【 နိုင်ငံတကာဆောင်းပါး 】ရှီကျင့်ဖျင်၏ အောင်မြင်မှုမှတ်တိုင်များ

【 နိုင်ငံတကာဆောင်းပါး 】ရှီကျင့်ဖျင်၏ အောင်မြင်မှုမှတ်တိုင်များ

တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ရှီကျင့်ဖျင်အတွက် လွန်ခဲ့တဲ့ ၂၀၁၂ကနေ ၂၀၁၇ ခုနှစ်အတွင်း ၅ နှစ်တာဟာ ပြုပြင်ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရသော နှစ်ဖြစ်ပါတယ်။ သူကတော့ အသစ် သော အတွေးအခေါ်နှင့်မူဝါဒများဖြင့် တရုတ်နိုင်ငံကို ကြီးမားစွာပြောင်းလဲစေနိုင်ခဲ့ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက စတင်တာဝန်ယူခဲ့ပြီး ကြီးမားသော ကတိများကို ပေးခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ တရုတ်နိုင်ငံ ပြန်လည်နုပျိုစေရန်အတွက် ဆက်ပြီးလုပ်ဆောင်ရမည်ဖြစ်ပါတယ်။ ပြည်သူလူထု အားလုံးရဲ့ အကျိုးဟာကြီးမားသော တာဝန်ဖြစ်တယ်” ဟု သူကပြောခဲ့ပါတယ်။ သူကတော့ “တရုတ်အိပ်မက်” ကို အသုံးပြုခဲ့ပြီး ပြည်သူများကို မျှော်လင့်ခြင်းပေးခဲ့ပါတယ်။ သူဟာ ခိုင်မာသော ခေါင်းဆောင်မှုဖြင့် သမိုင်းဝင်အမြင့်တစ်နေရာကို ရယူရန်ရည်မှန်းခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ရှိလာခဲ့သော လျင်မြန်သာ ဖွံ့ဖြိုးတိုးတက်မှုများဟာ ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အံဝင်ခွင်ကျမှုမရှိသော စီးပွားရေးတည်ဆောက်မှုပုံစံ၊ ကြီးမားလာသော ငွေကြေးချမ်းသာ ကြွယ်ဝမှု၊ အားနည်းလာသော လူမှုတရားမျှတရေးနှင့် ပတ်ဝန်းကျင်ပျက်စီးမှုများတို့ဖြစ်ပါတယ်။ ထိုကဲ့သို့သော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ရှီကျင့်ဖျင်ဟာ နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုအပေါ် မှီခိုလာပါတယ်။ ၂၀၁၂ ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက သူ့ရဲ့ ပထမဆုံး ပေကျင်းမြို့အပြင်ဘက် ခရီးစဉ်တွင် တရုတ်၏ ပထမဆုံးစီးပွားရေးဇုန်ဖြစ်တဲ့ ရှင်ကျန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်မူဝါဒဟာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒီလမ်းစဉ်အတိုင်း မယိမ်းယိုင်ပဲ လျှောက်လှမ်းကြမယ်၊ အသစ်သော အဆင့်များနှင့် အမြင့်နေရာကို တက်ကြမယ်” ဟု သူကပြောခဲ့ပါတယ်။ ရှီကျင့်ဖျင်၏ ဦးစားပေးအရာဟာ တိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်းထားရေးဖြစ်ပြီး ကောင်းမွန်သော အစိုးရမှုအတွက် အရေးကြီးသော အရာဟာ စီးပွားရေးကောင်ခြင်းဖြစ်ပါတယ်။ သို့သော်လည်း တရုတ်၏ ပြုပြင်ပြောင်းလဲမှုများဟာ ရေကဲ့သို့ နက်ရှိုင်းလာနေပြီဖြစ်ပါတယ်။ ထို့ကြောင့် ပြောင်းလဲမှုဟာ ထိပ်ဆုံးကနေ စတင်လုပ်ဆောင်ရမည်ဖြစ်ပါတယ်။

ပြောင်းလဲမှုကို ဖော်ဆောင်ရင်း တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းဟာ အလွန်ခက်ခဲသော အလုပ်ဖြစ်ပါတယ်။ ရှီကျင့်ဖျင်၏ အရေးပါသော ပြုပြင်ပြောင်းလဲမှုဟာ အစိုးရနှင့် စျေးကွက်ကို ပြန်လည်အဓိပ္ပါယ်ဖွဲ့ဆိုခြင်းဖြစ်ပါတယ်။ ဒါဟာ ဆိုရှယ်လစ်စီမံစီးပွားရေးကနေ ပြောင်းလဲရန် အရေးပါသော ဆုံးဖြတ်ချက်ကြီးဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှု၏ ရည်မှန်းချက်ကတော့ စျေးကွက်အင်အားစုများဟာ အရင်းအမြစ်ခွဲဝေမှုတွင် အရေးကြီးသော အခန်း ကဏ္ဍကနေ ပါဝင်ပေးရန် ခွင့်ပြုပေးခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲမှုကို မီးစ အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဆန်းသစ်တီထွင်မှုကို အပြည့်အဝအသုံးချနိုင်နိုင်ရန်အတွက် ထိရောက်သော နည်းလမ်းများကို အသုံးပြုရမည်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။ တည်ငြိမ်ရေးကို တိုးမြှင့်လုပ်ဆောင်ခြင်းဟာ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရေးတွင် ဦးစားပေး အရာဖြစ်ပါတယ်။ သူကတော့ ပါဝင်တာဝန်ရှိသူများကို မှန်ကန်သော မစ်ရှင်တွင် ဆက်လျှောက်ရန်နှင့် သူများ၏ ယုံကြည်မှုအတွက် အောက်ခြေအထိ စည်းရုံးရန်လည်း ပြောကြားခဲ့ပါတယ်။ ပါတီ၏ ရှေ့ဆက်တည်ရှိရေးဟာ ပြည်သူများ၏ ယုံကြည်မှုပေါ်တွင်ရှိပြီး အကြီးမားဆုံး စိန်ခေါ်မှုကလည်း ပါတီအတွင်းမှာသာရှိကြောင်း ပြောကြားခဲ့ပါတယ်။

သူဟာ အကျင့်ပျက်ချစားမှုအပေါ်တွင် မညှာတာပဲ တိုက်ပွဲဆင်ခဲ့ပါတယ်၊ အကျင့်ပျက်ချစားခဲ့သော တာဝန်ရှိသူပေါင်း ၁ သန်းကျော်ကို အပြစ်ပေးခဲ့ပါတယ်။ သူဟာ စည်းကမ်းတချို့ကို ပယ်ဖျက်ခဲ့ပြီး လမ်းညွှန် ချက်အသစ်ကို တည်ဆောက်ခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ လုပ်သင့်တာကိုတော့ လုပ်ရမယ်၊ ထိုက်တန်သောသူကို အပြစ်ပေးရမယ်။ ထောင်ပေါင်းများစွာနဲ့ရှိသော လာဘ်စားသော တာဝန်ရှိသူများကို အပြစ်မပေးပါက ကျွန်တော်တို့မှာ လူ ၁.၃ ဘီလီယံကို မထင်မဲ့မြင်ပြုရာရောက်လိမ့်မယ်” ဟု သူက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ခုတော့ နိုင်ငံတကာတွင် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်နေပြီဖြစ်ပါတယ်။ “တရုတ်ပုံစံ တရုတ်ရဲ့ ဆိုရှယ်လစ်ဝါဒဟာ ကောင်းမကောင်းဟာ ပြည်သူများအပေါ်မှာမူတည်ပြီး ပြည်သူများကသာ ဆုံးဖြတ်ပေးလိမ့်မယ်။ သူတို့ရဲ့ အထင်နဲ့ ဝေဖန်တက်သောသူများက ဆုံးဖြတ်ပေးရမည်မဟုတ်ဘူး။ လူသားများအတွက် ပိုကောင်းသော လူမှုစနစ်အတွက် ဖြေများကို တရုတ်အစိုးရ ချပေးနိုင်လိမ့်မယ်လို့ CPC အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံသားများဟာ ယုံကြည်မှုအပြည့်အဝရှိတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

“တရုတ်အိပ်မက်” ဟု သီအိုရီနှင့် မာတိကာမှာ ခုတော့ ပြည့်စုံလာပါပြီ။ ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ် များဟာ တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအရာများဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ရှီကျင့်ဖျင်လက်အောက်တွင် ကြီးမားသော အောင်မြင်မှုများ ဖော်ဆောင်နိုင်ခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။ ပါတီရဲ့ ပြောကြားချက်အရ ပြုပြင်ပြောင်းလဲမှုဆက်ပြီး ရှိနေမည်ဖြစ်ပြီး တရုတ်ဟာ ကောင်းမွန်သော လူမှုအသိုင်းအဝိုင်းဖြစ်လာနေပြီဖြစ်ပါတယ်။

Ref:CMG| Xi Jinping's achievements in the past five years

Naing