【 နိုင်ငံတကာဆောင်းပါး 】ကံကြမ္မာအသစ်နှင့် အတူတူယှဉ်တွဲနေထိုင်ရေး ခေတ်သစ်ကို ဝင်ရောက်နေပြီဖြစ်တဲ့ တရုတ်နှင့် အခြားအာရှအလယ်ပိုင်း ၅ နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】ကံကြမ္မာအသစ်နှင့် အတူတူယှဉ်တွဲနေထိုင်ရေး ခေတ်သစ်ကို ဝင်ရောက်နေပြီဖြစ်တဲ့ တရုတ်နှင့် အခြားအာရှအလယ်ပိုင်း ၅ နိုင်ငံ

တရုတ်အာရှထိပ်သီးအစည်းအဝေးကို မေလ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပိုးလမ်းစတင်ခဲ့သော မြို့ဖြစ်တဲ့ ချန်းမြို့တွင် ကျင်းပခဲ့ပါတယ်။ တရုတ်-အာရှအလယ်ပိုင်းထိပ်သီး အစည်းအဝေးကို တရားဝင်စတင်နိုင်ခဲ့ပါတယ်။ ထိုထိပ်သီး အစည်းအဝေးတွင် ကြီးမားသော ရလဒ်များကို ရယူနိုင်ခဲ့ပြီး ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး၊ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် အခြားသော ကဏ္ဍများတွင် သဘောတူညီချက်များကို ရရှိနိုင်ခဲ့ပါတယ်။
 
ရှေးခေတ်ပိုးလမ်းကနေ ယနေ့ခေတ် BRI စီမံကိန်း သမိုင်းတစ်လျှောက် တရုတ်နှင့် အာရှအလယ်ပိုင်းအကြားက နှီးနှောဖလှယ်မှုကို လွန်ခဲ့သော နှစ်ပေါင်း ၂၁၀၀ အထိ ပြန်လည် နောက်ကြောင်း လိုက်နိုင်ပါတယ်။ တရုတ်နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ဇန်ချန်းကလည်း ရှေးခေတ်ပိုးလမ်းအကြောင်းကို ပြန်လည် ပြောပြခဲ့ပြီး ချန်းမြို့ကနေ ကီလိုမီတာပေါင်း ၇၀၀၀ ကျော်ခဲ့ပြီး အာရှအလယ်ပိုင်းကို ဖြတ်ကျော်ပြီး ရှေးခေတ်ပိုးလမ်းကို ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အာရှနှင့် ဉရောပကို ဆက်သွယ်ခဲ့ပြီး ကုန်သွယ်ရေးနှင့် နှီးနှောဖလှယ်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
 
၁၉၉၂ ခုနှစ်တွင် တရုတ်ဟာ အာရှအလယ်ပိုင်း ၅ နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးစတင်ခဲ့ပါတယ်။ 
 
ယခင်က တရုတ်ဟာ အာရှအလယ်ပိုင်းနဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံ အဖြစ်တည်ရှိခဲ့ပါတယ်။ ၅ နိုင်ငံနဲ့ ကုန်သွယ်ရေးတန်ဖိုးဟာ ကန်ဒေါ်လာ ၇၀.၂ ဘီလီယံအထိ ရှိခဲ့ပြီး သမိုင်းတွင် အကြီးဆုံး ပမာဏဖြစ်ပြီး သံတမန်ဆက်ဆံရေး စတင်ချိန်က ကုန်သွယ်ရေး ပမာဏထက် ၁၅၀ ဆ ပိုများခဲ့ပါတယ်။
 
ရှေးခေတ်ပိုးလမ်းဟာ ပြည့်စုံပြီး ရှုထောင့်သုံးခုဖြင့် လည်ပတ်နေသော ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖြစ်သို့ ပြောင်းလဲခဲ့ပြီး ထိုထဲတွင် လမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့တို့လည်း ပါဝင်ပါတယ်။ ဒါဟာ အာရှအလယ်ပိုင်းက စက်မှုလုပ်ငန်းတစ်ခုတည်းကို အကျိုးပြုနေတာမဟုတ်ပဲ ပြည်သူများရဲ့ လူနေမှုအဆင့်အတန်းကိုလည်း အဆင့်မြှင့်‌တင်စေပြီး တစ်ချိန်တည်းမှာပဲ အာရှဉရောပ ကုန်စည်စီးဆင်းမှုကိုလည်း ပုံမှန်လည်ပတ်စေရန် အကျိုးပြုပါတယ်။
 
၂၀၂၂ တွင် အရေးကြီးသော အခြေခံအကျိုးစီးပွားနှင့် တရုတ်ပြည်သူများရဲ့ တောက်ပသော အနာဂတ်ကို ဦးစားပေးပြီး တရုတ်နှင့် အာရှအလယ်ပိုင်းတို့ဟာ  တရုတ်အာရှအလယ်ပိုင်းအသိုင်းအဝိုင်းတည်ဆောက်မှုကို ပူးတွဲထုတ်ပြန်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် အသစ်သော ယန္တရားအသစ်ကိုဖန်တီးရန် ဦးစားပေးမည်ဖြစ်ပြီး အာရှအလယ်ပိုင်းဟာ ဉရောပ-အာရှအတွက် အလယ်ဗဟို ဖြစ်ပါတယ်၊ တရုတ်နှင့် အနောက် နိုင်ငံအကြားတွင် တည်ရှိနေပြီး နိုင်ငံတကာ ပထဝီနိုင်ငံရေး နှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်မှုတွင် အရေးပါသော တည်နေရာ ဖြစ်ပါတယ်။ မြင့်တက်လာသော ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးဟာ အာရှအလယ်ပိုင်းကို လိုအပ်နေပါတယ်။ တည်ငြိမ်သော အာရှအလယ်ပိုင်းနှင့် ချိတ်ဆက်မှု အားကောင်းသော အာရှအလယ်ပိုင်းကို ကမ္ဘာကြီးက လိုအပ်နေပါတယ်။
 
နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆက်ဆံရေးနှင့် အပြန်အလှန်အောင်မြင်မှုပေးသော ဆက်ဆံရေး၊ ပဋိပက္ခနဲ့ ဝေးကွာသော အသိုင်းအဝိုင်း နှင့် ထာဝရငြိမ်းချမ်းသော အသိုင်းအဝိုင်း၊ နားလည်မှုရှိသော၊ ကြင်နာတတ်သော၊ ကြံ့ခိုင်သော ဆက်ဆံရေးကို လိုအပ်နေပါတယ်။
 
အဆိုပြုချက်များနှင့် စီမံချက်များတို့ကို လေ့လာခြင်းအားဖြင့် အာရှအလယ်ပိုင်းက ခိုင်မာပြီး အနာဂတ်မျှဝေသော အသိုင်းအဝိုင်းတည်ဆောက်နေတဲ့ သက်သေကို မြင်နိုင်ပါတယ်။ ထို့အပြင် ဒါဟာ ရှီကျင့်ဖျင်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ နိုင်ငံတကာ လုံခြုံရေးစီမံချက်နှင့် နိုင်ငံတကာယဉ်ကျေးမှုစီမံချက်များကို လက်တွေ့ကျကျ အကောင်အထည် ဖော်နေခြင်းလည်း ဖြစ်ပါတယ်။ ဒါဟာ ခေတ်မီသော ယဉ်ကျေးမှုအသစ်ကို ကျင့်သုံးရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။
 
Naing