【 နိုင်ငံတကာဆောင်းပါး 】ရှီ-ဦးဆောင်တိုက်ခဲ့ရသည့် COVID-19 စစ်ပွဲ

【 နိုင်ငံတကာဆောင်းပါး 】ရှီ-ဦးဆောင်တိုက်ခဲ့ရသည့် COVID-19 စစ်ပွဲ

ကိုဗစ်နှင့် ပတ်သက်ပြီး ပြောကြဆိုကြသည့်အခါ လက်ရှိအခြေအနေတွင် စီးပွားရေးအရ ဆုံးရှုံးမှု ကို ဦး စားပေးကာ ပြောဆိုလာကြသည်။ ကပ်ရောဂါ ဖြတ်သန်းရမှုကာလ သုံးနှစ်သက်တမ်းထိ ကြာလာသည့်အခါ သေ ဆုံးမှု အနည်းဆုံးဖြစ်သည့်နိုင်ငံက ကပ်ရောဂါအတွက် အစီအမံကောင်းသဖြင့် အသက်ချမ်းသာရာရသည်ကို လွယ်ကူသည်ဟု ထင်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ ထိုသို့လိုပင် စီးပွားရေးဆုံးရှုံးမှုနည်းပြီး အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသည့် နိုင်ငံများတွင် လူအသက်ကို ပဓာနမထားသည့် အစီအမံကို အပြစ်တင်ကြသည်။ အသက် ဆုံးရှုံးမှုနည်းအောင် စီမံနိုင်ကြသည့် နိုင်ငံများကို အားကျကြလေသည်။ ဘယ်သို့ပင် ဖြစ်စေ စီးပွားဆိုသည်က ပြန်ရှာလို့ရသည့် အရာဖြစ်ပြီး သေသွားသည့် သူများ၏ အသက်က ပြန်ရှာလို့မရသည်ကတော့ ငြင်းမရသည့် အ မှန်တရားပင်ဖြစ်သည်။

ထိုအမှန်တရားကိုထောက်ရှုပါက လက်ရှိတွင် အသက်သန်းပေါင်းများစွာပေးဆပ်ခဲ့ရသည့် ကိုဗစ်နှင့် အတူယဉ်တွဲနေထိုင်သည့် စနစ်နှင့် အသက်ဆုံးရှုံးမှုနည်းသည့် တရုတ်၏ တင်းကျပ်သော ကိုဗစ်သုညမူဝါဒ အကြား ကွာခြားပုံကို မြင်သာမည်ဖြစ်ပေသည်။  တကယ်တော့ တရုတ်နိုင်ငံ၏ COVID ဖြစ်ပွားမှုနှုန်းမှာ  အနိမ့် ဆုံးဖြစ်ပြီး  ကမ္ဘာ့နိုင်ငံတွေထဲတွင်  COVID ကြောင့် သေဆုံးမှု အနိမ့်ဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့အထိ၊ တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းသည် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအားဖြင့် ၁/၃၇၄ ဖြစ်ပြီး အမေရိကန်တွင် ၁/၁၃၄၈ ရှိပြီး တရုတ်နိုင်ငံတွင် သေဆုံးမှုနှုန်းသည် ကမ္ဘာ့ပျမ်းမျှအားဖြင့် ၁/၂၃၂ ဖြစ်  သည်။ တရုတ်အစိုးရသည် ၎င်း၏ COVID မူဝါဒများကို ချမှတ်ရာတွင် ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို အဓိက ဦးစားပေး လုပ် ဆောင်ခဲ့ခြင်းကြောင့် ယင်းရလဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဆိုးဝါးလှသည့် ကပ်ရောဂါကို ဖြတ်ကျော်ခဲ့ရသည့် ကြမ်းတမ်းသည့် ၃ နှစ်တာ ကာလနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကပ်ရောဂါတုံ့ပြန်ရေးလုပ်ငန်းဦးဆောင်အဖွဲ့၏ ပညာရှင် အဖွဲ့ ခေါင်းဆောင် လျန်ဝမ့်နျန်၏ ပြောကြားချက်က သတိပြုမိဖွယ်ဖြစ်သည်။ လျန်ဝမ့်နျန်၏ ပြောကြားချက်ကို ကြည့်လျှင် ကိုဗစ်နှင့် ယှဉ်တွဲနေထိုင်သည့်နည်းလမ်း ကို နောက်ဆုံးမှ ကျင့်သုံးခဲ့သည့်နှင့် တရုတ်နိုင်ငံ၏ အခြေအနေကို သိနိုင်သည်။

လျန်ဝမ့်နျန်က ကာကွယ်ထိန်းချုပ်ရေးအစီအမံများ ပြင်ဆင်ထိန်းညှိရာတွင် အကြောင်းအချက်များစွာကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်သူများ၏ အကျိုးစီးပွားများ ဟန်ချက်ညီစေရန် ပြုလုပ်သည့် အ ထွေထွေရွေးချယ်မှုဖြစ်ကြောင်း၊ လူထု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့် ပါဝင်ကြောင်း၊ လွယ်ကူသော နည်း ပညာကိစ္စရပ်တစ်ခုသာ မဟုတ်ကြောင်း ပြောကြားပါသည်။

တရုတ်နိုင်ငံ၏ အခြေခံအခြေအနေသည် လူဦးရေများပြားပြီး သက်ကြီးရွယ်အိုများ၊ နာတာရှည် ရော ဂါဝေဒနာရှင်များ၊ အကျိတ်ဝေဒနာရှင်များ စသည့် ပြင်းထန်သောရောဂါများ ဖြစ်ပွားနိုင်ခြေရှိသော ထိခိုက် လွယ်အုပ်စု၏ အရေအတွက်လည်း များပြားကြောင်း၊ တရုတ်နိုင်ငံ၏ ဆေးကုသရေးအရင်းအမြစ်များသည် အတန် ငယ် အားနည်းနေပြီး ဥရောပနှင့် မြောက်အမေရိကတိုက် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အတိုင်းအတာတစ်ခုအထိ အရေအတွက် ကွာဟချက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အလုံးစုံ ကာကွယ်ဆေးထိုးနှံမှုနှုန်းမှာ တော်တော်လေး မြင့် မားသော်လည်း မတူညီသောလူအုပ်စုများတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း ကွာဟချက်ရှိကြောင်း၊ သက်ကြီးရွယ်အို များ ၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းမှာ မျှော်မှန်းထားသောအခြေအနေသို့ မရောက်ရှိသေးကြောင်း၊ ကာကွယ်ထိန်း ချုပ်ရေးအစီအမံများ ပြင်ဆင်ထိန်းညှိသည့်အခါ အဆိုပါအကြောင်းရင်းများကို ထည့်သွင်းစဉ်းစားရကြောင်း ပြောခဲ့သည်။

ကိုဗစ်နှင့် ပတ်သက်လျှင် တရုတ်နိုင်ငံ၏ သတိကြီးပုံက အခြားသောနိုင်ငံများနှင့် မတူဘဲ နိုင်ငံခေါင်း ဆောင် ကိုယ်တိုင် ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။ ရောဂါ ပြင်းထန်ချိန် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၈ ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်အက်ဒနွန်းဂျီဘရီယူဆက်နှင့်တွေ့ချိန် သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်-၁၉နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဦးစားပေးမည့် ရွေးချယ်မှုကိုပြောခဲ့သည်။ ရှီက တက် ဒရို့စ်ကို  ‘လူတို့၏ ဘေးကင်းရေးနှင့် ကျန်းမာရေးသည် အမြဲတမ်း ပထမဖြစ်သည်’ဟု ပြောခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ COVID-19 စစ်ပွဲကို ဦးဆောင်တိုက်ပွဲဝင်မည်သူက ဦးစားပေးမည့်အရာမှာ လူအသက်ဆိုသည်ကို ပြောပြခြင်း ဖြစ်ရာနောက်ပိုင်း  ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်တွင် လုပ်ဆောင်မှုက ကိုဗစ်ဘေးကို ရင်ဆိုင် ရသည့်နိုင်ငံတိုင်း မဖြစ်မနေ လိုက်နာရသည့်စည်းမျည်းဥပဒေဖြစ်လာခဲ့သည်။

ကပ်ရောဂါပြင်းထန်ချိန်ဖြစ်သည် ၂၀၂၀ ခုနှစ်တွင် ကူးစက်မှုမြင့်တက်နေသည့် နိုင်ငံတိုင်းလိုလို တင်း ကျပ်သည့် ကိုဗစ်ကန့်သတ်မှုများကိုလုပ်ဆောင်ခဲ့ကြသည်။ ရှီသည် ၂၀၂၀ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့၊ တရုတ် နှစ်သစ်ကူး ပထမနေ့တွင် CPC နိုင်ငံရေးဗျူရို  ဗဟိုကော်မတီ၏ နောက်ထပ်အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ  COVID-19 ဖြစ်ပွားမှုအပေါ် အာရုံစိုက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ကပ်ရောဂါနှင့် ပတ်သက်၍ ဗဟိုဦးဆောင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်၊ ဗဟိုလမ်းညွန်အဖွဲ့ကို စေလွှတ်ကာ ညှိနှိုင်းဆောင်ရွက်ရာတွင် နိုင်ငံတော်ကောင်စီမှ အေဂျင်စီအချင်းချင်း ပူးပေါင်းညှိနိုင်းသည့် လုပ်ငန်းဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကိုဖွဲ့ရန် ဆုံးဖြတ်ခဲ့ သည်။ ကူးစက်မှုမြန်သည့်ဗိုင်းရပ်စ်ကို ဖြတ်ချရန်၊ နိုင်ငံတော်အဆင့်ဖြင့် လျင်လျင်မြန်မြန်တုံပြန်ခဲ့သည်က နိုင်ငံ တိုင်းအတွက် အံဩဖွယ်ဖြစ်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်ပေးနိုင်မှုကိုလည်း နိုင်ငံတကာက သတိ ထား မိစရာဖြစ်ခဲ့သည်။

ရှီက ထိုမတိုင်မီ ဇန်န၀ါရီလ ၂၀ ရက်နေ့ကပင် ပါတီကော်မတီများနှင့် ဒေသန္တရာအစိုးရများကို  ပြည်သူ များ၏ အသက်နှင့် ကျန်းမာရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ပြတ်သားစွာ ကြိုးပမ်းဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီးဖြစ်သည်။ ထိုသို့  ဗိုင်းရပ်စ်ကို တိုက်ခိုက်တုန်ပြန်ရန် တက် ကြွစွာဦးဆောင်ခဲ့သည့်အတွက် တက်ဒရိုစ့်က ရှီ၏ ပုဂ္ဂိုလ်ရေး လမ်းညွှန်မှုနှင့် အသုံးချမှုသည် ၎င်း၏ ကြီးမားသော ခေါင်းဆောင်မှုစွမ်းရည်ကို ပြသနေကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ရှီသည် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် အရေးကြီး သော မှတ်ချက်များ ပြောကြားခဲ့ပြီး မြို့တော် ဟူဘေးပြည်နယ်နှင့် ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်သော ဝူဟန် တွင် လူနာများကုသရန်  တပ်ဖွဲ့များမှ ထောင်နှင့်ချီသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စေလွှတ်ခဲ့သည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သည့် နိုင်ငံတစ်ဝန်းရှိ အဆင့်အသီးသီးမှ အရာရှိ ၁၇၀,၀၀၀ ခန့်အား တယ်လီ ကွန်ဖရင့်ဖြင့် မိန့်ခွန်းပြောကြားရာတွင် "ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး လုပ်ငန်းတွေကို ကျွန်တော် စဉ်ဆက်မပြတ် အာရုံစိုက်ပြီး နှုတ်နဲ့ စာနဲ့ ညွှန်ကြားချက်တွေကို နေ့တိုင်း လုပ်နေပါတယ်" ဟု ပြောခဲ့သည်။

ရှီ၏ညွှန်ကြားမှုအောက်တွင် တရုတ်ပြည်သူများနှင့် ပါတီဝင်များ၊တပ်ဖွဲ့ဝင်များက တသွေမတိုင်းလိုက်နာ သလို တရုတ်လူငယ်လူရွယ်များ၏ကိုယ်ကျိုးစွန့်ကာ ပါဝင်ခဲ့ကြပြီး တင်းကျပ်သည့် ကန့်သတ်မှုများကို တိတိ ကျ ကျလိုက်နာခဲ့ကြသည်က  ကမ္ဘာ့အတွက် အံဩအားကျဖွယ်ဖြစ်သည်။ တစ်ဖက်တွင် ရောဂါကူးစက်မှုကို ဖြတ်ချ ရန် ကြိုးစားနေသကဲ့သို့ တစ်ဖက်တွင်လည်း ရောဂါကာကွယ်ဆေးဖော်ထုတ်ရန်ကိုလည်း အာရုံစိုက်တွန်းအား ပေးခဲ့သည်။ထိုပြင့် နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုကာ  ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ရှင်းပြခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် အရှိန်ဟုန်ပြင်းသည့် ၂၀၂၀ခုနှစ်သည့် တရုတ်နိုင်ငံ၏  အကြွင်းမဲ့ဆင်းရဲမွဲတေမှု ပပျောက် ရေး၊ အတန်အသင့် သာယာဝပြောသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးကို ပြီးစီးအောင် လုပ်ဆောင်ရ မည့်  ၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ အပြီးသတ်ရမည့် နှစ်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးကပ်ဘေးကို ရင်ဆိုင် ရသည့် ထိုနှစ်တွင် ကိုဗစ်ကိုလည်းထိန်းချုပ်သလို မူလရည်မှန်းချက်ကိုလည်း ပြည့်မှီအောင် လုပ်ဆောင်နိုင်ခဲ့ သည်က မလွယ်လှသည့် ဦးဆောင်မှုဖြစ်သည်။ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကပ်ရောဂါတုံ့ပြန် ရေးလုပ်ငန်းဦးဆောင်အဖွဲ့၏ ပညာရှင်အဖွဲ့ခေါင်းဆောင် လျန်ဝမ့်နျန်က သုံးနှစ်တာအတွင်း တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းသည် ကြီးမားသော မဟာဗျူဟာမြောက်ရလဒ်များ ဖြစ်ထွန်းခဲ့ပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာ ဟန်ချက်ညီစေခဲ့ကြောင်း ပြောခဲ့သည်။

ထိုကာလများကို ယခုချိန်တွင်ပြန်ကြည့်ပါက မလွယ်လှသည်ကိုမြင်ရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် နိုင်ငံတော်အဆင့်ဖြင့် ရောဂါကို မကာကွယ်ခဲ့သည့် နိုင်ငံများတွင် ကိုဗစ်ကြောင့် သေပျောက်မှုနူန်းက ကြောက် ခမန်း လိလိ အရေအတွက်ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်က ကူးစက်မှုမလျော့ပါးသေးသလို နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေဆဲ ဖြစ်သည်။ တင်းကျပ် သည့် ကိုဗစ်ကန့်သတ်ချက်နှင့် နိုင်ငံတစ်ဝန်းကိုလွှမ်းခြုံထားနိုင်သည့် ကာကွယ်ဆေးကြောင့် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုကြောင့်သေဆုံးသူမရှိသည်မှာ အတော်ကြာနေပြီဖြစ်သည်။

လူဦးရေ ၁ဒသမ ၄ ဘီလျံရှိသည့် တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က ကိုဗစ်သုညမူဝါဒမှ ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်သည့်နည်းသို့ စိတ်ချ လက်ချ ကူးပြောင်းခွင့်ပြုနိုင်ခဲ့သည့်မှာ  လွန်ခဲ့သည့် ၃ နှစ် တာအတွင်း တရုတ်ပြည်သူများက ကိုဗစ်သုညမူဝါဒကို တိတိကျကျလိုက်နာနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ 

လျန်ဝမ့်နျန်က တရုတ်နိုင်ငံ၏ သုံးနှစ်တာ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းသည် လူသန်းရာနှင့်ချီ ကူးစက်ခံရခြင်းနှင့် လူသန်းနှင့်ချီ သေဆုံးခြင်းမှ ရှောင်ရှားနိုင်စေခဲ့ပြီး လူထု၏ ကျေနပ်အားပေးမှုကို ရရှိခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုကို ရရှိခဲ့ကြောင်း၊ ပိုမိုအရေးကြီးသည်မှာ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ နည်းဗျူဟာအစီအမံများ ဆက်လက်ပိုမိုကောင်းမွန်၍ ပြီးပြည့်စုံမှုရှိစေရန်အတွက် အခွင့်အ လမ်း ကိုလည်း စောင့်ဆိုင်းလာနိုင်ခဲ့ကြောင်း ပြောခဲ့သည်။ ကောင်းမွန်သည့် ဦးဆောင်မှုကြောင့်သာ လက်ရှိ အခြေအနေကို ဖိတ်စင်မှုအနည်းဆုံးဖြင့် ဖြတ်ကျော် ကူးပြောင်းလာနိုင်ခဲ့ခြင်းဆိုသည်မှာ ထိုအခြေအနေကိုကြည့် ခြင်းဖြင့် သိနိုင်ပေသည်။

ကိုဗစ်ကဲ့သို့ ကမ္ဘာ့ပျက်နိုင်သည့် ကျန်းမာရေးစစ်ပွဲကို  ခေါင်းဆောင်ကောင်း၏ ဦးဆောင်မှုဖြင့် ဖြတ်ကျော် ပြနိုင်ခဲ့သည့် တရုတ်နိုင်ငံမှာ ကျန်းမာရေးဆိုင်ရာတွင် ကပ်ဘေးများတွင် မှတ်တမ်းတင်ရမည့် ကောင်းမွန်သော ရည်ညွှန်းချက်အဖြစ် ရှိနေမည်ဖြစ်လေသည်။

လင်းသစ်အောင်