【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အမေရိကန်ဆက်ဆံရေး စစ်ဖက်ဆက်ဆံရေး တည်ငြိမ်နေဆဲ

 【 နိုင်ငံတကာဆောင်းပါး 】တရုတ်-အမေရိကန်ဆက်ဆံရေး စစ်ဖက်ဆက်ဆံရေး တည်ငြိမ်နေဆဲ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် စာမျက်နှာ ၅၅ မျက်နှာရှိ အင်ဒို-ပိစိဖိတ်သေနင်္ဂဗျူဟာ အစီရင်ခံစာကို စနေနေ့ကထုတ်ပြန်ခဲ့ပြီး ထိုအစီရင်ခံစာ၏ အဓိကသတင်းစကားကို ခေတ္တ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာနန်က ထိုနေ့က စင်္ကာပူတွင်ပြောကြားသည့် ရှန်ဂရီလာ စားပွဲဝိုင်းဆွေးနွေးပွဲ မိန့်ခွန်းတွင် မီးမောင်းထိုးပြခဲ့သည်။

ထိုအင်ဒို-ပိစိဖိတ်သေနင်္ဂဗျူဟာသည် လက်တွေ့တွင်အာရှကို ဗဟိုပြုပြီး ဘားရက်အိုဘားမား အစိုးရ၏ အာရှဝင်ရိုး နှင့် ဂျော့ဒဗယူဘုရှ်၏ အာရှပိစိဖိတ်မူဝါဒများအထိမှပင် မြစ်ဖျားခံ လာသော် လည်း ယခင်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်၏ အမွေဖြစ်သည်။

သို့သော် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်ရည်ရွယ်သော ထိုသေနင်္ဂဗျူဟာများအားလုံးအနက် မည်သည် ကမျှ ကမ္ဘာ့အတောင့်တင်းဆုံးတိုးတက်မှုအင်ဂျင်၏စွမ်းအင်များကို လျှော့ပါးစေခြင်းမရှိသကဲ့သို့ ဒေသတွင်းမှကျန်နိုင်ငံများနှင့် နယ်ပယ်များစွာတွင် နီးကပ်သောဆက်ဆံရေးထူထောင်ခြင်းမှ တရုတ်နိုင်ငံကို တားဆီးခြင်းလည်းမရှိပေ။

ငြိ်မ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့သည် ဒေသတွင်း ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝရေးအတွက် ခိုင်မာသောအခြေခံများဖြစ်ပြီး ဒေသတွင်းပြည်သူများသည် ၎င်းတို့၏ ကွဲပြားခြားနားမှုများကို ဖြေရှင်းရန်နှင့် ထိန်းချုပ်ထားရန် စွမ်းရည်နှင့် တူညီသော ဆန္ဒရှိကြောင်းပြသ ခဲ့ကြပြီးဖြစ်သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ၈ နှစ်အတွင်းပထမဆုံးအကြိမ်တက်ရောက်ခဲ့သော ရှန်ဂရီလာ စားပွဲဝိုင်းဆွေးနွေးပွဲမှ အဓိကမှတ်သားစရာအချက်မှာ တရုတ်နိုင်ငံသည်မည်သည့်အငြင်းပွားမှုကိုမဆို ငြိမ်းချမ်းသော ဆွေးနွေးပွဲများဖြင့် ဖြေရှင်းရန် အသင့်ရှိသော်လည်း ၎င်း၏ အဓိကအကျိုးစီးပွားကို ကာကွယ်ရန် အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနားလည်အောင် သတင်းစကားကို ပါးလိုက်ခြင်းပင်ဖြစ်သည်။

လက်တွေ့တွင် ပင်တဂွန်သည် ၎င်း၏အင်ဒို-ပိစိဖိတ်သေနင်္ဂဗျူဟာကို နောက်ဆုံးအကြိမ် ပြန်လည် အသက်သွင်းခြင်းမှ ခိုင်မာသောရလဒ်ထွက်ပေါ်လာရန် မျှော်လင့်ထားခြင်းမရှိပေ။
 
ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုသည် အာရှ-ပိစိဖိတ်ဒေသတွင် စစ်ရေး တည်ရှိမှုကို အကြီးအကျယ်ထိန်းသိမ်းထားခဲ့သည်။ သို့သော်ထိုဒေသသည် အမေရိကန်နိုင်ငံ က စတင်အားပေးခဲ့သည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ဆက်စပ်ပြောင်းလဲမှုကြောင့် အမေရိကန်နိုင်ငံက ဒေသတွင်းတွင် လွှမ်းမိုးမှု အခိုင်အမာရှိခဲ့သည့် အချိန်များကဲ့သို့မဟုတ်ဘဲ အကြီးအကျယ်ပြောင်းလဲ သွားခဲ့ပြီဖြစ်သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ဆင်ခြင်တုံတရားကင်းမဲ့သောလုပ်ရပ်များအတွက် ဒေသတွင်းမဟာမိတ်များ၏ ချွင်းချက်မရှိထောက်ခံမှုကိုလည်း မရရှိတော့ပေ။ ထိုနိုင်ငံများသည် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖြစ်မှ တရုတ်နိုင်ငံကိုဆုံးရှုံးရမည်ကို မလိုလားကြသောကြောင့် ထိုသို့မထောက်ခံနိုင်ကြခြင်းဖြစ်ကြောင်း အထက်ပါဆွေးနွေးပွဲတွင် စင်္ကာပူဝန်ကြီးချုပ် လီရှန်လောင်းပြောကြားသည့်မိန့်ခွန်းကပြသနေပေသည်၊ တရုတ်-အမေရိကန် ပဋိပက္ ခများသည် မပြေငြိမ်းနိုင်သည်မဟုတ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပဋိပက္ခကို ရှောင်ရှားရန် များစွာဖြစ်နိုင်ကြောင်း ပင်တဂွန်က အပြည့်အ၀ နားလည်သည်။

တရုတ်နိုင်ငံကို ထိန်းချုပ်ရန်အားထုတ်မှုများကို အရှိန်မြှင့်မည့် အမေရိကန်နိုင်ငံ၏ရည်ရွယ်ချက်ကို သူ၏မိန့်ခွန်းတွင် လှို့ဝှက်မထားသော်လည်း ထိုညီလာခံ၏ သီးခြားအစည်းအဝေးတွင် တရုတ် ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီနှင့် တွေ့ဆုံရခြင်းသည် အပြုသဘောဆောင်ကြောင်း နှစ်ဖက်လုံး ကပြောကြားခဲ့ကြသည်။

စစ်ဖက်ဆက်ဆံရေးသည် ဝါရှင်တန်နှင့်ဘေ့ဂျင်းအကြားဆက်ဆံရေးတွင် တည်ငြိမ်အောင် ထိန်းပေးသော အရာအဖြစ်ဆက်လက်တည်ရှိနေကြောင်း ထိုအချက်က ထပ်မံမီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။

(  Zawgyi  )

 အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနသည္ စာမ်က္ႏွာ ၅၅ မ်က္ႏွာရွိ အင္ဒို-ပိစိဖိတ္ေသနဂၤဗ်ဴဟာ အစီရင္ခံစာကို စေနေန႔ကထုတ္ျပန္ခဲ့ၿပီး ထိုအစီရင္ခံစာ၏ အဓိကသတင္းစကားကို ေခတၱ ကာကြယ္ေရးဝန္ႀကီး ပက္ထရစ္ ရွန္နာနန္က ထိုေန႔က စကၤာပူတြင္ေျပာၾကားသည့္ ရွန္ဂရီလာ စားပြဲဝိုင္းေဆြးေႏြးပြဲ မိန႔္ခြန္းတြင္ မီးေမာင္းထိုးျပခဲ့သည္။

ထိုအင္ဒို-ပိစိဖိတ္ေသနဂၤဗ်ဴဟာသည္ လက္ေတြ႕တြင္အာရွကို ဗဟိုျပဳၿပီး ဘားရက္အိုဘားမား အစိုးရ၏ အာရွဝင္႐ိုး ႏွင့္ ေဂ်ာ့ဒဗယူဘုရွ္၏ အာရွပိစိဖိတ္မူဝါဒမ်ားအထိမွပင္ ျမစ္ဖ်ားခံ လာေသာ္ လည္း ယခင္ကာကြယ္ေရးဝန္ႀကီး ဂ်ိမ္းမက္တစ္၏ အေမြျဖစ္သည္။

သို႔ေသာ္ တ႐ုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ရန္ရည္႐ြယ္ေသာ ထိုေသနဂၤဗ်ဴဟာမ်ားအားလုံးအနက္ မည္သည္ ကမွ် ကမာၻ႔အေတာင့္တင္းဆုံးတိုးတက္မႈအင္ဂ်င္၏စြမ္းအင္မ်ားကို ေလွ်ာ့ပါးေစျခင္းမရွိသကဲ့သို႔ ေဒသတြင္းမွက်န္ႏိုင္ငံမ်ားႏွင့္ နယ္ပယ္မ်ားစြာတြင္ နီးကပ္ေသာဆက္ဆံေရးထူေထာင္ျခင္းမွ တ႐ုတ္ႏိုင္ငံကို တားဆီးျခင္းလည္းမရွိေပ။

ၿငိ္မ္းခ်မ္းေရး၊ တည္ၿငိမ္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးတို႔သည္ ေဒသတြင္း ဘုံဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ခ်မ္းသာႂကြယ္ဝေရးအတြက္ ခိုင္မာေသာအေျခခံမ်ားျဖစ္ၿပီး ေဒသတြင္းျပည္သူမ်ားသည္ ၎တို႔၏ ကြဲျပားျခားနားမႈမ်ားကို ေျဖရွင္းရန္ႏွင့္ ထိန္းခ်ဳပ္ထားရန္ စြမ္းရည္ႏွင့္ တူညီေသာ ဆႏၵရွိေၾကာင္းျပသ ခဲ့ၾကၿပီးျဖစ္သည္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ၈ ႏွစ္အတြင္းပထမဆုံးအႀကိမ္တက္ေရာက္ခဲ့ေသာ ရွန္ဂရီလာ စားပြဲဝိုင္းေဆြးေႏြးပြဲမွ အဓိကမွတ္သားစရာအခ်က္မွာ တ႐ုတ္ႏိုင္ငံသည္မည္သည့္အျငင္းပြားမႈကိုမဆို ၿငိမ္းခ်မ္းေသာ ေဆြးေႏြးပြဲမ်ားျဖင့္ ေျဖရွင္းရန္ အသင့္ရွိေသာ္လည္း ၎၏ အဓိကအက်ိဳးစီးပြားကို ကာကြယ္ရန္ အဆုံးအထိ တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းနားလည္ေအာင္ သတင္းစကားကို ပါးလိုက္ျခင္းပင္ျဖစ္သည္။

လက္ေတြ႕တြင္ ပင္တဂြန္သည္ ၎၏အင္ဒို-ပိစိဖိတ္ေသနဂၤဗ်ဴဟာကို ေနာက္ဆုံးအႀကိမ္ ျပန္လည္ အသက္သြင္းျခင္းမွ ခိုင္မာေသာရလဒ္ထြက္ေပၚလာရန္ ေမွ်ာ္လင့္ထားျခင္းမရွိေပ။
 
ကမာၻ႔မဟာအင္အားႀကီးႏိုင္ငံအျဖစ္ အေမရိကန္ျပည္ေထာင္စုသည္ အာရွ-ပိစိဖိတ္ေဒသတြင္ စစ္ေရး တည္ရွိမႈကို အႀကီးအက်ယ္ထိန္းသိမ္းထားခဲ့သည္။ သို႔ေသာ္ထိုေဒသသည္ အေမရိကန္ႏိုင္ငံ က စတင္အားေပးခဲ့သည့္ ကမာၻလုံးဆိုင္ရာစီးပြားေရး ဆက္စပ္ေျပာင္းလဲမႈေၾကာင့္ အေမရိကန္ႏိုင္ငံက ေဒသတြင္းတြင္ လႊမ္းမိုးမႈ အခိုင္အမာရွိခဲ့သည့္ အခ်ိန္မ်ားကဲ့သို႔မဟုတ္ဘဲ အႀကီးအက်ယ္ေျပာင္းလဲ သြားခဲ့ၿပီျဖစ္သည္။

ထို႔အျပင္ အေမရိကန္ျပည္ေထာင္စုသည္ ၎၏ ဆင္ျခင္တုံတရားကင္းမဲ့ေသာလုပ္ရပ္မ်ားအတြက္ ေဒသတြင္းမဟာမိတ္မ်ား၏ ခြၽင္းခ်က္မရွိေထာက္ခံမႈကိုလည္း မရရွိေတာ့ေပ။ ထိုႏိုင္ငံမ်ားသည္ ၎တို႔၏ ကုန္သြယ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး မိတ္ဖက္အျဖစ္မွ တ႐ုတ္ႏိုင္ငံကိုဆုံးရႈံးရမည္ကို မလိုလားၾကေသာေၾကာင့္ ထိုသို႔မေထာက္ခံႏိုင္ၾကျခင္းျဖစ္ေၾကာင္း အထက္ပါေဆြးေႏြးပြဲတြင္ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္ေလာင္းေျပာၾကားသည့္မိန႔္ခြန္းကျပသေနေပသည္၊ တ႐ုတ္-အေမရိကန္ ပဋိပက္ ခမ်ားသည္ မေျပၿငိမ္းႏိုင္သည္မဟုတ္ေၾကာင္းႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္ ပဋိပကၡကို ေရွာင္ရွားရန္ မ်ားစြာျဖစ္ႏိုင္ေၾကာင္း ပင္တဂြန္က အျပည့္အ၀ နားလည္သည္။

တ႐ုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ရန္အားထုတ္မႈမ်ားကို အရွိန္ျမႇင့္မည့္ အေမရိကန္ႏိုင္ငံ၏ရည္႐ြယ္ခ်က္ကို သူ၏မိန႔္ခြန္းတြင္ လႈိ႕ဝွက္မထားေသာ္လည္း ထိုညီလာခံ၏ သီးျခားအစည္းအေဝးတြင္ တ႐ုတ္ ကာကြယ္ေရးဝန္ႀကီး ေဝဖန္ဟီႏွင့္ ေတြ႕ဆုံရျခင္းသည္ အျပဳသေဘာေဆာင္ေၾကာင္း ႏွစ္ဖက္လုံး ကေျပာၾကားခဲ့ၾကသည္။

စစ္ဖက္ဆက္ဆံေရးသည္ ဝါရွင္တန္ႏွင့္ေဘ့ဂ်င္းအၾကားဆက္ဆံေရးတြင္ တည္ၿငိမ္ေအာင္ ထိန္းေပးေသာ အရာအျဖစ္ဆက္လက္တည္ရွိေနေၾကာင္း ထိုအခ်က္က ထပ္မံမီးေမာင္းထိုးျပလိုက္ျခင္းပင္ျဖစ္သည္။