【 နိုင်ငံတကာဆောင်းပါး 】အာရှ၏ကောင်းမွန်သောတိုးတက်မှုအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အရေးပါ

 【  နိုင်ငံတကာဆောင်းပါး  】အာရှ၏ကောင်းမွန်သောတိုးတက်မှုအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အရေးပါ

တရုတ်နိုင်ငံသည် ငြိမ်းချမ်းသော တိုးတက်မှုလမ်းကြောင်းကိုလိုက်ပြီး ၎င်း၏ တိုးတက်မှုအခွင့်အလမ်းများကို အခြားနိုင်ငံများနှင့် မျှဝေခြင်းကို ဆက်လက်ဖွင့်လှစ်ကာ နိုင်ငံတကာ ဥပဒေကိုအခြေခံသော နိုင်ငံတကာစနစ်ကို ကာကွယ်ရန် နိုင်ငံစုံဝါဒကို ဆက်လက်ဆုပ်ကိုင်မည်ဖြစ်ကြောင်း  စနေနေ့က တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘီတွင်ကျင်းပသည့် အာရှဒေသတွင်း အပြန်အလှန်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးအစီအစဉ်များ ညီလာခံတွင် သမ္မတ ရှီကျင့်ဖိန်က ကတိပေးခဲ့သည်။

အာရှတိုးတက်ရေးအတွက် အကြံပြုချက်များကိုလည်း ရှီ တင်ပြခဲ့သည်။ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုကို ဦးစားပေးသင့်ပြီး ထိုလေးစားယုံကြည်မှုတွင် အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံရေးစနစ်ရွေးချယ်ခွင့်နှင့် တိုးတက်မှုအတွက် လမ်းပြမြေပုံများလည်း ပါဝင်သည်။

ထိုသို့သောလေးစားမှုဖြင့် နိုင်ငံများသည် အပြန်အလှန်ယုံကြည်မှုကို ထူထောင်နိုင်သည်။ လုံခြံရေးနှင့်တည်ငြိမ်မှုသည် ထိုနောက်တွင် လိုက်ပါ လာပြီး လုံခြုံတည်ငြိမ်ရေးအတွက် နိုင်ငံအားလုံးသည် ၎င်းတို့၏ အငြင်းပွားမှုနှင့် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးခြင်းနှင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒ တိုက်ဖျက်ရန် ပူးပေါင်းအားထုတ်မှုဖြင့် ဖြေရှင်းရန်လိုသည်။

ထိုနောက်အာရှနိုင်ငံများသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်သင့်ပြီး ထိုပူးပေါင်းဆောင်ရွက်မှုသည် အာရှဒေသကြွယ်ဝ ချမ်းသာမှုကို အကျိုးပြုမည်ဖြစ်ကြောင်း ရှီကအဆိုပြုသည်။ အာရှတိုက်ကို ပွင့်လင်းကာ အားလုံးအကြုံးဝင်ပြီး ပူးပေါင်းဆောင်ရွက် တီထွင် ဆန်းသစ်သောတိုက်အဖြစ် တည်ဆောက်ရန်မှာ သူ၏မိန့်ခွန်းတွင် ရှီ ရည်မှန်းသော အချက်ဖြစ်သည်။

ရှီပြောကြားခဲ့သည့်အတိုင်း အာရှသည် လှုပ်ရှားတက်ကြွမှု အရှိဆုံးဒေသများအနက်တခုဖြစ်ပြီး တိုးတက်မှုအတွက် အလားအလာများစွာ ရှိနေဆဲဖြစ်သည်။ သို့သော် တချိန်တည်းတွင် အာရှတိုက်သည် အပြန်အလှန်ယုံကြည်မှုကင်းမဲ့ခြင်း၊ စီးပွားရေးတိုးတက်မှု မညီမျှခြင်းနှင့် ဖြေရှင်းရမည့် အုပ်ချုပ်ရေးပြဿနာများ စသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။

သူတင်ပြခဲ့သည့် အကြံပြုချက်များအားလုံးသည် အာရှနိုင်ငံအားလုံးအနေဖြင့် ၎င်းတို့၏ အားသာချက်များကို အပြည့်အဝအသုံးချပြီး ၎င်းတို့ရင်ဆိုင်နေရသော ပြဿနာများကိုဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခြင်းဖြစ်သည်။  တစ်ကိုယ်တော် ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ခေါင်းထောင်ထလာခြင်း၊ တခုတည်းသော မဟာအင်အားကြီးနိုင်ငံက တကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှုကို ဖြိုခွဲမည့် မျိုးစေ့ချရန်ကြိုးစားလာခြင်းနှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ပေါင်းစည်းရေး၏ အရေးပါမှုကို နားလည်ရန် အာရှနိုင်ငံ အားလုံးအတွက် များစွာပိုမို အရေးပါလာသည်။  

တရုတ်နိုင်ငံသည် ပြင်ပကမ္ဘာသို့ ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်ပေးခြင်းနှင့် အခြားနိုင်ငံများနှင့် အငြင်းပွားမှုနှင့်ကွဲလွဲမှုများကိုဖြေရှင်းရန် ယန္တရားတခု ထူထောင်ခြင်းတို့ဖြင့် ကမ္ဘာ့ကျန်အစိတ်အပိုင်းများ၊ အထူးသဖြင့်အတွက် စံနမူနာကောင်းတခုဖြစ်လာစေရန် ကြိုးစားအားထုတ်နေသည်။တရုတ်နိုင်ငံက လုပ်ဆောင်နေသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ်သည် ပူးပေါင်းဆောင်ရွက်မှုမှ ညီမျှသော ရပ်တည်မှုနှင့် အကျိုးကျေးဇူး ကိုအခြေခံပြီး ပါဝင်ဆောင်ရွက်ရန် နိုင်ငံအားလုံးကို လမ်းဖွင့်ပေးသော စင်မြင့်နှင့် ယန္တရားဖြစ်သည်။

တရုတ်နိုင်ငံသည် တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးခံစားရသော နိုင်ငံဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် လေးခုအတွင်း နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖွင့်မပေးဘဲ လက်ရှိအခြေအနေကို ရောက်နိုင်ခဲ့မည်မဟုတ်ပေ။ ထိုအချက်ကပင် တရုတ်နိုင်ငံသည် စီးပွားရေးအရ တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ခြင်းမှ မည်သည့်နောက်ပြန်ဆုတ်မှုကိုမဆို အပြင်းအထန်ဆန့်ကျင်ကြောင်းပြသနေပေသည်။

ကမ္ဘာ့နိုင်ငံအားလုံးတိုးတက်ရေးအတွက် တန်းတူညီမျှသော အခွင့်အလမ်း ခံစားနိုင်သည့် ပွင့်လင်းအားလုံးအကျုံးဝင်သည့် ကမ္ဘာတခု တည်ဆောက်ရေးကို တရုတ်နိုင်ငံက မည်သည့်အတွက် ထိန်းသိမ်းလုပ်ဆောင်နေသည်ကိုလည်း ထိုအချက်က ပြသနေသည်။ သမ္မတရှီသည် CICA ညီလာခံမှ သူ၏မိန့်ခွန်းတွင် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ 

(   Zawgyi  )

 တ႐ုတ္ႏိုင္ငံသည္ ၿငိမ္းခ်မ္းေသာ တိုးတက္မႈလမ္းေၾကာင္းကိုလိုက္ၿပီး ၎၏ တိုးတက္မႈအခြင့္အလမ္းမ်ားကို အျခားႏိုင္ငံမ်ားႏွင့္ မွ်ေဝျခင္းကို ဆက္လက္ဖြင့္လွစ္ကာ ႏိုင္ငံတကာ ဥပေဒကိုအေျခခံေသာ ႏိုင္ငံတကာစနစ္ကို ကာကြယ္ရန္ ႏိုင္ငံစုံဝါဒကို ဆက္လက္ဆုပ္ကိုင္မည္ျဖစ္ေၾကာင္း  စေနေန႔က တာဂ်စ္ကစၥတန္ႏိုင္ငံ ဒူရွန္ဘီတြင္က်င္းပသည့္ အာရွေဒသတြင္း အျပန္အလွန္တုံ႔ျပန္ေဆာင္႐ြက္ေရးႏွင့္ ယုံၾကည္မႈ တည္ေဆာက္ေရးအစီအစဥ္မ်ား ညီလာခံတြင္ သမၼတ ရွီက်င့္ဖိန္က ကတိေပးခဲ့သည္။

အာရွတိုးတက္ေရးအတြက္ အႀကံျပဳခ်က္မ်ားကိုလည္း ရွီ တင္ျပခဲ့သည္။ အျပန္အလွန္ေလးစားမႈႏွင့္ ယုံၾကည္မႈကို ဦးစားေပးသင့္ၿပီး ထိုေလးစားယုံၾကည္မႈတြင္ အခ်ဳပ္အျခာအာဏာ၊ လြတ္လပ္ေရး၊ နယ္ေျမတည္တံ့ခိုင္ၿမဲေရးႏွင့္ ႏိုင္ငံေရးစနစ္ေ႐ြးခ်ယ္ခြင့္ႏွင့္ တိုးတက္မႈအတြက္ လမ္းျပေျမပုံမ်ားလည္း ပါဝင္သည္။

ထိုသို႔ေသာေလးစားမႈျဖင့္ ႏိုင္ငံမ်ားသည္ အျပန္အလွန္ယုံၾကည္မႈကို ထူေထာင္ႏိုင္သည္။ လုံၿခံေရးႏွင့္တည္ၿငိမ္မႈသည္ ထိုေနာက္တြင္ လိုက္ပါ လာၿပီး လုံၿခဳံတည္ၿငိမ္ေရးအတြက္ ႏိုင္ငံအားလုံးသည္ ၎တို႔၏ အျငင္းပြားမႈႏွင့္ ကြဲလြဲမႈမ်ားကို ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ အၾကမ္းဖက္ဝါဒႏွင့္ အစြန္းေရာက္ဝါဒ တိုက္ဖ်က္ရန္ ပူးေပါင္းအားထုတ္မႈျဖင့္ ေျဖရွင္းရန္လိုသည္။

ထိုေနာက္အာရွႏိုင္ငံမ်ားသည္ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပူးေပါင္းေဆာင္႐ြက္သင့္ၿပီး ထိုပူးေပါင္းေဆာင္႐ြက္မႈသည္ အာရွေဒသႂကြယ္ဝ ခ်မ္းသာမႈကို အက်ိဳးျပဳမည္ျဖစ္ေၾကာင္း ရွီကအဆိုျပဳသည္။ အာရွတိုက္ကို ပြင့္လင္းကာ အားလုံးအႀကဳံးဝင္ၿပီး ပူးေပါင္းေဆာင္႐ြက္ တီထြင္ ဆန္းသစ္ေသာတိုက္အျဖစ္ တည္ေဆာက္ရန္မွာ သူ၏မိန႔္ခြန္းတြင္ ရွီ ရည္မွန္းေသာ အခ်က္ျဖစ္သည္။

ရွီေျပာၾကားခဲ့သည့္အတိုင္း အာရွသည္ လႈပ္ရွားတက္ႂကြမႈ အရွိဆုံးေဒသမ်ားအနက္တခုျဖစ္ၿပီး တိုးတက္မႈအတြက္ အလားအလာမ်ားစြာ ရွိေနဆဲျဖစ္သည္။ သို႔ေသာ္ တခ်ိန္တည္းတြင္ အာရွတိုက္သည္ အျပန္အလွန္ယုံၾကည္မႈကင္းမဲ့ျခင္း၊ စီးပြားေရးတိုးတက္မႈ မညီမွ်ျခင္းႏွင့္ ေျဖရွင္းရမည့္ အုပ္ခ်ဳပ္ေရးျပႆနာမ်ား စသည့္ စိန္ေခၚမႈမ်ားကိုလည္း ရင္ဆိုင္ေနရသည္။

သူတင္ျပခဲ့သည့္ အႀကံျပဳခ်က္မ်ားအားလုံးသည္ အာရွႏိုင္ငံအားလုံးအေနျဖင့္ ၎တို႔၏ အားသာခ်က္မ်ားကို အျပည့္အဝအသုံးခ်ၿပီး ၎တို႔ရင္ဆိုင္ေနရေသာ ျပႆနာမ်ားကိုေျဖရွင္းရန္ ပူးေပါင္းေဆာင္႐ြက္မႈကို ေတာင္းဆိုျခင္းျဖစ္သည္။  တစ္ကိုယ္ေတာ္ ဝါဒႏွင့္ ကိုယ္က်ိဳးစီးပြားကာကြယ္ေရးဝါဒ ေခါင္းေထာင္ထလာျခင္း၊ တခုတည္းေသာ မဟာအင္အားႀကီးႏိုင္ငံက တကမာၻလုံးပူးေပါင္းေဆာင္႐ြက္မႈကို ၿဖိဳခြဲမည့္ မ်ိဳးေစ့ခ်ရန္ႀကိဳးစားလာျခင္းႏွင့္အတူ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ေပါင္းစည္းေရး၏ အေရးပါမႈကို နားလည္ရန္ အာရွႏိုင္ငံ အားလုံးအတြက္ မ်ားစြာပိုမို အေရးပါလာသည္။  

တ႐ုတ္ႏိုင္ငံသည္ ျပင္ပကမာၻသို႔ ပိုမိုက်ယ္ျပန႔္စြာ တံခါးဖြင့္ေပးျခင္းႏွင့္ အျခားႏိုင္ငံမ်ားႏွင့္ အျငင္းပြားမႈႏွင့္ကြဲလြဲမႈမ်ားကိုေျဖရွင္းရန္ ယႏၲရားတခု ထူေထာင္ျခင္းတို႔ျဖင့္ ကမာၻ႔က်န္အစိတ္အပိုင္းမ်ား၊ အထူးသျဖင့္အတြက္ စံနမူနာေကာင္းတခုျဖစ္လာေစရန္ ႀကိဳးစားအားထုတ္ေနသည္။တ႐ုတ္ႏိုင္ငံက လုပ္ေဆာင္ေနသည့္ ရပ္ဝန္းႏွင့္လမ္းအစီအစဥ္သည္ ပူးေပါင္းေဆာင္႐ြက္မႈမွ ညီမွ်ေသာ ရပ္တည္မႈႏွင့္ အက်ိဳးေက်းဇူး ကိုအေျခခံၿပီး ပါဝင္ေဆာင္႐ြက္ရန္ ႏိုင္ငံအားလုံးကို လမ္းဖြင့္ေပးေသာ စင္ျမင့္ႏွင့္ ယႏၲရားျဖစ္သည္။

တ႐ုတ္ႏိုင္ငံသည္ တကမာၻလုံး ပူးေပါင္းေဆာင္႐ြက္မႈမွ အက်ိဳးခံစားရေသာ ႏိုင္ငံျဖစ္ၿပီး လြန္ခဲ့ေသာ ဆယ္စုႏွစ္ ေလးခုအတြင္း ႏိုင္ငံအားလုံးႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ဖြင့္မေပးဘဲ လက္ရွိအေျခအေနကို ေရာက္ႏိုင္ခဲ့မည္မဟုတ္ေပ။ ထိုအခ်က္ကပင္ တ႐ုတ္ႏိုင္ငံသည္ စီးပြားေရးအရ တစ္ကမာၻလုံးပူးေပါင္းေဆာင္႐ြက္ျခင္းမွ မည္သည့္ေနာက္ျပန္ဆုတ္မႈကိုမဆို အျပင္းအထန္ဆန႔္က်င္ေၾကာင္းျပသေနေပသည္။

ကမာၻ႔ႏိုင္ငံအားလုံးတိုးတက္ေရးအတြက္ တန္းတူညီမွ်ေသာ အခြင့္အလမ္း ခံစားႏိုင္သည့္ ပြင့္လင္းအားလုံးအက်ဳံးဝင္သည့္ ကမာၻတခု တည္ေဆာက္ေရးကို တ႐ုတ္ႏိုင္ငံက မည္သည့္အတြက္ ထိန္းသိမ္းလုပ္ေဆာင္ေနသည္ကိုလည္း ထိုအခ်က္က ျပသေနသည္။ သမၼတရွီသည္ CICA ညီလာခံမွ သူ၏မိန႔္ခြန္းတြင္ တ႐ုတ္ႏိုင္ငံ၏ ရည္႐ြယ္ခ်က္ကို ေျပာၾကားခဲ့သည္။