【 နိုင်ငံတကာဆောင်းပါး 】သားရိုင်းတိရစ္ဆာန်များအတွက် တရုတ်စေတနာ့ ဆရာဝန်

【  နိုင်ငံတကာဆောင်းပါး  】သားရိုင်းတိရစ္ဆာန်များအတွက်  တရုတ်စေတနာ့ ဆရာဝန်

အလုပ်တွင် လူနာများကို ကုသခြင်းအပြင် အသက် ၅၁ နှစ်ရှိပြီဖြစ်သော ယောင်ရှောင်ဒုံသည် တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီပြည်နယ် ဟာရွှမ်ခရိုင်မှဖြစ်ပြီး သူ၏ အားလပ်ချိန်များတွင် သားရိုင်းတိရစ္ဆာန်များကို ကယ်ဆယ်သူဖြစ်သည်။
 
ဟာရွှမ်ခရိုင်သည် သစ်တောဖုန်းလွှမ်းမှု ၃၀ ရာခိုင်နှုန်းကျော်ရှိသည့် ထိုင်ဟောင် တောင်တန်းတောနက် အတွင်း တည်ရှိပြီး တရုတ်ကျားသစ်၊ ရိုးသမင်၊ တောဝက်နှင့် မြေခွေးနီများ ကျင်လည်သောနေရာဖြစ်သည်။ ဟာရွှမ်ပြည်သူ့ဆေးရုံ ဒုတိယဥက္ကဌဖြစ်သော ယောင်သည် ၁၉၉၉ ခုနှစ်တွင် သားရိုင်းတိရစ္ဆာန် ကာကွယ်ရေး အစိုးရမဟုတ်သော အဖွဲ့အစည်းတခုတည်ထောင်ပြီး ထိုသတ္တဝါများကို စောင့်ရှောက်နေသည်မှာ ၂၁ နှစ် ရှိပြီဖြစ်သည်။

လွန်ခဲ့သော နွေဦးရာသီတွင်မူ ခရိုင်သစ်တောဗျူရိုမှ အရာရှိများက သူထံသို့ ဗို့အားမြင့် ဓါတ်အားလိုင်းနှင့် တိုက်မိသောကြောင့် မျက်စိတဖက်ကွယ်ပြီး အခြားတဖက် ဆိုးရွားစွာ ထိခိုက်နေသည့် ယူရေးရှန် သိမ်းငှက် ဇီးကွက် တကောင် ပေးပို့ခဲ့သည်။

ထိုကဲ့သို့သော ဒဏ်ရာကို ကုသပေးခဲ့သည့် အတွေ့အကြုံမရှိသောကြောင့် ယောင်သည် အချို့သော ကျွမ်းကျင်သူများထံမှ အကြံဥာဏ်ရယူပြီး ဌက်ကိုကုသပေးရန် မျက်စိကုဌာနမှ ဆရာဝန်များကို ဖိတ်ခေါ် ခဲ့ရသည်။

“ခွဲစိတ်ကုသမှု မအောင်မြင်မှာကို ကျနော်တို့ စိုးရိမ်နေကြတာ။ ဒါပေမယ့် ကျနော်တို့မကြိုးစားရင် ဒီသိမ်းငှက် ဇီးကွက်အတွက် အခွင့်အလမ်းမရှိဖြစ်မယ်” ဟု သူပြောသည်။

နာရီဝက်ခန့် ဂရုတစိုက်ကုသပေးပြီးနောက် ယောင်နှင့် လုပ်ဖေါ်ကိုင်ဖက်များသည် ထို သိမ်းငှက်ဇီးကွက်၏ မျက်လုံးများကိုကယ်တင်နိုင်ခဲ့သည်။ နောက်နှစ်လလုံး သူသည် ထို သိမ်းငှက်ဇီးကွက်ကို နေ့စဉ် မျက်စဉ်းနှင့် အရောင်ကျဆေးများ ခပ်ပေးနေရပြီး အမဲလိုက်နိုင်သော စွမ်းရည်ပြန်လည်ရရှိသော အခါ တောရိုင်းသို့ ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိအချိန်အထိ ယောင်သည် ဒဏ်ရာရသော တိရစ္ဆာန် ၃၀၀ မှ ၄၀၀ ခန့်အထိကို ကုသပေးပြီးဖြစ်သည်။ ထိုသို့ကုသပေးသည့် သတ္တဝါများတွင် သုံးပုံတပုံသည် ပျောက်ကင်းပြီး တောတွင်းသို့ပြန်နိုင်ကြသည်။ အခြား သုံးပုံတပုံမှာမူ မသန်စွမ်းဖြစ်သွားသောကြောင့် တိရစ္ဆာန်ရုံများသို့ ပေးပို့ခဲ့ရသည်။

ဒေသအစိုးရ၏ ထောက်ပံ့မှုဖြင့် သူသည် ခရိုင် ဂေဟဗေဒ ထိန်းသိမ်းရေး အသင်းကို ၂၀၁၈ ဖွဲ့စည်းထားပြီး သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးကို အားပေးလုပ်ဆောင်နေသည်။

တခါက သူ၏ လူမှုကွန်ရက်တွင် ရိုးသမင် နှစ်ကောင်၏ ပုံကို တင်သူတဦးကို ယောင်တွေ့သောအခါ သစ်တောရဲတပ်ဖွဲ့ကို ချက်ခြင်းဖုန်းဆက်သည်။ ထိုမှောင်ခိုများကို ရှာဖွေရန် သူသည် ရွာပေါင်းများစွာ တွင် ရှာဖွေမှုများပြုလုပ်ရပြီး တွေ့သောအခါ ထို ရိုးသမင်ငယ်များကို ကာကွယ်ရေးစခန်းများသို့ ပို့ဆောင်ရသည်။
 
သို့သော် ထိုရိုးသမင်ငယ်များသည် နို့မှုန့်မသောက်သောကြောင့် ယောင်သည် ညတွင်းချင်းခရိုင်ပြင်ပအထိ သွားရောက်ကာ ဆိတ်နို့ဝယ်ရသည်။ ၅ လကြာသောအခါ ၎င်းတို့ကို နို့ဖြတ်ပြီး မြက်စားလာနိုင်ကြသည်၊ နောင်တွင် ၎င်းတို့ကို တိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့က တောတွင်းသို့ ပြန်လွှတ်ပေးနိုင်ခဲ့သည်။

“လူတွေအနေနဲ့ သားရိုင်း တိရစ္ဆာန်တွေကို အိမ်မွေးတိရိစ္ဆာန်အနေနဲ့ မမွေးသင့်ဘူး။ သူတို့ကို သဘာဝက ပိုင်တာ” ဟု ယောင်ပြောသည်။

သူ၏ ဦးဆောင်မှုအောက်တွင် သူ၏မိသားစုအပါအဝင် စေတနာ့ဝန်ထမ်း ၁၀၀ ကျော်တို့သည် ဂေဟဗေဒ ထိန်းသိမ်းရေးအဖွဲ့တွင် ဝင်ရောက်ပြီး တောင်များအကြားမှ သားရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက် နေကြသည်။

ဒီအလုပ်က ခက်ခဲပေမယ့် တိရိစ္ဆာန်တွေအကြောင်း ပြောနိုင် လုပ်နိုင်တယ်ဆိုရင် လုပ်ရတာတန်ပါတယ်” ဟုလည်း သူပြောသည်။တချိန်တည်းတွင် သားရိုင်းတိရစ္ဆာန်မှောင်ခိုကူးသော နည်းလမ်းများလည် ပိုမို အဆင့်မြင့်လာပြီး သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကို အလျှင်အမြန် လုပ်ဆောင်ရန်လိုကြောင်း သူတို့ သိလာကြသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ယောင်နှင့် စေတနာ့ဝန်ထမ်းများသည် အားလပ်ချိန်တွင် တောင် များ အတွင်း ကင်းလှည့်ခြင်း၊ ကျေးလက်ဒေသများတွင် သားရိုင်တိရစ္ဆာန်မှောင်ခိုကူးမှု တိုက်ဖျက်ရေး ပိုစတာ ၁၀၀ ကျော် ချိတ်ဆွဲခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
 
“ကျနော်တို့ စေတနာ့ဝန်ထမ်းတွေ များလာလို့ မှောင်ခိုသမားတွေကို ပိုမိုတားဆီးလာနိုင်ကြတယ်” ဟု အသက် ၃၇ နှစ်အရွယ် စေတနာ့ဝန်ထမ်း လျှူကျယ်ဘို ပြောသည်။

၎င်းတို့၏ အားထုတ်မှုကြောင့် သားရိုင်းတိရစ္ဆာန်ကာကွယ်ရေးလုပ်ငန်းကို လူထုအာရုံစိုက်လာကြသည်။
 
၂၀၁၅ ခုနှစ်တွင် ဘေဂျင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Chinese Felid Conservation Alliance သည် ဂေဟဗေဒ ထိန်းသိမ်းရေး ရန်ပုံငွေ ထူထောင်ရန်အတွက် ယောင်၏ အဖွဲ့နှင့် တူ လုပ်ဆောင်နေပြီး နှစ်စဉ် မြောက်ပိုင်းတရုတ် ခြင်္သေ့များစားသောက်ခြင်းခံရသည့် ကျွဲနွား ၅၀ မှ ၆၀ အတွက် ဒေသခံများကို လျှော်ကြေးပေးပြီး လူသားနှင့် တိရစ္ဆာန်အကြား တင်းမာမှုလျှော့ပါးစေရန် လုပ်ဆောင်နေသည်။

သားရိုင်းတိရစ္ဆာန်ပေါများသောနေရာများတွင် အချက်ပြသည့် အမှတ်အသား ၇၀ ကျော်ထားရှိရန် ဒေသခံ လုံခြုံရေးဗျူရိုနှင့်လည်း ပူးတွဲလုပ်ဆောင်ပြီး   ဒေသခံနေရာများတွင် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး နည်းလမ်းသစ်များရှာရန် အလီဘာဘာ၏ လူမှုပလက်ဖေါင်းဖြစ်သော Alipay Ant Forest အမည်ရှိ အွန်လိုင်း အစီအစဉ်ကိုလည်း ဆောင်ရွက်နေသည်။
 
“တခါတခါ ကျနော်တို့ရဲ့ အနီအောက်ရောင်ခြည် ကင်မရာတွေမှာ အစာရှာနေတဲ့ သားရိုင်းမိသားစုတွေကို တွေ့ရတယ်။ သူတို့တွေက အရမ်းကို ချစ်ဖို့ကောင်းတယ်” ဟု လျှူကျယ်ဘို ပြောသည်။ ပြည်သူများ အနေဖြင့် သာရိုင်းမှောင်ခိုမလုပ်ရန်နှင့် မစားသောက်ရန် သူ၏ဗီဒီယိုများကို ဖွင့်ပြလုပ်ဆောင်ကြောင်း သူပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက် ဖြစ်ပွားသောကြောင့် တရုတ်နိုင်ငံသည် သားရိုင်းများနှင့်ပတ်သက်သည့် တရားမဝင်လုပ်ငန်းများကို ဖြိုခွဲရန် အရှိန်မြှင့် လုပ်ဆောင်နေသည်။ ထိုဗိုင်းရပ်သည် သားရိုင်းများမှ လာသည် ဟု သုတေသီများယုံကြည်ကြသည်။ ထိုသို့ဖြစ်ခြင်းကြောင့် သားရိုင်းမစားရန် သူ၏ စကားများကို လူအများ ပိုမိုလက်ခံလာမည်ဟု လျှူထင်သည်။

ထို့အပြင် ယောင်အတွက် ပျော်စရာကောင်းသည်မှာ တရုတ်ဥပဒေပြုလွှတ်တော်သည် သားရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု အသေးစိတ်ပိတ်ပင်ရန်နှင့် သားရိုင်းစားသုံးမှု ရပ်ရန်ဆုံးဖြတ်ချက်ချထားသည်။“တရုတ်နိုင်ငံက သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးက ရှေ့ကို ခြေလှမ်းအကြီးကြီး လှမ်းလိုက်ပြီလို့ ကျနော် ယုံကြည်တယ်” ဟု သူပြောသည်။

(  Zawgyi  )

 အလုပ္တြင္ လူနာမ်ားကို ကုသျခင္းအျပင္ အသက္ ၅၁ ႏွစ္ရွိၿပီျဖစ္ေသာ ေယာင္ေရွာင္ဒုံသည္ တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္း ရွန္ရွီျပည္နယ္ ဟာ႐ႊမ္ခ႐ိုင္မွျဖစ္ၿပီး သူ၏ အားလပ္ခ်ိန္မ်ားတြင္ သား႐ိုင္းတိရစာၦန္မ်ားကို ကယ္ဆယ္သူျဖစ္သည္။
 
ဟာ႐ႊမ္ခ႐ိုင္သည္ သစ္ေတာဖုန္းလႊမ္းမႈ ၃၀ ရာခိုင္ႏႈန္းေက်ာ္ရွိသည့္ ထိုင္ေဟာင္ ေတာင္တန္းေတာနက္ အတြင္း တည္ရွိၿပီး တ႐ုတ္က်ားသစ္၊ ႐ိုးသမင္၊ ေတာဝက္ႏွင့္ ေျမေခြးနီမ်ား က်င္လည္ေသာေနရာျဖစ္သည္။ ဟာ႐ႊမ္ျပည္သူ႔ေဆး႐ုံ ဒုတိယဥကၠဌျဖစ္ေသာ ေယာင္သည္ ၁၉၉၉ ခုႏွစ္တြင္ သား႐ိုင္းတိရစာၦန္ ကာကြယ္ေရး အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းတခုတည္ေထာင္ၿပီး ထိုသတၱဝါမ်ားကို ေစာင့္ေရွာက္ေနသည္မွာ ၂၁ ႏွစ္ ရွိၿပီျဖစ္သည္။

လြန္ခဲ့ေသာ ေႏြဦးရာသီတြင္မူ ခ႐ိုင္သစ္ေတာဗ်ဴ႐ိုမွ အရာရွိမ်ားက သူထံသို႔ ဗို႔အားျမင့္ ဓါတ္အားလိုင္းႏွင့္ တိုက္မိေသာေၾကာင့္ မ်က္စိတဖက္ကြယ္ၿပီး အျခားတဖက္ ဆိုး႐ြားစြာ ထိခိုက္ေနသည့္ ယူေရးရွန္ သိမ္းငွက္ ဇီးကြက္ တေကာင္ ေပးပို႔ခဲ့သည္။

ထိုကဲ့သို႔ေသာ ဒဏ္ရာကို ကုသေပးခဲ့သည့္ အေတြ႕အႀကဳံမရွိေသာေၾကာင့္ ေယာင္သည္ အခ်ိဳ႕ေသာ ကြၽမ္းက်င္သူမ်ားထံမွ အႀကံဥာဏ္ရယူၿပီး ဌက္ကိုကုသေပးရန္ မ်က္စိကုဌာနမွ ဆရာဝန္မ်ားကို ဖိတ္ေခၚ ခဲ့ရသည္။

“ခြဲစိတ္ကုသမႈ မေအာင္ျမင္မွာကို က်ေနာ္တို႔ စိုးရိမ္ေနၾကတာ။ ဒါေပမယ့္ က်ေနာ္တို႔မႀကိဳးစားရင္ ဒီသိမ္းငွက္ ဇီးကြက္အတြက္ အခြင့္အလမ္းမရွိျဖစ္မယ္” ဟု သူေျပာသည္။

နာရီဝက္ခန႔္ ဂ႐ုတစိုက္ကုသေပးၿပီးေနာက္ ေယာင္ႏွင့္ လုပ္ေဖၚကိုင္ဖက္မ်ားသည္ ထို သိမ္းငွက္ဇီးကြက္၏ မ်က္လုံးမ်ားကိုကယ္တင္ႏိုင္ခဲ့သည္။ ေနာက္ႏွစ္လလုံး သူသည္ ထို သိမ္းငွက္ဇီးကြက္ကို ေန႔စဥ္ မ်က္စဥ္းႏွင့္ အေရာင္က်ေဆးမ်ား ခပ္ေပးေနရၿပီး အမဲလိုက္ႏိုင္ေသာ စြမ္းရည္ျပန္လည္ရရွိေသာ အခါ ေတာ႐ိုင္းသို႔ ျပန္လႊတ္ေပးခဲ့သည္။

လက္ရွိအခ်ိန္အထိ ေယာင္သည္ ဒဏ္ရာရေသာ တိရစာၦန္ ၃၀၀ မွ ၄၀၀ ခန႔္အထိကို ကုသေပးၿပီးျဖစ္သည္။ ထိုသို႔ကုသေပးသည့္ သတၱဝါမ်ားတြင္ သုံးပုံတပုံသည္ ေပ်ာက္ကင္းၿပီး ေတာတြင္းသို႔ျပန္ႏိုင္ၾကသည္။ အျခား သုံးပုံတပုံမွာမူ မသန္စြမ္းျဖစ္သြားေသာေၾကာင့္ တိရစာၦန္႐ုံမ်ားသို႔ ေပးပို႔ခဲ့ရသည္။

ေဒသအစိုးရ၏ ေထာက္ပံ့မႈျဖင့္ သူသည္ ခ႐ိုင္ ေဂဟေဗဒ ထိန္းသိမ္းေရး အသင္းကို ၂၀၁၈ ဖြဲ႕စည္းထားၿပီး သား႐ိုင္းတိရစာၦန္ ထိန္းသိမ္းကာကြယ္ေရးကို အားေပးလုပ္ေဆာင္ေနသည္။

တခါက သူ၏ လူမႈကြန္ရက္တြင္ ႐ိုးသမင္ ႏွစ္ေကာင္၏ ပုံကို တင္သူတဦးကို ေယာင္ေတြ႕ေသာအခါ သစ္ေတာရဲတပ္ဖြဲ႕ကို ခ်က္ျခင္းဖုန္းဆက္သည္။ ထိုေမွာင္ခိုမ်ားကို ရွာေဖြရန္ သူသည္ ႐ြာေပါင္းမ်ားစြာ တြင္ ရွာေဖြမႈမ်ားျပဳလုပ္ရၿပီး ေတြ႕ေသာအခါ ထို ႐ိုးသမင္ငယ္မ်ားကို ကာကြယ္ေရးစခန္းမ်ားသို႔ ပို႔ေဆာင္ရသည္။
 
သို႔ေသာ္ ထို႐ိုးသမင္ငယ္မ်ားသည္ ႏို႔မႈန႔္မေသာက္ေသာေၾကာင့္ ေယာင္သည္ ညတြင္းခ်င္းခ႐ိုင္ျပင္ပအထိ သြားေရာက္ကာ ဆိတ္ႏို႔ဝယ္ရသည္။ ၅ လၾကာေသာအခါ ၎တို႔ကို ႏို႔ျဖတ္ၿပီး ျမက္စားလာႏိုင္ၾကသည္၊ ေနာင္တြင္ ၎တို႔ကို တိရိစာၦန္ကာကြယ္ေရးအဖြဲ႕က ေတာတြင္းသို႔ ျပန္လႊတ္ေပးႏိုင္ခဲ့သည္။

“လူေတြအေနနဲ႔ သား႐ိုင္း တိရစာၦန္ေတြကို အိမ္ေမြးတိရိစာၦန္အေနနဲ႔ မေမြးသင့္ဘူး။ သူတို႔ကို သဘာဝက ပိုင္တာ” ဟု ေယာင္ေျပာသည္။

သူ၏ ဦးေဆာင္မႈေအာက္တြင္ သူ၏မိသားစုအပါအဝင္ ေစတနာ့ဝန္ထမ္း ၁၀၀ ေက်ာ္တို႔သည္ ေဂဟေဗဒ ထိန္းသိမ္းေရးအဖြဲ႕တြင္ ဝင္ေရာက္ၿပီး ေတာင္မ်ားအၾကားမွ သား႐ိုင္းတိရစာၦန္မ်ားကို ကာကြယ္ေစာင့္ေရွာက္ ေနၾကသည္။

ဒီအလုပ္က ခက္ခဲေပမယ့္ တိရိစာၦန္ေတြအေၾကာင္း ေျပာႏိုင္ လုပ္ႏိုင္တယ္ဆိုရင္ လုပ္ရတာတန္ပါတယ္” ဟုလည္း သူေျပာသည္။တခ်ိန္တည္းတြင္ သား႐ိုင္းတိရစာၦန္ေမွာင္ခိုကူးေသာ နည္းလမ္းမ်ားလည္ ပိုမို အဆင့္ျမင့္လာၿပီး သား႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးကို အလွ်င္အျမန္ လုပ္ေဆာင္ရန္လိုေၾကာင္း သူတို႔ သိလာၾကသည္။ လြန္ခဲ့ေသာ ႏွစ္ႏွစ္အတြင္း ေယာင္ႏွင့္ ေစတနာ့ဝန္ထမ္းမ်ားသည္ အားလပ္ခ်ိန္တြင္ ေတာင္ မ်ား အတြင္း ကင္းလွည့္ျခင္း၊ ေက်းလက္ေဒသမ်ားတြင္ သား႐ိုင္တိရစာၦန္ေမွာင္ခိုကူးမႈ တိုက္ဖ်က္ေရး ပိုစတာ ၁၀၀ ေက်ာ္ ခ်ိတ္ဆြဲျခင္းမ်ားကို လုပ္ေဆာင္ခဲ့ၾကသည္။
 
“က်ေနာ္တို႔ ေစတနာ့ဝန္ထမ္းေတြ မ်ားလာလို႔ ေမွာင္ခိုသမားေတြကို ပိုမိုတားဆီးလာႏိုင္ၾကတယ္” ဟု အသက္ ၃၇ ႏွစ္အ႐ြယ္ ေစတနာ့ဝန္ထမ္း လွ်ဴက်ယ္ဘို ေျပာသည္။

၎တို႔၏ အားထုတ္မႈေၾကာင့္ သား႐ိုင္းတိရစာၦန္ကာကြယ္ေရးလုပ္ငန္းကို လူထုအာ႐ုံစိုက္လာၾကသည္။
 
၂၀၁၅ ခုႏွစ္တြင္ ေဘဂ်င္းအေျခစိုက္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းျဖစ္သည့္ Chinese Felid Conservation Alliance သည္ ေဂဟေဗဒ ထိန္းသိမ္းေရး ရန္ပုံေငြ ထူေထာင္ရန္အတြက္ ေယာင္၏ အဖြဲ႕ႏွင့္ တူ လုပ္ေဆာင္ေနၿပီး ႏွစ္စဥ္ ေျမာက္ပိုင္းတ႐ုတ္ ျခေသၤ့မ်ားစားေသာက္ျခင္းခံရသည့္ ကြၽဲႏြား ၅၀ မွ ၆၀ အတြက္ ေဒသခံမ်ားကို ေလွ်ာ္ေၾကးေပးၿပီး လူသားႏွင့္ တိရစာၦန္အၾကား တင္းမာမႈေလွ်ာ့ပါးေစရန္ လုပ္ေဆာင္ေနသည္။

သား႐ိုင္းတိရစာၦန္ေပါမ်ားေသာေနရာမ်ားတြင္ အခ်က္ျပသည့္ အမွတ္အသား ၇၀ ေက်ာ္ထားရွိရန္ ေဒသခံ လုံၿခဳံေရးဗ်ဴ႐ိုႏွင့္လည္း ပူးတြဲလုပ္ေဆာင္ၿပီး   ေဒသခံေနရာမ်ားတြင္ သား႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရး နည္းလမ္းသစ္မ်ားရွာရန္ အလီဘာဘာ၏ လူမႈပလက္ေဖါင္းျဖစ္ေသာ Alipay Ant Forest အမည္ရွိ အြန္လိုင္း အစီအစဥ္ကိုလည္း ေဆာင္႐ြက္ေနသည္။
 
“တခါတခါ က်ေနာ္တို႔ရဲ႕ အနီေအာက္ေရာင္ျခည္ ကင္မရာေတြမွာ အစာရွာေနတဲ့ သား႐ိုင္းမိသားစုေတြကို ေတြ႕ရတယ္။ သူတို႔ေတြက အရမ္းကို ခ်စ္ဖို႔ေကာင္းတယ္” ဟု လွ်ဴက်ယ္ဘို ေျပာသည္။ ျပည္သူမ်ား အေနျဖင့္ သာ႐ိုင္းေမွာင္ခိုမလုပ္ရန္ႏွင့္ မစားေသာက္ရန္ သူ၏ဗီဒီယိုမ်ားကို ဖြင့္ျပလုပ္ေဆာင္ေၾကာင္း သူေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ ႐ုတ္တရက္ ျဖစ္ပြားေသာေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ သား႐ိုင္းမ်ားႏွင့္ပတ္သက္သည့္ တရားမဝင္လုပ္ငန္းမ်ားကို ၿဖိဳခြဲရန္ အရွိန္ျမႇင့္ လုပ္ေဆာင္ေနသည္။ ထိုဗိုင္းရပ္သည္ သား႐ိုင္းမ်ားမွ လာသည္ ဟု သုေတသီမ်ားယုံၾကည္ၾကသည္။ ထိုသို႔ျဖစ္ျခင္းေၾကာင့္ သား႐ိုင္းမစားရန္ သူ၏ စကားမ်ားကို လူအမ်ား ပိုမိုလက္ခံလာမည္ဟု လွ်ဴထင္သည္။

ထို႔အျပင္ ေယာင္အတြက္ ေပ်ာ္စရာေကာင္းသည္မွာ တ႐ုတ္ဥပေဒျပဳလႊတ္ေတာ္သည္ သား႐ိုင္းတိရစာၦန္ တရားမဝင္ေရာင္းဝယ္မႈ အေသးစိတ္ပိတ္ပင္ရန္ႏွင့္ သား႐ိုင္းစားသုံးမႈ ရပ္ရန္ဆုံးျဖတ္ခ်က္ခ်ထားသည္။“တ႐ုတ္ႏိုင္ငံက သား႐ိုင္း တိရစာၦန္ထိန္းသိမ္းေရးက ေရွ႕ကို ေျခလွမ္းအႀကီးႀကီး လွမ္းလိုက္ၿပီလို႔ က်ေနာ္ ယုံၾကည္တယ္” ဟု သူေျပာသည္။