【 နိုင်ငံတကာဆောင်းပါး 】“ တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်တွင် ခေတ်မီရေးလမ်းကြောင်းချမှတ်”

【 နိုင်ငံတကာဆောင်းပါး 】“ တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်တွင် ခေတ်မီရေးလမ်းကြောင်းချမှတ်”

လာမည့် ၅ နှစ်နှင့်နောက်ပိုင်းကာလတွင် ခေတ်မီဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးအစီအစဉ်များကို တရုတ်ကွန်မြူနစ်ပါတီက ၂၀ ကြိမ်မြောက်အမျိုးသားကွန်ဂရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယခုကျင်းပသည့် အမျိုးသားကွန်ဂရက်သည် ဘက်စုံကြွယ်ဝသောလူမှုအဖွဲ့အစည်းတည်ထောင်မှု ပြီးစီးအောင် တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ခဲ့သော  ၂၀၂၁ ခုနှစ်တွင်ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အပြီး ပထမဆုံးကျင်းပသည့် ၅ နှစ်တစ်ကြိမ်ကွန်ဂရက်ဖြစ်သည်။
"ဒီနေ့ကစတင်ပြီး ရှေ့မှာ တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကလုပ်ငန်းဟာ တရုတ်နိုင်ငံကိုဘက်စုံ ခေတ်မီ ဆိုရှယ်လစ်နိုင်ငံထူထောင်းရေး ဒုတိယ ရာစုနှစ်ပန်းတိုင် အောင်မြင်ရေးအတွက် ညီညွတ်တဲ့ အားထုတ်မှုတွေမှာ လူမျိုးစုအားလုံးပါဝင်တဲ့ တရုတ်ပြည်သူတွေကို ဦးဆောင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ခေတ်မီရေးလမ်းကြောင်းက နယ်ပယ် အားလုံးမှာ တရုတ်နိုင်ငံအားသစ်လောင်းဖို့ဖြစ်တယ်" ဟု သမ္မတ ရှီကျင့်ဖျင်က ကွန်ဂရက်ဖွင့်ပွဲတွင်ပြောသည်။
တိုက်ပွဲဆက်လက်ဆင်နွှဲနိုင်သည့် သတ္တိနှင့် စွမ်းရည်ရှိပြီး မူလရည်မှန်းချက်တာဝန်များကို မမေ့လျှော့ရန် ကွန်မြူနစ်ပါတီဝင်များအားလုံးကိုသူတိုက်တွန်းသည်။
သမိုင်းမှတ်တိုင်ဆယ်စုနှစ်
ခေတ်သစ်၏ ပထမဆုံး ဆယ်စုနှစ်တွင် ဖြစ်ပေါ်လာသည့် အသွင်ကူးပြောင်းမှုသည် ပါတီနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ခြင်း၊ ဆိုရှယ်လစ်စနစ်တိုးတက်မှုနှင့် တရုတ်နိုင်ငံတိုး တက်မှု သမိုင်းတွင် မှတ်တိုင်ဖြစ်ကြောင်းရှီပြောသည်။
တရုတ်ကွန်မြူစနစ်ပါတီသည် ရာပြည့်ကာလကို ပွေ့ပိုက်ပြီး တရုတ်နည်းတရုတ်ဟန် ဆိုရှယ်လစ် ခေတ်သစ်ကို ကြိုဆိုလိုက်ပြီး ဆိုးရွားသော ဆင်းရဲနွမ်းပါးမှုကို အမြစ်ဖြတ်ကာ၊ ဘက်စုံအလယ် အလတ် တိုးတက်သော လူ့အဖွဲ့အစည်းကို တည်ထောင်မှု ပြီးဆုံးကြောင်း၊ ထို့ကြောင့် ပထမရာစုပန်းတိုင်ပြီးမြောက် အောင်မြင်ကြောင်း သူပြောကြားပြီး သမိုင်းဝင်အောင်ပွဲ ၃ ခုဖြစ်ကြောင်းပြောသည်။
တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုသည် ကမ္ဘာ့စီးပွားရေး၏ ၁၈.၅ ရာခိုင်နှုန်းရှိကာ လွန်ခဲ့ သော ဆယ်နှစ်အတွင်း ၇.၂ ရာခိုင်နှုန်းတိုးတက်လာသည်။ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေး တရုတ်နိုင်ငံ သည် နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်ဖြစ်ပြီး ကုန်စည်ကုန်သွယ် မှုတွင် ကမ္ဘာက ဦးဆောင်နေသည်။
အဓိကကျသော နယ်ပယ်များမှ အဓိက နည်းပညာများတွင် စံချိန်သစ်များဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ တီထွင် ဆန်းသစ်သော နိုင်ငံများအဆင့်တွင် ပါဝင်လာသည်။ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်ဖြင့် နိုင်ငသည် ကမ္ဘာ့အကြီးမားဆုံး ပညာရေး၊ လူမှုဖူလှုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို ပိုင်ဆိုင်လာ သည်။
ပူးပေါင်းဆောင်ရွက်မှုတခုအနေဖြင့်ရပ်ဝန်းနှင့်လမ်းအစီအစဉ်ကို နိုင်ငံတကာအသိုက်အဝန်းက အများ ပြည်သူ ကောင်းကျိုးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေခံအဖြစ် ကြိဆိုကြသည်။
ရှီက မီးမောင်းထိုးပြသည့် အခြားကြီးမားသော အောင်မြင်မှုများတွင် ပြုပြင်ပြောင်းလဲရေး ကျယ်ပြန့် နက် ရှိုင်းလာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတိုက်ဖျက်ရေး အရေးပါသော တိုက်ပွဲတွင် အောင်မြင်မှု ရလာ ခြင်းတို့ ပါဝင်သည်။
ပါတီ၏ ထူးခြားသော အောင်မြင်မှုများကို အပြည့်အ၀ အတည်ပြု ပြောကြားရာတွင် ရှီက တရုတ် ကွန် မြူနစ်ပါတီဝင်များ အားလုံးအနေဖြင့် အရည်အသွေးမြင့် တိုးတက်မှုကို အတားအဆီးဖြစ်စေသည့် အကျပ်အတည်း များကဲ့သို့သော အခက်အခဲများနှင့် ပြဿနာများ၊ မြို့ပြနှင့်ကျေးလက်နှင့် ဒေသများအကြား တိုးတက်မှုကွာဟ ချက်များကို မျက်ခြေမပြတ်ရန် ရှီ တိုက်တွန်းသည်။
 
တရုတ်နည်းတရုတ်ဟန် ခေတ်မီရေး
 
ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော တရုတ်နိုင်ငံသည် ယခင်ကမကြုံဖူးသည့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံဖြင့် ချီတက်နေသည်။သူ၏ အစီရင်ခံစာတွင် ရှီက တရုတ်နိုင်ငံခေတ်မီရေး ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှ ဆိုရှယ်လစ် ခေတ်မီရေး ဖြစ်ကြောင်း ရှီ အာမခံသည်။
တရုတ်နိုင်ငံခေတ်မီရေးသည် အလွန်များပြားသော ပြည်သူများခေတ်မီရေး၊ အားလုံး ဘုံကြွယ်၀ ချမ်း သာရေး ရုပ်ဝတ္တုနှင့်ယဉ်ကျေးမှုကျင့်ဝတ်တိုးတက်ရေး၊ လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်ရေး ၊ ငြိမ်း ချမ်းသော တိုးတက်မှုတို ခေတ်မီရေးဖြစ်ကြောင်း ရှီက အလေးထားပြောကြားပြီး ခေတ်မီရေးအတွင် လူသား ထုကိုပေးသည့် ရွေးချယ်မှုအသစ်ဖြစ်ကြောင်း သူပြောသည်။
အဆင့် ၂ ဆင့်ပါသာ သေနင်္ဂဗျူဟာ စီမံချက်တွင် တရုတ်ကွန်းမြူနစ်ပါတီသည် ဆိုရှယ်လစ် ခေတ်မီ ရေးကို ၂၀၂၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင် အခြေခံအားဖြင့် အကောင်အထည်ဖေါ်ရန် ရည်ရွယ်ပြီး ကြွယ်ဝချမ်းသာ၊ ခိုင်မာ၊ ဒီမိုကရေစီနည်းကျ၊ ယဉ်ကျေးမှုတိုးတက်၊ သဟဇာတဖြစ်ပြီး လှပသော နိုင်ငံကို ၂၀၃၅ ခုနှစ်မှ ရာစုနှစ် ဝက်မတိုင်မီ တည်ဆောက်ရန် ရည်ရွယ်သည်။
၂၀၃၅ ခုနှစ်အတွက် အားလုံးလွှမ်းခြုံသော တိုးတက်မှုရည်မှန်းချက်များတွင် တဦးခြင်းဝင်ငွေကို အလယ် အလတ်အဆင့်တိုးတက်သော နိုင်ငံများနှင့် တန်းတူရေး၊ အမျိုးသားသြဇာကို သိသိသာသာ မြှင့်တင်ရေး၊ အထွဋ် အထိပ်သို့ရောက်ပြီနောက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် အမျိုးသား လုံခြုံရေး စနစ်နှင့်စွမ်းရည်ကို ကျယ် ပြန့်စွာ တောင့်တင်းစေရေးတို့ ပါဝင်သည်။
အဆင့်မြင့်သည့် ဆိုရှယ်လစ် စီးပွားရေးဈေးကွက်တည်ဆောက်ရေး၊ ပြည်သူ့ဒီမိုကရေစီး လုပ် ငန်းစဉ် တခုလုံး တိုးတက်ရေး၊ အလုပ်အကိုင်ဦးစားပေး သေနင်္ဂဗျူဟာ အကောင်အထည်ဖေါ်ရေးနှင့် နယ်ပယ် အား လုံးတွင် ဥပဒေအခြေပြုအုပ်ချုပ်ရေးကျင့်သုံးရေး စသည့် ရည်မှန်းချက် ကြီးမားလှသည့် တရုတ်နိုင်ငံခေတ်မီ ရေးအားထုတ်မှု၏ လုပ်ငန်းတာဝန်များနှင့် လျှာထားချက်များကိုလည်း သူအလေးထားပြောသည်။
လာမည့် ၅ နှစ်သည် ဘက်စုံခေတ်သစ်ဆိုရှယ်လစ်နိုင်ငံထူထောင်ရေး အားထုတ်မှုများအတွက် စတင် ရမည့် အရေးပါသော အချိန်ကောင်းဖြစ်ကြောင်း ရှီပြောသည်။
ထိုကြီးမားလှသော အစီရင်ခံစာကို ဘာသာပြန်ဆိုရန် ဖိတ်ကြားခဲ့သည့် ဘာသာပြန်ဆရာများအနက် တဦးဖြစ်သော ရှောင်စတန်လေက လူ ၁.၄ ဘီလီယံကို ခေတ်မီတိုးတက်အောင်လုပ်ရသည့် ကိစ္စသည် လူသား ထုအတွက် ကြီးမားသော တိုးတက်မှုခြေလှမ်းဖြစ်ကြောင်း ပြောသည်။
တရုတ်နိုင်ငံသည် နိုင်ငံတိုင်း ၎င်းတို့အခြေအနေနှင့် ကိုက်ညီသည့် တိုးတက်မှုပုံစံအတိုင်း လုပ် ဆောင် ရေးကို အလေးထားပြီး ထိုသို့လုပ်လျှင် သက်ဆိုင်ရာလူထုက ထောက်ခံမည်ဖြစ်ကြောင်း အလေးထားပြောသည်။
 
နိုင်ငံ၏ကျောရိုးနှင့် တည်ငြိမ်မှုအတွက်ကျောက်ဆူး
 
တရုတ်နိုင်ငံသည် သေနင်္ဂဗျူဟာကျသည့် အခွင့်အလမ်းများ၊ အန္တရာယ်များနှင့် စိန်ခေါ်မှုများ စုဆုံနေ သည့် တိုးတက်မှု ကာလသို့ ဝင်ရောက်လာပြီး မရေရာမှုများနှင့် ကြိုတင်မမြင်နိုင်သော အခြေအနေများ များပြား လာကြောင်း ရှီက ပါတီဝင် ၉၆ သန်းကို ကိုယ်စားပြု တက်ရောက်လားသည် အထူးကိုယ်စားလှယ် ၂၃၄၀ ကိုပြော သည်။
အချိန်မရွေးပေါ်ပေါက်လာနိုင်သည့် မလိုလားအပ်သော ကိစ္စများနှင်ပတ်သက်ပြီး အစီရင်ခံစာတွင် ပြော ကြားရာတွင် ရှီက တရုတ်ကွန်မြူနစ်ပါတီသည် မုန်တိုင်းများနှင့် လှိုင်းထန်မှုများကို ခံနိုင်ပြီး လွန်စွာ အန္တရာယ်များ သည့် မုန်တိုင်းများကို ပင်ခံနိုင်ကြောင်းပြောသည်။
နိုင်ငံအတွက် ကျောရိုးသဖွယ် ထာဝရဖြစ်နေသော ပါတီသည် အမြဲတမ်းနိုးကြားနေပြီး မိမိကိုယ်မိမိ ပြု ပြင်ပြောင်းလည်းရေးသည် အဆုံးမရှိသော ခရီးဖြစ်သည်ကို မှတ်သားထားရမည်ဟု သူတောင်းဆိုသည်။
ပါတီ၏ ရှင်သန်တက်ကြွမှုအတွက် ကင်ဆာဖြစ်သော အဂတိလိုက်စားမှုအကြောင်း ပြောကြားရာတွင် ရှီက ပြတ်ပြတ်သာသားကာလကြာရှည်စွာ အဂတိလိုက်စားမှု တိုက်ဖျက်ရန်ပြောသည်။
မာ့က်စ်ဝါဒသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံတည်ထောင် ကြွယ်ဝစေသည့် အခြေခံ လမ်းညွှန် သဘောတရားဖြစ်ကြောင်း ရှီ အလေးအနက်ပြောသည်။
"အခြေခံအဆင့်မှာ ကျနော်တို့ပါတီနဲ့ တရုတ်နည်းတရုတ်ဟန်ဆိုရှယ်လစ်စနစ်အောင်မြင်မှုဟု မာ့က်စ် ဝါဒကြောင့် အထူးသဖြင့် တရုတ်နိုင်ငံအခြေအနေနဲ့ ခေတ်လိုအပ်ချက်အတိုင်း ပြုပြင်အသုံးချနိုင်မှုကြောင့် ဖြစ် တယ်" ဟု သူပြောသည်။
သမိုင်း၏လမ်းစုံသို့ နောက်တကြိမ် ပြန်ရောက်လာသော ကမ္ဘာတွင် ဘုံတိုးတက်မှုနှင့် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အဝန်းကို ကတိပြုကြောင်း ရှီ ထပ်မံပြောကြားသည်။
"အားလုံးကောင်းကျိုး၊ သဟဇာတနေထိုင်မှု၊ အပြန်အလှန်အကျိုးစီးပွားကို နိုင်ငံအားလုံးက ရှာဖွေမှသာ ရေရှည် ကြွယ်ဝချမ်းသာမှုနဲ့ အာမခံချက်ရှိတဲ့ လုံခြုံမှုကို ရရှိမှာဖြစ်တယ်" ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြ ထားသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ဆက်စပ်မှု၏ မှန်ကန်သောလမ်းကြောင်းတွင်ရှိနေပြီး တဘက်သတ် ဝါဒ ပုံစံအားလုံးကို ဆန့်ကျင်သည်ဟုလည်း ထိုအစီရင်ခံစာတွင် ဆက်လက်ဖေါ်ပြထားသည်။
တရုတ်နိုင်ငံသည် ဗိုလ်ကျမှုနှင့် အာဏာနိုင်ငံရေး ပုံစံအားလုံး၊ စစ်အေးတိုက်ပွဲစိတ်ဓာတ်၊ အခြားနိုင်ငံများ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် စံနှုန်းနှစ်မျိုး ကျင့်သုံးခြင်း ကိုလည်း ဆန့်ကျင်သည်ဟု ရှီပြော သည်။
"ဖွံ့ဖြိုးတိုးတက်မှု ဘယ်အဆင့်ကိုပဲရောက်ရောက် တရုတ်နိုင်ငံဟာ ဘယ်တော့မှ ဗိုလ်မကျဘူး၊ နယ်ချဲ့ စနစ်မှာ မပါဘူး" ဟုသူပြောသည်။
 
 Linko
 
Ref: Xinhua: CPC charts course for Chinese modernization as key congress opens