【 နိုင်ငံတကာဆောင်းပါး 】ခေတ်မီတိုးတက်ရေးအတွက် ပြည်သူကိုဦးတည်သည့် တရုတ်၏နည်းလမ်း

【 နိုင်ငံတကာဆောင်းပါး 】ခေတ်မီတိုးတက်ရေးအတွက် ပြည်သူကိုဦးတည်သည့် တရုတ်၏နည်းလမ်း

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အကြိမ် ၂၀ မြောက် အမျိုးသားကွန်ဂရက်တွင် ရှီကျင့်ဖျင်က ပါတီ၏ ဗဟိုတာဝန်မှာ တရုတ်နိုင်ငံ၏ ကြီးကျယ်သော ပြန်လည်နုပျိုမှုကို ခေတ်မီတိုးတက်စေသည့် တရုတ်လမ်းကြောင်း ဖြင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်နည်းဆိုရသော် တရုတ်နိုင်ငံသည် ခေတ်မီတိုးတက်ရေးလမ်းစဉ်ကို ဆက်လက်လိုက်နာမည်ဖြစ်ပြီး၊ အနောက်တိုင်း ခေတ်မီခြင်းနဲ့ မတူတဲ့ လူသားယဉ်ကျေးမှုပုံစံသစ်ကို အခြားနိုင်ငံတွေအတွက် လှုံ့ဆော်မှုလမ်းကြောင်းကို ပံ့ပိုးပေးနေမည်ဖြစ်သည်။  

ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းသို့နောက်ကျမှရောက်လာခဲ့သည့် တရုတ်နိုင်ငံအနေ့ဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတိုးတက်ရေးကို ရှေးဦးစွာ လုပ်ဆောင်ခဲ့သူများ၏ အနိုင်ကျင့်မှုဒဏ်ကို ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် စက်မှုတော်လှန်ရေးတွင် အနောက်နိုင်ငံများက ဦးဆောင်နေသောကြောင့် ထုတ်လုပ်မှုဆက်ဆံရေးတွင် သိသာထင်ရှားသောပြောင်းလဲမှုများကို မောင်းနှင်ခြင်း၊ အပြန်အလှန်အမူအကျင့်များနှင့် တွေးခေါ်ပုံနည်းလမ်းများနှင့် အမျိုးသားရေးသမိုင်းကို ကမ္ဘာ့သမိုင်းအဖြစ်သို့ အသွင်ပြောင်းစေသောကြောင့် ခေတ်မီခြင်းဖြစ်စဉ်တွင် အနောက်တိုင်းအသွင်ကူးပြောင်းမှုကို လူတို့အသုံးပြုလေ့ရှိကြသည်။

တကယ်တော့ အနောက်တိုင်း ခေတ်မီမှုက ရိုးရာ လူ့အဖွဲ့အစည်းတွေကို စက်မှုထွန်းကားပြီး မြို့ပြ ဖြစ်အောင် အသွင်ပြောင်းဖို့ တွန်းအားပေးပေမယ့် ခေတ်မီ တိုးတက်မှုဟာ နောက်ဆုံး မှာ အရင်းအနှီး (ဓန) က အရာအားလုံးနီးပါး၏ ဗဟိုချက်ဖြစ်သည်။

CPC ၏ အကြိမ်၂၀ မြောက် အမျိုးသားကွန်ဂရက် ဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံသည် ထိုအစား အခြားလမ်းကြောင်းကို လိုက်လိုသည်ဟု ရှင်းရှင်းလင်းလင်းမြင်ရသည်။

ရာစုနှစ်တစ်ခုကြာ စူးစမ်းလေ့လာပြီးနောက် တရုတ်နိုင်ငံသည် လူသားများ၏ လွတ်လပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်မြောက်ရေးကို ၎င်း၏အခြေခံတန်ဖိုးကို ရအောင်အားထုတ်သည့် ခေတ်မီမှုပုံစံသစ်ကို တွေ့ရှိခဲ့သည်။

မကြာသေးမီအချိန်များအတွင်း၊ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံအချို့သည် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးနယ်ပယ်များတွင် မကြာခဏ အပျက်သဘောဆောင်သည့် ပြဿနာများ၊ အသွင်ကူးပြောင်းမှု၊ ရုပ်ဝါဒ၊ ဂေဟစနစ် ယိုယွင်းမှု၊ နိုင်ငံခြား ချဲ့ထွင်မှု လုယူမှုနှင့် အခြားဖြေရှင်းရန် မလွယ်သော ပြဿနာများဖြင့် မကြာခဏ ကြုံတွေ့နေရသည်။

ထိုသည်မှာ အရင်းအနှီးကြီးစိုးမှုဆိုသည် အနောက်နိုင်ငံများ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ကပ်ဆိုးကြီး၏ အဓိကအကြောင်းရင်းကြောင့် ဖြစ်သည်။

အနောက်နိုင်ငံများ၏ ရှုထောင့်များစွာက အရင်းအနှီးလွှမ်းမိုးမှု၏ ယုတ္တိကို လိုက်နာရမည်ဟု အရင်းရှင်စနစ်၏ သဘောသဘာဝအတိုင်း ဆုံးဖြတ်သည်။

အနှစ်သာရအားဖြင့် အရင်းအနှီး၏ သဘောသဘာဝမှာ ရွေ့လျားမှုမှတစ်ဆင့် တန်ဖိုးထားမှုကို ရရှိရန်ဖြစ်သည်။

စျေးကွက်နေရာနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ အကျိုးအမြတ်က သတ်မှတ်ထားသော အဆင့်တွင် အလျှံအပယ်ဖြစ်လာသောအခါ အရင်းရှင်စနစ်က  ပြဿနာဖြစ်လာသည်။

ယနေ့ခေတ် အနောက်ကမ္ဘာ၏ မငြိမ်မသက်မှုများအတွက် အဖြေကို အရင်းအနှီးကြီးစိုးနေသည့် ဤ အဖွဲ့အစည်းဆိုင်ရာ ပြဿနာများတွင် တွေ့ရှိနိုင်သည်။

ခေတ်မီခြင်းဆီသို့ လျှောက်လှမ်းသည့် တရုတ်လမ်းစဉ်သည် ခိုင်မာနေပြီ ဖြစ်သော အနောက်တိုင်း၏ ခေတ်သစ်၊ ခေတ်လွန်နှင့် ကွဲပြားသည်။

ခေတ်မီတိုးတက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်ပြီး လူအားလုံး၏ ဘုံဆန္ဒဖြစ် သော်ငြား လည်း တစ်ပြေးညီ တစ်လမ်းကြောင်းဖြစ်ရန် အတင်းအကျပ်မဖြစ်နိုင်ပေ။

နိုင်ငံများ၏ မတူညီသောအခြေအနေများ၊ သမိုင်းနှင့် ယဉ်ကျေးမှုများကြောင့်  ကမ္ဘာပေါ်တွင် တိကျသော ခေတ်မီမှုပုံစံ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ခေတ်မီမှုစံနှုန်းဟူ၍ မရှိပါ။

ဘုံသာယာဝပြောမှုကို ရရှိရန် ကြိုးပမ်းခြင်းသည် တရုတ်နိုင်ငံ၏ ခေတ်မီတိုးတက်ရေးလမ်းစဉ်၏ လက္ခဏာ များထဲမှ တစ်ခုဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲစေရုံသာမက ကမ္ဘာ့တန်ဖိုး တိမ်းညွှတ်မှုနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတို့ကိုလည်း လွှမ်းမိုးခဲ့သည်။

အနောက်တိုင်းပုံစံ ခေတ်မီခြင်းဆိုသည်မှာ ထုတ်လုပ်မှု၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုအပေါ် ဗဟိုပြုခြင်းဖြစ်ပြီး ခေတ်မီတိုးတက်ရေးသို့ တရုတ်လမ်းကြောင်းသည် အများသူငှာ ပိုင်ဆိုင်မှုအပေါ် ဗဟိုပြုပြီး ပြည်သူအားလုံး အကျိုးရှိစေမည့် ပန်းတိုင်ကို လိုက်နာဆောင်ရွက်နေပါသည်။

ခေတ်မီတိုးတက်ရေးသို့ တရုတ်လမ်းကြောင်းသည် အရင်းအနှီးကို ကာကွယ်ခြင်းဟု မဆိုလိုနိုင်ပါ။ သို့သော် အရင်းအနှီးနှင့် အလုပ်သမားကြား ဆက်ဆံရေးကို တိကျစွာ ချိန်ညှိပြီး ဆိုရှယ်လစ် အများသူငှာ ပိုင်ဆိုင်မှုနှင့် ဘုံသာယာဝပြောရေး အစီအစဥ်အောက်တွင် အရင်းအနှီး၏ လူ့ယဉ်ကျေးမှုဘက်ခြမ်းကို အပြည့်အဝ အသုံးချပြီး အသက်ဝင်စေကာ ခေတ်မီတိုးတက်ရေး ပန်းတိုင်ကို ဆောင်ရွက်ပေးပါသည်။

ဤသဘောအရ ခေတ်မီတိုးတက်ရေးသို့ တရုတ်လမ်းကြောင်းသည် အနောက်တိုင်းခေတ်မီခြင်း၏ တစ်ခုတည်းသောရွေးချယ်မှုပုံစံကို ချိုးဖျက်ပြီး လူသားများကို ဗဟိုပြုကာ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ဂေဟစနစ် ယဉ်ကျေးမှုများကို မြှင့်တင်ပေးသည့် အခြားရွေးချယ်မှုပုံစံကို ပေးထားသည်။

ခေတ်မီတိုးတက်ရေးသို့ တရုတ်လမ်းကြောင်းသည် ပြည်သူများ၏ အလုံးစုံသော အယူဝါဒပြောင်းလဲမှုနှင့် အကျိုးစီးပွားအပေါ် မျှော်မှန်းထားပြီး ပြည်သူများ၏ အဓိကဆန္ဒများမှ တွန်းအားပေးထားသည်။

တရုတ်နိုင်ငံ၏ လက်တွေ့ဘဝနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တရုတ်လူမျိုးများကိုယ်တိုင် ရွေးချယ်ခဲ့ကြသည်။

လူများသို့ ဦးတည်သောဤ ချဉ်းကပ်မှု သဘာဝတွင် အနောက်တိုင်း၏ ခေတ်မီခြင်းသဘောသဘာ၀နှင့် တရုတ်၏လမ်းကြောင်းကို အခြေခံကျကျ ပိုင်းခြားထားသည်။

တစ်ချိန်တည်းမှာပင် လူသားများ ခေတ်မီတိုးတက်ရေးအတွက် နောက်ကျနေသော ဖွံ့ ဖြိုးဆဲနိုင်ငံအချို့ ၏ ခေတ်မီခြင်းဟုခေါ်သည့် စံနမူနာကို မျက်စိစုံမှိတ် ပုံတူကူးချခြင်းသည် နောက်ဆုံးတွင် အမျိုးမျိုးသော ထောင်ချောက်ထဲသို့ ကျရောက်ပြီး ၎င်းတို့ကိုယ်သူတို့ ရုန်းထွက်ရန် ခက်ခဲလာစေခဲ့သည်။

အလယ်အလတ် ၀င်ငွေထောင်ချောက်နှင့် မှီခိုမှုထောင်ချောက်သည် အနောက်တိုင်း ခေတ်မီရေးလမ်းကြောင်းကို လိုက်လျှောက်သည့် နိုင်ငံများစွာတွင် ပြင်းထန်သော စီးပွားရေးနှင့် လူမှုရေးပြဿနာများကို ဖြစ်ပေါ် စေပြီး နက်ရှိုင်းသည့် သင်ခန်းစာကို ဖြစ်စေခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ခေတ်မီတိုးတက်ရေးသို့ တရုတ်လမ်းကြောင်းသည် နိုင်ငံကို ပိုမိုအားကောင်းလာစေပြီး ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးကာ ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် မျှော်လင့်ချက်တို့ကို ပံ့ပိုးပေးခဲ့သည်။

ဘုံသာယာဝပြောရေးနှင့် တရုတ်လူ့အဖွဲ့အစည်း ခေတ်မီတိုးတက်ရေး လုပ်ငန်းများ မပြီးပြတ်သေးကြောင်းနှင့် အနောက်နိုင်ငံများ၏ ရင်းနှီးနေပြီးသားဖြစ်သော လူတစ်ဦးချင်းစီတွင် အရင်းအနှီးစုပုံနေခြင်း သွေးဆောင်မှုကို တရုတ်က တွန်းလှန်ရန် လိုအပ်ကြောင်း ရှီကျင့်ဖျင်က ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တရုတ်ပုံစံခေတ်မီရေးလမ်းကြောင်းနှင့် လူ့ယဉ်ကျေးမှု ကျယ်ပြန့်လာမှုတွင် ပါဝင်ရန်က လေးနက်သော လှုံဆော်မှု ဖြစ်လာခဲ့သည်။

 

Linko

 

Ref:CMG: Chinese path to modernization is a people-oriented strategy