【 နိုင်ငံတကာဆောင်းပါး 】ရန်လိုသော လုပ်ထုံးလုပ်နည်းများအောက်တွင် အဆင့်မြင့်နည်းပညာမတိုးတက်နိုင်

【  နိုင်ငံတကာဆောင်းပါး 】ရန်လိုသော လုပ်ထုံးလုပ်နည်းများအောက်တွင် အဆင့်မြင့်နည်းပညာမတိုးတက်နိုင်

ဂူဂဲလ်၊ အက်ပဲလ်နှင့် အမေဇုန်အပါအဝင် တရားမဝင် အနိုင်ကျင့်သည်ဟု စွပ်စွဲခံရသည့် အချို့သော နည်းပညာကုမ္ပဏီများကို လက်ဝါးကြီးအုပ်မှုစုံစမ်းစစ်ဆေးရေးလုပ်ရန်အမေရိကန်အောက်လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

ကမ္ဘာတဝှမ်း ဆက်သွယ်ရေးနှင့် အင်တာနက်လောကတွင် ပြိုင်ဖက်ကင်းသြဇာအာဏာရရှိထားသော ထိုကုမ္ပဏီများအပေါ် မည်သည့်စုံစမ်းစစ်ဆေးမှုမဆိုသည် ဒစ်ဂျစ်တယ် စီးပွားရေးကို တိုးတက်မှုကို ထိခိုက်စေနိုင်သောကြောင့် အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် စိုးရိမ်ပူပန်မှုများကို ဖြစ်စေ သည်။

သမားရိုးကျကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ကွဲပြားခြားနားမှုများကြောင့် ထိုစုံစမ်းစစ်ဆေးမှုသည် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများ၏ အပြုအမူကိုသာမက ဒစ်ဂျစ်တယ် စီးပွားရေးနှင့်ပတ်သက်သော အမေရိကန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၏ ထိရောက်မှုကိုလည်း စမ်းသပ်လိုက်ခြင်းဖြစ်သည်။

အမေရိကန်ထိပ်တန်း နည်းပညာကုမ္ပဏီများသည် ကမ္ဘာ့ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက်မှုတွင် အရေး ပါသောအခန်းမှပါဝင်သည်။ ၎င်းတို့သည် လူမှုကွန်ရက်၊ အင်တာနက် ကုန်သွယ်မှု အီးကောမာ့စ်၊ မိုဘိုင်းဖုန်းငွေပေးချေမှုနှင့် ဉာဏ်ရည်တု အပါအဝင် ကဏ္ဍအမျိုးမျိုးတွင် ယှဉ်ပြိုင်မှု စည်းမျဉ်းများကိုပင်ချမှတ်ခဲ့ကြသည်။

 ဤ စက်မှုလုပ်ငန်းကြီးများသည် နယ်ပယ်အမျိုးမျိုးတွင် တဦးနှင့်တဦး ယှဉ်ပြိုင်ခဲ့ကြပြီး လက်ဝါးကြီး အုပ်မှုကို တားဆီးခဲ့နိုင်ခြေရှိသော်လည်း ၎င်းတို့သည်ယှဉ်ပြိုင်မှုအတွက်အတားအဆီးများ အထူး သဖြင့် လုပ်ငန်းသစ်များအတွက် အတားအဆီးများကို ဖန်တီးခဲ့ကြသည်ကို မငြင်းနိုင်ပေ။  

သမားရိုးကျ ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့်နှိုင်းယှဉ်လျှင် နည်းပညာလုပ်ငန်းကြီးများသည် လူသား ရင်းမြစ်နှင့် အသိပညာနှင့်သက်ဆိုင်သောလုပ်ငန်းများတွင် အားသာချက်ရှိသည်။ ထို့အပြင် ၎င်းတို့ သည် မရေရာသောဈေးကွက်အခြေအနေများကြောင့် ဆုံးရှုံးနိုင်ခြေကို ပိုမိုရင်ဆိုင်ရသည့် တချိန် တည်း တွင် အကြီးအကျယ် ကြိုတင်ရင်းနှီးမြှုတ်နှံကြရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ဆုံးရှုံးနိုင်ခြေများလေလေ၊ နည်းပညာလုပ်ငန်းကြီးများအတွက် အကျိုးအမြတ် ရနိုင်ခြေ များလေလေပင်ဖြစ်သည်။ အသေးစားအလတ်စား လုပ်ငန်းများမှာမူ ယှဉ်ပြိုင်မှုစရိတ်ကို မတတ်နိုင်သောကြောင့် ဈေးကွက်မှ ဆုတ်ခွာကြရပြီး ဈေးကွက်သို့ ဝင်ရောက်လာသော လုပ်ငန်းသစ်များမှာလည်း ဈေးကွက်စည်းမျဉ်းများကို အကျွမ်းတဝင်မရှိသောကြောင့် အလားတူဖြစ်ကြရသည်။  

အဆင့်မြင့်နည်းပညာလုပ်ငန်းကြီးများသည် ၎င်းတို့ထုတ်ကုန်များ၏ ထူးခြားချက်ကိုကာကွယ်ရန် မူပိုင်ခွင့်များပြုလုပ်ခြင်းကဲ့သို့သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပြီး ဈေးကွက်သို့ ဝင်ရောက် လာသူသစ်များ မချိုးဖေါက်နိုင်သော အတားအဆီးများကို ဖန်တီးကြသည်။ ထို့အပြင် အမေရိကန် တရားရေးစနစ်၏ ရှည်လျှားလှသော ပြန်လှန်စစ်ဆေးကာလကြောင့် နည်းပညာလုပ်ငန်းကြီးများသည် စွဲချက်များကို တုံ့ပြန်ရန်နှင့် ၎င်းတို့၏ လုပ်ငန်းများကို ချိန်ညှိရန် လှုပ်ရှားမှုနယ်ပယ်နှင့် အချိန်များစွာ ရရှိကြသည်။

သို့သော် နည်းပညာတီထွင်ဆန်းသစ်မှုကိုအားပေးရန် အဆင့်မြင့် နည်းပညာလုပ်ငန်းများသည် စဉ်ဆက် မပြတ် ရင်းနှီးမြှုပ်နှံကြရပြီး တရားရေးအမြင်ဖြင့် ၎င်းတို့ကိုသုံးသပ်ရန် ခြိမ်းခြောက်ခြင်း သည် ထိုသို့လုပ်ဆောင်ခြင်းကို တားဆီးရာရောက်နေသည်။ ၎င်းတို့အပေါ် အုပ်ချုပ်ရေးပိုင်းက နောက်ထပ်အရေးယူမှုများကိုရှောင်ရှားရန် ထိုလုပ်ငန်းများသည် အခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်စဲခြင်း အပါအဝင် ၎င်းတို့၏ ဈေးကွက်ဖေါ်ထုတ်ရေးနည်းလမ်းများကို ပြောင်းလဲ လိုက်နိုင် သည်။  

အဆင့်မြင့်နည်းပညာကုမ္ပဏီများသည် သုတေသနနှင့်ဖွံဖြိုးတိုးတက်ရေးတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသောကြောင့် ဒစ်ဂျစ်တယ် စီးပွားရေးသည် မကြာသေးမီနှစ်များအတွင်း အလျှင်အမြန် တိုးတက် လာသည်ကို တွေ့ခဲ့ရသည်။ ထိုသို့ သုတေသန နှင့်တိုးတက်ရေးတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသောကြောင့် ၎င်းတို့၏ ဈေးကွက်များကိုလည်း ပိုမိုကျယ်ပြန့်သည်။ သို့သော် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ပတ်သက်လျှင် အဓိကစီးပွားရေးများ၏ ဖွံ့ဖြိုးတိုးတက်မှု စံနမူနာပုံစံများနှင့် ၎င်းတို့၏ လုံခြုံရေးမူဝါဒများအကြားတွင် ကြီးမားသောကွာဟမှုရှိနေဆဲဖြစ်သည်။

လက်ရှိဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် အထူးသဖြင့် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် မကိုက်ညီသောကြောင့် အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ကုန်သွယ်ရေး လုပ်ငန်းများ အပေါ် ကြီးကြပ်ရန် ခက်ခဲလှသည်။ သင့်တင့်လျှောက်ပတ်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်း မရှိသောကြောင့် တီထွင်ဆန်းသစ်မှုအလိုအပ်ဆုံးနယ်ပယ်တွင် ရောင်းလိုအားနှင့် ဝယ်လိုအားဆက်စပ်မှုသည် ထိခိုက်လွယ်ဆုံးဖြစ်နေသည်။ နည်းပညာဈေးကွက် ပုံမှန်တိုးတက်စေရန် အခြေခံကိုချမှတ်ရန် နည်းပညာ လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းဖြင့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဟာကွက်များကို ဆက်စပ်နိုင်ပြီး ဥပဒေ စံနမူနာကောင်းချမှတ်နိုင်မည်ဟု အမေရိကန်ကမျှော်လင့်နေသည်။
 
အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ပြည်တွင်းဥပဒေကို နိုင်ငံတကာဥပဒေအဖြစ်သတ်မှတ်တတ်သည်။ ထို့အပြင် အမေရိကန်အစိုးရသည် ၎င်း၏နည်းပညာဦးဆောင်မှုကို ထူထောင်ရန် အမေရိကန် ပထမ မူဝါဒကို ချမှတ်ကျင့်သုံးခြင်းဖြင့် အထက်ပါ မူဝါဒ ကိုလိုက်နာရန် ဆုံးဖြတ်ထားပုံရသည်။ သို့သော် အမေရိကန်၏ နည်းပညာလွှမ်းမိုးမှုသည် ကမ္ဘာတဝှမ်းနည်းပညာတီထွင်စမ်းသစ်မှုနှင့်တိုးတက်ရေးကို အနှောက်အယှက်ဖြစ်စေနိုင်သည်။

(  Zawgyi  )
 

 ဂူဂဲလ္၊ အက္ပဲလ္ႏွင့္ အေမဇုန္အပါအဝင္ တရားမဝင္ အႏိုင္က်င့္သည္ဟု စြပ္စြဲခံရသည့္ အခ်ိဳ႕ေသာ နည္းပညာကုမၸဏီမ်ားကို လက္ဝါးႀကီးအုပ္မႈစုံစမ္းစစ္ေဆးေရးလုပ္ရန္အေမရိကန္ေအာက္လႊတ္ေတာ္က ဆုံးျဖတ္လိုက္သည္။

ကမာၻတဝွမ္း ဆက္သြယ္ေရးႏွင့္ အင္တာနက္ေလာကတြင္ ၿပိဳင္ဖက္ကင္းၾသဇာအာဏာရရွိထားေသာ ထိုကုမၸဏီမ်ားအေပၚ မည္သည့္စုံစမ္းစစ္ေဆးမႈမဆိုသည္ ဒစ္ဂ်စ္တယ္ စီးပြားေရးကို တိုးတက္မႈကို ထိခိုက္ေစႏိုင္ေသာေၾကာင့္ ေအာက္လႊတ္ေတာ္၏ ဆုံးျဖတ္ခ်က္သည္ စိုးရိမ္ပူပန္မႈမ်ားကို ျဖစ္ေစ သည္။

သမား႐ိုးက်ကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားတြင္ ကြဲျပားျခားနားမႈမ်ားေၾကာင့္ ထိုစုံစမ္းစစ္ေဆးမႈသည္ ဆက္သြယ္ေရး ဝန္ေဆာင္မႈေပးသူမ်ား၏ အျပဳအမူကိုသာမက ဒစ္ဂ်စ္တယ္ စီးပြားေရးႏွင့္ပတ္သက္ေသာ အေမရိကန္ဥပေဒႏွင့္ လုပ္ထုံးလုပ္နည္းမ်ား၏ ထိေရာက္မႈကိုလည္း စမ္းသပ္လိုက္ျခင္းျဖစ္သည္။

အေမရိကန္ထိပ္တန္း နည္းပညာကုမၸဏီမ်ားသည္ ကမာၻ႔ဒစ္ဂ်စ္တယ္ စီးပြားေရး တိုးတက္မႈတြင္ အေရး ပါေသာအခန္းမွပါဝင္သည္။ ၎တို႔သည္ လူမႈကြန္ရက္၊ အင္တာနက္ ကုန္သြယ္မႈ အီးေကာမာ့စ္၊ မိုဘိုင္းဖုန္းေငြေပးေခ်မႈႏွင့္ ဉာဏ္ရည္တု အပါအဝင္ က႑အမ်ိဳးမ်ိဳးတြင္ ယွဥ္ၿပိဳင္မႈ စည္းမ်ဥ္းမ်ားကိုပင္ခ်မွတ္ခဲ့ၾကသည္။

 ဤ စက္မႈလုပ္ငန္းႀကီးမ်ားသည္ နယ္ပယ္အမ်ိဳးမ်ိဳးတြင္ တဦးႏွင့္တဦး ယွဥ္ၿပိဳင္ခဲ့ၾကၿပီး လက္ဝါးႀကီး အုပ္မႈကို တားဆီးခဲ့ႏိုင္ေျခရွိေသာ္လည္း ၎တို႔သည္ယွဥ္ၿပိဳင္မႈအတြက္အတားအဆီးမ်ား အထူး သျဖင့္ လုပ္ငန္းသစ္မ်ားအတြက္ အတားအဆီးမ်ားကို ဖန္တီးခဲ့ၾကသည္ကို မျငင္းႏိုင္ေပ။  

သမား႐ိုးက် ကုန္ထုတ္လုပ္မႈ က႑ႏွင့္ႏႈိင္းယွဥ္လွ်င္ နည္းပညာလုပ္ငန္းႀကီးမ်ားသည္ လူသား ရင္းျမစ္ႏွင့္ အသိပညာႏွင့္သက္ဆိုင္ေသာလုပ္ငန္းမ်ားတြင္ အားသာခ်က္ရွိသည္။ ထို႔အျပင္ ၎တို႔ သည္ မေရရာေသာေဈးကြက္အေျခအေနမ်ားေၾကာင့္ ဆုံးရႈံးႏိုင္ေျခကို ပိုမိုရင္ဆိုင္ရသည့္ တခ်ိန္ တည္း တြင္ အႀကီးအက်ယ္ ႀကိဳတင္ရင္းႏွီးျမႇဳတ္ႏွံၾကရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ဆုံးရႈံးႏိုင္ေျခမ်ားေလေလ၊ နည္းပညာလုပ္ငန္းႀကီးမ်ားအတြက္ အက်ိဳးအျမတ္ ရႏိုင္ေျခ မ်ားေလေလပင္ျဖစ္သည္။ အေသးစားအလတ္စား လုပ္ငန္းမ်ားမွာမူ ယွဥ္ၿပိဳင္မႈစရိတ္ကို မတတ္ႏိုင္ေသာေၾကာင့္ ေဈးကြက္မွ ဆုတ္ခြာၾကရၿပီး ေဈးကြက္သို႔ ဝင္ေရာက္လာေသာ လုပ္ငန္းသစ္မ်ားမွာလည္း ေဈးကြက္စည္းမ်ဥ္းမ်ားကို အကြၽမ္းတဝင္မရွိေသာေၾကာင့္ အလားတူျဖစ္ၾကရသည္။  

အဆင့္ျမင့္နည္းပညာလုပ္ငန္းႀကီးမ်ားသည္ ၎တို႔ထုတ္ကုန္မ်ား၏ ထူးျခားခ်က္ကိုကာကြယ္ရန္ မူပိုင္ခြင့္မ်ားျပဳလုပ္ျခင္းကဲ့သို႔ေသာ နည္းလမ္းအမ်ိဳးမ်ိဳးကို အသုံးျပဳၾကၿပီး ေဈးကြက္သို႔ ဝင္ေရာက္ လာသူသစ္မ်ား မခ်ိဳးေဖါက္ႏိုင္ေသာ အတားအဆီးမ်ားကို ဖန္တီးၾကသည္။ ထို႔အျပင္ အေမရိကန္ တရားေရးစနစ္၏ ရွည္လွ်ားလွေသာ ျပန္လွန္စစ္ေဆးကာလေၾကာင့္ နည္းပညာလုပ္ငန္းႀကီးမ်ားသည္ စြဲခ်က္မ်ားကို တုံ႔ျပန္ရန္ႏွင့္ ၎တို႔၏ လုပ္ငန္းမ်ားကို ခ်ိန္ညႇိရန္ လႈပ္ရွားမႈနယ္ပယ္ႏွင့္ အခ်ိန္မ်ားစြာ ရရွိၾကသည္။

သို႔ေသာ္ နည္းပညာတီထြင္ဆန္းသစ္မႈကိုအားေပးရန္ အဆင့္ျမင့္ နည္းပညာလုပ္ငန္းမ်ားသည္ စဥ္ဆက္ မျပတ္ ရင္းႏွီးျမႇဳပ္ႏွံၾကရၿပီး တရားေရးအျမင္ျဖင့္ ၎တို႔ကိုသုံးသပ္ရန္ ၿခိမ္းေျခာက္ျခင္း သည္ ထိုသို႔လုပ္ေဆာင္ျခင္းကို တားဆီးရာေရာက္ေနသည္။ ၎တို႔အေပၚ အုပ္ခ်ဳပ္ေရးပိုင္းက ေနာက္ထပ္အေရးယူမႈမ်ားကိုေရွာင္ရွားရန္ ထိုလုပ္ငန္းမ်ားသည္ အျခားကုမၸဏီမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ ရပ္စဲျခင္း အပါအဝင္ ၎တို႔၏ ေဈးကြက္ေဖၚထုတ္ေရးနည္းလမ္းမ်ားကို ေျပာင္းလဲ လိုက္ႏိုင္ သည္။  

အဆင့္ျမင့္နည္းပညာကုမၸဏီမ်ားသည္ သုေတသနႏွင့္ဖြံၿဖိဳးတိုးတက္ေရးတြင္ အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံေသာေၾကာင့္ ဒစ္ဂ်စ္တယ္ စီးပြားေရးသည္ မၾကာေသးမီႏွစ္မ်ားအတြင္း အလွ်င္အျမန္ တိုးတက္ လာသည္ကို ေတြ႕ခဲ့ရသည္။ ထိုသို႔ သုေတသန ႏွင့္တိုးတက္ေရးတြင္ အႀကီးအက်ယ္ ရင္းႏွီးျမႇဳပ္ႏွံေသာေၾကာင့္ ၎တို႔၏ ေဈးကြက္မ်ားကိုလည္း ပိုမိုက်ယ္ျပန႔္သည္။ သို႔ေသာ္ ဒစ္ဂ်စ္တယ္ စီးပြားေရးႏွင့္ ပတ္သက္လွ်င္ အဓိကစီးပြားေရးမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈ စံနမူနာပုံစံမ်ားႏွင့္ ၎တို႔၏ လုံၿခဳံေရးမူဝါဒမ်ားအၾကားတြင္ ႀကီးမားေသာကြာဟမႈရွိေနဆဲျဖစ္သည္။

လက္ရွိဥပေဒႏွင့္ လုပ္ထုံးလုပ္နည္းမ်ားသည္ အထူးသျဖင့္ ဒစ္ဂ်စ္တယ္ စီးပြားေရးႏွင့္ မကိုက္ညီေသာေၾကာင့္ အင္တာနက္ဝန္ေဆာင္မႈႏွင့္ပတ္သက္သည့္ ကုန္သြယ္ေရး လုပ္ငန္းမ်ား အေပၚ ႀကီးၾကပ္ရန္ ခက္ခဲလွသည္။ သင့္တင့္ေလွ်ာက္ပတ္ေသာ ဥပေဒႏွင့္ လုပ္ထုံးလုပ္နည္း မရွိေသာေၾကာင့္ တီထြင္ဆန္းသစ္မႈအလိုအပ္ဆုံးနယ္ပယ္တြင္ ေရာင္းလိုအားႏွင့္ ဝယ္လိုအားဆက္စပ္မႈသည္ ထိခိုက္လြယ္ဆုံးျဖစ္ေနသည္။ နည္းပညာေဈးကြက္ ပုံမွန္တိုးတက္ေစရန္ အေျခခံကိုခ်မွတ္ရန္ နည္းပညာ လုပ္ငန္းႀကီးမ်ားကို လက္ဝါးႀကီးအုပ္မႈတိုက္ဖ်က္ေရး စုံစမ္းစစ္ေဆးမႈျပဳလုပ္ျခင္းျဖင့္ ဥပေဒႏွင့္ လုပ္ထုံးလုပ္နည္းဟာကြက္မ်ားကို ဆက္စပ္ႏိုင္ၿပီး ဥပေဒ စံနမူနာေကာင္းခ်မွတ္ႏိုင္မည္ဟု အေမရိကန္ကေမွ်ာ္လင့္ေနသည္။
 
အေမရိကန္ႏိုင္ငံသည္ ၎တို႔၏ ျပည္တြင္းဥပေဒကို ႏိုင္ငံတကာဥပေဒအျဖစ္သတ္မွတ္တတ္သည္။ ထို႔အျပင္ အေမရိကန္အစိုးရသည္ ၎၏နည္းပညာဦးေဆာင္မႈကို ထူေထာင္ရန္ အေမရိကန္ ပထမ မူဝါဒကို ခ်မွတ္က်င့္သုံးျခင္းျဖင့္ အထက္ပါ မူဝါဒ ကိုလိုက္နာရန္ ဆုံးျဖတ္ထားပုံရသည္။ သို႔ေသာ္ အေမရိကန္၏ နည္းပညာလႊမ္းမိုးမႈသည္ ကမာၻတဝွမ္းနည္းပညာတီထြင္စမ္းသစ္မႈႏွင့္တိုးတက္ေရးကို အေႏွာက္အယွက္ျဖစ္ေစႏိုင္သည္။