【 နိုင်ငံတကာဆောင်းပါး 】ရှီကျင့်ဖျင်ရဲ့ စီးပွားရေးအတွေးအခေါ်

【 နိုင်ငံတကာဆောင်းပါး 】ရှီကျင့်ဖျင်ရဲ့ စီးပွားရေးအတွေးအခေါ်

တရုတ်နိုင်ငံဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀‌‌ မြောက် အမျိုးသားညီလာခံကို ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရေးပြက္ခဒိန်မှာ အရေးကြီးဆုံးအစည်းအဝေးတစ်ခု ဖြစ်ပါတယ်။ ဒီ အစည်းအဝေးကိုနားလည်ဖို့ ပါတီရဲ့ဗဟိုအုတ်မြစ်အဖြစ်တည်ရှိသော ရှီကျင့်ဖျင် “Two Establishments” အကြောင်းကို အရင်ဆုံး နားလည်ထားရန် လိုအပ်ပါတယ်။ ရှီကျင့်ဖျင်ဟာ ယှဉ်ပြိုင်လို့မရသော ခေါင်းဆောင် နှင့် သူ့ရဲ့ နိုင်ငံရေးသီအိုရီများကို ပါတီရဲ့ အတွေးအခေါ်များရဲ့ အုတ်မြစ်အဖြစ် တည်ထားခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုကို ၂၀၂၁ တွင် Historical Resolution အဖြစ် စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးသီအိုရီနောက်ကြောင်းများကို ကျင့်သုံးပြီးတော့ ကျွန်တော်ကတော့ “ရှီကျင့်ဖျင်ရဲ့ စီးပွားရေး အတွေးအခေါ်” ခေါင်းစဉ်ဖြင့် စချင်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီဖြစ်ပါတယ်၊ ဒုတိယအကြီးဆုံး စားသုံးသူစျေးကွက်၊ အကြီးဆုံးကုန်ထုတ်လုပ်သောနိုင်ငံ၊ အကြီးဆုံး ကုန်စည်ကုန်သွယ်သော နိုင်ငံ၊ နိုင်ငံခြားအိတ်ချိန်းအကြီးဆုံးနိုင်ငံဖြစ်လာပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဂျီဒီပီကလည်း ၂၀၁၂ တွင် ယွမ် ၅၄ ထရီလီယံရှိရာကနေ ၂၀၂၁ ခုနှစ်မှာတော့ ယွမ် ၁၁၄ ထရီလီယံ အထိ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာစီးပွားရေးကို ၁၁.၄ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိကိုယ်စားပြုလာခဲ့ပါတယ်။ တစ်ဦးချင်းဝင်ငွေကလည်း ဒေါ်လာ ၆၃၀၀ ကနေ ၁၂၅၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။

ရှီကျင့်ဖျင်ရဲ့ စီးပွားရေး အတွေးအခေါ်များကိုကျွန်တော် စာရင်းပြုစုထားပြီး ကျွန်တော်မြင်ထားသလို ရည်မှန်းချက်၊ အခြေခံမူဝါဒများနှင့် ဗျူဟာများကို စုစည်းပေးထားပါတယ်။

စီးပွားရေး ရည်မှန်းချက်

•           တရုတ်နိုင်ငံ ပြန်လည်နုပျိုစေခြင်း၊ ဆိုရှယ်လစ်နိုင်ငံကို အပြည့်အဝ‌ ခေတ်မီအောင် ဆောင်ရွက်ခြင်း

•           ဘုံကြွယ်ဝချမ်းသာခြင်းဖြင့် ပြည်သူများအကြား နေမှုအဆင့်အတန်းကွာဟမှုကို နည်းပါးစေခြင်း

•           သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုနှင့် ကုန်ထုတ်လုပ်မှုတွင် ကမ္ဘာပေါ်တွင် ထိပ်ဆုံးနေရာတွင် ရှိရေး

စီးပွားရေးအခြေခံမူများ

•           စီးပွားရေးအပေါ် ပါတီရဲ့ ခေါင်းဆောင်မှု၊ စီးပွားရေးဟာ ပါတီရဲ့ ဗဟို အလုပ်ဖြစ်ပါတယ်။

•           ပြည်သူများ အခြေခံထားသော ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်၊ ထိုမှသာ ပြည်သူများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး ပြည်သူများကို ပျော်ရွှင်ပြီး လုံခြုံအောင်ထားနိုင်မှာ ဖြစ်ပါတယ်။

•           အသစ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ခေတ်သစ်တွင် အတွေးအခေါ် အသစ်များ လိုအပ်ပါတယ်၊ လျင်မြန်သော တိုးတက်မှုကနေ အရည်အသွေးမြင့်မားသော တိုးတက်မှု ဖြစ်လာရန် လိုအပ်ပါတယ်။

•           ဆိုရှယ်လစ်စျေးကွက်စီးပွားရေးတွင် ဈေးကွက်ဟာ အရင်းအမြစ်များကို ဖြန့်ချိရေးတွင် အရေးပါသော အခန်းကနေ ပါဝင်နေပြီး အစိုးရဟာ ဒီလို ဖြန့်ချိမှုကို ကွပ်ကဲပေးသောသူ ဖြစ်ပါတယ်။

•           ထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်မားသော ငွေကြေးအင်အားပိုင်ဆိုင်ရေး၊ တစ်ချိန်တည်းမှာပဲ စနစ်တကျမရှိသော ငွေကြေးတိုးပွားမှုများကို တင်းကျပ်ခြင်း။

•           စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုကို ကျယ်ပြန့်အောင်လုပ်ခြင်း၊ ခိုင်မာသော အစိုးရ နှင့် ခေတ်မီစီမံခန့်ခွဲရေးစနစ်ကို အတူတူ အသုံးပြုခြင်း။

•           အမျိုးသား ကိုယ့်အားကိုကိုးခြင်းနှင့် တိုးတက်အောင်လုပ်ခြင်း။

စီးပွားရေး နည်းဗျူဟာများ

အသစ်သော ဖွံ့ဖြိုးတိုးတက်မှုအယူအဆများ

•           ပြည်တွင်း ဝယ်လိုအားကို တိုးချဲ့ခြင်း နှင့် စားသုံးမှုကို အားပေးခြင်း၊ Dual Circulation လို့ခေါ်တဲ့ ပြည်တွင်းတွင် ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းတွင် စားသုံးခြင်းကို အားပေးပြီး နိုင်ငံတကာကုန်သွယ်ရေးကိုလည်း အားပေးခြင်း။

•           ကျေးလက်ဒေသများတွင်လည်း ဘုံကြွယ်ဝချမ်းသာမှုကို အကောင်အထည်ဖော်ဆောင်ပေးခြင်း၊ ကျေးလက်နေပြည်သူများရဲ့ လူနေမှုအဆင့်အတန်းဟာ မြို့ပြနေ ပြည်သူများနဲ့ တန်းတူရှိရေးကို အကောင်အထည် ဖော်ခြင်း။

•           ဒေသခံများရဲ့ ဆန်းသစ်တီထွင်မှုကို အားပေးခြင်း အထူးသဖြင့် နည်းပညာနယ်ပယ်ဖြစ်တဲ့ တပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကို အားပေးခြင်း။

•           အန္တရာယ်များကို လျှော့ချခြင်း၊ ကုန်စည်ပံ့ပိုးမှုလည်ပတ်မှုကို ပြန်လည်တည်ဆောက်ပြီး ငွေကြေး၊ စားနပ်ရိက္ခာ၊ စွမ်းအင်လုံခြုံရေး၊ ကုန်စည်ပံ့ပိုးမှုလုံခြုံရေး၊ အချက်အလက် လုံခြုံရေး နှင့် ဈေးနှုန်းတည်ငြိမ်းရေးတို့တွင် အန္တရာယ်လျှော့ချရေးပါဝင်ပါတယ်။

•           အစိမ်းရောင်နည်းပညာကို အားပေးခြင်း၊ စွမ်းအင်အသစ်ကနေ လျှပ်စစ်ကားအသုံးပြုရေး။

•           အချက်အလက်နည်းပညာနှင့် e-commerce ကို အားပေးရေး၊

•           ကုန်ထုတ်လုပ်မှုနှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် အမျိုးသားဈေးကွက် ပေါင်းစည်းခြင်း

ရှီကျင့်ဖျင်ရဲ့ စီးပွားရေးအပေါ် အတွေးအခေါ်များရဲ့ အခြေခံအုတ်မြစ်ဟာ အသစ်သော ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံထားပြီး ဒီအကြောင်းအရာကို ၂၀၁၅ ခုနှစ်ကတည်းက ကျွန်တော် စတင်လေ့လာခဲ့ပါတယ်။ ရှီကျင့်ဖျင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအခေါ် ၅ ရပ်တွင် ဆန်းသစ်တီထွင်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ အစိမ်းရောင်၊ ပွင့်လင်းပြီး မျှဝေသော ဖွံ့ဖြိုးတိုးတက်မှုတို့ဖြစ်ပါတယ်။

ဆန်းသစ်တီထွင်မှုအားကောင်းသော ဖွံ့ဖြိုးတိုးတက်မှုဟာ ပထမဆုံး အကြိမ်အဖြစ် ထိပ်ဆုံးနေရာကို ရောက်လာခဲ့ပါတယ်။ ဆန်းသစ်တီထွင်မှုတွင် သိပ္ပံနှင့် နည်းပညာဖြစ်ပြီး ဝန်ဆောင်မှု၊ စီမံခန့်ခွဲရေး၊ ဖြစ်စဉ် ၊ အမှတ်တံဆိတ်မှတ်ပုံတင်ခြင်းနှင့် အရောင်းအားမြှင့်တင်ခြင်းတို့လည်း ပါဝင်ပါတယ်။

ညှိနှိုင်းမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုဟာ ဒေသအတွင်း ပေါင်းစည်းခြင်းလိုအပ်နေပြီး အထူးသဖြင့် ကွမ်တုံ၊ ဟောင်ကောင်၊ မကာအို၊ ယန်ဇီမြစ်စီးပွားရေးဇုန် နှင့် ပေကျင်း-တီအန်ကျင်း - ဟီဘေး တို့ရဲ့ ပေါင်းစည်းခြင်း လိုအပ်ပါတယ်။

အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဟာ ဂေဟစနစ်နဲ့ ကိုက်ညီသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး လေထုညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းပေးပါတယ်။

ပွင့်လင်းမြင်သာသော ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဥပမာအဖြစ် တရုတ်ရဲ့ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို လေ့လာနိုင်ပါတယ်၊ BRI စီမံကိန်း၊ Global Development Initiative၊ တရုတ်နိုင်ငံကို ဝင်ရောက်လာသော နိုင်ငံခြားကုမ္ပဏီများ နှင့် နိုင်ငံခြားကို လုပ်ငန်း တိုးချဲ့နေသော တရုတ်ကုမ္ပဏီများပါဝင်ပါတယ်။

မျှဝေသော  ဖွံ့ဖြိုးတိုးတက်မှုတွင် မြို့ပြနှင့် ကျေးလက်အကြားက တိုးတက်မှုကို မျှတအောင် ထားရှိရေးပါဝင်ပါတယ်။

Naing

Ref:CMG| Xi Jinping Thought on the Economy