【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ဟာ တွန်းအားလား (သို့မဟုတ်) စီးပွားရေးရန်သူလား

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ဟာ တွန်းအားလား (သို့မဟုတ်) စီးပွားရေးရန်သူလား

တရုတ်ဟာ နိုင်ငံတကာအတွက် ဘာလုပ်ပေးသလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းဟာ ဖြေရန်အလွန်ခက်ခဲသော မေးခွန်းမဖြစ်သင့်ပါဘူး။

မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံတွင် တစ်ချို့လူတွေက ဒီမေးခွန်းနဲ့ပတ်သက်ပြီး စံချိန်စံနှုန်းနဲ့ညီသော အဖြေ ပေးရန် ကြိုးစားခဲ့ကြပါတယ်။ဥပမာအားဖြင့် တစ်ချို့လူတွေကတော့ တရုတ်ဟာ စီးပွားရေးတွင် ရန်လိုသူအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာကြောင်း ထို့အပြင် ပထမဝီနိုင်ငံရေးတိုးချဲ့မှုသို့ ပြောင်းလဲလာကာ နိုင်ငံတကာ ဥပဒေများကိုလည်း ချိုးဖောက်နေကြောင်း စသည်ဖြင့် စွပ်စွဲခဲ့ကြပါတယ်။

ထိုကဲ့သို့ စွပ်စွဲချက်များဟာ အမေရိကန်နိုင်ငံမှာတော့ အသစ်အဆန်းမဟုတ်တော့ပါဘူး၊ နှစ်ပေါင်းများစွာရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါတွေဟာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်ခဲ့သော်လည်း ခုတော့ ဒါတွေကို အစိုးရ ကိုယ်တိုင်ကလည်း အသုံးပြုလာပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ဟာ အမေရိကန်နိုင်ငံ၏ ရေရှည်စီးပွားရေးတိုးတက်မှုများအတွက် ကြီးမားသော စိန်ခေါ်မှုများကို ပေးနိုင်သော နိုင်ငံဖြစ်ကြောင်း သူ့ရဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

နောက်တစ်ခုကတော့ အောက်တိုဘာလ ၄ ရက်နေ့တွင် ဒုသမ္မတ မိုက်ပန့်စ်ဟာ တရုတ်နိုင်ငံ၏ အောင်မြင်မှုများဟာ အမေရိကန်နိုင်ငံသားများ၏ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကြောင့်ဖြစ်ကြောင်း ဆိုပါတယ်။ဒီလို ရင်းနှီးမြှုပ်နှံမှုများကြောင့် တရုတ်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ပြန်လည်ဆောက်လာနိုင်ခဲ့ကြောင်း ဆိုပါတယ်။

မိုက်ပန့်စ်ဟာ တရုတ်ကို ကမ္ဘာပေါ်တွင် စီးပွားရေးရန်သူအဖြစ် စွပ်စွဲခဲ့ပြီး အမေရိကန်နိုင်ငံကို သူ့ရဲ့သားကောင်အဖြစ် ပြောခဲ့ပါတယ်။တရုတ်ဟာ လွတ်လပ်ပြီး တရားမျှတသော ကုန်သွယ်မှုနဲ့ဆန့်ကျင်သော မူဝါဒများကို အသုံးပြုနေကြောင်းလည်း စွပ်စွဲထားပြီး ပေကျင်းဟာ ပြိုင်ဘက်များရဲ့ နစ်နာမှုများဖြင့် သူ့ရဲ့စီးပွားရေးအကျိုးကို တည်ဆောက်နေကြောင်း ဆိုပါတယ်။အထူးသဖြင့် အမေရိကန်နိုင်ငံအပေါ် အနိုင်ကျင့် အမြတ်ထုတ်နေပြီး တရုတ်ရဲ့ လုပ်ရပ်များဟာ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေ ပိုများလာစေကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်ကတော့ တရုတ်နဲ့ ကုန်သွယ်ရေးလိုငွေပြနေခြင်းဟာ ဆုံးရှုံးမှုကြီးဖြစ်ပြီး အမေရိကန်ဟာ စီးပွားရေးအရ ရန်လိုမှုများကြောင့် နစ်နာနေရကြောင်း ဆိုပါတယ်။

ကုန်သွယ်ရေးကို နားလည်ရန် ပြန်လည်ရှင်းပြရမည်ဆိုပါက အမေရိကန်ဟာ တရုတ်စျေးကွက်အတွက် ကြီးမားသော ဝယ်လိုအားရှိပါတယ်။ထိုထဲတွင် ရောင်းဝယ်ခြင်းလည်း ပါဝင်ပါတယ်။ကုလသမဂ္ဂစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ ၂၀၁၇ တွင် အမေရိကန်ဟာ တရုတ်နိုင်ငံကို ကန်ဒေါ်လာ ၁၂၉.၈၉ ဘီလီယံနဲ့ ညီသော ပို့ကုန်များ တင်ပို့ခဲ့ပြီး ၂၀၀၁ တွင် ၁၉.၁၈ ဘီလီယံသာ ရှိရာကနေ ၅၇၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံကို ကုန်စည်တင်ပို့မှုကို တင်းကျပ်စွာလုပ်ချိန်မှာပဲ သူတို့ရဲ့ပို့ကုန်မှုပမာဏဟာ အလွန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။နည်းပညာနဲ့ ဆိုင်ရာ ကုန်ပစ္စည်းများအားလုံး ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

အကယ်၍ အမေရိကန်နိုင်ငံဟာ အဆင့်မြင့် နည်းပညာများကို ရောင်းချခွင့်ပေးထားခဲ့ပါက ဒီကနေ့ကုန်သွယ်မှုတွင် လိုငွေပြခြင်းဟာ ဒီလောက်အထိ မြင့်မားနိုင်မှာလား ?

အကယ်၍ အမေရိကန်ဟာ ကုန်သွယ်မှုကို တင်းကျပ်စွာ ကန့်သတ်ခြင်းမရှိခဲ့ပါက ကုန်သွယ်ရေးလိုငွေဟာ ဒီလောက်အထိ ကွာဟနေစရာမရှိပါဘူး။ ၂၀၁၇ တွင် Carnegie Endowment for International Peace ၏ ထုတ်ပြန်ချက်အရ အကယ်၍ အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ကုန်သွယ်မှုကို ဘရာဇီးနိုင်ငံအဆင့်သာ ဖြေလျှော့ပေးပါက သူတို့၏ ကုန်သွယ်မှုလိုငွေကို ၂၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ပြီး ပြင်သစ်နိုင်ငံအဆင့်အထိ လျှော့ချနိုင်ပါက ၃၅  ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။

အရေးကြီးဆုံးကတော့ တရုတ်ဟာ ဝယ်ယူခြင်းမရှိပါဘူး၊ ဒါပေမဲ့ အမေရိကန်နိုင်ငံကလည်း ရောင်းချခြင်းမရှိပါဘူး။အမေရိကန်၏ တရုတ်ကို ဝန်ဆောင်မှုပေးခြင်းဟာ ၂၀၀၇ တွင် ကန်ဒေါ်လာ ၁၃.၁၄ ဘီလီယံ ရှိရာကနေ ၃.၄ ဆတိုးလာခဲ့ပြီး ၂၀၁၇ မှာတော့ ၅၇.၆၃ ဘီလီယံအထိရှိလာခဲ့ပါတယ်။သို့သော်လည်း အခြားနိုင်ငံများသို့ ဝန်ဆောင်မှုတင်ပို့မှုဟာ ၁.၈ ဆ သာ တိုးလာခဲ့ပါတယ်။

ထို့ကြောင့် အမေရိကန်ဟာ ၂၀၁၇ တွင် တရုတ်နဲ့ ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ပိုငွေ ကန်ဒေါ်လာ ၄၀.၁ ဘီလီယံအထိ ရှိလာခဲ့ပြီး ၂၀၀၇ တုန်းကထက် အဆပေါင်း ၃၀ ကျော် မြင့်တက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတကာတွင် စျေးကွက်ပိုကြီးစေခဲ့ပါတယ်။ ၂၀၀၁ ကနေ ၂၀၁၇ အတွင်း တရုတ်၏ ပို့ကုန်ဟာ ၁၃.၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။တရုတ်၏ ဝန်ဆောင်မှုတင်ပို့မှုကလည်း ၁၆.၇ ရာခိုင်နှုန်း တိုးလာခဲ့ကာ နိုင်ငံတကာ၏ တိုးတက်မှုထက် ၂.၇ ဆ ပိုများပါတယ်။

တရုတ်ဟာ နိုင်ငံတကာတွင် အလုပ်အကိုင်ဖန်တီးမှုတွင် အရေးပါသောကဏ္ဍတွင် ရှိနေပါတယ်။တရုတ်ဟာ နိုင်ငံတကာတွင် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ပေါင်း ၈၀ ကျော်ကို တည်ဆောက်ခဲ့ပြီး BRI စီမံကိန်းအပြင် အလုပ်အကိုင်ပေါင်း ၂၄၄,၀၀၀ ကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။တရုတ်ဟာ လက်တင်အမေရိ က တွင် ၁၉၉၀ ကနေ ၂၀၁၆ အတွင်း အလုပ်အကိုင်ပေါင်း ၁.၈ သန်းကိုလည်း ဖန်တီးခဲ့ကြောင်း International Labor Organizations က ထုတ်ပြန်ထားပါတယ်။

တရုတ်ကုမ္ပဏီများဟာ အာဖရိကတွင် ၂၀၀၅ ကနေ ၂၀၁၆ အတွင်း အလုပ်အကိုင်ပေါင်း ၁၃၀,၀၀၀ ကျော်ကို ဖန်တီးခဲ့ကြောင်းလည်း Erns & Young က ထုတ်ပြန်ထားပါတယ်။

Ball State University က ပြုလုပ်ခဲ့သော လေ့လာချက်အရ ၁၉၇၉ ခုနှစ် အမေရိကန်နိုင်ငံတွင် စက်ရုံများအလွန်များပြားခဲ့ချိန်နဲ့ နှိုင်းယှဉ်ကြည့်ပါက ယနေ့ အမေရိကန်နိုင်ငံတွင် စက်ရုံအလုပ်အကိုင်ပေါင်း ၇ သန်းကျော် ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ဆိုပါတယ်။

အမေရိကန်နိုင်ငံက စက်ရုံများဟာ တရုတ်နိုင်ငံကို ပြောင်းရွှေ့သွားသောကြောင့် အမေရိကန်နိုင်ငံက အလုပ်အကိုင်များကို တရုတ်က ခိုးယူနေကြောင်း အမေရိကန်က တရုတ်ကို စွပ်စွဲထားပါတယ်။ထို့ကြောင့် တရုတ်ဟာ စီးပွားရေးတွင် ရန်လိုသော နိုင်ငံမဟုတ်ဘဲ နိုင်ငံတကာတွင် စျေးကွက်တိုး ချဲ့ခြင်းဖြင့်  ဖွံ့ဖြိုးတိုးတက်မှုများကို အားပေးနေသော နိုင်ငံဖြစ်ပါတယ်။အလုပ်အကိုင်များစွာကို ဖန်တီးနေပြီး အသိပညာများကို ဝေမျှနေသော နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများဟာ ကမ္ဘာပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထောက်အကူပြုနေပြီး ကမ္ဘာ့လူဦးရေ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော နိုင်ငံများ ခေတ်မီလာရေးနှင့် နိုင်ငံများအတွက် ရွေးချယ်စရာ အသစ်များကို ပေးကမ်းပြီး လွတ်လပ်မှုကို ထိန်းသိမ်းထားပြီး ဖွံ့ဖြိုးတိုးတက်မှုများကို လုပ်ဆောင်လိုသော နိုင်ငံများနဲ့ ပူပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေပါတယ်။

အမေရိကန်နိုင်ငံရေးသမားများက စွပ်စွဲထားသလို တရုတ်၏ စီးပွားရေးဟာ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် တိုးတက်လာခြင်းမဟုတ်ပါဘူး။ဒါဟာ ၁ ဘီလီယံကျော်သော တရုတ်နိုင်ငံသားများ၏ ကြိုးစားမှုကြောင့် ရရှိထားသော အောင်မြင်မှုများဖြစ်ပါတယ်။

Naing
Ref : Opinion: Is China an engine of global development or 'economic aggressor'? | CMG