【 ထူးခြားထင်ရှား တစ်ပတ်အတွင်း ပြည်တွင်းသတင်းများ 】 သတိထားစရာဖြစ်စဉ်တွေ လာပြီလား

【 ထူးခြားထင်ရှား တစ်ပတ်အတွင်း ပြည်တွင်းသတင်းများ 】 သတိထားစရာဖြစ်စဉ်တွေ လာပြီလား

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အချို့သတင်းတွေက သတိထားမိစရာကောင်းလောက်အောင် ကျိုးကြောင်းမဲ့နေတာကို တွေ့ရသလို မဆီလျော်တာတွေကို တွေ့ရပါတယ်။မေ ၁၉ ရက်က မိတ္ထီလာမှာ ဘာသာရေးအကြောင်းပြုပြီး လူစုလူဝေးတစ်ခုဖြစ်ပေါ်ခဲ့တာကို တွေ့ရသလို မေ ၂၀ ရက်မှာ ခရစ်ယာန်သင်းအုပ်ဆရာတော် ဒေးဗစ်လား ကို ရုံးထုတ်ခဲ့တာတွေ၊ တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးတဲ့တရားခံတွေ ကွင်းဆက်တရားခံတွေ ဖမ်းဆီးမရမိတဲ့ အကြောင်းရင်းကို လွှတ်တော်မှာ လာရောက်ရှင်းလင်းတဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်ထဲမှာ သတိထားစောင့်ကြည့်ရမယ့် သတင်းဖြစ်ပါတယ်။

ဒါ့အပြင် လတ်တလောမှာ နိုင်ငံတစ်ဝန်းသတိထားနေရတဲ့ ကျန်းမာရေးကပ်ဘေးဖြစ်တဲ့ ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ်) ကာကွယ်ရေးအတွက် လုံးပမ်းနေရသလို တချို့နေရာတွေမှာ ကပ်ရောဂါဖြစ်ပွားမှုအပေါ် ပေါ့ဆနေတာတွေကို သတိပေးဖို့ ကမ်းပိန်းတွေလုပ်နေရတာတွေကို တွေ့ရပါတယ်။မုံရွာမှာဆိုရင် နှာခေါင်းစည်းတပ်ပြီးမှ အပြင်ထွက်ဖို့အတွက် Save Monywa အဖွဲ့ကနေ သေမင်းဝတ်စုံများဝတ်ဆင်ပြီး စျေးတွေမှာ ကမ်းပိမ်းပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ဒါ့အပြင် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် ကို အမှုလေးခုအတွက် မေ ၂၂ ရက်က ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

မတော်တဆလား ဘာသာရေးလား

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ စောင့်ကြည့်စရာဖြစ်ခဲ့တာက မိတ္ထီလာမှာဖြစ်ခဲ့တဲ့ သတင်းတွေပါဘဲ။ဆရာဝန်လူငယ်တစ်ဦး အွန်လိုင်းတွင်တင်လိုက်သည့် ပို့စ်တစ်ခုကြောင့်  လူမျိုးရေး၊ ဘာသာရေးပြဿနာဖြင့် နာမည်ကြီးခဲ့သည့်  မိတ္ထီလာတွင် အတော်လေးထိန်းမနိုင်သိမ်းမရ မဖြစ်ရုံတမယ် ဖြစ်ခဲ့ရပါတယ်။အဆိုပါ ပို့စ်တင်သူ၏ ရေးသားချက်တွင် Sex Education ကို နားမလည်ဘဲ ဘာလုပ်လုပ် ကန်လန့်တိုက်နေကြသည့်သူတွေကို ဒေါသသဘောဖြင့် လက်လွတ်စပယ်ရေးရာမှ ဘာသာရေးအရ  သူတော်စင် ထေရ်ကြီးဝါကြီးကိုပါ ထိခိုက်ပုတ်ခတ်ရေးသားမိရာကစပြီး  ပြဿနာကကြီးလာခြင်းဟု ပို့စ်တင်သူ၏ ညီဖြစ်သူက ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

သွေးဆူလွယ်သည့်လူတွေ၊ ဘာသာရေးအကြောင်းပြ လုပ်စားသည့်လူတွေ၊ ထစ်ကနဲဆို ရိုက်မယ်နှက်မယ် ခုတ်မယ်ထစ်မယ်ဆိုတဲ့ လူတွေအတွက် အကွက်ကောင်းဖြစ်ခဲ့သည့် အဆိုပါဖြစ်ရပ်မှာ အွန်လိုင်းပေါ် Live လွှင့်ကြ၊ လူစုကြနှင့် မိတ္ထီလာမြို့ဘဲ ချက်ချင်းပျက်တော့မလားအထိ ဖွခဲ့ကြသော်လည်း မြို့ပုံရိပ်ကျဆင်းမှာ မလိုလားသည့် ဒေသခံများ၊ သံဃာတော်များနှင့် အာဏာပိုင်များက အထိန်းအသိမ်းတော်ကြသဖြင့် ဘာတစ်ခုမှ ဆိုးဆိုးရွားရွားမဖြစ်ခဲ့။အဆိုပါလူမှုကွန်ရက်တွင် သံဃာတော်များအား ဝေဖန်ဆဲဆိုခဲ့သည့် ကျော်ဝင်းသန့် အကောင့်ပိုင်ရှင်ကို မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့တယ် ဆိုပါတယ်။  

အဆိုပါ ကျော်ဝင်းသန့် အကောင့်ပိုင်ရှင် ဆရာဝန်၏ မိသားစုများကတော့ မေ ၁၉ ရက်ကဖြစ်သည့် ဖြစ်စဉ်ကြောင့် မိတ္ထီလာတွင် မနေရဲတော့ဘဲ အခြားပြောင်းပြေးဖို့အထိ ဖြစ်လာခဲ့ပါတယ်။ဒီပြဿနာက ကြည်မည့ဆိုလျှင် တရားဥပဒေလမ်းကြောင်းအတိုင်း သံဃာတော် ထေရ်ကြီးဝါကြီးအား စော်ကားရေးသူကိုဖမ်း၊ သက်ဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုသည်ဖြင့် ပြီးရမည်ဖြစ်သော်လည်း ရန်ကုန်မှာပြုလုပ်သည့် ကန့်ကွက်ပွဲတွေ၊ ဘာသာရေးအခြေခံကန့်ကွက်ပွဲ စသည်များတွင် ပါဝင်လေ့ရှိသည့် အမျိုးသားရေးအင်အားစုဝင်တွေ ပါလာပြီးနောက် မရိုးရှင်းတော့ဘဲ ကပ်ရောဂါကာလကြီးအတွင်း လူတွေ ရုတ်ချည်းစုဝေး၊ တားမည့်သူမရှိ၊ ရဲကားကို နောက်ကနေအန္တရာယ်လိုက်ပြု စသည်ဖြင့် ကြည့်လိုမကောင်းအောင်ပင် ဗီဒီယိုဖိုင်များတွင် တွေ့ခဲ့ရပါတယ်။

အဓိကဖြစ်ရသည်အကြောင်းအရာဖြစ်သော ကျား/မ (လိင်ပညာရေး) အကြောင်းအရာက ယခုရက်ပိုင်းတွင် လူမှုကွန်ရက်ပေါ် အတော်လေးဆူပွက်နေခဲ့ပြီး မေ ၁၇ ရက်မှာ  ဗုဒ္ဓဘာသာကလျာဏယု၀အသင်းကြီး (YMBA) က ဒသမတန်း သင်ရိုးညွှန်းတန်း ကျောင်းသုံးစာအုပ်တွင် မျိုးဆက်ပွားသင်ခန်းစာ ထည့်သွင်းမည့်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်တွင် ၎င်းသင်ခန်းစာမှာ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသည့်အတွက် YMBA အသင်းကြီးက အဆိုပါပြဋ္ဌာန်းချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း ပါရှိခဲ့သလို မေ ၂၀ ရက်တွင်လည်း ပြည်ခိုင်ဖြိုးပါတီက ကြေညာချက်ထုတ်ကာ အခြေခံပညာသင်ဆဲ ကျောင်းသူ ကျောင်းသားငယ်အား ပညာပေးရာမရောက်ဘဲ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်ရာရောက်တယ် အပါအဝင် အချက် ၇ ချက်ကို ဖော်ပြပြီး အဆိုပါပြဋ္ဌာန်းချက်အပေါ် မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အရေးကြီးအဆိုတင်သွင်းရာမှာ လက်မခံဘဲ ပယ်ချခဲ့သဖြင့် စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။လူမှုကွန်ရက်အကောင့် Union Solidarity and Development Party မှ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်မှာ ထူးထူးခြားခြား သရော်သည့် သင်္ကေတ Haha မှာ မနေ့ကညအထိ 15K (15000) ထိ ရခဲ့တာကို တွေ့ခဲ့ရပါတယ်။

အမျိုးသားရေးအင်အားစုများ၊ အတိုက်အခံပါတီနှင့် YMBA အသင်းတို့ ကန့်ကွက်နေသည့် ဒသမတန်းသင်ရိုးညွှန်းတမ်းတွင် ပါဝင်သော ဘဝတွက်တာကျွမ်းကျင်စရာ သင်ခန်းစာမှာ ပြည်ခိုင်ဖြိုးပါတီမှ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခုလိုစတင်သင်ကြားရန် ပြဋ္ဌာန်းကာမှ ကန့်ကွက်ခြင်းမှာ နားလည်ရခက်သည့်ကိစ္စပင် ဖြစ်ပါတယ်။ယခု စတင်သင်ကြားပေးမည့် Sex education ကို ကျန်းမာရေးရှုထောင့်ကကြည့်ပြီး အများစုကထောက်ခံခဲ့ကာ ရှေးရိုးစွဲများက sex ဆိုသည်နှင့် လိင်ဆက်ဆံသည်ဘဲသတ်မှတ်ကာ လက်မခံတာက ဒီခေတ်ဒီကာလမှာ ကလေးငယ်တွေမဟုတ်ဘဲ ၁၄ /၁၅ အရွယ် မကြာခင် တက္ကသိုလ်ရောက်တော့မယ့်သူတွေကို သိသင့်သိထိုက်တာကို  သင်ပေးရမှာကို ကန့်ကွက်နေကြတာ စိတ်ပျက်စရာပါ။

ယခုရက်ထဲမှာပဲ နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ခုက သတင်းအမျိုးမျိုးထွက်နေတဲ့  တရားဟောဆရာ ဒေးဗစ်လား ကို ယခုရက်သတ္တပတ်ထဲမှာ ရုံးထုတ်ခဲ့တာပါ။ကိုဗစ် ကပ်ရောဂါကာလ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့အချိန်မှာ ဘာသာရေးအခမ်းအနားတစ်ခုလုပ်လို့ အမှုဖွင့်ခံထားရတဲ့ တရားဟောဆရာ ဒေးဗစ်လား ကို မေလ ၂၀ ရက်မှာ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ဒီလိုရုံးထုတ်ရာမှာ ရဲလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် မေ ၂၀ ရက်ကနေ ဇွန် ၃ ရက်အထိ အင်းစိန်အကျဉ်းထောင်မှာ ချုပ်မိန့်တောင်းခဲ့ပြီး တရားရုံးက ချုပ်မိန့်ပေးခဲ့တာ တွေ့ရပါတယ်။သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားတဲ့ တရားဟောဆရာ မြန်မာနိုင်ငံကထွက်သွားပြီ၊ တရားမစွဲဘဲလွှတ်ပေးလိုက်တယ်၊ သီးခြားနေထိုင်တဲ့ အချိန်ကာလပြည့်တာနဲ့ လေယာဉ်ပေါ်တင်ပေးလိုက်မှာ စသဖြင့် ထွက်နေတဲ့ ကောလာဟလတွေလည်း မေ ၂၀ ရုံးထုတ်ကြောင့် တိတ်ဆိတ်သွားခဲ့ပါတယ်။

ကိုဗစ်-၁၉ သာ မဖြစ်ခဲ့ရင် ဒီအချိန်က နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုတွေ ဆောင်ရွက်မယ့်အချိန်ကာလ၊ အနှောင့်ပယောဂတွေ ပြိုဆင်းလာမယ့်ကာလဖြစ်ပါတယ်။ကိုဗစ်ကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲ မလုပ်နိုင်သေးပေမယ့် ဒီရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ အချို့ပြဿနာတွေကို မြင်ရတဲ့ အခါ  လာမည့်ရွေးကောက်ပွဲမှာ ဘယ်လောက်တောင် ရှုပ်ရှုပ်ထွေးထွေးတွေ၊ ပြဿနာတွေ ဖြစ်မလဲဆိုတာ မတွေးဝံနိုင်အောင်ပါဘဲ။ဒီအတွက် လာမယ့်ကာလကို ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလို သတင်းအပြင် တခြားသတင်းတွေထဲက မိုးကုတ်မှာ ကျောက်တွင်း ၃ တွင်း ဆက်တိုက်ပြိုကျပေမယ့် တွင်းလုပ်သားအားလုံး လွတ်မြောက်ခဲ့တဲ့သတင်း၊ ဟိုင်းကြီးကျွန်း ပင်လယ်၀မှာ ရေခဲစက်လှေ နစ်မြုပ်ခဲ့တဲ့သတင်း၊ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိတဲ့ ပင်လောင်းဟော်နန်း ပြိုကျပျက်စီးခဲ့တဲ့သတင်း၊ လားရှိုးမှာ ချိန်းတွေ့နေသည့်စုံတွဲမှ လူငယ်ကိုသတ်ပြီး ဖုန်းလုယူသွားတဲ့သတင်း၊ တောင်ငူတွင် မွေးထားသည့် ဝက်ဝံက အဘိုးအိုတစ်ဦးကို ရန်ပြုတိုက်ခိုက်လို့ ဆေးရုံသို့ပို့ဆောင်ကုသခဲ့ရတဲ့သတင်း၊ ကိုဗစ်-၁၉ သတင်းအမှားတင်ခဲ့တဲ့ ကရင်ပြည်နယ် ဖားစည်သံဂျာနယ် အယ်ဒီတာချုပ်ကို ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့တဲ့သတင်း စတဲ့ ယခုရက်ထဲ သတိထားမိတဲ့သတင်းတွေလည်း ရှိခဲ့ပါတယ်။

ပြတ်ပြတ်သားသားဖြစ်စေချင်တဲ့ တရားဥပေဒစိုးမိုးမှု

ယခုရက်သတ္တပတ်ထဲ သတင်းတွေထဲမှာ အများပြည်သူအာရုံစိုက်မိတဲ့ သတင်းက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်မှာ ရွှေဆိုင်ဓားပြတိုက်သူ တရုတ်နိုင်ငံသား ၃ ဦးကို UWSA က သေဒဏ်ပေးခဲ့တဲ့သတင်းနဲ့ ယခုရက်သတ္တပတ်ထဲ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မူးယစ်ဆေးဝါးတရားခံတွေ ဖော်ထုတ်တာနဲ့ပတ်သက်ပြီး ပြည်ထဲရေးဒု-ဝန်ကြီးက ရှင်လင်းတဲ့ သတင်းတွေပါဘဲ။

ပြည်တွင်းမှာ လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ လုယက်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်ခဲ့တဲ့ သတင်းဖတ်သူတွေအတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ရွှေဆိုင်တစ်ဆိုင်ကို လာဓားပြတိုက်ပြီး ဆိုင်ရှင်တစ်ဦးကိုပါ သတ်ဖြတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို  အများပြည်သူရှေ့မှာဘဲ တရားစီရင်ချက်ချမှတ်ကာ သေနတ်ဖြင့်ပစ်သတ်ခဲ့တာပါ။မေ ၃ ရက်က ဖြစ်ခဲ့တဲ့ လူသတ်မှုကို မေ ၁၄ ရက်မှာ စီရင်ချက်ချခဲ့တဲ့အပြင် ပြစ်မှုကျူးလွန်သူက အိမ်နီးချင်းနိုင်ငံကြီးကဖြစ်တဲ့အတွက် ပြည်တွင်းမှာ မကြာခဏဖြစ်နေတဲ့ နိုင်ငံခြားသားတွေ ကျူးလွန်တဲ့အမှုတွေမှာ သက်ညှာဆုံးဖြတ်တာတွေ၊ နှစ်ပေါက်တဲ့အထိ လူသတ်တရားခံမတွေ့လို့ အမှုပိတ်ရတာတွေ၊ လူသတ်ပြီး လုယက်မှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကို အရေးယူရာမှာ ကြန့်ကြာတာတွေကို အားမလိုအားမရဖြစ်နေတဲ့သူတွေအတွက် ‘၀’ တပ်ဖွဲ့က ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ပြကာ နောက်လုပ်ချင်တဲ့သူတွေ လန့်ဖြန့်အောင် စံနမူနာပြပြီး တရားစီရင်ပြတာတွေက ပြည်တွင်းတရားစီရင်တာတွေကို ပြောစရာ၊ တခုတ်တရ ရည်ညွှန်းစရာဖြစ်လာခဲ့ပါတယ်။

ဒီတစ်ပတ်ထဲမှာဘဲ ထုတ်ပြန်ချက်တွေအရ သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို  မူဆယ်မြို့အတွင်း တရားမဝင်နေထိုင်နေကြသည့် တရုတ်နိုင်ငံသားတွေထံကနေ ဖမ်းဆီးရမိခဲ့ပါတယ်။မူဆယ်လို တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မြို့မှာ ဒီလိုတရားမဝင်လာရောက်နေထိုင်သူတွေက လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးလုပ်ငန်းကို အကြီးအကျယ်လုပ်နေတာက တစ်ကယ်ကိုစိုးရိမ်စရာပါ။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲမှာတော့ မူဆယ်က ဖျော်ဖြေရေးစင်တာတွေ၊ SPA တွေ၊ နေအိမ်တွေကို ညဉ့်နက်သန်းခေါင်အချိန် နံနက် ၁ နာရီမှာ ဝင်ရောက်စီးနင်းရှာဖွေရာမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေနဲ့အတူ ဘိန်းဖြူတွေ၊ စိတ်ကြွဆေးပြားတွေ လက်နက်တွေပါ ဖမ်းဆီးရမိခဲ့တာပါ။  

သတင်းတွေအရ နေ့စဉ်ရှင်းလင်းနေတာဖြစ်တယ်လို့ ဆိုတဲ့အတွက် ထပ်မိလာနိုင်သလို မူဆယ်လို အချက်အချာနေရာမှာ ဒီလိုတွေရှိနေတာက ထိတ်လန့်စရာပါဘဲ။၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ကွတ်ခိုင်မြို့နယ်ထဲမှာ ၃၄၅ ဘီလျံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိရဖူးတာရှိတဲ့အတွက် တရုတ်နိုင်ငံနဲ့ထိစပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ ဒီရှမ်းမြောက်ဘက်တစ်ခွင်က မူးယစ်ဆေးဝါးပြဿနာက တိုင်းပြည်အတွက် ခက်ခဲတဲ့ပုစ္ဆာတစ်ခုလို ဖြေရှင်းရခက်နေဦးမှာပါ။အဆိုပါနေရာနဲ့ ဆက်စပ်တဲ့ ရွှေတြိဂံဒေသမှလည်း ယခုရက်သတ္တပတ်ထဲမှာ  မက်သာဖီတမင်းဆေးပြား ၁၉၃ သန်းနဲ့ ဘိန်းဖြူထက် အဆ ၅၀ အားကောင်းတဲ့ မီသိုင်းဖန်သနိုင်း ၃၇၀၀ လီတာကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။မြန်မာရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်မှာ တပ်မတော်၏ ပံ့ပိုးမှုဖြင့် မြန်မာမူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ နှစ်လတာကြာ စီးနင်းမှုများကြောင့် မူးယစ်ကွန်ရက်ကို သိသိသာသာ ပျက်ယွင်းသွားစေတယ်ဆိုတာ ပါပါတယ်။ဖမ်းဆီးရမိတဲ့ လူ ၁၃၀ ကျော်မှာ နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေ၊ ဒေသခံ လက်နက်ကိုင်ပြည်သူ့စစ်များနဲ့ ပတ်သက်တဲ့သူတွေ ပါဝင်နေခဲ့တယ် ဆိုပါတယ်။

ဒီလိုမူးယစ်ဆေးဝါးထုတ်လုပ်တာနဲ့ ပတ်သက်ပြီး အချီကြီးမိတာတွေ ယခုနှစ်ထဲတွေ့ရပေမယ့် ပြည်တွင်းလို့ဆိုတဲ့  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တိုင်းနှင့်ပြည်နယ် မြို့ကြီးတွေမှာ မူးယစ်ဆေးဝါး ဖြန့်ချီသုံးစွဲမှုကလည်း ကြောက်စရာလန့်စရာကောင်းလောက်အောင် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။သမ္မတကိုယ်တိုင် ကြီးကြပ်ပြီး သမ္မတရုံးကို တိုက်ရိုက်တိုင်ကြားနိုင်တဲ့ ပြည်သူပါဝင်မှုနဲ့ ဆောင်ရွက်နေတာတောင် ဖမ်းဆီးရမိမှုက မလျော့ခဲ့ပါဘူး။လက်ရှိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုတွေလုပ်ခဲ့ပေမယ် ရောဂါကူးစက်ခံရသူတွေနဲ့ထိတွေ့လို့ ကျန်းမာရေးခြေချုပ်ထားသူတွေမှာ စိတ်ကြွမှုးယစ်ဆေးတွေနဲ့ တွေ့တာတွေ၊ ရောဂါခြေချုပ်ထားသူကို လာတွေ့တဲ့သူထံက တွေ့တာတွေနဲ့အထိကို အတော်လေးလွယ်လင့်တကူဖြစ်နေတဲ့အတွက် ပြည်တွင်းဖြန့်ဖြူးတဲ့ကွန်ရက်ကို  မဖြိုနိုင်မချင်း တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဖို့ခက်အောင် ဖိထားတဲ့ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေလျှော့ဖို့ ခက်မယ့်အခြေအနေပါ။

အထူးသဖြင့် မူးယစ်တရားခံတွေ၊ အခြားရာဇဝတ်မှုတရားခံတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ဖို့က အရေးတကြီးလိုလာနေပါတယ်။ဒီအတွက် မေ ၁၉ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ  ပြည်ထဲရေးဒု-၀န်ကြီးက ကွင်းဆက်တရားခံတွေ၊ မူးယစ်ကွင်းဆက်တရားခံတွေ ဖော်ထုတ်ဖို့ အားနည်းနေရတာဟာ  မူးယစ်ဆေးဝါးရောင်းဝယ်သူအများစုက ကွင်းဆက်ဖြတ်ထားသည့် အကန့်စနစ်ဖြင့် လျှို့ဝှက်သိုသိပ်စွာ ဆောင်ရွက်ကြခြင်းနှင့် ငွေကြေးနှင့် နည်းပညာအထောက်အကူများကို ရယူပြီး စနစ်တကျဂိုဏ်းဖွဲ့၍ ကျူးလွန်ကြနေခြင်းကြောင့်လို့ ပြောခဲ့သလို စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးထုတ်လုပ်သူနှင့် လက်ကားဖြန့်ဖြူးသူများမှာ တိုင်းရင်းသားလက်နက်ကိုင်များ အခြေပြုသည့် နယ်မြေလုံခြုံရေးကောင်းမွန်မှုမရှိသော ဒေသများတွင် အခြေချနေထိုင်ကြခြင်းတို့ကြောင့် ကွင်းဆက်ဖော်ထုတ်ရာတွင် ခက်ခဲမှုများရှိတယ်လို့ ပြန်ဖြေခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင် တရားခံများအား လူ့အခွင့်အရေးကို အလေးထား၍ စစ်ကြောဖော်ထုတ်ရခြင်းတို့ကြောင့် ကွင်းဆက်တရားခံများအား ဖော်ထုတ်ရာတွင် အားနည်းရခြင်းလို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ မပေါ်သေးတဲ့ မူးယစ်မှုတွေ၊ ရာဇဝတ်မှုတွေ ရှိခဲ့သလို  စုံစမ်းဖော်ထုတ်လို့ရတဲ့ အမှုအခင်းတွေလည်း ရှိခဲ့တဲ့အတွက် ပြည်ထဲရေးဒုဝန်ကြီး ဖြေခဲ့တဲ့အချက်တွေက  လက်ခံနိုင်စရာရှိသလို ထောက်ပြဝေဖန်စရာတွေလည်း ရှိခဲ့ပါတယ် ဒီအတွက် ရှေ့ဆက်နှစ်တွေမှာ မူးယစ်ပြဿနာတွေလျော့ဖို့၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်နေတဲ့ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုပြဿနာကို ဘယ်လိုဥပဒေတွေထုတ်၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြီး မဖြစ်မနေရှင်းထုတ်ကြမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကပ်ဘေးကထွက်လာမယ့် ကောင်းကွက်လား

ယခုရက်သတ္တပတ်မှာ ကိုဗစ်-၁၉ ကြောင့် ပိတ်ထားခဲ့ရတဲ့ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်တွေနဲ့ စျေးအချို့ကို စည်းကမ်းချက်တွေနဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့ ရပ်ကွက်တွေနဲ့ မြို့အချို့မှာ ပြန်လည်စည်ကားလာတာကို တွေ့လာရပါတယ်။ဒီအတွက် ကူးစက်ရောဂါဘေးကို မပေါ့ဆဖို့ သတိပေးလာရသလို ယခုရက်ထဲကျင်းပတဲ့ မေ ၂၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ကူးစက်ရောဂါဘေးအတွက် ပြည်ပချေးငွေယူဖို့ တင်သွင်းရာမှာ စိတ်ဝင်စားဖွယ်ရာ ဆွေးနွေးချက်တွေကို တွေ့ခဲ့ရတာလည်းရှိခဲ့ပါတယ်။

ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးငွေရယူရေးနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတာကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ဒီလိုဆွေးနွေးချက်မှာ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကိုဗစ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ဘယ်သူမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသေးဘူးလို့လည်း လွှတ်တော်မှာဝေဖန်သွားပြီး စီမံချက်များရေးဆွဲမှု နောက်ကျတာ၊ ချေးငွေရယူရေးမှာလည်း အခြားနိုင်ငံထက် များစွာနောက်ကျပြီးမှ ရရှိတာ၊ နောက်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှု မျှော်တွေးနိုင်စွမ်း ပြီးတော့ ပညာရှင်တွေကို အသုံးချနိုင်စွမ်း စတဲ့အားနည်းချက်များရှိနေတယ်လို့ ပြောခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီးက စီမံခန့်ခွဲမှုမညံ့၊ ငွေကြေးသုံးစွဲမှုလည်း ပွင့်လင်းမြင်သာစွာရှိကာ တစ်ချက်ချင်း တုန့်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ယခုရက်ထဲမှာဘဲ တပ်မတော်ဘက်က ‘၀’ နဲ့ မိုင်းလားဘက်ကို ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေနဲ့ ဆေးတပ်ဖွဲ့ကို စေလွှတ်ပေးခဲ့သလို KIO/KIA အဖွဲ့အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး၊ ကုသရေး ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ဒါဟာ ယခုနှစ်ပိုင်းမှာ မြောက်ပိုင်းအဖွဲ့တွေထဲက အဓိကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နီးကပ်တဲ့ဆက်ဆံမှုဖြစ်လို့ ကူးစက်ရောဂါကပ်ဘေးကြောင့် စစ်ပွဲတွေရပ်ကြ၊ ကူညီပေးကြနဲ့ ကျန်းမာရေးကပ်ဘေးကို အတူလက်တွဲတိုက်ဖျက်ဖို့ တုန့်ပြန်ချက်တွေက အသက်ဝင်လာတဲ့သဘောပါဘဲ။ဒါပေမယ့် တခြားအဖွဲ့တွေဖြစ်ပြီး လတ်တလောမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်၊ တအာင်းလက်နက်ကိုင်တွေ အပါအဝင် တခြားအဖွဲ့တွေနဲ့ပါ ကပ်ဘေးကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးလမ်းစ ပြန်မြင်လာမလားဆိုတာ မျှော်လင့်စရာပါ။

ဒီလိုသတင်းကောင်းတွေအပြင် ယခုရက်ထဲ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ သတင်းတွေဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) အဖွဲ့ တီဆာရီဒေသ၏ တပ်မှူးဖြစ်သူ ဗိုလ်ကြီးချူဆီ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တပ်ဖွဲ့နှင့် တပ်မတော်ကြား မေ ၁၆ ရက်က ပစ်ခတ်မှုဖြစ်ပွားတဲ့သတင်း၊ ပြည်ထောင်စုအစိုးရ လိုငွေဖြည့်ဆည်းရန် ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁ ဘီလျံကျော် ချေးယူမယ့်သတင်း၊ ဒေါက်တာအေးမောင် ကို ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ပြီး နောင်လာမည့်ရွေးကောက်ပွဲတွေကို ဝင်ရောက်ရွေးချယ်ခွင့်မပြုတော့တဲ့ သတင်းတွေ ယခုရက်ထဲမှာဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ထူးခြားတဲ့သတင်းအချို့ကို တင်ပြလိုက်ပါတယ်။

မာလင်း
မေ - ၂၂

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အခ်ိဳ႕သတင္းေတြက သတိထားမိစရာေကာင္းေလာက္ေအာင္ က်ိဳးေၾကာင္းမဲ့ေနတာကို ေတြ႕ရသလို မဆီေလ်ာ္တာေတြကို ေတြ႕ရပါတယ္။ေမ ၁၉ ရက္က မိတၳီလာမွာ ဘာသာေရးအေၾကာင္းျပဳၿပီး လူစုလူေဝးတစ္ခုျဖစ္ေပၚခဲ့တာကို ေတြ႕ရသလို ေမ ၂၀ ရက္မွာ ခရစ္ယာန္သင္းအုပ္ဆရာေတာ္ ေဒးဗစ္လား ကို ႐ုံးထုတ္ခဲ့တာေတြ၊ တရားဥပေဒစိုးမိုးေရးမွာ အေရးႀကီးတဲ့တရားခံေတြ ကြင္းဆက္တရားခံေတြ ဖမ္းဆီးမရမိတဲ့ အေၾကာင္းရင္းကို လႊတ္ေတာ္မွာ လာေရာက္ရွင္းလင္းတဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္ထဲမွာ သတိထားေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ပါတယ္။

ဒါ့အျပင္ လတ္တေလာမွာ ႏိုင္ငံတစ္ဝန္းသတိထားေနရတဲ့ က်န္းမာေရးကပ္ေဘးျဖစ္တဲ့ ကိုဗစ္-၁၉ (ကို႐ိုနာဗိုင္းရပ္စ္) ကာကြယ္ေရးအတြက္ လုံးပမ္းေနရသလို တခ်ိဳ႕ေနရာေတြမွာ ကပ္ေရာဂါျဖစ္ပြားမႈအေပၚ ေပါ့ဆေနတာေတြကို သတိေပးဖို႔ ကမ္းပိန္းေတြလုပ္ေနရတာေတြကို ေတြ႕ရပါတယ္။မုံ႐ြာမွာဆိုရင္ ႏွာေခါင္းစည္းတပ္ၿပီးမွ အျပင္ထြက္ဖို႔အတြက္ Save Monywa အဖြဲ႕ကေန ေသမင္းဝတ္စုံမ်ားဝတ္ဆင္ၿပီး ေစ်းေတြမွာ ကမ္းပိမ္းျပဳလုပ္ခဲ့တာကို ေတြ႕ရပါတယ္။ဒါ့အျပင္ တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚလဲ့လဲ့ေမာ္ ကို အမႈေလးခုအတြက္ ေမ ၂၂ ရက္က ေထာင္ဒဏ္ ႏွစ္ ၃၀ ခ်မွတ္ခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါေသးတယ္။

မေတာ္တဆလား ဘာသာေရးလား

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ေစာင့္ၾကည့္စရာျဖစ္ခဲ့တာက မိတၳီလာမွာျဖစ္ခဲ့တဲ့ သတင္းေတြပါဘဲ။ဆရာဝန္လူငယ္တစ္ဦး အြန္လိုင္းတြင္တင္လိုက္သည့္ ပို႔စ္တစ္ခုေၾကာင့္  လူမ်ိဳးေရး၊ ဘာသာေရးျပႆနာျဖင့္ နာမည္ႀကီးခဲ့သည့္  မိတၳီလာတြင္ အေတာ္ေလးထိန္းမႏိုင္သိမ္းမရ မျဖစ္႐ုံတမယ္ ျဖစ္ခဲ့ရပါတယ္။အဆိုပါ ပို႔စ္တင္သူ၏ ေရးသားခ်က္တြင္ Sex Education ကို နားမလည္ဘဲ ဘာလုပ္လုပ္ ကန္လန႔္တိုက္ေနၾကသည့္သူေတြကို ေဒါသသေဘာျဖင့္ လက္လြတ္စပယ္ေရးရာမွ ဘာသာေရးအရ  သူေတာ္စင္ ေထရ္ႀကီးဝါႀကီးကိုပါ ထိခိုက္ပုတ္ခတ္ေရးသားမိရာကစၿပီး  ျပႆနာကႀကီးလာျခင္းဟု ပို႔စ္တင္သူ၏ ညီျဖစ္သူက ေဖာ္ျပခဲ့တာကို ေတြ႕ရပါတယ္။

ေသြးဆူလြယ္သည့္လူေတြ၊ ဘာသာေရးအေၾကာင္းျပ လုပ္စားသည့္လူေတြ၊ ထစ္ကနဲဆို ႐ိုက္မယ္ႏွက္မယ္ ခုတ္မယ္ထစ္မယ္ဆိုတဲ့ လူေတြအတြက္ အကြက္ေကာင္းျဖစ္ခဲ့သည့္ အဆိုပါျဖစ္ရပ္မွာ အြန္လိုင္းေပၚ Live လႊင့္ၾက၊ လူစုၾကႏွင့္ မိတၳီလာၿမိဳ႕ဘဲ ခ်က္ခ်င္းပ်က္ေတာ့မလားအထိ ဖြခဲ့ၾကေသာ္လည္း ၿမိဳ႕ပုံရိပ္က်ဆင္းမွာ မလိုလားသည့္ ေဒသခံမ်ား၊ သံဃာေတာ္မ်ားႏွင့္ အာဏာပိုင္မ်ားက အထိန္းအသိမ္းေတာ္ၾကသျဖင့္ ဘာတစ္ခုမွ ဆိုးဆိုး႐ြား႐ြားမျဖစ္ခဲ့။အဆိုပါလူမႈကြန္ရက္တြင္ သံဃာေတာ္မ်ားအား ေဝဖန္ဆဲဆိုခဲ့သည့္ ေက်ာ္ဝင္းသန႔္ အေကာင့္ပိုင္ရွင္ကို မိတၳီလာခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဦးစီးေသာ ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး သာသနာေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက တရားလိုျပဳလုပ္ တရားစြဲဆိုခဲ့တယ္ ဆိုပါတယ္။  

အဆိုပါ ေက်ာ္ဝင္းသန႔္ အေကာင့္ပိုင္ရွင္ ဆရာဝန္၏ မိသားစုမ်ားကေတာ့ ေမ ၁၉ ရက္ကျဖစ္သည့္ ျဖစ္စဥ္ေၾကာင့္ မိတၳီလာတြင္ မေနရဲေတာ့ဘဲ အျခားေျပာင္းေျပးဖို႔အထိ ျဖစ္လာခဲ့ပါတယ္။ဒီျပႆနာက ၾကည္မည့ဆိုလွ်င္ တရားဥပေဒလမ္းေၾကာင္းအတိုင္း သံဃာေတာ္ ေထရ္ႀကီးဝါႀကီးအား ေစာ္ကားေရးသူကိုဖမ္း၊ သက္ဆိုင္ရာဥပေဒျဖင့္ တရားစြဲဆိုသည္ျဖင့္ ၿပီးရမည္ျဖစ္ေသာ္လည္း ရန္ကုန္မွာျပဳလုပ္သည့္ ကန႔္ကြက္ပြဲေတြ၊ ဘာသာေရးအေျခခံကန႔္ကြက္ပြဲ စသည္မ်ားတြင္ ပါဝင္ေလ့ရွိသည့္ အမ်ိဳးသားေရးအင္အားစုဝင္ေတြ ပါလာၿပီးေနာက္ မ႐ိုးရွင္းေတာ့ဘဲ ကပ္ေရာဂါကာလႀကီးအတြင္း လူေတြ ႐ုတ္ခ်ည္းစုေဝး၊ တားမည့္သူမရွိ၊ ရဲကားကို ေနာက္ကေနအႏၲရာယ္လိုက္ျပဳ စသည္ျဖင့္ ၾကည့္လိုမေကာင္းေအာင္ပင္ ဗီဒီယိုဖိုင္မ်ားတြင္ ေတြ႕ခဲ့ရပါတယ္။

အဓိကျဖစ္ရသည္အေၾကာင္းအရာျဖစ္ေသာ က်ား/မ (လိင္ပညာေရး) အေၾကာင္းအရာက ယခုရက္ပိုင္းတြင္ လူမႈကြန္ရက္ေပၚ အေတာ္ေလးဆူပြက္ေနခဲ့ၿပီး ေမ ၁၇ ရက္မွာ  ဗုဒၶဘာသာကလ်ာဏယု၀အသင္းႀကီး (YMBA) က ဒသမတန္း သင္႐ိုးၫႊန္းတန္း ေက်ာင္းသုံးစာအုပ္တြင္ မ်ိဳးဆက္ပြားသင္ခန္းစာ ထည့္သြင္းမည့္အေပၚ ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ထုတ္ျပန္ခ်က္တြင္ ၎သင္ခန္းစာမွာ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဆန႔္က်င္ေနသည့္အတြက္ YMBA အသင္းႀကီးက အဆိုပါျပ႒ာန္းခ်က္အား ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ပါရွိခဲ့သလို ေမ ၂၀ ရက္တြင္လည္း ျပည္ခိုင္ၿဖိဳးပါတီက ေၾကညာခ်က္ထုတ္ကာ အေျခခံပညာသင္ဆဲ ေက်ာင္းသူ ေက်ာင္းသားငယ္အား ပညာေပးရာမေရာက္ဘဲ လိင္ပိုင္းဆိုင္ရာ လႈံ႕ေဆာ္ရာေရာက္တယ္ အပါအဝင္ အခ်က္ ၇ ခ်က္ကို ေဖာ္ျပၿပီး အဆိုပါျပ႒ာန္းခ်က္အေပၚ မိတၳီလာမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္က အေရးႀကီးအဆိုတင္သြင္းရာမွာ လက္မခံဘဲ ပယ္ခ်ခဲ့သျဖင့္ စိတ္ပ်က္ဝမ္းနည္းဖြယ္ေကာင္းတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။လူမႈကြန္ရက္အေကာင့္ Union Solidarity and Development Party မွ ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ခဲ့သည့္ ျပည္ခိုင္ၿဖိဳးပါတီ၏ ထုတ္ျပန္ခ်က္မွာ ထူးထူးျခားျခား သေရာ္သည့္ သေကၤတ Haha မွာ မေန႔ကညအထိ 15K (15000) ထိ ရခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

အမ်ိဳးသားေရးအင္အားစုမ်ား၊ အတိုက္အခံပါတီႏွင့္ YMBA အသင္းတို႔ ကန႔္ကြက္ေနသည့္ ဒသမတန္းသင္႐ိုးၫႊန္းတမ္းတြင္ ပါဝင္ေသာ ဘဝတြက္တာကြၽမ္းက်င္စရာ သင္ခန္းစာမွာ ျပည္ခိုင္ၿဖိဳးပါတီမွ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ကတည္းက ေရးဆြဲျပ႒ာန္းခဲ့ျခင္းျဖစ္ၿပီး ယခုလိုစတင္သင္ၾကားရန္ ျပ႒ာန္းကာမွ ကန႔္ကြက္ျခင္းမွာ နားလည္ရခက္သည့္ကိစၥပင္ ျဖစ္ပါတယ္။ယခု စတင္သင္ၾကားေပးမည့္ Sex education ကို က်န္းမာေရးရႈေထာင့္ကၾကည့္ၿပီး အမ်ားစုကေထာက္ခံခဲ့ကာ ေရွး႐ိုးစြဲမ်ားက sex ဆိုသည္ႏွင့္ လိင္ဆက္ဆံသည္ဘဲသတ္မွတ္ကာ လက္မခံတာက ဒီေခတ္ဒီကာလမွာ ကေလးငယ္ေတြမဟုတ္ဘဲ ၁၄ /၁၅ အ႐ြယ္ မၾကာခင္ တကၠသိုလ္ေရာက္ေတာ့မယ့္သူေတြကို သိသင့္သိထိုက္တာကို  သင္ေပးရမွာကို ကန႔္ကြက္ေနၾကတာ စိတ္ပ်က္စရာပါ။

ယခုရက္ထဲမွာပဲ ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းတစ္ခုက သတင္းအမ်ိဳးမ်ိဳးထြက္ေနတဲ့  တရားေဟာဆရာ ေဒးဗစ္လား ကို ယခုရက္သတၱပတ္ထဲမွာ ႐ုံးထုတ္ခဲ့တာပါ။ကိုဗစ္ ကပ္ေရာဂါကာလ လူစုလူေဝးမလုပ္ဖို႔ တားျမစ္ထားတဲ့အခ်ိန္မွာ ဘာသာေရးအခမ္းအနားတစ္ခုလုပ္လို႔ အမႈဖြင့္ခံထားရတဲ့ တရားေဟာဆရာ ေဒးဗစ္လား ကို ေမလ ၂၀ ရက္မွာ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါတယ္။ဒီလို႐ုံးထုတ္ရာမွာ ရဲလုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ဖို႔အတြက္ ေမ ၂၀ ရက္ကေန ဇြန္ ၃ ရက္အထိ အင္းစိန္အက်ဥ္းေထာင္မွာ ခ်ဳပ္မိန႔္ေတာင္းခဲ့ၿပီး တရား႐ုံးက ခ်ဳပ္မိန႔္ေပးခဲ့တာ ေတြ႕ရပါတယ္။သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔ အမႈဖြင့္ထားတဲ့ တရားေဟာဆရာ ျမန္မာႏိုင္ငံကထြက္သြားၿပီ၊ တရားမစြဲဘဲလႊတ္ေပးလိုက္တယ္၊ သီးျခားေနထိုင္တဲ့ အခ်ိန္ကာလျပည့္တာနဲ႔ ေလယာဥ္ေပၚတင္ေပးလိုက္မွာ စသျဖင့္ ထြက္ေနတဲ့ ေကာလာဟလေတြလည္း ေမ ၂၀ ႐ုံးထုတ္ေၾကာင့္ တိတ္ဆိတ္သြားခဲ့ပါတယ္။

ကိုဗစ္-၁၉ သာ မျဖစ္ခဲ့ရင္ ဒီအခ်ိန္က ႏိုင္ငံေရးပါတီေတြ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္လႈပ္ရွားမႈေတြ ေဆာင္႐ြက္မယ့္အခ်ိန္ကာလ၊ အေႏွာင့္ပေယာဂေတြ ၿပိဳဆင္းလာမယ့္ကာလျဖစ္ပါတယ္။ကိုဗစ္ေၾကာင့္ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ပြဲ မလုပ္ႏိုင္ေသးေပမယ့္ ဒီရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ အခ်ိဳ႕ျပႆနာေတြကို ျမင္ရတဲ့ အခါ  လာမည့္ေ႐ြးေကာက္ပြဲမွာ ဘယ္ေလာက္ေတာင္ ရႈပ္ရႈပ္ေထြးေထြးေတြ၊ ျပႆနာေတြ ျဖစ္မလဲဆိုတာ မေတြးဝံႏိုင္ေအာင္ပါဘဲ။ဒီအတြက္ လာမယ့္ကာလကို ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလို သတင္းအျပင္ တျခားသတင္းေတြထဲက မိုးကုတ္မွာ ေက်ာက္တြင္း ၃ တြင္း ဆက္တိုက္ၿပိဳက်ေပမယ့္ တြင္းလုပ္သားအားလုံး လြတ္ေျမာက္ခဲ့တဲ့သတင္း၊ ဟိုင္းႀကီးကြၽန္း ပင္လယ္၀မွာ ေရခဲစက္ေလွ နစ္ျမဳပ္ခဲ့တဲ့သတင္း၊ ႏွစ္ေပါင္း ၁၂၀ ေက်ာ္ သက္တမ္းရွိတဲ့ ပင္ေလာင္းေဟာ္နန္း ၿပိဳက်ပ်က္စီးခဲ့တဲ့သတင္း၊ လားရႈိးမွာ ခ်ိန္းေတြ႕ေနသည့္စုံတြဲမွ လူငယ္ကိုသတ္ၿပီး ဖုန္းလုယူသြားတဲ့သတင္း၊ ေတာင္ငူတြင္ ေမြးထားသည့္ ဝက္ဝံက အဘိုးအိုတစ္ဦးကို ရန္ျပဳတိုက္ခိုက္လို႔ ေဆး႐ုံသို႔ပို႔ေဆာင္ကုသခဲ့ရတဲ့သတင္း၊ ကိုဗစ္-၁၉ သတင္းအမွားတင္ခဲ့တဲ့ ကရင္ျပည္နယ္ ဖားစည္သံဂ်ာနယ္ အယ္ဒီတာခ်ဳပ္ကို ေထာင္ဒဏ္ႏွစ္ႏွစ္ ခ်မွတ္ခဲ့တဲ့သတင္း စတဲ့ ယခုရက္ထဲ သတိထားမိတဲ့သတင္းေတြလည္း ရွိခဲ့ပါတယ္။

ျပတ္ျပတ္သားသားျဖစ္ေစခ်င္တဲ့ တရားဥေပဒစိုးမိုးမႈ

ယခုရက္သတၱပတ္ထဲ သတင္းေတြထဲမွာ အမ်ားျပည္သူအာ႐ုံစိုက္မိတဲ့ သတင္းက “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဘက္မွာ ေ႐ႊဆိုင္ဓားျပတိုက္သူ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို UWSA က ေသဒဏ္ေပးခဲ့တဲ့သတင္းနဲ႔ ယခုရက္သတၱပတ္ထဲ က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ မူးယစ္ေဆးဝါးတရားခံေတြ ေဖာ္ထုတ္တာနဲ႔ပတ္သက္ၿပီး ျပည္ထဲေရးဒု-ဝန္ႀကီးက ရွင္လင္းတဲ့ သတင္းေတြပါဘဲ။

ျပည္တြင္းမွာ လူသတ္မႈေတြ၊ မုဒိမ္းမႈေတြ၊ လုယက္မႈေတြနဲ႔ ပတ္သက္ၿပီး အားမလိုအားမရျဖစ္ခဲ့တဲ့ သတင္းဖတ္သူေတြအတြက္ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲက ေ႐ႊဆိုင္တစ္ဆိုင္ကို လာဓားျပတိုက္ၿပီး ဆိုင္ရွင္တစ္ဦးကိုပါ သတ္ျဖတ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို  အမ်ားျပည္သူေရွ႕မွာဘဲ တရားစီရင္ခ်က္ခ်မွတ္ကာ ေသနတ္ျဖင့္ပစ္သတ္ခဲ့တာပါ။ေမ ၃ ရက္က ျဖစ္ခဲ့တဲ့ လူသတ္မႈကို ေမ ၁၄ ရက္မွာ စီရင္ခ်က္ခ်ခဲ့တဲ့အျပင္ ျပစ္မႈက်ဴးလြန္သူက အိမ္နီးခ်င္းႏိုင္ငံႀကီးကျဖစ္တဲ့အတြက္ ျပည္တြင္းမွာ မၾကာခဏျဖစ္ေနတဲ့ ႏိုင္ငံျခားသားေတြ က်ဴးလြန္တဲ့အမႈေတြမွာ သက္ညႇာဆုံးျဖတ္တာေတြ၊ ႏွစ္ေပါက္တဲ့အထိ လူသတ္တရားခံမေတြ႕လို႔ အမႈပိတ္ရတာေတြ၊ လူသတ္ၿပီး လုယက္မႈေတြ၊ တရားမဲ့ျပဳက်င့္မႈေတြကို အေရးယူရာမွာ ၾကန႔္ၾကာတာေတြကို အားမလိုအားမရျဖစ္ေနတဲ့သူေတြအတြက္ ‘၀’ တပ္ဖြဲ႕က ျပတ္ျပတ္သားသား အေရးယူလုပ္ေဆာင္ျပကာ ေနာက္လုပ္ခ်င္တဲ့သူေတြ လန႔္ျဖန႔္ေအာင္ စံနမူနာျပၿပီး တရားစီရင္ျပတာေတြက ျပည္တြင္းတရားစီရင္တာေတြကို ေျပာစရာ၊ တခုတ္တရ ရည္ၫႊန္းစရာျဖစ္လာခဲ့ပါတယ္။

ဒီတစ္ပတ္ထဲမွာဘဲ ထုတ္ျပန္ခ်က္ေတြအရ သိန္းေပါင္း ၁၈၀၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြနဲ႔ လက္နက္ေတြကို  မူဆယ္ၿမိဳ႕အတြင္း တရားမဝင္ေနထိုင္ေနၾကသည့္ တ႐ုတ္ႏိုင္ငံသားေတြထံကေန ဖမ္းဆီးရမိခဲ့ပါတယ္။မူဆယ္လို တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ၿမိဳ႕မွာ ဒီလိုတရားမဝင္လာေရာက္ေနထိုင္သူေတြက လက္နက္ကိုင္ေဆာင္ၿပီး မူးယစ္ေဆးဝါးလုပ္ငန္းကို အႀကီးအက်ယ္လုပ္ေနတာက တစ္ကယ္ကိုစိုးရိမ္စရာပါ။တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္ထဲမွာေတာ့ မူဆယ္က ေဖ်ာ္ေျဖေရးစင္တာေတြ၊ SPA ေတြ၊ ေနအိမ္ေတြကို ညဥ့္နက္သန္းေခါင္အခ်ိန္ နံနက္ ၁ နာရီမွာ ဝင္ေရာက္စီးနင္းရွာေဖြရာမွာ တရားမဝင္ ဝင္ေရာက္ေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသားေတြနဲ႔အတူ ဘိန္းျဖဴေတြ၊ စိတ္ႂကြေဆးျပားေတြ လက္နက္ေတြပါ ဖမ္းဆီးရမိခဲ့တာပါ။  

သတင္းေတြအရ ေန႔စဥ္ရွင္းလင္းေနတာျဖစ္တယ္လို႔ ဆိုတဲ့အတြက္ ထပ္မိလာႏိုင္သလို မူဆယ္လို အခ်က္အခ်ာေနရာမွာ ဒီလိုေတြရွိေနတာက ထိတ္လန႔္စရာပါဘဲ။၂ဝ၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္းကလည္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ၃၄၅ ဘီလ်ံေက်ာ္ တန္ဖိုးရွိတဲ့ စိတ္ႂကြမူးယစ္ေဆးဝါးနဲ႔ ဆက္စပ္ပစၥည္းေတြ ဖမ္းမိရဖူးတာရွိတဲ့အတြက္ တ႐ုတ္ႏိုင္ငံနဲ႔ထိစပ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ေတြ လႈပ္ရွားေနတဲ့ ဒီရွမ္းေျမာက္ဘက္တစ္ခြင္က မူးယစ္ေဆးဝါးျပႆနာက တိုင္းျပည္အတြက္ ခက္ခဲတဲ့ပုစာၦတစ္ခုလို ေျဖရွင္းရခက္ေနဦးမွာပါ။အဆိုပါေနရာနဲ႔ ဆက္စပ္တဲ့ ေ႐ႊႀတိဂံေဒသမွလည္း ယခုရက္သတၱပတ္ထဲမွာ  မက္သာဖီတမင္းေဆးျပား ၁၉၃ သန္းနဲ႔ ဘိန္းျဖဴထက္ အဆ ၅၀ အားေကာင္းတဲ့ မီသိုင္းဖန္သႏိုင္း ၃၇၀၀ လီတာေက်ာ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ျမန္မာရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မွာ တပ္မေတာ္၏ ပံ့ပိုးမႈျဖင့္ ျမန္မာမူးယစ္တိုက္ဖ်က္ေရးအဖြဲ႕ရဲ႕ ႏွစ္လတာၾကာ စီးနင္းမႈမ်ားေၾကာင့္ မူးယစ္ကြန္ရက္ကို သိသိသာသာ ပ်က္ယြင္းသြားေစတယ္ဆိုတာ ပါပါတယ္။ဖမ္းဆီးရမိတဲ့ လူ ၁၃၀ ေက်ာ္မွာ ႏိုင္ငံျခားသားေတြနဲ႔ ေဒသခံေတြ၊ ေဒသခံ လက္နက္ကိုင္ျပည္သူ႔စစ္မ်ားနဲ႔ ပတ္သက္တဲ့သူေတြ ပါဝင္ေနခဲ့တယ္ ဆိုပါတယ္။

ဒီလိုမူးယစ္ေဆးဝါးထုတ္လုပ္တာနဲ႔ ပတ္သက္ၿပီး အခ်ီႀကီးမိတာေတြ ယခုႏွစ္ထဲေတြ႕ရေပမယ့္ ျပည္တြင္းလို႔ဆိုတဲ့  ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္နဲ႔ တိုင္းႏွင့္ျပည္နယ္ ၿမိဳ႕ႀကီးေတြမွာ မူးယစ္ေဆးဝါး ျဖန္႔ခ်ီသုံးစြဲမႈကလည္း ေၾကာက္စရာလန႔္စရာေကာင္းေလာက္ေအာင္ ပ်ံ႕ႏွံ႔ေနဆဲျဖစ္ပါတယ္။သမၼတကိုယ္တိုင္ ႀကီးၾကပ္ၿပီး သမၼတ႐ုံးကို တိုက္႐ိုက္တိုင္ၾကားႏိုင္တဲ့ ျပည္သူပါဝင္မႈနဲ႔ ေဆာင္႐ြက္ေနတာေတာင္ ဖမ္းဆီးရမိမႈက မေလ်ာ့ခဲ့ပါဘူး။လက္ရွိျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကန္႔သတ္မႈေတြလုပ္ခဲ့ေပမယ္ ေရာဂါကူးစက္ခံရသူေတြနဲ႔ထိေတြ႕လို႔ က်န္းမာေရးေျခခ်ဳပ္ထားသူေတြမွာ စိတ္ႂကြမႈးယစ္ေဆးေတြနဲ႔ ေတြ႕တာေတြ၊ ေရာဂါေျခခ်ဳပ္ထားသူကို လာေတြ႕တဲ့သူထံက ေတြ႕တာေတြနဲ႔အထိကို အေတာ္ေလးလြယ္လင့္တကူျဖစ္ေနတဲ့အတြက္ ျပည္တြင္းျဖန္႔ျဖဴးတဲ့ကြန္ရက္ကို  မၿဖိဳႏိုင္မခ်င္း တရားဥပေဒစိုးမိုးေရးကို အေကာင္အထည္ေဖာ္ဖို႔ခက္ေအာင္ ဖိထားတဲ့ မူးယစ္ေဆးဝါးျပႆနာကို ကိုင္တြယ္ေျဖေလွ်ာ့ဖို႔ ခက္မယ့္အေျခအေနပါ။

အထူးသျဖင့္ မူးယစ္တရားခံေတြ၊ အျခားရာဇဝတ္မႈတရားခံေတြကို ဖမ္းဆီးေဖာ္ထုတ္ႏိုင္ဖို႔က အေရးတႀကီးလိုလာေနပါတယ္။ဒီအတြက္ ေမ ၁၉ ရက္က ျပဳလုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ  ျပည္ထဲေရးဒု-၀န္ႀကီးက ကြင္းဆက္တရားခံေတြ၊ မူးယစ္ကြင္းဆက္တရားခံေတြ ေဖာ္ထုတ္ဖို႔ အားနည္းေနရတာဟာ  မူးယစ္ေဆးဝါးေရာင္းဝယ္သူအမ်ားစုက ကြင္းဆက္ျဖတ္ထားသည့္ အကန႔္စနစ္ျဖင့္ လွ်ိဳ႕ဝွက္သိုသိပ္စြာ ေဆာင္႐ြက္ၾကျခင္းႏွင့္ ေငြေၾကးႏွင့္ နည္းပညာအေထာက္အကူမ်ားကို ရယူၿပီး စနစ္တက်ဂိုဏ္းဖြဲ႕၍ က်ဴးလြန္ၾကေနျခင္းေၾကာင့္လို႔ ေျပာခဲ့သလို စစ္ေဆးေဖာ္ထုတ္ခ်က္အရ မူးယစ္ေဆးဝါးထုတ္လုပ္သူႏွင့္ လက္ကားျဖန႔္ျဖဴးသူမ်ားမွာ တိုင္းရင္းသားလက္နက္ကိုင္မ်ား အေျချပဳသည့္ နယ္ေျမလုံၿခဳံေရးေကာင္းမြန္မႈမရွိေသာ ေဒသမ်ားတြင္ အေျခခ်ေနထိုင္ၾကျခင္းတို႔ေၾကာင့္ ကြင္းဆက္ေဖာ္ထုတ္ရာတြင္ ခက္ခဲမႈမ်ားရွိတယ္လို႔ ျပန္ေျဖခဲ့တာကိုေတြ႕ရပါတယ္။ဒါ့အျပင္ တရားခံမ်ားအား လူ႔အခြင့္အေရးကို အေလးထား၍ စစ္ေၾကာေဖာ္ထုတ္ရျခင္းတို႔ေၾကာင့္ ကြင္းဆက္တရားခံမ်ားအား ေဖာ္ထုတ္ရာတြင္ အားနည္းရျခင္းလို႔ ေျပာခဲ့ပါတယ္။

လက္ရွိမွာ မေပၚေသးတဲ့ မူးယစ္မႈေတြ၊ ရာဇဝတ္မႈေတြ ရွိခဲ့သလို  စုံစမ္းေဖာ္ထုတ္လို႔ရတဲ့ အမႈအခင္းေတြလည္း ရွိခဲ့တဲ့အတြက္ ျပည္ထဲေရးဒုဝန္ႀကီး ေျဖခဲ့တဲ့အခ်က္ေတြက  လက္ခံႏိုင္စရာရွိသလို ေထာက္ျပေဝဖန္စရာေတြလည္း ရွိခဲ့ပါတယ္ ဒီအတြက္ ေရွ႕ဆက္ႏွစ္ေတြမွာ မူးယစ္ျပႆနာေတြေလ်ာ့ဖို႔၊ ႏိုင္ငံတကာမွာ ျမန္မာႏိုင္ငံရဲ႕ပုံရိပ္ကို ထိခိုက္ေနတဲ့ မူးယစ္ေဆးဝါးထုတ္လုပ္ ေရာင္းဝယ္ေဖာက္ကားမႈျပႆနာကို ဘယ္လိုဥပေဒေတြထုတ္၊ ဘယ္လိုပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ၿပီး မျဖစ္မေနရွင္းထုတ္ၾကမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ကပ္ေဘးကထြက္လာမယ့္ ေကာင္းကြက္လား

ယခုရက္သတၱပတ္မွာ ကိုဗစ္-၁၉ ေၾကာင့္ ပိတ္ထားခဲ့ရတဲ့ စားေသာက္ဆိုင္၊ လဘက္ရည္ဆိုင္ေတြနဲ႔ ေစ်းအခ်ိဳ႕ကို စည္းကမ္းခ်က္ေတြနဲ႔ ျပန္လည္ဖြင့္လွစ္ခြင့္ေပးခဲ့တဲ့ ရပ္ကြက္ေတြနဲ႔ ၿမိဳ႕အခ်ိဳ႕မွာ ျပန္လည္စည္ကားလာတာကို ေတြ႕လာရပါတယ္။ဒီအတြက္ ကူးစက္ေရာဂါေဘးကို မေပါ့ဆဖို႔ သတိေပးလာရသလို ယခုရက္ထဲက်င္းပတဲ့ ေမ ၂၁ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အတြင္းမွာ ကူးစက္ေရာဂါေဘးအတြက္ ျပည္ပေခ်းေငြယူဖို႔ တင္သြင္းရာမွာ စိတ္ဝင္စားဖြယ္ရာ ေဆြးေႏြးခ်က္ေတြကို ေတြ႕ခဲ့ရတာလည္းရွိခဲ့ပါတယ္။

က်န္းမာေရးဆိုင္ရာတုံ႔ျပန္မႈ အေရးေပၚစီမံခ်က္ အေကာင္အထည္ေဖာ္ရန္ ကမာၻ႔ဘဏ္၊ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအဖြဲ႕ (IDA) ထံမွ အေမရိကန္ေဒၚလာ သန္း ၅၀ ေခ်းေငြရယူေရးႏွင့္ စပ္လ်ဥ္းၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးတာကို ျပည္ေထာင္စုဝန္ႀကီးက ျပန္လည္ေဆြးေႏြးခဲ့ပါတယ္။ဒီလိုေဆြးေႏြးခ်က္မွာ တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ကိုဗစ္နဲ႔ပတ္သက္ၿပီး တာဝန္ရွိသူေတြအေနနဲ႔ ဘယ္သူမွ တာဝန္ယူမႈ၊ တာဝန္ခံမႈ မရွိေသးဘူးလို႔လည္း လႊတ္ေတာ္မွာေဝဖန္သြားၿပီး စီမံခ်က္မ်ားေရးဆြဲမႈ ေနာက္က်တာ၊ ေခ်းေငြရယူေရးမွာလည္း အျခားႏိုင္ငံထက္ မ်ားစြာေနာက္က်ၿပီးမွ ရရွိတာ၊ ေနာက္ၿပီး အစိုးရရဲ႕ စီမံခန႔္ခြဲမႈ ေမွ်ာ္ေတြးႏိုင္စြမ္း ၿပီးေတာ့ ပညာရွင္ေတြကို အသုံးခ်ႏိုင္စြမ္း စတဲ့အားနည္းခ်က္မ်ားရွိေနတယ္လို႔ ေျပာခဲ့ရာမွာ ျပည္ေထာင္စုဝန္ႀကီးက စီမံခန႔္ခြဲမႈမညံ့၊ ေငြေၾကးသုံးစြဲမႈလည္း ပြင့္လင္းျမင္သာစြာရွိကာ တစ္ခ်က္ခ်င္း တုန္႔ျပန္ခဲ့တာကို ေတြ႕ရပါတယ္။

ယခုရက္ထဲမွာဘဲ တပ္မေတာ္ဘက္က ‘၀’ နဲ႔ မိုင္းလားဘက္ကို ကိုဗစ္ကာကြယ္ေရးပစၥည္းေတြနဲ႔ ေဆးတပ္ဖြဲ႕ကို ေစလႊတ္ေပးခဲ့သလို KIO/KIA အဖြဲ႕အတြက္ ကိုဗစ္-၁၉ ကာကြယ္ေရး၊ ကုသေရး ပစၥည္းေတြ လႉဒါန္းခဲ့ပါတယ္။ဒါဟာ ယခုႏွစ္ပိုင္းမွာ ေျမာက္ပိုင္းအဖြဲ႕ေတြထဲက အဓိကတိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ နီးကပ္တဲ့ဆက္ဆံမႈျဖစ္လို႔ ကူးစက္ေရာဂါကပ္ေဘးေၾကာင့္ စစ္ပြဲေတြရပ္ၾက၊ ကူညီေပးၾကနဲ႔ က်န္းမာေရးကပ္ေဘးကို အတူလက္တြဲတိုက္ဖ်က္ဖို႔ တုန္႔ျပန္ခ်က္ေတြက အသက္ဝင္လာတဲ့သေဘာပါဘဲ။ဒါေပမယ့္ တျခားအဖြဲ႕ေတြျဖစ္ၿပီး လတ္တေလာမွာ တပ္မေတာ္နဲ႔ တိုက္ပြဲေတြျဖစ္ေနတဲ့ ရခိုင္လက္နက္ကိုင္၊ တအာင္းလက္နက္ကိုင္ေတြ အပါအဝင္ တျခားအဖြဲ႕ေတြနဲ႔ပါ ကပ္ေဘးကို အေၾကာင္းျပဳၿပီး ၿငိမ္းခ်မ္းေရးလမ္းစ ျပန္ျမင္လာမလားဆိုတာ ေမွ်ာ္လင့္စရာပါ။

ဒီလိုသတင္းေကာင္းေတြအျပင္ ယခုရက္ထဲ ႏိုင္ငံေရးနဲ႔ဆက္ႏြယ္ေနတဲ့ သတင္းေတြျဖစ္တဲ့ နာဂအမ်ိဳးသား ဆိုရွယ္လစ္ေကာင္စီ-ကပၸလန္(NSCN-K) အဖြဲ႕ တီဆာရီေဒသ၏ တပ္မႉးျဖစ္သူ ဗိုလ္ႀကီးခ်ဴဆီ လုပ္ႀကံသတ္ျဖတ္ခံရတဲ့သတင္း၊ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (ေကအန္ပီပီ) တပ္ဖြဲ႕ႏွင့္ တပ္မေတာ္ၾကား ေမ ၁၆ ရက္က ပစ္ခတ္မႈျဖစ္ပြားတဲ့သတင္း၊ ျပည္ေထာင္စုအစိုးရ လိုေငြျဖည့္ဆည္းရန္ ဗဟိုဘဏ္မွ ေခ်းေငြ က်ပ္ ၁၃၁၁ ဘီလ်ံေက်ာ္ ေခ်းယူမယ့္သတင္း၊ ေဒါက္တာေအးေမာင္ ကို ေ႐ြးေကာက္ပြဲဥပေဒအရ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ပယ္ဖ်က္လိုက္ၿပီး ေနာင္လာမည့္ေ႐ြးေကာက္ပြဲေတြကို ဝင္ေရာက္ေ႐ြးခ်ယ္ခြင့္မျပဳေတာ့တဲ့ သတင္းေတြ ယခုရက္ထဲမွာျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ထူးျခားတဲ့သတင္းအခ်ိဳ႕ကို တင္ျပလိုက္ပါတယ္။

မာလင္း
ေမ - ၂၂