွှေးလမ်းမှာ သုံးထပ်တိုက်ဆောက်ဖို့ ခေါ်ထား တဲ့ ပန်းရံသမားတစ်ဦးက ညဘက် အိမ်ထဲဝင်ပြီး အိမ်ရှင်လင်မယားကို ဓားနဲ့ ထိုးသတ်ခဲ့ရာမှာ အိမ်ရှင်အမျိုး သမီးသေဆုံးပြီး အမျိုးသားဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဒီလိုဖြစ်ပွားမှုမှာ အိမ်ရှင်ဖြစ်သူရဲ့ သမီး အကြီးဆုံးက မီးပူနဲ့ ရိုက်ပြီး အိမ်ရှင်အမျိုးသားက ဝင်လုံးကာ ဖမ်းဆီးခဲ့လို့ တရားခံဖြစ်သူကို ဖမ်းဆီးရမိခဲ့ တယ် လို့ ဆိုပါတယ်။

ဇူလိုင် ၃၀ ရက်မှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းနှင့် (၁၁၈) လမ်းထောင့်ရှိ လေးလွှာတိုက်ခန်း တစ်ခန်းမှာ ပစ္စည်းများ ခိုးယူရန် ဖောက်ထွင်း ဝင်ရောက်လာတဲ့ သူခိုးက နိုးလာတဲ့ အိမ် ရှင်ဇနီး မောင်နှံကို ဓားဖြင့်ထိုးသတ်ခဲ့တဲ့အတွက် ယေင်္ကျားဖြစ်သူ ပွဲခြင်းပြီးသေဆုံးပြီး မိန်းမဖြစ်သူက ဒဏ်ရာ အပြင်းအထန်ရကာ အတူအိပ်နေတဲ့ ကလေးကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။

ဖြစ်စဉ်နှစ်ခုစလုံးက လူစည်ကားရာနေရာမှာ ဖြစ်ခဲ့တာဖြစ်ပြီး အနုကြမ်းစီးသလိုဖြစ်တဲ့ ပစ္စည်းခိုးယူမှု တွေက ရန်ကုန်နေလူထုကို တုန်လှုပ်စေ ခဲ့ပါတယ်။ ပထမဖြစ်စဉ်မှာ လူသတ်မှုကျူးလွန်သူက အိမ်ရှင်မိသားစု နဲ့ရင်းနှီးတဲ့သူဖြစ်ပြီး အိမ်ဆောက်ရာမှာ အသုံးပြုနေတဲ့ ပန်းရံတစ်ဦးလို့ ဆိုပါတယ်။မင်္ဂလာတောင်ညွှန် လူသတ် ခံရမှုမှာလည်း လေးလွှာမှာရှိတဲ့ တိုက်ခန်းထဲကို ဘယ်လိုဝင်ရောက်လာလို့ရခဲ့သလဲဆိုတာ မေးခွန်း တစ်ခုဖြစ် သလို  မသင်္ကာသူတစ်ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ လည်းဆိုပါတယ်။

ကျူးလွန်ခံရသူတွေအတွက် ဒါဟာ ရန်ကုန်လုံခြုံရေးကို စိတ်ချလက်ချယုံကြည်မိတာနဲ့ တစ်ကိုယ်ရေနဲ့ မိသားစုလုံခြုံမှုကို သတိမထား မိတာတွေက ယခုလိုကြေကွဲဖွယ်အဖြစ်ကို ကြုံခဲ့ရတာပဲဖြစ်ပါတယ်။ ရန်ကုန်မှာ နေထိုင်သူတွေအတွက်  ကိုယ်လုံခြုံမှုကို ကိုယ်တန်ဖိုးထားဖို့ ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေခဲ့ပါတယ်။

ရန်ကုန်လို အစည်ကားဆုံးနေရာမှာ ဖြစ်ခဲ့တဲ့ ယခုလူသတ်မှုတွေက ရန်ကုန်ရဲ့ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်သလို အထူးသဖြင့် လုံခြုံရေးဆိုင်ရာတွေမှာ ပြဿနာရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ဇူလိုင် ၃၀ ရက်တစ်ရက်တည်းမှာ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်းနှင့် ရွှေပြည်သာမြို့နယ်တွေမှာ လူသတ်မှု ၃ ခုဖြစ် ခဲ့ပြီး သုံးဦးသေဆုံးကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းစွာရခဲ့ပါတယ်။ဒါဟာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ အ တွက် ဖြေရှင်းဖို့ ခက်ခဲနေဦးမယ့် ပြဿနာတွေဘဲ ဖြစ်နေပါတယ်။    

ဒီသတင်းတွေက ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့မှုခင်းဆိုင်ရာ သတင်းတွေဖြစ်တဲ့  မီးပွိုင့်မှာ ရပ်ထားတဲ့ဆိုင်ကယ်ကို နောက်မှဝင် တိုက်လို့ လူနှစ်ဦး သေ ဆုံးခဲ့တဲ့ ပြိုင်ကားမောင်းသူကို ထောင်ဒဏ် ခုနစ်နှစ်ထိသာ ချမှတ်နိုင်တဲ့ ပုဒ်မ ၃၀၄(က)နဲ့ စွဲချက်တင် အမိန့် ချခဲ့တဲ့ သတင်း၊ ပဉ္စမတန်းကျောင်း သူကို စာသင်ခန်းထဲ အဓမ္မပြုကျင့်တဲ့ မင်းလှမြို့နယ်ကျောင်း အထွေထွေ လုပ်သားကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ တဲ့သတင်း၊ မူးယစ်ဆေးဝါးများ ဖမ်းမိတဲ့ မူဆယ်စက်သုံးဆီဆိုင် လုပ်ငန်းရှင် အမှုကွင်းဆက်ကနေ မူးယစ် ဆေး ဝါးချက်တဲ့ စက်ရုံခြောက်ရုံနှင့် ကျပ် ၁၆ ဘီလျံတန်ဖိုးရှိတဲ့ မူးယစ်ဆေးများနှင့် မူးယစ်ဆေးချက်ပစ္စည်းမျိုးစုံ သိမ်းဆည်းရမိခဲ့တဲ့ သတင်း၊ ဆိုးလ်မြို့မြေအောက် လိုဏ် ခေါင်းအတွင်း မြန်မာလုပ်သားနဲ့ ကိုရီးယားလုပ်သား ရေမျောပါသွားလို့ ရှာဖွေနေကြတဲ့ သတင်း ၊ လွယ်ဂျယ်မှာ စားသောက်ဆိုင်ပိုင်ရှင်က ဆိုင်ဝန်ထမ်းရဲ့ (၂)နှစ်(၃)လအ ရွယ်သမီးငယ်ကို အဓမ္မပြုကျင့်လို့ ဖမ်းဆီးထားတဲ့ သတင်း၊ လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး ကားဝင်းရှေ့မှာ  ခရီးသည်လုခေါ်တာကနေ လူသတ်မှု ဖြစ်ပွားခဲ့တဲ့ သတင်း၊ အင်းစိန်မြို့နယ် မုဒိတာ အိမ်ရာမှာ ဈေးဝယ်ပြီး တိုက်ခန်းပြန် တက်လာတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးကို တစ်တိုက်တည်းနေ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တဲ့ သတင်း၊ ကလေးမြို့မှာ အသက် (၁၃) နှစ် အရွယ် မိန်းကလေးကို ကိုယ်ဝန်ရသည်အထိ အဓမ္မပြုကျင့်ပြီး အမှုမဖွင့်ရန် မိဘများအား လျော်ကြေးပေးခဲ့တဲ့ အသက် (၇၅) နှစ်အရွယ် အမျိုးသားရဲ့ အဓမ္မကျင့်မှုကို  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ညွှန်ကြားချက်နဲ့ စစ်ဆေးနေတဲ့ သတင်း၊ ရည်းစားကို ဖုန်းပြန် လျော်ပေးဖို့ အသက် (၁၀) နှစ် အရွယ် တူမကိုသတ်ကာနားကပ် လုယူသူကို ဖမ်းမိ တွေက ယခုတစ်ပတ်သတင်းတွေထဲ အများပြည်သူစိတ်ကို ရှုပ်ထွေးစေခဲ့ပါတယ်။
 
ယူနက်စကို ဝင်မှ ပြဿနာရှုပ်ထွေးလာတဲ့ ပုဂံ

ယခင်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်နေခဲ့တဲ့ ပုဂံရှေးဟောင်း မြို့ကို ယူနက်စကိုဝင်ဖို့အ တွက် ကြိုးစားမှုဟာ ယခုအစိုရလက်ထက် မှာဖြစ်လာခဲ့တဲ့ အတွက် ဒါဟာ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာပါ။ ဒါပေမယ့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရမှုအပေါ် နားလည်မှု လွဲမှားမှုတွေ ရှိနေခဲ့ပါတယ်။

ပုဂံရှေးဟောင်း မြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာသဖြင့် နိုင်ငံတကာက ပိုမို သိရှိပြီး ကမ္ဘာ တစ်ဝန်းမှ ခရီးသွား များကို ပိုမိုဆွဲဆောင် လာနိုင်မည် ဖြစ်သလို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကမ္ဘာ တည်သ ရွေ့ တည်တံ့နိုင်စေရန် နည်းပညာနဲ့ ငွေကြေးအကူအညီတွေ ရရှိမှာဖြစ်လို့ ပုဂံမြို့ဟောင်းအတွက် အလွန်ပဲ အကျိုးကျေးဇူးများတဲ့ ကိစ္စပါဘဲ။ ဒါပေမယ့် ယခင်ကတည်းက မြန်မာနိုင်ငံက အချို့ဒေသတွေမှာ ယူနက်စကို အသိအမှတ်ပြုခံရဖို့ ကြိုးစားတဲ့ အခါတိုင်း အဆိုပါဒေသမှာ ယခင်အာဏာပိုင်တွေလက်ထက် အကျိုးစီးပွားဖြစ်နေတဲ့ လုပ်ငန်းတွေ က ဒီလို အသိအမှတ်ပြုခံရရင် ကမ္ဘာ့စောင်ရှောက်မှုဝင်သွားတဲ့ အတွက် အကျိုးစီးပွားထိခိုက်နိုင်တယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆနဲ့ တိုက်ခိုက် ကြသလို ပြည်သူလူထုယုံကြည်တဲ့ လူပုဂ္ဂိုလ်တွေကို အသုံးချကာ သူတို့ အကျိုးစီးပွားကို ကာကွယ်လေ့ရှိပါတယ်။ ရွှေတိဂုံစေတီနားက အထပ်မြင့် အဆောက်အဦးစီမံကိန်း တည်ဆောက်ခွင့်မရအောင် ကြိုးစားစဉ်အခါက ဒီလိုဘဲ ကြုံတွေရဘူးပါတယ်။

ယခုလည်း မြန်မာဘုရင်အဆက်ဆက် နန်းစိုက်ခဲ့တဲ့ ပုဂံမြို့ဟောင်းကို ယူနက်စကို အသိအမှတ်ပြု ခံရတဲ့ အခါ ဒီလိုပြဿနာတွေ ကြုံရသလို နားလည်မှုလွဲမှားတဲ့ အတွက် အကောက်အယူမှားယွင်း ပြော ဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ဒီအတွက် အခွင့်ချောင်းနေတဲ့ သူတွေက ဒီသာမန်လွဲ မှားမှုကို ပိုပြီး ပြဿနာကြီး အောင်လုပ်ဆောင်ခဲ့မှုတွေရှိခဲ့လို့ ယခုတစ်ပတ်မှာ ပုဂံမြို့ဟောင်း ယူနက်စကို ဝင်တဲ့ သီတဂူဆရာတော်ကြီးရဲ့ မှတ်ချက်ပြုစကားက အွန်လိုင်းမှာ အဆူပွက်ဆုံး ဖြစ်ခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်က ပြင်ဦးလွင် မြို့ရှိ အောင်ချမ်းသာကျောင်းတိုက်မှာ လုပ်ခဲ့တဲ့ သာသနိကအဆောက် အအုံများစုပေါင်းရေစက်ချ အောင်ပွဲမှာ ရှေးဟောင်းမြို့တော်ပုဂံ ဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့ အပေါ် “ကိုယ့်တိုင်းပြည်ရဲ့ ကိုယ့်အမွေ အနှစ်ကို ကိုယ်တိုင် ထိန်းရမှ ကိုယ် ဂုဏ်ယူနေရမှာ မဟုတ်လား။ ဟိုဘက်က ပေးတဲ့ ပိုက်ဆံနဲ့ ဟိုကလူတွေ ထိန်းပြီး တော့ ဟိုက စည်းကမ်း အတိုင်း အကုန်လုံး နားထောင်ကြရမှာ။ အဲဒါကို ဂုဏ်ယူနေခြင်းဟာ တလွဲဆံပင်ကောင်းခြင်းပဲ။ ဘုန်းကြီးက တော့ ဒီလိုပဲ ထင်တယ်’’လို့ ဟောကြားခဲ့ပါတယ်။ ဒါအပြင် ဒီတရားပွဲမှာ ယူနက်စကိုနဲ့ ပက် သက်ပြီး အချက် အလက်အတော်များများမှားယွင်းပြီးပြောခဲ့တဲ့ အတွက် လူမှုကွန်ရက်မှာ ဝေဖန်မှု တွေညံခဲ့သလိုအမျိုးသား ရေးအစွန်းရောက်သူတွေ ၊ရဟန်းသံဃာတွေ ဘက်က ပြင်းပြင်းထန်ထန်တုံပြန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပုဂံဒေသ ယူနက်စကိုစာရင်းဝင်လာတဲ့အတွက် စစ်မက်ဖြစ်ပွားခဲ့ရင်တောင် ကမ္ဘာ့အမွေ အနှစ် စာရင်း ဝင်နေတဲ့ အတွက် မည်သည့်နိုင်ငံနဲ့ မည်သူကမျှ အမွေအနှစ်များနှင့်ဒေသကို ထိခိုက်အောင် လုပ်လို့မရဘဲ ကာကွယ်ပေးရတဲ့ စာရင်းဝင်တာကို မကောင်းပြောနေတဲ့အတွက်  မန္တလေးတိုင်း ဝန်ကြီး ချုပ်ကတော့ “ဒါ မြန်မာနိုင်ငံကို မချစ်လို့ ”ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။ဒီလို အငြင်းအခုံဖြစ်တဲ့ အတွက်  သက် ဆိုင်ရာ ဌာန တွေဘက်က အဖြစ်မှန်ကို ပြောခဲ့ရတာတွေ ရှိခဲ့ ပါတယ်။ ထူးခြားတာကို ဆရာတော်ကြီးကို ေ၀ ဖန်နေပေမယ့် ဒီလိုလွဲမှားတဲ့ အချက် အလက်တွေ သီတဂူဆရာ တော်ကြီးကို ဘယ်သူကပေးခဲ့တာလဲဆိုတဲ့ အဓိက အချက်ကို ပြောဆိုသူမရှိသလောက်ပါဘဲ။ ဒါအပြင် ရဟန်း သံဃာတွေ ဘာပဲပြောပြောမှားနေရင်တောင် ပြန်ပြောခွင့်မရှိ ဘူးဆိုတဲ့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ယူဆချက်ကလည်း လက်ခံဖို့ ခက်ခဲ ပါတယ်။

ယခုနောက်ပိုင်း မြန်မာနိုင်ငံရဲကလူမှုကွန်ရက်မှာ ဝေဖန်မှုတွေ တုံပြန်မှုတွေက ပြင်းထန်လာသလို ဘောင်ကျော်လာတာတွေကို တွေ့ရပါတယ်။ လူမှုကွန်ရက်အသုံးပြုပြီး တိုက်ခိုက်မှုတွေ၊ အပုတ်ချမှုတွေ၊ စွပ်စွဲပြစ်တင်မှုတွေကို အဖွဲ့အစည်းအသွင် လုပ်လာတဲ့ အတွက် သတိထားစရာ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တစ်ဖက်နဲ့ တစ်ဖက်အပုပ်ချရာမှာ ထေရ်ကြီးဝါကြီးဆရာတော်တွေကိုပါမချန်တော့ဘဲ အသုံးချ လာ တဲ့ ပြဿနာက ရင်လေးစရာကောင်းသလို သတိပြုဆင်ခြင်ဖို့လည်း ကောင်းလာပါတယ်။ ဒီပြဿနာဟာ ဒီတစ်ပတ်မှာ စိတ်ရှုပ်စရာ ရင်လေးစရာ ဖြစ်ခဲ့သလို ရပ်တန်းက ရပ်ကျမလား ၊ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့က တရားမဝင်ဖွဲ့စည်း ထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်နှစ်ပါးကို နောက်ဆုံးအကြိမ်ဆုံးမဩဝါဒပေးရန် ခေါ်ယူ ထားရာမှာ ဥက္ကဋ္ဌဆရာတော် လာရောက်ခြင်းမရှိလို့ ဓမ္မစက်ဖြင့် ခေါ်ယူဆုံးမမှု ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ သတင်း၊နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ စေတီပုထိုးများသို့ သွားရောက်ဖူးမြော် ကြည့်ရှုစစ်ဆေးမယ့်သတင်း၊အမေရိကန်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပါ ဗုဒ္ဓ ရုပ်ပုံပါ ပန်းချီကားဖော်ပြမှုနှင့် ပတ်သက်ပြီး အမေရိကန်သံအ မတ်ပါ သုံးဦးကို အရေးယူပေးရန် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ဦးတိုက် လျှောက်ထားမှု ကမာရွတ်မြို့နယ် တရားသူကြီးက ပလပ်လိုက်တဲ့ သတင်းတွေယခုတစ်ပတ်ဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခု တစ်ပတ်ပြည်တွင်း သတင်း သုံး သပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း

(  Zawgyi  )

 ယခုတစ္ပတ္သတင္းေတြထဲ သတိထားစရာသတင္းေတြက လႈိင္သာယာနဲ႔မဂၤလာေတာင္ၫႊန္မွာ ျဖစ္ခဲ့ တဲ့ အႏုၾကမ္းစီးလုယက္မႈ သတင္းေတြနဲ႔ မဘသအမည္ေျပာင္းအဖြဲ႕ကို မဟနက ပိတ္ခိုင္းတဲ့ သတင္းေတြ၊ အိႏၵိယေရတပ္သုံးေရငုပ္သေဘၤာကို ျမန္မာဘက္ လႊဲေျပာင္းမယ့္ သတင္းေတြ၊ ပုဂံယူနက္စကိုဝင္တဲ့ အေပၚ ေျပာခဲ့တဲ့ သီတဂူဆရာေတာ္ႀကီးရဲ႕ မွတ္ခ်က္နဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္မွာေဝဖန္မႈေတြ မ်ားခဲ့တဲ့ သတင္း ေတြ၊ေျခဥျပင္ဆင္ေရးသတင္းေတြ ၊ တူရကီမွာ မေလးဝန္ႀကီးခ်ဳပ္က ဘဂၤါလီေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေပးဖို႔ ေျပာခဲ့တဲ့ စကားေတြ စတဲ့ ဒီသတင္းေတြ ယခုတစ္ပတ္မွာ လႈပ္ခတ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားဖို႔ ေကာင္းတဲ့ သတင္းေတြ ျဖစ္တဲ့ ေရလႊဲဆည္ပိတ္ၿပီး တစ္ သွ်ဴးငွက္ ေပ်ာစိုက္ခင္းထဲ ေရသြင္းေနတဲ့ ေတာ္ဝင္ရဲ ထြဋ္ကုမၸဏီကုမၸဏီကို ကခ်င္ ျပည္နယ္အစိုးရက သတိ ေပးၿပီး ေခ်ာင္းကိုျပန္ဖြင့္ေပးရန္ ၫႊန္ၾကားခဲ့ရတဲ့ သတင္း၊လွ်ပ္စစ္ဓာတ္အား ခိုးယူသုံးစြဲေနတာကို ေဖာ္ထုတ္ ရာမွာ ပထမေျခာက္လအတြင္း က်ပ္သိန္း ၉,၆၀၀ ေက်ာ္ေလ်ာ္ေၾကးရရွိတဲ့ သတင္း၊ ေရမီတာသုံးစြဲခတိုးျမႇင့္ဖို႔ ရန္ကုန္စည္ပင္က စီစဥ္ေနတဲ့ သတင္း၊ဖားကန႔္မွာ ေတာင္က်ေရေၾကာင့္ လူတစ္ဦး ေမ်ာပါေသဆုံးၿပီး ေနအိမ္ အလုံး ၂၀  ပ်က္စီးခဲ့တဲ့ သတင္း၊ ဧရာဝတီျမစ္ေရျမင့္ တက္လာလို႔ မေကြးတိုင္းမွာ လူ၃,၀၀၀ ေက်ာ္ကို အလ်င္ အျမန္ေ႐ြ႕ေျပာင္းေနရာခ်ထားေပးခဲ့ရတဲ့ သတင္း၊ ေလ့လာမႈအရ ျမန္မာႏိုင္ငံမွာ က်ားအေကာင္ေရ ၂၂ ေကာင္ ရွင္သန္က်က္စားေနတဲ့ သတင္း၊  မိုင္းတုံၿမိဳ႕နယ္ ခိုင္းလုံေဒသရွိ ‘ဝ’ တပ္ဖြဲ႕ႏွင့္မိသားစုဝင္၃၉ ဦး ေရအဆိပ္ သင့္လို႔ ထိုင္းဘက္ျခမ္းမွာ ေဆးကုသမႈခံေနရတဲ့ သတင္း၊  ျပင္စလူႏွင့္ ဟိုင္းႀကီးကြၽန္းအနီး ပင္လယ္ျပင္ မွာ ဘိလပ္ေျမတင္ သေဘၤာနစ္ျမဳပ္လို႔ ငါးဦးေပ်ာက္ဆုံးခဲ့တဲ့ သတင္း၊ မႏၲေလးေ႐ႊၾကက္ ယက္ေဂၚဒန္ဆိပ္ကမ္းမွာ ဘိလပ္ေျမႏွင့္ထုံးအိတ္တင္ထားတဲ့ တြဲေရယာဥ္တစ္စီး ခါးပိုင္းက်ိဳးကာ နစ္ျမဳပ္ခဲ့တဲ့ သတင္းေတြလည္း ယခုတစ္ပတ္မွာ ျဖစ္ခဲ့ပါတယ္။

ေရငုပ္သေဘၤာနဲ႔  အာေခ်ာင္တာထက္ပိုလာတဲ့ မေလးရွား

ကာလရွည္စြာေမွ်ာ္ေနတဲ့ တိုင္းျပည္ကာကြယ္ေရးနဲ႔ ပက္သက္တဲ့ စိတ္ကူးယဥ္မႈက တစ္ကယ္ျဖစ္ လာခဲ့ပါၿပီ။ ယခုရက္သတၱပတ္ထဲ အိႏၵိယကို ခ်စ္ၾကည္ေရးခရီးသြားေရာက္ေနတဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ ခရီးစဥ္အတြင္း ထြက္ေပၚလာတဲ့ သတင္းတစ္ပုဒ္က အိႏၵိယ Hindustan Shipyard Limited က ျမန္မာေရ တပ္၏ပထမဆုံး ေရငုပ္သေဘၤာ ကို လြဲွေျပာင္းေပးရန္ တည္ေဆာက္ ေနတယ္ဆိုတဲ့ သတင္း ပါဘဲ။ဒီလို လြဲေပးမယ္ဆိုတဲ့ ေရငုပ္သေဘၤာက INS Sindhuvir အမည္ရွိတဲ့ Kilo Class ေရငုပ္ သေဘၤာပါ။  

ဒီေရငုပ္သေဘၤာကို  အိႏၵိယက ႐ုရွားဆီကေန ၁၉၈၀ ေက်ာ္ကာလကတည္းက ဝယ္ယူခဲ့တာပါ။ ဒီက ေနတစ္ဆင့္ ျမန္မာက ဝယ္ခဲ့တာ ဆိုပါတယ္။ The Economic Times သတင္းေဖာ္ျပခ်က္ေတြမွာေတာ့  ေရငုပ္ သေဘၤာကို မူလထုတ္လုပ္သည့္ ႐ုရွားထံမွ လိုအပ္သည့္ ခြင့္ျပဳခ်က္မ်ားကို ရယူၿပီး ျမန္မာေရတပ္ ေလ့က်င့္ႏိုင္ ဖို႔ ျပည္တြင္းျဖစ္စနစ္ေတြနဲ႔  ျပင္ဆင္တပ္ဆင္ေနတယ္ဆိုၿပီး ယခုႏွစ္မကုန္မီ ၿပီးစီးဖြယ္ ရွိေၾကာင္းေဖာ္ျပ ထားပါ တယ္။

လက္ရွိမွာ ျမန္မာႏိုင္ငံလုံၿခဳံေရးကို အဓိက ၿခိမ္းေျခာက္ေနတဲ့ အေနာက္ျခမ္းက ဘဂၤလားေဒ့ရွ္မွာ တ႐ုတ္ ကေန Type 035G-class ေရငုပ္သေဘၤာ (Ming Class) ႏွစ္စီးကို ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္းက ဝယ္ထားခဲ့တာပါ။ျမန္မာႏိုင္ငံပတ္ဝန္းက်င္ ေရျပင္ထိစပ္ပိုင္ဆိုင္တဲ့ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ေရငုတ္သေဘာေတၤြ ပိုင္ဆိုင္ေနတဲ့အတြက္ ဒီသတင္းက ျမန္မာႏိုင္ငံလုံၿခဳံေရးအတြက္ သတင္းေကာင္းျဖစ္သလို ပတ္ဝန္းက်င္က သူခိုးက်င့္သူခိုးႀကံဝင္လာတတ္တဲ့ သေဘၤာေတြအတြက္လည္း  အဟန႔္သေဘၤာမ်ိဳးျဖစ္လာမွာ အေသအခ်ာ ပါဘဲ။

ဒီတပတ္ထဲမွာဘဲ တူရကီႏိုင္ငံသို႔ ေလးရက္ ၾကာ အလည္အပတ္ခရီးစဥ္ ေရာက္ရွိေနတဲ့ မေလးရွား ဝန္ႀကီးခ်ဳပ္ မဟာသီယာမိုဟာ မက္က တူရကီအစိုးရပိုင္ အန္ဒါဒိုလူသတင္းေအဂ်င္စီနဲ႔အင္တာဗ်ဴးမွာ ျမန္မာ အေရးကိုစြက္ဖက္ၿပီးေျပာခဲ့ပါတယ္။ ဒါက ဘဂၤလားေဒ့ရွ္ကိုေရာက္ေနတဲ့ ဘဂၤါလီလူမ်ိဳးေတြ ျပႆနာကိုပါ။ သူက “သူ တို႔(ဘဂၤါလီ)ေတြကို ႏိုင္ငံသား ေတြအျဖစ္ သေဘာထားသင့္ တယ္။ ဒါမွမဟုတ္ သူတို႔ရဲ႕ကိုယ္ ပိုင္ အခ်ဳပ္အျခာအာဏာပိုင္တဲ့ နယ္ေျမအျဖစ္ေပးသင့္တယ္” လို႔ ေျပာခဲ့တာပါ။ ႏိုင္ငံအာဏာပိုင္တစ္ဦးအေနနဲ႔ မေျပာသင့္တဲ့ ကိစၥပါ။

ဒါဟာ တျခားႏိုင္ငံရဲ႕ ျပည္တြင္းေရးကိုဝင္ေရာက္စြက္ဖက္တာျဖစ္သလို  လတ္တေလာ မွာ တည္ၿငိမ္ေနတဲ့ ရခိုင္အေနာက္ျခမ္းျပႆနာကို ျပန္ဆြသလို ျဖစ္ေစတာပါဘဲ။ဒီလိုေျပာတဲ့အတြက္ ရန္ကုန္ အေျခစိုက္ မေလးရွားသံအမတ္ႀကီးကို ေနျပည္ေတာ္ကို ဆင့္ေခၚၿပီး  ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝင္က မေလးဝန္ႀကီးခ်ဳပ္ေျပာစကားကို ျမန္မာႏိုင္ငံအေနနဲ႔ လက္မခံဘဲ ကန႔္ကြက္ ေၾကာင္း ေျပာၾကားခဲ့သလို လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုတဲ့ တစ္ဖက္သက္စြပ္စြဲခ်က္နဲ႔ အာဆီယံပ႑ိညာဥ္မူဝါဒကို ခ်ိဳးေဖာက္ရာက်တယ္လို႔ လည္းေျပာ ခဲ့ပါတယ္။

လက္ရွိမွာ အာဆီယံႏိုင္ငံေတြထဲ မေလးရွားႏိုင္ငံအေနအထားက ျမန္မာအတြက္ သတိထား စရာ ကိစၥပါ။

ဘဂၤလားေဒ့ရွ္နဲ႔နီးကပ္စြာဆက္ဆံေနသလို OIC အဖြဲ႕ဝင္ျဖစ္တဲ့အတြက္ ဘာသာေရးအေၾကာင္းျပၿပီး မေလးရွားနဲ႔ ဘဂၤလားေဒ့ရွ္ႏွစ္ႏိုင္ရဲ႕ သံတမန္လႈပ္ရွားမႈေတြက  ျမန္မာႏိုင္ငံရဲ႕ အက်ိဳးစီးပြားပ်က္စီးရာ ပ်က္စီး ေၾကာင္းေတြ ျဖစ္ေနတာ သတိထားစရာပါ။  ဇြန္လ ၁၃ ရက္မွာ  အေမရိကန္ေအာက္လႊတ္ေတာ္ အမတ္က ရခိုင္ျပည္နယ္ကို ဘဂၤလားေဒ့ရွ္နယ္ေျမ သတ္မွတ္ရန္ ေျပာဆိုမႈ၊ဘဂၤလားေဒ့ရွ္ဘက္က ျမန္မာနယ္နိမိတ္ အတြင္း ဘဂၤါလီ မ်ားအတြက္ Safe Zone တည္ ေထာင္ေရးအႀကိမ္ႀကိမ္ေျပာဆိုမႈေတြနဲ႔ ယခု မေလးရွားဝန္ႀကီး ခ်ဳပ္ ရဲ႕ ခိုးဝင္အေျခခ်ဘဂၤါလီေတြကို ကိုယ္ပိုင္အခ်ဳပ္အျခာအာဏာပိုင္တဲ့ နယ္ေျမအျဖစ္ေပးဖို႔ ေျပာတာေတြက တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္မႈေတြ ရွိေနပါတယ္။

ဒီရက္သတၱပတ္ထဲမွာဘဲ ျမန္မာဘက္က ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဘဇားရွိဒုကၡသည္စခန္းကို သြားၿပီး ေနရပ္ျပန္လာေရးအတြက္သြားေရာက္ ရွင္းျပခဲ့ပါေသးတယ္။ ဒီလိုေတြ႕ရာမွာ ဘဂၤါလီဒုကၡသည္ေတြက ႏိုင္ငံသား အခြင့္အေရးေပးဖို႔နဲ႔ လြတ္လပ္စြာသြားလာခြင့္ရရွိေရးကို  ေတာင္းဆို ခဲ့တယ္ဆိုပါတယ္။ဒီခရီးစဥ္မွာ  ျမန္မာကိုယ္စားလွယ္အဖြဲ႕ဟာ ႏိုင္ငံတကာေအဂ်င္စီမ်ားနဲ႔ေတြ႕ခဲ့ေပမယ့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဘက္က မေတြခဲ့သလို ဘဂၤလားေဒ့ရွ္မီဒီယာေတြကလည္း သတင္းမယူခဲ့ပါဘူး။ယခုရက္ထဲ ျမန္မာႏိုင္ငံကို တစ္ရက္ တာခရီးစဥ္လာေရာက္တဲ့ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးခရီးစဥ္မွာ  ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာအစိုးရ၏ ရခိုင္အ ေရးကိစၥတြင္ ႀကဳံေတြ႕ေနရသည့္ စိန္ေခၚမႈမ်ားကို ဝိုင္းဝန္းကူညီေရး ေဆြးေႏြးခဲ့သလို ဘဂၤလားေဒ့ရွ္ ခရီးစဥ္မွာလည္း ဘဂၤါလီျပႆနာကို ဝင္ကူညီဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

မၾကာေသးမီက ျမန္မာစစ္ဘက္ကို လက္နက္ဝယ္ယူခြင့္ အေမရိကန္ဘက္က ပိတ္ဆို႔ခဲ့တာ၊ အစၥေရး လက္နက္ျပပြဲ ျမန္မာစစ္ဘက္ကို တက္ခြင့္ပိတ္ခဲ့တာေတြ၊ ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ ျမန္မာ့တပ္မေတာ္ ထိပ္တန္းတာဝန္ရွိသူေတြကို ကန႔္သတ္ပိတ္ဆို႔မႈေတြ လုပ္ခဲ့ တာေတြရွိေနခ်ိန္မွာ  ဒီလိုသတင္းထြက္ ေပၚလာ တာက ၿခိမ္းေျခာက္မႈရွိေနတဲ့  ျမန္မာ့ကာကြယ္ေရးအတြက္ အမ်ားႀကီး အေကာင္းဘက္က ျဖစ္ထြန္းခဲ့ပါတယ္။ ဒီေရငုပ္သေဘၤာကေန ေနာက္ထပ္ဘယ္လို အမ်ိဳးအစားေတြ တိုးခ်ဲဝယ္လာမလဲ၊ ဘာေတြ တိုးတက္လာမလဲ ဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အဆိုပါသတင္းေတြ အျပင္ ယခုတစ္တပတ္ထဲမွာ ရခိုင္နဲ႔ပက္သက္ၿပီးျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့  AA လက္နက္ကိုင္ေတြ ဖမ္းဆီးထားတဲ့ ပလက္၀ ၿမိဳ႕နယ္က ကင္းတလင္း ႐ြာသူ႐ြာ သားေတြကို AA လက္နက္ကိုင္ ေတြက ျပန္လႊတ္လိုက္တဲ့ သတင္း၊ AA လက္နက္ကိုင္ေတြနဲ႔ ပက္သက္တယ္စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးခံရသူႀကိမ္ သာ႐ြာသားႏွစ္ဦးကို ရေသ့ေတာင္ၿမိဳ႕နယ္ တရား႐ုံးက အျပစ္မရွိဆုံးျဖတ္ကာ ျပန္လႊတ္ခဲ့တဲ့ သတင္းေတြ၊ ရခိုင္ျပည္နယ္ အငူေမာ္ -ေမာင္ေတာလမ္းပိုင္းတြင္ လွည့္ ကင္းေဆာင္႐ြက္ေနသည့္ နယ္ ျခားေစာင့္ရဲတပ္ဖြဲ႕ ယာဥ္တန္း မိုင္းဆြဲ တိုက္ခိုက္ခံရတဲ့ သတင္း၊ ရခိုင္ျပည္ နယ္အေရးႏွင့္ပတ္သက္၍ ဆက္ လက္ကူညီမည္ဟု အာဆီယံႏိုင္ငံ ျခားေရးဝန္ႀကီးမ်ား အစည္း အေဝး အၿပီး ပူးတြဲေၾကညာခ်က္ ထုတ္ခဲ့တဲ့သတင္း၊ ေတာင္ ကုတ္ၿမိဳ႕မွ မာန္ေအာင္ၿမိဳ႕ကို သြားတဲ့ ေရယာဥ္တစ္စီး ေတာင္ကုတ္ ေခ်ာင္းထဲ ေရဝင္လို႔ နစ္ျမဳပ္ခဲ့တဲ့ သတင္း၊ကန္ေဒၚလာ ၃၈ ဘီလီယံတန္ဖိုးရွိ  စစ္ေတြၿမိဳ႕သစ္စီမံကိန္းေဆာင္႐ြက္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံ ခြင့္ျပဳခ်က္ယူရန္ ျပည္နယ္အစိုးရကမေလးရွားကုမၸဏီကို ၫႊန္ၾကားခဲ့တဲ့ သတင္း၊အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံကာကြယ္ပူးေပါင္းေဆာင္႐ြက္မႈ ဆိုင္ရာ နားလည္မႈ စာခြၽန္လႊာကို လက္မွတ္ေရးထိုး ခဲ့တဲ့ သတင္း၊ ဟသၤာတမွာ ေဒသခံေတြအထိတ္တလန႔္ ျဖစ္ခဲ့ရတဲ့ ေပါက္ကြဲ သံက တိုက္ေလယာဥ္ အသံ ထက္ျမန္ တဲ့ႏႈန္းနဲ႔ ေလ့က်င့္လို႔ ထြက္လာတာလို႔ တပ္မေတာ္ သတင္းမွန္က ရွင္းလင္းခဲ့တဲ့ သတင္း၊  ျပည္ေထာင္စု လႊတ္ေတာ္အပါအဝင္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ေတြမွာ တပ္မေတာ္သား ကိုယ္စား လွယ္ ၅၀ ရာခိုင္ႏႈန္းအထိ ပါဝင္သင့္တယ္လို႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားလွယ္ ဦးေမာင္ျမင့္က ေျပာခဲ့တဲ့ သတင္း၊အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ေဆြးေႏြးဖို႔ တပ္မ ေတာ္သား ၇၈ ဦးအပါအဝင္ အျခားကိုယ္စားလွယ္အ ခ်ိဳ႕က အမည္စာရင္း ျပန္လည္ ႐ုပ္သိမ္းခဲ့တဲ့ သတင္း ေတြလည္း ျဖစ္ခဲ့ပါတယ္။
    
မကာကြယ္ႏိုင္တဲ့ အႏုၾကမ္းစီးလူသတ္မႈ

ယခုတစ္ပတ္သတင္းဖတ္သူေတြ စိတ္ထိခိုက္ရတဲ့ သတင္းက လႈိင္သာယာနဲ႔ မဂၤလာေတာင္ၫႊန္မွာ ျဖစ္ခဲ့တဲ့ အႏုၾကမ္းစီးလူသတ္မႈေတြပါဘဲ။ဇူလိုင္ ၂၉ ရက္မွာ လႈိင္သာယာ ၁၂ ရပ္ကြက္ေပၚဆန္းေမႊးလမ္းမွာ သုံးထပ္တိုက္ေဆာက္ဖို႔ ေခၚထား တဲ့ ပန္းရံသမားတစ္ဦးက ညဘက္ အိမ္ထဲဝင္ၿပီး အိမ္ရွင္လင္မယားကို ဓားနဲ႔ ထိုးသတ္ခဲ့ရာမွာ အိမ္ရွင္အမ်ိဳး သမီးေသဆုံးၿပီး အမ်ိဳးသားျဖစ္သူ ဒဏ္ရာအျပင္းအထန္ရခဲ့ပါတယ္။ ဒီလိုျဖစ္ပြားမႈမွာ အိမ္ရွင္ျဖစ္သူရဲ႕ သမီး အႀကီးဆုံးက မီးပူနဲ႔ ႐ိုက္ၿပီး အိမ္ရွင္အမ်ိဳးသားက ဝင္လုံးကာ ဖမ္းဆီးခဲ့လို႔ တရားခံျဖစ္သူကို ဖမ္းဆီးရမိခဲ့ တယ္ လို႔ ဆိုပါတယ္။

ဇူလိုင္ ၃၀ ရက္မွာေတာ့ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ဗိုလ္မင္းေရာင္လမ္းႏွင့္ (၁၁၈) လမ္းေထာင့္ရွိ ေလးလႊာတိုက္ခန္း တစ္ခန္းမွာ ပစၥည္းမ်ား ခိုးယူရန္ ေဖာက္ထြင္း ဝင္ေရာက္လာတဲ့ သူခိုးက ႏိုးလာတဲ့ အိမ္ ရွင္ဇနီး ေမာင္ႏွံကို ဓားျဖင့္ထိုးသတ္ခဲ့တဲ့အတြက္ ေယက်ၤားျဖစ္သူ ပြဲျခင္းၿပီးေသဆုံးၿပီး မိန္းမျဖစ္သူက ဒဏ္ရာ အျပင္းအထန္ရကာ အတူအိပ္ေနတဲ့ ကေလးကေတာ့ ထိခိုက္မႈမရွိခဲ့ပါဘူး။

ျဖစ္စဥ္ႏွစ္ခုစလုံးက လူစည္ကားရာေနရာမွာ ျဖစ္ခဲ့တာျဖစ္ၿပီး အႏုၾကမ္းစီးသလိုျဖစ္တဲ့ ပစၥည္းခိုးယူမႈ ေတြက ရန္ကုန္ေနလူထုကို တုန္လႈပ္ေစ ခဲ့ပါတယ္။ ပထမျဖစ္စဥ္မွာ လူသတ္မႈက်ဴးလြန္သူက အိမ္ရွင္မိသားစု နဲ႔ရင္းႏွီးတဲ့သူျဖစ္ၿပီး အိမ္ေဆာက္ရာမွာ အသုံးျပဳေနတဲ့ ပန္းရံတစ္ဦးလို႔ ဆိုပါတယ္။မဂၤလာေတာင္ၫႊန္ လူသတ္ ခံရမႈမွာလည္း ေလးလႊာမွာရွိတဲ့ တိုက္ခန္းထဲကို ဘယ္လိုဝင္ေရာက္လာလို႔ရခဲ့သလဲဆိုတာ ေမးခြန္း တစ္ခုျဖစ္ သလို  မသကၤာသူတစ္ဦးကိုဖမ္းဆီးစစ္ေဆးေနတယ္လို႔ လည္းဆိုပါတယ္။

က်ဴးလြန္ခံရသူေတြအတြက္ ဒါဟာ ရန္ကုန္လုံၿခဳံေရးကို စိတ္ခ်လက္ခ်ယုံၾကည္မိတာနဲ႔ တစ္ကိုယ္ေရနဲ႔ မိသားစုလုံၿခဳံမႈကို သတိမထား မိတာေတြက ယခုလိုေၾကကြဲဖြယ္အျဖစ္ကို ႀကဳံခဲ့ရတာပဲျဖစ္ပါတယ္။ ရန္ကုန္မွာ ေနထိုင္သူေတြအတြက္  ကိုယ္လုံၿခဳံမႈကို ကိုယ္တန္ဖိုးထားဖို႔ ဒီျဖစ္ရပ္က မီးေမာင္းထိုးျပေနခဲ့ပါတယ္။

ရန္ကုန္လို အစည္ကားဆုံးေနရာမွာ ျဖစ္ခဲ့တဲ့ ယခုလူသတ္မႈေတြက ရန္ကုန္ရဲ႕ တရားဥပေဒစိုးမိုးမႈကို ေမးခြန္းထုတ္သလို အထူးသျဖင့္ လုံၿခဳံေရးဆိုင္ရာေတြမွာ ျပႆနာရွိေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ဇူလိုင္ ၃၀ ရက္တစ္ရက္တည္းမွာ မဂၤလာေတာင္ၫြန႔္၊ သဃၤန္းကြၽန္းႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ေတြမွာ လူသတ္မႈ ၃ ခုျဖစ္ ခဲ့ၿပီး သုံးဦးေသဆုံးကာ အမ်ိဳးသမီးႏွစ္ဦး ဒဏ္ရာျပင္းစြာရခဲ့ပါတယ္။ဒါဟာ သက္ဆိုင္ရာ တာဝန္ရွိ သူေတြ အ တြက္ ေျဖရွင္းဖို႔ ခက္ခဲေနဦးမယ့္ ျပႆနာေတြဘဲ ျဖစ္ေနပါတယ္။    

ဒီသတင္းေတြက ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တဲ့မႈခင္းဆိုင္ရာ သတင္းေတြျဖစ္တဲ့  မီးပြိဳင့္မွာ ရပ္ထားတဲ့ဆိုင္ကယ္ကို ေနာက္မွဝင္ တိုက္လို႔ လူႏွစ္ဦး ေသ ဆုံးခဲ့တဲ့ ၿပိဳင္ကားေမာင္းသူကို ေထာင္ဒဏ္ ခုနစ္ႏွစ္ထိသာ ခ်မွတ္ႏိုင္တဲ့ ပုဒ္မ ၃၀၄(က)နဲ႔ စြဲခ်က္တင္ အမိန႔္ ခ်ခဲ့တဲ့ သတင္း၊ ပၪၥမတန္းေက်ာင္း သူကို စာသင္ခန္းထဲ အဓမၼျပဳက်င့္တဲ့ မင္းလွၿမိဳ႕နယ္ေက်ာင္း အေထြေထြ လုပ္သားကို ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္ခဲ့ တဲ့သတင္း၊ မူးယစ္ေဆးဝါးမ်ား ဖမ္းမိတဲ့ မူဆယ္စက္သုံးဆီဆိုင္ လုပ္ငန္းရွင္ အမႈကြင္းဆက္ကေန မူးယစ္ ေဆး ဝါးခ်က္တဲ့ စက္႐ုံေျခာက္႐ုံႏွင့္ က်ပ္ ၁၆ ဘီလ်ံတန္ဖိုးရွိတဲ့ မူးယစ္ေဆးမ်ားႏွင့္ မူးယစ္ေဆးခ်က္ပစၥည္းမ်ိဳးစုံ သိမ္းဆည္းရမိခဲ့တဲ့ သတင္း၊ ဆိုးလ္ၿမိဳ႕ေျမေအာက္ လိုဏ္ ေခါင္းအတြင္း ျမန္မာလုပ္သားနဲ႔ ကိုရီးယားလုပ္သား ေရေမ်ာပါသြားလို႔ ရွာေဖြေနၾကတဲ့ သတင္း ၊ လြယ္ဂ်ယ္မွာ စားေသာက္ဆိုင္ပိုင္ရွင္က ဆိုင္ဝန္ထမ္းရဲ႕ (၂)ႏွစ္(၃)လအ ႐ြယ္သမီးငယ္ကို အဓမၼျပဳက်င့္လို႔ ဖမ္းဆီးထားတဲ့ သတင္း၊ လႈိင္သာယာၿမိဳ႕နယ္ ဒဂုံဧရာအေဝးေျပး ကားဝင္းေရွ႕မွာ  ခရီးသည္လုေခၚတာကေန လူသတ္မႈ ျဖစ္ပြားခဲ့တဲ့ သတင္း၊ အင္းစိန္ၿမိဳ႕နယ္ မုဒိတာ အိမ္ရာမွာ ေဈးဝယ္ၿပီး တိုက္ခန္းျပန္ တက္လာတဲ့ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးကို တစ္တိုက္တည္းေန အမ်ိဳးသားတစ္ဦးက အဓမၼျပဳက်င့္ခဲ့တဲ့ သတင္း၊ ကေလးၿမိဳ႕မွာ အသက္ (၁၃) ႏွစ္ အ႐ြယ္ မိန္းကေလးကို ကိုယ္ဝန္ရသည္အထိ အဓမၼျပဳက်င့္ၿပီး အမႈမဖြင့္ရန္ မိဘမ်ားအား ေလ်ာ္ေၾကးေပးခဲ့တဲ့ အသက္ (၇၅) ႏွစ္အ႐ြယ္ အမ်ိဳးသားရဲ႕ အဓမၼက်င့္မႈကို  စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ၫႊန္ၾကားခ်က္နဲ႔ စစ္ေဆးေနတဲ့ သတင္း၊ ရည္းစားကို ဖုန္းျပန္ ေလ်ာ္ေပးဖို႔ အသက္ (၁၀) ႏွစ္ အ႐ြယ္ တူမကိုသတ္ကာနားကပ္ လုယူသူကို ဖမ္းမိ ေတြက ယခုတစ္ပတ္သတင္းေတြထဲ အမ်ားျပည္သူစိတ္ကို ရႈပ္ေထြးေစခဲ့ပါတယ္။
 
ယူနက္စကို ဝင္မွ ျပႆနာရႈပ္ေထြးလာတဲ့ ပုဂံ

ယခင္အစိုးရလက္ထက္ကတည္းက လုပ္ေဆာင္ေနခဲ့တဲ့ ပုဂံေရွးေဟာင္း ၿမိဳ႕ကို ယူနက္စကိုဝင္ဖို႔အ တြက္ ႀကိဳးစားမႈဟာ ယခုအစိုရလက္ထက္ မွာျဖစ္လာခဲ့တဲ့ အတြက္ ဒါဟာ ျမန္မာႏိုင္ငံသားေတြအတြက္ ဂုဏ္ယူစရာပါ။ ဒါေပမယ့္ ယူနက္စကိုရဲ႕ ကမာၻ႔အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံရမႈအေပၚ နားလည္မႈ လြဲမွားမႈေတြ ရွိေနခဲ့ပါတယ္။

ပုဂံေရွးေဟာင္း ၿမိဳ႕ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ျဖစ္လာသျဖင့္ ႏိုင္ငံတကာက ပိုမို သိရွိၿပီး ကမာၻ တစ္ဝန္းမွ ခရီးသြား မ်ားကို ပိုမိုဆြဲေဆာင္ လာႏိုင္မည္ ျဖစ္သလို ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္မ်ား ကမာၻ တည္သ ေ႐ြ႕ တည္တံ့ႏိုင္ေစရန္ နည္းပညာနဲ႔ ေငြေၾကးအကူအညီေတြ ရရွိမွာျဖစ္လို႔ ပုဂံၿမိဳ႕ေဟာင္းအတြက္ အလြန္ပဲ အက်ိဳးေက်းဇူးမ်ားတဲ့ ကိစၥပါဘဲ။ ဒါေပမယ့္ ယခင္ကတည္းက ျမန္မာႏိုင္ငံက အခ်ိဳ႕ေဒသေတြမွာ ယူနက္စကို အသိအမွတ္ျပဳခံရဖို႔ ႀကိဳးစားတဲ့ အခါတိုင္း အဆိုပါေဒသမွာ ယခင္အာဏာပိုင္ေတြလက္ထက္ အက်ိဳးစီးပြားျဖစ္ေနတဲ့ လုပ္ငန္းေတြ က ဒီလို အသိအမွတ္ျပဳခံရရင္ ကမာၻ႔ေစာင္ေရွာက္မႈဝင္သြားတဲ့ အတြက္ အက်ိဳးစီးပြားထိခိုက္ႏိုင္တယ္ဆိုတဲ့ လြဲမွားတဲ့ အယူအဆနဲ႔ တိုက္ခိုက္ ၾကသလို ျပည္သူလူထုယုံၾကည္တဲ့ လူပုဂၢိဳလ္ေတြကို အသုံးခ်ကာ သူတို႔ အက်ိဳးစီးပြားကို ကာကြယ္ေလ့ရွိပါတယ္။ ေ႐ႊတိဂုံေစတီနားက အထပ္ျမင့္ အေဆာက္အဦးစီမံကိန္း တည္ေဆာက္ခြင့္မရေအာင္ ႀကိဳးစားစဥ္အခါက ဒီလိုဘဲ ႀကဳံေတြရဘူးပါတယ္။

ယခုလည္း ျမန္မာဘုရင္အဆက္ဆက္ နန္းစိုက္ခဲ့တဲ့ ပုဂံၿမိဳ႕ေဟာင္းကို ယူနက္စကို အသိအမွတ္ျပဳ ခံရတဲ့ အခါ ဒီလိုျပႆနာေတြ ႀကဳံရသလို နားလည္မႈလြဲမွားတဲ့ အတြက္ အေကာက္အယူမွားယြင္း ေျပာ ဆိုမႈေတြလည္း ရွိခဲ့ပါတယ္။ဒီအတြက္ အခြင့္ေခ်ာင္းေနတဲ့ သူေတြက ဒီသာမန္လြဲ မွားမႈကို ပိုၿပီး ျပႆနာႀကီး ေအာင္လုပ္ေဆာင္ခဲ့မႈေတြရွိခဲ့လို႔ ယခုတစ္ပတ္မွာ ပုဂံၿမိဳ႕ေဟာင္း ယူနက္စကို ဝင္တဲ့ သီတဂူဆရာေတာ္ႀကီးရဲ႕ မွတ္ခ်က္ျပဳစကားက အြန္လိုင္းမွာ အဆူပြက္ဆုံး ျဖစ္ခဲ့ပါတယ္။

ဇူလိုင္ ၂၇ ရက္က ျပင္ဦးလြင္ ၿမိဳ႕ရွိ ေအာင္ခ်မ္းသာေက်ာင္းတိုက္မွာ လုပ္ခဲ့တဲ့ သာသနိကအေဆာက္ အအုံမ်ားစုေပါင္းေရစက္ခ် ေအာင္ပြဲမွာ ေရွးေဟာင္းၿမိဳ႕ေတာ္ပုဂံ ေဒသကို ယူနက္စကို၏ ကမာၻ႔အေမြအႏွစ္ စာရင္းဝင္အျဖစ္ သတ္မွတ္ခံရတဲ့ အေပၚ “ကိုယ့္တိုင္းျပည္ရဲ႕ ကိုယ့္အေမြ အႏွစ္ကို ကိုယ္တိုင္ ထိန္းရမွ ကိုယ္ ဂုဏ္ယူေနရမွာ မဟုတ္လား။ ဟိုဘက္က ေပးတဲ့ ပိုက္ဆံနဲ႔ ဟိုကလူေတြ ထိန္းၿပီး ေတာ့ ဟိုက စည္းကမ္း အတိုင္း အကုန္လုံး နားေထာင္ၾကရမွာ။ အဲဒါကို ဂုဏ္ယူေနျခင္းဟာ တလြဲဆံပင္ေကာင္းျခင္းပဲ။ ဘုန္းႀကီးက ေတာ့ ဒီလိုပဲ ထင္တယ္’’လို႔ ေဟာၾကားခဲ့ပါတယ္။ ဒါအျပင္ ဒီတရားပြဲမွာ ယူနက္စကိုနဲ႔ ပက္ သက္ၿပီး အခ်က္ အလက္အေတာ္မ်ားမ်ားမွားယြင္းၿပီးေျပာခဲ့တဲ့ အတြက္ လူမႈကြန္ရက္မွာ ေဝဖန္မႈ ေတြညံခဲ့သလိုအမ်ိဳးသား ေရးအစြန္းေရာက္သူေတြ ၊ရဟန္းသံဃာေတြ ဘက္က ျပင္းျပင္းထန္ထန္တုံျပန္မႈေတြ ထြက္ေပၚခဲ့ပါတယ္။

ပုဂံေဒသ ယူနက္စကိုစာရင္းဝင္လာတဲ့အတြက္ စစ္မက္ျဖစ္ပြားခဲ့ရင္ေတာင္ ကမာၻ႔အေမြ အႏွစ္ စာရင္း ဝင္ေနတဲ့ အတြက္ မည္သည့္ႏိုင္ငံနဲ႔ မည္သူကမွ် အေမြအႏွစ္မ်ားႏွင့္ေဒသကို ထိခိုက္ေအာင္ လုပ္လို႔မရဘဲ ကာကြယ္ေပးရတဲ့ စာရင္းဝင္တာကို မေကာင္းေျပာေနတဲ့အတြက္  မႏၲေလးတိုင္း ဝန္ႀကီး ခ်ဳပ္ကေတာ့ “ဒါ ျမန္မာႏိုင္ငံကို မခ်စ္လို႔ ”ဆိုၿပီး မွတ္ခ်က္ျပဳခဲ့ပါတယ္။ဒီလို အျငင္းအခုံျဖစ္တဲ့ အတြက္  သက္ ဆိုင္ရာ ဌာန ေတြဘက္က အျဖစ္မွန္ကို ေျပာခဲ့ရတာေတြ ရွိခဲ့ ပါတယ္။ ထူးျခားတာကို ဆရာေတာ္ႀကီးကို ေ၀ ဖန္ေနေပမယ့္ ဒီလိုလြဲမွားတဲ့ အခ်က္ အလက္ေတြ သီတဂူဆရာ ေတာ္ႀကီးကို ဘယ္သူကေပးခဲ့တာလဲဆိုတဲ့ အဓိက အခ်က္ကို ေျပာဆိုသူမရွိသေလာက္ပါဘဲ။ ဒါအျပင္ ရဟန္း သံဃာေတြ ဘာပဲေျပာေျပာမွားေနရင္ေတာင္ ျပန္ေျပာခြင့္မရွိ ဘူးဆိုတဲ့ အမ်ိဳးသားေရးအစြန္းေရာက္ေတြရဲ႕ ယူဆခ်က္ကလည္း လက္ခံဖို႔ ခက္ခဲ ပါတယ္။

ယခုေနာက္ပိုင္း ျမန္မာႏိုင္ငံရဲကလူမႈကြန္ရက္မွာ ေဝဖန္မႈေတြ တုံျပန္မႈေတြက ျပင္းထန္လာသလို ေဘာင္ေက်ာ္လာတာေတြကို ေတြ႕ရပါတယ္။ လူမႈကြန္ရက္အသုံးျပဳၿပီး တိုက္ခိုက္မႈေတြ၊ အပုတ္ခ်မႈေတြ၊ စြပ္စြဲျပစ္တင္မႈေတြကို အဖြဲ႕အစည္းအသြင္ လုပ္လာတဲ့ အတြက္ သတိထားစရာ ျဖစ္လာခဲ့ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္မီ တစ္ဖက္နဲ႔ တစ္ဖက္အပုပ္ခ်ရာမွာ ေထရ္ႀကီးဝါႀကီးဆရာေတာ္ေတြကိုပါမခ်န္ေတာ့ဘဲ အသုံးခ် လာ တဲ့ ျပႆနာက ရင္ေလးစရာေကာင္းသလို သတိျပဳဆင္ျခင္ဖို႔လည္း ေကာင္းလာပါတယ္။ ဒီျပႆနာဟာ ဒီတစ္ပတ္မွာ စိတ္ရႈပ္စရာ ရင္ေလးစရာ ျဖစ္ခဲ့သလို ရပ္တန္းက ရပ္က်မလား ၊ ဘာေတြ ဆက္ျဖစ္ဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ႏိုင္ငံ ေတာ္ သံဃမဟာနာယကအဖြဲ႕က တရားမဝင္ဖြဲ႕စည္း ထားေသာ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း ဦးေဆာင္ဆရာေတာ္ႏွစ္ပါးကို ေနာက္ဆုံးအႀကိမ္ဆုံးမဩဝါဒေပးရန္ ေခၚယူ ထားရာမွာ ဥကၠ႒ဆရာေတာ္ လာေရာက္ျခင္းမရွိလို႔ ဓမၼစက္ျဖင့္ ေခၚယူဆုံးမမႈ ၿပီးဆုံးၿပီျဖစ္ေၾကာင္း ေၾကညာခဲ့တဲ့ သတင္း၊ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ေရွးေဟာင္းၿမိဳ႕ေတာ္ ပုဂံေဒသရွိ ေစတီပုထိုးမ်ားသို႔ သြားေရာက္ဖူးေျမာ္ ၾကည့္ရႈစစ္ေဆးမယ့္သတင္း၊အေမရိကန္သံ႐ုံး၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာပါ ဗုဒၶ ႐ုပ္ပုံပါ ပန္းခ်ီကားေဖာ္ျပမႈႏွင့္ ပတ္သက္ၿပီး အေမရိကန္သံအ မတ္ပါ သုံးဦးကို အေရးယူေပးရန္ မေကြးေက်ာင္းတိုက္ဆရာေတာ္ ဦးပါေမာကၡက ဦးတိုက္ ေလွ်ာက္ထားမႈ ကမာ႐ြတ္ၿမိဳ႕နယ္ တရားသူႀကီးက ပလပ္လိုက္တဲ့ သတင္းေတြယခုတစ္ပတ္ျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခု တစ္ပတ္ျပည္တြင္း သတင္း သုံး သပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း