【 နိုင်ငံတကာဆောင်းပါး 】ရာသီဥတုအရေးပေါ်အခြေအနေက မိမိတို့ကို ထုံထိုင်းမှုမှ လှုပ်နှိုးမည် လား

【 နိုင်ငံတကာဆောင်းပါး 】ရာသီဥတုအရေးပေါ်အခြေအနေက မိမိတို့ကို ထုံထိုင်းမှုမှ လှုပ်နှိုးမည် လား

တိုးပွားလာသော တိရစ္ဆာန်အရေအတွက်၊ ကမ္ဘာ့သစ်တောဖုံးလွှမ်းမှု ဆုံးရှုံးခြင်းနှင့် ကာဗွန်ဒိုင်အောက် ဆိုက်နှင့် ဖန်လုံအိမ်ဓါတ်ငွေ့များ ပိုမိုထုတ်လုပ်လာခြင်းနှင့် အခြားအကြောင်းများ အပါအဝင် လူသား တို့၏လုပ်ရပ်များကြောင့် နက်နက်ရှိုင်း ရှိုင်းဒုက္ခပေးလာသည့် လက္ခဏာများကို မြင်တွေ့နေရသည်။

၎င်းတို့သည် ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ပြီး ပိုမိုပူအိုက်သော နွေရာသီများ၊ ကျယ်ပြန့်သော တောမီးများ၊ ဆိုင်ကလုန်းမုန်တိုင်းများပိုမိုများပြားလာခြင်း၊ အဆက် မပြတ် မိုးရွာရေကြိးခြင်း၊ အအေးလွန်ကဲသော ဆောင်းရာသီများ၊ မိုးခေါင်မှုမြင့်မားခြင်းများနှင့် သဲကန္တာရဖြစ်ထွန်းမှုများ စသည့် ထူးခြားသော ရာသီဥတုပုံစံများကို ဖြစ်စေခြင်း ဖြစ်နိုင်သည်။

အချို့သော သံသယဝါဒီများက ဆန့်ကျင်ဖက်ပြောဆိုမှုများပြုလုပ်နေသော်လည်း ရာသီဥတုပြောင်း လဲခြင်း သည် ပကတိ အမှန်တရားဖြစ်သည်။ ထို့အပြင် ငြင်းဆန်နေထိုင်ခြင်းသည် မည်သည့် သက်ရှိသတ္တဝါကိုမျှ အထောက်အကူမပြုနိုင်ပေ။လက်တွေ့တွင် ထိုသို့ငြင်းဆန်ခြင်းနှင့် နောက်ဆက် တွဲဖြစ်ပေါ်လာသော ယခင်အတိုင်းနေထိုင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို ပိုမိုပြင်းထန်စေသည်။ ပင်လယ်သစ်လမ်းကြောင်းပွင့်လာသောကြောင့် ကုန်သွယ်ရေး လမ်းကြောင်းပွင့်လာခြင်းနှင့် ထိုဒေသ တွင် သဘာဝ သယံဇာတများ အထူးသဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ခြင်း တို့မှအမြတ် ထုတ်ရန် မျှော်လင့်ချက်ဖြင့် အာတိတ် (နှင့် အတ္တလန်တိတ်) တွင် မကြုံစဖူး ရေခဲများပျော်ခြင်းအပေါ် (တိတ်တဆိတ်) အောင်ပွဲခံခြင်းသည် ဆိုးရွားလှသောလမ်းကြောင်းကို ပြသနေသည်။

လူသားမျိုးနွယ်ကို သဘာဝဘေးအန္တရာယ်များသို့ တွန်းပို့နေသည်မှာ ထို ပျက်စီးယိုယွင်းနေသော ရာသီဥတုနှင့် သဘာဝမြေမျက်နှာသွင်ပြင်အပေါ် အေးတိအေးစက်နေခြင်းပင်ဖြစ်သည်။ လူသား မျိုးနွယ် သည် ရာသီဥတုအရေးပေါ်အခြေအနေကို မတိုက်ဖျက်ပါက ပြောမပြနိုင်သော ဒုက္ခများ ရင်ဆိုင် ရမည်ဖြစ်ကြောင်း ယခုအခါ သိပ္ပံပညာရှင် ၁၁၀၀၀ ကျော်က သတိပေးထားခဲ့သည်။

 ပြောမပြနိုင်သော အန္တရာယ်များကို ရှောင်ရှားရန်အတွက် မိမိတို့၏ ဇီ၀၀န်းကျင်ကို ထိန်းသိမ်းရန် ကြီးမားများပြားသော အားထုတ်မှုများလိုအပ်ကြောင်း ကမ္ဘာတဝှမ်းမှ သိပ္ပံပညာရှင်များက BioScience ဂျာနယ်ပါကြေညာချက်တစောင်တွင် နိုဝင်ဘာလ ၅ ရက်နေ့က သတိပေးထားသည်။ ကြောက်မက် စရာကောင်းသော လမ်းကြောင်းများကြောင့် အရေးယူဆောင်ရွက်ရန်လိုကြောင်း လွန်ခဲ့သော နှစ် ၄၀ ကကျင်းပသည့် ကမ္ဘာ့ပထမဆုံး ရာသီဥတုပြောင်းလဲမှု ညီလာခံတွင် နိုင်ငံပေါင်း ၅၀ မှ သိပ္ပံပညာ ရှင်များ သဘောတူခဲ့ကြသည်။ သို့သော်လည်း မိမိတို့ အချို့သောခြွင်းချက်များမှအပ ထုံးစံအတိုင်းသာ ဆက်လက်နေထိုင်ခဲ့ကြပြီး ကမ္ဘာကြီးကို ဘေးအန္တရာယ်ဆီသို့ ပိုမိုတွန်းပို့ခဲ့ကြသည်။

မူလက ဖွံဖြိုးပြီးကမ္ဘာတွင်စတင်ပြီးယခုအခါတကမ္ဘာလုံးအတိုင်းအတာနှင့်ဖြစ်လာသော လူသားများ၏ ဆန္ဒများနှင့် လှုပ်ရှားမှုများ၊ လူဦးရေများပြားလာခြင်း၊ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများကို လောင် ကျွမ်းစေခြင်း၊ သစ်တောဆုံးရှုံးမှု၊ အကြီး အကျယ်လယ်ယာစိုက်ပျိုးခြင်း၊ တိရစ္ဆာန် အရေအတွက် တိုးပွားလာခြင်း တို့သည် ရာသီဥတုပြောင်းလဲမှုကို အဓိကမောင်းနှင်သည်ဟု သတ်မှတ်ထားသည်။ ထိုလမ်းကြောင်းများကို ဟန့်တားရမည့်အစား မိမိတို့သည် ပိုမိုများပြားသောငွေနှင့် အာဏာကို ဖွေရှာပြီး လူသားထုရင်ဆိုင်နေရသည့် အပြင်းထန်ဆုံးသောပြဿနာကို မသိကျိုးကျွံပြုနေကြသည်။

ဆစ်ဒနီတက္ကသိုလ်၊ အော်ရီဂန်ပြည်နယ်တက္ကသိုလ်၊ ကိပ်တောင်း တက္ကသိုလ်၊ မက်ဆာချူးဆက် တပ်ဖ်တက္ကသိုလ် တို့ကရေးသားပြီး သိပ်ပံပညာရှင် ၁၁၀၀၀ ကျော်လက်မှတ်ရေးထိုးသည့် ရာသီဥတု အရေးပေါ်အခြေအနေကို ကမ္ဘာသိပ်ပံ ပညာရှင်များ၏ သတိပေးချက် အမည်ရှိ ထိုစာတမ်းတွင် သစ်တော များသည် ကာဗွန်မြှုပ်နှံသည် အဓိက အရာများအဖြစ် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ရမည် ဟု သတိပေးထားသည်။

စီပွားရေးနှင့်ပတ်သက်ပြီး ထိုစာတမ်းတွင် လူသားမျိုးနွယ်သည် ကမ္ဘာကို ဖိစီးနေသည်မှာ ကာလကြာ ပြီဖြစ်သော ဆက်လက်ဖြစ်ပေါ်နေသည့် စားသုံးမှုတိုးတက်ခြင်းနှင့် အခြေခံလိုအပ်ချက်များကို ဦးစားပေးခြင်းနှင့် မညီမျှမှုလျှော့ချခြင်း တို့အကြား ပြတ်ပြတ်သားသား ရွေးချယ်ရတော့ မည်ဖြစ်ကြောင်းလည် ထိုစာတမ်းက မှတ်ချက်ချသည်။

လက်ရှိအချိန်တွင် တနှစ်လျှင် သန်း ၈၀ ရှိသော လူဦးရေ တိုးတက်မှု ပြဿနာကိုဆွေးနွေးရာတွင် လူဦးရေတိုးတက်မှုကို အမြန်ဆုံးတည်ငြိမ်အောင်လုပ်ဆောင်သင့်ပြီးနောက် လျှော့ချသင့်ကြောင်း ထိုစာတမ်းကဆိုသည်။ ထိုသို့ဆို လျှင် ပညာရေးကို ဖြန့်ကျက်ရန်၊ ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန်နှင့် မညီမျှမှုကို လျှော့ချရန်လိုသည်။ ထိုသို့လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံသည် အရေးပါသောအခန်းမှပါဝင်သည်။

သို့သော် ထိုကဲ့သို့သော သတိပေးချက်များသည် အသစ်အဆန်းမဟုတ်ပေ။ ကမ္ဘာမြေ၏ တောင်းဆို မှုကို မိမိတို့ ဂရုမစိုက်ဘဲ မိမိတို့ နည်းလမ်းများကိုမပြင်လျှင် နီးကပ်လာမည့် ထိုဘေးအန္တရာယ်ကို ရာသီဥတု သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးသမားများက သတိပေးနေသည် မှာ ကြာမြင့်ပြီဖြစ်သည်။ သို့သော် အာရုံစိုက်မှုနည်းလွန်းပြီး ထိရောက်မှုလည်းမရှိပေ။

လူသားထုရင်ဆိုင်နေရသော စိန်ခေါ်မှု၏ ပြင်းထန်မှုကို ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နှင့် ကိုလံဘီယာ သမ္မတဟောင်းက ဒူဘိုင်းတွင် အောက်တိုဘာလနှောင်းပိုင်းကကျင်းပသော ကမ္ဘာ့အစိမ်းရောင်စီးပွားရေး ထိပ်သီးဆွေးနွေးပွဲတွင် World Green Economy Summit တိုင်းတာပြ ခဲ့သည်။ “ညူကလီးယားစစ်ပွဲခြိမ်းခြောက်မှု ရှိနေသေးသည်။ သို့သော် သေချာပေါက် ပိုမိုဆိုးရွား သည်မှာ ရာသီဥတုပြောင်းလဲခြင်းဖြစ်သည်။ မိမိတို့ အရေးယူဆောင်ရွက်ခြင်းမရှိပါက မျိုးတုန်းပျောက် ကွယ်မည်ဖြစ်သည်။ ဆက်လက်ရှင်သန်ရေးအတွက် အရေးယူဆောင်ရွက်ရမည်” ဟု သူပြောသည်။

 ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် မိမိတို့ကမ္ဘာ့လူ့အဖွဲ့အစည်း လုပ်ဆောင်ပုံ နည်းလမ်းများကို အဓိက ပြောင်းလဲမှုလိုပြီး သဘာဝဂေဟစနစ်နှင့် အပြန်အလှန်ပြုမူဆောင်ရွက်ရန်လိုသည်ဟု သိပ်ပံပညာရှင်များပြောသည်။ ၎င်းတို့က ရည်မှန်းချက် ခြောက်ချက်ကို အထူးအာာရုံစိုက်သည်။ ထို ခြောက်ချက်မှာ စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ သက်တမ်းတို ညစ်ညမ်းအရာများလျှော့ချရေး၊ ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေး၊ အစားအစာစနစ် အကြီးမားဆုံးတိုးချဲ့ရေး၊ ကာဗွန်မဲ့စီးပါားရေးများ တည်ဆောက်ခြင်းနှင့် လူဦးရေတည်ငြိမ်ရေးတို့ဖြစ်သည်။
 
အစိုးရဌာနများသည် ရာသီဥတုအရေးပေါ်အခြေအနေကြေညာချက်များ ထုတ်ပြန်လာသောကြောင့် မကြာသေးမီက ပူပန်မှုများတိုးလာခြင်းကြောင့် အားတက်ပြိး အပြောင်းအလဲတခုဖြစ်လာမည်ဟု သိပ်ပံပညာရှင်များက ထိုစာတမ်းတွင်ဖေါ်ပြသည်။ ကျောင်းသားများသည် ဆန္ဒပြလာကြသည်။ ရည်ရွယ်ချက်ဖြင့် ပတ်ဝန်းကျင်ကိုဖျက်ဆီးသော အမှုများကို တရားရုံးတွင် စစ်ဆေးလာကြသည်။

 အောက်ခြေနိုင်ငံသား လှုပ်ရှားမှုများ အပြောင်အလဲကို တောင်းဆိုလာကြသည်။ နိုင်ငံများ၊ ပြည်နယ် များ၊ မြို့ကြီးများနှင့် စီးပွားရေး လုပ်ငန်းများသည် တုန့်ပြန်ဆောင်ရွက်လာကြသည်။ ထို အရေးပါသော လက္ခဏာများကို မူဝါဒ ချမှတ်သူများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်သူတို့ကသုံးပြီး အကျပ်အတည်း၏ အတိုင်းအတာ၊ တိုးတက်မှုလမ်းကြောင်းတို့ကို နားလည်ကာ ရာသီဥတုပြောင်လဲမှု လျှော့ချရေး အတွက် ဦးစားပေးများကို ပြန်လည်ချိန်ညှိမည်ဟု ၎င်းတို့မျှော်လင့်ကြသည်။

အချို့သော အညွုန်းကိန်းများနှင့်ပတ်သက်လျှင် ၎င်းတို့မှန်နိုင်သော်လည်း ပုဂ္ဂလိက ကဏ္ဍသည် ရာသီဥတုလျှော့ချရေးကိုကူညီမည်ဟု မျှော်လင့်ခြင်ဖြင့် ၎င်းတို့သည် မသိနားမလည်ဖြစ်ကာ ပိုမိုဆိုးသည်မှာ ၎င်းတို့၏ မစွမ်းဆောင်နိုင်မှုကို ပြသနေသည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက် ရာတွင် အစိုးရ၏ အရေးပါမှုနှင့်ပတ်သက်လျှင် ကမ္ဘာသည် တရုတ်နိုင်ငံထံမှ အရာ တခု၊ နှစ်ခု လေ့လာနိုင်ကောင်းလေ့လာနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု တိုက် ဖျက်ရေးကို အစိုးရ၏ ဦးစားပေးအဖြစ်သတ်မှတ်ထားသည်။

ပုဂ္ဂလိက ကဏ္ဍသည် အကျိုအမြတ်လောဘ မောင်းနှင်ခံရခြင်းကို မရပ်တန့်နိုင်သောကြောင့် ပြဿနာ၏ တစိတ်တပိုင်းဖြစ်ပြီး အဖြေမဟုတ်သည်ကို မိမိတို့နားလည်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ အကျိုအမြတ်ရ တိုင်းသာလုပ်နေပါက ကမ္ဘာကြီးသည် ---- 

(  Zawgyi  )

 တိုးပြားလာေသာ တိရစာၦန္အေရအတြက္၊ ကမာၻ႔သစ္ေတာဖုံးလႊမ္းမႈ ဆုံးရႈံးျခင္းႏွင့္ ကာဗြန္ဒိုင္ေအာက္ ဆိုက္ႏွင့္ ဖန္လုံအိမ္ဓါတ္ေငြ႕မ်ား ပိုမိုထုတ္လုပ္လာျခင္းႏွင့္ အျခားအေၾကာင္းမ်ား အပါအဝင္ လူသား တို႔၏လုပ္ရပ္မ်ားေၾကာင့္ နက္နက္ရႈိင္း ရႈိင္းဒုကၡေပးလာသည့္ လကၡဏာမ်ားကို ျမင္ေတြ႕ေနရသည္။

၎တို႔သည္ ကမာၻႀကီး ပိုမိုပူေႏြးလာျခင္း၏ အဓိကအေၾကာင္းရင္းမ်ားျဖစ္ၿပီး ပိုမိုပူအိုက္ေသာ ေႏြရာသီမ်ား၊ က်ယ္ျပန႔္ေသာ ေတာမီးမ်ား၊ ဆိုင္ကလုန္းမုန္တိုင္းမ်ားပိုမိုမ်ားျပားလာျခင္း၊ အဆက္ မျပတ္ မိုး႐ြာေရႀကိးျခင္း၊ အေအးလြန္ကဲေသာ ေဆာင္းရာသီမ်ား၊ မိုးေခါင္မႈျမင့္မားျခင္းမ်ားႏွင့္ သဲကႏၲာရျဖစ္ထြန္းမႈမ်ား စသည့္ ထူးျခားေသာ ရာသီဥတုပုံစံမ်ားကို ျဖစ္ေစျခင္း ျဖစ္ႏိုင္သည္။

အခ်ိဳ႕ေသာ သံသယဝါဒီမ်ားက ဆန႔္က်င္ဖက္ေျပာဆိုမႈမ်ားျပဳလုပ္ေနေသာ္လည္း ရာသီဥတုေျပာင္း လဲျခင္း သည္ ပကတိ အမွန္တရားျဖစ္သည္။ ထို႔အျပင္ ျငင္းဆန္ေနထိုင္ျခင္းသည္ မည္သည့္ သက္ရွိသတၱဝါကိုမွ် အေထာက္အကူမျပဳႏိုင္ေပ။လက္ေတြ႕တြင္ ထိုသို႔ျငင္းဆန္ျခင္းႏွင့္ ေနာက္ဆက္ တြဲျဖစ္ေပၚလာေသာ ယခင္အတိုင္းေနထိုင္ျခင္းသည္ ရာသီဥတုေျပာင္းလဲမႈကို ပိုမိုျပင္းထန္ေစသည္။ ပင္လယ္သစ္လမ္းေၾကာင္းပြင့္လာေသာေၾကာင့္ ကုန္သြယ္ေရး လမ္းေၾကာင္းပြင့္လာျခင္းႏွင့္ ထိုေဒသ တြင္ သဘာဝ သယံဇာတမ်ား အထူးသျဖင့္ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕ ထုတ္လုပ္ျခင္း တို႔မွအျမတ္ ထုတ္ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ အာတိတ္ (ႏွင့္ အတၱလန္တိတ္) တြင္ မႀကဳံစဖူး ေရခဲမ်ားေပ်ာ္ျခင္းအေပၚ (တိတ္တဆိတ္) ေအာင္ပြဲခံျခင္းသည္ ဆိုး႐ြားလွေသာလမ္းေၾကာင္းကို ျပသေနသည္။

လူသားမ်ိဳးႏြယ္ကို သဘာဝေဘးအႏၲရာယ္မ်ားသို႔ တြန္းပို႔ေနသည္မွာ ထို ပ်က္စီးယိုယြင္းေနေသာ ရာသီဥတုႏွင့္ သဘာဝေျမမ်က္ႏွာသြင္ျပင္အေပၚ ေအးတိေအးစက္ေနျခင္းပင္ျဖစ္သည္။ လူသား မ်ိဳးႏြယ္ သည္ ရာသီဥတုအေရးေပၚအေျခအေနကို မတိုက္ဖ်က္ပါက ေျပာမျပႏိုင္ေသာ ဒုကၡမ်ား ရင္ဆိုင္ ရမည္ျဖစ္ေၾကာင္း ယခုအခါ သိပၸံပညာရွင္ ၁၁၀၀၀ ေက်ာ္က သတိေပးထားခဲ့သည္။

 ေျပာမျပႏိုင္ေသာ အႏၲရာယ္မ်ားကို ေရွာင္ရွားရန္အတြက္ မိမိတို႔၏ ဇီ၀၀န္းက်င္ကို ထိန္းသိမ္းရန္ ႀကီးမားမ်ားျပားေသာ အားထုတ္မႈမ်ားလိုအပ္ေၾကာင္း ကမာၻတဝွမ္းမွ သိပၸံပညာရွင္မ်ားက BioScience ဂ်ာနယ္ပါေၾကညာခ်က္တေစာင္တြင္ ႏိုဝင္ဘာလ ၅ ရက္ေန႔က သတိေပးထားသည္။ ေၾကာက္မက္ စရာေကာင္းေသာ လမ္းေၾကာင္းမ်ားေၾကာင့္ အေရးယူေဆာင္႐ြက္ရန္လိုေၾကာင္း လြန္ခဲ့ေသာ ႏွစ္ ၄၀ ကက်င္းပသည့္ ကမာၻ႔ပထမဆုံး ရာသီဥတုေျပာင္းလဲမႈ ညီလာခံတြင္ ႏိုင္ငံေပါင္း ၅၀ မွ သိပၸံပညာ ရွင္မ်ား သေဘာတူခဲ့ၾကသည္။ သို႔ေသာ္လည္း မိမိတို႔ အခ်ိဳ႕ေသာႁခြင္းခ်က္မ်ားမွအပ ထုံးစံအတိုင္းသာ ဆက္လက္ေနထိုင္ခဲ့ၾကၿပီး ကမာၻႀကီးကို ေဘးအႏၲရာယ္ဆီသို႔ ပိုမိုတြန္းပို႔ခဲ့ၾကသည္။

မူလက ဖြံၿဖိဳးၿပီးကမာၻတြင္စတင္ၿပီးယခုအခါတကမာၻလုံးအတိုင္းအတာႏွင့္ျဖစ္လာေသာ လူသားမ်ား၏ ဆႏၵမ်ားႏွင့္ လႈပ္ရွားမႈမ်ား၊ လူဦးေရမ်ားျပားလာျခင္း၊ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာမ်ားကို ေလာင္ ကြၽမ္းေစျခင္း၊ သစ္ေတာဆုံးရႈံးမႈ၊ အႀကီး အက်ယ္လယ္ယာစိုက္ပ်ိဳးျခင္း၊ တိရစာၦန္ အေရအတြက္ တိုးပြားလာျခင္း တို႔သည္ ရာသီဥတုေျပာင္းလဲမႈကို အဓိကေမာင္းႏွင္သည္ဟု သတ္မွတ္ထားသည္။ ထိုလမ္းေၾကာင္းမ်ားကို ဟန႔္တားရမည့္အစား မိမိတို႔သည္ ပိုမိုမ်ားျပားေသာေငြႏွင့္ အာဏာကို ေဖြရွာၿပီး လူသားထုရင္ဆိုင္ေနရသည့္ အျပင္းထန္ဆုံးေသာျပႆနာကို မသိက်ိဳးကြၽံျပဳေနၾကသည္။

ဆစ္ဒနီတကၠသိုလ္၊ ေအာ္ရီဂန္ျပည္နယ္တကၠသိုလ္၊ ကိပ္ေတာင္း တကၠသိုလ္၊ မက္ဆာခ်ဴးဆက္ တပ္ဖ္တကၠသိုလ္ တို႔ကေရးသားၿပီး သိပ္ပံပညာရွင္ ၁၁၀၀၀ ေက်ာ္လက္မွတ္ေရးထိုးသည့္ ရာသီဥတု အေရးေပၚအေျခအေနကို ကမာၻသိပ္ပံ ပညာရွင္မ်ား၏ သတိေပးခ်က္ အမည္ရွိ ထိုစာတမ္းတြင္ သစ္ေတာ မ်ားသည္ ကာဗြန္ျမႇဳပ္ႏွံသည္ အဓိက အရာမ်ားအျဖစ္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္း ရမည္ ဟု သတိေပးထားသည္။

စီပြားေရးႏွင့္ပတ္သက္ၿပီး ထိုစာတမ္းတြင္ လူသားမ်ိဳးႏြယ္သည္ ကမာၻကို ဖိစီးေနသည္မွာ ကာလၾကာ ၿပီျဖစ္ေသာ ဆက္လက္ျဖစ္ေပၚေနသည့္ စားသုံးမႈတိုးတက္ျခင္းႏွင့္ အေျခခံလိုအပ္ခ်က္မ်ားကို ဦးစားေပးျခင္းႏွင့္ မညီမွ်မႈေလွ်ာ့ခ်ျခင္း တို႔အၾကား ျပတ္ျပတ္သားသား ေ႐ြးခ်ယ္ရေတာ့ မည္ျဖစ္ေၾကာင္းလည္ ထိုစာတမ္းက မွတ္ခ်က္ခ်သည္။

လက္ရွိအခ်ိန္တြင္ တႏွစ္လွ်င္ သန္း ၈၀ ရွိေသာ လူဦးေရ တိုးတက္မႈ ျပႆနာကိုေဆြးေႏြးရာတြင္ လူဦးေရတိုးတက္မႈကို အျမန္ဆုံးတည္ၿငိမ္ေအာင္လုပ္ေဆာင္သင့္ၿပီးေနာက္ ေလွ်ာ့ခ်သင့္ေၾကာင္း ထိုစာတမ္းကဆိုသည္။ ထိုသို႔ဆို လွ်င္ ပညာေရးကိုျဖန႔္က်က္ရန္၊ ဆင္းရဲႏြမ္းပါးမႈကို ေလွ်ာ့ခ်ရန္ႏွင့္ မညီမွ်မႈကို ေလွ်ာ့ခ်ရန္လိုသည္။ ထိုသို႔လုပ္ေဆာင္ရာတြင္ တ႐ုတ္ႏိုင္ငံ၏ အေတြ႕အႀကဳံသည္ အေရးပါေသာအခန္းမွပါဝင္သည္။

သို႔ေသာ္ ထိုကဲ့သို႔ေသာ သတိေပးခ်က္မ်ားသည္ အသစ္အဆန္းမဟုတ္ေပ။ ကမာၻေျမ၏ ေတာင္းဆို မႈကို မိမိတို႔ ဂ႐ုမစိုက္ဘဲ မိမိတို႔ နည္းလမ္းမ်ားကိုမျပင္လွ်င္ နီးကပ္လာမည့္ ထိုေဘးအႏၲရာယ္ကို ရာသီဥတု သိပၸံပညာရွင္မ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး သမားမ်ားက သတိေပးေနသည္ မွာ ၾကာျမင့္ၿပီျဖစ္သည္။ သို႔ေသာ္ အာ႐ုံစိုက္မႈနည္းလြန္းၿပီး ထိေရာက္မႈလည္းမရွိေပ။

လူသားထုရင္ဆိုင္ေနရေသာ စိန္ေခၚမႈ၏ ျပင္းထန္မႈကို ၂၀၁၆ ခုႏွစ္ ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုရွင္ႏွင့္ ကိုလံဘီယာ သမၼတေဟာင္းက ဒူဘိုင္းတြင္ ေအာက္တိုဘာလေႏွာင္းပိုင္းကက်င္းပေသာ ကမာၻ႔အစိမ္းေရာင္စီးပြားေရး ထိပ္သီးေဆြးေႏြးပြဲတြင္ World Green Economy Summit တိုင္းတာျပ ခဲ့သည္။ “ညဴကလီးယားစစ္ပြဲၿခိမ္းေျခာက္မႈ ရွိေနေသးသည္။ သို႔ေသာ္ ေသခ်ာေပါက္ ပိုမိုဆိုး႐ြား သည္မွာ ရာသီဥတုေျပာင္းလဲျခင္းျဖစ္သည္။ မိမိတို႔ အေရးယူေဆာင္႐ြက္ျခင္းမရွိပါက မ်ိဳးတုန္းေပ်ာက္ ကြယ္မည္ျဖစ္သည္။ ဆက္လက္ရွင္သန္ေရး အတြက္ အေရးယူေဆာင္႐ြက္ရမည္” ဟု သူေျပာသည္။

 ရာသီဥတုေျပာင္းလဲမႈကို တိုက္ဖ်က္ရန္ မိမိတို႔ကမာၻ႔လူ႔အဖြဲ႕အစည္း လုပ္ေဆာင္ပုံ နည္းလမ္းမ်ားကို အဓိက ေျပာင္းလဲမႈလိုၿပီး သဘာဝေဂဟစနစ္ႏွင့္ အျပန္အလွန္ျပဳမူေဆာင္႐ြက္ရန္လိုသည္ဟု သိပ္ပံပညာရွင္မ်ားေျပာသည္။ ၎တို႔က ရည္မွန္းခ်က္ ေျခာက္ခ်က္ကို အထူးအာာ႐ုံစိုက္သည္။ ထို ေျခာက္ခ်က္မွာ စြမ္းအင္က႑ ျပဳျပင္ေျပာင္းလဲေရး၊ သက္တမ္းတို ညစ္ညမ္းအရာမ်ားေလွ်ာ့ခ်ေရး၊ ေဂဟစနစ္ျပန္လည္ထိန္းသိမ္းေရး၊ အစားအစာစနစ္ အႀကီးမားဆုံးတိုးခ်ဲ႕ေရး၊ ကာဗြန္မဲ့စီးပါားေရးမ်ား တည္ေဆာက္ျခင္းႏွင့္ လူဦးေရတည္ၿငိမ္ေရးတို႔ျဖစ္သည္။
 
အစိုးရဌာနမ်ားသည္ ရာသီဥတုအေရးေပၚအေျခအေနေၾကညာခ်က္မ်ား ထုတ္ျပန္လာေသာေၾကာင့္ မၾကာေသးမီက ပူပန္မႈမ်ားတိုးလာျခင္းေၾကာင့္ အားတက္ၿပိး အေျပာင္းအလဲတခုျဖစ္လာမည္ဟု သိပ္ပံပညာရွင္မ်ားက ထိုစာတမ္းတြင္ေဖၚျပသည္။ ေက်ာင္းသားမ်ား သည္ ဆႏၵျပလာၾကသည္။ ရည္႐ြယ္ခ်က္ျဖင့္ ပတ္ဝန္းက်င္ကိုဖ်က္ဆီးေသာ အမႈမ်ားကို တရား႐ုံးတြင္ စစ္ေဆးလာၾကသည္။

 ေအာက္ေျခႏိုင္ငံသား လႈပ္ရွားမႈမ်ား အေျပာင္အလဲကို ေတာင္းဆိုလာၾကသည္။ ႏိုင္ငံမ်ား၊ ျပည္နယ္ မ်ား၊ ၿမိဳ႕ႀကီးမ်ားႏွင့္ စီးပြားေရး လုပ္ငန္းမ်ားသည္ တုန႔္ျပန္ေဆာင္႐ြက္လာၾကသည္။ ထို အေရးပါေသာ လကၡဏာမ်ားကို မူဝါဒ ခ်မွတ္သူမ်ား၊ ပုဂၢလိက က႑ႏွင့္ ျပည္သူတို႔ကသုံးၿပီး အက်ပ္အတည္း၏ အတိုင္းအတာ၊ တိုးတက္မႈလမ္းေၾကာင္းတို႔ကို နားလည္ကာ ရာသီဥတုေျပာင္လဲမႈ ေလွ်ာ့ခ်ေရး အတြက္ ဦးစားေပးမ်ားကို ျပန္လည္ခ်ိန္ညႇိမည္ဟု ၎တို႔ေမွ်ာ္လင့္ၾကသည္။

အခ်ိဳ႕ေသာ အၫြဳန္းကိန္းမ်ားႏွင့္ပတ္သက္လွ်င္ ၎တို႔မွန္ႏိုင္ေသာ္လည္း ပုဂၢလိက က႑သည္ ရာသီဥတုေလွ်ာ့ခ်ေရးကိုကူညီမည္ဟု ေမွ်ာ္လင့္ျခင္ျဖင့္ ၎တို႔သည္ မသိနားမလည္ျဖစ္ကာ ပိုမိုဆိုးသည္မွာ ၎တို႔၏ မစြမ္းေဆာင္ႏိုင္မႈကို ျပသေနသည္။ ရာသီဥတုေျပာင္းလဲ မႈကို တိုက္ဖ်က္ ရာတြင္ အစိုးရ၏ အေရးပါမႈႏွင့္ပတ္သက္လွ်င္ ကမာၻသည္ တ႐ုတ္ႏိုင္ငံထံမွ အရာ တခု၊ ႏွစ္ခု ေလ့လာႏိုင္ေကာင္းေလ့လာႏိုင္မည္ျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ရာသီဥတုေျပာင္းလဲမႈ တိုက္ ဖ်က္ေရးကို အစိုးရ၏ ဦးစားေပး အျဖစ္သတ္မွတ္ထားသည္။

ပုဂၢလိက က႑သည္ အက်ိဳအျမတ္ေလာဘ ေမာင္းႏွင္ခံရျခင္းကို မရပ္တန႔္ႏိုင္ေသာေၾကာင့္ ျပႆနာ၏ တစိတ္တပိုင္းျဖစ္ၿပီး အေျဖမဟုတ္သည္ကို မိမိတို႔နားလည္ရန္ အခ်ိန္က်ေရာက္ၿပီျဖစ္သည္။ အက်ိဳအျမတ္ရ တိုင္းသာလုပ္ေနပါက ကမာၻႀကီးသည္ ----