【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အိန္ဒိယ ဆက်ဆံရေးကို အသစ်တဖန်ပြန်လည်စတင်ရန် အချိန်ကျပြီ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အိန္ဒိယ ဆက်ဆံရေးကို အသစ်တဖန်ပြန်လည်စတင်ရန် အချိန်ကျပြီ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မကြာမီ အိမ်ဖြူတော်မှထွက်ခွာရတော့မည်ဖြစ်သောကြောင့် လွန်စွာလိုအပ်နေသည့် တရုတ်-အိန္ဒိယ ဆက်ဆံရေးကို ပြန်လည်စတင်ရန်အတွက် လုံးဝပြီးပြည့်စုံသော အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာသည်။ထိုသမိုင်းဝင်ယဉ်ကျေးမှု လူ့အဖွဲ့အစည်း မိတ်ဆွေများအကြား အမေရိကန်ခေါင်းဆောင်၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် လွန်ခဲ့သော ၄ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုတင်းမာလာသည်။

ထရမ့်သည် တစ်ကမ္ဘာလုံးတွင် အသွင်ပေါင်းစုံမှ အတတ်နိုင်ဆုံး နှောင့်ယှက်ဖျက်ဆီးပြီး အာရှဒေသမှ ပထဝီနိုင်ငံရေးအခြေအနေကို ရှုတ်ထွေးစေခြင်းနှင့်ပတ်သက်လျှင် သူသည် အတိုင်းအတာအထိ အောင်မြင်ကြောင်းကို ဝန်ခံရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှုရှိပါက တရုတ်နှင့် အိန္ဒိယတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တစ်ခုကို အတူတကွလျှောက်လှမ်းရာတွင် မကြာသေးမီက အတွေ့အကြုံများကို နောက်တွင်ချန်ထားနိုင်သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် လက်တွေ့တွင် မည်သို့ဖြစ်နိုင်သည်ကို နားလည်ရန်အတွက် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စေသော အဓိကပြဿများကို ပထမဆုံး ပြန်လည်သုံးသပ်ရန် အရေးကြီးသည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ကို သံသယဖြင့်မြင်ရန် အိန္ဒိယကို ထရမ့် က လှည့်ဖြားခဲ့သည်။ထိုသို့လုပ်ဆောင်ခြင်းကြောင့် ထရမ့်၏ စစ်ရေးအကြံများကို ကြီးမားစေပြီး ၎င်းတို့ စစ်တပ်များအကြား အခြေခံသဘောတူညီချက်သုံးဟုခေါ်သော သဘောတူညီချက်များအနက် နောက်ဆုံးတစ်ခုကို မကြာသေးမီက သဘောတူခဲ့ကြသည်။

ထိုဖြစ်စဉ်တစ်ခုလုံးတွင် အိန္ဒိယသည် တရုတ်နိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် သြဇာထူထောင်ရန် အတင့်ရဲလာပြီး ယခုနှစ်နွေရာသီက ပဋိက္ခများအတွင်း စိတ်မကောင်းစရာ အထွဋ်အထိပ်သို့ ရောက်သွားသည်။ထိုဖြစ်ရပ်နှင့်အတူ အိန္ဒိယသည် တရုတ်နိုင်ငံမှ အပလီကေးရှင်းအများအပြားကို ပိတ်ပင်လိုက်သည်။

သို့တိုင် အာရှအိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးသည် လေ့လာစောင့်ကြည်သူများ မူလကစိုးရိမ်နေသလောက် ဆိုးရွားသွားခြင်းမရှိပေ။

ဥပမာဆိုရပါက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည့် BRICS ၊ G20 နှင့် SCO တို့တွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပြီး နှစ်နိုင်ငံလုံးသည် ရာသီဥတုအကျပ်အတည်းနှင့် ကိုဗစ်-၁၉ ကမ္ဘာတဝှမ်း ကူးစက်ရောဂါတို့ကို လွန်စွာအလေးထားကြသော်လည်း ကိုဗစ်နှင့်ပတ်သက်လျှင် အောင်မြင်မှုအဆင့်ခြင်း တူညီခြင်းမရှိပေ။

ထို့အပြင် တရုတ်နိုင်ငံသည် အိန္ဒိယ၏ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်နေသေးပြီး ၎င်းတို့၏စီးပွားရေးများသည် အပြန်အလှန်အကျိုးပြုနေကြသည်။၎င်းတို့သည် တူညီသော သဘာ၀စီးပွားရေးနယ်ပယ်တွင် တည်ရှိနေပြီး အာရှရာစုသစ်ဟု ခန့်မှန်းထားသည့်ကိစ္စတွင် ဦးဆောင်သောအခန်းများမှာ ပါဝင်လာမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတကာမြင်ကွင်းမှ ထရမ့် ထွက်ခွာသွားခြင်းသည် ဒေသတွင်း ပထဝီနိုင်ငံရေးအပေါ် အထူးသဖြင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အိန္ဒိယ၏ မူဝါဒများအပေါ် လွန်စွာအပြုသဘောဆောင်သော သက်ရောက်မှုရှိသည်။

ဂျိုးဘိုင်သည် ယခင်သမ္မတထက် ပိုမိုလက်တွေ့ကျမည်ဟု ကတိပေးထားပြီး အမေရိကန်-အိန္ဒိယ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက်သက်ဝင်နေကာမူ ထိုကိစ္စကို တရုတ်နိုင်ငံအားထိန်းချုပ်ရေး အားထုတ်မှုတွင် အမြတ်ထုတ်အသုံးချရနိုင်တော့မည် မဟုတ်ပေ။

အမေရိကန်၏ ထောက်ခံမှုမရှိပါက အိန္ဒိယသည် တရုတ်ကိုဆန့်ကျင်သည့် အငြင်းပွားဖွယ်ရာ တစ်ဖက်သတ်လုပ်ရပ်များ လုပ်နိုင်ခြေနည်းသည်။

ဆန့်ကျင်ဖက်ဖြစ်နေသည်မှာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကလည်း တရုတ်နှင့်ဆက်ဆံရေး တိုးတက်အောင် ကြိုးစားလျှင် ထိုကြိုးစားမှုသည် တရုတ်-အိန္ဒိယ ဆက်ဆံရေးကို တိုးတက်စေမည်ဖြစ်သည်။ထိုသို့ဦးတည်ရာတွင် နှစ်နိုင်ငံလုံးအတွက် ပထမဆုံးလုပ်ဆောင်ရမည့် ခြေလှမ်းမှာ နှစ်နိုင်ငံအငြင်းပွားမှုများတွင် အင်အားအသုံးပြုခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်းကို သဘောတူညီခြင်းဖြစ်သည်။နယ်စပ်ဒေသတလျှောက်တွင် တင်းမာမှုလျှော့ချရာတွင် တိုးတက်မှုရှိအောင်လုပ်ဆောင်ခြင်းသည် အမြင့်မားဆုံးဦးစားပေးဖြစ်သည်။

နောက်ဆက်တွဲလိုက်ပါလာမည့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများသည် နှစ်နိုင်ငံလုံးအနေဖြင့် လွန်ခဲ့သောနွေရာသီကဖြစ်သည့် ပဋိပက္ခများဖြစ်နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်သည်။စစ်ရေးအရ အာရုံစူးစိုက်မှု တစ်နိုင်ငံက အခြားတစ်နိုင်ငံဆီမှ လမ်းကြောင်းပြောင်းလိုက်ခြင်းဖြင့် အမေရိကန်က တရုတ်ကိုထိန်းချုပ်ရာတွင် အိန္ဒိယကို လက်ဝေခံအဖြစ် အမြတ်ထုတ်အသုံးချခြင်း လျှော့ချရာတွင် အကြီးအကျယ်လျှော့ချပေးပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ယခင်ကယုံကြည်မှုအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်သည်။

တရုတ်ကို ခြိမ်းခြောက်သူအဖြစ် အိန္ဒိယက မသတ်မှတ်တော့သောကြောင့် နှစ်နိုင်ငံအကြား စီးပွားရေးအဆက်အသွယ် တိုးတက်လာရန်လည်း ဖြစ်နိုင်သည်။

BRI တွင်နောက်ကွယ်မှ ရည်ရွယ်ချက်မရှိသည်ကို အိန္ဒိယ နားလည်လာမည်။ပူးတွဲစီမံကိန်းသစ်များကို ကြေညာခြင်းသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ မြန်မာ စီးပွားရေးစင်္ကြန်ကို ပြန်လည်အသက်သွင်းလိုက်သကဲ့သို့ပင် BRI သည် များစွာအထောက်အကူပြုနိုင်သည်။

BRI နှင့် ပတ်သက်ပြီး တရုတ်နှင့် အိန္ဒိယ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံတို့သည် ဥပမာအားဖြင့် အာဖဂန်ကဲ့သို့သော တတိယနိုင်ငံတစ်ခုတွင် စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ပါက တောင်အာရှတစ်ခုလုံးနှင့် အာဖရိကအထိ ဝေးကွာသော အခြားဒေသများအထိ အကျိုးခံစားရမည်ဖြစ်သည်။

နှစ်နိုင်ငံ တစ်ဦးနှင့်တစ်ဦး ပိုမိုယုံကြည်လာမည်ဖြစ်ပြီး ၎င်းတို့အကြား သင့်မြတ်မှုကိုလည်း ပိုမိုခိုင်မာစေသည်။ထရမ့်၏ သွေးခွဲမူဝါဒများ၏ လွန်ခဲ့သောလေးနှစ်ကာလသည် ကမ္ဘာအတွက် အထူးသဖြင့် တရုတ်-အိန္ဒိယ ဆက်ဆံရေးအတွက် လွန်စွာခက်ခဲသောကာလဖြစ်သည်။သို့သော် သူမြင်ကွင်းမှပျောက်ကွယ်သွားလျှင် အရာရာသည် တိုးတက်လာနိုင်သည်။နှစ်နိုင်ငံညီမျှခြင်းမှ သူ၏ဆိုးရွားသောသြဇာကို ဖယ်ရှားလိုက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် မှတ်တိုင်တစ်ခုဖြစ်လာနိုင်သည်။

တရုတ်နှင့် အိန္ဒိယတို့သည် သဘာ၀မိတ်ဆွေများဖြစ်ပြီး လွန်ခဲ့သော နွေရာသီက တင်းမာမှုအမြင့်မားဆုံး အခြေအနေတွင်ပင် နယ်ပယ်စုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ထိုအချက်က နိုင်ငံရေးစိတ်ပိုင်းဖြတ်မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို ထရမ့် မတိုင်မီက အခြေအနေသို့ ပြန်လည်ရောက်ရှိရန် သေချာစေကြောင်း သက်သေပြသနေသည်။

Linko
Ref: It's time for a post-Trump reset in Chinese-Indian relations(CGTN)
ဒီဇင်ဘာ - ၁

( Zawgyi )

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ မၾကာမီ အိမ္ျဖဴေတာ္မွထြက္ခြာရေတာ့မည္ျဖစ္ေသာေၾကာင့္ လြန္စြာလိုအပ္ေနသည့္ တ႐ုတ္-အိႏၵိယ ဆက္ဆံေရးကို ျပန္လည္စတင္ရန္အတြက္ လုံးဝၿပီးျပည့္စုံေသာ အခြင့္အလမ္းတစ္ခု ေပၚေပါက္လာသည္။ထိုသမိုင္းဝင္ယဥ္ေက်းမႈ လူ႔အဖြဲ႕အစည္း မိတ္ေဆြမ်ားအၾကား အေမရိကန္ေခါင္းေဆာင္၏ ေသြးခြဲအုပ္ခ်ဳပ္ေရးေၾကာင့္ လြန္ခဲ့ေသာ ၄ ႏွစ္အတြင္း ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ ပိုမိုတင္းမာလာသည္။

ထရမ့္သည္ တစ္ကမာၻလုံးတြင္ အသြင္ေပါင္းစုံမွ အတတ္ႏိုင္ဆုံး ေႏွာင့္ယွက္ဖ်က္ဆီးၿပီး အာရွေဒသမွ ပထဝီႏိုင္ငံေရးအေျခအေနကို ရႈတ္ေထြးေစျခင္းႏွင့္ပတ္သက္လွ်င္ သူသည္ အတိုင္းအတာအထိ ေအာင္ျမင္ေၾကာင္းကို ဝန္ခံရမည္ျဖစ္သည္။

မည္သို႔ပင္ဆိုေစကာမူ ႏိုင္ငံေရးအရ စိတ္ပိုင္းျဖတ္မႈရွိပါက တ႐ုတ္ႏွင့္ အိႏၵိယတို႔အေနျဖင့္ ပူးေပါင္းေဆာင္႐ြက္မႈ ေခတ္သစ္တစ္ခုကို အတူတကြေလွ်ာက္လွမ္းရာတြင္ မၾကာေသးမီက အေတြ႕အႀကဳံမ်ားကို ေနာက္တြင္ခ်န္ထားႏိုင္သည္။

ထိုသို႔လုပ္ေဆာင္ျခင္းသည္ လက္ေတြ႕တြင္ မည္သို႔ျဖစ္ႏိုင္သည္ကို နားလည္ရန္အတြက္ ႏွစ္ႏိုင္ငံဆက္ဆံေရး ထိခိုက္ေစေသာ အဓိကျပႆမ်ားကို ပထမဆုံး ျပန္လည္သုံးသပ္ရန္ အေရးႀကီးသည္။

တ႐ုတ္ႏိုင္ငံ၏ ရပ္ဝန္းႏွင့္လမ္း အစီအစဥ္ (BRI) ကို သံသယျဖင့္ျမင္ရန္ အိႏၵိယကို ထရမ့္ က လွည့္ျဖားခဲ့သည္။ထိုသို႔လုပ္ေဆာင္ျခင္းေၾကာင့္ ထရမ့္၏ စစ္ေရးအႀကံမ်ားကို ႀကီးမားေစၿပီး ၎တို႔ စစ္တပ္မ်ားအၾကား အေျခခံသေဘာတူညီခ်က္သုံးဟုေခၚေသာ သေဘာတူညီခ်က္မ်ားအနက္ ေနာက္ဆုံးတစ္ခုကို မၾကာေသးမီက သေဘာတူခဲ့ၾကသည္။

ထိုျဖစ္စဥ္တစ္ခုလုံးတြင္ အိႏၵိယသည္ တ႐ုတ္ႏိုင္ငံႏွင့္ထိစပ္ေနေသာ နယ္စပ္ေဒသတြင္ ၾသဇာထူေထာင္ရန္ အတင့္ရဲလာၿပီး ယခုႏွစ္ေႏြရာသီက ပဋိကၡမ်ားအတြင္း စိတ္မေကာင္းစရာ အထြဋ္အထိပ္သို႔ ေရာက္သြားသည္။ထိုျဖစ္ရပ္ႏွင့္အတူ အိႏၵိယသည္ တ႐ုတ္ႏိုင္ငံမွ အပလီေကးရွင္းအမ်ားအျပားကို ပိတ္ပင္လိုက္သည္။

သို႔တိုင္ အာရွအိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးသည္ ေလ့လာေစာင့္ၾကည္သူမ်ား မူလကစိုးရိမ္ေနသေလာက္ ဆိုး႐ြားသြားျခင္းမရွိေပ။

ဥပမာဆိုရပါက တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔သည့္ BRICS ၊ G20 ႏွင့္ SCO တို႔တြင္ ပူးေပါင္းေဆာင္႐ြက္ေနဆဲျဖစ္ၿပီး ႏွစ္ႏိုင္ငံလုံးသည္ ရာသီဥတုအက်ပ္အတည္းႏွင့္ ကိုဗစ္-၁၉ ကမာၻတဝွမ္း ကူးစက္ေရာဂါတို႔ကို လြန္စြာအေလးထားၾကေသာ္လည္း ကိုဗစ္ႏွင့္ပတ္သက္လွ်င္ ေအာင္ျမင္မႈအဆင့္ျခင္း တူညီျခင္းမရွိေပ။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံသည္ အိႏၵိယ၏ ဒုတိယအႀကီးမားဆုံး ကုန္သြယ္ဖက္ျဖစ္ေနေသးၿပီး ၎တို႔၏စီးပြားေရးမ်ားသည္ အျပန္အလွန္အက်ိဳးျပဳေနၾကသည္။၎တို႔သည္ တူညီေသာ သဘာ၀စီးပြားေရးနယ္ပယ္တြင္ တည္ရွိေနၿပီး အာရွရာစုသစ္ဟု ခန႔္မွန္းထားသည့္ကိစၥတြင္ ဦးေဆာင္ေသာအခန္းမ်ားမွာ ပါဝင္လာမည္ျဖစ္သည္။
ထို႔ေၾကာင့္ ႏိုင္ငံတကာျမင္ကြင္းမွ ထရမ့္ ထြက္ခြာသြားျခင္းသည္ ေဒသတြင္း ပထဝီႏိုင္ငံေရးအေပၚ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္သည့္ အိႏၵိယ၏ မူဝါဒမ်ားအေပၚ လြန္စြာအျပဳသေဘာေဆာင္ေသာ သက္ေရာက္မႈရွိသည္။

ဂ်ိဳးဘိုင္သည္ ယခင္သမၼတထက္ ပိုမိုလက္ေတြ႕က်မည္ဟု ကတိေပးထားၿပီး အေမရိကန္-အိႏၵိယ ေသနဂၤဗ်ဴဟာ ပူးေပါင္းေဆာင္႐ြက္မႈသည္ ဆက္လက္သက္ဝင္ေနကာမူ ထိုကိစၥကို တ႐ုတ္ႏိုင္ငံအားထိန္းခ်ဳပ္ေရး အားထုတ္မႈတြင္ အျမတ္ထုတ္အသုံးခ်ရႏိုင္ေတာ့မည္ မဟုတ္ေပ။

အေမရိကန္၏ ေထာက္ခံမႈမရွိပါက အိႏၵိယသည္ တ႐ုတ္ကိုဆန႔္က်င္သည့္ အျငင္းပြားဖြယ္ရာ တစ္ဖက္သတ္လုပ္ရပ္မ်ား လုပ္ႏိုင္ေျခနည္းသည္။

ဆန႔္က်င္ဖက္ျဖစ္ေနသည္မွာ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုကလည္း တ႐ုတ္ႏွင့္ဆက္ဆံေရး တိုးတက္ေအာင္ ႀကိဳးစားလွ်င္ ထိုႀကိဳးစားမႈသည္ တ႐ုတ္-အိႏၵိယ ဆက္ဆံေရးကို တိုးတက္ေစမည္ျဖစ္သည္။ထိုသို႔ဦးတည္ရာတြင္ ႏွစ္ႏိုင္ငံလုံးအတြက္ ပထမဆုံးလုပ္ေဆာင္ရမည့္ ေျခလွမ္းမွာ ႏွစ္ႏိုင္ငံအျငင္းပြားမႈမ်ားတြင္ အင္အားအသုံးျပဳျခင္းသည္ လက္ခံႏိုင္ဖြယ္မရွိေၾကာင္းကို သေဘာတူညီျခင္းျဖစ္သည္။နယ္စပ္ေဒသတေလွ်ာက္တြင္ တင္းမာမႈေလွ်ာ့ခ်ရာတြင္ တိုးတက္မႈရွိေအာင္လုပ္ေဆာင္ျခင္းသည္ အျမင့္မားဆုံးဦးစားေပးျဖစ္သည္။

ေနာက္ဆက္တြဲလိုက္ပါလာမည့္ ယုံၾကည္မႈတည္ေဆာက္ေရး အစီအမံမ်ားသည္ ႏွစ္ႏိုင္ငံလုံးအေနျဖင့္ လြန္ခဲ့ေသာေႏြရာသီကျဖစ္သည့္ ပဋိပကၡမ်ားျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္သည္။စစ္ေရးအရ အာ႐ုံစူးစိုက္မႈ တစ္ႏိုင္ငံက အျခားတစ္ႏိုင္ငံဆီမွ လမ္းေၾကာင္းေျပာင္းလိုက္ျခင္းျဖင့္ အေမရိကန္က တ႐ုတ္ကိုထိန္းခ်ဳပ္ရာတြင္ အိႏၵိယကို လက္ေဝခံအျဖစ္ အျမတ္ထုတ္အသုံးခ်ျခင္း ေလွ်ာ့ခ်ရာတြင္ အႀကီးအက်ယ္ေလွ်ာ့ခ်ေပးၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ ယခင္ကယုံၾကည္မႈအဆင့္သို႔ ျပန္လည္ေရာက္ရွိႏိုင္သည္။

တ႐ုတ္ကို ၿခိမ္းေျခာက္သူအျဖစ္ အိႏၵိယက မသတ္မွတ္ေတာ့ေသာေၾကာင့္ ႏွစ္ႏိုင္ငံအၾကား စီးပြားေရးအဆက္အသြယ္ တိုးတက္လာရန္လည္း ျဖစ္ႏိုင္သည္။

BRI တြင္ေနာက္ကြယ္မွ ရည္႐ြယ္ခ်က္မရွိသည္ကို အိႏၵိယ နားလည္လာမည္။ပူးတြဲစီမံကိန္းသစ္မ်ားကို ေၾကညာျခင္းသည္ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္၊ အိႏၵိယ ျမန္မာ စီးပြားေရးစၾကၤန္ကို ျပန္လည္အသက္သြင္းလိုက္သကဲ့သို႔ပင္ BRI သည္ မ်ားစြာအေထာက္အကူျပဳႏိုင္သည္။

BRI ႏွင့္ ပတ္သက္ၿပီး တ႐ုတ္ႏွင့္ အိႏၵိယ စီးပြားေရးအင္အားႀကီး ႏွစ္ႏိုင္ငံတို႔သည္ ဥပမာအားျဖင့္ အာဖဂန္ကဲ့သို႔ေသာ တတိယႏိုင္ငံတစ္ခုတြင္ စီမံကိန္းမ်ား ပူးေပါင္းေဆာင္႐ြက္ပါက ေတာင္အာရွတစ္ခုလုံးႏွင့္ အာဖရိကအထိ ေဝးကြာေသာ အျခားေဒသမ်ားအထိ အက်ိဳးခံစားရမည္ျဖစ္သည္။

ႏွစ္ႏိုင္ငံ တစ္ဦးႏွင့္တစ္ဦး ပိုမိုယုံၾကည္လာမည္ျဖစ္ၿပီး ၎တို႔အၾကား သင့္ျမတ္မႈကိုလည္း ပိုမိုခိုင္မာေစသည္။ထရမ့္၏ ေသြးခြဲမူဝါဒမ်ား၏ လြန္ခဲ့ေသာေလးႏွစ္ကာလသည္ ကမာၻအတြက္ အထူးသျဖင့္ တ႐ုတ္-အိႏၵိယ ဆက္ဆံေရးအတြက္ လြန္စြာခက္ခဲေသာကာလျဖစ္သည္။သို႔ေသာ္ သူျမင္ကြင္းမွေပ်ာက္ကြယ္သြားလွ်င္ အရာရာသည္ တိုးတက္လာႏိုင္သည္။ႏွစ္ႏိုင္ငံညီမွ်ျခင္းမွ သူ၏ဆိုး႐ြားေသာၾသဇာကို ဖယ္ရွားလိုက္ျခင္းသည္ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္ မွတ္တိုင္တစ္ခုျဖစ္လာႏိုင္သည္။

တ႐ုတ္ႏွင့္ အိႏၵိယတို႔သည္ သဘာ၀မိတ္ေဆြမ်ားျဖစ္ၿပီး လြန္ခဲ့ေသာ ေႏြရာသီက တင္းမာမႈအျမင့္မားဆုံး အေျခအေနတြင္ပင္ နယ္ပယ္စုံတြင္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ခဲ့သည္။ထိုအခ်က္က ႏိုင္ငံေရးစိတ္ပိုင္းျဖတ္မႈသည္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထရမ့္ မတိုင္မီက အေျခအေနသို႔ ျပန္လည္ေရာက္ရွိရန္ ေသခ်ာေစေၾကာင္း သက္ေသျပသေနသည္။

Linko
Ref: It's time for a post-Trump reset in Chinese-Indian relations(CGTN)
ဒီဇင္ဘာ - ၁