【 နိုင်ငံတကာဆောင်းပါး 】တရုတ်ပြည်သူလူထုအားလုံးအတွက် ပါတီ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ပြည်သူလူထုအားလုံးအတွက် ပါတီ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်တွင် CPC နှစ် ၁၀၀ ပြည့်ပွဲကျင်းပပြီးနောက် ကျင်းပခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဒါဟာ ပါတီအတွက် အလွန်အရေးပါပြီး ပြည်သူများနှင့် တစ်ကမ္ဘာလုံးဟာ သက်သေများဖြစ်ပါတယ်။

ကွန်ဂရက်ကို တင်ပြခဲ့သော အစီရင်ခံစာတွင် ၁၉ ဦးမြောက် CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရရှိခဲ့သော အံ့အားသင့်ဖွယ်အောင်မြင်မှုများကို အကျဉ်းချုပ်တင်ပြခဲ့ပြီး ပါတီ၏ လာမယ့် ၅ နှစ်နှင့်အလွန်အတွက် လမ်းစဉ်များကိုလည်း တင်ပြခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်နိုင်ငံသားများကို အနှစ် ၂၀၀ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဦးဆောင်လိမ့်မည်ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင် ပြန်လည်နုပျိုစေရေးရှေ့ဆက်ရန် ဦးဆောင်မည်ဖြစ်ပြီး တရုတ်ပုံစံခေတ်မီရေးကို ဦးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး လျင်မြန်သော ပြောင်းလဲမှုများနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများစွာဟာ စီးပွားရေးတိုးတက်ရေးအတွက် ရုန်းကန်လာခဲ့ကြပြီး ထိုနိုင်ငံများဟာ အမျိုးမျိုးသော စိန်ခေါ်မှုများ သို့မဟုတ် နိုင်ငံရေးမတည်ငြိမ်မှုများနဲ့ ရင်ဆိုင်လာခဲ့ကြကာ ထိုစိန်ခေါ်မှုများဟာ ရုန်းထွက်လို့ မရသော တွင်းနက်ကြီးတစ်ခုပမာ ဖြစ်ခဲ့ပါတယ်။

တိုးတက်သော နိုင်ငံများဖြစ်တဲ့ အမေရိကန်နှင့် ဥရောပနိုင်ငံတို့ဟာ ပြည်တွင်းနှင့် နိုင်ငံတကာအရေးတွင်လည်း အမှားများ လုပ်ခဲ့ကြပါတယ်။ နိုင်ငံတကာ၏ စိန်ခေါ်မှုကို ဆန့်ကျင်ပြီး၊ ကပ်ရောဂါ၊ ပထဝီနိုင်ငံရေးအငြင်းပွားမှု၊ စွမ်းအင်နှင့် စားနပ်ရိက္ခာပြဿနာ၊ ကမ္ဘာ့စီးပွားရေးပြန်လည် နလန်ထူရေးဟာ အားနည်းနေခြင်းများကို ဆန့်ကျင်ကာ တည်ငြိမ်သော စီးပွားရေးကို ထိန်းသိမ်းနိုင်သော နိုင်ငံဟာ ရှားပါးပါတယ်။

နိုင်ငံတကာတွင် မတည်ငြိမ်မှုများ နှင့် မသေချာမှုများ ရှိနေသော်လည်း တရုတ်ဟာ CPC ၏ ခိုင်မာသော ဦးဆောင်မှုဖြင့် သေချာမှုနှင့် တည်ငြိမ်ခြင်းကို ကမ္ဘာ့နိုင်ငံများကို ပေးကမ်းနေပါတယ်။ တရုတ်နိုင်ငံ၏ ဂျီဒီပီဟာလည်း ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း နှစ်စဉ်တိုးတက်မှု ၆.၆ ရာခိုင်နှုန်းဖြင့် တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ တွင် တရုတ်နိုင်ငံ၏ စီးပွားရေးဟာ ကန်ဒေါ်လာ ၁၅.၈၄ ထရီလီယံအထိ ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ တရုတ်နိုင်ငံ၏ စီးပွားရေးဟာ ယခင်ကထက်မျှတခြင်း၊ ညှိနှိုင်းခြင်း နှင့် ရေရှည်ခိုင်မာသော စီးပွားရေး တိုးတက်မှုဖြစ်လာခဲ့ပါတယ်။

စီးပွားရေး တည်ငြိမ်မှုကြောင့် ၁.၄ ဘီလီယံရှိသော တရုတ်နိုင်ငံသားများ၏ ဘဝများကို သမိုင်းဝင် တိုးတက် စေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းတွင် အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ပညာရေး စနစ်ကို တည်ဆောက်ခဲ့ကြောင်း ရှီကျင့်ဖျင်၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်တွင် အခြေခံ ကျန်းမာရေးအာမခံရရှိသော လူဦးရေဟာ ၁.၃၆ ဘီလီယံအထိ ရှိလာခဲ့ပြီး လူဦးရေ၏ ၉၅ ရာခိုင်နှုန်းဖြစ်ကြောင်း ဆိုပါတယ်။ အဆင့်မြင့်ပညာရေးကို သင်ကြားခဲ့သော လူဦးရေဟာ ၂၀၂၁ တွင် ၂၄၀ သန်းအထိ ရှိခဲ့ကာ ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း ဆိုပါတယ်။

ဝင်ငွေမှာလည်း တစ်ဦးချင်း၏ ဝင်ငွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတွင် ကန်ဒေါ်လာ ၃၂၅၇ သာရှိခဲ့ရာ ခုတော့ ၄၈၇၅ ဒေါ်လာ ဖြစ်လာကြောင်း ဆိုပါတယ်။ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး တရုတ်ဟာ ကာဗွန်ထုတ်လွှတ်မှုကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွင် ၃၄.၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း ဆိုပါတယ်။

အခြားထူးခြားသော အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပြီး ထိုအောင်မြင်မှုများကို ပြည်သူလူထု၏ ဘဝအပေါ်မှာ အခြေခံထားပါတယ်။ တရုတ်ဟာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်တွင် အလွန်အမင်းဆင်းရဲမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တွင် တရုတ်ဟာ ပြည်သူသာ ပထမ နှင့် ဘဝသာ ပထမချဉ်းကပ်မှုကို ကိုဗစ်-၁၉ တိုက်ခဖျက်ရေးတွင် အသုံးပြုခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေးနှင့် သေဆုံးမှုကို ကာကွယ်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ဟာ ပြည်သူလူထုအခြေခံသော ဒီမိုကရေစီကို ပြည့်စုံစွာ အကောင်အထည်ဖော်ခဲ့သောကြောင့် ပြည်သူများဟာ နေ့စဉ်နေ့တိုင်း နိုင်ငံရေးလှုပ်ရှားမှုတွင် ကျယ်ပြန့်စွာ ပါဝင်နိုင်ပြီဖြစ်ကာ ဒီမိုကရေစီစံနှုန်းဖြင့် ရွေးကောက်မှု၊ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် စစ်ဆေးလေ့လာခြင်းကို လုပ်လာနိုင်ပြီဖြစ်ပါတယ်။

ထို့အပြင် ပါတီဟာ ပြုပြင်ပြောင်းလဲမှုများကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဗဟိုကော်မတီကတော့ အဂတိလိုက်စားမှုကို ပါတီ၏ ရေရှည်အုပ်ချုပ်မှုတွင် အကြီးမားဆုံးသော ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ကာ အကျင့်ပျက်သော တာဝန်ရှိသူအများအပြားကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အပြစ်ပေးခဲ့မှုဟာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

ပါတီကြီးအတွက် အနာဂတ်၏ အရေးကြီးဆုံးသော လုပ်ငန်းတာဝန်ဟာ ဘာလဲ။ ရှီကျင့်ဖိန်၏ မိန့်ခွန်းထဲက ကောက်နုတ်ချက်အရ အရေးကြီးဆုံးသော လုပ်ငန်းတာဝန်ကတော့ တရုတ်နိုင်ငံကို ခေတ်မီသောနိုင်ငံအဖြစ်သို့ ဦးဆောင်ခြင်းဖြစ်ပါတယ်။ “တရုတ်နိုင်ငံခေတ်မီရေးဟာ ကြီးမားသော လူဦးရေကို ခေတ်မီအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး အားလုံးအတွက် ဘုံကြွယ်ဝချမ်းသာမှု၊ ကုန်ပစ္စည်းချမ်းသာမှု နှင့် ယဉ်ကျေးမှုဆိုင်ရာ အကျင့်တရားကောင်းမွန်မှုလည်း ပါဝင်ပြီး လူသားများနှင့် သဘာဝအကြား အေးချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

တရုတ်ပုံစံခေတ်မီရေးတွင် ပြည်သူများကို ဗဟိုပြုပြီး အားလုံးအတွက် ဘုံကြွယ်ဝချမ်းသာမှုဆိုင်ရာ အချက် ၅ ချက်ဟာ အနောက်နိုင်ငံများ၏ ခေတ်မီရေးနဲ့ ခြားနားနေပြီး အနောက်နိုင်ငံများ၏ ခေတ်မီရေးဟာ ညီမျှမှု မရှိသော လူတန်းစားများအကြား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်တွင်းက လူမှုအုပ်စုအကြားက မတူညီမှုအပေါ် အခြေခံကာ နိုင်ငံတကာတွင် နယ်မြေကျူးကျော်ခြင်းနှင့် ခိုးယှက်မှုအပေါ်တွင် အခြေခံခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ ရှီကျင့်ဖျင်ကို CPC ဗဟိုကောမတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်ခဲ့စဉ်တုန်းက သူက “ပြည်သူလူထု၏ ပိုမိုကောင်းမွန်သော ဘဝအတွက် မျှော်လင့်နေမှုဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တယ်” ဟု ပြောခဲ့ပါတယ်။ သူကတော့ တရုတ်နိုင်ငံသားများ သူတို့၏ ဘဝတွင် လိုချင်သော ဆန္ဒများအားလုံးကို အသေးစိတ်ဖော်ပြခဲ့ပါတယ်၊ ထိုထဲတွင် ဝင်ငွေကောင်းခြင်း၊ ပိုမိုကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှု၊ လူမှုဖူလုံရေး၊ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင် အစရှိသော အရာများပါဝင်ပါတယ်။

CPC ဟာ ပြည်သူလူထုဆီကနေ ဆင်းသာလာကာ၊ ပြည်သူထူထုအပေါ်မှာသာ အမီပြုပြီး၊ ပြည်သူလူထုအတွက်သာ ဖြစ်ပါတယ်။ ခုတော့ CPC အဖွဲ့ဝင်ဟာ ၉၆ သန်းအထိ ရှိလာခဲ့ပြီး လူမှုအသိုင်းအဝိုင်းမျိုးစုံတွင် အခြေခံပါတီအဖွဲ့အစည်းပေါင်း ၄.၉ သန်းအထိ ရှိပြီဖြစ်ပါတယ်။ ထို့ကြောင့် CPC ဟာ ပြည်သူလူထုအပေါ်မှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။ စီမံချက်များနှင့် ဗျူဟာများအားလုံးဟာ တရုတ်နိုင်ငံသားများ ကောင်းစားရေးအတွက်သာ လက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံကြီး ပြန်လည်နုပျိုလာခြင်းအတွက် ဖြစ်ပါတယ်။

ထို့ကြောင် ပါတီကို အနောက်နိုင်ငံများအသုံးပြုသော သိပ္ပံအရ နိုင်ငံရေးပါတီအတွေးအခေါ်တစ်တည်းအပေါ် အခြေခံပြီး ရှင်းပြလို့မရပါဘူး။ CPC ဟာ သူ့အတွက် သီးခြားအကျိုးစီးပွားရည်မှန်းချက်များ မရှိပါဘူး ဒါပေမယ့် ပြည်သူလူထုကြီးရဲ့ ပျော်ရွှင်မှုအတွက် စိတ်နှလုံးကြွင်းမဲ့ အလုပ်လုပ်ပေးနေပါတယ်။ သို့သော်လည်း အနောက်နိုင်ငံများက ပါတီများကတော့ အုပ်စု၏ အကျိုးပေါ် အခြေခံတည်ထောင်ကာ အနောက်နိုင်ငံပုံစံ ရွေးကောက်ပွဲအပေါ် အခြေခံပါတယ်။

အနာဂတ်ခရီးနဲ့အတွက် CPC ဗဟိုကော်မတီ၏ ဦးဆောင်မှုနဲ့အတူ ရှီကျင့်ဖျင်ဟာ တရုတ်ပုံစံဆိုရှယ်လစ်အတွေးအခေါ်အောက်တွင် အသစ်သော ခေတ်ကို ဖန်တီးမည်ဖြစ်ကာ “ပြည်သူလူထုဗဟိုပြု” ခြင်းကို တရုတ်ကွန်မြူနစ်များက စိတ်ထဲတွင် အမြဲသွင်းမည်ဖြစ်ပြီး ပြည်သူများ၏ နှလုံးနဲ့ နီးကပ်စွာ အလုပ်လုပ်နေမည်ဖြစ်ပါတယ်။ ပြည်သူနဲ့တူတူ ဆိုးအတူတူ ကောင်းအတူတူဖြတ်ကျော်မည်ဖြစ်ပြီး ပြည်သူနဲ့အတူတူ စည်းလုံးစွာ အလုပ်လုပ်မည်ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံးဟာ ပြည့်စုံသော ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံကို တည်ဆောက်နိုင်မည်ဟု ကျွန်တော်တို့ ယုံကြည်နေပြီး ခေတ်သစ်တွင် အသစ်သော သမိုင်းတွင် ထက်မြက်မှုကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြပါတယ်။

Linko

Ref:CMG: CPC-A-party-for-the-entire-Chinese-people