【 နိုင်ငံတကာဆောင်းပါး 】ထိရောက်သောကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ်ကို တရုတ်အကောင်အထည်ဖေါ်

【 နိုင်ငံတကာဆောင်းပါး 】ထိရောက်သောကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ်ကို တရုတ်အကောင်အထည်ဖေါ်

အောက်တိုဘာလ ၁၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်အမျိုးသားညီလာခံသို့တင်သွင်း သည့် အစီရင်ခံစာတစောင်တွင် ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေး နှင့် တိုးတက်ရေးတွင် အရေးပါသော အခန်းမှ ပါဝင်နေကြောင်း ပြောသည်။ ပူးပေါင်းဆေင်ရွက်ခြင်းဖြင့် ဘုံတိုးတက်မှု ကို သရုပ်ဖေါ်သော ကမ္ဘာ့စီမံအုပ်ချုပ်မှု ရည်မှန်းချက်တခုကို တရုတ်နိုင်ငံက အကောင်အထည်ဖေါ်မည်ဖြစ် ကြောင်း သူပြောသည်။

မကြာသေးမီနှစ်များအတွင် ကမ္ဘာ့စီမံအုပ်ချုပ်သည် အစမ်းသပ်ခံလာရသည်။ သဘာဝပတ်ဝန်းကျင် ဆိုင် ရာ ခြိမ်းခြောက်မှုများ၊ ကျန်းမာရေး အန္တရာယ်များနှင့် လုံခြုံရေး အပြစ်အနာအဆာများသည် တကမ္ဘာလုံးအတွက် အတားအဆီးအဖြစ် ပေါ်ထွက်လာကြောင်း သူပြောသည်။ ထို့အပြင် လုပ်ရပ်များ ရှေ့နောက်မညီခြင်း၊ မလုံ လောက်သော ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့သော ရန်ပုံငွေနှင့် နည်းပညာအထောက်အကူ ကင်းမဲ့ခြင်း၊ အဆင့်အသီးသီးတွင် မကျွမ်းကျင်မှု၊ ဖွင့်ဆိုမှုလွဲမှားခြင်း၊ ဦးစားပေး ပြဿနာများနှင့် အခြား ပြဿနာများသည် ကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ်အတွက် ပိုမို အန္တရာယ်များစေသည်။

ထို့ကြောင့် ကဏ္ဍပေါင်းစုံပါဝင်သော ကုလသမဂ္ဂ၏ ကမ္ဘာ့ရည်မှန်းချက်ပန်းတိုင်အများအပြား အကောင် အထည် ပေါ်မလာတော့ဘဲ အခြားနိုင်ငံ လက်တဆုပ်စာခန် နောက်ကျကျန်ရစ်သည်။ ထိုသို့သော မအောင်မြင်မှု များ အတွက် ပြည်တွင်း လူမှုစီးပွားနှင့် နိုင်ငံရေးအခြေအနေများကို အပြစ်တင်ကြသော်လည်း ကမ္ဘာ့စီမံအုပ်ချုပ်မှု သည်လည်း ထိုကိစ္စအတွက်တာဝန်ရှိသည်။

ထိုအပြစ်အနာအဆာများသည် ဘုံတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုအခြေခံဖြစ်သော နိုင်ငံစုံ တကမ္ဘာ လုံး ပူးပေါင်းဆောင်ရွက်မှုရေးကို များစွာပိုမိုခြိမ်းခြောက်လာသည်။ ထိုသို့ပေါ်ပေါက်လာသော စိန်ခေါ်မှုများသည် ဘက်စုံပြဿနာများဖြစ်ပြီး အမျိုးမျိုးသော ဇာတ်ဆောင်များက လိုအပ်သလို လုပ်ဆောင်ရန် လိုသောကြောင့် ၎င်း တို့ကို ကမ္ဘာတဝှမ်း တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည်။ ထို့အပြင် ဖွံ့ဖြိုးဆဲ လက်တင်အမေရိက၊ အာရှနှင့် အာဖရိက နိုင်ငံအများအပြားသည် ၎င်းတို့၏  ရှုပ်ထွေးသော စီးပွားရေး ပြဿနာ များနှင့် အခြားပြဿနာများအတွက် လိုအပ်ချက်အတိုင်း ပြုလုပ်ပေးထားသည့် အကူအညီများ လိုအပ်နေသည်။

ကမ္ဘာ့စနစ်မှ ထိုအပြစ်အနာအဆာမျးသည် ပြင်းထန်သော ထိုးနှက်ချက်ကိုဖြစ်စေသည်။ အထူးသဖြင့် တ ကမ္ဘာလုံး အညီအမျှတိုးတက်ရေးကို ရည်မှန်းပါက အကြွင်းမဲ့ ကမ္ဘာ့ပေါင်းစည်းမှုအခွင့်အရေးရှိသည့် ကမ္ဘာ့တောင် ပိုင်းကို ပိုမိုထိုးနှက်သည်။ ထို အန္တရာယ်များသည် လက်ရှိကမ္ဘာ့စီမံအုပ်ချုပ်မှုအတွက် ခြိမ်းခြောက်မှုတခု ဖြစ်သည် သာမက လာမည့် မျိုးဆက်များအတွင်လည်း ပြင်းထန်သော အန္တရာယ်ကို ဖြစ်စေနိုင်သည်။

ထို့ကြောင့် ကမ္ဘာ့စီမံအုပ်ချုပ်မှုသည် လမ်းကြောင်းပြောင်းရန်လိုသည့် ရှုပ်ထွေးသော အာခံမှုနှင့် ရင်ဆိုင် ရသည်။ ထိုသို့သော် အန္တရာယ်များ နောင်တနေ့တွင် ဆက်လက်မဖြစ်ပေါ်ရေးအတွက် လျှင်မြန်သော လုပ်ရပ်ဦး တည် အစီအမံများလိုအပ်သည်။ ထို့ကြောင့် ကုလသမဂ္ဂနှင့် လက်အောက်ခံအေဂျင်စီများ၏ လုပ်ငန်းအစီ အစဉ် များအောင်မြင်အောင်လုပ်ဆောင်ရန် ပြုပြင်ပြောင်းလဲရေး အစီအစဉ်အများအပြားကို အကောင်အထည်ဖေါ်ရ သည်။ တရုန်နိုင်ငံသည် ကုလသမဂ္ဂရင်ဆိုင်နေရသည့် ထိုစိန်ခေါ်မှုကို ဖြေရှင်းရန် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လုပ်ဆောင်သည်။

မည်သို့ဆိုစေကာမူ တရုတ်နိုင်ငံသည် နိုင်ငံစုံဝါဒကို ထောက်ခံပြီး လက်ရှိ ကုလသမဂ္ဂပြုပြင်ပြောင်းလရေး နှင့်ပတ်သက်သည့် ၎င်း၏ ထင်မြင်ယူဆချက်များကို ဖေါ်ပြခဲ့ပြီး ကုလသမဂ္ဂ၏ အခွင့်အာဏာနှင့် စွမ်းဆောင် ရည် ကို တိုးပွားစေသလို ခြိမ်းခြောက်မှုသစ်များကို ရင်ဆိုင်နိုင်စွမ်းကိုလည်း တိုးတက်စေသည်။ တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံတကာတာဝန်များကို ဖြည့်ဆည်းရန်နှင့် ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး စီးပွားရေး နှင့် ဗီတိုအာ ဏာရ ရှိသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် အဆင့်အတန်းနှင့် ကိုက်ညီစေရန် ထိုစနစ်ကို ပြန်လည်ချိန်ညှိရန် ကြိုးစားသည်။

တရုတ်နိုင်ငံသည် သြဇာကြီးမားလာသောကြောင့် ထိုနိုင်ငံတကာအင်စတီကျူးရှင်းများနှင့် ၎င်းတို့၏စနစ် များ ပြုပြင်ပြောင်းလဲတိုးတက်အောင် ပြုပြင်ပြောင်းလဲရေးတွင် တရုတ်နိုင်ငံ၏ လက်တွေ့ကျသာ အခန်းကဏ္ဍ သည် အားလုံးအကျိုးရှိရေးနှင့် ပိုမိုကောင်းမွန်သော ကမ္ဘာဖန်တီးရေးအတွက် နိုင်ငံတကာ စီမံအုပ်ချုပ်မှုစနစ်ကို ပုံဖေါ်ရာတွင် အဓိပ္ပါယ်များစွာဆောင်သည်။

တရုတ်နိုင်ငံသည် ပိုမိုထိရောက်သော နိုင်ငံတကာ လုပ်ငန်းတာဝန်များတွင် စနစ်နှင့်ပတ်သက်သော အ လုပ်မဖြစ်မှုများကို ဖေါ်ထုတ်၊ ပြန်လည်တည်ဆောက်၊ ပြုပြင်သည်။ ပိုမိုကြီးမားသော ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တရုတ် နိုင်ငံ၏ အဆင့််အတန်းသည် အာဏာဝင်ရိုးကွဲပြားလာမှုတွင် ချိန်ခွင်လျှာ ညှိပေးသည့် အဆင့်အတန်းသို့ ရောက် လာခဲ့သည်။ မျှခြေအနေအထားဖြစ်စေရန် အဆင့်အတန်းကြောင့်ဖြစ်လာသော အားထုတ်မှုသည် ကမ္ဘာ့ စီမံအုပ် ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့်တိုးတက်ရေးတွင် ၎င်း၏ ခေါင်းဆောင်မှုကိုပေးရန် တရုတ်နိုင်ငံအတွက် အခွင့်အလမ်းတခုကို ဖန်တီးပေးသည်။

သို့သော် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပြီးစီးရေးအတွက် လျှင် မြန်သော လုပ်ငန်းစဉ်ကို တွန်းအားပေးသင့်သည်။ ကမ္ဘာသည် ကုလသမဂ္ဂ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ပန်း တိုင်များ အောင်မြင်ရေးအတွက် လုပ်ဆောင်နေသည်။ တချိန်တည်းတွင် ပိုမိုများပြားသော စိန်ခေါ်မှုများသည် မိုးကုပ်စက်ဝိုင်းတွင်ရှိနေပြီး ထိုစိန်ခေါ်မှုများ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်နေသည်။ ထို့ကြောင့် ပေါ်ပေါက်လာသော ထိုစိန်ခေါ်မှုများ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ တွန်းလှန်နိုင်ပြီး ဇာတ်ဆောင် တဦး သို့မဟုတ် ဇာတ်ဆောင်တစု၏ တဘက်သတ် ဆောင်ရွက်ချက်ဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် တရုတ်နိုင်ငံ၏ အခန်ကဏ္ဍသည် အခြားနိုင်ငံများနှင့် ပေါင်းစပ်လိုက်သောခါ ပိုမိုခိုင်မာသော ရလဒ်များကို ဖြစ်စေနိုင်သည်။ ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲတိုးတက်ရေး စတင်ရန် ပူးပေါင်းဆောုင်ရွက်မှုကို ယခုခိုင်မာအောင်လုပ်ဆောင်ရမည်ဖြစ်သည်။ အနာဂတ်သည် လက်ရှိ ပူး ပေါင်းဆောင်ရွက်မှုများအပေါ်မူတည်သည်။ ထို့ကြောင့် ဆုံးဖြတ်ချက်များခိုင်မာလေလေ ကမ္ဘာအတွက် ပိုမို ကောင်းမွန်လေလေပင်ဖြစ်သည်။

 

Linko

 

Ref: CMG: China implements an effective global governance system