【 နိုင်ငံတကာဆောင်းပါး 】သေဆုံးမှုနှုန်းမြင့်မားစေသည်ဆိုသည့် ဟိုက်ဒရိုစီကလိုရိုကွင်း နှင့်ပတ်သက်သည့် သုတေသနစာတမ်း ပြန်လည်ရုတ်သိမ်း

【  နိုင်ငံတကာဆောင်းပါး 】သေဆုံးမှုနှုန်းမြင့်မားစေသည်ဆိုသည့် ဟိုက်ဒရိုစီကလိုရိုကွင်း နှင့်ပတ်သက်သည့် သုတေသနစာတမ်း ပြန်လည်ရုတ်သိမ်း

 ကိုဗစ်-၁၉ တိုက်ဖျက်ရာတွင် ကြီးမားသော အပြောင်းအလဲဖြစ်စေမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောကြားခဲ့သော ငှက်ဖျားရောဂါကုသဆေးဖြစ်သည့် ကလိုရိုကွင်းနှင့် ဟိုက်ဒရိုစီ ကလိုရိုကွင်းတို့သည် လူနာများတွင် သေဆုံးမှုနှုန်းမြင့်မားစေကြောင်း သုတေသီ ၄ ဦး၏ စာတမ်း တစောင်ကို ကမ္ဘာ့သြဇာအကြီးမားဆုံးဆေးပညာဂျာနယ်ဖြစ်သည့် Lancet က ပြန်လည် ရုပ်သိမ်းလိုက်သည်။

ထိုဖြစ်ရပ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အဓိက သုတေသ အရှုပ်တော်ပုံဖြစ်သည် ဟုလည်း ဆိုသည်။ ကိုဗစ်-၁၉ ကူး စက်ခံရသူများနှင့် နီးကပ်သော အဆက်အသွယ် ရှိခဲ့သည့် သူအများအပြားတွင် ဟိုက်ဒရိုစီကလိုရိုကွင်းကို စမ်းသပ်သောအခါ ထိရောက်မှုမရှိကြောင်း နယူးအင်္ဂလန်ဆေးပညာ ဂျာနယ်က ယခုအပါတ်အတွင်း ဖေါ်ပြခဲ့ပြီးနောက် အထက်ပါ သုတေသန စာတမ်းကို Lancet က ပြန်လည်ရုတ်သိမ်းခြင်းဖြစ်သည်။

အထက်ပါ သုတေသီ ၄ ဦးအနက် ၃ ဦးက ၎င်းတို့၏ သုတေသနစာတမ်းကို ပြန်လည် ရုတ်သိမ်း ခဲ့သည်။  ၎င်းတို့၏ သုတေသနကို အခြေခံသည့် အချက်အလက်များကို သီးခြားပြည့်စုံစွာ လေ့လာနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းတို့ကပြောသည်။ ထို့ကြောင့် အခြေခံအချက်အလက်များ၏ မှန်ကန်မှုကို ၎င်းတို့အနေဖြင့် အာမမခံနိုင်ကြောင်း ပြောခဲ့သည်ဟု  Lancet က ကြာသပတေးနေ့ က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

ပြန်လည်ရုပ်သိမ်းလိုက်သည့် Lancet ၏စာတမ်းတွင် အံ့သြစရာကောင်း လောက်အောင် များပြားသည့် လူနာများ၊ ၎င်းတို့၏ လူမှုအချက်အလက်အသေးစိတ်များနှင့် လက်တွေ့ မကျ သည့် ဆေးအသုံးပြုမှု အကြိမ်အရေအတွက်များကို တွေ့ရသောကြောင့် သုတေသီများနှင့် အွန်လိုင်းမှ စုံစမ်းစစ်ဆေးသူများ တုန်လှုပ်ခဲ့ကြောင်း သိရသည်။

ထိုစာတမ်းကို ထုတ်ပြန်ပြီးနောက် ကလိုရိုကွင်းနှင့် ဟိုက်ဒရိုစီ ကလိုရိုကွင်းနှင့်ပတ်သက်သည့် ကြီးမားသည့် သုတေသနများ ချက်ခြင်းရပ်ဆိုင်းသွားခဲ့သည်။ ၁၃ ရက်သာ အတည်ဖြစ်ခဲ့သော ထိုသုတေသနစာတမ်းကို ရေးသားများအနက် တဦးဖြစ်သူ Sapan Desai ဆိုသူမှာ ထိုသုတေသနအတွက် အချက်အလက်များ ထုတ်ပေးသည့် Surgisphere လုပ်ငန်းကို တည်ထောင် သူဖြစ်ပြီး ထိုသူသည် စာတမ်းကို ပြန်လည်ရုတ်သိမ်းသူများစာရင်းတွင် ပါဝင်ခြင်းမရှိပေ။

ထိုသုတေသနစာတမ်းကို မေလ ၂၂ ရက်နေ့က ထုတ်ပြန်ခြင်းဖြစ်ပြီး ထိုစာတမ်းနှင့် နယူး အင်္ဂလန်ဆေးပညာဂျာနယ် ၏ သုတေသနစာတမ်းများကို ထုတ်ပြန်အပြီးတွင် ထိုစာတမ်း နှစ်ဆောင်လုံးနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ မြင့်မားလားသည်။ ထို သုတေသနစာတမ်း နှစ်စောင်လုံးအတွက် အချက်အလက်များကို Surgisphere  က ထုတ်ပေးခဲ့ခြင်းဖြစ်သည်။Lancet က ပြန်လည်ရုပ်သိမ်းသည့် Surgisphere အချက်အလက်များတွင် လူနာ တသိန်း နီးပါးပါဝင်နေသောအချက်ကို Lancet က မီးမောင်းထိုးပြသည်။

Surgisphere က ၎င်းတို့၏ အချက်အလက်များ ရိုးသားမှန်ကန်မှုကို ၎င်းတို့၏ အင်တာနက် စာမျက်နှာမှ တဆင့် ခုခံကာကွယ်သည်။ “Lancet တွင် ဖေါ်ပြခဲ့သည့် စာတမ်းအပါအဝင် မိမိတို့၏ လေ့လာမှုများသည် အီလက်ထရွန်းနစ် ကျန်းမာရေး မှတ်တမ်းမှ ရရှိသည့် အချက်အလက် များဖြင့် မှတ်ပုံတင်သည့် စနစ်ကို ကျင့်သုံးသည်။ မိမိတို့၏ ဟိုက်ဒရိုစီ ကလိုရိုကွင်း သုတေသနတွင် ကိုဗစ်-၁၉ ဖြင့် ဆေးရုံတင်ရသည့် လူနာအုပ်စုတခုပါဝင်ပြီး သုတေသန ရလဒ် များကို ရေဂါကူးစက်ခံရခြင်း မရှိသူများနှင့် ဆေးရုံမတင်ရသေးသောသူများအတွက် အလွန် အကျွံဖွင့်ဆိုခြင်း မပြုသင့်ကြောင်း အထင်အရှား ဖေါ်ပြထားသည်ဟု ဆိုသည်။

လူအများအာရုံစိုက်မိသည့် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် သုတေသနစာတမ်းကို ပြန်လည် ရုတ် သိမ်းသည်မှာ Lancet တခုတည်းသာမဟုတ်ပေ။ နယူးအင်ဂလန်ဆေးပညာဂျာနယ်သည်လည်း Cardiovascular Disease, Drug Therapy and Mortality in COVID-19 အမည်ရှိစာတမ်းကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ ထိုသုတေသနအတွက် အချက်အလက်များကို ပေးသောလုပ်ငန်းမှာ Surgisphere ပင်ဖြစ်နေသည်။
 
(  Zawgyi  )
 
ကိုဗစ္-၁၉ တိုက္ဖ်က္ရာတြင္ ႀကီးမားေသာ အေျပာင္းအလဲျဖစ္ေစမည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ေျပာၾကားခဲ့ေသာ ငွက္ဖ်ားေရာဂါကုသေဆးျဖစ္သည့္ ကလို႐ိုကြင္းႏွင့္ ဟိုက္ဒ႐ိုစီ ကလို႐ိုကြင္းတို႔သည္ လူနာမ်ားတြင္ ေသဆုံးမႈႏႈန္းျမင့္မားေစေၾကာင္း သုေတသီ ၄ ဦး၏ စာတမ္း တေစာင္ကို ကမာၻ႔ၾသဇာအႀကီးမားဆုံးေဆးပညာဂ်ာနယ္ျဖစ္သည့္ Lancet က ျပန္လည္ ႐ုပ္သိမ္းလိုက္သည္။

ထိုျဖစ္ရပ္သည္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားသည့္ အဓိက သုေတသ အရႈပ္ေတာ္ပုံျဖစ္သည္ ဟုလည္း ဆိုသည္။ ကိုဗစ္-၁၉ ကူး စက္ခံရသူမ်ားႏွင့္ နီးကပ္ေသာ အဆက္အသြယ္ ရွိခဲ့သည့္ သူအမ်ားအျပားတြင္ ဟိုက္ဒ႐ိုစီကလို႐ိုကြင္းကို စမ္းသပ္ေသာအခါ ထိေရာက္မႈမရွိေၾကာင္း နယူးအဂၤလန္ေဆးပညာ ဂ်ာနယ္က ယခုအပါတ္အတြင္း ေဖၚျပခဲ့ၿပီးေနာက္ အထက္ပါ သုေတသန စာတမ္းကို Lancet က ျပန္လည္႐ုတ္သိမ္းျခင္းျဖစ္သည္။

အထက္ပါ သုေတသီ ၄ ဦးအနက္ ၃ ဦးက ၎တို႔၏ သုေတသနစာတမ္းကို ျပန္လည္ ႐ုတ္သိမ္း ခဲ့သည္။  ၎တို႔၏ သုေတသနကို အေျခခံသည့္ အခ်က္အလက္မ်ားကို သီးျခားျပည့္စုံစြာ ေလ့လာႏိုင္ျခင္း မရွိခဲ့ေၾကာင္း ၎တို႔ကေျပာသည္။ ထို႔ေၾကာင့္ အေျခခံအခ်က္အလက္မ်ား၏ မွန္ကန္မႈကို ၎တို႔အေနျဖင့္ အာမမခံႏိုင္ေၾကာင္း ေျပာခဲ့သည္ဟု  Lancet က ၾကာသပေတးေန႔ က ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ ေဖၚျပခဲ့သည္။

ျပန္လည္႐ုပ္သိမ္းလိုက္သည့္ Lancet ၏စာတမ္းတြင္ အံ့ၾသစရာေကာင္း ေလာက္ေအာင္ မ်ားျပားသည့္ လူနာမ်ား၊ ၎တို႔၏ လူမႈအခ်က္အလက္အေသးစိတ္မ်ားႏွင့္ လက္ေတြ႕ မက် သည့္ ေဆးအသုံးျပဳမႈ အႀကိမ္အေရအတြက္မ်ားကို ေတြ႕ရေသာေၾကာင့္ သုေတသီမ်ားႏွင့္ အြန္လိုင္းမွ စုံစမ္းစစ္ေဆးသူမ်ား တုန္လႈပ္ခဲ့ေၾကာင္း သိရသည္။

ထိုစာတမ္းကို ထုတ္ျပန္ၿပီးေနာက္ ကလို႐ိုကြင္းႏွင့္ ဟိုက္ဒ႐ိုစီ ကလို႐ိုကြင္းႏွင့္ပတ္သက္သည့္ ႀကီးမားသည့္ သုေတသနမ်ား ခ်က္ျခင္းရပ္ဆိုင္းသြားခဲ့သည္။ ၁၃ ရက္သာ အတည္ျဖစ္ခဲ့ေသာ ထိုသုေတသနစာတမ္းကို ေရးသားမ်ားအနက္ တဦးျဖစ္သူ Sapan Desai ဆိုသူမွာ ထိုသုေတသနအတြက္ အခ်က္အလက္မ်ား ထုတ္ေပးသည့္ Surgisphere လုပ္ငန္းကို တည္ေထာင္ သူျဖစ္ၿပီး ထိုသူသည္ စာတမ္းကို ျပန္လည္႐ုတ္သိမ္းသူမ်ားစာရင္းတြင္ ပါဝင္ျခင္းမရွိေပ။

ထိုသုေတသနစာတမ္းကို ေမလ ၂၂ ရက္ေန႔က ထုတ္ျပန္ျခင္းျဖစ္ၿပီး ထိုစာတမ္းႏွင့္ နယူး အဂၤလန္ေဆးပညာဂ်ာနယ္ ၏ သုေတသနစာတမ္းမ်ားကို ထုတ္ျပန္အၿပီးတြင္ ထိုစာတမ္း ႏွစ္ေဆာင္လုံးႏွင့္ပတ္သက္သည့္ စိုးရိမ္ပူပန္မႈမ်ား ျမင့္မားလားသည္။ ထို သုေတသနစာတမ္း ႏွစ္ေစာင္လုံးအတြက္ အခ်က္အလက္မ်ားကို Surgisphere  က ထုတ္ေပးခဲ့ျခင္းျဖစ္သည္။Lancet က ျပန္လည္႐ုပ္သိမ္းသည့္ Surgisphere အခ်က္အလက္မ်ားတြင္ လူနာ တသိန္း နီးပါးပါဝင္ေနေသာအခ်က္ကို Lancet က မီးေမာင္းထိုးျပသည္။

Surgisphere က ၎တို႔၏ အခ်က္အလက္မ်ား ႐ိုးသားမွန္ကန္မႈကို ၎တို႔၏ အင္တာနက္ စာမ်က္ႏွာမွ တဆင့္ ခုခံကာကြယ္သည္။ “Lancet တြင္ ေဖၚျပခဲ့သည့္ စာတမ္းအပါအဝင္ မိမိတို႔၏ ေလ့လာမႈမ်ားသည္ အီလက္ထ႐ြန္းနစ္ က်န္းမာေရး မွတ္တမ္းမွ ရရွိသည့္ အခ်က္အလက္ မ်ားျဖင့္ မွတ္ပုံတင္သည့္ စနစ္ကို က်င့္သုံးသည္။ မိမိတို႔၏ ဟိုက္ဒ႐ိုစီ ကလို႐ိုကြင္း သုေတသနတြင္ ကိုဗစ္-၁၉ ျဖင့္ ေဆး႐ုံတင္ရသည့္ လူနာအုပ္စုတခုပါဝင္ၿပီး သုေတသန ရလဒ္ မ်ားကို ေရဂါကူးစက္ခံရျခင္း မရွိသူမ်ားႏွင့္ ေဆး႐ုံမတင္ရေသးေသာသူမ်ားအတြက္ အလြန္ အကြၽံဖြင့္ဆိုျခင္း မျပဳသင့္ေၾကာင္း အထင္အရွား ေဖၚျပထားသည္ဟု ဆိုသည္။

လူအမ်ားအာ႐ုံစိုက္မိသည့္ ကိုဗစ္-၁၉ ႏွင့္ပတ္သက္သည့္ သုေတသနစာတမ္းကို ျပန္လည္ ႐ုတ္ သိမ္းသည္မွာ Lancet တခုတည္းသာမဟုတ္ေပ။ နယူးအင္ဂလန္ေဆးပညာဂ်ာနယ္သည္လည္း Cardiovascular Disease, Drug Therapy and Mortality in COVID-19 အမည္ရွိစာတမ္းကို ျပန္လည္႐ုတ္သိမ္းခဲ့သည္။ ထိုသုေတသနအတြက္ အခ်က္အလက္မ်ားကို ေပးေသာလုပ္ငန္းမွာ Surgisphere ပင္ျဖစ္ေနသည္။