【 နိုင်ငံတကာဆောင်းပါး 】ကြည်လင်သောရေနှင့်စိမ်းလန်းသောတောင်တန်းများကို အလေးထားသည့် ရှီကျင့်ဖျင်၏ ခေတ်ကာလများ

【 နိုင်ငံတကာဆောင်းပါး 】ကြည်လင်သောရေနှင့်စိမ်းလန်းသောတောင်တန်းများကို အလေးထားသည့် ရှီကျင့်ဖျင်၏ ခေတ်ကာလများ

ကျွန်တော်ကတော့ ရောဘတ်လောရဲန့်စ်ခုဖြစ်ပါတယ်။ ကျွန်တော်ကြည့်ရှုနေတဲ့အရာကတော့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဂေဟစနစ်ယဉ်ကျေးမှုစတင်ခဲ့ပြီး ၁၅ နှစ်အကြာ အကြောင်းအရာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဩဂုတ် လ ၁၅ ရက်နေ့ဖြစ်ပြီး ထိုနေ့က ရှီကျင့်ဖျင်ဟာ ဇီကျန်းပြည်နယ်က၊ အန်ဂျီကောင်တီတွင်ရှိသော ယူကျွန်းကျေးရွာ ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ထိုအချိန်က ရှီကျင့်ဖိန်ဟာ CPC ဇီကျန်းပြည်နယ်ကောင်မတီတွင် အတွင်း ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ကြည်လင်ရေနှင့် စိမ်းလန်းသောတောင်တန်းများ လိုချင်ကြောင်း ပြေလေ့ရှိကြ ပါ တယ်၊ ပြီးတော့ ရွှေငွေများကို တောင်ပုံယာပုံ လိုချင်တယ်လို့လည်း ပြောခဲ့ကြပါတယ်။ တကယ်တော့ ကြည်လင် သောရေနှင့် စိမ်းလန်းစိုပြေသော တောတောင်များဟာ ရွှေနှင်ငွေလိုပဲ အလွန်တန်ဖိုးကြီးသော အရာများဖြစ်ပါ တယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံ၏ နားလည်ရန်ခက်ခဲသော ခံယူချက်နှင့် ဖွံ့ဖြိုးတိုး တက်မှုနည်းလမ်းများကို အကောင်အထည်ဖော်လာခြင်းဖြစ်ပြီး ဒီလို ပြောကြားခဲ့မှုဟာ ရှီရဲ့ ဂေဟစနစ် ဖွံ့ဖြိုးတိုးတ်မှုနဲ့ ပတ်သက်ပြီး သီအိုရီနှင့် သူ့ရဲ့ အမျိုးသားအုပ်ချုပ်ရေးတို့ နာမူနာများကို အသက်ဝင်စေ တာပဲဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကို သန့်ရှင်းမှု မပြုလုပ်ပါက၊ တရုတ်၏ အိမ်မက်များကို အကောင်အထည်ဖော်နိုင် မည် မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ဟာ ကြီးမားစွာ ညစ်ညမ်းနေပါက တရုတ်နိုင်ငံကြီးကို ပြန်လည်နုပျိုအောင် လုပ် နိုင်မည်မဟုတ်ပါ။ စိန်ခေါ်မှုကတော့ တရုတ်အနေနဲ့ လူတိုင်းနှင့် အင်စတီကျူးရှင်းများအားလုံးကို စိတ်ဓာတ်တက် ကြွအောင်လုပ်ပြီး ပတ်ဝန်းကျင်ကို ကာကွယ်ရမည်ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော် ၂၀၁၆ ခုနှစ်တွင် ဇီကျန်း ပြည်နယ် အနောက်မြောက်ပိုင်းတွင်ရှိသော အန်ဂျီစီရင်စုက ယူကျွန်းကျေးရွာကို သွားရောက်လည် ပတ်ခဲ့ပါတယ်။ ဒီနေရာကတော့ တောင်တန်းများ အလွန်ထူထပ်သော နေရာဖြစ်ပြီး ယခင်က သတ္တုတူးဖော်မှုကြောင့် အလွန်ညစ် ညမ်းခဲ့သော နေရာကနေ ခုတော့ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အလွန်သင့်တော်သော နေရာ၊ စက်မှုလုပ်ငန်း များနှင့် ခရီးသွားလုပ်ငန်းများ တည်ရှိရာ နေရာအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် ဘယ် လိုပြောင်းလဲလာသလဲ၊ ဒါကို အခြားနေရာမှာ ထပ်ပြီး လုပ်နိုင်ပါသလား။

နောက်ခံအကြောင်းအရင်းကတော့ ၂၀၀၃ ကနေ ၂၀၀၅ ခုနှစ်အကြား အန်ဂျီကောင်ကောင်တီတွင် သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီကြီး ၃ ခုနှင့် ဘိလပ်မြေစက်ရုံတစ်ခုကို ပိတ်ပင်ခဲ့ပါတယ်။ ထို့နောက် ကျေးရွာ၏ ဝင်ငွေဟာ တစ်နှစ်တွင် ယွမ် ၃ သန်းကနေ ၂ သိန်းအထိ လျော့ကျစေခဲ့ပါတယ်။ ဒါဟာ ၉၀ ရာခိုင်နှုန်း လျှော့ကျလာခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဒေသခံများဟာ သူတို့ရဲ့ စီးပွားရေးဆုံးရှုံးမှုအတွက် အစားထိုးမှုကို ရှာ ဖွေလာခဲ့ပါတယ်။ အချိန်ကြာလာသည်နဲ့အမျှ၊ သဘာဝအတိုင်း ခိုင်မာစွာ ပြန်လည်ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် ဟာ အသစ်သော ကံကောင်းခြင်းများကို ယူဆောင်လာခဲ့ပါတယ်။ ဒေသခံများဟာ များပြားလှသော ဝါးပင်များဖြင့် ဝင်ငွေရရှိလာခဲ့ကြပါတယ်။ ယနေ့ ယူကျွန်းဟာ လှပသော ကျေးလက်ရှုခင်း ပိုင်ဆိုင်ထား‌သော ကျေးရွာဖြစ်လာခဲ့ ပြီး ရှန်ဟိုင်း၊ ဟန်ဇူးနှင့် နန်ဂျင်းအစရှိသော နေရာက လူများ လာရောက်လည်ပတ်နေသော နေရာဖြစ်လာခဲ့ပါ တယ်။ ဒီရွာလေးဟာ အိမ်ခြေ ၂၈၀ ခန့်ရှိပြီး လူတစ်ဦးချင်း၏ ဝင်ငွေဟာ တစ်နှစ် ယွမ် ၅၀၀၀၀ ခန့်ရှိပြီး ကန်ဒေါ် လာ ၇၀၀၀ နဲ့ညီမျှပါတယ်။

သူ့ရဲ့ တာဝန်ယူမှုအစောပိုင်းတွင် ရှီကျင့်ဖျင်ဟာ “အစိမ်းရောင်စီမံချက်” ကို အမျိုးသားအဆင့်အထိ အ ဆင့်မြင့်ဆုံးတွင် ထားရှိခဲ့ပြီး အရေးပါသော ဖွံ့ဖြိုးတိုးတက်မှု ၅ ရပ်တွင် ထည့်သွင်းဦးစားပေးခဲ့ပါတယ်။ ရှီ၏ ဂေဟ စနစ်ယဉ်ကျေးမှုတွင် အရေးကြီးသော အပိုင်း ၃ ပိုင်းရှိပါတယ်။ ပထမကတော့ သဘာဝပတ်ဝန်းကျင်ဟာ လက် တွေ့အသုံးချပါက တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ဒုတိယအချက်တော့ သဘာဝပတ်ဝန်းကျင်ဟာ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး နားလည်ရန်ခက်ခဲသော နည်းစနစ်များကို ထင်ဟပ်ပြသနေကြောင်း၊ တတိယအချက်ကတော့ သဘာဝပတ်ဝန်းကျင်ဟာ လူသားများ၏ ပိုမိုကောင်းမွန်သော ဘဝအတွက် တုံ့ပြန်မှု ဖြစ်ကြောင်း ခံယူထားသော သီအိုရီများဖြစ်ပါတယ်။

ယခုနှစ် ဧပြီလတွင် ရှီကျင့်ဖျင်ဟာ ယူကျွန်းရွာကို ပြန်လည်သွားရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဟာ စီးပွားရေးအတွက် ဘယ်လိုအကျိုးများ လုပ်ဆောင်ခဲ့သလဲဆိုတာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ “သဘာဝ ပတ်ဝန်းကျင်ဆိုတာ စီးပွားရေးကို ဆိုလိုတာပဲ” ဟု သူက ပြောခဲ့ပါတယ်။ “သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ပါက၊ သဘာဝပတ်ဝန်ကျင်ရဲ့ ဆုကျေးဇူးကို ခံစားရလိမ့်မယ်” ဟု ရှီရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

Ref:CMG| Xi's ecological civilization 15 years on: 'Lucid waters and lush mountains are invaluable assets'

 

Naing