【 နိုင်ငံတကာဆောင်းပါး 】 တာလီဘန်နှင့် ISIS-K အကြား ပေါင်းစပ်မရသည့် အကွဲအပြဲ

【 နိုင်ငံတကာဆောင်းပါး 】 တာလီဘန်နှင့် ISIS-K အကြား ပေါင်းစပ်မရသည့် အကွဲအပြဲ

အာဖဂန်တာလီဘန်တို့ လွန်ခဲ့သောလက မြို့တော် ကဘူးလ်ကိုသိမ်းပိုက်ပြီး အမေရိကန်စစ်တပ် ဆုတ် ခွာပြီးနောက် အကြီးမားဆုံး အင်အားစုဖြစ်လာသော်လည်း ၎င်းတို့ကို အဓိက အင်အားစုနှစ်ခုက ခုခံနေဆဲဖြစ်သည်။
 
တစ်ဖွဲ့မှာ ယခင်အာဖဂန်အစိုးရ ဒုတိယသမ္မတ အမ်ရူလာဆာလားနှင့် အာမက်မက်ဆောက်တို့အောက်မှ တာလီဘန်ကို ပန့်ဂျ်ရှာတွင် တိုက်ခိုက်နေသော ပြည်သူ့စစ်များဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ ISIS-K သို့မဟုတ် အီရတ်နှင့် လီဗန့်ခိုရာဆန်ပြည်နယ်မှ အစ္စလမ်မစ်နိုင်ငံအဖွဲဖြစ်သည်။
 
ထိုအဖွဲ့သည် ထိုပြည်နယ်တွင် တာလီဘန်စိုးမိုးမှုကို ဆန့်ကျင်တိုက်ခိုက်နေသောအဖွဲ့ဖြစ်သည်။
 
ထိုအင်အားစုနှစ်ခုဖြစ်သည့် ပန့်ဂျ်ရှာမှ ဒေသခံတပ်ဖွဲ့များနှင့် နန်ဂါဟာမှ ISIS-K နှစ်ဖွဲ့လုံးသည် အာဖဂန် တာလီဘန်များ၏အာဏာကို ငြင်းဆန်ကြသော်လည်း ၎င်းတို့အကြားကွဲလွဲချက်မှာ ထင်ရှားသည်။
 
ပန့်ဂျ်ရှာသည် ယခင်အစိုးရထောက်ခံသူများနှင့်စစ်တပ်များ၏ ဗဟိုချက်ဖြစ်သည်။သို့သော် ထိုအင်အားစုများနှင့် အာဖဂန်တာလီဘန်များအကြား ပဋိပက္ခကို နိုင်ငံရေးဆွေးနွေးပွဲနှင့် ညှိနှိုင်းမှုဖြင့် အနာဂတ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သည်။
 
သို့သော် ISIS-K နှင့် အာဖဂန်တာလီဘန်တို့အကြား အကွဲအပြဲမှာ ရန်ဓာတ်ကျလွန်းသောကြောင့် ပေါင်း စပ်ရမည်မဟုတ်ပေ။ကဘူးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်တပ်များနှင့် အရပ်သားများကို အကြမ်းဖက်တိုက်ခိုက်မှုသည် အမေရိကန်ကို သိက္ခာချရန်သာမဟုတ်ဘဲ တာလီဘန်တို့၏အာဏာကို စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သည်။
 
ပထမဆုံးအချက်မှာ အာဖဂန်တာလီဘန်နှင့် ISIS-K တို့၏ ဥပဒေအခြေခံများသည် အပြိုင်ဖြစ်နေသည်။
 
ထိုနှစ်ဖွဲ့လုံးသည် အာဖဂန်နိုင်ငံကို ရှာရီးယားဥပဒေအတွင်းမှ နိုင်ငံတော်အဖြစ် တည်ဆောက်မည့် အခြေခံမူများရှိသော်လည်း ထိုနှစ်ဖွဲ့၏ ဥပဒေအဆင့်အတန်းမှာ မတူညီပေ။
 
တာလီဘန်က ၎င်းတို့၏တရားဝင်မှုကို အာဖဂန်မှ ဘာသာရေးသြဇာအာဏာကဦးဆောင်သည့် အစ္စလာမ်မစ်စော်ဘွားနိုင်ငံအပေါ် အခြေခံသည်။ 
 
ISIS-K က ၎င်းတို့၏တရားဝင်မှုကို ISIS အပေါ်သစ္စာခံခြင်းအပေါ် အခြေခံပြီး ၎င်းတို့ကိုယ်၎င်းတို့ ကမ္ဘာ့မွတ်ဆလင်အားလုံး၏ အမြင့်မားဆုံး အာဏာပိုင်အဖြစ် တစ်ဖက်သတ် ခန့်အပ်ထားသည့် ကာလီဖိတ်၏ ဒေသဆိုင်ရာအဖွဲ့ခွဲအဖြစ် မြင်သည်။
 
ထို့ကြောင့် တာလီဘန်နှင့် ISIS-K နှစ်ဖွဲ့တို့သည် တစ်ဖွဲ့၏ တရားဝင်မှုကို ကျန်တစ်ဖွဲ့က ပယ်ချပြီး ကိုယ့်အဖွဲ့ကိုယ် အာဖဂန်တွင် ပြိုင်ဘက်ကင်းသူများအဖြစ် သတ်မှတ်ကြသည်။
 
ဒုတိယအချက်မှာ နှစ်ဖွဲ့လုံးမှ အဖွဲ့ဝင်များသည် ရန်လိုသူများဖြစ်ကြသည်။ ISIS-K အဖွဲ့ဝင် အများအပြားသည် အာဖဂန်တာလီဘန်များနှင့် ပူးပေါင်းကြသော်လည်း အာဖဂန်နစ္စတန် တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် နှစ်ဖွဲ့အကြား ပြင်းထန်သောပဋိပက္ခများရှိနေပြီး တစ်ဖက်နှင့် တစ်ဖက် မုန်းတီးမှုများတိုးပွားစေသည်။ကဘူးလ်ကိုသိမ်းပြီး ချက် ခြင်းပင် တာလီဘန်တို့ ကဘူးလ်ထောင်များအတွင်းမှ ISIS-K အဖွဲ့ဝင်များကို သတ်ပစ်လိုက်သည်။
 
တတိယအချက်မှာ ထိုအုပ်စုအကြား မျှော်မှန်းချက်များသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။အာဖဂန် တာလီဘန်တို့က အမျိုးသမီးများနှင့် လူနည်းစုများကို ကာကွယ်ခြင်းဖြင့် တစ်နိုင်ငံလုံးထောက်ခံမှု ရသော အားလုံးပါဝင်သည့် အစိုးရဖွဲ့စည်းလိုသည်။ 
 
ISIS-K သည် ISIS ကဲ့သို့ပင် အမျိုးသမီးများ၏ အခွင့်အရေးကို ချိုးဖောက်ပြီး အခြားဘာသာ၊ လူမျိုးစုများကို ဖိနှိပ်လိုသည့်သဘောရှိပြီး တာလီဘန်အပါအဝင် မည်သည့်ရန်ဘက်အုပ်စုကိုမဆို ဘာသာတရားကို စော်ကားသူများအဖြစ် သတ်မှတ်သည်။
 
အဖွဲ့နှစ်ဖွဲ့အကြား ထိုသို့ပေါင်းစပ်မရသည့် အကွဲအပြဲများကြောင့် ၎င်းတို့၏ပဋိပက္ခသည် အနာဂတ် အာဖဂန်တွင် အဓိကစစ်ပွဲတစ်ခုဖြစ်လာနိုင်သည်။
 
(အယ်ဒီတာမှတ်ချက် - ဝန်ကျင်းသည် ချာဟာအင်စတီကျုနှင့် တရုတ်အနောက်မြောက်တက္ကသိုလ်မှ သုတေသီဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏ အယူအဆများဖြစ်ပြီး CGTN ၏ အယူအဆဟု မှတ်ယူနိုင်ခြင်းမရှိပေ။)
 
Linko
Ref : CGTN : The unbridgeable divisions between the Afghan Taliban and ISIS-K
စက်တင်ဘာ - ၁၇