【 နိုင်ငံတကာဆောင်းပါး 】ဂေဟစနစ်ယဉ်ကျေးမှုတိုးတက်ရေးကို ဦးဆောင်မည့် ရှီကျင့်ဖျင်၏ ခြေလှမ်းများ

【 နိုင်ငံတကာဆောင်းပါး 】ဂေဟစနစ်ယဉ်ကျေးမှုတိုးတက်ရေးကို ဦးဆောင်မည့် ရှီကျင့်ဖျင်၏ ခြေလှမ်းများ

ဒီကနေ့ တရုတ်နိုင်ငံ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကာကွယ်ရေးတို့ဟာ တရုတ်နိုင်ငံသားများ၏ နှလုံးသားထဲတွင် အမြစ်တွယ်နေပြီဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဒီအတွေးအခေါ်အတွက် လှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး ဒီပြောင်းလဲမှုကို ထောက်ပံ့ပေးသူဖြစ်ကာ ဒီချီတက်မှု၏ ခေါင်းဆောင်ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် အမျိုးသားညီလာခံပြီးနောက် ရှီကျင့်ဖျင်ဟာ တောင်တန်းများ၊ မြစ်များ၊ မြို့များ နှင့် ကျေးရွာများကို ကျော်ဖြတ်ကာ ခရီးသွားချိန်တွင် ဂေဟစနစ်ကို သူ့ရဲ့မိန့်ခွန်းအများစုတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ခြေလှမ်းများဟာ ဂေစနစ်တိုးတက်ရေးအတွက် အုတ်မြစ်ကို ချပေးရုံသာမက တရုတ်၏ ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေးတွင်လည်း ဦးတည်ချက်ကို ချပေးပါတယ်။

ကြည်လင်သောရေများနှင့် စိမ်းလန်းစိုပြေသော တောင်တန်းများ

၂၀၀၅ ခုနှစ်တွင် သူ့ရဲ့ ကျဲ့ကျန်း(Zhejiang )ပြည်နယ်ရှိ ယူကျွန်းကျေးရွာ ခရီးစဉ်တွင် ထိုအချိန် CPC ရဲ့ ဇီကျန်းပြည် နယ်ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ရှီကျင့်ဖိန်ဟာ ထိုကျေးရွာ၏ အသိတရားရှိရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပိတ်ပင်ခြင်းကို ချီးကျူးပြောဆိုခဲ့ပြီး “ကြည်လင်သောနေရေများနှင့် စိမ်းလန်းစိုပြေသော တောင်တန်းများဟာ တန်ဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှု” ဟု ပထမဆုံးပြောကြားခဲ့ပါတယ်။

၂၀၂၀ တွင် CPC ဗဟိုကောင်မတီ၏ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်တပ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ရှီကျင့်ဖျင်ဟာ ကျဲ့ကျန်းပြည်နယ်က ရွာလေးကို ပြန်လည်သွားရောက်လည်ပတ်ခဲ့ပါတယ်။ ထိုရွာလေး၏ အစိမ်းရောင် စီးပွားရေးကို ချီးကျူးကြောင်း ပြောကြားခဲ့ပြီး “ကြည်လင်သောရေများနှင့် စိမ်းလန်းစိုပြေသော တောင်တန်း များဟာ တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုဖြစ်တယ်” ဆိုတဲ့ အတွေးအခေါ်ဟာ ပါတီတစ်ခုလုံး သဘောတူထားသော အချက်ဖြစ်ပြီး တွေးခေါ်မှု အသစ်တိုးတက်ရေးတွင် အရေးကြီးသော အရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံတွင် အရှည်လျားဆုံးနှင့် ကုန်သေတ္တာတင်ပို့မှု အများဆုံး ဖြတ်သန်းနေသော ယန်ဇီမြစ်ကို ၃ ကြိမ်တိုင်တိုင် လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ယန်ဇီမြစ်စီးပွားရေး တိုးတက်ရန် (Yangtze River Economic Belt) စာတမ်းသုံးခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဒေသဟာ တရုတ်နိုင်ငံ၏ လူဦးရေ ၄၀ ရာခိုင်နှုန်း စီးပွားရေးကို ကိုယ်စားပြုထားပါတယ်။ ယန်ဇီမြစ်စီးပွားရေးစီမံကိန်း တိုးတက်ရေးကို သူဟာ အမြဲလိုလို အလေးထားပြောကြားလေ့ရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် အလွန်များပြားသော ဖွံ့ဖြိုးတိုးတက်မှုများကို ရှောင်ရှားရမည်ဖြစ်ပါတယ်။

သဘာဝနှင့် လူသားများ အတူတူနေထိုင်ခြင်း

လူသားများနှင့် သဘာဝအကြားက ဆက်ဆံရေးဟာလည်း ရှီကျင့်ဖျင်၏ တွေးခေါ်မှုတွင် အလွန်အရေး ပါသော အရာတစ်ခုဖြစ်ပြီး ဒီလို ဂေဟစနစ်တိုးတက်မှုကလည်း သူ့ရဲ့ ခရီးစဉ်များအတွင်းက မိန့်ခွန်းများထဲတွင် အမြဲတမ်း ထည့်သွင်းပြောကြားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံ အရှေ့ပိုင်းက ကျန်စု ပြည်နယ်ကို သွားရောက်လည်ပတ်ချိန်တွင် သူဟာ ဂေဟစနစ်အတွက် အစိမ်းရောင်တိုးတက်မှုကို ဦးစားပေးကြောင်း နှင့် မြို့ပြပတ်ဝန်းကျင်တိုးတက်ရေးကို အလေးထားရန်နှင့် စီးပွားရေးတိုးတက်မှုနှင့် ပြည်သူများ၏ ဘဝအရည်အသွေးမြင့်တက်ရေးကို ဦးစားပေးကြောင်း ပြောကြားခဲ့ပါတယ်။

အစိမ်းရောင်နှင့် အရည်အသွေးရှိသော မြို့ပြတည်ဆောက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောက်လုပ်ရေးတို့ကို ရှီကျင့်ဖိန်က အမြဲတမ်းဦးစားပေး ပြောကြားလေ့ရှိပါတယ်။ “West Lake နှင့် Xixi Wetland တို့ကို ကာကွယ်ရန်လိုအပ်ပြီး ဒါဟာ ဟန်ကျူးအုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှင်းလင်းသော လမ်းညွှန်မှုအဖြစ် ကာကွယ်မှုလုပ်ဆောင်ရမည်။ ထို့အပြင် ထုတ်လုပ်မှု၊ သက်မွေးဝမ်းကျောင်း နှင့် ဂေဟစနစ် တို့ကို ပူးတွဲဆောင်ရွက်ပြီး လူသာများနှင့်သဘာဝ အတူတူယှဉ်တွဲနေထိုင်ရေး၊ အတူတူတည်ရှိရေးနှင့် တိုးပွားရေးတို့အတွက် မြို့များကို ဖန်တီးရန် လိုအပ်ပါတယ်” ဟု ပြီးခဲ့တဲ့နှစ်တွင် ကျဲ့ကျန်းဒေသခရီးစဉ်တွင် ပြောကြားခဲ့ပါတယ်။

ဥပဒေအခြေပြုပတ်ဝန်းကျင်အုပ်ချုပ်ရေး

အတင်းကျပ်ဆုံးသော ဥပဒေဖြင့် အုပ်ချုပ်ခြင်းတို့တဲ့ အတွေးအခေါ်အယူအဆဟာ ဂေဟစနစ်တိုးတက်မှုအတွက် အာမခံတစ်ခုကို ပေးထားခြင်းဖြစ်ပြီး ဒါကို ရှီကျင့်ဖျင်ရဲ့ ပြည်တွင်း ခရီးစဉ်များတွင် မြင်တွေ့ရ ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် ရှန်ရှီးပြည်နယ်ရှိ ချင်းလင်းတောင်တန်းပေါ်က ဂေဟစနစ်ထိန်းသိမ်းရေးစခန်းကို လေ့လာချိန်တွင် ရှီကျင့်ဖျင်က တာဝန်ရှိသူများကို တရားမဝင်စံအိမ်များ ဆောက်လုပ်ခြင်းကနေ သင်ခန်းစာများကို ရယူရန် မှာကြားခဲ့ပါတယ်။

ကွေ့လင်တွင် တည်ဆောက်ခဲ့သော တရားမဝင်စံအိမ်များကို ခုတော့ ဥပဒေအရ ဖြိုချခဲ့ပြီး တာဝန်ရှိသူများ တချို့ကို ဥပဒေချိုးဖောက်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုများကို လုပ်ဆောင်နေပါတယ်။ ကွေ့လင်တောင်တန်း ခရီးစဉ်တွင် ရှီကျင့်ဖျင်က ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ အကြားတွင်ရှိခဲ့သော တရားမဝင်စံအိမ်ကြီးများ ဆောက်လုပ်မှု ကြောင့် ထိုဒေသအတွင်းရှိ ပတ်ဝန်းကျင်ကို ထိခိုက်စေခဲ့ကြောင်း ဆိုပါတယ်။

အနာဂတ်ကိုမျှဝေသော လူမှုအသိုင်းအဝိုင်း

နိုင်ငံတကာစင်မြင့်ပေါ်တွင်လည်း ရှီကျင့်ဖျင်ဟာ နိုင်ငံတကာအဖွဲ့အစည်းများကို မျှတပြီး သင့်လျှော်သော နိုင်ငံတကာအုပ်ချုပ်ရေးနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး၊ လူသားများအတွက် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အတူတူ အလုပ်လုပ်ကြရန် မကြာခဏဆိုသလို ဆော်ဩလာခဲ့ပါတယ်။

ပါဝင်သူ၊ ထောက်ပံ့ပေးသူနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးအနေဖြင့် နိုင်ငံတကာတွင် ဂေဟစနစ်ထိန်းသိမ်းရေးတွင် ပါဝင်သူဖြစ်ပြီး တရုတ်နိုင်ငံဟာ နိုင်ငံပေါင်းစုံပါဝင်သော နိုင်ငံတကာစနစ်ကို တည်ဆောက်ရေးကို ကုလသမဂ္ဂကိုဗဟိုပြုပြီး တည်ဆောက်ရေးနှင့် နိုင်ငံတကာဥပဒေဖြင့် ပတ်ဝန်းကျင်အုပ်စိုးရေးတွက် နိုင်ငံတကာ အုပ်ချုပ်ရေးကို တိုးတက်လာစေရန် ရှီကျင့်ဖျင်က ကမ္ဘာ့ပတ်ဝန်းကျင်များနေ့ကို ပေးပို့ခဲ့သော မိန့်ခွန်းတွင် ဖော်ပြခဲ့ပါတယ်။

၂၀၂၁ခုနှစ်က တရုတ်နိုင်ငံအနောက်တောင်ပိုင်းက မြို့ဖြစ်တဲ့ ကူမင်းမြို့မှာ  ကျင်းပတဲ့ COP15 အစည်းအဝေးမှာ သမ္မတရှီကျင့်ဖျင်က နိုင်ငံတကာ၏ ပတ်ဝန်းကျင်ထိန်းသိမ်းအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ဆော်ဩမှုများ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

 

Naing 

 

Ref:CMG| Tracking Xi Jinping's footsteps to lead China's eco-civilization progress