【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာဂြိုလ်လောင်ကျွမ်းနေသော်လည်း မျှော်လင့်ချက်ရှိနေဆဲ

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာဂြိုလ်လောင်ကျွမ်းနေသော်လည်း မျှော်လင့်ချက်ရှိနေဆဲ

နှစ်ထောင်ချီကြာသော်လည်းယခုကဲ့သို့ဖြစ်ပေါ်ခြင်းမရှိပေ။ ယခုဖြစ်ရပ်သည် ကမ္ဘာကြီး ပူနွေးလာခြင်း လည်းမဟုတ်ပေ။ ထို့အပြင် အခြေအနေပိုမိုဆိုးရွားလာရန်ရှိနေသေးသည်။စံချိန်တင်သည့်အပူလောင်ဆုံးသောဇွန်လလွန်မြောက်ပြီးနောက် စံချိန်တင်သည့် အပူလောင်ဆုံးသော ဇူလိုင်လကိုရောက်လာခဲ့သည်။

စံချိန်တင်ထားသည့်အပူလောင်ဆုံးသော ၂၀၁၆ ခုနှစ် ဇူလိုင်လ၏ နေရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ က အစားထိုးဝင်ရောက်လာပြီး ၁၉၈၁ မှ ၂၀၁၀ အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ဇူလိုင်လသည် ပိုမိုပူနွေးနေကြောင်း တကမ္ဘာလုံးမှ အပူချိန်များကို ခွဲခြမ်းစိတ်ဖြာလေ့လာသည့် ဥရောပသမဂ္ဂ၏ ကိုပါးနီးကပ်စ်ရာသီဥတုပြောင်းလဲမှုအစီအစဉ်က ကြေညာရသည်။

၂၀၁၉ ခုနှစ်ဇွန်လသည် ၂၀ ရာစုပျမ်းမျှအပူချိန်အထက်ရောက်နေသည့် ဆက်တိုက်ဖြစ်သော ၄၁၄ ခုမြောက် ဇွန်ဖြစ်ရုံသာမက လွန်ခဲ့သောနှစ် ၁၄၀ အတွင်း ၂၀၁၀ ခုနှစ်နောက်ပိုင်းဖြစ်ပွားသော အပူလောင်ဆုံးဇွန်လ ၁၀ လအနက် တခုဖြစ်နေသည်ဟု အမေရိကန်ပြည်ထောင်စုအမျိုးသား သမုဒ္ဓရာနှင့်လေထုဝန်းကျင် ဌာန၏ လွန်ခဲ့သောလက အစီရင်ခံစာအရသိရသည်။

ပါရီသည် အပူလောင်ဆုံးသောနေ့ ၄၂.၆ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ဇူလိုင်လ ၂၅ ရက်နေ့ကကြုံတွေ့ ရသည့် တချိန်တည်းတွင် လန်ဒန်ရှိ ဟိသရိုးလေဆိပ်သည် ဇူလိုင်လများအတွက် အမြင့်ဆုံး အပူချိန်ဖြစ်သော ၃၆.၉ ဒီဂရီဆဲလ်စီးယပ်ကို ခံစားရသည်။
 
“ ကမ္ဘာတဝှမ်းမှာ အဓိကစံချိန်တွေကို ဆက်လက်ကျော်ဖြတ်နေမယ်ဆိုရင် ရာသီဥတုစနစ်ဟာ ကျနော်တို့အရင်ကသုံးခဲ့တဲ့ပုံစံတွေထက်ကိုပိုပြီး လေထုထဲက ဖန်လုံအိမ်ဓါတ်ငွေ့ အဆင့်ဒဏ် ကို မခံနိုင် ဘူးဆိုတာကိုပြသနေပြီ” ဟု ဗြိတိန်နိုင်ငံ အက်စ်တာ တက္ကသိုလ်မှ ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှု ပါမောက္ခ စတက်ဖန် ဟာရစ်ဆန်ကဆိုသည်။

လေထုအတွင်းကာဗွန်ထုတ်လွှတ်မှု အစုအဝေးသည် သိပ္ပံပညာရှင်များမျှော်လင့် ထားသည် ထက် ပိုမိုလျှင်မြန်စွာ ကမ္ဘာ့ရာသီဥတုစနစ်ကို မတည်မငြိမ်ဖြစ်စေကြောင်း ယခုနောက်ဆုံး အပူချိန်စံချိန်တင် မှုများက သက်သေပြနေသည်ဟု သူပြောသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လက အမြင့်ဆုံးအပူချိန်မှာ အပြင်းထန်ဆုံး အယ်နီနိုဖြစ်ရပ်များ အနက်တခုကြောင့်ဖြစ်သည်။ ထိုအယ်နီနိုဖြစ်ရပ်မှာ ပိစိဖိတ်သမုဒ္ဓရာအတွင်း ရေအပူချိန်မြင့်မားမှုကြောင့် ကမ္ဘာ့ပျမ်းမျှ အပူချိန်ကို ကိုပိုမိုမြင့်မားစေခြင်းကြောင့်ဖြစ်ပေါ်လာသည်။ သို့သော်ယခုနှစ် ပထမ နှစ်ဝက်တွင်မူ အယ်နီနိုအားနည်းပြီး ပိုမိုကြားကျသည့် အဆင့်သို့ ကူးပြောင်းနေသည်။ ထို့ကြောင့် ဇူလိုင်လ အပူချိန် လွန်ကဲခြင်းသည် ပိုမိုစိုးရိမ်စရာကောင်းသည်ဟု အနည်းဆုံးဆိုနိုင်သည်။

ယခုနှစ်ရာသီဥတုဆိုင်ရာအချက်အလက်များအရ မိမိတို့သည် ၂၀၁၆ ခုနှစ်ပြီးလျှင် အပူလောင်ဆုံးနှစ် ကို ကြုံနေရကြောင်းပြသနေသည်ဟု ကိုပါးနီးကပ်စ်ဌာနမှ သိပ္ပံပညာရှင် ဖရီဂျာ ဗမ်ဘော့ကပြော သည်။ ထိုအပူချိန်စံချိန်မှာ စက်မှုခေတ်မတိုင်မီကထက် ၁.၂ ဒီဂရီ ဆဲလ်စီးယပ်စ်မြင့်နေပြီး ကမ္ဘာကြီး သည် လူသန်းရာပေါင်းများစွာအတွက် အလွန်ဆိုးရွားသောရာသီဥတုနှင့် အစားအစာမ လုံမှုဖြစ်စေ မည့် ၁.၅ ဒီဂရီ ဆဲလ်စီးယပ်အမှတ်သို့ အလျှင်အမြန်ချဉ်းကပ်လာနေကြောင်း ပြသနေသည်။
 
ကမ္ဘာကြီးသည် ထိုသို့ဆိုးရွားသော ပူနွေးမှုကို ရှောင်ရှားရန် ၂၀၃၀ ခုနှစ်အထိသာ အချိန်ရှိတော့ကြောင်းနှင့် ကမ္ဘာ့အစိုးရများအနေဖြင့် ပါရီသဘောတူညီချက်ပါ ၎င်းတို့၏ တာဝန် ဝတ္တရား များ ကိုလိုက်နာရန်လိုကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ အစိုးရပေါင်းစုံအဖွဲ့က ၂၀၁၈ ခုနှစ်တွင်ကြေညာခဲ့သည်။ နိုင်ငံပေါင်း ၂၀၀ နီးပါးနှင့် ဥရောပသမဂ္ဂတို့သည် ပါရီရာသီဥတု သဘော တူညီချက် အရ ကမ္ဘာ့အပူချိန်ပြောင်းလဲမှုကို ၂ ဒီဂရီ ဆဲလ်စီးယပ်အောက်တွင်သာထိန်းထားရန် ကတိပြုကြသော်လည်း ကမ္ဘာ့ဒုတိယအကြီးမားဆုံးကာဗွန်ထုတ်လွှတ်သူဖြစ်သည့် အမေရိကန်ပြည်ထောင်စု ၏ ခေါင်းဆောင်က ရာသီဥတုပြောင်းလဲမှုသည် အယုံသွင်းမှု တခုသာဖြစ်သည်ဟု ဆိုကာ ထိုရာသီဥတုသဘောတူစာချုပ်မှ နုတ်ထွက်ခဲ့သောကြောင့် တကမ္ဘာလုံးအနေဖြင့် ထိုသို့ လုပ်ရန်လွန်စွာခက်ခဲနေသည်။

ယခုရာသီဥတုခြိမ်းခြောက်မှုများသည့် မလုံလောက်သေးသည့် သဘောဖြင့် အာတိတ်စက်ဝိုင်သည် ယခုနှစ်အတွင်း အပူမီးတောက်လောင်နေသည်။ လွန်ခဲ့သောလက အာတိတ်စက်ဝိုင်းတွင် တောမီး ၁၁ ခုလောင်ကျွမ်းသည်။ ထိုမီးများသည် ရုရှား၊ နော်ဝေးနှင့်ဖင်လန်တို့တွင်လည်းလောင်ကျွမ်းပြီး ဆွီဒင်မှာ ယခုနှစ်အတွင်း အဆိုးရွားဆုံးခံစားရသည်။

ထိုမီးများသည် ဥရောပဒေသများစွာသို့ ထူးထူးခြားခြားပူလောင်ခြောက်သွေ့သော ရာသီဥတုကို ဆောင်ယူလာသည့် အပူလှိုင်း၏ ရလဒ်၊ ဥရောပ၏မြေထဲပင်လယ် မီးဇုန်ပြင်ပမှ မဟာမီးဘေးဖြစ် သည် ဟု ဂါးဒီးယန်း သတင်းစာကဆိုသည်။ ထို့အပြင် ဗဟိုနှင့်မြောက် ဥရောပတွင် လာမည့် ရက်သတ္တပါတ်အချို့အထိ ထိုမီးအန္တရာယ် ဆက်လက်ရှိနေမည်ဟု ဥရောပတောမီး သတင်း  အချက် အလက် စနစ်က ဇူလိုင်လတွင် သတိပေးခဲ့သည်။

ထိုမြောက်ပိုင်းတောမီးများတိုးပွားလာခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ အခြားသော လက္ခဏာဖြစ် သည်ဟု သိပ္ပံပညာရှင်များကဆိုသည်။ အနောက်မြောက်ဗြိတိန်နှင့် ဆွီဒင်သည် ကာဗွန်သိုလှောင်မှု အကြီးအကျယ်ပြုလုပ်နိုင်သော သစ်တောများနှင့် မြေဆွေးတောများအကြီး အကျယ်ပေါက်ရောက် လွယ်သည့် ဒေသများဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အိုးပင်းတက္ကသိုလ်မှ ကမ္ဘာ့ဂေဟစနစ်ပြောင်းလဲမှု ပါမောက္ခ ဗင့်ဆင့်ဂေါ်ဆီကဆိုသည်။ “ အဲဒီလို ကာဗွန် သိပ်သည်းတဲ့ဂေဟစနစ်တွေဟာ ခြောက်သွေ့ပူလောင်မှုကိုရင်ဆိုင်ရပြီး မီးတောက်လောင်မှုတို့လူတွေနဲ့တို့တွေ့တဲ့အခါ တောမီးလောင်မှာပဲ” ဟုသူပြောသည်။
 
ကမ္ဘာကြီးကြုံတွေ့နေရသော အခြေအနေသည်ကြေက်မက်ဖွယ်ဖြစ်သော်လည်း မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ခြင်းလောက်တော့ကြောက်စရာမကောင်းလှသေးပေ။ မိမိတို့သည် အမှန်တကယ်သာ ဆန္ဒရှိလျှင် ရာသီဥတုပြောင်းလဲမှုကို တိုက်ပွဲဆင်နိုင်သေးသည်။

ပါရီသဘောတူစာချုပ်ရည်မှန်းချက်များနှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အထောက်အကူဖြစ်စေရန် ခိုင်မာသော ဈေးကွက်နှင့်နိုင်ငံရေးသင်္ကေတများဖြစ် ရာသီဥတုစိန်ခေါ်မှုများကို ရင်ဆိုင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်သည် ၂၀၁၉ ခုနှစ်ရာသီဥတု ပြောင်လဲမှု ထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပ မည်ဖြစ် သည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံကိုလည်း ဒီဇင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ ချီလီနိုင်ငံ ဆန်တီယာဂိုတွင် ကျင်းပရန် စီစဉ်ထားပြီး ပါရီစာချုပ် အစီအစဉ်များ ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ရသည်။

ယခုနှစ်အတွင့် ကျင်းပမည့် ထိုအရေးပါသော ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုသည် မကြာသေးမီ အတိတ်ကကဲ့သို့ အချီးနှီးမဖြစ်ရန်သာ မိမိတို့မျှော်လင့်ရတော့မည်ဖြစ်သည်။

 

(  Zawgyi  )

 ႏွစ္ေထာင္ခ်ီၾကာေသာ္လည္းယခုကဲ့သို႔ျဖစ္ေပၚျခင္းမရွိေပ။ ယခုျဖစ္ရပ္သည္ ကမာၻႀကီး ပူေႏြးလာျခင္း လည္းမဟုတ္ေပ။ ထို႔အျပင္ အေျခအေနပိုမိုဆိုး႐ြားလာရန္ရွိေနေသးသည္။စံခ်ိန္တင္သည့္အပူေလာင္ဆုံးေသာဇြန္လလြန္ေျမာက္ၿပီးေနာက္ စံခ်ိန္တင္သည့္ အပူေလာင္ဆုံးေသာ ဇူလိုင္လကိုေရာက္လာခဲ့သည္။

စံခ်ိန္တင္ထားသည့္အပူေလာင္ဆုံးေသာ ၂၀၁၆ ခုႏွစ္ ဇူလိုင္လ၏ ေနရာတြင္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ က အစားထိုးဝင္ေရာက္လာၿပီး ၁၉၈၁ မွ ၂၀၁၀ အတြင္း ကမာၻ႔ပ်မ္းမွ်အပူခ်ိန္ထက္ ဇူလိုင္လသည္ ပိုမိုပူေႏြးေနေၾကာင္း တကမာၻလုံးမွ အပူခ်ိန္မ်ားကို ခြဲျခမ္းစိတ္ျဖာေလ့လာသည့္ ဥေရာပသမဂၢ၏ ကိုပါးနီးကပ္စ္ရာသီဥတုေျပာင္းလဲမႈအစီအစဥ္က ေၾကညာရသည္။

၂၀၁၉ ခုႏွစ္ဇြန္လသည္ ၂၀ ရာစုပ်မ္းမွ်အပူခ်ိန္အထက္ေရာက္ေနသည့္ ဆက္တိုက္ျဖစ္ေသာ ၄၁၄ ခုေျမာက္ ဇြန္ျဖစ္႐ုံသာမက လြန္ခဲ့ေသာႏွစ္ ၁၄၀ အတြင္း ၂၀၁၀ ခုႏွစ္ေနာက္ပိုင္းျဖစ္ပြားေသာ အပူေလာင္ဆုံးဇြန္လ ၁၀ လအနက္ တခုျဖစ္ေနသည္ဟု အေမရိကန္ျပည္ေထာင္စုအမ်ိဳးသား သမုဒၶရာႏွင့္ေလထုဝန္းက်င္ ဌာန၏ လြန္ခဲ့ေသာလက အစီရင္ခံစာအရသိရသည္။

ပါရီသည္ အပူေလာင္ဆုံးေသာေန႔ ၄၂.၆ ဒီဂရီ ဆဲလ္စီးယပ္စ္ကို ဇူလိုင္လ ၂၅ ရက္ေန႔ကႀကဳံေတြ႕ ရသည့္ တခ်ိန္တည္းတြင္ လန္ဒန္ရွိ ဟိသ႐ိုးေလဆိပ္သည္ ဇူလိုင္လမ်ားအတြက္ အျမင့္ဆုံး အပူခ်ိန္ျဖစ္ေသာ ၃၆.၉ ဒီဂရီဆဲလ္စီးယပ္ကို ခံစားရသည္။
 
“ ကမာၻတဝွမ္းမွာ အဓိကစံခ်ိန္ေတြကို ဆက္လက္ေက်ာ္ျဖတ္ေနမယ္ဆိုရင္ ရာသီဥတုစနစ္ဟာ က်ေနာ္တို႔အရင္ကသုံးခဲ့တဲ့ပုံစံေတြထက္ကိုပိုၿပီး ေလထုထဲက ဖန္လုံအိမ္ဓါတ္ေငြ႕ အဆင့္ဒဏ္ ကို မခံႏိုင္ ဘူးဆိုတာကိုျပသေနၿပီ” ဟု ၿဗိတိန္ႏိုင္ငံ အက္စ္တာ တကၠသိုလ္မွ ရာသီဥတုႏွင့္ သဘာဝ ပတ္ဝန္းက်င္ေျပာင္းလဲမႈ ပါေမာကၡ စတက္ဖန္ ဟာရစ္ဆန္ကဆိုသည္။

ေလထုအတြင္းကာဗြန္ထုတ္လႊတ္မႈ အစုအေဝးသည္ သိပၸံပညာရွင္မ်ားေမွ်ာ္လင့္ ထားသည္ ထက္ ပိုမိုလွ်င္ျမန္စြာ ကမာၻ႔ရာသီဥတုစနစ္ကို မတည္မၿငိမ္ျဖစ္ေစေၾကာင္း ယခုေနာက္ဆုံး အပူခ်ိန္စံခ်ိန္တင္ မႈမ်ားက သက္ေသျပေနသည္ဟု သူေျပာသည္။

၂၀၁၆ ခုႏွစ္ ဇူလိုင္လက အျမင့္ဆုံးအပူခ်ိန္မွာ အျပင္းထန္ဆုံး အယ္နီႏိုျဖစ္ရပ္မ်ား အနက္တခုေၾကာင့္ျဖစ္သည္။ ထိုအယ္နီႏိုျဖစ္ရပ္မွာ ပိစိဖိတ္သမုဒၶရာအတြင္း ေရအပူခ်ိန္ျမင့္မားမႈေၾကာင့္ ကမာၻ႔ပ်မ္းမွ် အပူခ်ိန္ကို ကိုပိုမိုျမင့္မားေစျခင္းေၾကာင့္ျဖစ္ေပၚလာသည္။ သို႔ေသာ္ယခုႏွစ္ ပထမ ႏွစ္ဝက္တြင္မူ အယ္နီႏိုအားနည္းၿပီး ပိုမိုၾကားက်သည့္ အဆင့္သို႔ ကူးေျပာင္းေနသည္။ ထို႔ေၾကာင့္ ဇူလိုင္လ အပူခ်ိန္ လြန္ကဲျခင္းသည္ ပိုမိုစိုးရိမ္စရာေကာင္းသည္ဟု အနည္းဆုံးဆိုႏိုင္သည္။

ယခုႏွစ္ရာသီဥတုဆိုင္ရာအခ်က္အလက္မ်ားအရ မိမိတို႔သည္ ၂၀၁၆ ခုႏွစ္ၿပီးလွ်င္ အပူေလာင္ဆုံးႏွစ္ ကို ႀကဳံေနရေၾကာင္းျပသေနသည္ဟု ကိုပါးနီးကပ္စ္ဌာနမွ သိပၸံပညာရွင္ ဖရီဂ်ာ ဗမ္ေဘာ့ကေျပာ သည္။ ထိုအပူခ်ိန္စံခ်ိန္မွာ စက္မႈေခတ္မတိုင္မီကထက္ ၁.၂ ဒီဂရီ ဆဲလ္စီးယပ္စ္ျမင့္ေနၿပီး ကမာၻႀကီး သည္ လူသန္းရာေပါင္းမ်ားစြာအတြက္ အလြန္ဆိုး႐ြားေသာရာသီဥတုႏွင့္ အစားအစာမ လုံမႈျဖစ္ေစ မည့္ ၁.၅ ဒီဂရီ ဆဲလ္စီးယပ္အမွတ္သို႔ အလွ်င္အျမန္ခ်ဥ္းကပ္လာေနေၾကာင္း ျပသေနသည္။
 
ကမာၻႀကီးသည္ ထိုသို႔ဆိုး႐ြားေသာ ပူေႏြးမႈကို ေရွာင္ရွားရန္ ၂၀၃၀ ခုႏွစ္အထိသာ အခ်ိန္ရွိေတာ့ေၾကာင္းႏွင့္ ကမာၻ႔အစိုးရမ်ားအေနျဖင့္ ပါရီသေဘာတူညီခ်က္ပါ ၎တို႔၏ တာဝန္ ဝတၱရား မ်ား ကိုလိုက္နာရန္လိုေၾကာင္း ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ကုလသမဂၢ အစိုးရေပါင္းစုံအဖြဲ႕က ၂၀၁၈ ခုႏွစ္တြင္ေၾကညာခဲ့သည္။ ႏိုင္ငံေပါင္း ၂၀၀ နီးပါးႏွင့္ ဥေရာပသမဂၢတို႔သည္ ပါရီရာသီဥတု သေဘာ တူညီခ်က္ အရ ကမာၻ႔အပူခ်ိန္ေျပာင္းလဲမႈကို ၂ ဒီဂရီ ဆဲလ္စီးယပ္ေအာက္တြင္သာထိန္းထားရန္ ကတိျပဳၾကေသာ္လည္း ကမာၻ႔ဒုတိယအႀကီးမားဆုံးကာဗြန္ထုတ္လႊတ္သူျဖစ္သည့္ အေမရိကန္ျပည္ေထာင္စု ၏ ေခါင္းေဆာင္က ရာသီဥတုေျပာင္းလဲမႈသည္ အယုံသြင္းမႈ တခုသာျဖစ္သည္ဟု ဆိုကာ ထိုရာသီဥတုသေဘာတူစာခ်ဳပ္မွ ႏုတ္ထြက္ခဲ့ေသာေၾကာင့္ တကမာၻလုံးအေနျဖင့္ ထိုသို႔ လုပ္ရန္လြန္စြာခက္ခဲေနသည္။

ယခုရာသီဥတုၿခိမ္းေျခာက္မႈမ်ားသည့္ မလုံေလာက္ေသးသည့္ သေဘာျဖင့္ အာတိတ္စက္ဝိုင္သည္ ယခုႏွစ္အတြင္း အပူမီးေတာက္ေလာင္ေနသည္။ လြန္ခဲ့ေသာလက အာတိတ္စက္ဝိုင္းတြင္ ေတာမီး ၁၁ ခုေလာင္ကြၽမ္းသည္။ ထိုမီးမ်ားသည္ ႐ုရွား၊ ေနာ္ေဝးႏွင့္ဖင္လန္တို႔တြင္လည္းေလာင္ကြၽမ္းၿပီး ဆြီဒင္မွာ ယခုႏွစ္အတြင္း အဆိုး႐ြားဆုံးခံစားရသည္။

ထိုမီးမ်ားသည္ ဥေရာပေဒသမ်ားစြာသို႔ ထူးထူးျခားျခားပူေလာင္ေျခာက္ေသြ႕ေသာ ရာသီဥတုကို ေဆာင္ယူလာသည့္ အပူလႈိင္း၏ ရလဒ္၊ ဥေရာပ၏ေျမထဲပင္လယ္ မီးဇုန္ျပင္ပမွ မဟာမီးေဘးျဖစ္ သည္ ဟု ဂါးဒီးယန္း သတင္းစာကဆိုသည္။ ထို႔အျပင္ ဗဟိုႏွင့္ေျမာက္ ဥေရာပတြင္ လာမည့္ ရက္သတၱပါတ္အခ်ိဳ႕အထိ ထိုမီးအႏၲရာယ္ ဆက္လက္ရွိေနမည္ဟု ဥေရာပေတာမီး သတင္း  အခ်က္ အလက္ စနစ္က ဇူလိုင္လတြင္ သတိေပးခဲ့သည္။

ထိုေျမာက္ပိုင္းေတာမီးမ်ားတိုးပြားလာျခင္းသည္ ရာသီဥတုေျပာင္းလဲမႈ၏ အျခားေသာ လကၡဏာျဖစ္ သည္ဟု သိပၸံပညာရွင္မ်ားကဆိုသည္။ အေနာက္ေျမာက္ၿဗိတိန္ႏွင့္ ဆြီဒင္သည္ ကာဗြန္သိုေလွာင္မႈ အႀကီးအက်ယ္ျပဳလုပ္ႏိုင္ေသာ သစ္ေတာမ်ားႏွင့္ ေျမေဆြးေတာမ်ားအႀကီး အက်ယ္ေပါက္ေရာက္ လြယ္သည့္ ေဒသမ်ားျဖစ္သည္ဟု ၿဗိတိန္ႏိုင္ငံ အိုးပင္းတကၠသိုလ္မွ ကမာၻ႔ေဂဟစနစ္ေျပာင္းလဲမႈ ပါေမာကၡ ဗင့္ဆင့္ေဂၚဆီကဆိုသည္။ “ အဲဒီလို ကာဗြန္ သိပ္သည္းတဲ့ေဂဟစနစ္ေတြဟာ ေျခာက္ေသြ႕ပူေလာင္မႈကိုရင္ဆိုင္ရၿပီး မီးေတာက္ေလာင္မႈတို႔လူေတြနဲ႔တို႔ေတြ႕တဲ့အခါ ေတာမီးေလာင္မွာပဲ” ဟုသူေျပာသည္။
 
ကမာၻႀကီးႀကဳံေတြ႕ေနရေသာ အေျခအေနသည္ေၾကက္မက္ဖြယ္ျဖစ္ေသာ္လည္း ေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္လိုက္ျခင္းေလာက္ေတာ့ေၾကာက္စရာမေကာင္းလွေသးေပ။ မိမိတို႔သည္ အမွန္တကယ္သာ ဆႏၵရွိလွ်င္ ရာသီဥတုေျပာင္းလဲမႈကို တိုက္ပြဲဆင္ႏိုင္ေသးသည္။

ပါရီသေဘာတူစာခ်ဳပ္ရည္မွန္းခ်က္မ်ားႏွင့္ ေရရွည္ဖြံၿဖိဳးတိုးတက္ေရး ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေရး အတြက္ အေထာက္အကူျဖစ္ေစရန္ ခိုင္မာေသာ ေဈးကြက္ႏွင့္ႏိုင္ငံေရးသေကၤတမ်ားျဖစ္ ရာသီဥတုစိန္ေခၚမႈမ်ားကို ရင္ဆိုင္ရန္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတားရက္သည္ ၂၀၁၉ ခုႏွစ္ရာသီဥတု ေျပာင္လဲမႈ ထိပ္သီးေဆြးေႏြးပြဲကို စက္တင္ဘာလ ၂၃ ရက္ေန႔တြင္ က်င္းပ မည္ျဖစ္ သည္။ ထို႔အျပင္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာညီလာခံကိုလည္း ဒီဇင္ဘာလ ၂ ရက္မွ ၁၃ ရက္အထိ ခ်ီလီႏိုင္ငံ ဆန္တီယာဂိုတြင္ က်င္းပရန္ စီစဥ္ထားၿပီး ပါရီစာခ်ဳပ္ အစီအစဥ္မ်ား ပိုမိုခိုင္မာေစမည္ဟု ေမွ်ာ္လင့္ရသည္။

ယခုႏွစ္အတြင့္ က်င္းပမည့္ ထိုအေရးပါေသာ ရာသီဥတုဆိုင္ရာ ေဆြးေႏြးပြဲႏွစ္ခုသည္ မၾကာေသးမီ အတိတ္ကကဲ့သို႔ အခ်ီးႏွီးမျဖစ္ရန္သာ မိမိတို႔ေမွ်ာ္လင့္ရေတာ့မည္ျဖစ္သည္။