【 နိုင်ငံတကာဆောင်းပါး 】ကိုရိုနာဗိုင်းရပ်စ်မရှိသောကမ္ဘာ့နေရာများ

【  နိုင်ငံတကာဆောင်းပါး  】ကိုရိုနာဗိုင်းရပ်စ်မရှိသောကမ္ဘာ့နေရာများ

ကမ္ဘာတွင် နိုင်ငံနှင့် ပိုင်နက်ဒေသ ၂၀၀ ခန့်ရှိသည့်အနက် ၁၈၁ ခုတွင် ကိုဗစ်-၁၉ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် ကူးဆက်မှု အနည်းဆုံး တစ်ဦးတွင် ဖြစ်ပွားနေကြောင်း ဂျွန်ဟုပ်ကင်းတက္ကသိုလ် ကိုရိုနာဗိုင်းရပ် သတင်းအချက်အလက်ဌာန၏ အဆိုအရ သိရသည်။ဒီဇင်ဘာလ နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်တွင် စတင်ခဲ့သော ထိုကမ္ဘာတဝှမ်းကူးစက်ရောဂါသည် ကမ္ဘာတဝှမ်း ကြောက်စရာကောင်းလောက်အောင်မြန်ဆန်သော နှုန်းဖြင့် ပျံ့နှံ့ပြီး ဧပြီလ ၂ ရက်နေ့တွင် ရောဂါ ကူးစက်မှု ၁ သန်းကျော်သွားသည်။ ထိုဗိုင်းရပ်သည် နေရာအားလုံးနီးပါးသို့ ရောက်နေသည်။

ရောဂါပိုးမတွေ့ရှိသေးသော နိုင်ငံများနှင့် ပတ်သက်ပြီး မိမိတို့ မည်သို့လုပ်ဆောင်သင့်ပါသနည်း။ ထိုနိုင်ငံများသည် မစမ်းသပ်နိုင်သော နိုင်ငံများဖြစ်ပါသလား။ ၎င်းတို့လိမ်ညာ ပြောကြားနေခြင်း လား။ ထိုနိုင်ငံများသည် ထိုမျှအထိ အထီးကျန်နေထိုင်သော နိုင်ငံများဖြစ်ပါသလား။

ရောဂါကူးစက်ခံရကြောင်း သတင်းမထုတ်ပြန်သေးသည့် ထိုနိုင်ငံ အများအပြားမှာ ပစိဖိတ်ကျွန်း နိုင်ငံငယ်များနှင့် အာရှနှင့်အာဖရိကမှ နိုင်ငံလက်တဆုပ်စာသာဖြစ်သည်။ပစိဖိတ်ကျွန်း နိုင်ငံ များသည် ယနေ့အချိန်အထိ ရောဂါကူးစက်မှုမှ လွတ်မြောက်နေဆဲ ဖြစ်ပုံရသော်လည်း ဒေသ အစိုးရများသည် ရောင့်ရဲကျေနပ်နေခြင်း မရှိကြပေ။ ဇန်နဝါရီလ နှောင်းပိုင်းတွင် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်နယ်များနိုင်ငံသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ကြေညာပြီး မတ်လ ၁၄ ရက်နေ့တွင် ကိုဗစ်-၁၉ ဖြစ်ပွားသော နိုင်ငံများမှ ခရီးသည်များ ဝင်ရောက်ခြင်းကို ပိတ်ပင်ခြင်းနှင့် ထိုနိုင်ငံမျာသို့ နိုင်ငံသားများသွားရောက်ခြင်းကို ပိတ်ပင်ခြင်း အပါအဝင် တင်းကျပ်သော နယ်စပ်ထိန်းချုပ်ရေးအစီအစဉ်များ ချမှတ်သည်။ သို့သော် ဂူအမ်နှင့် ဟာဝိုင်အီ သို့သွားရောက်ခြင်းကို မူ ချွင်းချက်အားဖြင့် ခွင့်ပြုသည်။ မတ်လ ၃၁ ရက်နေ့တွင်မူ သမ္မတ ဒေးဗစ် ဒဗယူပန်ညူလိုသည် နှစ်လတာ အရေးအခြေကို ထင်ဟတ်သည့်  သတင်းထုတ်ပြန်ချက် ကို ထုတ်ပြန်သည်။ ထိုသတင်းထုတ်ပြန်ချက်တွင် သမ္မတက ပြည်သူများကို “လက်ကိုဆေးပါ၊ လူစုလူဝေးရှောင်ပါ။ အရေးအကြီးဆုံးကတော့ ကိုယ့်နိုင်ငံသားတွေအတွက် စာနာမေတ္တာထား တဲ့ မိုက်ခရိုနီးရှားစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်းပါ” ဟု သူပြောသည်။ ထိုမျှသာမကသေးဘဲ ပြည်ပရောက် နိုင်ငံသားများ အနေဖြင့်လည်း အိမ်ရှင်အစိုးရများနှင့် ကျန်းမာရေး ပညာရှင်များ ၏ အကြံပေးချက်များကို  သမ္မာကျန်းစာပါ ပြဋ္ဌာန်းချက်များသဖွယ် ဂရုစိုက်ရန်ပင် သူတိုက် တွန်းခဲ့သည်။
 
ကိုဗစ်-၁၉ ရောဂါကူးစက်ကြောင်း အတည်မပြုသေးသည့် အကြီးမားဆုံး သမုဒ္ဒရာကျွန်းနိုင်ငံမှာ ဟော်နီရွားရားဆော်လမွန်ကျွန်းစုဖြစ်သည်။ လူဦးရေ ၆ သိန်းကျော်ကျော်သာရှိသော်လည်း ထိုနိုင်ငံအစိုးရသည် မည်သည့်လုပ်ဆောင်မှုမျှမလုပ်ဘဲ ထိုင်နေခြင်း မရှိခဲ့ပေ။ မတ်လ ၂၅ ရက်နေ့တွင် ပြည်သူ့အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာကာ လူနာများထံမှ ထုတ်ယူထားသော ဓါတ်ခွဲခန်းနမူနာများကို သြစတြေးလျှသို့ပို့နေသည်။ (လက်ရှိအချိန်အထိ စစ်ဆေးမှု ၁၀ မှုအတွက် ရလာဒ်များ သိရှိရပြီး အားလုံးတွင် ကူးစက်မှုမရှိပေ။ နောက်ထပ် သံသယရှိသော သူ ၃ ဦးအတွက် ရလဒ်များကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။)
 
လတ်တလောအချိန်အထိ ပါပူအာ နယူးဂီနီနှင့် ဖီဂျီနိုင်ငံတို့တွင်သာ ဓါတ်ခွဲစစ်ဆေးနိုင်သော စွမ်းရည်ရှိသည်။ နှစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရမှုရှိပြီး ပါပူအာနယူးဂီနီတွင် ကူးစက်မှု တမှုဖြစ်ပြီး ဖီဂျီတွင် ၇ မှုရှိသည်။  ဂူအမ်တွင်လည်း ရောဂါဖြစ်ပွားမှုရှိပြီး ဧပြီလ ၂ ရက်နေ့အထိ ၈၂ မှု ရှိသည်။ ထိုအရေအတွက်တွင် အာပရာဆိပ်ကမ်းဝ တွင် ဆိုက်ကပ်ထားသည့် USS Theodore Roosevelt ပေါ်တွင် ဆက်လက်မြင့်မားစွာ ဖြစ်ပွားနေသော သူများကို ထည့်တွက် ခြင်း မရှိသေးပေ။

 ဆော်လမွန်ကျွန်းများအပြင်  ဗန်ညူအာတူ၊ ဆာမိုအာ၊ ကီရီဘက်တီ၊  မိုက်ခရိုနီးရှား၊ တွန်ဂါ။ မာရှယ်ကျွန်းစု ပါလော၊ တူဗာလူနှင့် နော်ရူးနိင်ငံများတွင် လည်း ရောဂါကူးစက်မှု မရှိသော် လည်းထိုနိုင်ငံအများအပြားသည် ခရီးသွားလာခြင်းကို ကန့်သတ်ထားပြီး ရောဂါမကူး စက်စေရန် အခြားအစီအမံ များလည်း လုပ်ဆောင်ကြသည်။

The Diplomat စာစောင်က လေ့လာသောနယ်ပယ်မှ မည်သည့်နေရာတွင်မျှ အစိုးရများသည် ရောဂါဖြစ်ပွားမှုကို ငြင်းဆန်ပြီး ကိုဗစ်-၁၉ ပျံ့နှံ့ခြင်းကို တားဆီးရန် အနည်းငယ်မျှသာ လုပ်ဆောင် ခဲ့သည်ဟု ယုံကြည်ရန် မလွယ်ကူလှပေ။

မြောက်ကိုရီးယားတွင်လည်း မည်သည့်ကူးစက်မှုသတင်းမျှ ဖေါ်ပြခြင်းမရှိပေ။ ထိုအထီးကျန် နေထိုင်သော နိုင်ငံသည် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စောလျှင်စွာလုပ်ဆောင်ပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ကို ပိတ်လိုက်သည်။ ပြည်ပခရီးသွားများအားလုံးကို နိုင်ငံတွင်း ဝင်ခွင့် ပိတ်ပင်သည်။ သို့သော် မြောက်ကိုရီးယားတွင် ရောဂါကူးစက်မှုမရှိ ဟူသောအချက်ကို မြောက်ကိုရီးယား လေ့လာသူများက သံသယရှိကြသည်။ နိုင်ငံတကာ ပိတ်စို့မှုများကြောင့် ပိုမို ဆိုးရွားစေသည်ဟု ယူဆနိုင်သည့် အခြေအနေဖြစ်သော ဓါတ်ခွဲစမ်းသပ်စစ်ဆေးနိုင်သည့် စွမ်းရည်ကင်းမဲ့ခြင်း၊ အားနည်းသောကျန်းမာရေး စနစ်နှင့် နိုင်ငံတော်လျှို့ဝှက်ချက်မြင့်မားခြင်း စသည်တို့သည် ထိုသို့ သံသယဝင်ခြင်း သည်လည်း ကျိုးကြောင်း ဆီလျှော်သည်။ မြောက်ကိုရီးယားသည် ရောဂါကူးစက်မှုရှိမရှိ မပြောနိုင်သည်ဖြစ်စေ  ဗြောင်လိမ်နေသည်ဟု ထင်သည်ဖြစ်စေ နှစ်ခုလုံးသည် ကျိုးကြောင်းဆီလျှော်နေပေသည်။

 အခြားအာရှဒေသများတွင် အလားတူ သံသယဖြစ်စရာများရှိနေသည်။ တာ့ခ်မင်းနစ်စတန်နှင့် တာဂျစ်ကစ္စတန်တို့သည်လည်း ကိုဗက်-၁၉ ကူးစက်မှု မရှိကြောင်း ကြေညာထားသည် ထိုအချက် သည်မှန်ကန်နိုင်သည်။ တာ့ခ်မင်းနစ္စတန် သည် မြောက်ကိုရီးယားကဲ့သို့ပင် အထီး ကျန်ပြီး နိုင်ငံတော်လှို့ဝှက်မှု မြင့်မားသော နိုင်ငံဖြစ်သော်လည်း ဗိုင်းရပ်စ်စတင်သည့် တရုတ် နိုင်ငံနှင့် များစွာပိုမိုဝေးကွာသည်။ နိုင်ငံကို ဖြတ်သန်းသွားလာသော ခရီးသွားလည်း အလွန်နည်း သောကြောင့် ဗိုင်းရပ်စ်သည် မရောက်နိုင်သေးပေ။

ကျန်းမာရေး စောင့်ရှောက်မှုစနစ်လည်း ညံ့ဖျင်းသောကြောင့် ထိုဗိုင်းရပ်စ်ပိုးကို စစ်ဆေးစမ်းသပ် နိုင်သည့် စွမ်းရည်လည်း မရှိနိုင်ပေ။ မိမိတို့မသိသောအချက်မှာ တာ့ခ်မင်းနစ္စတန်သည် ကိုရိုနာ ဗိုင်းရပ်စ်ဟူ သောစကားကို ပိတ်ပင်ထားခြင်းမရှိသော်လည်း ထိုစကားကို သိပ်မသုံးဘဲ ကြိုတင် ကာကွယ်ရေး အစီအစဉ်များလည်း ချမှတ် ထားခြင်းမရှိဘဲ။ ပြည်တွင်းသွာလာမှု ကန့်သတ်ချက် အချို့ပြုလုပ်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာများအရ သိရသည်။ တာခ့်မင်းနစ္စတန်သည် နိုင်ငံသားမဟုတ်သူများ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားပြီး တိုင်းပြည်မှ ထွက်ခွာသည့် နိုင်ငံတကာ ပုံမှန်လေကြောင်းလိုင်းလည်းမရှိပေ။

တာဂျစ်ကစ္စတန်သည်လည်း နိုင်ငံပြင်ပသို့ သွားရောက်သော ခရီးစဉ်များကို အမျိုးမျိုး ကန့်သတ် ဖူးသော်လည်း သမ္မတ ရာမွန်ကို ကြီးမားသော လူထုစည်းဝေးပွဲများတွင် ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့်အမျိုသမီးများ ဝန်းရံလျှက်၎င်း၊ ကလေးအုပ်စုများကို ပွေ့ဖက်လျှက်၎င်း ဆက်လက်တွေ့မြင်နေရသည်။ တာဂျစ်ကစ္စတန်သည် ဗိုင်းရပ်စ်ကူးစက်ခံရသော နိုင်ငံ ၃၅ နိုင်ငံမှ နိုင်ငံသားများကို ဝင်ရောက်ခွင့်ပိတ်ပင်မည်ဟု မတ်လ အစောပိုင်းကကြေညာခဲ့ဖူးသော်လည်း ချက်ခြင်းပြန်ရုတ်သိမ်းလိုက်ရသည်။ အမေရိကန်အစိုးရက တာဂျစ်ကစ္စတန် ကျန်းမာရေး ဝန်ကြီးဌာ၏ မေတ္တာရပ်ခံချက်အရ ထိုပြဿနာကို ကိုင်တွယ်ရန် ပိုးသတ်ဝတ်စုံများ အပါအဝင် အကူအညီ ပေးနေသည်ဟု သတင်းများက ဆိုသည်။

 ထိုသို့ဆိုလျှင် ထိုရောဂါဖြစ်ပွားမှုမရှိသော နိုင်ငံများနှင့် ပတ်သက်ပြီး မိမိတို့ မည်သို့နားလည် ရမည်နည်း။ ထိုနိုင်ငံများသည် စမ်းသပ်စစ်ဆေးနိုင်သော စွမ်းရည်ကင်းမဲ့နေပါသလား။ ထိုမျှ အထိ အထီးကျန်နေထိုင်သောကြောင့်လား။ သို့မဟုတ် လိမ်ညာနေသည်လား။ ဖြစ်ရပ်မှန်မှာ ထိုအချက်များအားလုံးရောနှောပါဝင်နေလိမ့်မည်။

စာရေးသူ၏ အမြင်တွင် ပိစိဖိတ်သည် အထီးကျန်နေထိုင်မှုတမျိုးနှင့် ကြီးမားသော ဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ခြင်းတို့ကြောင့် အကျိုးခံစာဖြင်းဖြစ်သည်ဟု ထင်သည်။ ထိုဒေသမှ ခေါင်းဆောင်များသည်  လွန်ခဲ့သော ဆာမိုအာမှစတင်သည့် ဝက်သက်ရောဂါ ဖြစ်ပွားမှုကို လတ်လတ်ဆပ်ဆပ်မြင်ထားရသောကြောင့် ကူးစက်ရောဂါ ၎င်းတို့ကျွန်းများတွင် ဖြစ်ပွားပါက မည်မျှ အခြေအနေဆိုးမည်ကို ကောင်းစွာသိကြသည်။

မြောက်ကိုရီးယားနှင့် တာ့ခ်မင်းနစ္စတန်တို့သည်လည်း အထီးကျန်နေထိုင်ခြင်းမှ အကျိုးခံစာ ကြရနိုင်သည်။ အဝင်အထွက် ခရီးသည် အနည်းငယ်သာ ရှိသောကြောင့် ဗိုင်းရပ်စ်ပိုးသည် ထိုနိုင်ငံများသို့ ဝင်ရောက်ရန် အခွင့်အလမ်းနည်းနေသည်။ သို့သော်ထိုအချက်သည်လည်း အဆင့်တခုအထိသာ ကျိုးကြောင်းဆီလျှော်သည်။ မှောင်ခိုသမားများသည် မြောက်ကိုရီးယားနှင့် ဆက်လက် ကုန်သွယ်နေသည်ဟု သုတေသီများက ဆိုကြပြီး တာ့ခ်မင်းနစ္စတန်သည် ခိုင်မာသော နယ်စပ်လုံခြုံရေးမရှိပေ။ ထိုနိုင်ငံများလိမ်ညာနေကြသည်ဟု ဆိုလျှင် ၎င်းတို့သည် လွန်စွာ အာဏာရှင်ဆန်သော၊ ပွင့်လင်းမြင်သာမှုကင်းမဲ့သော၊ တာဝန်ခံမှု ယန္တရားမရှိသော နိုင်ငံများ ဖြစ်သည်။ အချုပ်ဆိုရပါက ၎င်းတို့သည် လိမ်ညာပြီး နိုင်ငံရေးအကျိုးဆက်မှ လွတ်မြောက် သွားနိုင်သော နိုင်ငံများဖြစ်သည်။

တာဂျစ်ကစ္စတန်သည်လည်း ပဒေသရာဇ်ဆန်ပြီး အမှန်တရားနှင့် ပြဿနာရှိသော သမိုင်း ရှိသောကြောင့် ပစိဖိတ်အမျိုးအစားထက် အထက်ပါအမျိုးအစားတွင်သာပါဝင်ရန် ပိုမိုနီးစပ် သည်။ တာဂျစ်စ္စတန်သည် တာ့ခ်မင်းနစ္စတန်လောက် အထီးကျန်နေထိုင်ခြင်းမရှိပေ။ အိမ်နီးချင်း ကြာဂျစ္စတန်တွင် မတ်လလယ်က ပထမဆုံးရောဂါကူးစက် မှုဖြစ်သောအခါ တာဂျစ်ကစ္စတန် အနေဖြင့် စိတ်ပူပန်သင့်သည်  ထိုအိမ်နီးချင်းနိုင်ငံမှ ကူးစက်ခံရသူသည်  ဆော်ဒီအာရေးဗီးယား နိုင်ငံမက္ကာသို့ မကြာသေးမီကမှ ခရီးသွားခဲ့သူဖြစ်သည်။ တာဂျစ်တို့သည်လည်း အလားတူ ဘုရား ဖူးသွားကြသောကြောင့် အလားတူ အန္တရာယ်ရင်ဆိုင်ရနိုင်သည်။ ကြာဂျစ္စတန်သည် ပိတ်စို့မှု များ ပြုလုပ်သည်။ လူမှုခွဲခွာနေထိုင်ခြင်းကို အားပေးသည်။ ညမထွက်ရ အမိန့်များထုတ်ပြန်သည်။ လူတဦးချင်း စစ်ဆေးမှုများကို တက်ကြွစွာဆောင်ရွက်သည်။ သို့သော တာဂျစ်ကစ္စတန် ခေါင်းဆောင်များသည် ကြိုတင်ကာကွယ်အန္တရာယ်လျှော့ချရေးလုပ်ငန်းများကို အင်တိုက် အားတိုက် လုပ်ဆောင်ခြင်းမရှိကြပေ။

 

(   Zawgyi  )

 ကမာၻတြင္ ႏိုင္ငံႏွင့္ ပိုင္နက္ေဒသ ၂၀၀ ခန႔္ရွိသည့္အနက္ ၁၈၁ ခုတြင္ ကိုဗစ္-၁၉ ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္စ္ ကူးဆက္မႈ အနည္းဆုံး တစ္ဦးတြင္ ျဖစ္ပြားေနေၾကာင္း ဂြၽန္ဟုပ္ကင္းတကၠသိုလ္ ကို႐ိုနာဗိုင္းရပ္ သတင္းအခ်က္အလက္ဌာန၏ အဆိုအရ သိရသည္။ဒီဇင္ဘာလ ေႏွာင္းပိုင္းက တ႐ုတ္ႏိုင္ငံ ဝူဟန္ျပည္နယ္တြင္ စတင္ခဲ့ေသာ ထိုကမာၻတဝွမ္းကူးစက္ေရာဂါသည္ ကမာၻတဝွမ္း ေၾကာက္စရာေကာင္းေလာက္ေအာင္ျမန္ဆန္ေသာ ႏႈန္းျဖင့္ ပ်ံ႕ႏွံ႔ၿပီး ဧၿပီလ ၂ ရက္ေန႔တြင္ ေရာဂါ ကူးစက္မႈ ၁ သန္းေက်ာ္သြားသည္။ ထိုဗိုင္းရပ္သည္ ေနရာအားလုံးနီးပါးသို႔ ေရာက္ေနသည္။

ေရာဂါပိုးမေတြ႕ရွိေသးေသာ ႏိုင္ငံမ်ားႏွင့္ ပတ္သက္ၿပီး မိမိတို႔ မည္သို႔လုပ္ေဆာင္သင့္ပါသနည္း။ ထိုႏိုင္ငံမ်ားသည္ မစမ္းသပ္ႏိုင္ေသာ ႏိုင္ငံမ်ားျဖစ္ပါသလား။ ၎တို႔လိမ္ညာ ေျပာၾကားေနျခင္း လား။ ထိုႏိုင္ငံမ်ားသည္ ထိုမွ်အထိ အထီးက်န္ေနထိုင္ေသာ ႏိုင္ငံမ်ားျဖစ္ပါသလား။

ေရာဂါကူးစက္ခံရေၾကာင္း သတင္းမထုတ္ျပန္ေသးသည့္ ထိုႏိုင္ငံ အမ်ားအျပားမွာ ပစိဖိတ္ကြၽန္း ႏိုင္ငံငယ္မ်ားႏွင့္ အာရွႏွင့္အာဖရိကမွ ႏိုင္ငံလက္တဆုပ္စာသာျဖစ္သည္။ပစိဖိတ္ကြၽန္း ႏိုင္ငံ မ်ားသည္ ယေန႔အခ်ိန္အထိ ေရာဂါကူးစက္မႈမွ လြတ္ေျမာက္ေနဆဲ ျဖစ္ပုံရေသာ္လည္း ေဒသ အစိုးရမ်ားသည္ ေရာင့္ရဲေက်နပ္ေနျခင္း မရွိၾကေပ။ ဇန္နဝါရီလ ေႏွာင္းပိုင္းတြင္ မိုက္ခ႐ိုနီးရွား ဖက္ဒရယ္ျပည္နယ္မ်ားႏိုင္ငံသည္ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနကို ေၾကညာၿပီး မတ္လ ၁၄ ရက္ေန႔တြင္ ကိုဗစ္-၁၉ ျဖစ္ပြားေသာ ႏိုင္ငံမ်ားမွ ခရီးသည္မ်ား ဝင္ေရာက္ျခင္းကို ပိတ္ပင္ျခင္းႏွင့္ ထိုႏိုင္ငံမ်ာသို႔ ႏိုင္ငံသားမ်ားသြားေရာက္ျခင္းကို ပိတ္ပင္ျခင္း အပါအဝင္ တင္းက်ပ္ေသာ နယ္စပ္ထိန္းခ်ဳပ္ေရးအစီအစဥ္မ်ား ခ်မွတ္သည္။ သို႔ေသာ္ ဂူအမ္ႏွင့္ ဟာဝိုင္အီ သို႔သြားေရာက္ျခင္းကို မူ ခြၽင္းခ်က္အားျဖင့္ ခြင့္ျပဳသည္။ မတ္လ ၃၁ ရက္ေန႔တြင္မူ သမၼတ ေဒးဗစ္ ဒဗယူပန္ညဴလိုသည္ ႏွစ္လတာ အေရးအေျခကို ထင္ဟတ္သည့္  သတင္းထုတ္ျပန္ခ်က္ ကို ထုတ္ျပန္သည္။ ထိုသတင္းထုတ္ျပန္ခ်က္တြင္ သမၼတက ျပည္သူမ်ားကို “လက္ကိုေဆးပါ၊ လူစုလူေဝးေရွာင္ပါ။ အေရးအႀကီးဆုံးကေတာ့ ကိုယ့္ႏိုင္ငံသားေတြအတြက္ စာနာေမတၱာထား တဲ့ မိုက္ခ႐ိုနီးရွားစိတ္ဓါတ္ကို ဆက္လက္ထိန္းသိမ္းပါ” ဟု သူေျပာသည္။ ထိုမွ်သာမကေသးဘဲ ျပည္ပေရာက္ ႏိုင္ငံသားမ်ား အေနျဖင့္လည္း အိမ္ရွင္အစိုးရမ်ားႏွင့္ က်န္းမာေရး ပညာရွင္မ်ား ၏ အႀကံေပးခ်က္မ်ားကို  သမၼာက်န္းစာပါ ျပ႒ာန္းခ်က္မ်ားသဖြယ္ ဂ႐ုစိုက္ရန္ပင္ သူတိုက္ တြန္းခဲ့သည္။
 
ကိုဗစ္-၁၉ ေရာဂါကူးစက္ေၾကာင္း အတည္မျပဳေသးသည့္ အႀကီးမားဆုံး သမုဒၵရာကြၽန္းႏိုင္ငံမွာ ေဟာ္နီ႐ြားရားေဆာ္လမြန္ကြၽန္းစုျဖစ္သည္။ လူဦးေရ ၆ သိန္းေက်ာ္ေက်ာ္သာရွိေသာ္လည္း ထိုႏိုင္ငံအစိုးရသည္ မည္သည့္လုပ္ေဆာင္မႈမွ်မလုပ္ဘဲ ထိုင္ေနျခင္း မရွိခဲ့ေပ။ မတ္လ ၂၅ ရက္ေန႔တြင္ ျပည္သူ႔အေရးေပၚအေျခအေနကို ထုတ္ျပန္ေၾကညာကာ လူနာမ်ားထံမွ ထုတ္ယူထားေသာ ဓါတ္ခြဲခန္းနမူနာမ်ားကို ၾသစေၾတးလွ်သို႔ပို႔ေနသည္။ (လက္ရွိအခ်ိန္အထိ စစ္ေဆးမႈ ၁၀ မႈအတြက္ ရလာဒ္မ်ား သိရွိရၿပီး အားလုံးတြင္ ကူးစက္မႈမရွိေပ။ ေနာက္ထပ္ သံသယရွိေသာ သူ ၃ ဦးအတြက္ ရလဒ္မ်ားကို ေစာင့္ဆိုင္းေနရဆဲျဖစ္သည္။)
 
လတ္တေလာအခ်ိန္အထိ ပါပူအာ နယူးဂီနီႏွင့္ ဖီဂ်ီႏိုင္ငံတို႔တြင္သာ ဓါတ္ခြဲစစ္ေဆးႏိုင္ေသာ စြမ္းရည္ရွိသည္။ ႏွစ္ႏိုင္ငံလုံးတြင္ ေရာဂါကူးစက္ခံရမႈရွိၿပီး ပါပူအာနယူးဂီနီတြင္ ကူးစက္မႈ တမႈျဖစ္ၿပီး ဖီဂ်ီတြင္ ၇ မႈရွိသည္။  ဂူအမ္တြင္လည္း ေရာဂါျဖစ္ပြားမႈရွိၿပီး ဧၿပီလ ၂ ရက္ေန႔အထိ ၈၂ မႈ ရွိသည္။ ထိုအေရအတြက္တြင္ အာပရာဆိပ္ကမ္းဝ တြင္ ဆိုက္ကပ္ထားသည့္ USS Theodore Roosevelt ေပၚတြင္ ဆက္လက္ျမင့္မားစြာ ျဖစ္ပြားေနေသာ သူမ်ားကို ထည့္တြက္ ျခင္း မရွိေသးေပ။

 ေဆာ္လမြန္ကြၽန္းမ်ားအျပင္  ဗန္ညဴအာတူ၊ ဆာမိုအာ၊ ကီရီဘက္တီ၊  မိုက္ခ႐ိုနီးရွား၊ တြန္ဂါ။ မာရွယ္ကြၽန္းစု ပါေလာ၊ တူဗာလူႏွင့္ ေနာ္႐ူးနိင္ငံမ်ားတြင္ လည္း ေရာဂါကူးစက္မႈ မရွိေသာ္ လည္းထိုႏိုင္ငံအမ်ားအျပားသည္ ခရီးသြားလာျခင္းကို ကန႔္သတ္ထားၿပီး ေရာဂါမကူး စက္ေစရန္ အျခားအစီအမံ မ်ားလည္း လုပ္ေဆာင္ၾကသည္။

The Diplomat စာေစာင္က ေလ့လာေသာနယ္ပယ္မွ မည္သည့္ေနရာတြင္မွ် အစိုးရမ်ားသည္ ေရာဂါျဖစ္ပြားမႈကို ျငင္းဆန္ၿပီး ကိုဗစ္-၁၉ ပ်ံ႕ႏွံ႔ျခင္းကို တားဆီးရန္ အနည္းငယ္မွ်သာ လုပ္ေဆာင္ ခဲ့သည္ဟု ယုံၾကည္ရန္ မလြယ္ကူလွေပ။

ေျမာက္ကိုရီးယားတြင္လည္း မည္သည့္ကူးစက္မႈသတင္းမွ် ေဖၚျပျခင္းမရွိေပ။ ထိုအထီးက်န္ ေနထိုင္ေသာ ႏိုင္ငံသည္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို ေစာလွ်င္စြာလုပ္ေဆာင္ၿပီး တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္ကို ပိတ္လိုက္သည္။ ျပည္ပခရီးသြားမ်ားအားလုံးကို ႏိုင္ငံတြင္း ဝင္ခြင့္ ပိတ္ပင္သည္။ သို႔ေသာ္ ေျမာက္ကိုရီးယားတြင္ ေရာဂါကူးစက္မႈမရွိ ဟူေသာအခ်က္ကို ေျမာက္ကိုရီးယား ေလ့လာသူမ်ားက သံသယရွိၾကသည္။ ႏိုင္ငံတကာ ပိတ္စို႔မႈမ်ားေၾကာင့္ ပိုမို ဆိုး႐ြားေစသည္ဟု ယူဆႏိုင္သည့္ အေျခအေနျဖစ္ေသာ ဓါတ္ခြဲစမ္းသပ္စစ္ေဆးႏိုင္သည့္ စြမ္းရည္ကင္းမဲ့ျခင္း၊ အားနည္းေသာက်န္းမာေရး စနစ္ႏွင့္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ျမင့္မားျခင္း စသည္တို႔သည္ ထိုသို႔ သံသယဝင္ျခင္း သည္လည္း က်ိဳးေၾကာင္း ဆီေလွ်ာ္သည္။ ေျမာက္ကိုရီးယားသည္ ေရာဂါကူးစက္မႈရွိမရွိ မေျပာႏိုင္သည္ျဖစ္ေစ  ေျဗာင္လိမ္ေနသည္ဟု ထင္သည္ျဖစ္ေစ ႏွစ္ခုလုံးသည္ က်ိဳးေၾကာင္းဆီေလွ်ာ္ေနေပသည္။

 အျခားအာရွေဒသမ်ားတြင္ အလားတူ သံသယျဖစ္စရာမ်ားရွိေနသည္။ တာ့ခ္မင္းနစ္စတန္ႏွင့္ တာဂ်စ္ကစၥတန္တို႔သည္လည္း ကိုဗက္-၁၉ ကူးစက္မႈ မရွိေၾကာင္း ေၾကညာထားသည္ ထိုအခ်က္ သည္မွန္ကန္ႏိုင္သည္။ တာ့ခ္မင္းနစၥတန္ သည္ ေျမာက္ကိုရီးယားကဲ့သို႔ပင္ အထီး က်န္ၿပီး ႏိုင္ငံေတာ္လႈိ႕ဝွက္မႈ ျမင့္မားေသာ ႏိုင္ငံျဖစ္ေသာ္လည္း ဗိုင္းရပ္စ္စတင္သည့္ တ႐ုတ္ ႏိုင္ငံႏွင့္ မ်ားစြာပိုမိုေဝးကြာသည္။ ႏိုင္ငံကို ျဖတ္သန္းသြားလာေသာ ခရီးသြားလည္း အလြန္နည္း ေသာေၾကာင့္ ဗိုင္းရပ္စ္သည္ မေရာက္ႏိုင္ေသးေပ။

က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္လည္း ညံ့ဖ်င္းေသာေၾကာင့္ ထိုဗိုင္းရပ္စ္ပိုးကို စစ္ေဆးစမ္းသပ္ ႏိုင္သည့္ စြမ္းရည္လည္း မရွိႏိုင္ေပ။ မိမိတို႔မသိေသာအခ်က္မွာ တာ့ခ္မင္းနစၥတန္သည္ ကို႐ိုနာ ဗိုင္းရပ္စ္ဟူ ေသာစကားကို ပိတ္ပင္ထားျခင္းမရွိေသာ္လည္း ထိုစကားကို သိပ္မသုံးဘဲ ႀကိဳတင္ ကာကြယ္ေရး အစီအစဥ္မ်ားလည္း ခ်မွတ္ ထားျခင္းမရွိဘဲ။ ျပည္တြင္းသြာလာမႈ ကန႔္သတ္ခ်က္ အခ်ိဳ႕ျပဳလုပ္ထားသည္ဟု အေမရိကန္ႏိုင္ငံျခားေရးဌာန အစီရင္ခံစာမ်ားအရ သိရသည္။ တာခ့္မင္းနစၥတန္သည္ ႏိုင္ငံသားမဟုတ္သူမ်ား ဝင္ေရာက္ျခင္းကို ပိတ္ပင္ထားၿပီး တိုင္းျပည္မွ ထြက္ခြာသည့္ ႏိုင္ငံတကာ ပုံမွန္ေလေၾကာင္းလိုင္းလည္းမရွိေပ။

တာဂ်စ္ကစၥတန္သည္လည္း ႏိုင္ငံျပင္ပသို႔ သြားေရာက္ေသာ ခရီးစဥ္မ်ားကို အမ်ိဳးမ်ိဳး ကန႔္သတ္ ဖူးေသာ္လည္း သမၼတ ရာမြန္ကို ႀကီးမားေသာ လူထုစည္းေဝးပြဲမ်ားတြင္ ႐ိုးရာဝတ္စုံမ်ား ဝတ္ဆင္ထားသည့္အမ်ိဳသမီးမ်ား ဝန္းရံလွ်က္၎၊ ကေလးအုပ္စုမ်ားကို ေပြ႕ဖက္လွ်က္၎ ဆက္လက္ေတြ႕ျမင္ေနရသည္။ တာဂ်စ္ကစၥတန္သည္ ဗိုင္းရပ္စ္ကူးစက္ခံရေသာ ႏိုင္ငံ ၃၅ ႏိုင္ငံမွ ႏိုင္ငံသားမ်ားကို ဝင္ေရာက္ခြင့္ပိတ္ပင္မည္ဟု မတ္လ အေစာပိုင္းကေၾကညာခဲ့ဖူးေသာ္လည္း ခ်က္ျခင္းျပန္႐ုတ္သိမ္းလိုက္ရသည္။ အေမရိကန္အစိုးရက တာဂ်စ္ကစၥတန္ က်န္းမာေရး ဝန္ႀကီးဌာ၏ ေမတၱာရပ္ခံခ်က္အရ ထိုျပႆနာကို ကိုင္တြယ္ရန္ ပိုးသတ္ဝတ္စုံမ်ား အပါအဝင္ အကူအညီ ေပးေနသည္ဟု သတင္းမ်ားက ဆိုသည္။

 ထိုသို႔ဆိုလွ်င္ ထိုေရာဂါျဖစ္ပြားမႈမရွိေသာ ႏိုင္ငံမ်ားႏွင့္ ပတ္သက္ၿပီး မိမိတို႔ မည္သို႔နားလည္ ရမည္နည္း။ ထိုႏိုင္ငံမ်ားသည္ စမ္းသပ္စစ္ေဆးႏိုင္ေသာ စြမ္းရည္ကင္းမဲ့ေနပါသလား။ ထိုမွ် အထိ အထီးက်န္ေနထိုင္ေသာေၾကာင့္လား။ သို႔မဟုတ္ လိမ္ညာေနသည္လား။ ျဖစ္ရပ္မွန္မွာ ထိုအခ်က္မ်ားအားလုံးေရာေႏွာပါဝင္ေနလိမ့္မည္။

စာေရးသူ၏ အျမင္တြင္ ပိစိဖိတ္သည္ အထီးက်န္ေနထိုင္မႈတမ်ိဳးႏွင့္ ႀကီးမားေသာ ေဘးအႏၲရာယ္ကို ႀကိဳတင္ျပင္ဆင္ျခင္းတို႔ေၾကာင့္ အက်ိဳးခံစာျဖင္းျဖစ္သည္ဟု ထင္သည္။ ထိုေဒသမွ ေခါင္းေဆာင္မ်ားသည္  လြန္ခဲ့ေသာ ဆာမိုအာမွစတင္သည့္ ဝက္သက္ေရာဂါ ျဖစ္ပြားမႈကို လတ္လတ္ဆပ္ဆပ္ျမင္ထားရေသာေၾကာင့္ ကူးစက္ေရာဂါ ၎တို႔ကြၽန္းမ်ားတြင္ ျဖစ္ပြားပါက မည္မွ် အေျခအေနဆိုးမည္ကို ေကာင္းစြာသိၾကသည္။

ေျမာက္ကိုရီးယားႏွင့္ တာ့ခ္မင္းနစၥတန္တို႔သည္လည္း အထီးက်န္ေနထိုင္ျခင္းမွ အက်ိဳးခံစာ ၾကရႏိုင္သည္။ အဝင္အထြက္ ခရီးသည္ အနည္းငယ္သာ ရွိေသာေၾကာင့္ ဗိုင္းရပ္စ္ပိုးသည္ ထိုႏိုင္ငံမ်ားသို႔ ဝင္ေရာက္ရန္ အခြင့္အလမ္းနည္းေနသည္။ သို႔ေသာ္ထိုအခ်က္သည္လည္း အဆင့္တခုအထိသာ က်ိဳးေၾကာင္းဆီေလွ်ာ္သည္။ ေမွာင္ခိုသမားမ်ားသည္ ေျမာက္ကိုရီးယားႏွင့္ ဆက္လက္ ကုန္သြယ္ေနသည္ဟု သုေတသီမ်ားက ဆိုၾကၿပီး တာ့ခ္မင္းနစၥတန္သည္ ခိုင္မာေသာ နယ္စပ္လုံၿခဳံေရးမရွိေပ။ ထိုႏိုင္ငံမ်ားလိမ္ညာေနၾကသည္ဟု ဆိုလွ်င္ ၎တို႔သည္ လြန္စြာ အာဏာရွင္ဆန္ေသာ၊ ပြင့္လင္းျမင္သာမႈကင္းမဲ့ေသာ၊ တာဝန္ခံမႈ ယႏၲရားမရွိေသာ ႏိုင္ငံမ်ား ျဖစ္သည္။ အခ်ဳပ္ဆိုရပါက ၎တို႔သည္ လိမ္ညာၿပီး ႏိုင္ငံေရးအက်ိဳးဆက္မွ လြတ္ေျမာက္ သြားႏိုင္ေသာ ႏိုင္ငံမ်ားျဖစ္သည္။

တာဂ်စ္ကစၥတန္သည္လည္း ပေဒသရာဇ္ဆန္ၿပီး အမွန္တရားႏွင့္ ျပႆနာရွိေသာ သမိုင္း ရွိေသာေၾကာင့္ ပစိဖိတ္အမ်ိဳးအစားထက္ အထက္ပါအမ်ိဳးအစားတြင္သာပါဝင္ရန္ ပိုမိုနီးစပ္ သည္။ တာဂ်စ္စၥတန္သည္ တာ့ခ္မင္းနစၥတန္ေလာက္ အထီးက်န္ေနထိုင္ျခင္းမရွိေပ။ အိမ္နီးခ်င္း ၾကာဂ်စၥတန္တြင္ မတ္လလယ္က ပထမဆုံးေရာဂါကူးစက္ မႈျဖစ္ေသာအခါ တာဂ်စ္ကစၥတန္ အေနျဖင့္ စိတ္ပူပန္သင့္သည္  ထိုအိမ္နီးခ်င္းႏိုင္ငံမွ ကူးစက္ခံရသူသည္  ေဆာ္ဒီအာေရးဗီးယား ႏိုင္ငံမကၠာသို႔ မၾကာေသးမီကမွ ခရီးသြားခဲ့သူျဖစ္သည္။ တာဂ်စ္တို႔သည္လည္း အလားတူ ဘုရား ဖူးသြားၾကေသာေၾကာင့္ အလားတူ အႏၲရာယ္ရင္ဆိုင္ရႏိုင္သည္။ ၾကာဂ်စၥတန္သည္ ပိတ္စို႔မႈ မ်ား ျပဳလုပ္သည္။ လူမႈခြဲခြာေနထိုင္ျခင္းကို အားေပးသည္။ ညမထြက္ရ အမိန႔္မ်ားထုတ္ျပန္သည္။ လူတဦးခ်င္း စစ္ေဆးမႈမ်ားကို တက္ႂကြစြာေဆာင္႐ြက္သည္။ သို႔ေသာ တာဂ်စ္ကစၥတန္ ေခါင္းေဆာင္မ်ားသည္ ႀကိဳတင္ကာကြယ္အႏၲရာယ္ေလွ်ာ့ခ်ေရးလုပ္ငန္းမ်ားကို အင္တိုက္ အားတိုက္ လုပ္ေဆာင္ျခင္းမရွိၾကေပ။