【 ထင်ရှားကျော်ကြား တစ်ပတ်အတွင်းပြည်တွင်းသတင်းများ 】 အရှိန်ရလာတဲ့ ပြည်တွင်းကူးစက်မှု သတိပြုရန်လို

【 ထင်ရှားကျော်ကြား တစ်ပတ်အတွင်းပြည်တွင်းသတင်းများ 】 အရှိန်ရလာတဲ့ ပြည်တွင်းကူးစက်မှု သတိပြုရန်လို

ကိုဗစ်-၁၉ သတင်းများနဲ့ ထိတ်ထိတ်လန့်လန့်နေရတဲ့ရက်တွေမှာ သတင်းအများစုကလည်း စိတ်မသက်သာဖွယ်ရာ သတင်းတွေနဲ့သာ ယခုရက်သတ္တပတ်အတွင်း ပြည့်နေခဲ့ပါတယ်။စိတ်မသက်သာဖွယ်ရာ စိတ်မနှံတဲ့ စစ်ကိုင်းက အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကို လူငယ်နှစ်ဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့သတင်းကနေ  အီးယူကနေ ကူးစက်ရောဂါကပ်ဘေးကြောင့် အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို ပထမအသုတ် ယူရို ၅ သန်း ထောက်ပံ့တဲ့ စိတ်ချမ်းသာစရာသတင်းတွေကနေ ရန်ကုန်မှာ ဗိုင်းရပ်စ်ဘေးအတွက် သတိပေးထားချိန်မှာ ပြန်လူစည်ကားလာနေလို့ နိုင်ငံတော်အတိုင်ပင်ခံက သတိပေးရတာတွေ၊ ရခိုင်မြောက်ပိုင်းက အင်တာနက်ဖြတ်ထားတဲ့ မြို့နယ်ငါးမြို့နယ်ထဲက မောင်တောမှာ အင်တာနက်ပြန်ရတာတွေနဲ့ ယခုရက်ထဲသတင်းတွေက စိတ်ဝင်စားဖွယ်ရှိနေပါတယ်။

ဒီသတင်းတွေအပြင် အင်းစိန်တိုက်ပွဲမှာ သူရဘွဲ့ရခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင် အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်ခဲ့တဲ့သတင်း၊ သီရိလင်္ကာအစိုးရက မြန်မာနိုင်ငံမှ အခြေခံစားသောက်ကုန်တွေ ဝယ်ယူဖို့ကမ်းလှမ်းတဲ့သတင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ ရှိ ဂိုဒေါင်တစ်လုံး မီးလောင်ခဲ့တဲ့သတင်း၊ ရွှေကျင်မှာ လယ်ယာမြေအငြင်းပွားပြီး အုပ်စုဖွဲ့ရန်ဖြစ်တာမှာ လူနှစ်ဦးသေဆုံးခဲ့တဲ့သတင်း၊ စတဲ့သတင်းတွေလည်း ယခုရက်ထဲမှာဖြစ်ခဲ့ပါတယ်။

ခုန်တက်လာတဲ့ ကူးစက်သူအရေအတွက်

ယခုရက်ပိုင်း ကိုဗစ်-၁၉ လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်က တစ်ရက်ကို တစ်ယောက်၊ နှစ်ယောက်သာ တွေ့ရသလို အချို့ရက်တွေမှာ ကူးစက်ခံရသူမတွေ့ရတာတွေလည်း ရှိခဲ့တဲ့အတွက် အဓိကကူးစက်ခံရသူ အများဆုံးတွေ့ရှိရာ ရန်ကုန်မှာနေထိုင်သူတွေကြား ကူးစက်ရောဂါဘေးကို ကာကွယ်ဖို့ ပေါ့လျော့လာခဲ့ပါတယ်။

ယခုရက်သတ္တပတ်မှာ ရန်ကုန်မြို့ရဲ့ နေ့စဉ်သွားလာမှုက အရင်အတိုင်းနီးပါး ပြန်စည်လာခဲ့ပါတယ်။အစိုးရက ရန်ကုန်တိုင်းအတွင်း နေထိုင်သူတွေကို မေ ၁၅ ရက်အထိ နေအိမ်မှာနေဖို့ ညွှန်ကြားထားချက်ရှိပေမယ့် ရန်ကုန်မှာ အသွားအလာက ယခင်ကထက် အနည်းငယ်သာလျော့သလို လူနေရပ်ကွက်တွေထဲမှာ ပြန်စည်ကားခဲ့ပါတယ်။ဒီရက်ပိုင်း အပူချိန်ကလည်း ၄၃ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်တဲ့ရှိခဲ့တဲ့အတွက် ကျဉ်းကျပ်တဲ့အိမ်တွင်း နေထိုင်ရတဲ့ ရန်ကုန်နေသူတွေအတွက် အပြင်ကိုသွေးတိုးစမ်းထွက်တဲ့ ရက်တွေက ယခုရက်သတ္တပတ်ထဲမှာဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် မေ ၅ ရက် ရန်ကုန်မြင်ကွင်းနဲ့ ပတ်သက်ပြီး မီဒီယာတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသာ ဒီစည်ကားတဲ့ လူအုပ်ထဲရှိနေရင် ကူးစက်ခံရသူအရေအတွက် ကြောက်စရာကောင်းလောက်အောင် ဆောင့်တက်လာနိုင်တယ်၊ အီတလီ၊ စပိန်၊ တောင်ကိုရီးယားလို ဖြစ်လာနိုင်တယ်ဆိုပြီး သတိပေးခဲ့ပါတယ်။တစ်ကယ်လည်း ရန်ကုန်မှာ ကူးစက်ခံရသူတတွေကို စစ်ဆေးတဲ့အခါမှာ ရောဂါလက္ခဏာမပြဘဲ silent carrier လို့ ခေါ်တဲ့ ရောဂါရှိနေမှန်းမသိတဲ့သူတွေ များနေတာကို တွေ့နေရတဲ့အတွက် ဆေးဝန်ထမ်းတွေကတောင် စိုးရိမ်စရာပါဆိုပြီး သတိပေးရတဲ့အနေအထားပါ။ဒီအတွက်လည်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် မေ ၆ ရက်မှာ အစိုးရက ရှေ့ရက်ပိုင်းမှာ လူနာသစ်တွေ့ရှိမှု နည်းပါးလာခြင်းနဲ့ မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းများကို အစိုးရက ကျန်းမာရေးစိစစ်ပြီး ဖွင့်ခွင့်ပြုလိုက်ခြင်းတွေကြောင့် စိုးရိမ်စိတ်လျော့ကျပြီး လမ်းတွေပေါ် လူတွေရောက်လာခဲ့တာများပါတယ်။ကျန်းမာရေးအာဏာပိုင်တွေဘက်က fever clinic တွေကို ဒီရက်ပိုင်းမှာလည်း မြို့နယ်တွေမှာ ဆက်တိုက်ဖွင့်နေသလို ဘာသာရေးဆုတောင်းပွဲ အဆက်ဖြစ်တဲ့သူတွေ နေထိုင်ခဲ့တဲ့နေရာနဲ့ အတွေ့များခဲ့တဲ့ အင်းစိန်က ရပ်ကွက်လေးခုကို မေ ၆ ရက်က ကျန်းမာရေးဝန်ထမ်းအများစု အပါအဝင် အင်အား ၇၀၀ နဲ့ ဝင်စစ်ဆေးဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်။

ဒီလိုကူးစက်ရောဂါဘေးအတွက် ကျန်းမာရေးအာဏာပိုင်တွေဘက်က ရတက်မအေးချိန်မှာ လူတွေလမ်းပေါ်ထွက်လာတာ တစ်ကယ့်ဘေးအန္တရာယ်ကို ဖိတ်ခေါ်သလိုပါဘဲ။ဒါ့အပြင် ကူးစက်ရောဂါဘေး တားဆီးညွှန်ကြားချက်တွေဖြစ်တဲ့ မျက်နှာမှာ mask တပ်တာတို့၊ မကြာခဏလက်ဆေးရမှာတို့၊ လူထူထပ်တဲ့နေရာတွေကို မသွားရောက်ရမှာတို့ စတဲ့ အရေးကြီးတဲ့ညွှန်ကြားချက်တွေကို မလိုက်နာဘဲ သာမန်အချိန်ကဲ့သို့ လုပ်ဆောင်တာတွေက ကြောက်စရာလန့်စရာပါဘဲ။မေ ၇ ရက်ညမှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါဘေးမှာ ဒုတိယမြောက် ကူးစက်ခံရသူအများဆုံးနေ့အဖြစ် ၁၄ ဦး အထိ တွေ့ရှိလာခဲ့ပါတယ်။ဒါဟာ ဧပြီ ၁၃ ရက် ၂၁ ဦး တွေ့ရှိပြီးနောက်မှာ ဒုတိယမြောက်အများဆုံးဖြစ်သလို ပြန်ပေါ့ဆလာတဲ့ ရန်ကုန်လူထုကို သတိပေးလိုက်သလို ဖြစ်ရပ်ပါဘဲ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အဲဒီရက်ထဲမှာ ရန်ကုန်မှာစည်ကားနေခဲ့တဲ့အတွက် စိုးရိမ်တကြီးသတိပေးခဲ့ကာ ကျန်းမာရေးဆိုင်ရာစည်းကမ်းများကို အထူးဂရုစိုက်လိုက်နာကြရန် လိုအပ်တယ်ဆိုပြီး facebook စာမျက်နှာကနေတစ်ဆင့် ရေးသားခဲ့ပါတယ်။ဒီရေးသားသတိပေးမှုထဲမှာ “ရန်ကုန်ဟာ ကိုဗစ်ရောဂါကူးစက်ထားသူ အများဆုံးတွေ့ထားတဲ့မြို့ဖြစ်တော့ ကျန်းမာရေးဆိုင်ရာစည်းကမ်းတွေကို အထူးဂရုစိုက်လိုက်နာဖို့ လိုပါတယ်။ကိစ္စအမျိုးမျိုးကြောင့်၊ ဥပမာအလုပ်အကိုင်နဲ့ ပတ်သက်လို့၊ အိမ်ပြင်ထွက်ဖို့လိုတာတွေ ရှိနိုင်မယ်ဆိုတာ နားလည်ပါတယ်။ဒါကြောင့် ပုံမှန်အခြေအနေ အမြန်ဆုံးရောက်စေချင်ပါတယ်။ရောက်နိုင်အောင်လည်းကြိုးစားပါမယ်။သို့သော် ဒီအချိန်မှာတော့ သည်းခံရပါမယ်။သည်းခံကြပါ” ဆိုပြီးသတိပေးခဲ့တာပါ။လူတွေကလည်း အသက်ဘေးနဲ့ယှဉ်လာတဲ့ ဒီကူးစက်ဘေးမှာ စားဝတ်နေရေးအကြောင်းပြချက်နဲ့ ပြင်ပထွက်လာကြပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို မလိုက်နာတာက ကပ်ဘေးကို လက်ယပ်ခေါ်နေတာပါ။ဒီအတွက် ဘယ်အချိန်မှာ အိန္ဒိယလို၊ တောင်ကိုရီးယားလို၊ စပိန်လို၊ အမေရိကန်လို ပြည်တွင်းကူးစက်မှု ပြင်းထန်လာတာကို မြင်တွေ့ရမလားဆိုတာ ထိတ်လန့်စရာပါ။သတ်မှတ်ရက်မတိုင်မီ အများပြည်သူရဲ့ ကျန်းမာရေးဆိုင်ရာ ပေါ့ဆမှုတွေကို လိုက်နာအောင် အစိုးရနဲ့ ကျန်းမာရေးအာဏာပိုင်တွေက ဘယ်လိုထိန်းကြမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

တခြားတစ်ဘက်မှာတော့ စီးပွားရေးသမားတွေက ဒီလိုကပ်ရောဂါဘေးကိုကြုံနေရလို့ အထူးကြပ်မတ်နေချိန်မှာ လောဘဇောတိုက်ပြီး တားမြစ်ထားတာကိုကျူးလွန်လို့ အရေးယူရတာတွေလည်းရှိခဲ့ပါတယ်။တနင်္သာရီ မြိတ်ဘက်မှာ ညဘက် ရှောင်တခင်စစ်ဆေးရာမှာ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး ဆိုင်ဖွင့်လုပ်ကိုင်နေတဲ့ KTV ဆိုင် သုံးဆိုင်ကိုတွေ့ရှိလို့ ဆိုင်ရှင်တွေကို တရားစွဲဆိုရတာတွေရှိသလို တောင်ဥက္ကလာဘက်မှာ အစားအသောက်ပို့ဆောင်ပေးတဲ့ Food Panda Delivery တစ်ဦးဆီက ဖုန်းနဲ့ပိုက်ဆံအိတ်ကို တက္ကစီသမားတစ်ဦးက လုယက်လို့ အနားက တက္ကစီသမားတစ်ဦးက ဝိုင်းဖမ်းခဲ့ရတဲ့ သတင်းလည်းရှိခဲ့ပါတယ်။အင်းစိန်မှာ ညမထွက်ရအမိန့်ကို ချိုးဖောက်တဲ့ စုံတွဲတစ်တွဲကို တစ်လပြစ်ဒဏ်ချခဲ့သလို မန္တလေးချမ်းမြသာစည်မှာ ကူးစက်ကပ်ရောဂါဘေးကာလ ကန့်ကွက်တားမြစ်ချက်ကို ဖောက်ဖျက်ပြီး နေအိမ်ထဲ ဘာသာရေးဝတ်ပြု ဆုတောင်းမှုပြုလုပ်ခဲ့တဲ့ အမျိုးသား ၁၂ ဦးကို ထောင်ဒဏ်သုံးလစီ ပြစ်ဒဏ်ချခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။လှိုင်သာယာမှာ တရားရုံးအချုပ်ခန်းကနေ ထွက်ပြေးခဲ့တဲ့ အချုပ်သား ၁၆ ဦးကို အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့တဲ့သတင်းတွေလည်း ယခုရက်ထဲမှာဖြစ်ခဲ့ပါတယ်။ဒါတွေက ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားစရာသတင်းတွေပါ။

ကိုဗစ်အလွန် ယိုင်နဲ့နဲ့ မြန်မာ့စီးပွားရေး

မကြာခင်က အီးယူကနေ ကိုဗစ်-၁၉ လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့ရတဲ့ အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမားတွေကို ယူရို ၅ သန်း (မြန်မာငွေ ၈ ဘီလျံနီးပါး) ကို ပထမအသုတ်အဖြစ် လှူဒါန်းခဲ့ပါတယ်။သုံးလကြာ ယခုထောက်ပံ့မှုအစီအစဉ်မှာ မြန်မာငွေ ၁၂၅၀၀၀ ကျပ်ကနေ ၇၅၀၀၀ ထိ ထောက်ပံ့သွားမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ အနည်းဆုံး ငွေကျပ်သုံး‌ထောင်ကနေ ရှစ်သောင်းအထိ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေကို မြန်ကူအစီအစဉ်နဲ့ wave ကနေတစ်ဆင့် ငွေလွှဲထောက်ပံ့ပေးတာဖြစ်လို့ ဒီပထမအသုတ်အစီအစဉ်မှာ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စက်ရုံခြောက်ရုံမှ အလုပ်ဆိုင်းငံ့ခံခဲ့ရသည့် အလုပ်သမားများအပါအဝင် အလုပ်သမားကိုးသောင်းခန့် ပါဝင်ပါတယ်။

အီးယူရဲ့ ကိုဗစ်-၁၉ ကြောင့် အရေးပေါ်ထောက်ပံ့တဲ့ အစီအစဉ်မှာ မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားများအတွက် ယူရိုငါးသန်း (မြန်မာငွေကျပ် ၈ ဘီလျံနီးပါး)၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုများ အပါအဝင် ထိခိုက်ခံရမှုအများဆုံးသောသူများနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် ယူရို ၁၄.၆သန်းကျော် (မြန်မာငွေကျပ် ၂၃ ဘီလျံ)၊ ပဋိပက္ခဖြစ်ပွားရာဒေသများမှ ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ၏ စခန်းများ၌ အရေးပေါ်အကူအညီ လိုအပ်ချက်များအတွက် ယူရိုနှစ်သန်း (မြန်မာငွေကျပ် ၃.၁ ဘီလျံ) ထောက်ပံ့ပေးမည့် အစီအစဉ်တွေ တွေ့ရပါတယ်။ဒါပေမယ့် ဒီလိုထောက်ပံ့မှုတွေက မလုံလောက်သေးပါဘူး။လက်ရှိမှာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်လို့ စက်ရုံအပြီးပိတ်သိမ်းခြင်း အပါအဝင် ယာယီပိတ်သိမ်း၊ အလုပ်သမားအင်အား လျှော့ချခဲ့တဲ့ စက်ရုံပေါင်းက ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာပဲ ၁၂၅ ရုံထိ ရှိနေပါတယ်။

အာဏာပိုင်တွေဘက်က သင်္ကြန်ကာလအလွန်မှာ စက်ရုံအလုပ်ရုံလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ တချို့စက်ရုံတွေကို ကျန်းမာရေးစစ်ဆေးမှုတွေအပြီး ဖွင့်ခွင့်ပေးခဲ့သလို ကျန်းမာရေးအစီအမံတွေကိုပါ ပြင်ဆင်စေပြီးမှ လုပ်ဆောင်စေခဲ့တာကိုလည်း တွေ့ရပါတယ်။ဒါပေမယ့် အထည်ချုပ်လို လုပ်ငန်းတွေမှာ အထည်အော်ဒါမရတာတွေ၊ အလုပ်သမားပြဿနာတွေကြောင့် အချိန်မီအလုပ်မပြီးတာတွေကြောင့် အလုပ်ရပ်နားလိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။ဒီရက်ထဲမှာ လဆန်းရက်ဖြစ်တဲ့အတွက် လုပ်ခလစာမရတဲ့ ပြဿနာတွေရှိခဲ့ပါတယ်။သာဓုကန်စက်မှုဇုန်အတွင်းရှိ World Jin အထည်ချုပ်စက်ရုံ အလုပ်သမား ၃၀၀ ကျော် လုပ်ခလစာမရဘဲ အလုပ်ရှင် ကိုရီးယားပြန်သွားလို့ လုပ်ခလစာမရတဲ့ဖြစ်ရပ် ဖြစ်ခဲ့သလို ရွှေပြည်သာစက်မှုဇုန်မှာ ဖွင့်ထားတဲ့ ပျော်ရွှင်လင်းလက် အထည်ချုပ်စက်ရုံမှာလည်း ဧပြီလအတွက် လုပ်ခလစာအပြည့်မပေးလို့ ပြဿနာဖြစ်ခဲ့တာလည်းရှိခဲ့ပါတယ်။ဒဂုံဆိပ်ကမ်း အိတ်ချုပ်စက်ရုံတစ်ရုံဖြစ်တဲ့ Blue Diamond အိတ်ချုပ်စက်ရုံမှာတော့ စက်ရုံရှေ့ သပိတ်စခန်းဖွင့်တာကို ဖြိုခွင်းခဲ့ပြီး ဦးဆောင်တဲ့ အလုပ်သမားသမဂ္ဂက လူတွေကို ထောင် ၃ လ ချခဲ့ပါတယ်။

အထည်ချုပ်တွင်မကပါဘူး။တခြားလုပ်ငန်းအမျိုးအစားတွေလည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ပါတယ်။အထူးသဖြင့် Stay at Home အစီအစဉ်ကြောင့် အိမ်မှာနေတဲ့သူများတဲ့အတွက် ပြေးဆွဲမှုလျှော့ချခဲ့တဲ့ ရန်ကုန် YBS ခရီးသည်ယာဉ်လိုင်းမှာလည်း လုပ်ခလစာလျှော့ချတာတွေကို ပြန်လည်တိုးမြှင့်ပေးဖို့ YUPT ကုမ္ပဏီက ယာဉ်မောင်းသမဂ္ဂဘက်က တောင်းဆိုမှုတွေ ယခုရက်ထဲမှာရှိခဲ့ပါတယ်။ဒါတွေက အလုပ်သမားတွေဘက်က ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းတွေရပ်ဆိုင်းလျှော့ချရမှုကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတွေအတွက် ဆိုင်ရာဆိုင်ရာတွေဆီ တောင်းဆိုမှုတွေ၊ နစ်နာမှုတွေပါ။

လတ်တလောစီးပွားရေးမှာလည်း နိုင်ငံခြားငွေကြေးဖြစ်တဲ့ ဒေါ်လာစျေးက ပြည်တွင်းကျပ်ငွေစျေးနူန်းနဲ့ယှဉ်ရင် လျှော့ကျနေတဲ့အတွက် တစ်ဒေါ်လာကို ၁၄၂၀ ကျပ်ကနေ ၁၄၀၀ ကျပ်ထိရှိလာတဲ့ မေ ၄ ရက်မှာ ဗဟိုဘဏ်က လေလံဈေးကွက်ဖြင့် တစ်ဒေါ်လာကို ၁,၄၀၈ ကျပ် ဈေးပေးပြီး ဝယ်ထိန်းခဲ့ပါတယ်။တခြားကဏ္ဍတွေဖြစ်တဲ့ အိမ်ခြံမြေစျေးကွက်နဲ့ အငှားစျေးကွက်တွေလည်း အတော်လေးကို အေးစက်ခဲ့ပါတယ်။ဒီကြားထဲမှာ ကိုဗစ်-၁၉ ကြောင့် ဒယီးဒယိုင်ဖြစ်နေတဲ့ မြန်မာ့စီးပွားရေးကို ထိခိုက်စေနိုင်တဲ့ သတင်းတချို့လည်း ဒီရက်ထဲမှာ ထွက်လာခဲ့ပါတယ်။ဒါက မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်နေလို့ဆိုပြီး အီးယူအုပ်စုအတွက် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များခြိမ်းခြောက်နိုင်သည့် နိုင်ငံများစာရင်းထဲကို ထည့်သွင်းဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းပါဘဲ။ဒီနိုင်ငံတွေထဲမှာ မြန်မာ၊ ပနားမား၊ ဘဟာမားစ်၊ မော်ရစ်သျှ၊ ဘာဘာဒို့စ်၊ ဘော့စ်ဝါနာ၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဂျမေကာ၊ မွန်ဂိုလီးယား၊ နီကာရာဂွာနှင့် ဇင်ဘာဘွေနိုင်ငံတွေ ပါဝင်နေတယ် ဆိုပါတယ်။

တကယ်လို့ ဒီစာရင်းထဲသာပါခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွက် အခက်တွေ့လာနိုင်စရာရှိသလို အီးယူနဲ့ အရောင်းအဝယ်၊ ကုန်တင်ပို့မှု၊ ရင်းနှီးမြုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ အထောက်အပံ့တွေကအစ ထိခိုက်လာနိုင်စရာရှိပါတယ်။

ဒီရက်ထဲမှာဘဲ ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်ကတည်းက  အင်တာနက်အဆက်အသွယ် ဖြတ်တောက်ထားတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ သံတွဲ၊ စစ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေထဲက မောင်တောတစ်မြို့နယ်ကို မေ ၂ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ဒါဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါဘေးအန္တရာယ် စိုးရိမ်နေရချိန်မှာ ဒီလိုအင်တာနက်ဖွင့်တဲ့အတွက် သက်ရောက်မှုအများကြီးရှိမှာပါ။ဒီကာလမှာဘဲ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရေးနဲ့ တိုက်ပွဲများလျှော့ချနိုင်ရန်အတွက်ဆိုပြီး ရခိုင်တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က (၅) ကြိမ်မြောက်အဖြစ် တစ်ဖက်သတ်အပစ်ရပ်စဲခြင်းကို မေလ ၃ ရက်တွင် ကြေညာခဲ့တာကလည်း ထူးထူးခြားခြားပါဘဲ။ဒါ့အပြင် ကယားပြည်နယ်ထဲမှာ  “နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများအပေါ် အကြည်ညိုပျက်စေမည့် အပြောအဆိုများအား ရပ်ကွက်/ ကျေးရွာအုပ်စု၊ ကျေးရွာဧရိယာနယ်နမိတ်အတွင်း အသံချဲ့စက်၊ ကိရိယာများကို အသုံးပြု၍သော်လည်းကောင်း၊ အသုံးမပြုသော်လည်းကောင်း လှည့်လည်ပြောဆိုခြင်းမပြုရ ဆိုတဲ့အချက် အပါအဝင် ထူးခြားတဲ့ အချက် ၁၀ ချက်ပါ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်-၁၉ လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအပြင် နေ့စဉ်လူနေမှုဘ၀ကို ထိခိုက်စေတဲ့အထိ စတင်ကိုက်ခဲနေပါပြီ။ဒီကနေလွတ်အောင် ဘယ်လိုရုန်းကြမလဲ၊ ဘယ်တော့ရုန်းနိုင်မလဲဆိုတာ ခန်မှန်းလို့မရနိုင်သေးပါဘူး။ဒီကာလအတွင်း ဘယ်စီးပွားရေးလုပ်ငန်းတွေက တောင့်ခံမလဲ၊ ဘယ်လုပ်ငန်းတွေက ပြိုလဲမလဲ၊ ဘယ်လုပ်ငန်းအခွင့်အလမ်းသစ်တွေ ပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ဒီအတွက် လာမည့်ရက်သတ္တပတ်မှာ မေ ၁၅ ရက်ကို ရောက်မှာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ရက်အတွင်း ကူးစက်ရောဂါကို မထိန်းချုပ်နိုင်ရင် ထပ်တိုးသတ်မှတ်ရမှာဖြစ်လို့  ယိုင်နဲ့နဲ့ မြန်မာ့စီးပွားရေးကို မကြည့်ဘဲ ပြည်သူကျန်းမာရေးအတွက် ကန့်သတ်ချက်ထပ်တိုးမလား၊ ဒါမှမဟုတ် မြန်မာ့စီးပွားရေး မယိုင်လဲအောင် ထပ်တိုးလာတဲ့ ကန့်သတ်ချက်သက်တမ်းကြားကနေ ထူးထူးခြားခြား ဘာလုပ်ဆောင်မှုတွေရှိလာမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မာလင်း
မေ - ၈

( Zawgyi )

ကိုဗစ္-၁၉ သတင္းမ်ားနဲ႔ ထိတ္ထိတ္လန႔္လန္႔ေနရတဲ့ရက္ေတြမွာ သတင္းအမ်ားစုကလည္း စိတ္မသက္သာဖြယ္ရာ သတင္းေတြနဲ႔သာ ယခုရက္သတၱပတ္အတြင္း ျပည့္ေနခဲ့ပါတယ္။စိတ္မသက္သာဖြယ္ရာ စိတ္မႏွံတဲ့ စစ္ကိုင္းက အသက္ ၆၀ အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦးကို လူငယ္ႏွစ္ဦးက မုဒိမ္းက်င့္သတ္ျဖတ္ခဲ့တဲ့သတင္းကေန  အီးယူကေန ကူးစက္ေရာဂါကပ္ေဘးေၾကာင့္ အလုပ္ထုတ္ခံရတဲ့ ျမန္မာအလုပ္သမားေတြကို ပထမအသုတ္ ယူ႐ို ၅ သန္း ေထာက္ပံ့တဲ့ စိတ္ခ်မ္းသာစရာသတင္းေတြကေန ရန္ကုန္မွာ ဗိုင္းရပ္စ္ေဘးအတြက္ သတိေပးထားခ်ိန္မွာ ျပန္လူစည္ကားလာေနလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံက သတိေပးရတာေတြ၊ ရခိုင္ေျမာက္ပိုင္းက အင္တာနက္ျဖတ္ထားတဲ့ ၿမိဳ႕နယ္ငါးၿမိဳ႕နယ္ထဲက ေမာင္ေတာမွာ အင္တာနက္ျပန္ရတာေတြနဲ႔ ယခုရက္ထဲသတင္းေတြက စိတ္ဝင္စားဖြယ္ရွိေနပါတယ္။

ဒီသတင္းေတြအျပင္ အင္းစိန္တိုက္ပြဲမွာ သူရဘြဲ႕ရခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ေဟာင္း သူရဦးထြန္းတင္ အသက္ ၁၀၀ အ႐ြယ္မွာ ကြယ္လြန္ခဲ့တဲ့သတင္း၊ သီရိလကၤာအစိုးရက ျမန္မာႏိုင္ငံမွ အေျခခံစားေသာက္ကုန္ေတြ ဝယ္ယူဖို႔ကမ္းလွမ္းတဲ့သတင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္ ၁ ရွိ ဂိုေဒါင္တစ္လုံး မီးေလာင္ခဲ့တဲ့သတင္း၊ ေ႐ႊက်င္မွာ လယ္ယာေျမအျငင္းပြားၿပီး အုပ္စုဖြဲ႕ရန္ျဖစ္တာမွာ လူႏွစ္ဦးေသဆုံးခဲ့တဲ့သတင္း၊ စတဲ့သတင္းေတြလည္း ယခုရက္ထဲမွာျဖစ္ခဲ့ပါတယ္။

ခုန္တက္လာတဲ့ ကူးစက္သူအေရအတြက္

ယခုရက္ပိုင္း ကိုဗစ္-၁၉ လို႔ ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္က တစ္ရက္ကို တစ္ေယာက္၊ ႏွစ္ေယာက္သာ ေတြ႕ရသလို အခ်ိဳ႕ရက္ေတြမွာ ကူးစက္ခံရသူမေတြ႕ရတာေတြလည္း ရွိခဲ့တဲ့အတြက္ အဓိကကူးစက္ခံရသူ အမ်ားဆုံးေတြ႕ရွိရာ ရန္ကုန္မွာေနထိုင္သူေတြၾကား ကူးစက္ေရာဂါေဘးကို ကာကြယ္ဖို႔ ေပါ့ေလ်ာ့လာခဲ့ပါတယ္။

ယခုရက္သတၱပတ္မွာ ရန္ကုန္ၿမိဳ႕ရဲ႕ ေန႔စဥ္သြားလာမႈက အရင္အတိုင္းနီးပါး ျပန္စည္လာခဲ့ပါတယ္။အစိုးရက ရန္ကုန္တိုင္းအတြင္း ေနထိုင္သူေတြကို ေမ ၁၅ ရက္အထိ ေနအိမ္မွာေနဖို႔ ၫႊန္ၾကားထားခ်က္ရွိေပမယ့္ ရန္ကုန္မွာ အသြားအလာက ယခင္ကထက္ အနည္းငယ္သာေလ်ာ့သလို လူေနရပ္ကြက္ေတြထဲမွာ ျပန္စည္ကားခဲ့ပါတယ္။ဒီရက္ပိုင္း အပူခ်ိန္ကလည္း ၄၃ ဒီဂရီစင္တီဂရိတ္အထိ စံခ်ိန္တင္တဲ့ရွိခဲ့တဲ့အတြက္ က်ဥ္းက်ပ္တဲ့အိမ္တြင္း ေနထိုင္ရတဲ့ ရန္ကုန္ေနသူေတြအတြက္ အျပင္ကိုေသြးတိုးစမ္းထြက္တဲ့ ရက္ေတြက ယခုရက္သတၱပတ္ထဲမွာျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ ေမ ၅ ရက္ ရန္ကုန္ျမင္ကြင္းနဲ႔ ပတ္သက္ၿပီး မီဒီယာေတြက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူသာ ဒီစည္ကားတဲ့ လူအုပ္ထဲရွိေနရင္ ကူးစက္ခံရသူအေရအတြက္ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေဆာင့္တက္လာႏိုင္တယ္၊ အီတလီ၊ စပိန္၊ ေတာင္ကိုရီးယားလို ျဖစ္လာႏိုင္တယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။တစ္ကယ္လည္း ရန္ကုန္မွာ ကူးစက္ခံရသူတေတြကို စစ္ေဆးတဲ့အခါမွာ ေရာဂါလကၡဏာမျပဘဲ silent carrier လို႔ ေခၚတဲ့ ေရာဂါရွိေနမွန္းမသိတဲ့သူေတြ မ်ားေနတာကို ေတြ႕ေနရတဲ့အတြက္ ေဆးဝန္ထမ္းေတြကေတာင္ စိုးရိမ္စရာပါဆိုၿပီး သတိေပးရတဲ့အေနအထားပါ။ဒီအတြက္လည္း က်န္းမာေရးအာဏာပိုင္ေတြက သတိေပးထားခဲ့ပါတယ္။တိုက္တိုက္ဆိုင္ဆိုင္ ေမ ၆ ရက္မွာ အစိုးရက ေရွ႕ရက္ပိုင္းမွာ လူနာသစ္ေတြ႕ရွိမႈ နည္းပါးလာျခင္းနဲ႔ မရွိမျဖစ္လိုအပ္သည့္ လုပ္ငန္းမ်ားကို အစိုးရက က်န္းမာေရးစိစစ္ၿပီး ဖြင့္ခြင့္ျပဳလိုက္ျခင္းေတြေၾကာင့္ စိုးရိမ္စိတ္ေလ်ာ့က်ၿပီး လမ္းေတြေပၚ လူေတြေရာက္လာခဲ့တာမ်ားပါတယ္။က်န္းမာေရးအာဏာပိုင္ေတြဘက္က fever clinic ေတြကို ဒီရက္ပိုင္းမွာလည္း ၿမိဳ႕နယ္ေတြမွာ ဆက္တိုက္ဖြင့္ေနသလို ဘာသာေရးဆုေတာင္းပြဲ အဆက္ျဖစ္တဲ့သူေတြ ေနထိုင္ခဲ့တဲ့ေနရာနဲ႔ အေတြ႕မ်ားခဲ့တဲ့ အင္းစိန္က ရပ္ကြက္ေလးခုကို ေမ ၆ ရက္က က်န္းမာေရးဝန္ထမ္းအမ်ားစု အပါအဝင္ အင္အား ၇၀၀ နဲ႔ ဝင္စစ္ေဆးေဆာင္႐ြက္ခဲ့တာေတြလည္းရွိပါတယ္။

ဒီလိုကူးစက္ေရာဂါေဘးအတြက္ က်န္းမာေရးအာဏာပိုင္ေတြဘက္က ရတက္မေအးခ်ိန္မွာ လူေတြလမ္းေပၚထြက္လာတာ တစ္ကယ့္ေဘးအႏၲရာယ္ကို ဖိတ္ေခၚသလိုပါဘဲ။ဒါ့အျပင္ ကူးစက္ေရာဂါေဘး တားဆီးၫႊန္ၾကားခ်က္ေတြျဖစ္တဲ့ မ်က္ႏွာမွာ mask တပ္တာတို႔၊ မၾကာခဏလက္ေဆးရမွာတို႔၊ လူထူထပ္တဲ့ေနရာေတြကို မသြားေရာက္ရမွာတို႔ စတဲ့ အေရးႀကီးတဲ့ၫႊန္ၾကားခ်က္ေတြကို မလိုက္နာဘဲ သာမန္အခ်ိန္ကဲ့သို႔ လုပ္ေဆာင္တာေတြက ေၾကာက္စရာလန႔္စရာပါဘဲ။ေမ ၇ ရက္ညမွာေတာ့ ကိုဗစ္-၁၉ ကူးစက္ေရာဂါေဘးမွာ ဒုတိယေျမာက္ ကူးစက္ခံရသူအမ်ားဆုံးေန႔အျဖစ္ ၁၄ ဦး အထိ ေတြ႕ရွိလာခဲ့ပါတယ္။ဒါဟာ ဧၿပီ ၁၃ ရက္ ၂၁ ဦး ေတြ႕ရွိၿပီးေနာက္မွာ ဒုတိယေျမာက္အမ်ားဆုံးျဖစ္သလို ျပန္ေပါ့ဆလာတဲ့ ရန္ကုန္လူထုကို သတိေပးလိုက္သလို ျဖစ္ရပ္ပါဘဲ။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကလည္း အဲဒီရက္ထဲမွာ ရန္ကုန္မွာစည္ကားေနခဲ့တဲ့အတြက္ စိုးရိမ္တႀကီးသတိေပးခဲ့ကာ က်န္းမာေရးဆိုင္ရာစည္းကမ္းမ်ားကို အထူးဂ႐ုစိုက္လိုက္နာၾကရန္ လိုအပ္တယ္ဆိုၿပီး facebook စာမ်က္ႏွာကေနတစ္ဆင့္ ေရးသားခဲ့ပါတယ္။ဒီေရးသားသတိေပးမႈထဲမွာ “ရန္ကုန္ဟာ ကိုဗစ္ေရာဂါကူးစက္ထားသူ အမ်ားဆုံးေတြ႕ထားတဲ့ၿမိဳ႕ျဖစ္ေတာ့ က်န္းမာေရးဆိုင္ရာစည္းကမ္းေတြကို အထူးဂ႐ုစိုက္လိုက္နာဖို႔ လိုပါတယ္။ကိစၥအမ်ိဳးမ်ိဳးေၾကာင့္၊ ဥပမာအလုပ္အကိုင္နဲ႔ ပတ္သက္လို႔၊ အိမ္ျပင္ထြက္ဖို႔လိုတာေတြ ရွိႏိုင္မယ္ဆိုတာ နားလည္ပါတယ္။ဒါေၾကာင့္ ပုံမွန္အေျခအေန အျမန္ဆုံးေရာက္ေစခ်င္ပါတယ္။ေရာက္ႏိုင္ေအာင္လည္းႀကိဳးစားပါမယ္။သို႔ေသာ္ ဒီအခ်ိန္မွာေတာ့ သည္းခံရပါမယ္။သည္းခံၾကပါ” ဆိုၿပီးသတိေပးခဲ့တာပါ။လူေတြကလည္း အသက္ေဘးနဲ႔ယွဥ္လာတဲ့ ဒီကူးစက္ေဘးမွာ စားဝတ္ေနေရးအေၾကာင္းျပခ်က္နဲ႔ ျပင္ပထြက္လာၾကေပမယ့္ အေရးႀကီးဆုံးျဖစ္တဲ့ က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာတာက ကပ္ေဘးကို လက္ယပ္ေခၚေနတာပါ။ဒီအတြက္ ဘယ္အခ်ိန္မွာ အိႏၵိယလို၊ ေတာင္ကိုရီးယားလို၊ စပိန္လို၊ အေမရိကန္လို ျပည္တြင္းကူးစက္မႈ ျပင္းထန္လာတာကို ျမင္ေတြ႕ရမလားဆိုတာ ထိတ္လန႔္စရာပါ။သတ္မွတ္ရက္မတိုင္မီ အမ်ားျပည္သူရဲ႕ က်န္းမာေရးဆိုင္ရာ ေပါ့ဆမႈေတြကို လိုက္နာေအာင္ အစိုးရနဲ႔ က်န္းမာေရးအာဏာပိုင္ေတြက ဘယ္လိုထိန္းၾကမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

တျခားတစ္ဘက္မွာေတာ့ စီးပြားေရးသမားေတြက ဒီလိုကပ္ေရာဂါေဘးကိုႀကဳံေနရလို႔ အထူးၾကပ္မတ္ေနခ်ိန္မွာ ေလာဘေဇာတိုက္ၿပီး တားျမစ္ထားတာကိုက်ဴးလြန္လို႔ အေရးယူရတာေတြလည္းရွိခဲ့ပါတယ္။တနသၤာရီ ၿမိတ္ဘက္မွာ ညဘက္ ေရွာင္တခင္စစ္ေဆးရာမွာ ေဒသႏၲရအမိန႔္ကို ေဖာက္ဖ်က္ၿပီး ဆိုင္ဖြင့္လုပ္ကိုင္ေနတဲ့ KTV ဆိုင္ သုံးဆိုင္ကိုေတြ႕ရွိလို႔ ဆိုင္ရွင္ေတြကို တရားစြဲဆိုရတာေတြရွိသလို ေတာင္ဥကၠလာဘက္မွာ အစားအေသာက္ပို႔ေဆာင္ေပးတဲ့ Food Panda Delivery တစ္ဦးဆီက ဖုန္းနဲ႔ပိုက္ဆံအိတ္ကို တကၠစီသမားတစ္ဦးက လုယက္လို႔ အနားက တကၠစီသမားတစ္ဦးက ဝိုင္းဖမ္းခဲ့ရတဲ့ သတင္းလည္းရွိခဲ့ပါတယ္။အင္းစိန္မွာ ညမထြက္ရအမိန႔္ကို ခ်ိဳးေဖာက္တဲ့ စုံတြဲတစ္တြဲကို တစ္လျပစ္ဒဏ္ခ်ခဲ့သလို မႏၲေလးခ်မ္းျမသာစည္မွာ ကူးစက္ကပ္ေရာဂါေဘးကာလ ကန႔္ကြက္တားျမစ္ခ်က္ကို ေဖာက္ဖ်က္ၿပီး ေနအိမ္ထဲ ဘာသာေရးဝတ္ျပဳ ဆုေတာင္းမႈျပဳလုပ္ခဲ့တဲ့ အမ်ိဳးသား ၁၂ ဦးကို ေထာင္ဒဏ္သုံးလစီ ျပစ္ဒဏ္ခ်ခဲ့ရတာေတြလည္း ရွိခဲ့ပါတယ္။လႈိင္သာယာမွာ တရား႐ုံးအခ်ဳပ္ခန္းကေန ထြက္ေျပးခဲ့တဲ့ အခ်ဳပ္သား ၁၆ ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၂) ႏွစ္ ခ်မွတ္ခဲ့တဲ့သတင္းေတြလည္း ယခုရက္ထဲမွာျဖစ္ခဲ့ပါတယ္။ဒါေတြက ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားစရာသတင္းေတြပါ။

ကိုဗစ္အလြန္ ယိုင္နဲ႔နဲ႔ ျမန္မာ့စီးပြားေရး

မၾကာခင္က အီးယူကေန ကိုဗစ္-၁၉ လို႔ ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္ခဲ့ရတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြက အလုပ္သမားေတြကို ယူ႐ို ၅ သန္း (ျမန္မာေငြ ၈ ဘီလ်ံနီးပါး) ကို ပထမအသုတ္အျဖစ္ လႉဒါန္းခဲ့ပါတယ္။သုံးလၾကာ ယခုေထာက္ပံ့မႈအစီအစဥ္မွာ ျမန္မာေငြ ၁၂၅၀၀၀ က်ပ္ကေန ၇၅၀၀၀ ထိ ေထာက္ပံ့သြားမွာျဖစ္ၿပီး အလုပ္သမားေတြအေနနဲ႔ အနည္းဆုံး ေငြက်ပ္သုံး‌ေထာင္ကေန ရွစ္ေသာင္းအထိ ေထာက္ပံ့သြားမယ္လို႔ ဆိုပါတယ္။အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားေတြကို ျမန္ကူအစီအစဥ္နဲ႔ wave ကေနတစ္ဆင့္ ေငြလႊဲေထာက္ပံ့ေပးတာျဖစ္လို႔ ဒီပထမအသုတ္အစီအစဥ္မွာ ေဖေဖာ္ဝါရီလႏွင့္ မတ္လအတြင္း စက္႐ုံေျခာက္႐ုံမွ အလုပ္ဆိုင္းငံ့ခံခဲ့ရသည့္ အလုပ္သမားမ်ားအပါအဝင္ အလုပ္သမားကိုးေသာင္းခန႔္ ပါဝင္ပါတယ္။

အီးယူရဲ႕ ကိုဗစ္-၁၉ ေၾကာင့္ အေရးေပၚေထာက္ပံ့တဲ့ အစီအစဥ္မွာ ျမန္မာႏိုင္ငံက အထည္ခ်ဳပ္အလုပ္သမားမ်ားအတြက္ ယူ႐ိုငါးသန္း (ျမန္မာေငြက်ပ္ ၈ ဘီလ်ံနီးပါး)၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး၊ သက္ႀကီး႐ြယ္အိုမ်ား အပါအဝင္ ထိခိုက္ခံရမႈအမ်ားဆုံးေသာသူမ်ားႏွင့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအတြက္ ယူ႐ို ၁၄.၆သန္းေက်ာ္ (ျမန္မာေငြက်ပ္ ၂၃ ဘီလ်ံ)၊ ပဋိပကၡျဖစ္ပြားရာေဒသမ်ားမွ ျပည္တြင္းေနရပ္စြန႔္ခြာျပည္သူမ်ား၏ စခန္းမ်ား၌ အေရးေပၚအကူအညီ လိုအပ္ခ်က္မ်ားအတြက္ ယူ႐ိုႏွစ္သန္း (ျမန္မာေငြက်ပ္ ၃.၁ ဘီလ်ံ) ေထာက္ပံ့ေပးမည့္ အစီအစဥ္ေတြ ေတြ႕ရပါတယ္။ဒါေပမယ့္ ဒီလိုေထာက္ပံ့မႈေတြက မလုံေလာက္ေသးပါဘူး။လက္ရွိမွာ ကိုဗစ္-၁၉ ေၾကာင့္ စီးပြားေရးအက်ပ္အတည္းျဖစ္လို႔ စက္႐ုံအၿပီးပိတ္သိမ္းျခင္း အပါအဝင္ ယာယီပိတ္သိမ္း၊ အလုပ္သမားအင္အား ေလွ်ာ့ခ်ခဲ့တဲ့ စက္႐ုံေပါင္းက ရန္ကုန္တိုင္းေဒသႀကီး တစ္ခုတည္းမွာပဲ ၁၂၅ ႐ုံထိ ရွိေနပါတယ္။

အာဏာပိုင္ေတြဘက္က သၾကၤန္ကာလအလြန္မွာ စက္႐ုံအလုပ္႐ုံလုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္ဖို႔ တခ်ိဳ႕စက္႐ုံေတြကို က်န္းမာေရးစစ္ေဆးမႈေတြအၿပီး ဖြင့္ခြင့္ေပးခဲ့သလို က်န္းမာေရးအစီအမံေတြကိုပါ ျပင္ဆင္ေစၿပီးမွ လုပ္ေဆာင္ေစခဲ့တာကိုလည္း ေတြ႕ရပါတယ္။ဒါေပမယ့္ အထည္ခ်ဳပ္လို လုပ္ငန္းေတြမွာ အထည္ေအာ္ဒါမရတာေတြ၊ အလုပ္သမားျပႆနာေတြေၾကာင့္ အခ်ိန္မီအလုပ္မၿပီးတာေတြေၾကာင့္ အလုပ္ရပ္နားလိုက္ရတာေတြလည္း ရွိခဲ့ပါတယ္။ဒီရက္ထဲမွာ လဆန္းရက္ျဖစ္တဲ့အတြက္ လုပ္ခလစာမရတဲ့ ျပႆနာေတြရွိခဲ့ပါတယ္။သာဓုကန္စက္မႈဇုန္အတြင္းရွိ World Jin အထည္ခ်ဳပ္စက္႐ုံ အလုပ္သမား ၃၀၀ ေက်ာ္ လုပ္ခလစာမရဘဲ အလုပ္ရွင္ ကိုရီးယားျပန္သြားလို႔ လုပ္ခလစာမရတဲ့ျဖစ္ရပ္ ျဖစ္ခဲ့သလို ေ႐ႊျပည္သာစက္မႈဇုန္မွာ ဖြင့္ထားတဲ့ ေပ်ာ္႐ႊင္လင္းလက္ အထည္ခ်ဳပ္စက္႐ုံမွာလည္း ဧၿပီလအတြက္ လုပ္ခလစာအျပည့္မေပးလို႔ ျပႆနာျဖစ္ခဲ့တာလည္းရွိခဲ့ပါတယ္။ဒဂုံဆိပ္ကမ္း အိတ္ခ်ဳပ္စက္႐ုံတစ္႐ုံျဖစ္တဲ့ Blue Diamond အိတ္ခ်ဳပ္စက္႐ုံမွာေတာ့ စက္႐ုံေရွ႕ သပိတ္စခန္းဖြင့္တာကို ၿဖိဳခြင္းခဲ့ၿပီး ဦးေဆာင္တဲ့ အလုပ္သမားသမဂၢက လူေတြကို ေထာင္ ၃ လ ခ်ခဲ့ပါတယ္။

အထည္ခ်ဳပ္တြင္မကပါဘူး။တျခားလုပ္ငန္းအမ်ိဳးအစားေတြလည္း ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္ခဲ့ပါတယ္။အထူးသျဖင့္ Stay at Home အစီအစဥ္ေၾကာင့္ အိမ္မွာေနတဲ့သူမ်ားတဲ့အတြက္ ေျပးဆြဲမႈေလွ်ာ့ခ်ခဲ့တဲ့ ရန္ကုန္ YBS ခရီးသည္ယာဥ္လိုင္းမွာလည္း လုပ္ခလစာေလွ်ာ့ခ်တာေတြကို ျပန္လည္တိုးျမႇင့္ေပးဖို႔ YUPT ကုမၸဏီက ယာဥ္ေမာင္းသမဂၢဘက္က ေတာင္းဆိုမႈေတြ ယခုရက္ထဲမွာရွိခဲ့ပါတယ္။ဒါေတြက အလုပ္သမားေတြဘက္က ကိုဗစ္-၁၉ ေၾကာင့္ လုပ္ငန္းေတြရပ္ဆိုင္းေလွ်ာ့ခ်ရမႈေၾကာင့္ ျဖစ္လာတဲ့ သက္ေရာက္မႈေတြအတြက္ ဆိုင္ရာဆိုင္ရာေတြဆီ ေတာင္းဆိုမႈေတြ၊ နစ္နာမႈေတြပါ။

လတ္တေလာစီးပြားေရးမွာလည္း ႏိုင္ငံျခားေငြေၾကးျဖစ္တဲ့ ေဒၚလာေစ်းက ျပည္တြင္းက်ပ္ေငြေစ်းႏူန္းနဲ႔ယွဥ္ရင္ ေလွ်ာ့က်ေနတဲ့အတြက္ တစ္ေဒၚလာကို ၁၄၂၀ က်ပ္ကေန ၁၄၀၀ က်ပ္ထိရွိလာတဲ့ ေမ ၄ ရက္မွာ ဗဟိုဘဏ္က ေလလံေဈးကြက္ျဖင့္ တစ္ေဒၚလာကို ၁,၄၀၈ က်ပ္ ေဈးေပးၿပီး ဝယ္ထိန္းခဲ့ပါတယ္။တျခားက႑ေတြျဖစ္တဲ့ အိမ္ၿခံေျမေစ်းကြက္နဲ႔ အငွားေစ်းကြက္ေတြလည္း အေတာ္ေလးကို ေအးစက္ခဲ့ပါတယ္။ဒီၾကားထဲမွာ ကိုဗစ္-၁၉ ေၾကာင့္ ဒယီးဒယိုင္ျဖစ္ေနတဲ့ ျမန္မာ့စီးပြားေရးကို ထိခိုက္ေစႏိုင္တဲ့ သတင္းတခ်ိဳ႕လည္း ဒီရက္ထဲမွာ ထြက္လာခဲ့ပါတယ္။ဒါက ျမန္မာႏိုင္ငံကို ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈ ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဆိုင္ရာ လိုက္နာရမည့္ စည္းမ်ဥ္းမ်ားကို လိုက္နာရန္ပ်က္ကြက္ေနလို႔ဆိုၿပီး အီးယူအုပ္စုအတြက္ ဘ႑ာေရးဆိုင္ရာ အႏၲရာယ္မ်ားၿခိမ္းေျခာက္ႏိုင္သည့္ ႏိုင္ငံမ်ားစာရင္းထဲကို ထည့္သြင္းဖို႔စီစဥ္ေနတယ္ဆိုတဲ့ သတင္းပါဘဲ။ဒီႏိုင္ငံေတြထဲမွာ ျမန္မာ၊ ပနားမား၊ ဘဟာမားစ္၊ ေမာ္ရစ္သွ်၊ ဘာဘာဒို႔စ္၊ ေဘာ့စ္ဝါနာ၊ ကေမာၻဒီးယား၊ ဂါနာ၊ ဂ်ေမကာ၊ မြန္ဂိုလီးယား၊ နီကာရာဂြာႏွင့္ ဇင္ဘာေဘြႏိုင္ငံေတြ ပါဝင္ေနတယ္ ဆိုပါတယ္။

တကယ္လို႔ ဒီစာရင္းထဲသာပါခဲ့မယ္ဆိုရင္ ျမန္မာႏိုင္ငံအတြက္ အခက္ေတြ႕လာႏိုင္စရာရွိသလို အီးယူနဲ႔ အေရာင္းအဝယ္၊ ကုန္တင္ပို႔မႈ၊ ရင္းႏွီးျမဳပ္ႏွံမႈ၊ ဘဏ္လုပ္ငန္း၊ အေထာက္အပံ့ေတြကအစ ထိခိုက္လာႏိုင္စရာရွိပါတယ္။

ဒီရက္ထဲမွာဘဲ ရခိုင္ျပည္နယ္အတြင္း ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၂ ရက္ကတည္းက  အင္တာနက္အဆက္အသြယ္ ျဖတ္ေတာက္ထားတဲ့ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ေျမပုံ၊ အမ္း၊ သံတြဲ၊ စစ္ေတြနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ေတြထဲက ေမာင္ေတာတစ္ၿမိဳ႕နယ္ကို ေမ ၂ ရက္မွာ ျပန္ဖြင့္ေပးခဲ့ပါတယ္။ဒါဟာ ကိုဗစ္-၁၉ ကူးစက္ေရာဂါေဘးအႏၲရာယ္ စိုးရိမ္ေနရခ်ိန္မွာ ဒီလိုအင္တာနက္ဖြင့္တဲ့အတြက္ သက္ေရာက္မႈအမ်ားႀကီးရွိမွာပါ။ဒီကာလမွာဘဲ ကိုဗစ္-၁၉ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ေရးနဲ႔ တိုက္ပြဲမ်ားေလွ်ာ့ခ်ႏိုင္ရန္အတြက္ဆိုၿပီး ရခိုင္တပ္ဖြဲ႕ အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕က (၅) ႀကိမ္ေျမာက္အျဖစ္ တစ္ဖက္သတ္အပစ္ရပ္စဲျခင္းကို ေမလ ၃ ရက္တြင္ ေၾကညာခဲ့တာကလည္း ထူးထူးျခားျခားပါဘဲ။ဒါ့အျပင္ ကယားျပည္နယ္ထဲမွာ  “ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ အဖြဲ႕အစည္းမ်ားအေပၚ အၾကည္ညိဳပ်က္ေစမည့္ အေျပာအဆိုမ်ားအား ရပ္ကြက္/ ေက်း႐ြာအုပ္စု၊ ေက်း႐ြာဧရိယာနယ္နမိတ္အတြင္း အသံခ်ဲ႕စက္၊ ကိရိယာမ်ားကို အသုံးျပဳ၍ေသာ္လည္းေကာင္း၊ အသုံးမျပဳေသာ္လည္းေကာင္း လွည့္လည္ေျပာဆိုျခင္းမျပဳရ ဆိုတဲ့အခ်က္ အပါအဝင္ ထူးျခားတဲ့ အခ်က္ ၁၀ ခ်က္ပါ ေဒသႏၲရအမိန႔္ကို ထုတ္ျပန္ခဲ့ပါတယ္။

ကိုဗစ္-၁၉ လို႔ ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္က ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးနဲ႔ လူမႈေရးအျပင္ ေန႔စဥ္လူေနမႈဘ၀ကို ထိခိုက္ေစတဲ့အထိ စတင္ကိုက္ခဲေနပါၿပီ။ဒီကေနလြတ္ေအာင္ ဘယ္လို႐ုန္းၾကမလဲ၊ ဘယ္ေတာ့႐ုန္းႏိုင္မလဲဆိုတာ ခန္မွန္းလို႔မရႏိုင္ေသးပါဘူး။ဒီကာလအတြင္း ဘယ္စီးပြားေရးလုပ္ငန္းေတြက ေတာင့္ခံမလဲ၊ ဘယ္လုပ္ငန္းေတြက ၿပိဳလဲမလဲ၊ ဘယ္လုပ္ငန္းအခြင့္အလမ္းသစ္ေတြ ေပၚထြက္လာမလဲဆိုတာ စိတ္ဝင္စားစရာပါ။ဒီအတြက္ လာမည့္ရက္သတၱပတ္မွာ ေမ ၁၅ ရက္ကို ေရာက္မွာျဖစ္တဲ့အတြက္ သတ္မွတ္ထားတဲ့ရက္အတြင္း ကူးစက္ေရာဂါကို မထိန္းခ်ဳပ္ႏိုင္ရင္ ထပ္တိုးသတ္မွတ္ရမွာျဖစ္လို႔  ယိုင္နဲ႔နဲ႔ ျမန္မာ့စီးပြားေရးကို မၾကည့္ဘဲ ျပည္သူက်န္းမာေရးအတြက္ ကန္႔သတ္ခ်က္ထပ္တိုးမလား၊ ဒါမွမဟုတ္ ျမန္မာ့စီးပြားေရး မယိုင္လဲေအာင္ ထပ္တိုးလာတဲ့ ကန္႔သတ္ခ်က္သက္တမ္းၾကားကေန ထူးထူးျခားျခား ဘာလုပ္ေဆာင္မႈေတြရွိလာမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

မာလင္း
ေမ - ၈