【 နိုင်ငံတကာဆောင်းပါး 】ဂျာမနီနှင့် ပြင်သစ် မပါတော့တဲ့ WHO ပြုပြင်ပြောင်းလဲရေး

【  နိုင်ငံတကာဆောင်းပါး  】ဂျာမနီနှင့် ပြင်သစ် မပါတော့တဲ့  WHO ပြုပြင်ပြောင်းလဲရေး

ဥရောပတွင် သြဇာအကြီးမားဆုံးနိုင်ငံနှစ်ခုနှင့် အမေရိကန်၏ မဟာမိတ်များဖြစ်သော ဂျာမနီနှင့် ပြင်သစ်တို့သည် စက်တင်ဘာလတွင် စီစဉ်ထားသည့် ဆွေးနွေးပွဲများမှ နုတ်ထွက်လိုက်သော ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အမေရိကန်အလိုကျ ပြုပြင်ပြောင်းလဲရန် ထရမ့်အစိုးရ၏ အားထုတ်မှုတွင် အဓိကအတားအဆီးဖြစ်သွားသည်။

နှစ်နိုင်ငံလုံးက ညှိနှိုင်းမှုလုပ်ငန်းစဉ်များတွင်အမေရိကန်ပြည်ထောင်စု ဦးဆောင်မှုအပေါ် စိတ်ပျက်သောကြောင့် ဆွေးနွေးပွဲမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို လုံးဝပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံမှု အများဆုံးရရန် ဝါရှင်တန်၏ ရည်မှန်းချက်ကို ပျက်စီးသွားစေသည်။

ဆွေးနွေးပွဲမှ ထိုသို့ နုတ်ထွက်လိုက်သောကြောင့် ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲ နီးကပ်လာ ချိန်တွင် ထရမ့်အစိုးရအတွက် နယ်ပယ်အများအပြားတွင် အတိတ်နိမိတ် မကောင်းကြောင်း ပြသနေသည်။

ပထမအချက်မှာ စက်မှုထိပ်သီး ၇ နိုင်ငံတွင် အလှည့်ကျ ဥက္ကဌတာဝန်ယူထားသော အမေရိကန် ပြည်ထောင်စု သည် တဖက်သတ်ဝါဒအစား ကမ္ဘာ့ခေါင်းဆောင်မှုနှင့် စုပေါင်းဆောင်ရွက်မှုကို လိုအပ်နေချိန်ဖြစ်သော  ကိုဗစ်-၁၉ ကမ္ဘာတဝှမ်း ကူးစက်ရောဂါကာလအတွင်း ကျန်းမားရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကဲ့သို့သော အရေးပါသည့် ပြဿနာကို အရှုံးပေးလိုက်ရ ခြင်းဖြစ်သည်။

ကမ္ဘာတဝှမ်းကူးစက်ရောဂါကို ထိန်းချုပ်ရန်ကြိုးစားရာတွင် ကမ္ဘာ့အဖွဲ့အစည်းတခုဖြစ်သော ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကဲ့သို့သော အဖွဲ့အစည်းကို ဖြည့်စွက်ထောက်ခံရန်လိုအပ်သော်လည်း ထိုအဖွဲ့ကို အမေရိကန်ပြည်ထောင်စု၏ လက်ရှိအစိုးရက ဘေးဖယ်ထုတ်နေသည်ဟု  ဥရောပ အုပ်စုအတွင်း နားလည်မှုတခုရှိနေသည်။ ကျန်းမာရေးလမ်းညွုန်ချက်များ ထုတ်ပြန်ရာတွင် ထိုအဖွဲ့အစည်း၏အရေးပါမှုနှင့် လက်ရှိပတ်ဝန်းကျင်အခြေအနေတွင် ကူးစက်ရောဂါကို ထိန်းချုပ်ရန် အစီအမံများ ချမှတ်ရတွင် နိုင်ငံများအား အကဲဖြတ်မှုနှင့် ပတ်သက်ပြီး ဘာလင်နှင့် ပါရီ တို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ဝေဖန်ကြသည်။

ဒုတိယအချက်မှာ စီစဉ်ထားသော ပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲများတွင် အမေရိကန် ပြည်ထောင်စု၏  လွှမ်းမိုးသော အခန်းကဏ္ဍကြောင့် ၎င်းတို့ဒေါသထွက်ရကြောင်းကို ထိုသို့ ဆွေးနွေးပွဲများမှ နုတ်ထွက်ခြင်းက ပြသနေခြင်းဖြစ်သည်။

ဂျာမဏီနှင့်ပြင်သစ်တို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြုပြင်ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး ခြွင်ချက်များရှိနေပြီး ထိုအဖွဲ့၏ လုပ်ငန်းဆောင်မှု အခြေခံသက်သက်ကိုသာ ပြုပြင်ပြောင်းလဲ ရေး ကို တောင်းဆိုကြသည်။  အီတလီကျန်းမာရေး ဝန်ကြီးဌာနကလည်း ပြုပြင်ပြောင်းလဲရေး အတွက် စာရွက်စာတမ်းများ ပြုစုပြီး ဂျာမဏီနှင့် ပြင်သစ်တို့ကဲ့သို့ပင် အမေရိကန်၏ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးသည် လွန်စွာဝေဖန်လွန်းသည်ဟု ယူဆသည်။  

ထိုနှစ်နိုင်ငံလုံးက ဝါရှင်တန်တွင် စီစဉ်ထားသော စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေးတွင် အမေရိကန် ဦးဆောင်မှုကို ကန့်ကွက်ကြသည်။ အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေးအတွက် ထိုအဖွဲမှ နုတ်ထွက်သွားသော နိုင်ငံတနိုင်ငံထံမှ လမ်းညွုန်မှု ခံယူခြင်း လက်ခံနိုင်ဖွယ်မဟုတ်ဟူ သော မူဖြင့် ကန့်ကွက်ကြခြင်းဖြစ်သည်။

(အယ်ဒီတာမှတ်ချက်။  ။ ဟမ်ဇာ ရီဖက် ဟူစိန်သည် ဝါရှင်တန်ရှိ စတင်ဆန်စင်တာမှ သုတေသီ ဟောင်းဖြစ်ပြီး ယခုအခါ ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ် မူဝါဒသုတေသနဌာန တွင် လက်ထောက် သုတေသီအဖြစ်လုပ်ကိုင်နေသည်။ ယခုဆောင်းပါး သည် စားရေးသူ၏ ထင်မြင်ချက်သာဖြစ်ပြီး CGTN ၏ အမြင်များကို ကိုယ်စားပြုသည်ဟု မယူဆနိုင်ပေ) 

 

(   Zawgyi   )

 

 ဥေရာပတြင္ ၾသဇာအႀကီးမားဆုံးႏိုင္ငံႏွစ္ခုႏွင့္ အေမရိကန္၏ မဟာမိတ္မ်ားျဖစ္ေသာ ဂ်ာမနီႏွင့္ ျပင္သစ္တို႔သည္ စက္တင္ဘာလတြင္ စီစဥ္ထားသည့္ ေဆြးေႏြးပြဲမ်ားမွ ႏုတ္ထြက္လိုက္ေသာ ေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ကို အေမရိကန္အလိုက် ျပဳျပင္ေျပာင္းလဲရန္ ထရမ့္အစိုးရ၏ အားထုတ္မႈတြင္ အဓိကအတားအဆီးျဖစ္သြားသည္။

ႏွစ္ႏိုင္ငံလုံးက ညႇိႏႈိင္းမႈလုပ္ငန္းစဥ္မ်ားတြင္အေမရိကန္ျပည္ေထာင္စု ဦးေဆာင္မႈအေပၚ စိတ္ပ်က္ေသာေၾကာင့္ ေဆြးေႏြးပြဲမွ ႏုတ္ထြက္ရျခင္းျဖစ္ေၾကာင္း ေျပာဆိုလိုက္ေသာေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ကို လုံးဝျပဳျပင္ေျပာင္းလဲေရးအတြက္ ေထာက္ခံမႈ အမ်ားဆုံးရရန္ ဝါရွင္တန္၏ ရည္မွန္းခ်က္ကို ပ်က္စီးသြားေစသည္။

ေဆြးေႏြးပြဲမွ ထိုသို႔ ႏုတ္ထြက္လိုက္ေသာေၾကာင့္ ၂၀၂၀ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲ နီးကပ္လာ ခ်ိန္တြင္ ထရမ့္အစိုးရအတြက္ နယ္ပယ္အမ်ားအျပားတြင္ အတိတ္နိမိတ္ မေကာင္းေၾကာင္း ျပသေနသည္။

ပထမအခ်က္မွာ စက္မႈထိပ္သီး ၇ ႏိုင္ငံတြင္ အလွည့္က် ဥကၠဌတာဝန္ယူထားေသာ အေမရိကန္ ျပည္ေထာင္စု သည္ တဖက္သတ္ဝါဒအစား ကမာၻ႔ေခါင္းေဆာင္မႈႏွင့္ စုေပါင္းေဆာင္႐ြက္မႈကို လိုအပ္ေနခ်ိန္ျဖစ္ေသာ  ကိုဗစ္-၁၉ ကမာၻတဝွမ္း ကူးစက္ေရာဂါကာလအတြင္း က်န္းမားေရး ေစာင့္ေရွာက္မႈ ျပဳျပင္ေျပာင္းလဲေရးကဲ့သို႔ေသာ အေရးပါသည့္ ျပႆနာကို အရႈံးေပးလိုက္ရ ျခင္းျဖစ္သည္။

ကမာၻတဝွမ္းကူးစက္ေရာဂါကို ထိန္းခ်ဳပ္ရန္ႀကိဳးစားရာတြင္ ကမာၻ႔အဖြဲ႕အစည္းတခုျဖစ္ေသာ ကမာၻ႔က်န္းမားေရးအဖြဲ႕ကဲ့သို႔ေသာ အဖြဲ႕အစည္းကို ျဖည့္စြက္ေထာက္ခံရန္လိုအပ္ေသာ္လည္း ထိုအဖြဲ႕ကို အေမရိကန္ျပည္ေထာင္စု၏ လက္ရွိအစိုးရက ေဘးဖယ္ထုတ္ေနသည္ဟု  ဥေရာပ အုပ္စုအတြင္း နားလည္မႈတခုရွိေနသည္။ က်န္းမာေရးလမ္းၫြဳန္ခ်က္မ်ား ထုတ္ျပန္ရာတြင္ ထိုအဖြဲ႕အစည္း၏အေရးပါမႈႏွင့္ လက္ရွိပတ္ဝန္းက်င္အေျခအေနတြင္ ကူးစက္ေရာဂါကို ထိန္းခ်ဳပ္ရန္ အစီအမံမ်ား ခ်မွတ္ရတြင္ ႏိုင္ငံမ်ားအား အကဲျဖတ္မႈႏွင့္ ပတ္သက္ၿပီး ဘာလင္ႏွင့္ ပါရီ တို႔က ကမာၻ႔က်န္းမာေရးအဖြဲ႕ကို ေဝဖန္ၾကသည္။

ဒုတိယအခ်က္မွာ စီစဥ္ထားေသာ ျပဳျပင္ေျပာင္းလဲေရးေဆြးေႏြးပြဲမ်ားတြင္ အေမရိကန္ ျပည္ေထာင္စု၏  လႊမ္းမိုးေသာ အခန္းက႑ေၾကာင့္ ၎တို႔ေဒါသထြက္ရေၾကာင္းကို ထိုသို႔ ေဆြးေႏြးပြဲမ်ားမွ ႏုတ္ထြက္ျခင္းက ျပသေနျခင္းျဖစ္သည္။

ဂ်ာမဏီႏွင့္ျပင္သစ္တို႔သည္ ကမာၻ႔က်န္းမာေရးအဖြဲ႕ ျပဳျပင္ေျပာင္းလဲျခင္းႏွင့္ ပတ္သက္ၿပီး ႁခြင္ခ်က္မ်ားရွိေနၿပီး ထိုအဖြဲ႕၏ လုပ္ငန္းေဆာင္မႈ အေျခခံသက္သက္ကိုသာ ျပဳျပင္ေျပာင္းလဲ ေရး ကို ေတာင္းဆိုၾကသည္။  အီတလီက်န္းမာေရး ဝန္ႀကီးဌာနကလည္း ျပဳျပင္ေျပာင္းလဲေရး အတြက္ စာ႐ြက္စာတမ္းမ်ား ျပဳစုၿပီး ဂ်ာမဏီႏွင့္ ျပင္သစ္တို႔ကဲ့သို႔ပင္ အေမရိကန္၏ ကမာၻ႔ က်န္းမာေရးအဖြဲ႕ ျပဳျပင္ေျပာင္းလဲေရးသည္ လြန္စြာေဝဖန္လြန္းသည္ဟု ယူဆသည္။  

ထိုႏွစ္ႏိုင္ငံလုံးက ဝါရွင္တန္တြင္ စီစဥ္ထားေသာ စက္မႈထိပ္သီး ၇ ႏိုင္ငံအစည္းအေဝးတြင္ အေမရိကန္ ဦးေဆာင္မႈကို ကန႔္ကြက္ၾကသည္။ အဖြဲ႕အစည္းျပဳျပင္ေျပာင္းလဲေရးအတြက္ ထိုအဖြဲမွ ႏုတ္ထြက္သြားေသာ ႏိုင္ငံတႏိုင္ငံထံမွ လမ္းၫြဳန္မႈ ခံယူျခင္း လက္ခံႏိုင္ဖြယ္မဟုတ္ဟူ ေသာ မူျဖင့္ ကန႔္ကြက္ၾကျခင္းျဖစ္သည္။

(အယ္ဒီတာမွတ္ခ်က္။  ။ ဟမ္ဇာ ရီဖက္ ဟူစိန္သည္ ဝါရွင္တန္ရွိ စတင္ဆန္စင္တာမွ သုေတသီ ေဟာင္းျဖစ္ၿပီး ယခုအခါ ပါကစၥတန္ႏိုင္ငံ အစၥလမ္မာဘတ္ မူဝါဒသုေတသနဌာန တြင္ လက္ေထာက္ သုေတသီအျဖစ္လုပ္ကိုင္ေနသည္။ ယခုေဆာင္းပါး သည္ စားေရးသူ၏ ထင္ျမင္ခ်က္သာျဖစ္ၿပီး CGTN ၏ အျမင္မ်ားကို ကိုယ္စားျပဳသည္ဟု မယူဆႏိုင္ေပ)