【 နိုင်ငံတကာဆောင်းပါး 】“ နိုးကြွလာသည့် အာရှကြောင့် ကမ္ဘာ့စီးပွားရေးသြဇာအာဏာ အရှေ့တိုင်းသို့ပြောင်းရွှေ့လာ”

【 နိုင်ငံတကာဆောင်းပါး 】“ နိုးကြွလာသည့် အာရှကြောင့် ကမ္ဘာ့စီးပွားရေးသြဇာအာဏာ အရှေ့တိုင်းသို့ပြောင်းရွှေ့လာ”

၁၈၂၀ ခုနှစ်က အာရှသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံနှင့် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ထက်ဝက် ကို ကိုယ်စားပြုခဲ့သည်။ အာရှ၏နောက်ပိုင်းဆုတ်ယုတ်မှုမှာ ကိုလိုနီစနစ်နှင့် နယ်ချဲ့စနစ်က ပုံဖေါ် ထားသော ကမ္ဘာ့ စီးပွားရေး နှင့်ပေါင်းစည်းမှုကြောင့်ဖြစ်သည်။ ၁၉၇၀ ခုနှစ်သို့ရောက်သောအခါ အာရှသည် လူဦးရေများပြားလှသော်လည်း ကမ္ဘာတွင် အဆင်းရဲဆုံးတိုက်ကြီးဖြစ်နေသည်။ Gunnar Myrdal က Asian Drama တွင် ဖေါ်ပြခဲ့သည့် အာရှစီးပွားရေးအလားအလာနှင့် ပတ်သက်သော နက်ရှိုင်းသည့် အဆိုးမြင်ဝါဒသည် ထိုအချိန်က ပျံ့နှံ့နေသည်။

ထိုမှစတင်ပြီးး နောက်ရာစုဝက်ကြာသောအခါ အာရှသည်လေးနက်သော အသွင်ကူးပြောင်းမှုကို ကြုံတွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင် အာရှသည် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ ကုန်ထုတ်လုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေး၏ သုံးပုံတပုံကျော်ကို ကိုယ်စားပြုလာပြီး တဦးချင်းဝင်ငွေမှာ ကမ္ဘာ့ပျှမ်းမျှအဆင့်သို့ရောက်လာသည်။ ထိုအသွင်ကူးပြောင်းမှုသည် နိုင်ငံအလိုက် လူအလိုက် ညီမျှခြင်းမရှိပေ။ သို့တိုင် ထိုသို့ကြိုတင်ဟောကိန်းထုတ်ခြင်းအတွက် ရဲရင့်သော စိတ်ကူးစိတ်သန်းများလိုပေလိမ့်မည်။

နိုင်ငံများအကြားတွင် ပထဝီ အရွယ်အစားအရ၊ သမိုင်းအရ၊ ကိုလိုနီ အမွေအနှစ်အရ၊ အမျိုးသားရေး လှုပ်ရှားမှုများအရ၊ ကနဦးအခြေအနေများအရ၊ သဘာဝသယံဇာတ ရင်းမြစ်အရ၊ လူဦးရေ အရွယ် အစားအရ၊ ဝင်ငွေအဆင့်အရနှင့် နိုင်ငံရေးစနစ်များအရ ထင်ရှားသောကွဲလွဲမှုများရှိနေသည်။ ထိုသို့ ကွဲပြားခြားနားကြသော်လည်း ခွဲခြမ်းစိတ်ဖြာနိုင်သည့် တူညီသော ပုံစံများရှိကြသည်။

စီးပွားရေးတိုးတက်မှုက ဖွံ့ဖြိုးတိုးတက်မှုများကို မောင်းနှင်ပေးသည်။ အာရှ၏ စုစုပေါင်းထုတ်လုပ်မှု တိုးတက်မှုနှုန်း နှင့် တဦးချင်း ထုတ်လုပ်မှုမှာ အံ့သြစရာကောင်းလှပြီး ကမ္ဘာ့ကျန်ဒေသများထက် များစွားပိုမိုမြင့်မားသည်။ ရင်းနှီးမြျုပ်နှံမှု မြင့်တက်ခြင်းနှင့် စုဆောင်းမှုနှုန်းနှင့် ပညာရေးပျံ့နှံ့မှုသည် နောက်ခံအကြောင်းအချက်များဖြစ်သည်။ တိုးတက်မှုကို ထုတ်လုပ်မှုနှင့် အလုပ်အကိုင် ဖွဲ့စည်း တည်ဆောက်ရာတွင် ပုံစံပြောင်းလဲမှုများနှင့် ပတ်သက်သည့် ပို့ကုန်ဦးဆောင် သော လျှင်မြန်သော စက်မှု ပြုပြင်ပြောင်းလဲခြင်းက မောင်းနှင်သည်။

စာတတ်မြောက်မှုနှုန်းနှင့် မျှော်မှန်းသက်တမ်းသည် မြင့်တက်လာပြီး တဦးချင်းဝင်ငွေ မြင့်မားလာခြင်း သည် တိုးတက်မှု၏ လူမှုအညွုန်းကိန်းများကို ပြောင်းလဲသွားစေသည်။ အကြွင်းမဲ့ ဆင်းရဲနွမ်းပါးမှု သည် လည်း အကြီးအကျယ်ကျဆင်းလာသည်။ အကြွင်းမဲ့ဆင်းရဲနွမ်းပါးမှုသည် မညီမျှ မှုမြင့်မား လာခြင်းသာ မရှိလျှင် ပိုမိုမြင့်မားလာနိုင်သည်။

စီးပွားရေးပွင့်လင်းမှုသည် ကမ္ဘာ့စီးပွားရေးသို့ ပေါင်းထည့်ခံရခြင်းမဟုတ်ဘဲ နှင့်သေနင်္ဂဗျူဟာကျပေါင်းစည်းမှု ပုံစံ့ဖြစ်သည့်အခါတိုင်း အာရှတိုးတက်မှုအတွက် အရေးပါသော အထောက်အကူပြု အခန်းမှ ပါဝင်သည်။ အောင်မြင်သော စက်မှုပြုပြင်ပြောင်းလဲရေးအတွက် ပွင့်လင်းမှုလိုသည်။ သို့သော် ထိုမျှဖြင့်လုံလောက်ခြင်းမရှိသေးပေ။ ပွင့်လင်းမှုသည် ထိရောက်သော အစိုးရများကို အကောင်အထည်ဖေါ်သည့် စက်မှုမူဝါဒ နှင့်ပေါင်းစပ်မှသာ စက်မှုပြုပြင်ပြောင်းလဲခြင်းကို အဆင်ပြေချောမွေ့စေသည်။

အစိုးရများသည် ခေါင်းဆောင်မှ ကြားခံ သို့မဟုတ် ထောက်ခံသူ အထိ အရေးပါသော အခန်း ကဏ္ဍကို ထမ်းဆောင်ကြရသည်။ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ခြင်းသည် နိုင်ငံတော်များနှင့် ဈေးကွက် များအကြား ထိုသို့ဖြစ်ပေါ်တိုးတက်နေသာ ဆက်ဆံရေးကို စီမံခြင်းပင်ဖြစ်သည်။ အစားထိုးခြင်း မဟုတ်ဘဲ ပေါင်းစပ်ခြင်းဖြစ်သည်။ ကိုရီးယား သမ္မတနိုင်ငံနှင့်စင်္ကာပူတို့သည် ၎င်းတို့၏ အစီအစဉ် များကို အကောင်အထည်ဖေါ်ရန် ဆုပေးဒဏ်ပေး စနစ်ကိုသုံးပြီး အမျိုးသာတိုးတက်ရေး ရည်မှန်းချက် များကို အကောင်အထည်ဖေါ်ရာတွင် ကဏ္ဍများအလိုက် မူဝါဒများ အကြိမ်ကြိမ်ညှိနှိုင်းကြသည်။ ထို့ကြောင့် နှစ် ၅၀ မျှအတွင်း စက်မှုနိုင်ငံများဖြစ်လာကြသည်။ တရုတ်နှင့်ဗီယက်နမ်တို့သည်လမ်း အလားတူလမ်းကိုလိုက်ကြသည်။

အာရှမှ ထိုနိုင်ငံတော်များကို ပုံတူကူးရန်မဖြစ်နိုင်ပေ။ သို့သော် အခြားသော နိုင်ငံများသည် ထိရောက် မှု နည်းစေကာမူ စက်မှုပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်မှုအတွက် ဖြစ်နိုင်သော အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်အချို့ဖြစ်ပေါ်တိုးတက်စေရန် စီမံကြရသည်။ ထိုနိုင်ငံများအနက်အချို့တွင် နိုင်ငံရေးဆိုင်ရာ ဒီမိုကရေစီများကို အဖွဲ့အစည်းဆိုင်ရာ စစ်ဆေးထိန်းကြောင်းခြင်းသည် အစိုးရများကို ဖွံ့ဖြိုးမှု ဦးတည်ပြီး လူထုနှင့် ရင်းနှီးအောင်လုပ်ဆောင်ရာတွင် အရေးပါသည်။

အာရှ နိုးကြားလာခြင်း ကမ္ဘာတွင် စီးပွားရေးအင်အားချိန်ခွင်လျှာအပြောင်းအလဲတခု၏ အစပင်ဖြစ် သည်။ အာရှက အခွင့်အလမ်းများကို မည်သို့အသုံးချသည်နှင့်စိန်ခေါ်မှုများကို မည်သို့ ရင်ဆိုင် သည် ဆိုသည်က တစိတ်တပိုင်းအားဖြင့်နှင့် ကမ္ဘာဖြစ်ပေါ်လာသော ခက်ခဲသည့် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများက တစိတ်တပိုင်းအားဖြင့် အနာဂါတ်ကို ပုံဖေါ်ပေးမည်ဖြစ်သည်။

ကိုလိုနီအုပ်ချုပ်ရေး အဆုံးသတ်သည် ရာစုနှစ်တခုဖြစ်သည့် ၂၀၅၀ ပြည့်နှစ်ခန့်တွင်အာရှသည် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ထက်ဝက်ကျော်ရှိလာမည်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်နေထိုင်ရာနေရာဖြစ် လာမည်ဟု ဆိုလျှင်မမှားနိုင်ပေ။ ထို့ကြောင့် ၁၈၂၀ က အမှန်တရာဖြစ်ခဲ့သည့် တိုင် ၎င်းသည် လွန်ခဲ့သော နှစ် ၅၀ က စိတ်ကူးယဉ်ရန်ပင်ခက်ခဲသော ကမ္ဘာတွင် စီးပွားရေးနှင့် နိုင်ငံရေး ထူးခြားမှု ရှိလာမည်ဖြစ်သည်။

(  Zawgyi  )

 ၁၈၂၀ ခုႏွစ္က အာရွသည္ ကမာၻ႔လူဦးေရ၏ သုံးပုံႏွစ္ပုံႏွင့္ ကမာၻ႔စုစုေပါင္းထုတ္လုပ္မႈ၏ ထက္ဝက္ ကို ကိုယ္စားျပဳခဲ့သည္။ အာရွ၏ေနာက္ပိုင္းဆုတ္ယုတ္မႈမွာ ကိုလိုနီစနစ္ႏွင့္ နယ္ခ်ဲ႕စနစ္က ပုံေဖၚ ထားေသာ ကမာၻ႔ စီးပြားေရး ႏွင့္ေပါင္းစည္းမႈေၾကာင့္ျဖစ္သည္။ ၁၉၇၀ ခုႏွစ္သို႔ေရာက္ေသာအခါ အာရွသည္ လူဦးေရမ်ားျပားလွေသာ္လည္း ကမာၻတြင္ အဆင္းရဲဆုံးတိုက္ႀကီးျဖစ္ေနသည္။ Gunnar Myrdal က Asian Drama တြင္ ေဖၚျပခဲ့သည့္ အာရွစီးပြားေရးအလားအလာႏွင့္ ပတ္သက္ေသာ နက္ရႈိင္းသည့္ အဆိုးျမင္ဝါဒသည္ ထိုအခ်ိန္က ပ်ံ႕ႏွံ႔ေနသည္။

ထိုမွစတင္ၿပီးး ေနာက္ရာစုဝက္ၾကာေသာအခါ အာရွသည္ေလးနက္ေသာ အသြင္ကူးေျပာင္းမႈကို ႀကဳံေတြ႕ရသည္။ ၂၀၁၆ ခုႏွစ္တြင္ အာရွသည္ ကမာၻ႔စုစုေပါင္းထုတ္လုပ္မႈ၏ ၃၀ ရာခိုင္ႏႈန္း၊ ကမာၻ႔ ကုန္ထုတ္လုပ္ငန္းမ်ား၏ ၄၀ ရာခိုင္ႏႈန္း၊ ကမာၻ႔ကုန္သြယ္ေရး၏ သုံးပုံတပုံေက်ာ္ကို ကိုယ္စားျပဳလာၿပီး တဦးခ်င္းဝင္ေငြမွာ ကမာၻ႔ပွ်မ္းမွ်အဆင့္သို႔ေရာက္လာသည္။ ထိုအသြင္ကူးေျပာင္းမႈသည္ ႏိုင္ငံအလိုက္ လူအလိုက္ ညီမွ်ျခင္းမရွိေပ။ သို႔တိုင္ ထိုသို႔ႀကိဳတင္ေဟာကိန္းထုတ္ျခင္းအတြက္ ရဲရင့္ေသာ စိတ္ကူးစိတ္သန္းမ်ားလိုေပလိမ့္မည္။

ႏိုင္ငံမ်ားအၾကားတြင္ ပထဝီ အ႐ြယ္အစားအရ၊ သမိုင္းအရ၊ ကိုလိုနီ အေမြအႏွစ္အရ၊ အမ်ိဳးသားေရး လႈပ္ရွားမႈမ်ားအရ၊ ကနဦးအေျခအေနမ်ားအရ၊ သဘာဝသယံဇာတ ရင္းျမစ္အရ၊ လူဦးေရ အ႐ြယ္ အစားအရ၊ ဝင္ေငြအဆင့္အရႏွင့္ ႏိုင္ငံေရးစနစ္မ်ားအရ ထင္ရွားေသာကြဲလြဲမႈမ်ားရွိေနသည္။ ထိုသို႔ ကြဲျပားျခားနားၾကေသာ္လည္း ခြဲျခမ္းစိတ္ျဖာႏိုင္သည့္ တူညီေသာ ပုံစံမ်ားရွိၾကသည္။

စီးပြားေရးတိုးတက္မႈက ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ေမာင္းႏွင္ေပးသည္။ အာရွ၏ စုစုေပါင္းထုတ္လုပ္မႈ တိုးတက္မႈႏႈန္း ႏွင့္ တဦးခ်င္း ထုတ္လုပ္မႈမွာ အံ့ၾသစရာေကာင္းလွၿပီး ကမာၻ႔က်န္ေဒသမ်ားထက္ မ်ားစြားပိုမိုျမင့္မားသည္။ ရင္းႏွီးျမ်ဳပ္ႏွံမႈ ျမင့္တက္ျခင္းႏွင့္ စုေဆာင္းမႈႏႈန္းႏွင့္ ပညာေရးပ်ံ႕ႏွံ႔မႈသည္ ေနာက္ခံအေၾကာင္းအခ်က္မ်ားျဖစ္သည္။ တိုးတက္မႈကို ထုတ္လုပ္မႈႏွင့္ အလုပ္အကိုင္ ဖြဲ႕စည္း တည္ေဆာက္ရာတြင္ ပုံစံေျပာင္းလဲမႈမ်ားႏွင့္ ပတ္သက္သည့္ ပို႔ကုန္ဦးေဆာင္ ေသာ လွ်င္ျမန္ေသာ စက္မႈ ျပဳျပင္ေျပာင္းလဲျခင္းက ေမာင္းႏွင္သည္။

စာတတ္ေျမာက္မႈႏႈန္းႏွင့္ ေမွ်ာ္မွန္းသက္တမ္းသည္ ျမင့္တက္လာၿပီး တဦးခ်င္းဝင္ေငြ ျမင့္မားလာျခင္း သည္ တိုးတက္မႈ၏ လူမႈအၫြဳန္းကိန္းမ်ားကို ေျပာင္းလဲသြားေစသည္။ အႂကြင္းမဲ့ ဆင္းရဲႏြမ္းပါးမႈ သည္ လည္း အႀကီးအက်ယ္က်ဆင္းလာသည္။ အႂကြင္းမဲ့ဆင္းရဲႏြမ္းပါးမႈသည္ မညီမွ် မႈျမင့္မား လာျခင္းသာ မရွိလွ်င္ ပိုမိုျမင့္မားလာႏိုင္သည္။

စီးပြားေရးပြင့္လင္းမႈသည္ ကမာၻ႔စီးပြားေရးသို႔ ေပါင္းထည့္ခံရျခင္းမဟုတ္ဘဲ ႏွင့္ေသနဂၤဗ်ဴဟာက်ေပါင္းစည္းမႈ ပုံစံ့ျဖစ္သည့္အခါတိုင္း အာရွတိုးတက္မႈအတြက္ အေရးပါေသာ အေထာက္အကူျပဳ အခန္းမွ ပါဝင္သည္။ ေအာင္ျမင္ေသာ စက္မႈျပဳျပင္ေျပာင္းလဲေရးအတြက္ ပြင့္လင္းမႈလိုသည္။ သို႔ေသာ္ ထိုမွ်ျဖင့္လုံေလာက္ျခင္းမရွိေသးေပ။ ပြင့္လင္းမႈသည္ ထိေရာက္ေသာ အစိုးရမ်ားကို အေကာင္အထည္ေဖၚသည့္ စက္မႈမူဝါဒ ႏွင့္ေပါင္းစပ္မွသာ စက္မႈျပဳျပင္ေျပာင္းလဲျခင္းကို အဆင္ေျပေခ်ာေမြ႕ေစသည္။

အစိုးရမ်ားသည္ ေခါင္းေဆာင္မွ ၾကားခံ သို႔မဟုတ္ ေထာက္ခံသူ အထိ အေရးပါေသာ အခန္း က႑ကို ထမ္းေဆာင္ၾကရသည္။ ဖြံ႕ၿဖိဳးတိုးတက္မႈ ေအာင္ျမင္ျခင္းသည္ ႏိုင္ငံေတာ္မ်ားႏွင့္ ေဈးကြက္ မ်ားအၾကား ထိုသို႔ျဖစ္ေပၚတိုးတက္ေနသာ ဆက္ဆံေရးကို စီမံျခင္းပင္ျဖစ္သည္။ အစားထိုးျခင္း မဟုတ္ဘဲ ေပါင္းစပ္ျခင္းျဖစ္သည္။ ကိုရီးယား သမၼတႏိုင္ငံႏွင့္စကၤာပူတို႔သည္ ၎တို႔၏ အစီအစဥ္ မ်ားကို အေကာင္အထည္ေဖၚရန္ ဆုေပးဒဏ္ေပး စနစ္ကိုသုံးၿပီး အမ်ိဳးသာတိုးတက္ေရး ရည္မွန္းခ်က္ မ်ားကို အေကာင္အထည္ေဖၚရာတြင္ က႑မ်ားအလိုက္ မူဝါဒမ်ား အႀကိမ္ႀကိမ္ညႇိႏႈိင္းၾကသည္။ ထို႔ေၾကာင့္ ႏွစ္ ၅၀ မွ်အတြင္း စက္မႈႏိုင္ငံမ်ားျဖစ္လာၾကသည္။ တ႐ုတ္ႏွင့္ဗီယက္နမ္တို႔သည္လမ္း အလားတူလမ္းကိုလိုက္ၾကသည္။

အာရွမွ ထိုႏိုင္ငံေတာ္မ်ားကို ပုံတူကူးရန္မျဖစ္ႏိုင္ေပ။ သို႔ေသာ္ အျခားေသာ ႏိုင္ငံမ်ားသည္ ထိေရာက္ မႈ နည္းေစကာမူ စက္မႈျပဳျပင္ေျပာင္းလဲေရးႏွင့္ တိုးတက္မႈအတြက္ ျဖစ္ႏိုင္ေသာ အဖြဲ႕အစည္းဆိုင္ရာ အစီအစဥ္အခ်ိဳ႕ျဖစ္ေပၚတိုးတက္ေစရန္ စီမံၾကရသည္။ ထိုႏိုင္ငံမ်ားအနက္အခ်ိဳ႕တြင္ ႏိုင္ငံေရးဆိုင္ရာ ဒီမိုကေရစီမ်ားကို အဖြဲ႕အစည္းဆိုင္ရာ စစ္ေဆးထိန္းေၾကာင္းျခင္းသည္ အစိုးရမ်ားကို ဖြံ႕ၿဖိဳးမႈ ဦးတည္ၿပီး လူထုႏွင့္ ရင္းႏွီးေအာင္လုပ္ေဆာင္ရာတြင္ အေရးပါသည္။

အာရွ ႏိုးၾကားလာျခင္း ကမာၻတြင္ စီးပြားေရးအင္အားခ်ိန္ခြင္လွ်ာအေျပာင္းအလဲတခု၏ အစပင္ျဖစ္ သည္။ အာရွက အခြင့္အလမ္းမ်ားကို မည္သို႔အသုံးခ်သည္ႏွင့္စိန္ေခၚမႈမ်ားကို မည္သို႔ ရင္ဆိုင္ သည္ ဆိုသည္က တစိတ္တပိုင္းအားျဖင့္ႏွင့္ ကမာၻျဖစ္ေပၚလာေသာ ခက္ခဲသည့္ စီးပြားေရးႏွင့္ ႏိုင္ငံေရး အက်ပ္အတည္းမ်ားက တစိတ္တပိုင္းအားျဖင့္ အနာဂါတ္ကို ပုံေဖၚေပးမည္ျဖစ္သည္။

ကိုလိုနီအုပ္ခ်ဳပ္ေရး အဆုံးသတ္သည္ ရာစုႏွစ္တခုျဖစ္သည့္ ၂၀၅၀ ျပည့္ႏွစ္ခန႔္တြင္အာရွသည္ ကမာၻ႔စုစုေပါင္းထုတ္လုပ္မႈ၏ ထက္ဝက္ေက်ာ္ရွိလာမည္ျဖစ္ၿပီး ကမာၻ႔လူဦးေရ၏ ထက္ဝက္ေက်ာ္ေနထိုင္ရာေနရာျဖစ္ လာမည္ဟု ဆိုလွ်င္မမွားႏိုင္ေပ။ ထို႔ေၾကာင့္ ၁၈၂၀ က အမွန္တရာျဖစ္ခဲ့သည့္ တိုင္ ၎သည္ လြန္ခဲ့ေသာ ႏွစ္ ၅၀ က စိတ္ကူးယဥ္ရန္ပင္ခက္ခဲေသာ ကမာၻတြင္ စီးပြားေရးႏွင့္ ႏိုင္ငံေရး ထူးျခားမႈ ရွိလာမည္ျဖစ္သည္။