【 နိုင်ငံတကာဆောင်းပါး 】 ငြိမ်းချမ်းရေးနွေဦး စစ်ဆင်ရေးကြောင့် ဆီးရီးယားအပေါ် ဖိစီးမှု ပိုများ လာ

【 နိုင်ငံတကာဆောင်းပါး 】 ငြိမ်းချမ်းရေးနွေဦး စစ်ဆင်ရေးကြောင့် ဆီးရီးယားအပေါ် ဖိစီးမှု ပိုများ လာ

နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒစ်တိုက်ခိုက်ရေးသမားများကို တူရကီက ဗုဒ္ဓဟူးနေ့တွင် ကျယ်ပြန်သော တိုက်ခိုက်မှုစတင်လိုက်ပြီးနောက် ဆီးရီးယားနိုင်ငံအခြေအနေမှာ လူသားခြင်းစာနာမှုအကျပ်အတည်းဖြစ်စေနိုင်သော ဖရိုဖရဲ ပဋိပက္ခသစ်များအတွင်း အသစ်တဖန်ကျဆင်းမည့် အနေအထားဖြစ်နေသည်။ထိုကြီးမားသော စစ်ရေးအရဆောင်ရွက်ချက်သည် တူရကီနိုင်ငံအပေါ် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု ကို သုတ်သင်ရန်လိုအပ်သော လုပ်ဆောင်မှုဖြစ်သည်ဟု တူရကီသမ္မတ ရီဆက် တေးရစ် အာဒိုဂန်က အကြောင်းပြသည်။

 “ မိမိတို့၏ ရည်မှန်းချက်မှာ မိမိတိုနိုင်ငံတောင်ပိုင်းဒေသတလျှောက်တွင် အကြမ်းဖက်စင်္ကြန်တခု ဖန်တီးခြင်းကို တားဆီးရန်ဖြစ်ပြီး ထိုဒေသသို့ ငြိမ်းချမ်းရေးကို ဆောင်ကျည်းပေးရန်ဖြစ်သည်” ဟု သူက ငြိမ်းချမ်းရေးနွေဦး စစ်ဆင်ရေးကို ကြေညာစဉ်က တွစ်တာတွင် ရေးသားသည်။ဝိရောဓိဖြစ်နေသော အချက်မှာ နိုင်ငံတွင်းမှ ကာ့ဒစ် သူပုန်များနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆသောကြောင့် အာဒိုဂျင် ယခုပစ်မှတ်ထားနေသည့် ဆီးရီးယား ဒီမိုကရက်တစ် အင်အားစုများသည် လွန်ခဲ့သော ၅ နှစ်အတွင်း ဆီးရီးယားမှ အစ္စလမ်မစ်နိုင်ငံတော်အဖွဲ့များကို တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အဖွဲဖြစ်နေခြင်းပင်ဖြစ်သည်။

၎င်းတို့သည် ဆီးရီးယားအရှေ့ပိုင်းမှ စစ်သွေးကြွများထိန်းချုပ်ထားသည့် နောက်ဆုံး အစ္စလမ်မစ် သမ္မတနိုင်ငံ၏ နောက်ဆုံးဒေသကို မတ်လက  သိမ်းယူခဲ့ပြီး ယခုအခါတွင်လည်း ထောင်နှင့်ချီသော အစ္စလမ်မစ် နိုင်ငံတော်အဖွဲ့ တိုက်ခိုက်ရေးသမားများကို ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထားသည်။ တူရကီနိုင်ငံ၏တိုက်ခိုက်မှုများသည် ထိုသို့ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အစ္စလမ်မစ်နိုင်ငံတော်အဖွဲ့အပေါ်စစ်ရေးအသာစည်းရမှုကို ပြောင်းပြန် လှန်လိုက်ပြီး ထိုဒေသအတွင် အစ္စလမ်မစ်နိုင်ငံတော်အဖွဲ့ ပြန်လည်ခေါင်းထောင်ထလာခြင်းကို ဖြစ်စေမည်ဟူသည့် စိုးရိမ်မှုများကိုသာ ဖြစ်စေသည်။

တိုက်ခိုက်မှုများကြောင့် ထိခိုက်ရသည့်နေရာများတွင် လူ ၂ သန်းခန့်နေထိုင်ကြသည်ဟု အကူအညီပေးရေးအဖွဲ့များ၏ အဆိုအရသိရသည်။ တူရကီက အရပ်သားများကိုကာကွယ်မည်ဟု ကတိပြု ထားသော်လည်း အရပ်သားများ ထိခိုက်မည်ဖြစ်ကြောင်းမှာ ထင်ရှားနေသည်။ တူရကီ ထိုးစစ်အစော ပိုင်း နာရီများ အတွင်းတွင်ပင် အရပ်သားထိခိုက်သေဆုံးမှု သတင်းများ ရှိလာပြီး ပြည်သူများသည် ပိုင်ဆိုင်သမျှကို ထုပ်ပိုးပြီး ခြေလျှင်တမျိုး ကားနှင့်တဖုံ ထွက်ပြေးနေကြသောကြောင့် လူသားခြင်း စာနာမှု အကျပ်အတည်းအတွက် ပူပန်မှုများဖြစ်လာသည်။

တူရကီ၏ ထိုးစစ်ကို ဆီးရီးယားက ရှုတ်ချပြီး နိုင်ငံတကာဥပဒေကို ဗြောင်ကျကျချိုးဖေါက်ခြင်း အဖြစ်ကြေညာသည်။ ထိုကြောင့် တရုတ်နိုင်ငံကလည်း ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရန် တူရကီကို တောင်းဆိုထားပြီး ဆီးရီးယားနိုင်ငံမှ စစ်မီးလျှံများ ကို နိုင်ငံရေးအရဖြေရှင်းရန် အရှိန်အဟုန် ရနေချိန်တွင် တူရကီ၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို နက်ရှိုင်းစွာပူပန်ကြောင်း ဖေါ်ပြခဲ့သည်။

ဆီးရီးယား အရေးအတွက် စစ်ရေးအဖြေမရှိဟု အတွင်းရေးမှူးချုပ်က ယုံကြည်ကြောင်း ကုလ သမဂ္ဂပြောခွင့်ရ သူတဦးက ဆီးရီးယားအရေးဆွေးနွေးရန် ကြာသပတေးနေ့က လုံခြုံရေးကောင်စီတွေ့ဆုံသောအခါ တွင်ပြောသည်။ ထိုအချက်သည် ဖျက်အားပြင်းသည့် ၈ နှစ်ကြာ ပြည်တွင်းစစ်က သက်သေပြပြီးသည့် အမှန်တရားတခုဖြစ်သည်။

ဆီးရီးယားတွင် တင်းမာမှုမြင့်တက်လာခြင်းကိုပြေလျှော့စေရန်နှင့် ရှုပ်ထွေးမှုသစ်များဖြစ်စေခြင်းကို ရှောင်ရှားရန် အတွက် လက်တွေ့ကျသောအဖြေရှာရန် ပါဝင်ပတ်သက်သူများအားလုံးကို တောင်းဆို ထားသောကြောင့် ထိုပါဝင်ပတ်သက်သူများ၏ စုပေါင်းအသိစိတ်သည် အစစ်ဆေးခံနေ ရပြီဖြစ်သည်။

 

(   Zawgyi  )

 ႏိုင္ငံေျမာက္ပိုင္းရွိ ကာ့ဒစ္တိုက္ခိုက္ေရးသမားမ်ားကို တူရကီက ဗုဒၶဟူးေန႔တြင္ က်ယ္ျပန္ေသာ တိုက္ခိုက္မႈစတင္လိုက္ၿပီးေနာက္ ဆီးရီးယားႏိုင္ငံအေျခအေနမွာ လူသားျခင္းစာနာမႈအက်ပ္အတည္းျဖစ္ေစႏိုင္ေသာ ဖ႐ိုဖရဲ ပဋိပကၡသစ္မ်ားအတြင္း အသစ္တဖန္က်ဆင္းမည့္ အေနအထားျဖစ္ေနသည္။ထိုႀကီးမားေသာ စစ္ေရးအရေဆာင္႐ြက္ခ်က္သည္ တူရကီႏိုင္ငံအေပၚ အၾကမ္းဖက္ဝါဒ ၿခိမ္းေျခာက္မႈ ကို သုတ္သင္ရန္လိုအပ္ေသာ လုပ္ေဆာင္မႈျဖစ္သည္ဟု တူရကီသမၼတ ရီဆက္ ေတးရစ္ အာဒိုဂန္က အေၾကာင္းျပသည္။

 “ မိမိတို႔၏ ရည္မွန္းခ်က္မွာ မိမိတိုႏိုင္ငံေတာင္ပိုင္းေဒသတေလွ်ာက္တြင္ အၾကမ္းဖက္စၾကၤန္တခု ဖန္တီးျခင္းကို တားဆီးရန္ျဖစ္ၿပီး ထိုေဒသသို႔ ၿငိမ္းခ်မ္းေရးကို ေဆာင္က်ည္းေပးရန္ျဖစ္သည္” ဟု သူက ၿငိမ္းခ်မ္းေရးေႏြဦး စစ္ဆင္ေရးကို ေၾကညာစဥ္က တြစ္တာတြင္ ေရးသားသည္။ဝိေရာဓိျဖစ္ေနေသာ အခ်က္မွာ ႏိုင္ငံတြင္းမွ ကာ့ဒစ္ သူပုန္မ်ားႏွင့္ အဆက္အသြယ္ရွိသည္ဟု ယူဆေသာေၾကာင့္ အာဒိုဂ်င္ ယခုပစ္မွတ္ထားေနသည့္ ဆီးရီးယား ဒီမိုကရက္တစ္ အင္အားစုမ်ားသည္ လြန္ခဲ့ေသာ ၅ ႏွစ္အတြင္း ဆီးရီးယားမွ အစၥလမ္မစ္ႏိုင္ငံေတာ္အဖြဲ႕မ်ားကို တိုက္ခိုက္ရာတြင္ ဦးေဆာင္ခဲ့ေသာ အဖြဲျဖစ္ေနျခင္းပင္ျဖစ္သည္။

၎တို႔သည္ ဆီးရီးယားအေရွ႕ပိုင္းမွ စစ္ေသြးႂကြမ်ားထိန္းခ်ဳပ္ထားသည့္ ေနာက္ဆုံး အစၥလမ္မစ္ သမၼတႏိုင္ငံ၏ ေနာက္ဆုံးေဒသကို မတ္လက  သိမ္းယူခဲ့ၿပီး ယခုအခါတြင္လည္း ေထာင္ႏွင့္ခ်ီေသာ အစၥလမ္မစ္ ႏိုင္ငံေတာ္အဖြဲ႕ တိုက္ခိုက္ေရးသမားမ်ားကို ဆီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ထိန္းသိမ္းေရးစခန္းမ်ားတြင္ ဖမ္းဆီးထားသည္။ တူရကီႏိုင္ငံ၏တိုက္ခိုက္မႈမ်ားသည္ ထိုသို႔ လုပ္ေဆာင္ႏိုင္ျခင္းမရွိဘဲ အစၥလမ္မစ္ႏိုင္ငံေတာ္အဖြဲ႕အေပၚစစ္ေရးအသာစည္းရမႈကို ေျပာင္းျပန္ လွန္လိုက္ၿပီး ထိုေဒသအတြင္ အစၥလမ္မစ္ႏိုင္ငံေတာ္အဖြဲ႕ ျပန္လည္ေခါင္းေထာင္ထလာျခင္းကို ျဖစ္ေစမည္ဟူသည့္ စိုးရိမ္မႈမ်ားကိုသာ ျဖစ္ေစသည္။

တိုက္ခိုက္မႈမ်ားေၾကာင့္ ထိခိုက္ရသည့္ေနရာမ်ားတြင္ လူ ၂ သန္းခန႔္ေနထိုင္ၾကသည္ဟု အကူအညီေပးေရးအဖြဲ႕မ်ား၏ အဆိုအရသိရသည္။ တူရကီက အရပ္သားမ်ားကိုကာကြယ္မည္ဟု ကတိျပဳ ထားေသာ္လည္း အရပ္သားမ်ား ထိခိုက္မည္ျဖစ္ေၾကာင္းမွာ ထင္ရွားေနသည္။ တူရကီ ထိုးစစ္အေစာ ပိုင္း နာရီမ်ား အတြင္းတြင္ပင္ အရပ္သားထိခိုက္ေသဆုံးမႈ သတင္းမ်ား ရွိလာၿပီး ျပည္သူမ်ားသည္ ပိုင္ဆိုင္သမွ်ကို ထုပ္ပိုးၿပီး ေျခလွ်င္တမ်ိဳး ကားႏွင့္တဖုံ ထြက္ေျပးေနၾကေသာေၾကာင့္ လူသားျခင္း စာနာမႈ အက်ပ္အတည္းအတြက္ ပူပန္မႈမ်ားျဖစ္လာသည္။

တူရကီ၏ ထိုးစစ္ကို ဆီးရီးယားက ရႈတ္ခ်ၿပီး ႏိုင္ငံတကာဥပေဒကို ေျဗာင္က်က်ခ်ိဳးေဖါက္ျခင္း အျဖစ္ေၾကညာသည္။ ထိုေၾကာင့္ တ႐ုတ္ႏိုင္ငံကလည္း ဆီးရီးယားႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ေလးစားရန္ တူရကီကို ေတာင္းဆိုထားၿပီး ဆီးရီးယားႏိုင္ငံမွ စစ္မီးလွ်ံမ်ား ကို ႏိုင္ငံေရးအရေျဖရွင္းရန္ အရွိန္အဟုန္ ရေနခ်ိန္တြင္ တူရကီ၏ လုပ္ရပ္ေၾကာင့္ ျဖစ္ေပၚလာႏိုင္ေသာ အက်ိဳးဆက္မ်ားကို နက္ရႈိင္းစြာပူပန္ေၾကာင္း ေဖၚျပခဲ့သည္။

ဆီးရီးယား အေရးအတြက္ စစ္ေရးအေျဖမရွိဟု အတြင္းေရးမႉးခ်ဳပ္က ယုံၾကည္ေၾကာင္း ကုလ သမဂၢေျပာခြင့္ရ သူတဦးက ဆီးရီးယားအေရးေဆြးေႏြးရန္ ၾကာသပေတးေန႔က လုံၿခဳံေရးေကာင္စီေတြ႕ဆုံေသာအခါ တြင္ေျပာသည္။ ထိုအခ်က္သည္ ဖ်က္အားျပင္းသည့္ ၈ ႏွစ္ၾကာ ျပည္တြင္းစစ္က သက္ေသျပၿပီးသည့္ အမွန္တရားတခုျဖစ္သည္။

ဆီးရီးယားတြင္ တင္းမာမႈျမင့္တက္လာျခင္းကိုေျပေလွ်ာ့ေစရန္ႏွင့္ ရႈပ္ေထြးမႈသစ္မ်ားျဖစ္ေစျခင္းကို ေရွာင္ရွားရန္ အတြက္ လက္ေတြ႕က်ေသာအေျဖရွာရန္ ပါဝင္ပတ္သက္သူမ်ားအားလုံးကို ေတာင္းဆို ထားေသာေၾကာင့္ ထိုပါဝင္ပတ္သက္သူမ်ား၏ စုေပါင္းအသိစိတ္သည္ အစစ္ေဆးခံေန ရၿပီျဖစ္သည္။