【 နိုင်ငံတကာဆောင်းပါး 】 ဆယ်စုနှစ်တစ်ခုအတွင်း ထူးထူးခြားခြား ရှုထောင့် ၁၀ ခု

【 နိုင်ငံတကာဆောင်းပါး 】 ဆယ်စုနှစ်တစ်ခုအတွင်း ထူးထူးခြားခြား ရှုထောင့် ၁၀ ခု

တရုတ်နိုင်ငံအတွက်တော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ဟာ အလွန်အောင်မြင်ခဲ့သော ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအကြား၊ ကြီးမားသောပြောင်းလဲမှု၊ စီမံကိန်းများနှင့် သမိုင်းဝင်ထိုးဖောက်မှုများ ဒီမြေပေါ်တွင်ဖြစ်ပွားခဲ့ပြီး ဒါတွေအားလုံးဟာ အရေးပါခဲ့သလို ကြွယ်ဝမှုများကိုလည်း ယူဆောင်ပေးခဲ့ပါတယ်။

ဒီအောင်မြင်မှုများကို ပြန်လည်လေ့လာပြီး ခြားနားသော ရှုထောင့်များနေ လေ့လာခြင်းတို့ဟာ တရုတ်၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နုပျိုစေရေးနဲ့ပတ်သက်ပြီး လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လုပ်ဆောင်ခဲ့သမျှကို အတွင်းကျကျနားလည်မှုကို ပေးစွမ်းပါတယ်။

          အသစ်သောအမြင့်

၂၀၂၀ မေလတွင် အဖွဲ့သား ၈ ဦးရှိသော တရုတ်နိုင်ငံက သုတေသီအဖွဲ့ဟာ ကျုမိုလားမားတောင်ထိပ်ကို လေ့လာခရီးအတွက် တက်ရောက်ခဲ့ပြီးနောက် သူတို့၏ အခြေချစခန်းတွင် 5G ကွန်ရက်ကို အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ထို့ကြောင့် သူတို့ဟာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးတည်နေရာတွင် တည်ရှိသော 5G ကွန်ရက်ကို အသုံးပြုသောသူများဖြစ်လာခဲ့ကာ အမြင့်မီတာပေါင်း ၆၅၀၀ တွင် တည်ဆောက်ထားကာ ထိုတောင်ကို ဒီ 5G ကွန်ရက်ကို အသုံးပြုပြီး လေ့လာမှုပြုလုပ်မည်ဖြစ်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်တွင် 5G ကွန်ရက် တည်ဆောက်ခြင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံရရှိခဲ့သော တစ်ခုတည်းသော စံချိန်မဟုတ်ပါဘူး။ ၂၀၂၁ ဇွန်လ ၂၅ ရက်နေ့တွင် ကမ္ဘာ့အမြင့်ဆုံး လျှပ်စစ်ရထားလမ်းကိုလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက တိဗက်ဒေသအတွင်းလည်း စတင်အသုံးပြုခဲ့ပြီး ဒေသမြို့တော် လာဆာနှင့် နင်းချီမြို့ကို ဆက်သွယ်ပေးထားပါတယ်။

တရုတ်နိုင်ငံဟာ ယနေ့ ကမ္ဘာပေါ်တွင် အမြင့်ဆုံး လေဆိပ်၊ ရထားဘူတာရုံနှင့် အမျိုးသားဓာတ်အားပေးလိုင်းနဲ့ ချိတ်ဆက်ထားသော ဖိုတိုဗိလ်တက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများလည်း ဆန်းသစ်တီထွင်မှုများ၏ အစိတ်အပိုင်းအဖြစ် တည်ရှိနေပြီး အခြေခံအဆောက်အဦများ ဆောက်လုပ်နိုင်မှု စွမ်းအားဟာ တရုတ်ပြည်သူများ၏ ဖွံ့ဖြိုးရေးနှင့် အခြေခံကောင်းကျိုးများကို ဖော်ဆောင်ပေးပါတယ်။

တရုတ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုကလည်း ၂၀၁၂ တွင် ယွမ် ၅၃.၉ ထရီလီယံသာ ရှိရာကနေ ၂၀၂၁ တွင် ယွမ် ၁၁၄.၄ ထရီလီယံသို့ မြင့်တက်သွားခဲ့ပြီး တစ်ဦးချင်ဝင်ငွေကလည်း ကန်ဒေါ်လာ ၆၃၀၀ ကနေ ၁၂၀၀၀ သို့ မြင့်တက်သွားခဲ့ပါတယ်။ဒီအချိန်တွင်းမှာပဲ တရုတ်ဟာ နိုင်ငံတကာ၏ စီးပွားရေးတိုးတက်မှုဟာ ၃၀ ရာခိုင်နှုန်းကို ကိုစားပြုသည်အထိ တိုးတက်လာခဲ့ပါတယ်။

          လျင်မြန်သောနှုန်း

နည်းပညာအဆင့်မှု၏ အကူအညီများဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ အင်အားများတွင် တရုတ်နိုင်ငံဟာ နယ်ပယ်များတွင် လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံဟာ မြန်နှုန်းမြှင့် တစ်နာရီကို ကီလိုမီတာ ၆၀၀ ဖြင့် မောင်းနှင်နိုင်သော ရထားကို မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် မြန်နှုန်းမြှင့်ရထားနည်းပညာတွင် ဦးဆောင်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတွင် တရုတ်ဟာ Long March-4B ဒုံးပျံကိုလည်း အောင်မြင်စွာ စေလွှတ်နိုင်ခဲ့ပြီး အာကာသသို့ အသစ်သော ဂြိုဟ်တုများကို စေလွှတ်နိုင်ခဲ့ကာ တရုတ်နိုင်ငံတွင် ထုတ်လုပ်သော Long March ကုန် ပစ္စည်းတင် ဒုံးပျံစေလွှတ်မှု အကြိမ် ၄၀၀ ပြည့် မစ်ရှင်ကို ရယူနိုင်ခဲ့ပါတယ်။ Long March ဒုံးပျံစေလွှတ်ခဲ့သော မစ်ရှင် ၄၀၀ ထဲတွင် ပထမ မစ်ရှင် ၁၀၀ ကို ၃၇ နှစ်၊ ၇ နှစ် နှင့် ၆ လ၊ ၄ နှစ်ခန့် အသီးသီးတွင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၄ ကြိမ်မြောက် ဒုံးပျံ ၁၀၀ စေလွှတ်ခြင်း မစ်ရှင်ကို ၃၃ လအတွင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ စိန်ခေါ်မှုများအားလုံးကို ရင်ဆိုင်ရန် လျင်မြန်စွာ လှုပ်ရှားခဲ့ပါတယ်။တဲဖြင့်ဆောက်ထားသော ဆေးကုသခန်းများကို လျင်မြန်စွာဆောက်လုပ်ခဲ့ပြီး လုံလောက်မှုမရှိသော ဆေးဖက်အရင်းအမြစ်များနှင့် ထောက်ပံ့မှုများကို အချိန်တိုအတွင်း ဖြေရှင်းခဲ့ပါတယ်။ဒီလိုလုပ်ဆောင်ခြင်းဖြင့် လူများစွာရဲ့အသက်များနှင့် ကျန်းမာရေးများကို ကြီးမားစွာ ကာကွယ်နိုင်ခဲ့ပါတယ်။

          ကြီးမားသောခြေလှမ်းများ

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တရုတ်ဟာ အာကာသစူးစမ်းလေ့လာရေးကနေ သိပ္ပံကဏ္ဍနှင့် နည်းပညာဆန်းသစ်တီထွင်မှုများ၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်းတို့တွင် ကြီးမားသော ခြေလှမ်းများကို လှမ်းနိုင်ခဲ့ပါတယ်။တရုတ်၏ Tianwen-1 အာကာသယာဉ်ကို ၂၀၂၁ မေလ ၁၅ ရက်နေ့တွင် အောင်မြင်စွာ စေလွှတ်နိုင်ခဲ့ပါတယ်။ ၂၀၂၂ စက်တင်လာတွင်လည်း တရုတ်ပြည်တွင်းထုတ် ပထမဆုံး ဂျက်လေယာဉ် C919 ဟာ Civil Aviation Administration of China ကနေ တရားဝင်လက်မှတ်ရရှိခဲ့ပြီး စျေးကွက်အတွင်း စတင်လှုပ်ရှားရန်အတွက် မှတ်တိုင်တစ်ခုကို ရရှိခဲ့ပါတယ်။

ကီလိုမီတာ ၅၅ ခန့်ရှိပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး တံတားနှင့် ဥမင်လှိုဏ်ဂူလမ်းလို့ သတ်မှတ်ခံထားရတဲ့ ဟောင်ကောင်-ဇူဟိုင်-မကာအို တံတားကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီး ထိုတံတားဟာ ဟောင်ကောင်၊ ကွမ်တုံနှင့် မကာအိုတို့ကို ဆက်သွယ်ပေးထားသော တံတားဖြစ်ပါတယ်။ဒီတံတားကြီးကနေ ကြီးမားသော စီးပွားရေးအခွင့်ရေးနှင့် အကျိုးအမြတ်များစွာ ဒီဒေသအတွက် ဖော်ဆောင်ပေးမည်ဖြစ်ပါတယ်။

          တိကျသောချဉ်းကပ်မှု

တရုတ်နိုင်ငံအတွင်းက ဆင်းရဲမွဲတေသူများကို ပပျောက်အောင် ဆောင်ရွက်နိုင်ခြင်းဟာ နိုင်ငံ၏ ကြီးမားသော အောင်မြင်မှုဖြစ်လာခဲ့ပါတယ်။တရုတ်နိုင်ငံဟာ လူပေါင်း ၉၈.၉၉ သန်းကို ၂၀၂၀ တွင် ဆင်းရဲမွဲတေမှုကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့ပတ်သက်ပြီး ထိရောက်မှုရှိစေရန် တိကျသော စီမံချက်များကို ဆောက်ရွက်ခဲ့ကြပါတယ်။

ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရန်အတွက် တရုတ်ဟာ ပြည်သူ့ဝန်ထမ်းပေါင်း ၂၀ သန်းခန့်နှင့် စေတနာ့ဝန်ထမ်းများစွာကို ရှေု့တန်းတွင် အသုံးပြုခဲ့ပါတယ်။အိမ်တိုင်း (သို့မဟုတ်) မိသားစုဝင်တိုင်းကို ဆင်းရဲမွဲတေမှုကနေ ဘယ်လိုလွတ်မြောက်လာနိုင်ကြောင်းကို ပြောပြစေခဲ့ပါတယ်။

          အတွင်းပိုင်းတွင် ဆက်လေ့လာခြင်း

Jinping Underground Laboratory ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ဇီချွန်ပြည်နယ်တွင် မြေအောက် မီတာပေါင်း ၂၄၀၀ တွင်တည်ရှိပြီး ကမ္ဘာ့အနက်ဆုံး ဓါတ်ခွဲခန်းဖြစ်ပါတယ်။ဒီလိုနက်သော ဓါတ်ခွဲခန်း၏ အတွင်းပိုင်းတွင် နက္ခတ်ဗေဒင်နှင့် အနက်ရောင်အရာများနဲ့ဆိုင်သော လေ့လာမှုများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒီလိုလုပ်ဆောင်နိုင်ခြင်းဟာ တရုတ်နိုင်ငံကို နိုင်ငံတကာ၏ စိတ်ဝင်စားမှုရရှိစေပြီး ဒီကဏ္ဍတွင် တရုတ်ဟာ ကမ္ဘာ့ခေါင်းဆောင်နေရာကို ရရှိစေခဲ့ပါတယ်။

တရုတ်ဟာ သိပ္ပံနည်လမ်းကျ၊ နည်းပညာနည်းလမ်းကျ ဆန်းသစ်တီထွင်မှုများကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးစားပေးအရာအဖြစ် သတ်မှတ်ထားပြီး တိုးတက်မှုများ ဖော်ဆောင်လာခဲ့ပါတယ်။ကြီးမားသော အောင်မြင်မှုများတွင် Fendouzhe လို့ခေါ်တဲ့ လူသားမောင်းနှင်နိုင်သော ပင်လယ်အောက် လေ့လာရေးယာဉ်၊ မီတာပေါင်း ၅၀၀ ကျယ်သော Aperture Spherical Radio Telescope နှင့် အာကာသအတွင်းပိုင်းလေ့လာရေးကွန်ရက်တို့ကို စတင်ခြင်းတို့လည်း ပါဝင်ပါတယ်။

          ပြုပြင်ပြောင်းလဲခြင်း၏ စွမ်းအား

တရုတ်ဟာ အဆက်မပြတ် ခိုင်မာစွာလုပ်ဆောင်လာခဲ့သော ပြုပြင်ပြောင်းလဲမှုများဟာ နိုင်ငံ၏ သမိုင်းဝင်ပြောင်းလဲမှုနှင့် လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းက အောင်မြင်မှုများ၏ နောက်ကွယ်က အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။ဒီလိုစီမံချက်များဖြင့် တရုတ်နိုင်ငံ၏ စျေးကွက်ဟာ ကြီးထွားလာခဲ့ပြီး စီပွားရေးတွန်းအားနှင့် အလုပ်အကိုင်ရရှိမှု တည်ငြိမ်ရေးအတွက် အလွန်အရေးပါလာခဲ့ပါတယ်။တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသော စျေးကွက်အဖွဲ့အစည်းများဟာ သန်း ၁၆၀ ကျော်လာခဲ့ပြီး  လူပေါင်း ၃၀၀ သန်းအတွက် အလုပ်အကိုင်ဖန်တီးပေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များတွင် ဖော်ပြထားပါတယ်။တံခါးဖွင့်မူဝါဒကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် တရုတ်အစိုးရဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် ၂၀၁၇ ကစပြီး ၅ နှစ်အတွင်း စည်းကမ်းများကို ဖြေလျှော့ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ကာကွယ်ရေးဥပဒေများကိုလည်း အတည်ပြုလာခဲ့ပါတယ်။

          ခိုင်မာသောအုတ်မြစ်

သဘာဝအခြေအနေများအရ စိုက်ပျိုးမြေအတွက် အလွန်ကောင်းသော မြေနက် ၁ စင်တီမီတာကို ဖန်တီးနိုင်ရန် နှစ်ပေါင်း အနည်းဆုံး ၂၀၀ ကနေ ၄၀၀ အထိ ကြာမြင့်ပါတယ်။သို့သော်လည်း နိုင်ငံ၏ အရှေ့မြောက်ပိုင်းက ဟေလောင်ဂျန်းပြည်နယ်တွင် မြေနက်များဟာ ပျမ်းမျှအားဖြင့် ၁၉.၈ စင်တီမီတာကနေ ၂၃.၃ စင်တီမီတာသို့ ထူလာကြောင်း ဒါဟာ နည်းပညာကို အသုံးပြုခြင်းဖြင့် ခုလိုလုပ်ဆောင်လာနိုင်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ထို့ကြောင့် ဒါဟာလည်း တရုတ်၏ စားနပ်ရိက္ခာလုံလောက်ရေးအတွက် အလွန်အရေးပါသော အရာလည်းဖြစ်ပါတယ်။အသီးအနှံများလိုပဲ ကောင်းသော မြေဆီလွှာဟာ စိုက်ပျိုးရန် လိုအပ်ပါတယ်၊ တရုတ်ဟာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူ့ရဲ့အခြေခံကျသော စီးပွားရေးတိုးတက်လာရန်အတွက် ကြီးမားသော အောင်မြင်မှုမျာကို ရရှိခဲ့ပါတယ်။တရုတ်ဟာ ကမ္ဘာပေါ်တွင် အပြည့်စုံဆုံးသော စက်မှုစနစ်ကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်ပါတယ်။တရုတ်ဟာ စက်ထုတ်ကုန်များ ၂၂၀ ကျော်ကို ကမ္ဘာပေါ်တွင် အများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် 5G ကွန်ရက် အများဆုံးတည်ဆောက်ထားသော နိုင်ငံဖြစ်ပြီး၊ မြန်နှုန်းမြှင့်ရထားအများဆုံးတည်ရှိသော စနစ်၊ အဝေးပြေးလမ်းအကြီးဆုံး တည်ရှိသော နိုင်ငံနှင့် လက်လီစျေးအကြီးဆုံးရှိသောနိုင်ငံဖြစ်ပါတယ်။ဒီလိုကြီးမားသော အရင်းအမြစ်များကြောင့် တရုတ်ဟာ စစ်မှန်သော စီးပွားရေးနှင့် တရုတ်စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေးအတွက် ခိုင်မာသော အုတ်မြစ်များကို ချမှတ်ပေးနိုင်ပြီဖြစ်ပါတယ်။

          မြင့်မားသောသိပ်သည်းမှု

တရုတ်နိုင်ငံဟာ ၎င်း၏ စီးပွားရေးတိုးတက်မှုအတွက် သိပ်သည်းမှုကို တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေပြီး အရည်အသွေးမြင့်ခြင်းနှင့် ဖူလုံမှုရှိသော စီးပွားရေးဖြစ်လာရန် စီးပွားရေးနှင့် လူမှုရေးစီမံချက်များကို၊ ဆန်းသစ်တီထွင်မှုများနှင့် ယခုမှစပြီး ကြီးထွားလာသော ကဏ္ဍများကို ထောက်ပံ့ပေးခြင်းတို့ဖြင့် ဆောင်ရွက်နေပြီး တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်နှင့် အရင်းအမြစ် ထိခိုက်မှု နည်းပါးအောင်လည်း ဆောင်ရွက်နေပါတယ်။

၂၀၁၂ တွင် တရုတ်နိုင်ငံ၏ စွမ်းအင်အသုံးပြုမှုဟာ၊ ကာဗွန်ထုတ်လွှတ်မှုနှင့် သောက်သုံးရေအသုံးပြုမှုဟာ ဂျီဒီပီ၏ ၂၆.၄ ရာခိုင်နှုန်း၊ ၃၄.၄ ရာခိုင်နှုန်းနှင့် ၄၅ ရာခိုင်နှုန်း အသီးသီးသို့ ၂၀၂၁ တွင် ကျဆင်းလာခဲ့ပါတယ်။တရုတ်နိုင်ငံ၏ မြေသားအသုံးပြုမှုကလည်း ဂျီဒီပီ၏ ၄၀.၈၅ ရာခိုင်နှုန်းသို့ ၂၀၁၂ ကနေ ၂၀၂၁ အတွင်း ကျဆင်းသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုစွမ်းရည်ဟာ ကြီးမားစွာ တိုးတက်လာခဲ့ပြီး ၂၀၂၂ တွင် နိုင်ငံတကာ အဆင့် ၁၁ တွင် သတ်မှတ်ခံရပြီး ၂၀၁၂ ခုနှစ်တုန်းကထက် အဆင့် ၂၃ ဆင့် တက်လာတာဖြစ်ပါတယ်။ဇီဝဆေးဝါး၊ လျှပ်စစ်စွမ်းအင်အသုံးပြုကားများနှင့် ညဏ်ရည်တု အစရှိသော ကဏ္ဍများတွင်လည်း တိုးတက်မှုများ ကြီးမားစွာရှိလာခဲ့ပြီး ဒါတွေကလည်း တရုတ်နိုင်ငံ၏ စီးပွာရေးအတွက် အသစ်သော တွန်းအားဖြစ်စေပါတယ်။

          လက်လှမ်းမီလာခြင်း

တရုတ်နိုင်ငံဟာ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုတွင် ဆက်လက်ပါဝင်လာခဲ့ပါတယ်၊ ပိုမိုကောင်းမွန်သောဘဝများနှင့် အခြားသောအကျိုးကျေးဇူးများကို အခြားနိုင်ငံများသို့ ယူဆောင်ပြီး ကမ္ဘာတစ်ဝှမ်းက နိုင်ငံများကိုလည်း အကျိုးပြုနေပါတယ်။များပြားလှသော စီမံကိန်းများဟာ သက်သေများပဲဖြစ်ပါတယ်။ခရိုအေးရှားနိုင်ငံတောင်ပိုင်းက Peljesac Bridge စီမံကိန်းဟာ တရုတ်ကုမ္ပဏီက ဆောက်လုပ်နေပြီး ၂၀၂၂ ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ BRI စီမံကိန်းကြောင့် မော်လ်ဒိုက်ကလည်း သူ့ရဲ့ပထမဆုံး ပင်လယ်ဖြတ်တံတားကြီးကို အသုံးပြုနိုင်ခဲ့ပါတယ်။ကြီးမားသော စျေးကွက်၊ နိုင်ငံတကာအစီအမံများကို ထိန်းချုပ်သောနိုင်ငံ၊ ကုန်ထုတ်လုပ်မှု၏ တွန်းအားကြီးဖြစ်သောကြောင့် တရုတ်ဟာ ယခင်ကထက် နိုင်ငံတကာစီးပွားရေးနဲ့ ပိုမိုပူးပေါင်းလာနိုင်ခဲ့ပါတယ်။

တရုတ်နှင့် နိုင်ငံတကာအကြား တစ်မီးနစ်တွင် ယွမ် ၇၃ သန်းနဲ့ ညီမျှသော ကုန်သွယ်ရေးလုပ်ဆောင်နေပြီး မီးရထားပေါင်း အစီး ၄၀ ကျော်ကလည်း တရုတ်နှင့် ဥရောပမြို့ ၂၀၀ ကျော်အကြား နေ့တိုင်းသွားလာနေပါတယ်။

          နွေးထွေးမှုကိုယူဆောင်ခြင်း

ပြည်သူများကို ဗဟိုပြုသော အတွေးအခေါ်၏ ဦးဆောင်မှုဖြင့် တရုတ်ခေါင်းဆောင်များဟာ နိုင်ငံ၏ ကြီးမားသော အောင်မြင်မှုများကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖော်ဆောင်နိုင်ခဲ့ကာ ပြည်သူများအတွက် နွေးထွေးခြင်းနှင့် ဂရုစိုက်မှုများကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ကျေးလက်နေ ပြည်သူပေါင်း ၉၉ သန်းနီးပါးကို ဆင်းရဲမွဲတေမှုကနေ ကယ်တင်နိုင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းမျာအကြား အသင့်သင့်ကြွယ်ဝချမ်းသာမှုများကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ကျေးလက်နေပြည်သူပေါင်း ၃၅၀ သန်းကျော်ကို ကောင်းမွန်သော စားသောက်မှုပုံအတွက် အာမခံပေးထားပြီး ၁.၀၄ ဘီလီယံရှိသော ပြည်သူများကို အခြေခံပင်စင်ပေးနိုင်ခြင်းနှင့် ၁.၃၆ ဘီလီယံခန့်ကို ကျန်းမာရေးအာမခံများ ပေးနိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံဟာ အနာဂတ်အတွက် အသစ်သော ဖွံ့ဖြိုးတိုးတက်ရေးမှု ရည်မှန်းချက်များကို ချမှတ်ထားပြီး ဘုံကြွယ်ဝချမ်းသာမှုကို အရေးပါသော နေရာတွင်ထားပြီး ပြည်သူများအားလုံး ပစ္စည်းဥစ္စာနှင့် ယဉ်ကျေးမှုတွင်လည်း မျှဝေခံစားရန် ရည်ရွယ်ထားပါတယ်။

Naing