【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ စီးပွားရေးကြီးထွားလာမှုကို ပြန်လည်ဆန်းစစ်ခြင်း (အပိုင်း-၃)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ စီးပွားရေးကြီးထွားလာမှုကို ပြန်လည်ဆန်းစစ်ခြင်း (အပိုင်း-၃)

လွန်ခဲ့တဲ့ ဆယ်စုနှစ်ခုအတွင်း အိမ်ခြံခြေစျေးကွက်ဟာ ရင်းနှီးမြှုပ်နှံမှု ၂ ဆ အထိ တိုးတက်လာခဲ့ပြီး ဂျီဒီပီ ၁၄ ရာခိုင်နှုန်းအထိ ၂ ဆ တိုးလာခဲ့ကြောင်း ခန့်မှန်းကြပါတယ်။အမေရိကန်နိုင်ငံအတွင်း အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုဟာ ဂျီဒီပီ၏ ၆ ရာခိုင်နှုန်းတွင်သာရှိပါတယ်။

အိမ်ခြံမြေစျေးကွက်တွင် ရေရှည်တိုးတက်ရေးကို အဟန့်အတားအဖြစ်စေတဲ့ ပြဿနာဟာ စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာမဟုတ်ပါဘူး။ဒါဟာ တရုတ်၏ လူဦးရေတိုးပွားမှုနှုန်း နှေးကွေးလာခြင်းကြောင့် ကျဆင်းလာသော စီးပွားရေးကြောင့်ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ မြို့ပြနေလူဦးရေဟာ လာမယ့် ၂၀၄၀ အထိ ဆက်လက်တိုးပွားလာရန် မျှော်မှန်းထားပြီး တရုတ်နိုင်ငံတွင် မြို့ပြနေရာများသို့ တစ်နှစ်တွင် လူပေါင်း သန်း ၂၀ ခန့် တိုးပွားလာရန် မျှော်လင့်ထားသော်လည်း ၂၀၃၀ နောက်ပိုင်း တစ်နှစ်ကို ၁၀ သန်းခန့်သာ ရှိတော့မယ်လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၄၀ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံတွင် တစ်နှစ်လျှင် မြို့ပြဒေသကို ပြောင်းရွှေ့လာသူဦးရေဟာ သန်းအနည်းငယ်သာရှိတော့မယ်လို့ ခန့်မှန်းထားပါတယ်။

အရည်အသွေးကောင်းမွန်တဲ့ အိမ်ခြံမြေများ ဝယ်လိုအားမြင့်တက်လာခြင်းဟာ အိမ်ခြံမြေစျေးကွက်မှာ ရင်းနှီးမြုပ်နှံမှု ၂၀၂၀ ဆယ်စုနှစ်နှောင်းပိုင်းအထိ ဆက်လက်မြင့်တက်လာနိုင်ပါတယ်။ IMF က ထုတ်ပြန်ထားသော ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၏ အများပြည်သူရင်းနှီးမြှုပ်နှံမှုဟာ ဂျီဒီပီ၏ ၁၆ ရာခိုင်နှုန်း သို့မဟုတ် ကိန်းသေရင်းနှီးမြှုပ်နှံမှု၏ ၃ ပုံ ၁ ပုံခန့်ရှိပါတယ်။တရုတ်နိုင်ငံ၏ ယခင်က အံ့ဩဖွယ် စီးပွားရေးတိုးတက်လာမှုတွင် အခြေခံအဆောက်အဦတွင် များစွာရင်းနှီးမြှုပ်နှံခြင်းဟာ အရေးကြီးသောအရာဖြစ်ခဲ့ပါတယ်။တရုတ်နိုင်ငံ၏ အခြေခံဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုဗျူဟာများဟာ အလွန်ကောင်းမွန်သော အကျိုးများစွာရှိလာခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုအပြီးနောက် တရုတ်နိုင်ငံရဲ့ အများပြည်သူများရဲ့ တစ်ဦးချင်းဝင်ငွေဟာ နိမ့်ကျခြင်းမရှိတော့ပါဘူး။တရုတ်နိုင်ငံ၏ လက်ရှိ တစ်ဦးချင်းဝင်ငွေဟာ အခြားသော စီးပွားရေးမြင့်တက်လာသော နိုင်ငံများထက် ပိုပြီးများပါတယ်။ Global Competitiveness Report ၏ ထုတ်ပြန်ကြေညာချက်အရ တရုတ်ဟာ ကမ္ဘာပေါ်တွင် လေဆိပ်များချိတ်ဆက်မှု၊ သင်္ဘောဖြင့်ဆက်သွယ်မှု၊ လျှပ်စစ်မီးရရှိမှုနှင့် ကုန်လမ်းဆက်သွယ်မှုတို့တွင် ပထမ (သို့မဟုတ်) ဒုတိယတွင်ရှိကြောင်း ဆိုပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး အမြန်ရထား HSR ကွန်ရက်ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်ပြီး ဒါဟာ တရုတ်၏ ၄၀ ရာခိုင်နှုန်းသော ရထားလမ်းကို ကိုယ်စားပြုကာ ကိုရီးယား၊ စပိန် (သို့မဟုတ်) ဂျပန်တို့ထက် သာလွန်နေပါတယ်။

အနာဂတ် တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ တရုတ်လူမျိုးများ၏ ထုတ်လုပ်နိုင်မှုစွမ်းရည် တိုးတက်မှုက ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ပါတယ်။ The Economist သတင်းစာက ဖော်ပြထားသလိုပဲ တရုတ်ခေါင်းဆောင်များဟာ ထုတ်လုပ်နိုင်မှုစွမ်းရည်ကို တိုးမြှင့်ရန် စိတ်အားထက်သန်နေကြပြီး ဒီလိုရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ကြီးမားကျယ်ပြန့်သော မူဝါဒရေးရာစီမံချက်များကို ဆောက်ရွက်နေပြီဖြစ်ပါတယ်။ခေတ်မီရေး၊ ပိုမိုကောင်းမွန်သော မြို့ပြတည်ဆောက်ရေးနှင့် ထုတ်လုပ်နိုင်မှုစွမ်းရည်မြှင့်တင်ရန် စီမံချက်အမျိုးမျိုးကို စတင်နေပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုကို စတင်ပြီးနောက် လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ကုန်ထုတ်လုပ်နိုင်မှုပမာဏဟာ ကြီးမားစွာ တိုးတက်လာခဲ့ပါတယ်၊ ကုန်ထုတ်လုပ်နိုင်မှု စွမ်းရည်ဟာ  တစ်နှစ်ကို ပျမ်းမျှ ၃.၉ ရာခိုင်နှုန်းတွင် တိုးတက်လာခဲ့ပါတယ်။လက်ရှိအခြေအနေများအရ တရုတ်ဟာ ကုန်ထုတ်လုပ်နိုင်မှုစွမ်းရည်ဟာ တိုးတက်မှု အလားအလာနည်းပါးနေတာကို မြင်ရပါတယ်။တရုတ်ဟာ ကုန်ထုတ်လုပ်မှုနဲ့ပတ်သက်လာလျှင် အံ့ဩဖွယ်စီးပွားရေးကို ပိုင်ဆိုင်ထားတာတော့ မဟုတ်ပါဘူး။ အနာဂတ်မှာလည်း တရုတ်၏ ကုန်ထုတ်လုပ်နိုင်မှုစွမ်းရည်ဟာ ဘယ်ကိုဦးတည်မလဲဆိုတာကို ခန့်မှန်းရန် အလွန်ခက်ခဲပါတယ်။  

Naing