【 နိုင်ငံတကာဆောင်းပါး 】တူူညီသော ပြဿနာဟောင်းများကို ရင်ဆိုင်နေရသည့် ဗြိတိန်ခေါင်းဆောင်သစ်

 【  နိုင်ငံတကာဆောင်းပါး 】တူူညီသော ပြဿနာဟောင်းများကို ရင်ဆိုင်နေရသည့် ဗြိတိန်ခေါင်းဆောင်သစ်

 ဗြိတိန်နိုင်ငံသည် လွန်ခဲ့သောသုံးနှစ်အတွင်း တတိယမြောက်ဝန်ကြီးချုပ်သစ်ကို ဗုဒ္ဒဟူးနေ့က ရရှိခဲ့သည်။ ထိုနေ့သည် ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်ဖြစ် ရန် ပြိုင်ဖက် ဂျရမီစဟန့်ကို ဘောရစ်ဂျွန်ဆင်က ချေမှုန်းပြီး နောက်ဆုံးတွင် အမှတ် (၁၀) ဒေါင်းနင်းလမ်းသို့ ရွှေ့ပြောင်းရေး သူ၏ရည်မှန်းချက် အကောင်အထည် ပေါ်လာသောနေ့ပင်ဖြစ်သည်။

သူ၏ရာထူးသက်တမ်းမည်မျှကြာမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ သူ့အရင် ဝန်ကြီးချုပ်သည် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး Brexit ကိုပြီးစီးအောင်မြင်ပြီး နိုင်ငံကို ညီညွတ်အောင်လုပ်ဆောင်မည့် နည်းလမ်းမရှာနိုင်သောကြောင့် သူ၏ရာထူးသက်တမ်း မည်မျှကြာမည် ဆိုသည့် အချက်ကိုလျှော့တွက်မရပေ။

သူ၏တိုတောင်းလှသော အောင်ပွဲခံမိန့်ခွန်းတွင်မူ မြင့်မားသော အကောင်းမြင်ဝါဒနှင့် မဟာရည်မှန်းချက်များပြည့်နေသည်။ သို့သော်သူသည် သက်သောင့်သက်သာဖြတ်သန်းရမည့် အခြေအနေမရှိလှပေ။ ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်နုတ်ထွက်ရေးနှင့်ပတ်သက်ပြီး ‘လာချင်ရာလာ’ ဟူသော ရပ်တည်ချက်ဖြင့် တင်းမာသော လမ်းကြောင်းကိုချမှတ်ခဲ့သော သူသည် ထိုကိစ္စကိုဖြည့်ဆည်းရန် နည်းလမ်းရှာရတော့မည်ဖြစ်သည်။

မည်သည့် သဘောတူညီချက်မရဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးကို လက်ခံမည်မဟုတ်ကြောင်း ပါလီကလည်း ဆုံးဖြတ်ထားပြီး သည်။ပြည်ပခေါင်းဆောင် တဦးပြီးတဦး သူနှင့်သူ့အောင်ပွဲကိုဂုဏ်ပြုနေကြသော်လည်း အများစုက ဘောရစ်ဂျွန်ဆင် အနေဖြင့် ထိုရပ်တည်ချက်ကို ပိုမိုပျော့ပြောင်းစေပြီး မည်သည့်သဘောတူညီချက်မျှမရဘဲ ဗြိတိန်နုတ်ထွက်ရခြင်းဟူသည့် အဆိုးရွားဆုံး ဇာတ်ဝင်ခန်းကို ရှောင်ရှားရန်အတွက် EU နှင့် သဘောတူညီချက်တခုခုအတွက်နည်းလမ်းရှာနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

မည်သည့်သဘောတူညီချက်မျှမရဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရပါက ကမ္ဘာ့ပဉ္စမ အကြီးဆုံးစီးပွားရေးဖြစ်သော ဗြိတိန်နိုင်ငံတွင် စီးပွားပျက်ကပ်ကြုံတွေ့ရမည်သာမက ကမ္ဘာ့စီးပွားရေးတွင် မလိုလားအပ်သော နောက်ဆက်တွဲ ရိုက်ခတ်မှုများဖြစ်စေမည့် မမျှော်လင့်သော အခြေအနေတခုသို့လည်း ဦးတည်သွားမည်ဖြစ်သည်။ သို့သော်လက်ရှိအချိန်အထိ သူသည် ပါလီမန် သို့မဟုတ် EU စည်းရုံးနိုင်သော စွမ်းရည် ရှိကြောင်းပြသည့် အချက်အနည်းငယ်သာပြသလာသေးသည်။

ဥရောပသမဂ္ဂကလည်း ယခင်ဝန်ကြီးချုပ်ထရီဆာ မေ နှင့် သဘောတူညီချက်ထက်ကျော်လွန်ပြီး ဗြိတိန်နှင့်ညှိနှိုင်းမည် မဟုတ်ကြောင်းပြော ထားသည်။ ထို့ကြောင့် သဘောတူညီချက်သစ်ရအောင် ဘောရစ်ဂျွန်ဆင်မလုပ်နိုင်ပါက သို့မဟုတ် ဘရပ်ဆဲမှ ဘောရစ်ဂျွန်ဆင် ယူဆောင် လာသမျှကို ပါလီမန်က ကန့်ကွက်နေပါက ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးသည် သေတ္တာထဲက ကြောင်သေမသေ ဆိုသည့် ပြဿနာမျိုးနှင့် တူလာမည့် အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

သူသည်ပါလီမန်ကျေနပ်အောင်လုပ်ဆောင်ရန်လိုခြင်းကိုသာမက သိမ်မွေ့စွာ ချိန်ခွင်လျှာညှိရန်လိုသည့် အခြား အခြေအနေတခုနှင့် လည်း ရင်းဆိုင်နေရသည်။ သူသည် အမေရိကန် သမ္မတ ထရမ့်နှင့်လွန်စွာရင်းနှီးသောကြောင့် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ သဘောတူညီချက်မရဘဲ ဆက်ဆံရေးဖြတ်တောက်လိုက်ပါက လျှင်မြန်ပြီးအလျှော့ပေးသော ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုပေးမည့် ကတိကို အမေရိကန် အစိုးရကဖြည့်ဆည်းပေးမည်ဟုမျှော်လင့်နေကြောင်းလည်းထင်ရှားသည်။

 အမေရိကန်ပြည်ထောင်စုသည်တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေး၊ နည်းပညာနှင့် အခြားပြဿနာများတွင် စစ်ပွဲဆင်နွဲနေသောကြောင့် ဗြိတိန်နှင့် မည်သည့်သဘောတူညီချက်တွင်မဆို တရုတ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးစာချုပ်ချုပ်ဆိုခြင်းကို တားမြစ်သည့် စည်းကမ်း တခု ပါလာနိုင်သည်။ တရုတ်နိုင်ငံနှင့်လွပ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ဆိုသည်မှာလည်း ဗြိတိန်သည် ဥရောပမှနုတ်ထွက်ပြီးနောက် လုပ်ဆောင်ရန်မျှော်မှန်းထားသောအချက်ဖြစ်သည်။

ထိုကြောင့် ဘောရစ်ဂျွန်ဆင်တွင်အရေးကြီးသောအလုပ်များစွာရှိသည်။ သွေးကွဲနေသော နိုင်ငံမှ ပြည်သူများ၏ မျက်နှာတွင် အပြုံပန်း များပြန် လည် ပန်ဆင်ရေးမှာ ကိစ္စတခုဖြစ်ပြီး ပြည်သူများ၏ နှလုံးသားတွင်အနာဂါတ်နှင့်ပတ်သက်ပြီ ယုံကြည်မှုပြန်လည်ထည့်သွင်းရေးမှာ အခြား ကိစ္စတခုသာဖြစ်သည်။ သွေးကွဲနေသော ကမ္ဘာတွင် ဗြိတိန်သည် အခြားနိုင်ငံများကို အရှုပ်ထုပ်ထဲသို့ ဆွဲမသွင်းဘဲ ကောင်းစွာစီမံနိုင် လိမ့်မည်ဟူသည့် ယုံကြည်ချက်ကို ထည့်သွင်းပေးရန်မှာ ပိုမိုပင်ခက်ခဲလှပေသည်။

 

(  Zawgyi   )

  ၿဗိတိန္ႏိုင္ငံသည္ လြန္ခဲ့ေသာသုံးႏွစ္အတြင္း တတိယေျမာက္ဝန္ႀကီးခ်ဳပ္သစ္ကို ဗုဒၵဟူးေန႔က ရရွိခဲ့သည္။ ထိုေန႔သည္ ကြန္ဆာေဗးတစ္ ပါတီေခါင္းေဆာင္ျဖစ္ ရန္ ၿပိဳင္ဖက္ ဂ်ရမီစဟန႔္ကို ေဘာရစ္ဂြၽန္ဆင္က ေခ်မႈန္းၿပီး ေနာက္ဆုံးတြင္ အမွတ္ (၁၀) ေဒါင္းနင္းလမ္းသို႔ ေ႐ႊ႕ေျပာင္းေရး သူ၏ရည္မွန္းခ်က္ အေကာင္အထည္ ေပၚလာေသာေန႔ပင္ျဖစ္သည္။

သူ၏ရာထူးသက္တမ္းမည္မွ်ၾကာမည္ကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ သူ႔အရင္ ဝန္ႀကီးခ်ဳပ္သည္ ဥေရာပသမဂၢမွ ၿဗိတိန္ခြဲထြက္ေရး Brexit ကိုၿပီးစီးေအာင္ျမင္ၿပီး ႏိုင္ငံကို ညီၫြတ္ေအာင္လုပ္ေဆာင္မည့္ နည္းလမ္းမရွာႏိုင္ေသာေၾကာင့္ သူ၏ရာထူးသက္တမ္း မည္မွ်ၾကာမည္ ဆိုသည့္ အခ်က္ကိုေလွ်ာ့တြက္မရေပ။

သူ၏တိုေတာင္းလွေသာ ေအာင္ပြဲခံမိန႔္ခြန္းတြင္မူ ျမင့္မားေသာ အေကာင္းျမင္ဝါဒႏွင့္ မဟာရည္မွန္းခ်က္မ်ားျပည့္ေနသည္။ သို႔ေသာ္သူသည္ သက္ေသာင့္သက္သာျဖတ္သန္းရမည့္ အေျခအေနမရွိလွေပ။ ဥေရာပသမဂၢ (EU) မွ ၿဗိတိန္ႏုတ္ထြက္ေရးႏွင့္ပတ္သက္ၿပီး ‘လာခ်င္ရာလာ’ ဟူေသာ ရပ္တည္ခ်က္ျဖင့္ တင္းမာေသာ လမ္းေၾကာင္းကိုခ်မွတ္ခဲ့ေသာ သူသည္ ထိုကိစၥကိုျဖည့္ဆည္းရန္ နည္းလမ္းရွာရေတာ့မည္ျဖစ္သည္။

မည္သည့္ သေဘာတူညီခ်က္မရဘဲ ဥေရာပသမဂၢမွ ၿဗိတိန္ႏုတ္ထြက္ေရးကို လက္ခံမည္မဟုတ္ေၾကာင္း ပါလီကလည္း ဆုံးျဖတ္ထားၿပီး သည္။ျပည္ပေခါင္းေဆာင္ တဦးၿပီးတဦး သူႏွင့္သူ႔ေအာင္ပြဲကိုဂုဏ္ျပဳေနၾကေသာ္လည္း အမ်ားစုက ေဘာရစ္ဂြၽန္ဆင္ အေနျဖင့္ ထိုရပ္တည္ခ်က္ကို ပိုမိုေပ်ာ့ေျပာင္းေစၿပီး မည္သည့္သေဘာတူညီခ်က္မွ်မရဘဲ ၿဗိတိန္ႏုတ္ထြက္ရျခင္းဟူသည့္ အဆိုး႐ြားဆုံး ဇာတ္ဝင္ခန္းကို ေရွာင္ရွားရန္အတြက္ EU ႏွင့္ သေဘာတူညီခ်က္တခုခုအတြက္နည္းလမ္းရွာႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ေနၾကသည္။

မည္သည့္သေဘာတူညီခ်က္မွ်မရဘဲ ဥေရာပသမဂၢမွ ၿဗိတိန္ႏုတ္ထြက္ရပါက ကမာၻ႔ပၪၥမ အႀကီးဆုံးစီးပြားေရးျဖစ္ေသာ ၿဗိတိန္ႏိုင္ငံတြင္ စီးပြားပ်က္ကပ္ႀကဳံေတြ႕ရမည္သာမက ကမာၻ႔စီးပြားေရးတြင္ မလိုလားအပ္ေသာ ေနာက္ဆက္တြဲ ႐ိုက္ခတ္မႈမ်ားျဖစ္ေစမည့္ မေမွ်ာ္လင့္ေသာ အေျခအေနတခုသို႔လည္း ဦးတည္သြားမည္ျဖစ္သည္။ သို႔ေသာ္လက္ရွိအခ်ိန္အထိ သူသည္ ပါလီမန္ သို႔မဟုတ္ EU စည္း႐ုံးႏိုင္ေသာ စြမ္းရည္ ရွိေၾကာင္းျပသည့္ အခ်က္အနည္းငယ္သာျပသလာေသးသည္။

ဥေရာပသမဂၢကလည္း ယခင္ဝန္ႀကီးခ်ဳပ္ထရီဆာ ေမ ႏွင့္ သေဘာတူညီခ်က္ထက္ေက်ာ္လြန္ၿပီး ၿဗိတိန္ႏွင့္ညႇိႏႈိင္းမည္ မဟုတ္ေၾကာင္းေျပာ ထားသည္။ ထို႔ေၾကာင့္ သေဘာတူညီခ်က္သစ္ရေအာင္ ေဘာရစ္ဂြၽန္ဆင္မလုပ္ႏိုင္ပါက သို႔မဟုတ္ ဘရပ္ဆဲမွ ေဘာရစ္ဂြၽန္ဆင္ ယူေဆာင္ လာသမွ်ကို ပါလီမန္က ကန႔္ကြက္ေနပါက ဥေရာပသမဂၢမွ ၿဗိတိန္ႏုတ္ထြက္ေရးသည္ ေသတၱာထဲက ေၾကာင္ေသမေသ ဆိုသည့္ ျပႆနာမ်ိဳးႏွင့္ တူလာမည့္ အႏၲရာယ္ႏွင့္ရင္ဆိုင္ရမည္ျဖစ္သည္။

သူသည္ပါလီမန္ေက်နပ္ေအာင္လုပ္ေဆာင္ရန္လိုျခင္းကိုသာမက သိမ္ေမြ႕စြာ ခ်ိန္ခြင္လွ်ာညႇိရန္လိုသည့္ အျခား အေျခအေနတခုႏွင့္ လည္း ရင္းဆိုင္ေနရသည္။ သူသည္ အေမရိကန္ သမၼတ ထရမ့္ႏွင့္လြန္စြာရင္းႏွီးေသာေၾကာင့္ ဥေရာပသမဂၢႏွင့္ ၿဗိတိန္တို႔ သေဘာတူညီခ်က္မရဘဲ ဆက္ဆံေရးျဖတ္ေတာက္လိုက္ပါက လွ်င္ျမန္ၿပီးအေလွ်ာ့ေပးေသာ ကုန္သြယ္ေရးစာခ်ဳပ္ခ်ဳပ္ဆိုေပးမည့္ ကတိကို အေမရိကန္ အစိုးရကျဖည့္ဆည္းေပးမည္ဟုေမွ်ာ္လင့္ေနေၾကာင္းလည္းထင္ရွားသည္။

 အေမရိကန္ျပည္ေထာင္စုသည္တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္ေရး၊ နည္းပညာႏွင့္ အျခားျပႆနာမ်ားတြင္ စစ္ပြဲဆင္ႏြဲေနေသာေၾကာင့္ ၿဗိတိန္ႏွင့္ မည္သည့္သေဘာတူညီခ်က္တြင္မဆို တ႐ုတ္ႏိုင္ငံႏွင့္ လြတ္လပ္ေသာကုန္သြယ္ေရးစာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို တားျမစ္သည့္ စည္းကမ္း တခု ပါလာႏိုင္သည္။ တ႐ုတ္ႏိုင္ငံႏွင့္လြပ္လပ္စြာကုန္သြယ္ေရးသေဘာတူညီခ်က္ဆိုသည္မွာလည္း ၿဗိတိန္သည္ ဥေရာပမွႏုတ္ထြက္ၿပီးေနာက္ လုပ္ေဆာင္ရန္ေမွ်ာ္မွန္းထားေသာအခ်က္ျဖစ္သည္။

ထိုေၾကာင့္ ေဘာရစ္ဂြၽန္ဆင္တြင္အေရးႀကီးေသာအလုပ္မ်ားစြာရွိသည္။ ေသြးကြဲေနေသာ ႏိုင္ငံမွ ျပည္သူမ်ား၏ မ်က္ႏွာတြင္ အၿပဳံပန္း မ်ားျပန္ လည္ ပန္ဆင္ေရးမွာ ကိစၥတခုျဖစ္ၿပီး ျပည္သူမ်ား၏ ႏွလုံးသားတြင္အနာဂါတ္ႏွင့္ပတ္သက္ၿပီ ယုံၾကည္မႈျပန္လည္ထည့္သြင္းေရးမွာ အျခား ကိစၥတခုသာျဖစ္သည္။ ေသြးကြဲေနေသာ ကမာၻတြင္ ၿဗိတိန္သည္ အျခားႏိုင္ငံမ်ားကို အရႈပ္ထုပ္ထဲသို႔ ဆြဲမသြင္းဘဲ ေကာင္းစြာစီမံႏိုင္ လိမ့္မည္ဟူသည့္ ယုံၾကည္ခ်က္ကို ထည့္သြင္းေပးရန္မွာ ပိုမိုပင္ခက္ခဲလွေပသည္။