【 နိုင်ငံတကာဆောင်းပါး 】“ ဘက်လိုက်သောအစီအစဉ်များချမှတ်ရန် တွစ်တာကြိုးပမ်း”

【 နိုင်ငံတကာဆောင်းပါး 】“ ဘက်လိုက်သောအစီအစဉ်များချမှတ်ရန် တွစ်တာကြိုးပမ်း”

စွမ်းအားကြီးမားလှသော နည်းပညာကြောင့် ရရှိလာမည့် လွတ်လပ်သော သတင်းအချက်အလက်  စီးဆင်းမှုသည် ကမ္ဘာကြီးကိုပိုမိုကောင်းမွန်အောင်လုပ်ပေးမည် ဟူသည့် ပြင်းထန်သော မျှော်လင့်ချက် ကို အင်တာနက်ခေတ်မတိုင်မီ လူအများအပြားကယုံကြည်ခဲ့ကြသည်။ အနည်းဆုံးဆိုရလျှင် ထိုသို့မျှော်လင့်ခဲ့သူ အချို့ရှိခဲ့သည်။

သို့သော် ယခုနှစ်တွင် အင်တာနက်သည် ၎င်း၏ နှစ် ၅၀ ပြည့်မွေးနေ့ကိုကျင်းပသောအခါ အင်တာနက်ခေတ်ရောက်လာခြင်းက ယူဆောင်လာပေးခဲ့သော လွတ်လပ်စွာပြောဆိုခွင့် ဆိုသည့် အရာမှာ ပကတိ ဝိသေသလက္ခဏာမဟုတ်ဘဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၆၉ ခုနှစ်တွင် စတင်ခဲ့သော အဆင့်မြင့်သုတေသန စီမံကိန်းများ ဌာနကွန်ရက် (ARPANET) မှ ဖြစ်ပေါ် လာသော နည်းပညာကို အရပ်ဖက်တွင် အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးမျှသာဖြစ်ကြောင်း လူ အများအပြား သဘောပေါက်လာသည်။ နည်းပညာအရဆိုပါက သတင်းအချက်အလက် စီးဆင်းမှု ကုန်ကျစရိတ်ကို သက်သာစေရုံသာမက သတင်းအချက်အလက်ထိန်းချုပ်ခြင်းကိုလည်း လျှော့ချပေး သည်။

တနည်းအားဖြင့်ဆိုရပါက ထိုနည်းပညာသည် အတွေးအမြင်ဈေးကွက်နှင့်အများပြည်သူဆွေးနွေးငြင်း ခုန် မှုများတွင် အကန့်အသတ်မရှိသလောက်နီးပါးဖြစ်သည့် ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိ ကြီးမားသော လူမှုမီဒီယာ ပလက်ဖေါင်းများကို ဖြစ်ပေါ်စေသည်။

ထိုသို့သောအခြေအနေတွင် တွစ်တာသည် ၎င်း၏ မူဝါဒ ချိုးဖေါက်သည်ဟုဆိုကာ အကောင့် ၄၃၀၁ ခုကို သောကြာနေ့က ပိတ်ပင်လိုက်သည်မှာ အမှန်တော့ အံ့သြဖွယ်မဟုတ်ပေ။ထိုအကောင့်များသည် ဟောင်ကောင်ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများဖြစ်စေရန် လုပ်ဆောင်သည်ဟု တွစ်တာက တဖက်သတ် ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သောလကလည်း အလားတူအကြောင်းပြချက်ဖြင့် ပင် အကောင့် ၉၃၆ ခုကို ပိတ်ပင်ခဲ့သည်။

တွစ်တာကသေဒဏ်ပေးလိုက်သော အကောင့်အများစုသည် ဟောင်ကောင်မှ အဓိကရုဏ်း သမား များ ၏ အကြမ်းဖက်မှုများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြသည်။ ထိုဆန္ဒပြပွဲများသည် လေးလ ခန့်ကြာမြင့်နေပြီဖြစ်ပြီး ဟောင်ကောင်စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ် ထိခိုက်စေသည်။
 
သို့သော် ထိုကဲ့သို့သော ရပ်တည်မှုမျိုးသည် ဆင်ခြင်တုံတရားရှိသောမည်သူအတွက်မဆို သဘာ၀ ကျသည်။ အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်းသည် ဟောင်ကောင်ဆန္ဒပြသူများ၏ အသံကို ပိတ်ပင် သင့်သည်ဟု ဆိုလိုကြောင်း ယူဆရန်မဖြစ်နိုင်ပေ။ အဓိကရုဏ်းသမားများ၏အကြမ်းဖက်တောင်းဆိုမှု များနျင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၏ မေတ္တာရပ်ခံချက်များကို ခွဲခြားခြင်းသည် ပြည်သူများ၏ နစ်နာ မှုများကို ဖြေရှင်းပေးပြီး ဖရိုဖရဲဖြစ်မှုကိုအဆုံးသတ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည်။

သို့သော် တွစ်တာ၏ ပွင့်လင်းမြင်သာမှုနှင့် ပွင့်လင်းမှု မူဝါဒကို ကာကွယ်ခြင်းအရ အကြမ်းဖက် ဆန္ဒပြ သူများနှင့် ၎င်းတို့ကို လှုံ့ဆောင်သူများ၏ အကောင့်များသည် အောင်မြင်မှုရရှိနေပြီး ထိုအမြင် များကို ဆန့်ကျင်သူများ၏ အကောင့်များကို ဖယ်ရှားပိတ်ပင်လိုက်သည်။ ၎င်း၏ လုပ်ပိုင်ခွင့် နယ်ပယ် ကိုကျော်လွန်လုပ်ဆောင်ကာ ဟောင်ကောင်တွင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုကို တိုက်ရိုက်စိန်ခေါ်သူများ၏ တောင်းဆိုချက်များကို ရွေးချယ်ကာကွယ်ပေးနေကာ တွစ်တာသည် သမိုင်း၏မှားယွင်းသောဖက်တွင်ရပ်တည်ရခြင်းအတွက် မည်သည့်ပူပန်မှုကိုမျှ မခံစားရေကြောင်းမျာ ထင်ရှားနေသည်။

ဟောင်ကောင်မှ ပြဿနာရှာသူများနှင့် ၎င်းတို့ကိုထောက်ခံသူများသည် အစွန်းရောက်အကြမ်းဖက် နည်းသုံးပြီး အမုန်းတရာကို လှုံဆော်ရန်၊ သွေးကွဲမှုဖြစ်စေရန်၊ အချုပ်အခြားအာဏာပိုင်မှုကို ခွဲဝေရန် ရည်ရွယ်သူများဖြစ်ပြီး ဟောင်ကောင်ကို ဓါးစာခံအဖြစ်ထားကာ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ၎င်းတို့၏ ရည်မှန်းချက်များအတွက် လိုသလိုသုံးနေသောကြောင့် ၎င်းတို့က ဖြန့်ချိသည့် မှားယွင်းသော သတင်းအချက်အလက်များကို ထိန်းချုပ်ရန် တွစ်တာတွင်တာဝန်ရှိသည်။

( Zawgyi )

 စြမ္းအားႀကီးမားလွေသာ နည္းပညာေၾကာင့္ ရရွိလာမည့္ လြတ္လပ္ေသာ သတင္းအခ်က္အလက္  စီးဆင္းမႈသည္ ကမာၻႀကီးကိုပိုမိုေကာင္းမြန္ေအာင္လုပ္ေပးမည္ ဟူသည့္ ျပင္းထန္ေသာ ေမွ်ာ္လင့္ခ်က္ ကို အင္တာနက္ေခတ္မတိုင္မီ လူအမ်ားအျပားကယုံၾကည္ခဲ့ၾကသည္။ အနည္းဆုံးဆိုရလွ်င္ ထိုသို႔ေမွ်ာ္လင့္ခဲ့သူ အခ်ိဳ႕ရွိခဲ့သည္။

သို႔ေသာ္ ယခုႏွစ္တြင္ အင္တာနက္သည္ ၎၏ ႏွစ္ ၅၀ ျပည့္ေမြးေန႔ကိုက်င္းပေသာအခါ အင္တာနက္ေခတ္ေရာက္လာျခင္းက ယူေဆာင္လာေပးခဲ့ေသာ လြတ္လပ္စြာေျပာဆိုခြင့္ ဆိုသည့္ အရာမွာ ပကတိ ဝိေသသလကၡဏာမဟုတ္ဘဲ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ၁၉၆၉ ခုႏွစ္တြင္ စတင္ခဲ့ေသာ အဆင့္ျမင့္သုေတသန စီမံကိန္းမ်ား ဌာနကြန္ရက္ (ARPANET) မွ ျဖစ္ေပၚ လာေသာ နည္းပညာကို အရပ္ဖက္တြင္ အသုံးျပဳျခင္း၏ ေဘးထြက္ဆိုးက်ိဳးမွ်သာျဖစ္ေၾကာင္း လူ အမ်ားအျပား သေဘာေပါက္လာသည္။ နည္းပညာအရဆိုပါက သတင္းအခ်က္အလက္ စီးဆင္းမႈ ကုန္က်စရိတ္ကို သက္သာေစ႐ုံသာမက သတင္းအခ်က္အလက္ထိန္းခ်ဳပ္ျခင္းကိုလည္း ေလွ်ာ့ခ်ေပး သည္။

တနည္းအားျဖင့္ဆိုရပါက ထိုနည္းပညာသည္ အေတြးအျမင္ေဈးကြက္ႏွင့္အမ်ားျပည္သူေဆြးေႏြးျငင္း ခုန္ မႈမ်ားတြင္ အကန႔္အသတ္မရွိသေလာက္နီးပါးျဖစ္သည့္ ဆုံးျဖတ္ပိုင္ခြင့္အာဏာရွိ ႀကီးမားေသာ လူမႈမီဒီယာ ပလက္ေဖါင္းမ်ားကို ျဖစ္ေပၚေစသည္။

ထိုသို႔ေသာအေျခအေနတြင္ တြစ္တာသည္ ၎၏ မူဝါဒ ခ်ိဳးေဖါက္သည္ဟုဆိုကာ အေကာင့္ ၄၃၀၁ ခုကို ေသာၾကာေန႔က ပိတ္ပင္လိုက္သည္မွာ အမွန္ေတာ့ အံ့ၾသဖြယ္မဟုတ္ေပ။ထိုအေကာင့္မ်ားသည္ ေဟာင္ေကာင္ဆႏၵျပပြဲမ်ားႏွင့္ ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈမ်ားျဖစ္ေစရန္ လုပ္ေဆာင္သည္ဟု တြစ္တာက တဖက္သတ္ ဆုံးျဖတ္ခဲ့သည္။ လြန္ခဲ့ေသာလကလည္း အလားတူအေၾကာင္းျပခ်က္ျဖင့္ ပင္ အေကာင့္ ၉၃၆ ခုကို ပိတ္ပင္ခဲ့သည္။

တြစ္တာကေသဒဏ္ေပးလိုက္ေသာ အေကာင့္အမ်ားစုသည္ ေဟာင္ေကာင္မွ အဓိက႐ုဏ္း သမား မ်ား ၏ အၾကမ္းဖက္မႈမ်ားကို ျပတ္ျပတ္သားသားဆန႔္က်င္ၾကသည္။ ထိုဆႏၵျပပြဲမ်ားသည္ ေလးလ ခန႔္ၾကာျမင့္ေနၿပီျဖစ္ၿပီး ေဟာင္ေကာင္စီးပြားေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို အႀကီးအက်ယ္ ထိခိုက္ေစသည္။
 
သို႔ေသာ္ ထိုကဲ့သို႔ေသာ ရပ္တည္မႈမ်ိဳးသည္ ဆင္ျခင္တုံတရားရွိေသာမည္သူအတြက္မဆို သဘာ၀ က်သည္။ အၾကမ္းဖက္မႈကို ဆန႔္က်င္ျခင္းသည္ ေဟာင္ေကာင္ဆႏၵျပသူမ်ား၏ အသံကို ပိတ္ပင္ သင့္သည္ဟု ဆိုလိုေၾကာင္း ယူဆရန္မျဖစ္ႏိုင္ေပ။ အဓိက႐ုဏ္းသမားမ်ား၏အၾကမ္းဖက္ေတာင္းဆိုမႈ မ်ားန်င့္ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူမ်ား၏ ေမတၱာရပ္ခံခ်က္မ်ားကို ခြဲျခားျခင္းသည္ ျပည္သူမ်ား၏ နစ္နာ မႈမ်ားကို ေျဖရွင္းေပးၿပီး ဖ႐ိုဖရဲျဖစ္မႈကိုအဆုံးသတ္ရန္ အေျခခံလိုအပ္ခ်က္ျဖစ္သည္။

သို႔ေသာ္ တြစ္တာ၏ ပြင့္လင္းျမင္သာမႈႏွင့္ ပြင့္လင္းမႈ မူဝါဒကို ကာကြယ္ျခင္းအရ အၾကမ္းဖက္ ဆႏၵျပ သူမ်ားႏွင့္ ၎တို႔ကို လႈံ႕ေဆာင္သူမ်ား၏ အေကာင့္မ်ားသည္ ေအာင္ျမင္မႈရရွိေနၿပီး ထိုအျမင္ မ်ားကို ဆန႔္က်င္သူမ်ား၏ အေကာင့္မ်ားကို ဖယ္ရွားပိတ္ပင္လိုက္သည္။ ၎၏ လုပ္ပိုင္ခြင့္ နယ္ပယ္ ကိုေက်ာ္လြန္လုပ္ေဆာင္ကာ ေဟာင္ေကာင္တြင္ တ႐ုတ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာပိုင္မႈကို တိုက္႐ိုက္စိန္ေခၚသူမ်ား၏ ေတာင္းဆိုခ်က္မ်ားကို ေ႐ြးခ်ယ္ကာကြယ္ေပးေနကာ တြစ္တာသည္ သမိုင္း၏ မွားယြင္းေသာ ဖက္တြင္ ရပ္တည္ရျခင္းအတြက္ မည္သည့္ပူပန္မႈကိုမွ် မခံစားေရေၾကာင္းမ်ာ ထင္ရွားေနသည္။

ေဟာင္ေကာင္မွ ျပႆနာရွာသူမ်ားႏွင့္ ၎တို႔ကိုေထာက္ခံသူမ်ားသည္ အစြန္းေရာက္အၾကမ္းဖက္ နည္းသုံးၿပီး အမုန္းတရာကို လႈံေဆာ္ရန္၊ ေသြးကြဲမႈျဖစ္ေစရန္၊ အခ်ဳပ္အျခားအာဏာပိုင္မႈကို ခြဲေဝရန္ ရည္႐ြယ္သူမ်ားျဖစ္ၿပီး ေဟာင္ေကာင္ကို ဓါးစာခံအျဖစ္ထားကာ လြတ္လပ္မႈႏွင့္ ဒီမိုကေရစီကို ၎တို႔၏ ရည္မွန္းခ်က္မ်ားအတြက္ လိုသလိုသုံးေနေသာေၾကာင့္ ၎တို႔က ျဖန႔္ခ်ိသည့္ မွားယြင္းေသာ သတင္းအခ်က္အလက္မ်ားကို ထိန္းခ်ဳပ္ရန္ တြစ္တာတြင္တာဝန္ရွိသည္။