【 နိုင်ငံတကာဆောင်းပါး 】“ ဥပဒေစိုးမိုးမှုဖြင့် ပြည်သူများတရားမျှတမှုရရှိရေးကို ထောက်ပံ့ပေးနေ”

【 နိုင်ငံတကာဆောင်းပါး 】“ ဥပဒေစိုးမိုးမှုဖြင့် ပြည်သူများတရားမျှတမှုရရှိရေးကို ထောက်ပံ့ပေးနေ”

၂၀၁၂ ကစပြီး တရုတ်ပုံစံ ဆယ်ရှယ်လစ်တည်ဆောက်ရေးတွင် အရေးကြီးသော ဗျူဟာ ၄ ခုဟာ တရုတ် ၏ ဥပဒေကို အခြေပြုသော အုပ်ချုပ်ရေးတွင် မဏ္ဍိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ အကြိမ် ၂၀ မြောက် CPC ၏ အမျိုးသားညီလာခံတွင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတရှီကျင့်ဖိန်က “ဥပဒေစိုးမိုးရေး” ဆိုတဲ့ စကားလုံးကို ၂၃ ကြိမ်အထိ အသုံးပြုခဲ့ခြင်းဟာ ပါတီ၏ ဥပဒေရေးရာတွင် အလေးထားမှုကိုလည်း ထင်ဟပ်ပြသ နေပါတယ်။ “အမှုတိုင်းတွင် ပြည်သူများဟာ မျှတပြီး တရားကြောင်း ခံစားရန် လိုအပ်တယ်” ဟု ရှီကျင့်ဖျင်က ပြောပါတယ်။

၂၀၂၀ မေလ ၂၈ ရက်နေ့တွင် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ညီလာခံတွင်ကို တရုတ်ရောက်ခဲ့ကြသော တရုတ်နိုင်ငံက ထိပ်တန်းဥပဒေအရာရှိပေါင်း ၂၀၀၀ ကျော်ဟာ Civil Code ပြည်သူ့နီတိဥပဒေကို အတည်ပြုပြီး နောက် ပေကျင်းမြို့ရှိ Great Hall of the People ခန်းမဆောင်တွင် ကြာရှည်စွာ လက်ခုပ်တီး ဩဘာပေးခဲ့ ကြပါတယ်။

ဒီပြည်သူ့နီတိကို ခေတ်သစ်တွင် ပြည်သူများ၏ အခွင့်အရေးကို ကြေညာခြင်းအဖြစ်လည်းကောင်း၊ လူမှု ဘဝ၏ စွယ်စုံကျမ်း လို့လည်း ချီးကျူးနေကြပြီး တရုတ်ပြည်သူများသူတို့၏ အခွင့်အရေးမဆုံးရှုံးရလေအောင် ကာကွယ်ပေးပါတယ်။ တရုတ်ဟာ အမျိုးသားလုံခြုံရေးကို ကာကွယ်နိုင်ရန်အတွက် ဥပေဒေကို မဟာတံတိုင်း ကြီးပမာ ချမှတ်ထားပါတယ်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားပိတ်ဆို့အရေးယူမှုဆန့်ကျင်ရေးဆိုင်ရာ ဥပဒေကိုလည်း ချမှတ်အတည်ပြုခဲ့ပြီး နိုင်ငံတကာ၏ နယ်မြေကျောက်လွန်တရားစီရင်ရန် ကြိုးပမ်းနေမှုကို တားဆီးနိုင်ရန် တန် ပြန် ဥပဒေများကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။

၂၀၂၂ စက်တင်ဘာလတွင် တရုတ်ဟာ ဥပဒေပေါင်း ၂၉၃ နှင့် အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ပေါင်း ၅၉၈ ခုကို အသုံးပြုနေပြီဖြစ်ကာ ထိုထဲတွင် ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပေါင်း ၁၃၀၀၀ ကျော် လည်းပါဝင်ကြောင်း CPC ဗဟိုကော်မတီတွင် နိုင်ငံရေးနှင့် တရားရေးရာကော်မရှင်တွင် ဒု-အထွေထွေအတွင်း ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ယင်ဘိုင်က ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွင်း ပါတီနဲ့ပတ်သက်သော စည်းမျဉ်းစည်းကမ်းပေါင်း ၁၅၉ ခုကိုလည်း ပြင်ဆင်ခြင်း သို့မဟုတ် အသစ်အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အကြီးမားဆုံးသော အောင်မြင်မှုများ ကို တော့ တရားစီရင်ရေးစနစ်တွင် ဆောင်ရွက် ရရှိခဲ့ပါတယ်။ တရာစီရင်ရေး ပွင့်လင်းမြင်သာမှုရှိရေးတွင် တရုတ်ဟာ တရားစီရင်မှုနှင့် လုပ်ထုံးလုပ်နည်းများကို အများပြည်သူသိအောင် ဆောင်ရွက်ခဲ့ရုံသာမက ၊ စမ်းသပ်တရားစီရင် မှုနှင့် ထိရောက်သောတရားစီရင်မှုများဆောင်ရွက်ရေးကို အများပြည်သူရှေ့တွင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံး ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ဘာကြောင့် ပြစ်ဒဏ်ချမှတ်ကြောင်းကိုလည်း ပြည်သူများသိအောင် ဆောင်ရွက်နေပါ တယ်။

ပြည်သူများဟာ အချက်အလက်များကို သတင်းမီဒီယာများ၊ တရားဝင်ဝက်ဆိုက်များ၊ စာရွတ်ဖြူများ နှင့် သတင်းစာရှင်းလင်းပွဲများကနေ တစ်ဆင့် ရရှိနိုင်သလို ၁၂၃၆၉ ဖုန်းလိုင်းကို ခေါ်ခြင်း၊ Wechat နှင့် Weibo အစရှိ သော လူမှုကွန်ရက်များကနေ တစ်ဆင့်လည်း ရယူနိုင်ပါတယ်။

တရုတ်ဟာ အမှုစီရင်ခြင်းစနစ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလာခဲ့ပြီး တရားရေးရာလုပ်ထုံး လုပ်နည်း များနှင့် ဥပဒေစိုးမိုးမှုသဘောတရာများကို အထူးအလေးထားသော စနစ်ဖြစ်လာရန် ကြိုးပမ်းလာခဲ့ကာ သက်သေ အခြေခံပြစ်ဒဏ်ချမှတ်ခြင်းကို အလေးထားဆောင်ရွက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံတွင် ပြစ်ဒဏ်မချမှတ်မီ ဖမ်း ဆီးထိန်းသိမ်းမှုကလည်း ၂၀၁၂ တွင် ၆၉.၇ ရာခိုင်နှုန်းရှိရာကနေ ၂၀၂၂ တွင် ၂၈.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ ကြောင့် တရားရေးရာ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ တုံဂျန်မင်းက ပြောပါတယ်။ “ဒီဇယားဟာ တရားစီရင်ရေးတွင် ကြီးမားသော တိုးတက်မှုရရှိကြောင်းကို ပြသနေပါတယ်” ဟု သူက ပြောပါတယ်။

ရှေးတရုတ်စကားပုံတစ်ခုတွင် “တင်းကြပ်သော ဥပဒေများဟာ တည်ငြိမ်မှုဆီကို ခေါင်ဆောင်သွားတယ်၊ ဥပဒေစိုးမိုးမှု အားနည်းခြင်းဟာ မတည်ငြိမ်ခြင်းကို ဦးတည်နေတယ်” ဆိုတဲ့ စကားပုံဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၅  အတွက် အစိုးရ၏ ဥပဒေစိုးမိုးရေးလက်တွေ့အကောင်းအထည်ဖော်ရန် စီမံချက်များကို ၂၀၂၁ ဩဂုတ်လတွင် ချမှတ်ခဲ့ပြီဖြစ်ပါတယ်။ တရုတ်ဟာ လက်ရှိအသုံးပြုသော အုပ်ချုပ်အာဏာစနစ်ကို တိုးတက်လာစေရန် အရေးကြီး ကြောင်း ကို ထောက်ပြနေပြီး ပိုမိုကြီးမားကျယ်ပြန့်သော ပွင့်လင်းမြင်သာမှုအတွက်လည်း ဆော်ဩမှုများ ပြုလုပ်နေပါတယ်။

တရုတ်ဟာ ပွင့်လင်းမြင်သာသော အစိုးရကို တည်ဆောက်မည်ဖြစ်ပြီး၊ ဘက်မလိုက်သော၊ သန့်ရှင်းသော၊ ရိုးသားသော အစိုးကိုတည်ဆောက်ကာ စနစ်လည်ပတ်မှုကို ပြည့်စုံစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ကာ ဆုံးဖြတ်ပိုင်ခွင့် အာဏာများ၊ တာဝန်ဝတ္တရားများ၊ တင်းကြပ်သော ဥပဒေများကို ရေးဆွဲထားသော စီမံချက်များအတိုင်း ဆောင် ရွက်မည်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတွင် “လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံတွင် ဥပဒေစိုးမိုးမှု” ခေါင်းစဉ်ဖြင့် ဆွေး နွေးရာတွင် China Law School ကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်တဲ့ ဟွောင်ဝမ်ယိ၏ ပြောကြားချက်အရ တရုတ် ဟာ အုပ်ချုပ်ရေးနှင့် ကိုယ်စလှယ်အာဏာများတွင် ပြုပြင်ပြောင်းလဲမှုများကို အလေးထားဆောင်ရွက်ခဲ့ပြီး စည်း မျဉ်း စည်းကမ်းများနှင့် အစိုးရ၏ ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ခဲ့ကြောင်း ဆိုပါတယ်။

“ဒီပြောင်းလဲမှုများဟာ ကုမ္ပဏီများအပေါ် ဖြေလျှော့ပေးမှုနှင့် ပြည်သူများ၏ စိုးရိမ်မှုများကို ကျယ်ပြန့်စွာ ဖြေရှင်းပေးကာ စျေးကွက်အတွက် နေရာပို ရရှိလာအောင် ဆောင်ရွက်ပေးခဲ့တယ်။ ထို့အပြင် ပိုမိုသန့်ရှင်းသော အစိုးရဖြစ်လာရန်လည်း ကူညီပေးခဲ့ပြီး စျေးကွက်အရေးပါပုံနှင့် ပြည်သူများ၏ ဖန်းတီးနိုင်မှု စွမ်းရည်များအတွက် လည်း လမ်းဖွင့်ပေးခဲ့တယ်” ဟု သူကပြောခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့တွင် အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန၏ အကြီးအကဲဖြစ်ပြီး ပြည့်သူ့လုံခြုံရေးဒု-ဝန်ကြီး လည်း ဖြစ်တဲ့ ဇူကန်လူ၏ ပြောကြားချက်အရ တရုတ်ဟာ လူသတ်မှု၊ ပြစ်မှု နှင့် သေနတ်နဲ့ဆိုင်သော ပြစ်မှုများ ကမ္ဘာပေါ်တွင် အနည်းဆုံးကျူးလွန်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် အမျိုး သားစားအရင်းအင်းရုံးက ပြုလုပ်ခဲ့သော စစ်တမ်းအရ တရုတ်နိုင်ငံသား ၉၈.၆ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံတွင် နေထိုင်ရတာ လုံခြုံတယ်ဆို ခံစားရကြောင်းဆိုကာ  ဒါဟာ ၂၀၁၂ တုန်းကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာ ခြင်းလည်း ဖြစ်ပါတယ်။ “တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနိုင်ငံတစ်နိုင်ငံစာရင်းတွင် ကျယ်ပြန့်စွာ အသိမှတ်ပြုခံထားရပါတယ်” ဟု ဇူက ဆက်ပြောပါတယ်။

 

Naing

 

Ref:CMG: 20th CPC National Congress: China's rule of law underpins justice for the people